CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ စင်စင်နာတီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် အသင်းခေါင်းဆောင် မက်ဆီရဲ့ လိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းစံချိန် မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ပါတယ်။

မက်ဆီဟာ စင်စင်နာတီအသင်းနဲ့ ပွဲမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ မေဂျာလိဂ် ၅ ပွဲစလုံးကို ၂ ဂိုးစီ သွင်းယူပြီး လိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တစ်ခု တင်ထားနိုင်ခဲ့တာပါ။ 

ဒါပေမယ့် စင်စင်နာတီအသင်းနဲ့ပွဲစဉ်မှာ မက်ဆီရဲ့ မေဂျာလိဂ်စံချိန်ဟာ ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းအတွက်လည်း စင်စင်နာတီအသင်းကို အရေးနိမ့်ခဲ့တာကြောင့် မေဂျာလိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ၅ ပွဲစလုံးအနိုင်ရရှိထားတဲ့ မှတ်တမ်းကောင်းအဆုံးသတ်သွားခဲ့တာပါ။

အင်တာမိုင်ယာမီ အသင်းနည်းပြ မာရှေယာနိုက “ဒီပွဲမှာ ကျနော်တို့ အဆင့်အတန်း မမီဘူးဆိုတာ ရှင်းခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ပွဲအစကတည်းက ကျနော်တို့ လိုချင်တဲ့ပွဲကို မကစားနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။ သူတို့ဟာ ကျနော်တို့ကို အချိန်တိုင်း ဖိအားပေးပြီး အနိုင်ရယူသွားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

 မာရှေယာနိုကို တွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲအရေးနိမ့်မှုကြောင့် မေဂျာလိဂ် အရှေ့ပိုင်းဇုန် အမှတ်ပေးဇယား အဆင့် ၅ နေရာ မှာ ရပ်တည်နေပြီး အဆင့် ၁ နေရာက ဖီလာဒဲလ်ဖီးယားအသင်းထက် ၃ ပွဲလျော့ ကစားကာ ရမှတ် ၈ မှတ်ကွာဟ နေပါတယ်။ 

အသက် ၃၈ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၁၆ ပွဲ ကစားထားပြီး ၁၆ ဂိုးသွင်းယူကာ ပြိုင်ပွဲစုံ ၂၇ ပွဲမှာတော့ ၂၂ ဂိုးသွင်းယူထားတာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ လာမယ့် မေဂျာလိဂ် ပွဲစဉ်အဖြစ် နယူးယော့ခ် ရက်ဘူးလ်အသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN