CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈

အင်တာမိုင်ယာမီအသင်းကို အသင်းခေါင်းဆောင် မက်ဆီနဲ့အတူ မေဂျာလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ ပြီးနောက် ဆွာရက်ဇ်ဟာ အသင်းမှာ သူ့ရဲ့အနာဂတ်ကို သူတစ်ဦးတည်း ဆုံးဖြတ်လိမ့်မယ်လို့ ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်က ပြောပါတယ်။ 

ဂျော့ချ်မက်စ်က “ဆွာရက်ဇ်ဟာ ရာသီပြီးဆုံးတဲ့အချိန်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရမှာပါ။ နောက်ထပ် တစ်နှစ် ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ရင် အလွန်ကောင်းမှာပါ။ ကျနော်ကတော့ ဆွာရက်ဇ် ဆက်ရှိ နေတာကို မြင်ချင်ကြပါတယ်။ ဒါကို ဆွေးနွေးဖို့ ရှိပေမယ့် ဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲ မူတည်တယ်”လို့ ပြောခဲ့ပါတယ်။

ဒီလကုန်ရင် အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဆွာရက်ဇ်ဟာ အနာဂတ် မရေမရာဖြစ်နေပြီး သက်တမ်းတိုးမလား ဒါမှမဟုတ် အယ်လ်ဘာနဲ့ ဘတ်စ်ကွက်တို့လို ကစားသမားဘဝကနေ အနားယူမလားဆိုတာ လူသိရှင်ကြား ပြောထားခြင်း မရှိပါဘူး။ 

ဆွာရက်ဇ်ကို တွေ့ရစဉ်

အသက် ၃၈ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ၂၀၂၅ ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်တာ အပါအဝင် ပြိုင်ပွဲစုံ ၁၇ ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုလည်း အများအပြား ပြုလုပ်ထားပါတယ်။ 

ဒါပေမယ့် ဆွာရက်ဇ်ဟာ ပွဲပယ်ခံရမှု၊ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကြောင့် ရာသီကုန်ခါနီးမှာ သူ့ရဲ့ ပွဲထွက်ခွင့်နေရာ ဆုံးရှုံးခဲ့ပါတယ်။ 

ဆွာရက်ဇ်ဟာ ပွဲကစားချိန် မိနစ်တွေ နည်းသွားခဲ့ပေမယ့် အင်တာမိုင်ယာမီအသင်းမှာ သြဇာလွှမ်းမိုးမှု ရှိနေဆဲ ဖြစ်သလို ကလပ်ရဲ့ ဆုဖလားအောင်မြင်မှုမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်နေတာပါ။ 

အင်တာမိုင်ယာမီအသင်း အကြီးအကဲကတော့ ဆွာရက်ဇ်ရဲ့ အနာဂတ်က သူ့ရဲ့လက်ထဲမှာပဲ အပြည့်အဝ ရှိတယ် လို့ အတည်ပြုခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ အင်တာမိုင်ယာမီအသင်းကို ရောက်ရှိလာခဲ့တဲ့ ဆွာရက်ဇ်ဟာ အသင်းအတွက် ၈၇ ပွဲ ပါဝင် ကစားခဲ့ပြီး ၄၂ ဂိုး သွင်းယူကာ မေဂျာလိဂ်ဖလား၊ Supporters' Shield နဲ့ Eastern Conference ဖလားတို့ကို ရရှိခဲ့ပါတယ်။ 

Source: Goal