- By CNI
- Category: အားကစား
- Hits: 312
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဆိုလန်ကီဟာ ဒူးဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရဖွယ်ရှိတယ်လို့ နည်းပြ ပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။
ဆိုလန်ကီဟာ စပါးအသင်းက ဟော်ဖန်ဟိမ်းအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မပါဝင်နိုင် ခဲ့တဲ့ စီနီယာကစားသမား ၁၄ ဦးထဲက ၁ ဦးလည်းဖြစ်တာပါ။
ဒီပွဲအပြီးမှာ ဆိုလန်ကီဟာ မတ်လ အစောပိုင်းအထိ အနားယူရဖွယ်ရှိတယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူး က ပြောခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဆိုလန်ကီဟာ စပါးအသင်းရဲ့ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြင် လီဗာပူးလ်အသင်းနဲ့ ကာရာဘောင်း ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နွေရာသီက ဘုန်းမောက်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုလန်ကီဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၂၉ ပွဲပါဝင်ကစားထားပြီး ၁၁ ဂိုးသွင်းယူထားတာပါ။
စပါးအသင်းဟာ ဆိုလန်ကီအပြင် တိုက်စစ် ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ဘရီနန်ဂျွန်ဆင်တို့ကိုလည်း ဒဏ်ရာတွေကြောင့် အနားပေးထားရပါတယ်။
ဆိုလန်ကီကို တွေ့ရစဉ်
စပါးအသင်းဟာ အဓိက ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ဟော်ဖန်ဟိမ်းအသင်းနဲ့ပွဲစဉ်မှာ ဆယ်ကျော်သက်ကစားသမား ၅ ဦးကို အသင်းရဲ့အရန်စာရင်းထဲ ထည့်သွင်းခဲ့ရတာပါ။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားပေမယ့် အခုအချိန်ထိ ဂိုးသမားတစ်ဦးသာ ခေါ်ယူပေးထားတာဖြစ်ပါတယ်။
စပါးအသင်းဟာ ဟော်ဖန်ဟိမ်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၆ နေရာ ရပ်တည်နေပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့တာပါ။
စပါးအသင်းဟာ ယူရိုပါလိဂ်မှာ ရလဒ်ကောင်း ရရှိနေပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးရွားနေပြီး နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒီရလဒ်တွေကြောင့် စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် နေရာနဲ့ ၈ မှတ်သာ ကွာဟတော့တာပါ။
စပါးအသင်းဟာ ဇန်နဝါရီ ၂၅ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 221
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
ဒေါ့မွန်အသင်းဟာ ချယ်လ်ဆီးအသင်း နောက်ခံလူတစ်ဦးဖြစ်တဲ့ ဗီဂါကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် လန်ဒန်ကလပ်ရဲ့ အပယ်ခံ ကစားသမားဖြစ်တဲ့ ဘန်ချီဝဲလ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။
ဒေါ့မွန်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဗီဂါဟာ ဂျူဗင်တပ်စ်အသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတာပါ။
အဲဒါကြောင့် ဈေးကွက်ထဲမှာ ဘယ်နောက်ခံလူတစ်ဦး ရှာဖွေနေတဲ့ ဒေါ့မွန်အသင်းဟာ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။
ဘန်ချီဝဲလ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့ဘဲ စက်တင်ဘာက ကာရာဘောင်း ဖလားပွဲစဉ်မှာ ၄၅ မိနစ်သာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
အဲဒါကြောင့် ဘန်ချီဝဲလ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချင်နေတာပါ။
ဘန်ချီဝဲလ်ကိုတွေ့ရစဉ်
ဒါပေမယ့် ဘန်ချီဝဲလ်ရဲ့ တစ်ပတ်လုပ်ခ လစာပေါင် ၁၉၀,၀၀၀ ဟာ အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ခက်ခဲနိုင်ပေမယ့် ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဖြစ်ဖို့ သူရရှိနေတဲ့ လုပ်ခလစာထဲက အစိတ်အပိုင်းကို ပေးချေပေးဖို့ ရှိနေတာဖြစ်ပါတယ်။
အဲဗာတန်အသင်းကလည်း ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်တာပါ။
ဒေါ့မွန်အသင်းကတော့ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် အာဆင်နယ်အသင်း နောက်ခံလူ ဇင်ချန်ကို,ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ဇင်ချန်ကိုဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေလို့ ဥရောပကလပ် အသင်းအချို့က သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 207
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
ဘာစီလိုနာအသင်းဟာ ဥရုဂွေးနောက်ခံလူ အာရူဟိုကို အသင်းမှာ ၂၀၃၁ ခုနှစ် နွေရာသီအထိရှိမယ့် စာချုပ် သက်တမ်းတိုးခဲ့ပြီး ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ အာရူဟိုနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အရင်စာချုပ်ဟာ ၂၀၂၆ ခုနှစ်ဆို ကုန်ဆုံးမှာဖြစ်ပြီး အခုဇန်နဝါရီ အပြောင်းအရွှေ့မှာ သူ့ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်း အပါအဝင် အသင်းအချို့က စိတ်ဝင်စားမှုရှိခဲ့ ကြတာပါ။
ဒါပေမယ့် အားကစား ဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံဆွေးနွေးမှုက အာရူဟိုကို ဘာစီလိုနာအသင်းမှာ ဆက်ရှိနေဖို့ ဖြစ်ခဲ့တယ်လို့ ESPN က ဖော်ပြထားပါတယ်။
အာရူဟိုဟာ ကြာသပတေးနေ့က ကလပ်အသင်းရုံးခန်းမှာ အသင်းဥက္ကဋ္ဌ လာပေါ်တာ၊ ဒုဥက္ကဋ္ဌ ယူစတီ၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့အတူ စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့တာပါ။
တံကောက်ကြောဒဏ်ရာကြောင့် ပထမရာသီဝက်မှာ ဘာစီလိုနာအသင်းအတွက် မပါဝင်နိုင်ခဲ့တဲ့ အာရူဟိုဟာ မကြာသေးခင်ကမှ အသင်းအတွက် ပြန်ပြီးကစားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အာရူဟိုကိုတွေ့ရစဉ်
အာရူဟို မပါဝင်နိုင်တဲ့အချိန်တွေမှာ ဘာစီလိုနာအသင်းဟာ ကူဘာစီနဲ့ မာတီနက်ဇ်တို့အတွဲကို ဗဟိုခံစစ် အတွဲအဖြစ် အသုံးပြုခဲ့ပြီး မာတီနက်ဇ်ရဲ့ ဒဏ်ရာကြောင့် အာရူဟိုဟာ အသင်းအတွက် ပြန်လည်ပါဝင်ခွင့် ရခဲ့တာပါ။
ဥရုဂွေး နောက်ခံလူဟာ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲကို ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရခဲတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က ဥရုဂွေးကလပ် ဘော်စတွန်ရေဗာအသင်းကနေ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အာရူဟို ဟာ စပိန်ကလပ်ရဲ့ ဘီအသင်းမှာ ပွဲပေါင်း ၄၀ ကျော် ပါဝင်ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အသင်းကြီးအတွက် စတင် ကစားခွင့်ရရှိခဲ့တာပါ။
အာရူဟိုဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၁၅၅ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုးသွင်းယူကာ ၂၀၂၂-၂၃ ရာသီက လာလီဂါဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
မကြာသေးခင်ကမှ စပိန်စူပါဖလား ရရှိထားတဲ့ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဗလင်စီယာအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 887
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်နေတဲ့ ဂါနာချိုဟာ အများကြီး ပိုကောင်းလာနိုင်တယ်လို့ ရိန်းဂျားစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်ဟာ ပွဲတွေကို အာရုံစိုက်နေပြီး ဂါနာချိုက ဒီမှာရှိနေသလို သူဟာ ယူနိုက်တက်အသင်း ကစားသမားတစ်ဦးပါ။ သူဟာ ဒီပွဲမှာ ကျနော်တို့အတွက် အလွန်အရေးပါခဲ့ပါတယ်။ သူဟာ ပွဲရဲ့နေရာတိုင်းမှာ တိုးတက်လာခဲ့ပြီး ကူညီပေးခဲ့တာတွေကို မြင်တွေ့နိုင်ပါတယ်။ သူဟာ စိတ်ပျက်မှု အချို့ကိုလည်း ပြသခဲ့ပြီး ဒါက သူဟာ ပိုပြီးလိုချင်မှုရှိတဲ့အတွက် ကောင်းပါတယ်။ သူဟာ ပိုပြီးကောင်းလာနိုင်တဲ့ အလားအလာရှိတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်ပြောချင်တာတွေကို သူသိပါတယ်”လို့ ပြောခဲ့တာပါ။
ဂါနာချိုဟာ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပေမယ့် နည်းပြအာမိုရင်ဟာ ယူနိုက်တက်အသင်းက ရိန်းဂျားစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂါနာချိုကို ပွဲချိန် အပြည့်အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။
ဂါနာချိုဟာ ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ကစားသမားတွေ ထဲက တစ်ဦးဖြစ်ခဲ့သလို ဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့တာပါ။
ယူနိုက်တက်အသင်း ပရိသတ်တွေဟာ ပွဲချိန်အတွင်းမှာ ဂါနာချိုရဲ့နာမည်ကို သီဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဂါနာချိုကို ခေါ်ယူဖို့ နာပိုလီအသင်းဟာ ပေါင် ၄၅ သန်းကနေ ပေါင်သန်း ၅၀ အထိ ကမ်းလှမ်းမှု ပြုလုပ်ထားသလို ချယ်လ်ဆီးအသင်းကလည်း တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ပြီး ယူနိုက်တက်အသင်းကို ချဉ်းကပ်နေပြီ ဖြစ်ပါတယ်။
ဂါနာချိုကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း အခြေအနေကြောင့် ဂါနာချိုကို သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးရရင် လက်လွှတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ အပြောင်းအရွှေ့ မပိတ်မချင်း ဘာမဆို ဖြစ်သွားနိုင်တာကြောင့် ဂါနာချိုအသင်းအတွက် နောက်ဆုံးပွဲ ကစားခဲ့လားဆိုတာ မသိဘူးလို့လည်း မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ရိန်းဂျားစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၄ နေရာ ရပ်တည်နေပြီး နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရယူနိုင်ရင် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာပါ။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 309
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃
ပဲလေ့စ်ကစားသမားဟောင်း ဇာဟာဟာ မေဂျာလိဂ်ကလပ် ချာလော့အသင်းထံ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအထိ တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဂါလာတာစာရေးအသင်းကနေ လိုင်ယွန်အသင်းထံ အငှားကစားခဲ့တဲ့ ဇာဟာဟာ ဒီရာသီမှာ ပြင်သစ်ကလပ်အတွက် ၆ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး ဒီထဲက ၅ ပွဲဟာ လူစားဝင်အဖြစ် ပါဝင်ခဲ့ရတာပါ။
အဲဒါကြောင့် ဇာဟာဟာ မေဂျာလိဂ်ကလပ် ချာလော့အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး စာချုပ်ထဲမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းတိုးနိုင်မယ့် အချက်ပါဝင်ပါတယ်။
ချာလော့အသင်း အထွေထွေမန်နေဂျာက ဇာဟာရဲ့ ပရီးမီးယားလိဂ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် မေဂျာလိဂ်မှာ ချက်ချင်းသက်ရောက်မှု ရှိနိုင်တယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဇာဟာဟာ ပဲလေ့စ်အသင်းမှာ ပွဲပေါင်း ၄၅၈ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး ၉၀ သွင်းယူကာ အသင်းသမိုင်းမှာ တတိယမြောက်ပွဲ အများဆုံး ကစားထားတဲ့သူအဖြစ် ရှိနေတာပါ။
ဇာဟာကိုတွေ့ရစဉ်
ပဲလေ့စ်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဇာဟာဟာ ယူနိုက်တက်အသင်းကို ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့ခဲ့ ပေမယ့် နောက်ပိုင်းမှာ ပဲလေ့စ်အသင်းထံ အပြီးသတ် ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ရာသီအကုန်မှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဇာဟာဟာ တူရကီကလပ် ဂါလာတာစာရေး အသင်းထံ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဇာဟာဟာ ပြီးခဲ့တဲ့ရာသီက ဂါလာတာစာရေး အသင်းအတွက် ပွဲပေါင်း ၄၂ ပွဲ ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူကာ တူရကီလိဂ်နဲ့ စူပါဖလားတို့ကိုရယူနိုင်ခဲ့ကာ နွေရာသီမှာ လိုင်ယွန်အသင်းထံ အငှားနဲ့ ပြောင်းခဲ့တာဖြစ်ပါတယ်။
ချာလော့အသင်းဟာ ပြီးခဲ့တဲ့ရာသီက မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်မှာ အဆင့် ၅ နေရာနဲ့ ရာသီအဆုံးသတ်ကာ မေဂျာလိဂ်ဖလားပြိုင်ပွဲမှာ ပထမအဆင့်နဲ့ ထွက်ခွာခဲ့ရတာပါ။
ချာလော့အသင်းဟာ ၂၀၂၅ ခုနှစ် မေဂျာလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆီတဲလ်ဆောင်းဒါးစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 328
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃
ဒတ်ချ်နောက်ခံလူဟောင်း ဂျပ်စတမ်းက သူ့ရဲ့ ယူနိုက်တက်အသင်း ဖော်ဟောင်း ရွိုင်ကိန်းကို ဘောလုံး ဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်နေတာကနေ ထွက်ခွာပြီး နည်းပြလောကထဲကို ပြန်ပြီးဝင်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပ်စတမ်းက “ကျနော်ဟာ ရွိုင်ကိန်းကို နည်းပြအဖြစ် ပြန်မြင်ချင်ပြီး သူ့ရဲ့လက်ထောက် နည်းပြဖြစ်ချင်ပါတယ်။ သူဟာ ပွဲတွေအကြောင်းကို အများကြီးသိတဲ့အတွက် နည်းပြကောင်းတစ်ဦးဖြစ်ဖို့ အလားအလာရှိတယ်လို့ ကျနော်ထင်ပါတယ်။ သူဟာ ကစားသမားတွေကို တစ်ဦးချင်း အကြံဉာဏ်တွေနဲ့ ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ပေးရမလဲဆိုတာကို အများကြီး လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်”လို့ BoyleSports ကိုပြောခဲ့တာပါ။
ရွိုင်ကိန်းနဲ့ ဂျပ်စတမ်းတို့ဟာ ယူနိုက်တက်အသင်းမှာ ၁၉၉၈ ကနေ ၂၀၀၁ ခုနှစ်အထိ အသင်းဖော်တွေအဖြစ် အတူတွဲကစားခဲ့ကြတာ ဖြစ်ပါတယ်။
ရွိုင်ကိန်းဟာ ၂၀၀၆ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် ဆန်းဒါးလန်းအသင်းကို ကိုင်တွယ်ကာ နည်းပြလောကထဲကို စတင်ဝင်ရောက်ခဲ့တာပါ။
ရွိုင်ကိန်းဟာ ဆန်းဒါးလန်းအသင်းကို ၂ ရာသီကြာ ကိုင်တွယ်ခဲ့ပြီးနောက် အစ်စဝှစ်ချ်အသင်းကိုလည်း ၂ ရာသီ ကြာ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ရွိုင်ကိန်းကိုတွေ့ရစဉ်
ရွိုင်ကိန်းဟာ အိုင်ယာလန်၊ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့မှာလည်း လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တာပါ။
ဒီနောက်ပိုင်းမှာတော့ ရွိုင်ကိန်းဟာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
ဂျပ်စတမ်းကတော့ သူ့ရဲ့အသင်းဖော်ဟောင်း ရွိုင်ကိန်းကို နည်းပြလောကထဲ ပြန်လည်ဝင်ရောက်တာ မြင်ချင် နေပြီး သူဟာ ရွိုင်ကိန်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ချင်တယ်လို့ ပြောခဲ့တာပါ။
ဂျပ်စတမ်းဟာ PEC အသင်းမှာ ယာယီနည်းပြအဖြစ် နည်းပြဘဝကို စတင်ခဲ့ပြီး ရီးဒင်း၊ဖီယင်နုနဲ့ မေဂျာလိဂ် ကလပ် စင်စင်နာတီအသင်းတွေကို ကိုင်တွယ်ခဲ့ပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ ဂျပ်စတမ်းဟာ လက်ရှိအချိန်မှာတော့ ဒတ်ချ်အောက်တန်းကလပ်ဖြစ်တဲ့ ဒီအိုအက်စ်ကန်ပန်အသင်းကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 257
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃
ရီးရယ်လ်အသင်းက ဆဲလ်ဘတ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းပြီး စပိန်ကလပ် ကစားသမားဘဝ သွင်းဂိုး ၁၀၁ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်တဲ့ ဗီနီစီးယက်စ်က ဘရာဇီးလ် ဂန္ထဝင်ရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဗီနီစီးယက်စ်က “ရီးရယ်လ်အသင်းအတွက် ဂိုးတွေသွင်းရတာကို ကျနော်ပျော်ပါတယ်။ ကျနော်ဟာ ရီးရယ်လ် အသင်း အင်္ကျီနဲ့ ဂိုးသွင်းအများဆုံး ဘရာဇီးလ် ကစားသမားဖြစ်ဖို့အတွက် ရော်နယ်ဒိုနဲ့ ၃ ဂိုးပဲ ကွာတော့ပါတယ်။ ကျနော်ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းကြီးအတွက် ၂၀၁၈-၁၉ ရာသီကတည်းက စတင်ကစားခဲ့တဲ့ ဗီနီစီးယက်စ်ဟာ ပြိုင်ပွဲစုံပွဲပေါင်း ၂၉၁ ပွဲ ပါဝင်ကစားအပြီးမှာ သွင်းဂိုး ၁၀၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဗီနီစီးယက်စ်ဟာ ရီးရယ်လ်အသင်းမှာ ၂၀၀၂ ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး ၁၀၄ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ ဘရာဇီးလ်ဂန္ထဝင် ရော်နယ်ဒိုရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီဖို့ နီးစပ်လာခဲ့တာပါ။
ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
ဗီနီစီးယက်စ်ကတော့ ရော်နယ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ရီးရယ်လ်အသင်းအတွက် ဂိုးသွင်းအများဆုံး ဘရာဇီးလ် ကစားသမားဖြစ်ဖို့ ပစ်မှတ်ထားနေခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့် အစောပွဲတွေမှာ ရလဒ်မကောင်းခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲပြန်ရပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၆ နေရာ ရပ်တည်နေကာ ၁၆ သင်းအဆင့် တိုက်ရိုက်တက်နိုင်မယ့် မျှော်လင့်ချက်လည်း ရှိနေတာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက သူတို့ဟာ နောက်ဆုံးပွဲစဉ်မှာ အနိုင်ရအောင် ကြိုးစားသွားမှာ ဖြစ်ပြီး ဒီကလပ်မှာရှိနေရင် ပွဲတွေအားလုံးကို အနိုင်ရအောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဘရက်စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 316
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် နည်းပြ ဂွာဒီယိုလာက အသင်းအနေနဲ့ ဒီပြိုင်ပွဲကနေ မထွက်ခွာအောင် လုပ်ဆောင်ဖို့ နောက်ဆုံး အခွင့်အရေး တစ်ခုရှိတယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ ကလပ်ဘရုဂျက်နဲ့ ယှဉ်ပြိုင်ရမယ့် နောက်ဆုံး အခွင့်အရေး တစ်ခုရှိပါတယ်။ ကျနော်တို့ဒါကို မကျော်ဖြတ်နိုင်ခဲ့ရင် ဒါဟာ ကျနော်တို့နဲ့ မထိုက်တန်လို့ပါပဲ။ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းက ပိုကောင်းပါတယ်။ ပီအက်စ်ဂျီအသင်းကို ဂုဏ်ပြုပြီး လက်ခံရမှာပါ။ ကျနော်တို့ဟာ ကြီးမားတဲ့အဆင့်၊ ကြီးမားတဲ့ အသင်းတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ရုန်းကန်နေရပြီး ဒါကို လက်ခံရမှာပါ။ ကျနော်တို့ဟာ လာမယ့်ပွဲတွေမှာ ပြန်ပြီးကောင်းမွန်အောင်လုပ်ရမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဂရီလစ်ရှ်၊ ဟာလန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒမ်ဘီလီ၊ ဘာကိုလာ၊ ဂျာအိုနေးဗက်စ်နဲ့ ဂွန်ကာလိုရာမို့စ်တို့က ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းကို တွေ့ရစဉ်
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ပီအက်စ်ဂျီအသင်းကို အရေးနိမ့်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အမှတ်ပေးဇယားအဆင့် ၂၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကလပ်ဘရုဂျက် အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေ နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေပြီး နိုင်ပွဲမရယူနိုင်ရင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာရဖို့ ရှိနေတာပါ။
အဲဒါကြောင့်လည်း မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက သူတို့မှာ နောက်ဆုံး အခွင့်အရေး တစ်ခုရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကတော့ နိုင်ပွဲကြောင့် အမှတ်ပေးဇယား အဆင့် ၂၂ နေရာမှာ ရပ်တည်နေပေမယ့် သူတို့လည်း ပလေးအော့ဖ်ဝင်ခွင့် သေချာစေဖို့ နောက်ဆုံးပွဲဖြစ်တဲ့ စတုဂတ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရယူရမှာပါ။
မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ ဂွာဒီယိုလာက ဒီပွဲကိုအနိုင်ယူကာ ပီအက်စ်ဂျီအသင်းကို အရေးနိမ့်တာကနေ ပြန်လာနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 279
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဘက်ဆစ်တပ်အသင်း နည်းပြသစ် ဆိုးလ်ရှားက ယူနိုက်တက်အသင်း ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကို တူရကီကလပ်ထံ လာရောက်ဖို့ စကားပြောခဲ့ခြင်း မရှိဘူးလို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းခဲ့ပါတယ်။
ဆိုးလ်ရှားက “မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ပတ်သက်ပြီး ထင်ကြေးတွေက အမြဲတမ်းရှိသလို ကျနော့် ပတ်ဝန်းကျင်မှာလည်း ထင်ကြေးတွေက အမြဲတမ်းရှိပါတယ်။ ကတ်စီနဲ့ မားကတ်စ်ဟာ အလွန်ကောင်း မွန်တဲ့ ကစားသမား ၂ ဦးပါ။ ဒါပေမယ့် ကျနော်ဟာ သူတို့နဲ့ စကားမပြောခဲ့ပါဘူး”လို့ TRT Spor ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်း နည်းပြဟောင်း ဆိုးလ်ရှားဟာ ဘက်ဆစ်တပ်အသင်း နည်းပြသစ်အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက မှ ခန့်အပ်ခြင်းခံခဲ့ရပြီး ဘီလ်ဘာအိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို သူ့ရဲ့ပထမဆုံး ပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ခဲ့ ပါတယ်။
ဘက်ဆစ်တပ်အသင်းဟာ တူရကီလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ရမှတ် ၂၀ အထိ ကွာဟနေတာကြောင့် အသင်းကို ရလဒ်ကောင်းတွေ ပြန်ရရှိအောင် ဆိုးလ်ရှားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
ဆိုးလ်ရှားဟာ ဘက်ဆစ်တပ်အသင်းကို စတင်ကိုင်တွယ်ချိန်မှာ အသင်းဟောင်း ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ကတ်စီမီရိုတို့ကို ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ သူတို့ ၂ ဦးစလုံးကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ရှိနေပြီး ကတ်စီမီရိုဟာ ဆော်ဒီလိဂ်နဲ့ ရက်ရှ်ဖို့ဒ်ဟာ ဥရောပထိပ်သီးလိဂ်တွေထံ ပြောင်းရွှေ့ဖွယ်ရှိနေတာပါ။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းမှာ ဆက်ပြီးကစားပေးဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထား သလို သူ့ရဲ့ကိုယ်စားလှယ်တွေဟာ ဘာစီလိုနာအသင်းနဲ့ လစ္စဘွန်းမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 795
CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၂
လက်ချီအသင်းဥက္ကဋ္ဌ ဒါမီယာနီက ဒေါဂူရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ ပေမယ့် သူတို့ရဲ့နောက်ခံလူကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိကြောင်း ပြောခဲ့ပါတယ်။
ဒါမီယာနီက “ကျနော်တို့ ယူနိုက်တက်နဲ့ တွေ့ဆုံခဲ့ပြီး ဒေါဂူ အပါအဝင် ကျနော်တို့ရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းသိမ်းဖို့ အစီအစဉ်ရှိတဲ့အကြောင်း သူတို့ကို ပြောခဲ့ပါတယ်။ ဒေါဂူအတွက် ယူနိုက်တက်အသင်းက ကမ်းလှမ်းမှု ပြုလုပ်တာကို ဝမ်းသာပေမယ့် စီးရီးအေမှာ ဆက်ရှိချင်တဲ့ ကျနော်တို့ရဲ့ပစ်မှတ်က အရေးကြီးပါ တယ်” လို့ Sky Sports ကို ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဘယ်တောင်ပံ နောက်တန်းနေရာကို ပိုပြီးအားကောင်းစေဖို့အတွက် ဈေးကွက်ထဲမှာ ရွေးချယ်စရာတွေကို ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီနေရာအတွက် ဒါလော့၊ မက်ဇရာအူရီနဲ့ မာလာစီယာတို့ကို အသုံးပြုနေပေမယ့် သူတို့တွေဟာ နည်းပြအာမိုရင်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိသလို အဓိကဘယ်နောက်ခံလူ လုပ်ခ်ရှောကလည်း ဒဏ်ရာကြောင့် အနားယူနေရတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လက်ချီအသင်း ဘယ်တောင်ပံနောက်ခံလူ ဒေါဂူကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒေါဂူကို တွေ့ရစဉ်
ဒေါဂူဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အထင်ကြီးစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားတာကြောင့် ဘယ်ဘက်အခြမ်းကနေ တိုက်စစ်နဲ့ ခံစစ်စွမ်းရည်ကို လိုချင်နေတဲ့ နည်းပြအာမိုရင်ရဲ့ နည်းဗျူဟာပိုင်းမှာ ပြီးပြည့်စုံတဲ့သူအဖြစ် သတ်မှတ်ခံနေရတာပါ။
ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ဒေါဂူရဲ့ အပြောင်းအရွှေ့အတွက် လက်ချီအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ဖို့ အီတလီနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ဒေါဂူအတွက် အပိုဆုကြေး အပါအဝင် ကနဦး ကမ်းလှမ်းထားတဲ့ ယူရိုသန်း ၃၀ ကို တိုးပြီးပေးဖို့ ဆန္ဒရှိနေတာပါ။
လက်ချီအသင်းဟာ ဒေါဂူအတွက် ယူရိုသန်း ၄၀ လိုချင်နေပြီး ယူရို ၃၅ သန်းနဲ့ ထပ်တိုးပေးချေမှုတွေနဲ့ ကမ်းလှမ်း ရင် ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် လက်ချီအသင်း အကြီးအကဲကတော့ ဒေါဂူကို ဆက်ပြီး ထိန်းသိမ်းချင်တဲ့ အကြောင်းကို ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်မှာ ဒေါဂူကို ခေါ်ယူနိုင်ဖို့ ဆက်ကြိုးပမ်းဖွယ်ရှိနေပြီး နောက်ထပ် ပစ်မှတ်အချို့ကိုလည်း ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။