- By CNI
- Category: နိုင်ငံရေး
- Hits: 359
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉
တပ်မတော်အနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းမကြီးအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာန သို့ ပြောသည်။
မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးတွင် အဓိက နေရာများဖြစ်သည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့များရှိသည်။
မန္တလေး -လားရှိုး- မူဆယ် ကားလမ်းမကြီးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ပြုသည့် အဓိက လမ်းမကြီးဖြစ်ရာ လက်ရှိအချိန်တွင် MNDAA၊ KIA၊ TNLA အဖွဲ့အစည်းတို့ လှုပ်ရှားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းမှာ ရပ်တန့်ထားရသည်။
TNLA ထိန်းချုပ် သိမ်းပိုက်ထားသည့် ထိုလမ်းမကြီးရှိ နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် နောက် အဆင့်များအနေဖြင့် မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းအား မဖြစ်ဖြစ်အောင် ပြန်ဖွင့်နိုင်ခြေရှိသည်ဟု ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-မဲခေါင်သတင်း)
၎င်းက “ဒါကတော့ တစ်ဆင့်ချင်း သွားမယ်နဲ့တူပါတယ် (Step By Step) ပေါ့၊ အောက်တိုဘာ ၂၉ မှာရတဲ့ သဘော တူညီချက်က နိုဝင်ဘာ ၂၉၊ ၃၀ မှာ အပြီး ဆောင်ရွက်တယ်၊ နောက်အဆင့်တွေ ရှိအုံးမယ်ထင်တယ် ကျနော် ထင်တာ။ နောက်အဆင့်တွေက မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပြန်ပွင့်ဖို့အတွက် တပ်ချရမယ့် တပ်ထိုင်ရမယ့် ကိစ္စတွေ နောက်ပိုင်းမှာ သူနယ်မြေအတွက် ပူးပေါင်းပါဝင်ရမယ့်ကိစ္စတွေ တဖြေးဖြေး တဆင့်ပြီး တဆင့် လာမယ်လို့တော့ ကျနော် ယူဆတယ်။ မဖြစ်ဖြစ်အောင်တော့ ဖွင့်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ ကိုးကန့် နဲ့လည်း ညှိထားပြီးပြီလေ၊ “ဝ”ဆိုတာလည်း နဂိုထဲက တပ်မတော်ရဲ့ မဟာမိတ်ဖြစ်နေတယ်။ တရုတ်ကလည်းပဲ လမ်းဖွင့်ဖို့က ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့နဲ့ အလုပ်တွေ ဆက်စပ်ဖို့က ဒီလမ်းက အရေးကြီးနေတဲ့ အခါကျ တော့ တရုတ်ရဲ့ (Interest) ရော၊ ဗမာပြည်ရဲ့ (Interest) ရော၊ တပ်မတော်ရဲ့ အကျိုးစီးပွားရော အားလုံး ဆက်စပ် နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဟာတွေ အားလုံးက ညှိညှိနှိုင်းနှိုင်းနဲ့ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောသည်။
မန္တလေး - မူဆယ် ကုန်သွယ်ရေး လမ်းမကြီး အနေဖြင့် မကြာမီ ပြန်ပွင့်လာနိုင်ကြောင်း၊ စီးပွားရေးကဏ္ဍ အနေဖြင့် တစ်စုံတစ်ရာ အသက်ရှူ ချောင်နိုင်ခြေရှိသည်ဟု တရုတ်- မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က CNI သတင်းဌာနသို့ ပြောသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ထွက်လာတဲ့ ကုန်ကားကို TNLA က ကြည့်နေစဉ် (ဓာတ်ပုံ-မဲခေါင်သတင်း)
၎င်းက “ပြန်ပွင့်ကောင်းပွင့်မယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ အခု တရုတ်က သူ့နယ်စပ်ဂိတ်တွေ အကုန်ဖွင့်ပေးလိုက် တာကို၊ KIA ဘက်မှာလည်း သူတော်တော် ဖွင့်ပေးလိုက်ပြီ။ ၅ ဂိတ်စလုံး ဖွင့်ပေးလိုက်တယ်။ အဲ့တော့ ခုနက ကျမ ပြောတဲ့ ယူနန်ပြည်နယ်ရဲ့ Strategy မှာလည်း ဒါတွေပါတယ်။ ဒီနယ်စပ်ဂိတ်တွေ ကနေပြီးတော့ ဗမာပြည်တွင်း က စက်မှုလက်မှု Value added လို့ ခေါ်တာပေါ့နော်။ တန်ဖိုးမြှင့်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ယူနန်ပြည်နယ် ဘက်ကို သယ်ပြီး ယူနန်ပြည်နယ်မှာ စက်ရုံတွေဘာတွေ ဆောက်ပြီးတော့ ဒါကို ပိုပြီးတော့ အဆင့်မြှင့်တဲ့ဟာတွေ လုပ်ရေး ဘာရေး အများကြီးပဲဗျာ၊ သူ့ရဲ့ Strategy မှာပါတယ်။ ဒါပေမယ့်လို့ ကျမကြည့်တာ တစ်စုံတစ်ရာတော့ စီးပွားရေးအရ နည်းနည်း အသက်ရှူတော့ ချောင်ရင်ချောင်သွားမယ်၊ သို့သော်လည်း ဒီစစ်တပ်ရဲ့ အခြေခံ စိတ်နေ စိတ်ထားကိုက ပြည်သူလူထု အကျိုးအတွက် လုပ်တာမဟုတ်တော့ အခုကြားနေရသလိုပဲပေါ့ဗျာ လက်လီ/ လက္ကားကိစ္စ ဘာကိစ္စ ညာကိစ္စနဲ့ လူထုရဲ့ မကျေနပ်မှုနဲ့ကတော့ ဘာမှသိပ်ထူးခြားမယ်လို့ မထင်ဘူးဗျ။ လတ်တ လော အားဖြင့် စီးပွားရေးလေးဘာလေး တစ်စုံတစ်ရာ တည်ငြိမ်သွားတာလေးတော့ ဖြစ်ချင်ဖြစ်နိုင်တာပေါ့ဗျာ” ဟု ပြောသည်။
တပ်မတော်အနေဖြင့် မန္တလေး- မူဆယ်လမ်းမကြီးအား ထိန်းချုပ်နိုင်ခြင်းသည် ရှမ်းမြောက်ဒေသ တစ်ခုလုံးကို သာမက တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးကိုပါ ထိန်းချုပ်နိုင်မည်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ် သူများက ထောက်ပြကြသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ်လမ်းကို တရုတ်နှင့်တပ် မတော်ဘက်က ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီထားသည်။
သို့သော်လည်း TNLA က ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကုန်ကားများကို အခွန်ကောက်လိုကြောင်း သဘော ထား ရပ်တည်ထားပြီး တရုတ်နှင့်တပ်မတော်ဘက်က အခွန်ကောက်ခွင့် မပြုလိုကြောင်း သဘောထား ရပ်တည် ထား၍ ညှိနှိုင်းနေဆဲဖြစ်သည်။
- By CNI
- Category: Travel
- Hits: 1309
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၄
ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ပြည်ပခရီးသွား ၂၄ ဒသမ ၁၁ သန်း ရောက်ရှိခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုပမာဏအရ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပြည်ပခရီးသွား ဝင်ရောက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁ ဒသမ ၁၁ ထရီလျံ ရရှိခဲ့သည်ဟု ဆိုသည်။
ယခုနှစ် ပထမ ၉ လတာ ကာလဖြစ်သည့် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ၂၄,၁၁၅,၃၂၈ ဦး ရောက်ရှိခဲ့ပြီး ထိုအရေအတွက်သည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း ထိုင်းတွင် ပြည်ပခရီးသွားများထံမှ ဘတ် ၁,၁၁၃,၇၅၅ သန်း ရရှိခဲ့သော်လည်း ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၅ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
ယခုနှစ် ပထမ ၉ လတာ ကာလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မှု အများဆုံး ထိပ်သီး ၁၀ နိုင်ငံမှ ပြည်ပခရီးသွား များမှာ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်၊ ထိုင်ဝမ်နှင့် စင်္ကာပူနိုင်ငံ တို့မှ ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ခရီးသွားများကို တွေ့ရစဉ်
ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ကျဆင်းသွားသော်လည်း ခရီးစဉ်တစ်ခုလျှင် ခရီးသွားများ၏ ပျမ်းမျှ အသုံးစရိတ်သည် တိုးလာခဲ့သည်။
ယခုနှစ်အတွင်း ခရီးစဉ် တစ်ခုချင်းစီတွင် လူတစ်ဦးအလိုက် ပျမ်းမျှ အသုံးစရိတ်မှာ ဘတ်ငွေ ၄၆,၀၀၀ ရှိပြီး ခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်လာသည်။
ပြည်ပခရီးသွား လုပ်ငန်းအပြင် ပြည်တွင်းခရီးသွား လုပ်ငန်းမှာမူ တိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ပြည်တွင်းခရီးသွား ၁၄၈ ဒသမ ၇ သန်း ရှိခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူက ပြည်တွင်းခရီးသွား အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ထို့ကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် ဘတ် ၈၅၄,၃၅၁ သန်းရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ဒသမ ၃၃ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 826
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် စီးပွားရေးကို ကွဲပြားစွာမြင်သင့်ကြောင်း၊ အုပ်ချုပ်ရေးအမြင်သည် စီးပွားရေးအမြင်ကို ထိခိုက်၍မရကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဟွာဝေးကုမ္ပဏီ၏ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိကျင်းပခဲ့သည့် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေး၌ ဘဏ်လုပ်ငန်းကဏ္ဍတွင် AIနည်းပညာအသုံးပြုနိုင်ရန် လိုအပ်သည့် အခြေအနေ များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
AIနှင့် ပက်သက်သည့် ဗဟုသုတများ၊ လုပ်ဆောင်ပုံများကို အများပြည်သူယဥ်ပါးအောင် လုပ်ပေးရမည်ဖြစ်ကာ စီးပွားရေးကဏ္ဍ၌ အုပ်ချုပ်ရေးနှင့် ရောယှက်ကာ မရှုမြင်သင့်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေး အောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
“အဓိကဘာလည်းဆိုတော့ IT Awareness ပေါ့။ Awareness ဆိုတာက IT နဲ့ ယဥ်ပါးတဲ့ အမြင်ရှိမှရမှာလေ။ လုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်းကို နားလည်တဲ့လူတို့၊ အသုံးပြုမယ့် User တွေကအစ နားလည်မှရမှာလေ။ IT နဲ့ ပတ်သက်လို့၊ AI နဲ့ ပက်သက်လို့ နည်းပညာဗဟုသုတ ဒီဥစ္စာကို ဦးဆောင်တဲ့လူတွေရော ဘဏ်လုပ်ငန်းကို သုံးမယ့်လူတွေရော လိုတယ်။ အကုန်လုံးက ဒီဂျစ်တယ်နဲ့သွားနေတာကို ဒီဂျစ်တယ်နိုင်ငံလုံး ခြုံတဲ့ စီးပွားရေးစနစ်၊ ဒေသလုံး ခြုံတဲ့ စီးပွားရေးစနစ် ဒါတွေနဲ့ သူကသွားကိုသွားရမှာပေါ့။ IT နဲ့ပက်သက်တဲ့၊ AIနဲ့ပက်သက်တဲ့ ပညာဗဟုသုတ၊ လုပ်ပုံလုပ်နည်း၊ လုပ်ထုံးလုပ်နည်း ဟိုအားလုံးယဥ်ပါးအောင်လုပ်ပေးရမယ်။ အများပြည်သူက ယဥ်ပါးအောင်လုပ်ပေးရမယ်။ အဓိက,ကဘာလည်းဆိုတော့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးကို ကွဲကွဲပြားပြား နားလည်ဖို့လိုတာပေါ့။ ကျနော်ပြောချင်တဲ့ သဘောတရားကဘာလည်းဆိုတော့ အုပ်ချုပ်ရေးအမြင်သည် ဒီစီးပွားရေးအမြင်ကိုသွားပြီးတော့မထိခိုက်ရဘူး” ဟု ၎င်းက ပြောသည်။

ဘဏ်လုပ်ငန်း လုပ်ကိုင်နေသူများ
ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း၌ AI နည်းပညာအသုံးပြုနိုင်ရန် လိုအပ်သည့်အခြေအနေများ၊ ဘဏ်လုပ်ငန်းတွင် အသုံးချခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျော့နည်းစေရေး ဆောင် ရွက်ရမည့် ထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ အစည်းအဝေးတွင် AI နည်းပညာသည် အစိုးရကဏ္ဍ၊ ငွေရေးကြေး ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင် ရေးကဏ္ဍ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ၊ ကျန်းမာရေးနှင့်ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့်ကဏ္ဍများတွင် AI အသုံးပြုမှုအခြေအနေများ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
မည်သည့် အုပ်ချုပ်သူဖြစ်ပါစေ လွတ်လပ်သည့် စီးပွါးရေးကဏ္ဍတစ်ခုကို ဖန်တီးပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ လွတ်လပ်စွာ လှုပ်ရှား လုပ်ကိုင်နိုင်ပါက တိုင်းပြည်အတွက်ကောင်းမွန်သည့် အခြေအနေမျိုး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
“ဒီအုပ်ချုပ်ရေးနဲ့စီးပွါးရေးဆိုတာကတော့ အမြဲတမ်း နိုင်ငံတစ်ခုအတွက်အရေးကြီးတဲ့ ကဏ္ဍနှစ်ခုစလုံးဖြစ်ပါ တယ်။ ဒါပေမယ့် ဒီကဏ္ဍတစ်ခုနဲ့ တစ်ခုနဲ့က တစ်ခုပေါ်မှာတစ်ခုက အမြဲတမ်း အမှီသဟဲပြုနေတာလည်း ဖြစ်ပါတယ်။ စီးပွါးရေး ပြိုလဲသွားတဲ့ နိုင်ငံမျိုးပေါ့နော် စီးပွါးရေးမကောင်းတော့တဲ့ နိုင်ငံမျိုးမှာ အုပ်ချုပ်ရေး ကဏ္ဍမှာသွားပြီးတော့ ထိခိုက်မှုတွေရှိနိုင်သလို အုပ်ချုပ်ရေးကဏ္ဍကနေပြီးတော့ စီးပွါးရေးကဏ္ဍကို အတင်းအကျပ်ဖိအားပေးတာမျိုးတွေ လွှမ်းမိုးတာမျိုးတွေလုပ်လာခဲ့မယ်၊ လုပ်ခဲ့မယ်ဆိုလို့ရင်လည်း စီးပွါးရေး လုပ်ငန်းရှင်တွေအပါအဝင် စီပွါးရေးကဏ္ဍမှာ ကျနော်တို့ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး၊ တိုးတက်သင့်သလောက် မတိုးတက်တဲ့ အခြေအနေမျိုးလည်း ကျနော်တို့ကကြုံတွေရနိုင်ပါတယ်။ ဒီလွတ်လပ်တဲ့စီးပွါးရေးကဏ္ဍတစ်ခုကို ဘယ်အုပ်ချုပ်သူပဲဖြစ်ဖြစ်ဖန် တီးပေးဖို့လိုတယ်ပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ စီးပွါးရေးဆိုတာမျိုးက ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီး လုပ်ကိုင်နေရတာဖြစ်ပါတယ်။ ဒီစီးပွါးရေးလုပ်ငန်းတွေအားလုံးက အကောင်းဆုံး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရင် တိုင်းပြည်အတွက် ပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးကို ဖန်တီး ပေးနိုင်လိမ့်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်း စသည့် နိုင်ငံများဖြင့် လက်တွဲရန် ကြိုးပမ်းနေသလို ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန်လည်း ဖိတ်ခေါ်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 802
CNI International News
ကွာလာလမ်ပူ၊ ဇူလိုင် ၂၄
မလေးရှားအစိုးရသည် အရွယ်ရောက်ပြီးသူ နိုင်ငံသားအားလုံးကို ငွေကြေး အထောက်အပံ့အဖြစ် ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသည့် အစီအစဉ်နှင့် စားဝတ်နေရေးအတွက် စိုးရိမ်မှုများအား ဖြေရှင်းရန် လောင်စာစျေးနှုန်းများ လျှော့ချမည့် အစီအစဉ် အပါအဝင် သက်သာချောင်ချိရေး စီမံကိန်းများကို ဇူလိုင် ၂၃ ရက်က ကြေညာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မကြာသေးမီ လများအတွင်း မလေးရှား၏ ငွေကြေးဖောင်းပွမှု လျော့ကျသွားသည့်တိုင် စားဝတ်နေရေး ကုန်ကျ စရိတ်များ မြင့်တက်မှုသည် လူထုအပေါ် ဖိအားများသည့် ပြဿနာတစ်ခုဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ ပျက်ကွက်မှုနှင့် ကုန်စျေးနှုန်းများ မြင့်တက်မှုများကြောင့် ဝန်ကြီးချုပ် အန်ဝါကို ရာထူးမှ နုတ်ထွက်ရန် ဇူလိုင် ၂၆ ရက်၌ ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်မှာ ဆန္ဒပြကြမည်ဖြစ်သည်။
အဆိုပါ ဆန္ဒပြမှုများ မပြုလုပ်မီ ရက်ပိုင်းအလိုတွင် ဝန်ကြီးချုပ် အန်ဝါက သက်သာချောင်ချိရေး အစီအစဉ်အား ကြေညာခဲ့ခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါကို တွေ့ရစဉ်
ရဲတပ်ဖွဲ့ကမူ ဇူလိုင် ၂၆ ရက်တွင် အတိုက်အခံ ပါတီများက ဦးဆောင်ပြုလုပ်မည့် ဆန္ဒပြမှုများအတွင်း လူပေါင်း ၁၀,၀၀၀ မှ ၁၅,၀၀၀ ကြား ပါဝင်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အန်ဝါ၏ အစိုးရအဖွဲ့သည် ယခုနှစ်အတွင်း အနိမ့်ဆုံး လုပ်ခလစာကို တိုးမြှင့်ခြင်း၊ လုပ်ငန်းကြီး လုပ်ကိုင်သည့် ကုမ္ပဏီများအပေါ် မီတာခများတိုးမြှင့်ပြီး အရောင်းခွန်နှင့် ဝန်ဆောင်ခွန်များ တိုးမြှင့်ခြင်းတို့ အပါအဝင် နိုင်ငံ့ဝင်ငွေအား တိုးမြှင့်ရန် အစီအစဉ်များ လုပ်ဆောင်ခဲ့သည်။
အန်ဝါကမူ ထိုအစီအစဉ်များသည် ကြီးမားသည့် စီးပွားရေးလုပ်ငန်းများနှင့် ချမ်းသာကြွယ်ဝသူများကို ပစ်မှတ် ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ထိုအစီအစဉ်များသည် ကုန်စျေးနှုန်းကို မြင့်တက်စေပြီး စားသုံးသူများအပေါ် ဝန်ပိစေကြောင်း၊ အထူးသဖြင့် အလယ်အလတ်တန်းစား ဝင်ငွေနှင့် ဝင်ငွေနည်းပါးသူများကို ထိခိုက်စေကြောင်း ဝေဖန်ရေးသမား များက ပြောကြားခဲ့သည်။

အန်ဝါထောက်ခံသူ မလေးရှားနိုင်ငံသားတွေကို တွေ့ရစဉ်
အန်ဝါကမူ ငွေကြေးထောက်ပံ့ပေးမည့် အစီအစဉ်အရ အသက် ၁၈ နှစ်ပြည့်ပြီးသည့် မလေးရှားနိုင်ငံသား အားလုံး ကို ဩဂုတ် ၃၁ ရက်မှစပြီး တစ်ဦးလျှင် ရင်းဂစ် ၁၀၀ (၂၃ ဒသမ ၆၇ ဒေါ်လာ) ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင်၂၀၂၅ ခုနှစ်တွင် ထောက်ပံ့ငွေပမာဏ စုစုပေါင်းကို ရင်းဂစ် ၁၅ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၅၅ ဘီလျံ) အထိ မြှင့်တင်သွားမည်ဟု အန်ဝါက ပြောသည်။
“ပြည်သူလူထုရဲ့ စောဒကတက်မှုတွေကို ကျနော်က အသိအမှတ် ပြုပါတယ်။ လူနေမှုစရိတ်က ဖြေရှင်းရမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်ဆိုတာကိုလည်း လက်ခံပါတယ်” ဟု အန်ဝါက ပြောကြားခဲ့သည်။
ထို့ပြင် ဆင်းရဲမွဲတေသူများအတွက်က ကူညီထောက်ပံ့ရေး အစီအစဉ်များကိုလည်း ဇူလိုင် ၂၄ ရက်မှ စတင် လုပ်ဆောင်သွားမည်ဟု အန်ဝါက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 831
CNI International News
ဘန်ကောက်၊ ဇွန်လ ၂၁
ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး မတည်ငြိမ်မှုမျာသည် စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း နယ်ပယ်ကဏ္ဍအသီးသီးမှ ထင်ရှားသော စီးပွားရေးပညာရှင်များက စိုးရိမ်နေသည်ဟု The Nation တွင် ဖော်ပြခဲ့သည်။
နိုင်ငံရေး မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းသည် ယခင်ကတည်းက ကျိုးပျက်လွယ်သည့် ထိုင်း၏ စီးပွားရေးကို ပိုမိုအားနည်း သွားစေနိုင်ပြီး အစိုးရအနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်စီးပွားရေး တည်ငြိမ်မှု ရရှိအောင် ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သည်။
ထိုင်း၏ အိမ်ခြံမြေ အရောင်းအဝယ် ဘုတ်အဖွဲ့ဥက္ကဋ္ဌ အစ္စာရာ ဘွန်ယန်း (Isara Boonyoung) က ယခုကဲ့သို့ အတိမ်းအစောင်းမခံနိုင်သည့် အချိန်မျိုးတွင် လွှတ်တော်ကို ဖျက်သိမ်းမည်ဆိုပါက အန္တရာယ်ကြီးမားသော နိုင်ငံရေး လေဟာနယ်တစ်ခု ဖြစ်ပွားလာနိုင်ကြောင်း သတိပေးခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကျဆင်းမှုများ၊ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု၊ ကမ္ဘောဒီးယားနှင့် ဖြစ်ပွားနေသည့် နယ်စပ်ဒေသ အငြင်းပွားမှုများနှင့်အတူ ထိုင်း၏ နိုင်ငံရေး အခြေအနေသည် ကျိုးပျက်လွယ်သည့် အနေအထားသို့ ရောက်ရှိနေသည်။
“သေချာရေရာမှုမရှိတဲ့ နိုင်ငံရေးအခြေအနေက ထိုင်းရဲ့ စီးပွားရေး ယိမ်းယိုင်မှုကို ပိုပြီးဆိုးရွားစေပါလိမ့်မယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ အောက်လွှတ်တော်ကို မဖျက်သိမ်းအောင်နဲ့ အခြေအနေကို ပုံမှန်အတိုင်း ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံဟာ အခုချိန်မှာ တည်ငြိမ်မှု လိုအပ်နေပြီး အကျပ်အတည်းကို စည်းလုံးညီညွတ်စွာ ဖြေရှင်းရပါမယ်” ဟု အစ္စာရာက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူလူထု၏ ယုံကြည်မှုကို တည်ဆောက်ရန်၊ အထူးသဖြင့် နယ်စပ်ပြဿနာကို ဖြေရှင်းရန် အမျိုးသားလုံခြုံရေးအေဂျင်စီများနှင့် လက်တွဲဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

ပေတုန်တန်ကို တွေ့ရစဉ်
ထိုင်းဟိုတယ်များအဖွဲ့ချုပ် (THA) ၏ ဥက္ကဋ္ဌ သီယန်ပရာဆစ် ချိုင်ယာပါထရာနန် (Thienprasit Chaiya patranun) ကလည်း ပြည်တွင်းနိုင်ငံရေး တင်းမာမှုနှင့် ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေး တင်းမာမှုများသည် ခရီးသွားကဏ္ဍအပေါ် သက်ရောက်မှု ရှိနေခြင်းသည် စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့သည်။
ပြောင်းလဲမှုများ ပြုလုပ်ရန်၊ အခွင့်အလမ်းသစ်များ ဖန်တီးရန်နှင့် အစိုးရအသစ် ဖွဲ့စည်းပြီး ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ရေးအတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်နိုင်ကြောင်း ၎င်းက မတူကွဲပြားသည့် သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုင်းလက်လီရောင်းချသူများအဖွဲ့ချုပ်၏ အကြံပေးပုဂ္ဂိုလ် ဆွမ်ချိုင်း ပွန်ရတ္တနချာရွန် (Somchai Pornratana charoen) ကမူ မကြာသေးမီက နိုင်ငံရေးဖြစ်စဉ်များသည် စားသုံးသူများ၏ ယုံကြည်မှုကို ကျဆင်းစေခဲ့သဖြင့် အစိုးရအဖွဲ့အနေနှင့် ထိရောက်သည့် အစီအစဉ်များဖြင့် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1436
CNI News
၂၀၂၅ ခုနှစ်၊ မေ ၂၆
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ နိုင်ငံရေးနှင့် စီးပွားရေး မူဝါဒက ဘာလဲဆိုသည့်အပေါ် ပြည်သူလူထုများ သိရှိနိုင်ရေးအတွက် AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ချပြသွားခဲ့သည်။
ရခိုင့်ဦးဆောင်ပါတီသည် နိုင်ငံရေးမူဝါဒ ၂ ရပ်ရှိကြောင်း၊ ပထမမူဝါဒသည် ရခိုင်ဒေသမြောက်ဘက်ရှိ ဘူးသီး တောင်၊ မောင်တော နယ်ခြားဒေသအား အထူးအာရုံစိုက်ကြောင်း၊ ဒုတိယမူဝါဒသည် တိုင်းရင်းသား အားလုံး လိုလားသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန်ဆိုသည့် ဦးတည်ချက်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က ပါတီအနေနဲ့ ပါတီဖွဲ့စည်းကတည်းက မူ ၂ ခုရှိတယ်ဗျ၊ တစ်ခုက ရခိုင်ဒေသရဲ့ မြောက်ဘက် ပေါ့၊ ဘူးသီးတောင်၊ မောင်တော နယ်ခြားဒေသကို အထူးအာရုံစူးစိုက်တယ်ဗျ၊ အဲဒီနယ်ခြားဒေသကို လုံခြုံအောင် မကာကွယ်ပေးနိုင် သေးဘူးဆိုရင် ရခိုင်ဒေသရဲ့ အနာဂတ်ဟာ ကြာကြာမခံနိုင်ဘူးဆိုတဲ့ ဦးတည်ချက်နဲ့ ကျနော်တို့ ပါတီ ဖွဲ့စည်းပုံမှာ ပါတီတည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက် နံပါတ် ၁ ကို ညွှန်းတယ်ဗျ၊ နံပါတ် ၂ ကတော့ဖြင့် တိုင်းရင်းသားအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ဆိုတဲ့ ဦးတည်ချက်ပါ၊ ပြီးခဲ့တဲ့ကာလတွေ အကုန်လုံးကို ဖြတ်တဲ့အခါမှာ ပါတီစုံဆိုတဲ့ သဘောသွားတာပေါ့၊ သွားတဲ့အခါမှာ နိုင်ငံရေး အားဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာပြီးမှ ညှိနှိုင်းခြင်းအားဖြင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ ကိုယ်ပိုင် အုပ်ချုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို မတည်ထောင်နိုင်ဘူးဆိုတဲ့ အဖြေတစ်ခုကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဖက်ကရော၊ နိုင်ငံရေးအားဖြင့် အဖြေရှာတဲ့ သူတွေဖက်ကရော သက်သေမပြနိုင်ခဲ့ဘူး၊ အဲဒါကြောင့် လည်း လက်နက်ကိုင်ပဋိပက္ခ ဇာတ်ရှိန်က မြင့်လာတာပေါ့၊ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးသည် သာလျှင် ခုနက Self-Determination ကို ဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာကို အခုကာလမှာ အမြင့်ဆုံးအရှိန် ရောက်နေတာပဲ။ အဲဒီတော့ သက်သေပြရမှာက ခုနကပြောတဲ့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေး မယ်၊ အဖြေရှာမယ်၊ ဆိုးကျိုးသံသရာကနေ ရုန်းထွက်မယ်ဆိုတဲ့ဟာက မှန်တဲ့လမ်းကြောင်းဆိုတာကို သက်သေပြ ရမှာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဌာနချုပ်ကို ဩဂုတ်၂၅ရက်က မြင်တွေ့ရစဉ်။(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၁၉၄၈ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်သည်။
အလားတူ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် လုပ်လာရာမှာလည်း ခိုင်မြဲသော သဘောတူညီချက်များ မရရှိဘဲ အကြိမ်ကြိမ် သဘောတူညီချက်များ ပျက်ပြား၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသား လက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေကြသည်။
နိုင်ငံ၏ အခြေခံဖြစ်သည့် ၇၅ ရာခိုင်နှုန်းကျော်ရှိသော တောင်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုမရဘဲ စီးပွားရေး ခြေလှမ်း လှမ်းရန် မလွယ်ကူကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှု၊ ဖိတ်ခေါ်မှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအား မသွားနိုင် လျှင်လည်း စီးပွားရေး မဖွံ့ဖြိုးနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်ကိုတွေ့ရစဉ်
၎င်းက “စီးပွားရေးကတော့ ကျနော်တို့ စျေးကွက် စီးပွားရေးစနစ်ပဲ၊ စျေးကွက် စီးပွားရေးစနစ် သည်သာလျှင် တစ်နည်းအားဖြင့် ယှဥ်ပြိုင်တဲ့ စီးပွားရေးပေါ့ဗျာ၊ အဲဒီတော့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတယ်ဆိုတဲ့ ဘက်နဲ့ သွားတာပေါ့၊ နိုင်ငံက ထွက်နိုင်တဲ့ သယံဇာတတွေ၊ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှုပေါ့ဗျာ၊ အဲဒီတော့ အဲဒီ အားလုံးရဲ့ အခြေခံက နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ဥစ္စာနဲ့သွားပါတယ်၊ နိုင်ငံရေးတည်ငြိမ်မှပဲ စီးပွားရေး ဖွံ့ဖြိုး တိုးတက်နိုင်တဲ့ လမ်းကြောင်းကို ရနိုင်တယ်ဆိုတဲ့ဘက်နဲ့ သွားပါတယ်၊ အဲဒီမှာ ကိုယ့်နိုင်ငံရဲ့ အခြေခံဖြစ်တဲ့ ၇၅ ရာခိုင်နှုန်းကျော်ရှိတဲ့ တောင်သူလယ်သမားများရဲ့ ဖွံ့ဖြိုးတိုးတက်မှု မရဘဲနဲ့ စီးပွားရေး ခြေလှမ်းတစ်ခု လှမ်းဖို့ မလွယ်ဘူးဆိုတာကိုလည်း လက်ကိုင်ထားတယ်၊ အဲဒီလိုပဲ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ဖို့အတွက် ရင်းနှီး မြှုပ်နှံမှု၊ ဖိတ်ခေါ်မှုနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကို မသွားနိုင်ဘဲနဲ့လည်း မဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ ဘက်နဲ့သွား ပါတယ်၊ အဲဒါကြောင့် ပြည်ပကို ရောက်နေကြတဲ့ နည်းမျိုးစုံရောက်တဲ့လူတွေ ပြည်တွင်း ပြန်လာနိုင်အောင် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိအောင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် အားလုံး ဘက်ပေါင်းစုံ ပြည့်စုံတဲ့ အမျိုးသားစီးပွားရေး မူဝါဒကြီးတစ်ရပ်ကို ညှိနှိုင်းတိုင်ပင်ပြီးမှ ချသင့်တယ် ဆိုတဲ့ဥစ္စာနဲ့ သွားပါတယ်” ဟု ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုမရှိသေးသည်ကို တွေ့ရပြီး ဆီထွက်သီးနှံနှင့် ပတ်သက်ပြီး အထွက်နှုန်း အားနည်းနေဆဲဖြစ်ကာ ပြည်ပမှ တင်သွင်းနေရဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ရေခံမြေခံကောင်းများနှင့် လုပ်အားအရင်းအမြစ်များ ရှိပြီးဖြစ်ပေမယ့် အမှန်တကယ် အလုပ်လုပ်ခြင်းမရှိ၍ ဝင်ငွေနည်းနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1274
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
ကွန်ဖက်ဒရေးရှင်းသည် ပြည်နယ်တိုင်းတွင် ကိုယ်ပိုင်စစ်တပ်များရှိသောကြောင့် သီးသန့်ကဲ့သို့ ဖြစ်နေကာ ပြည်ထောင်စုကြီးအတွက် အန္တရာယ်ကြီးမားကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တိုင်းရင်းသားများအား ဖက်ဒရယ်အရ ကိုယ့်ဒေသကိုယ် အုပ်ချုပ်ခွင့်ပေးပြီး ပြည်ထောင်စုထဲတွင်သာ ရှိနေသင့်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်လိုကြောင်း ၎င်းက ပြောသည်။
စိုင်းအိုက်ပေါင်းက “ဖက်ဒရယ်ဆိုလို့ရှိရင် ပြည်ထောင်စုကြီးက ပေါင်းစည်းတယ်၊ စုပေါင်းတာပေါ့နော်။ ကိုယ့် ဒေသမှာ ကိုယ်အုပ်ချုပ်၊ သယံဇာတတွေ၊ အခွန်အခတွေကို ပြည်ထောင်စုနဲ့ မျှမျှတတ ခွဲဝေယူ အဲဒီလိုပုံစံလေ၊ ကွန်ဖက်ဒရေးရှင်းသည် ပြည်နယ်တစ်ခု၊ ပြည်နယ်တစ်ခုတိုင်းမှာ ကွန်ဖက်ဒရေးရှင်းက အန္တရာယ်ရှိတယ်။ ရုရှား ပြည်ထောင်စုကြီး ပြိုကွဲသွားတာ ဘာကြောင့်လဲ ကွန်ဖက်ဒရေးရှင်းကြောင့်ပါ၊ ကွန်ဖက်ဒရေးရှင်းကြောင့်။ ပြည်နယ်တိုင်း၊ ပြည်နယ်တိုင်းမှာ သူ့ကိုယ်ပိုင် စစ်တပ်တွေ ရှိနေတယ်၊ သူ့ဟာသီးသန့်လို ဖြစ်နေတယ် ဆိုလို့ရှိရင် ဒါပြည်ထောင်စုကြီးအတွက် အန္တရာယ်ကြီးတယ်လေ ကွန်ဖက်ဒရေးရှင်းက။ ဖက်ဒရယ်ဆိုလို့ရှိရင် ကိုယ့်ဒေသကို ကိုယ်အုပ်ချုပ်ခွင့်ပေးလိုက်၊ တိုင်းရင်းသားတွေ သူ့ဒေသသူ အုပ်ချုပ်ပါစေလေ၊ ပြည်ထောင်စုထဲမှာပဲ ရှိနေပါစေ၊ ညီတူညီမျှ ခံစားခွင့် မျှမျှတတ ယူကြ၊ အဓိက,ကတော့ စားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပေါ့ဗျာ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ။ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးက ဘယ်လိုဖြစ်စေချင်တယ်၊ လက်နက်ကိုင်အားလုံး နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးလိုက်တာ အဲဒါတိုင်းပြည်အတွက် အကောင်းဆုံးပဲလို့ ကျနော်ယူဆတယ်” ဟု ပြောသည်။

လက်နက်ကိုင် ခေါင်းဆောင်တချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိတွင် ဖက်ဒရယ်နှင့်ဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရန် ကြိုးပမ်းနေကြ သော်လည်း တချို့သော တိုင်းရင်းသားလက်နက်ကိုင်များကတော့ ကွန်ဖက်ဒရေးရှင်း၊ လွတ်လပ်ရေးဆိုသော ရည်မှန်းချက်များအထိ ထုတ်ဖော်ပြောဆိုလာနေမှုများ ရှိနေကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ အနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်ရန်လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များသည် ကိုယ်ပိုင် နယ်မြေများ ရရှိရေး ကြိုးပမ်းနေကြ၍ စစ်ပွဲဆက် ဆင်နွှဲရမည်ဟု ပြောထားသည်။
ကွန်ဖက်ဒရေးရှင်းသည် သီးခြားနိုင်ငံ ထူထောင်ခြင်းထက် အန္တရာယ်နည်းသော်လည်း စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စုထက် အန္တရာယ်ကြီးကြောင်း၊ ဖက်ဒရယ်အပေါ်တွင်သာ အာရုံစိုက် အလေးထားပါက ဖက်ဒရယ် ထက်ပို၍ မတောင်းသင့်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO- NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

KIA- AA-TNLA-MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “နှိုင်းယှဥ်ချက် အရဆိုရင် ကွန်ဖက်ဒရေးရှင်းက သီးခြားနိုင်ငံထူထောင်တာ ထက်ကိုတော့ အန္တရာယ်နည်း တယ်၊ သို့သော်လည်းပဲ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပူးပေါင်းနေထိုင်မှုထက်ကိုတော့ အန္တရာယ်ကြီးတယ်၊ သူက အလယ်မှာဖြစ်နေတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုက တန်းတူညီတူရယ်၊ သူ့အခွင့်အရေး၊ ကိုယ့် အခွင့်အရေး၊ ပြည်နယ်တွေ အသီးသီး၊ လူမျိုးအသီးသီးနေပြီးတော့ ပြည်ထောင်စု တစ်ခုလုံးအတွက်ကျတော့ စုပေါင်းကာကွယ်တဲ့စနစ်ပေါ့၊ စုပေါင်းစီးပွားရေး ဖွံ့ဖြိုးတဲ့စနစ်တွေ လုပ်နိုင်ရင် ဖက်ဒရယ်က ကျနော်တို့ တိုင်းပြည် အတွက် အကောင်းဆုံးပုံစံပါပဲ၊ သို့သော် စုဖွဲ့မှု အားနည်းလာရင် စုစည်းမှု အားနည်းလာရင်တော့ တချို့ပြည်နယ် တွေ တချို့လူမျိုးတွေက ကွန်ဖက်ဒရေးရှင်းဆိုတဲ့ တစ်ဆင့်ထပ်မြင့်တယ်ပေါ့။ ဖက်ဒရယ်ထက်မြင့်တဲ့ဟာကို တောင်းလာနိုင်တယ်။ ဒါပေမယ့် အဲဒီလိုတောင်းတဲ့ဟာက ဖက်ဒရယ်ကို ထိခိုက်နိုင်တာပေါ့၊ တကယ်တော့ ဖက်ဒရယ်အပေါ်မှာပဲ တကယ် အာရုံ စိုက်တယ်၊ အလေးထားတယ်ဆိုရင်တော့ ပိုတောင်းလို့တော့ မသင့်တော်ဘူးပေါ့” ဟု ပြောသည်။
အာရက္ခတပ်တော်(AA)က “ဝ” ထက် မနိမ့်သော နိုင်ငံရေး အဆင့်အတန်းမျိုးကို ယူမည် သို့မဟုတ် ကွန်ဖက်ဒရေး ရှင်း (ကွန်ဖက်ဒရိတ်)အဆင့်အတန်းကို ရအောင်ယူမည်ဟု ပြောထားသည်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းရရှိထားသော EAO များမှာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-မိုင်းလား (NDAA)တို့ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း တိုင်းရင်းသားများသည် ၂၀၂၅ ရောက်လာသည့်အခါမှာ ဖက်ဒရယ်ထက် ကျော်လွန်သည့် စဉ်းစားချက်များ ရှိလာမည်ဟု ထုတ်ဖော် ပြောကြား ထားသည်။
ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း နိုင်ငံတစ်ခုအထိ တည်ထောင်ရန် အခြေအနေဖြစ်လာပါက အဆင်သင့်ဖြစ်အောင် ပလောင်လူမျိုးများ လုပ်ထားရမည်ဟု ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈ ရက်က ပြောခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1212
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၁
တော်လှန်ရေးအဖွဲ့ တချို့သည် စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်က ကျရောက်ခဲ့သည့် (၆၇)နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးယွက်စစ်က “ ၆၇ နှစ်တာ တော်လှန်ရေးကာလမှာ အတွင်းအပြင် နိုင်ငံရေးပြဿနာ ကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် ရှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများ ရှိခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တချို့ က စီးပွားရေးလုပ်ငန်းရှင်များကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ရှမ်းလူထုတို့၏ ပညာရေး၊ ဗဟုသုတ မပြည့်စုံခြင်းတို့ကြောင့် ရန်သူရဲ့ စည်းရုံးသိမ်းသွင်းမှုကို ခံရပြီး အသုံးချခံဘဝ ရောက်ခဲ့ကြရ ပါတယ်။ ဒါတွေဟာ ရှမ်းတော်လှန်ရေးရဲ့ အားနည်းချက် ဖြစ်သလို တော်လှန်ရေး ပန်းတိုင် မရောက်အောင် ဟန့် တားတဲ့ အတားအဆီးလည်းဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေး ဆင်နွှဲနေသည့် လက်နက်ကိုင်အဖွဲ့အစည်း များစွာရှိသည့်အနက် မည်သည့် အဖွဲ့ အစည်းကို ရည်ညွန်း ပြောကြားသည်ကိုတော့ တိတိကျကျ ဗိုလ်ချုပ်ကြီးယွက်စစ်က ထည့်ပြောသွားခြင်းမရှိပေ။

ရှမ်းလူမျိုးများ၏ အမျိုးသားအလံကိုတွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိ ထိန်းချုပ်ကာ အုပ်ချုပ်စီမံခွင့် ရရှိနေသော နယ်မြေများအတွင်းမှာ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ သယံဇာတများ ထုတ်လုပ် ခြင်းမှ ချမ်းသာကြွယ်ဝလျက်ရှိနေသည်။
ရှမ်းပြည်လူထုများ၊ မျိုးချစ်များအနေဖြင့် ရရှိခဲ့သည့် သင်ခန်းစာအား လေ့လာသုံးသပ်ပြီး အတွေးအခေါ်နှင့် လုပ်ငန်းများကို ပြုပြင်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး ဆောလျင်စွာ အောင်မြင်ရေးနှင့် ကျွန်ဘဝ လွတ်မြောက် ရေးအတွက် ရှမ်းပြည်သားများအားလုံး အနေဖြင့် အမျိုးသား၊ တိုင်းပြည်၊ ဘာသာ၊ သာသနာတို့အတွက် ရည်မှန်း ပြီး တော်လှန်ရေးတွင် ရဲ့ဝံ့စွာ ပါဝင်ဆင်နွှဲကြစို့ဟု ပြောသည်။
ရှမ်းတော်လှန်ရေးကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် စဝ်နွဲ့ ခေါ် ဆောယန်တ ဦးစီးပြီး လူ ၃၁ ဦး၊ သေနတ် ၇ လက်ဖြင့် နွံစစ်ဟန် ဆိုသော တပ်ဖွဲ့ကို ဖွဲ့စည်း၍ စတင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်၌ ရှမ်းတော်လှန်ရေး (၆၇)နှစ်မြောက် ရှိခဲ့ပြီးဖြစ်သည်။
ထို့နောက် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း အနေဖြင့် ရှမ်းပြည်နယ်အတွင်းမှာ RCSS နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)တို့သာ တည်ရှိတော့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1271
CNI International News
နယူးဒေလီ၊ ဧပြီ ၈
အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံကြောင်း ကြေညာခဲ့သဖြင့် ကုန်သွယ်ရေးစစ်ပွဲနှင့် စီးပွားရေးပျက်ကပ် ဖြစ်ပွားလာမည့် အခြေအနေများကို စိုးရိမ်နေရချိန်တွင် ဧပြီ ၇ ရက်က အိန္ဒိယ၏ ရှယ်ယာဈေးကွက်သည် သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ရှယ်ယာဈေးကွက်များ ကမောက်ကမ ဖြစ်နေမှုနှင့်အတူ အိန္ဒိယ၏ Nifty 50 စတော့ ရှယ်ယာ ဈေးကွက် ညွှန်းကိန်းသည် ၄ ဒသမ ၀၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
ထိုနှုန်းထားသည် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ထိုးကျသွားခဲ့ကာ ၁၀ လအတွင်း နေ့အလိုက် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ခဲ့သည်။

အိန္ဒိယရဲ့ စတော့ဈေးကွက်ကို ကြည့်နေကြစဉ်
အိန္ဒိယ၏ အခြား စတော့ရှယ်ယာ ဈေးကွက်ဖြစ်သည့် BSE Sensex ၏ ညွှန်းကိန်းသည်လည်း ၃ ဒသမ ၈၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ အခြား အာရှစတော့ ဈေးကွက်များလည်း ကျဆင်းခဲ့သည်။
MSCI Asia ex-Japan index သည် ၇ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျပန်၏ Nikkei 225 သည် ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကြေညာခဲ့သည့် ကုန်သွယ်ခွန်များ တိုးမြှင့်ကောက်ခံသော အစီအစဉ်သည် မျှော်မှန်းထားသည့် ပမာဏထက် ပိုမိုကြီးမားခဲ့ပြီး ငွေကြေးဖောင်းပွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ် စီးပွားရေးအရ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုန်း ပါဝဲလ် (Jerome Powell ) က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ Nasdaq စတော့ရှယ်ယာ ညွှန်းကိန်းတွင်လည်း ဧပြီ ၇ ရက်က ၅ ဒသမ ၈၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရေနံနှင့် အခြားကုန်စည်များ၏ ရှယ်ယာတန်ဖိုးများလည်း ကျဆင်းခဲ့သည်။

စျေးကွက်ဖွင့်တဲ့ BSE Sensex အဆောက်အအုံကိုတွေ့ရစဉ်
တရုတ်က အမေရိကန်ကို အပြန်အလှန် အခွန်စည်းကြပ်မှုများနှင့် တုန့်ပြန်သည့် အစီအမံများကို ကြေညာခဲ့ပြီး နောက် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုသည် ကျဆင်းခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
“အပြန်အလှန် ကုန်သွယ်ခွန် ကောက်ခံတာဟာ ယာယီဆိုရင်တောင် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် မသေချာ မရေရာမှုတွေ မြင့်တက်လာစေခဲ့ပါတယ်”ဟု ကိုတက် Kotak Institutional Equities ၏ လေ့လာသူ ဆန်ဂျိဗ် ပရာဆက် (Sanjeev Prasad) က ပြောကြားခဲ့သည်။
“လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း အိန္ဒိယဈေးကွက်တွေရဲ့ စွမ်းဆောင်ရည်ဟာ အိန္ဒိယရဲ့ လက်လီ ရောင်းချမှု၊ ပြည်တွင်း အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခွန်နှုန်းထား အခြေအနေအရ အမေရိကန်နဲ့ အဆင်ပြေအောင် ညှိနိုင်မလား ဒါမှမဟုတ် အမေရိကန်ကို အခွန်တိုးကောက်ပြီး တုန့်ပြန်မလားဆိုတဲ့ အခြေအနေ ပေါ်မှာ မူတည်နေပါလိမ့်မယ်”ဟု ပရာဆက်က ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1208
CNI International News
ကွာလာလမ်ပူ၊ ဧပြီ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အပြန်အလှန် ကုန်သွယ်ခွန် တိုးမြှင့်မှုနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အနေဖြင့် စည်းလုံးညီညွတ်စွာ တုန့်ပြန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို မလေးရှားနိုင်ငံက ဦးဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့ သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
“အာဆီယံဥက္ကဋ္ဌ အနေနဲ့ မလေးရှားဟာ စည်းလုံးညီညွတ်တဲ့ ဒေသတွင်းတပ်ဦးတစ်ခု ပေါ်ပေါက်လာစေဖို့၊ ပွင့်လင်းပြီး ခံနိုင်ရည်ရှိတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို ထိန်းသိမ်းဖို့နဲ့ အာဆီယံရဲ့ စုပေါင်းအသံကို နိုင်ငံတကာက ရှင်းလင်းပြတ်သားစွာ ကြားသိနိုင်ဖို့ အားထုတ်ကြိုးပမ်းမှုတွေကို ဦးဆောင်သွားမှာပါ” ဟု အန်ဝါက ဧပြီ ၆ ရက်ညပိုင်းက Facebook အပါအဝင် ၎င်း၏ လူမှုမီဒီယာ ချန်နယ်များတွင် တင်ခဲ့သည့် ဗွီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။
သီးခြား ပို့စ်တစ်ခုတွင်လည်း အန်ဝါက ဒေသတွင်း စုပေါင်းတုန့်ပြန်မှုနှင့်ပတ်သက်ပြီး ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်း (Pham Minh Chinh) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည်ဟု ဆိုသည်။

အာဆီယံခေါင်းဆောင်များကိုတွေ့ရစဉ်
အန်ဝါသည် ဧပြီ ၆ ရက်က မလေးရှားနိုင်ငံသို့ ရောက်ရှိလာသည့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့်လည်း ကုန်သွယ်ခွန်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု အခြား Facebook ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည့် အာဆီယံနိုင်ငံများသည် အမေရိကန်၏ အပြန်အလှန် ကုန်သွယ်ခွန်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သည်။
ဗီယက်နမ်သည် အခွန်နှုန်းထား ၄၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၄၉ ရာခိုင်နှုန်း၊ မလေးရှားက ၂၄ ရာခိုင်နှုန်းစီဖြင့် အမေရိကန်နှင့် အပြန်အလှန် ကုန်သွယ်ခွန်များ တိုးမြှင့်ခံခဲ့ရသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို တွေ့ရစဉ်
အခြားဒေသတွင်း နိုင်ငံများကဲ့သို့ပင် မလေးရှားသည် အမေရိကန်ကို လက်တုန့်ပြန်သည့် အစီအစဉ်များကို ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပေ။
ထို့ပြင် မလေးရှားသည် အမေရိကန် ကုန်စည်များအပေါ် စည်းကြပ်ခွန် ၄၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်ဆိုသည့် ထရမ့် အစိုးရအဖွဲ့၏ ပြောကြားချက်များကိုလည်း ငြင်းဆိုခဲ့သည်။
မလေးရှားဗဟိုဘဏ် (Bank Negara Malaysia ) အုပ်ချုပ်ရေးမှူး အဗ္ဗဒူ ရာရှိဒ် ဂက်ဖော် (Abdul Rasheed Ghaffour) ကလည်း မလေးရှားနိုင်ငံသည် ကုန်သွယ်ခွန် ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ညှိနှိုင်းနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း၊ အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာလျှင် ကုန်သွယ်ခွန်ကြောင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 1189
CNI International News
ဝါရှင်တန်၊ ဧပြီ ၈
ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အပြန်အလှန် ကုန်သွယ်ခွန် များ တိုးမြှင့်ကောက်ခံကြောင်း ကြေညာချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များသည် ဧပြီ ၇ ရက်တွင် ကျဆင်းသွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
နိုင်ငံအများအပြားသည် အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်မှုကို မည်ကဲ့သို့ တုန့်ပြန်ရမလဲ အဖြေရှာနေချိန်တွင် တရုတ်နှင့် နိုင်ငံအချို့ကမူ အလျင်အမြန် တုန့်ပြန်ခဲ့ကြသည်။
ဟောင်ကောင်တွင် တည်ငြိမ်မှုမရှိသည့် စျေးကွက်များ၏ အခြေအနေကြောင့် အခွန်နှင့်ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံချက်များသည် အာမခံချက်မရှိကြောင်း ဟောင်ကောင် ဘဏ္ဍာရေး အတွင်းဝန် ပေါလ်ချန်း (Paul Chan) က ပြောကြားခဲ့သည်။
ဧပြီ ၇ ရက်က ဟောင်ကောင်၏ စတော့ရှယ်ယာစျေးကွက်သည် ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး နိုင်ငံအချို့တွင် ရင်းနှီးငွေများ စီးဆင်းမှုသည်လည်း အဟန့်အတား ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စတော့ဈေးကွက်ကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က ဂျာမနီသည် ဆယ်စုနှစ် တစ်စုနီးပါးအတွင်း တရုတ်ကို ကျော်လွန်ပြီး အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်ကဏ္ဍ မြင့်တက်ခဲ့သော်လည်း ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် လာမည့်လများအတွင်း အမေရိကန်သို့ ပို့ကုန်ကဏ္ဍ အခြေအနေသည် သေချာရေရာမှုမရှိကြောင်း ဂျာမနီ၏ ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့သည်။
ထို့ပြင် ဥရောပ၏ စတော့ရှယ်ယာ စျေးများလည်း စျေးကွက်အဖွင့်ပိုင်းတွင် ကျဆင်းခဲ့ပြီး ဂျာမနီ၏ DAX ရှယ်ယာ သည် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ်၏ CAC 40 ရှယ်ယာသည် ၅ ဒသမ ၇ ရာခိုင်နှုန်း ဗြိတိန်၏ FTSE 100 ရှယ်ယာသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အင်ဒိုနီးရှားကမူ ထရမ့်၏ အပြန်အလှန် ကုန်သွယ်ခွန် ၃၂ ရာခိုင်နှုန်း ကောက်ခံမှုကို လက်တုန့်ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

စတော့ဈေးကွက်ကို တွေ့ရစဉ်
ထိုအရေးကိစ္စကို သံတမန်နည်းလမ်း၊ ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများဖြင့် အဖြေရှာသွားမည်ဟု အင်ဒိုနီးရှား အစိုးရအဖွဲ့က ပြောသည်။
တောင်ကိုရီးယားကလည်း ကုန်သွယ်ခွန်များ တိုးမြှင့်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ကုန်သွယ်ရေး ညှိနှိုင်းဆောင်ရွက်သူတစ်ဦးကို ယခုသီတင်းပတ်အတွင်း ဝါရှင်တန် (Washington) သို့ စေလွှတ်သွားမည် ဖြစ်သည်။
ပါကစ္စတန်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ယခုလအတွင်း အမေရိကန်သို့ စေလွှတ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း၏ စတော့ရှယ်ယာ စျေးကွက်များလည်း ကျဆင်းခဲ့ကာ၊ ရေနံစျေးနှုန်းများလည်း သိသာစွာ ကျဆင်းခဲ့သဖြင့် ရေနံထုတ်လုပ်မှုအပေါ် မှီခိုနေရသည့် နိုင်ငံများကို အခက်တွေ့စေခဲ့သည်။
Source: အေပီ
- By CNI
- Category: လူမှုဘဝ
- Hits: 1404
CNI International News
တိုင်ပေ၊ မတ်လ ၂၅
ထိုင်ဝမ်သည် ၂၀၂၅ ခုနှစ်အတွင်း အာရှတိုက်၏ ပျော်စရာ အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ - ၂၀၂၅ (World Happiness Report 2025) ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Nation မှ ဖော်ပြခဲ့သည်။
ယခုနှစ်အတွင်း နိုင်ငံများနှင့် နေရာဒေသပေါင်း ၁၄၇ ခုကို စစ်တမ်းကောက်ယူခဲ့ရာတွင် ထိုင်ဝမ်သည် ကမ္ဘာ့ပျော် စရာ အကောင်းဆုံးစာရင်း၌ အဆင့် ၂၇ နေရာမှာ ရပ်တည်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ကမ္ဘာ့အဆင့် ၃၁ နေရာတွင် ရှိခဲ့သည့် ထိုင်ဝမ်သည် ယခုနှစ်၌ အဆင့် ၂၇ သို့ တက်လာခဲ့ခြင်း ဖြစ်ပြီး အာရှ၏ ပျော်စရာအကောင်းဆုံး နေရာအဖြစ် စင်္ကာပူကို ကျော်ဖြတ်ပြီး အဆင့် ၁ နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုထုတ်ပြန်ချက်တွင် ထိုင်ဝမ်ကို ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်သည့် ဒီမိုကရေစီကျွန်းဟု အသိအမှတ်ပြု ဖော်ပြထားသည်။

ထိုင်ဝမ်အတွင်း သွားလာနေသူများကိုတွေ့ရစဉ်
အဆိုပါ ဖော်ပြချက်သည် ထိုင်ဝမ်အား ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်၏ ယူဆချက်ကို ငြင်းဆိုသော ဖော်ပြချက်တစ်ခု ဖြစ်ခဲ့သည်။
၂၀၂၅ ခုနှစ်တွင် အာရှတိုက်၏ ပျော်စရာအကောင်းဆုံး နေရာများနှင့် နိုင်ငံများစာရင်း၌ ထိုင်ဝမ်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မလေးရှား၊ တရုတ်နှင့် မွန်ဂိုလီးယားတို့ ရပ်တည်လျက် ရှိသည်။
ဝင်ငွေများပြားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်းကဲ့သို့ လူအများကို ပျော်ရွှင်စေသည့် သမားရိုးကျ အကြောင်းရင်း များအပြင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်းများ အတူတူ ဝိုင်းဖွဲ့စားသောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု ရှိခြင်း အစရှိသည့် အချက်များကလည်း ပျော်ရွှင်မှုညွှန်းကိန်းတွင် အရေးကြီးကြောင်း World Happiness Report 2025 ၏ အယ်ဒီတာဖြစ်ပြီး အောက်စ်ဖို့ဒ် တက္ကသိုလ်၏ ချမ်းသာသုခ သုတေသနစင်တာ၏ ညွှန်ကြးရေးမှူး ဂျန် အီမန်နျူရယ် ဒီ နီဗီ ( Jan-Emmanuel De Neve) က ပြောကြားခဲ့သည်။

ထိုင်ဝမ်အတွင်း သွားလာနေသူများကိုတွေ့ရစဉ်
ကောက်ခံရရှိခဲ့သည့် အချက်အလက်များအရ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ထမင်းလက်စုံ စားသုံးခြင်းသည် တစ်ယောက်တည်း အထီးကျန်စွာ စားသုံးရသူများထက် ဘဝကို ပိုမိုကျေနပ် ပျော်ရွှင်မှုရှိကြောင်း ဖော်ပြထားသည်။
ထိုင်ဝမ်ကဲ့သို့ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများ ထမင်းလက်စုံ ဝိုင်းဖွဲ့စားသောက်သည့် ဓလေ့သည့် အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် ပိုမိုမြင့်တက်လာပြီး အထူးသဖြင့် ဂျပန်နှင့် တောင်ကိုရီယားတို့တွင် ထမင်းလက်စုံစားသည့် ဓလေ့သည် ရေပန်းစားလျက်ရှိသည်။
အာရှ၏ အပျော်ရွှင်ဆုံး နိုင်ငံများစာရင်းတွင် သိသိသာသာ အဆင့်တက်လာသည့် နိုင်ငံမှာ ဗီယက်နမ်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၌ ကမ္ဘာ့အဆင့် ၈၃ နေရာမှာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၄၆ နေရာအထိ အဆင့်တက်လာခဲ့ ခြင်း ဖြစ်သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 1518
CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သည့် ဦးချစ်ဆွေအား အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်း သည် ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ပိုမိုတင်းကြပ်မှုများ ရှိလာနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ သက်တမ်း ၆ လ ထပ်တိုးချိန်တွင် ၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်ကို တာဝန်မှ အနားပေးလိုက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးချစ်ဆွေကို အစားထိုး ခန့်အပ် လိုက်သည်။
ဦးချစ်ဆွေသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သည့်အတွက် ထိုင်းနိုင်ငံရှိ အလုပ်သမား အရေးနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိသူဖြစ်သောကြောင့် ပိုဆိုးရန်သာရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ဦးမင်းဦးက “ဒီဘက်မှာရှိတဲ့ အနေအထားကိုလည်း သူသိထားပြီးသားလေ။ သူ့အနေနဲ့ကတော့ ပြောရမယ်ဆိုရင် တစ်ခုသာတာက ဒီဘက်မှာရှိတဲ့ အခြေအနေနဲ့ ထိုင်းနိုင်ငံဘက်က အာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အတွက်ကြောင့် တချို့ဟာတွေမှာတော့ ညှိနှိုင်းလုပ်ဆောင်လို့ရတဲ့ဟာတွေရှိတယ်။ ကျနော်ဆိုလိုတာက အလုပ်သမားအရေး အတွက်ကတော့ ပိုပြီးကောင်းဖို့ မရှိနိုင်ပါဘူး။ ပိုဆိုးဖို့ပဲရှိတယ်။ ဘယ်လိုမျိုးကိုင်တွယ်လို့ ရမလဲ၊ ညှိလို့ရမလဲ ဒါမျိုးတွေပဲ အားထုတ်ပြီးလုပ်မယ်လို့ ထင်ပါတယ်။ ကြပ်မှာကတော့ ကျိန်းသေတယ်လေ။ သူက ဒီမှာရှိတဲ့ အနေအထားကို သူကသိသွားပြီးပြီဆိုတော့ အလုပ်သမားတွေ ဘယ်လိုမျိုး ညှိလို့ရမလဲဆိုတာ ပိုပြီး ကျွမ်းကျင်သွားတာပေါ့” ဟု ပြောသည်။
ဦးချစ်ဆွေသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ နစက သက်တမ်း ၆ လတိုးစဉ်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် နစက သက်တမ်း ၆ လ ထပ်မံ တိုးသည့်အခါမှာတော့ အလုပ်သမားဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခံခဲ့ရသည်။
ဦးချစ်ဆွေသည် အလုပ်သမားအရေး ပို၍ကျွမ်းကျင်သည်ဟု သုံးသပ်ကာ အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ် လိုက်ခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် အလုပ်သမားအရေးမှာ အလားအလာ ကောင်းလာဖွယ်မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ဦးအောင်ကျော်က “ကျနော်တို့ အစဉ်အလာမှာလည်း နိုင်ငံခြားတိုင်းတစ်ပါးမှာ သံအမတ်အဖြစ် ခန့်အပ်ခံထားတဲ့ ပုဂ္ဂိုလ်တွေကို ပြည်တွင်းကို ပြန်လည်ခေါ်ယူပြီးမှ ဝန်ကြီးအဖြစ် ရာထူးခန့်အပ်တာ မကြားဖူးဘူး။ သူတို့ကတော့ အလုပ်သမားအရေးကို ပိုပြီးကျွမ်းကျင်တယ်လို့ သုံးသပ်ပုံရတယ်။ သို့သော် ကျနော်တို့ အမြင်မှာတော့ ထိုင်းမှာ သံအမတ်အဖြစ် နေစဉ်ကာလမှာလည်း အလုပ်သမားအရေးကို စွမ်းစွမ်းတမံ ဘာတစ်ခုမှ ဆောင်ရွက်တာ မရှိခဲ့ ဖူးတဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့တော့ အလုပ်သမားရေးရာနဲ့ပတ်သက်ပြီး ထိုင်းကိုယ်စားပြုတင် မဟုတ် ဘဲနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လုပ်သားတွေအရေးကို သိဖို့ဆိုတာ အင်မတန်ခက်ပါလိမ့်မယ်။ ထိုင်းအလုပ်သမား အရေးနဲ့ ပတ်သက်ပြီးတောင် ဘာတစ်ခုမှ စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ခဲ့ဘူးဆိုတာကို ကျနော်တို့ မြင်တွေ့ ရပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှ စတင်ကာ စစ်မှုထမ်း အသက်သတ်မှတ်ချက်ဖြစ်သည့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအား ပြည်ပအလုပ်အကိုင်အတွက် စာချုပ်ချုပ်ဆိုမှုများကို အကန့်အသတ်မရှိ ရပ်ဆိုင်း ထားသည်။
ထိုမတိုင်ခင် ဇန်နဝါရီ ၁၇ ရက်က နေပြည်တော် အစည်းအဝေးတွင် နစကဥက္ကဋ္ဌမှ လူဦးရေ ကျဆင်းခြင်းကြောင့် ပြည်တွင်း လုပ်သားအင်အားနှင့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုဖြစ်စေကြောင်း မှတ်ချက်ပြု ပြောဆိုထားခဲ့ သည်။
ထို့နောက် ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်မှုထမ်းနည်းဥပဒေ ထွက်ပေါ်လာခဲ့ပြီး နည်းဥပဒေပုဒ်မ ၅၁ မှာ စစ်မှုထမ်း ရန် ဆင့်ခေါ်သည့် အမိန့်စာ ရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံများကို ထွက်ခွာခွင့် မရှိစေရဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1597
CNI International News
ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁
ဆီးရီးယားနိုင်ငံ၏ အသစ်ခန့်အပ်ခဲ့သည့် သမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) က မတူကွဲပြားသည့် လူမျိုးစုများကို ကိုယ်စားပြုမည့် ပေါင်းစုံပါဝင်သော အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ဇန်နဝါရီ ၃၀ ရက်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုအစိုးရအဖွဲ့သည် အင်စတီကျူးရှင်းများ ထူထောင်၍ လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ ကျင်းပသည့် အချိန်အထိ ဆီးရီးယားနိုင်ငံကို အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရှာရားသည် ဇန်နဝါရီ ၂၉ ရက်က ဆီးရီးယားသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
သူသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဆီးရီးယားတွင် လက်နက်ကိုင်တပ်ပေါင်းစုကို ဦးဆောင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သမ္မတ ဘာရှာအယ်အာဆတ် (Bashar al-Assad) ကို ဖြုတ်ချနိုင်ခဲ့သည်။

အာမက် အယ်ရှာရားကို တွေ့ရစဉ်
ထို့နောက် ကြားဖြတ်အစိုးရအဖွဲ့ ထူထောင်ကာ ၁၃ နှစ်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးကို အကူအညီပေးလိုသည့် အနောက်နိုင်ငံများ၊ အာရပ်နိုင်ငံများ၏ သံတမန်ကိုယ်စားလှယ် အဖွဲ့များနှင့် ထိတွေ့ဆက်ဆံခဲ့သည်။
ဆီးရီးယားလွှတ်တော်ကို ဗုဒ္ဓဟူးနေ့က ဖျက်သိမ်းပြီးနောက် ရွေးကောက်ပွဲအသစ် မကျင်းပမီ အချိန်အထိ လွှတ်တော်နေရာတွင် အစားထိုးရန် ဥပဒေပြုအဖွဲ့ငယ်တစ်ခုကို ဖွဲ့စည်းမည်ဟု ရှာရားက ပြောကြားခဲ့သည်။
လာမည့် ရက်ပိုင်းအတွင်း ဆီးရီးယားပြည်သူများ၏ အနာဂတ်နိုင်ငံရေး အစီအစဉ်များကို ဆွေးနွေးနိုင်မည့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးရေးညီလာခံကို ကျင်းပရန် ကော်မတီတစ်ခု ဖွဲ့စည်းသွားမည်ဟုလည်း ရှာရားက ဆိုသည်။
ထိုညီလာခံအပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး လုပ်ငန်းစဉ်အတွက် ကြေညာချက် ထုတ်ပြန်မည် ဖြစ်ပြီး အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းစဉ်သည် ၄ နှစ်အထိ ကြာမြင့်နိုင်ကြောင်း ရှာရားက ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: လူမှုဘဝ
- Hits: 1664
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁
လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့ သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင် ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSM E) လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေး နိုင်ငံတော်မှ ကူညိဆောင်ရွက်ပေးစေလိုကြောင်း နစကဥက္ကဋ္ဌကို တင်ပြခဲ့ကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာ ရက်နည်းသည့် ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များ အနေဖြင့် လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း” ပြောသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့ စက်ရုံများ အနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများ ရှိကြောင်း ၎င်းက ပြောသည်။
ထို့ပြင် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အ ထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်၍ ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့ သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်မှု အလွန်များပြားလာပြီး ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်မှု လုပ်ငန်းများ အဓိက လည်ပတ်နေသည့် ရန်ကုန်တိုင်းဒေသကြီး၌ တစ်နေ့လျှင် ၄ နာရီကြား ၂ ကြိမ်ပေး၍ ၁၆ နာရီ မီးပြတ်တောက်လျက်ရှိသည်။
ထို့ကြောင့် အလုပ်ရုံများ၊ စက်ရုံများ၊ ရုံးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများဖြစ်လာကြသလို ပြည်သူလူထု ကြားမှာလည်း လူနေမှုကုန်ကျစရိတ်များ မြင့်မားလာကြကြောင်း သိရသည်။
Page 1 of 47
