- By CNI
- Category: Watch TV
- Hits: 412
- By CNI
- Category: လူမှုဘဝ
- Hits: 626
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ စသည်တို့ကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူဦးရေမှာ အလွန် များပြား လာသည်ကို တွေ့ရသည်။
ပြည်ပသို့ထွက်ခွာကာ သွားရောက်အလုပ်လုပ်ကိုင်မှု နည်းပါးစေလိုလျှင် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့် အလမ်း ပေါများလာရန် လိုအပ်သော်လည်း ပြည်တွင်းလုပ်ခလစာမှာ နည်းပါးနေသေးပါက ပြည်ပထွက်ခွာမှုမှာ လျော့နည်းမသွားနိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ အလုပ်သမား ရွှေ့ပြောင်းနေထိုင်သူများ ကူညီထောက်ပံ့ရေး စင်တာ မှ တာဝန်ခံ ကိုခန့်နေကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ဆီကတော့ အလုပ်အကိုင်ပေါရုံနဲ့တင်တော့ မရသေးဘူးဗျ။ လုပ်အားခနှုန်းတွေကိုလည်း ကြည့်ရဦးမယ်။ လူတွေက အလုပ်လုပ်ချင်တာက အဓိကမဟုတ်ဘူးလေ။ လုပ်အားခလိုချင်တာက အဓိကကို။ လုပ်အားခ လိုချင်လို့ အလုပ်လုပ်တာဖြစ်တဲ့အတွက် အလုပ်တော့လုပ်ရမယ် ထမင်းပဲကျွေးမယ်ဆိုရင်တော့ မလုပ်နိုင်ဘူးပေါ့နော်။ အလုပ်အကိုင်နေရာတွေကတော့ရှိတယ် ထမင်းပဲကျွေးမယ်ဆိုရင်တော့လည်း မရ သေးဘူး။ လစာတော့ ပေးတယ်ဆိုလည်းပဲ အနည်းဆုံး ကျနော်တို့က ထိုင်းလောက် အနီးအနားက စင်ကာပူ လောက် အဲဒီလို လစာနှုန်းတွေ တက်လာမှသာလျှင် လူတွေကလည်းပဲ ကိုယ့်နိုင်ငံထဲမှာပဲ အခြေချပြီးတော့ တည်တည်ငြိမ်ငြိမ်လုပ်ကြရမယ့်သဘော။လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးမယ်ဆိုရင်တော့ ထွက်နေ ကြမှာပါပဲ။ စင်ကာပူက လူတွေလည်း စင်ကာပူမှာမလုပ်ဘဲ ဂျပန် သွားလုပ်နေကြတာလေ။ အမေရိကကို သွားလုပ်နေတာပဲ။ ထို့အတူပဲ မြန်မာနိုင်ငံသားတွေလည်း သူ့ထက်သာတဲ့ နိုင်ငံတွေ သွားလုပ်ကြမှာပဲ။ ပြည်တွင်း ထဲမှာ လုပ်ဖို့ဆိုရင်တော့ မျှတတဲ့ လုပ်အားခနှုန်းထားတွေသာ မြင့်တက်လာဖို့ လိုမယ်ထင်ပါတယ်”ဟု ပြောသည်။
ပြည်ပထွက်ခွာကြမည့် မြန်မာနိုင်ငံသားများကို လေဆိပ်တွင်တွေ့ရစဉ်
အမှန်တကယ်၌ မြန်မာနိုင်ငံတွင် အလုပ်အကိုင်မှာ မရှားပါးသည့်အပြင် လက်ရှိ၌လည်း ခေါ်ယူနေသည့် အလုပ် ခေါ်စာတို့မှာ အများအပြားရှိကြောင်းနှင့် အဓိကပြဿနာမှာ လုပ်ခလစာသာဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က သုံးသပ်သည်။
အလုပ်သမားများဘက်မှ ကြည့်ပါက ရရှိသည့် လုပ်ခလစာနှင့် လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် တွက်ခြေမကိုင်သဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။
အလုပ်လာလျှောက်သူများထဲတွင် အချို့သည် ထိုလုပ်ငန်းခွင်ရာထူးနှင့်ပတ်သက်၍ အတွေ့အကြုံများ၊ ကျွမ်းကျင်မှုများ မရှိသည့်အပြင် တောင်းဆိုသော မျှော်မှန်းလစာမှာ များပြားသောကြောင့် လုပ်ငန်းရှင်များ အတွက် အခက်အခဲဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တချို့ အလုပ်သမားတွေ လစာဘာလို့မရလဲ၊ လစာဘာလို့ တိုးမပေးလဲဆိုရင် ကျနော်တို့လုပ်ငန်းရှင်တွေ မှာ အခု ခက်ခဲနေတာက တော်တော်များများ အလုပ်သမားတွေက လာရင် သူတို့ရဲ့ skill ဘယ်လောက်ရှိလဲဆိုတာ သူတို့ မပြနိုင်ဘူး။ လစာဘယ်လောက်ရမလဲဆိုတာပဲ။ မျှော်မှန်းလစာ ဘယ်လောက်ရှိလဲဆို တောင်းလိုက်ရင် ၅ သိန်းတွေ၊ ၆ သိန်း တွေ အဲဒီလိုတောင်းတယ်။ ဒါပေမယ့် တကယ်တမ်း သူတို့ skill နဲ့ ဒီအပေါ်မှာ ဘာအတွေ့ အကြုံရှိလဲဆို ဘာမှမရှိဘူး။ သူတို့ကမေးတယ် အဲဒါဆို ကျမတို့ကို ခိုင်းလေ၊ ခိုင်းတာလုပ်ပေးမှာပေါ့။ လစာကျ တော့ ပိုလိုချင်တယ်၊ အလုပ်ကျတော့ ကျွမ်းကျွမ်းကျင်ကျင် မရှိတာက တစ်ပိုင်း၊ နောက်တစ်ခုကလည်း အလုပ် အပေါ်မှာလည်း အလုပ်တွေက များနေတာဖြစ်တဲ့အတွက် အလုပ်တွေအပေါ်မှာလည်း ၂ ရက် ၃ ရက်လောက် လုပ်ကြည့်လိုက်၊ ပြီးရင် ပြောင်းသွားလိုက် အဲဒီလိုအလုပ်သမားတွေ လတ်တလော မြန်မာနိုင်ငံမှာ များနေတာ ပေါ့နော်။ လစာများများ လိုချင်တယ်ဆိုရင် skill utility ကောင်းကောင်း ဆောင်ရွက်ပေး၊ သူတို့ရဲ့ quality တွေ မြင့်အောင် သူတို့လုပ်ပေး၊ သူတို့တာဝန်ကျတဲ့ အလုပ်တွေမှာ သေသေချာချာအားထည့်ပြီး လုပ်မယ်ဆိုရင် အဲဒီလို ပုဂ္ဂိုလ်တွေကတော့ လစာများများရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း အထည်ချုပ်စက်ရုံတစ်ခု
လက်ရှိတွင် မြန်မာနိုင်ငံမှ လူအများအပြား ပြည်ပနိုင်ငံသို့ ထွက်ခွာကြရာ၌ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ယူအေအီး အစရှိသည့် နိုင်ငံများသို့ အဓိကအများဆုံး ထွက်ခွာကြပြီး အနောက် နိုင်ငံများသို့လည်း ထွက်ခွာနေကြသည်။
သို့သော် လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများအား ပိတ်ထားဆဲဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင်ခိုးထွက်မှု များပြားလာနိုင်ပြီး ထိုသို့ တရားမဝင်ထွက်ခွာခြင်းကြောင့် နိုင်ငံတော် အတွက် အခွန်ဝင်ငွေမရရှိနိုင်သလို အခြားသော ဆုံးရှုံးမှုများလည်း ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“တစ်ချက်ကတော့ နိုင်ငံတော်ရဲ့ အခွန်ဝင်ငွေနစ်နာတယ်။ လူသားအရင်းအမြစ်တွေ ပိုမိုပြီးတော့မှ ဆုံးရှုံး စေတယ်။ ခိုးသွားရမယ်ဆိုရင် အသက်မပြည့်တဲ့ အိမ်က သားသမီးတွေ ၁၅၊ ၁၆ အလုပ်လုပ်နိုင်တဲ့ သားသမီး တွေကိုပဲ ကယ်ရီနဲ့ လူပွဲစားနဲ့ ခိုးထွက်အောင် ခေါ်သွားလို့ရပြီ။ နိုင်ငံကူးလက်မှတ် လုပ်စရာမလိုတော့ဘူး။ နိုင်ငံကူးလက်မှတ်ကို ပိတ်ထားတယ်ဆိုကတည်းက ပြည်တွင်းထဲမှာရှိတဲ့လူကို ပြည်ပမထွက်အောင် ထိန်းချုပ် ထားတာပဲ မဟုတ်ဘူး။ ပိုမိုပြီးတော့မှ လွယ်ကူစွာထွက်နိုင်အောင် လမ်းကြောင်း ဖွင့်ပေးလိုက်သလို ဖြစ်သွား တယ်”ဟု ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြသူများထဲတွင် အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ရန် သွားရောက်ကြသူ အများစုဖြစ်ပြီး အခြေခံ အလုပ်အကိုင်များ လုပ်ကိုင်ရန် သွားရောက်ကြသူဦးရေမှာ ပိုမိုများပြားကြောင်း၊ ပညာရှင် အဆင့် အလုပ်အကိုင်များ လုပ်ကိုင်ရန်အတွက် သွားရောက်ကြသူဦးရေမှာ အတန်အသင့် ရှိကြောင်း ပြည်ပနိုင်ငံ များတွင် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
- By CNI
- Category: Watch TV
- Hits: 378
- By CNI
- Category: Watch TV
- Hits: 391
- By CNI
- Category: စီးပွားရေး
- Hits: 629
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် လက်ရှိတွင် အသိအမှတ်ပြု အထောက်အထား ကတ်များ စုပြုံ၍ သက်တမ်းတိုးခြင်းများ ပြုလုပ်နေရသောကြောင့် ငွေအကုန်အကျ များပြားလျက်ရှိကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ သက်တမ်းတိုး ပြုလုပ်နေရသည့် အထောက်အထားမှာ အနည်းဆုံး ၃ ခုခန့်ရှိပြီး ပွဲစားများဖြင့် ပြုလုပ် ကြသည့်အခါ အထောက်အထားတစ်ခုအတွက် ဘတ်ငွေ တစ်သောင်းကျော်(မြန်မာငွေ ဆယ်သိန်းကျော်) ပေးရကြောင်း၊ ထို့ကြောင့် သက်တမ်းတိုးပြုလုပ်ရန် ငွေကြေးမတတ်နိုင်သူများမှာ တရားမဝင်လုပ်သားအဖြစ် ခံယူ သွားကြကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောသည်။
“အများစုက တစ်ယောက်တည်းနေတဲ့ အုပ်စုတွေက နည်းတယ်။ အနည်းဆုံးက မိသားစုတစ်စုမှာ ၃ ယောက် ၄ ယောက်၊ အနည်းဆုံး မိသားစုတစ်စုမှာ လူ ၅ ယောက်ရှိတယ်။ ၅ ယောက်လောက်ရှိတဲ့အခါကျတော့ အလုပ်သမား တစ်ယောက်ဟာ လက်မှတ် သက်တမ်းတိုးဖို့အတွက် တစ်ယောက်ကို တစ်သောင်းခွဲ (ဘတ်ငွေ) လောက်ရှိတဲ့အခါကျတော့ လူဦးရေ ၅ ယောက်လောက် လုပ်ဖို့ဟာက မတတ်နိုင်ဘူး။ မတတ်နိုင်တဲ့အခါကျ တော့ ကိုယ့်မိသားစုထဲမှာ ဦးစားပေး အနေနဲ့ အလုပ်လုပ်နိုင်တဲ့လူကိုပဲ ဦးစားပေးပြီးမှာ လုပ်ရတဲ့ အနေအထား မျိုးရှိတယ်။ လူတိုင်းမှာတော့ တရားဝင်ဖို့အတွက်နည်းလမ်းကို ရွေးချယ်ချင်တယ်။ သို့သော်လည်း လူ တစ်ယောက်တည်းမှာက တစ်ယောက်တည်းနေတာ မဟုတ်တဲ့အခါ ကျတော့ တပိုင်းမှာလည်း မြန်မာနိုင်ငံကို ပိုက်ဆံပို့ရမယ်၊ တပိုင်းမှာလည်း မိသားစုနဲ့နေတဲ့အခါကျတော့ အတတ်နိုင်ဆုံးကတော့ ကိုယ့်မိသားစုထဲမှာ အရေးပါတဲ့လူကိုပဲ လုပ်တာကို တွေ့ရတယ်။ ကျန်တဲ့ ၄ ယောက်၊ ၃ ယောက်က လက်မှတ်မလုပ်ပဲ ကိုယ့်အိမ့်မှာ ကိုယ်ပဲနေဆိုပြီး ရတဲ့အလုပ်ကို လုပ်တာတွေ့ရတယ်။ အစိုးရတွေကတော့ ဒီအလုပ်သမားတွေကို တရားဝင်ဖို့ ဆိုပြီးလုပ်ကြတယ်လေ။ ဘယ်လိုပုံစံမျိုးပဲ ထုတ်ပေးထုတ်ပေး သူ့ရဲ့ လုပ်ဆောင်ချက် လုပ်ငန်းစဉ်တွေ ကြည့်မယ်ဆိုရင် ကုန်ကျစရိတ်တွေများတယ်၊ လုပ်ဖို့ လုပ်ငန်းစဉ်တွေက ရှုပ်ထွေးတယ်၊ ပွဲစားတွေကို အားကိုး ရတဲ့အခါကျတော့ တရားဝင်ဖို့ လုပ်ရင်းလုပ်ရင်းနဲ့ တရားမဝင်တဲ့ပုံစံမျိုး ဖြစ်ပွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ ရည်ရွယ်ချက် မှားသွားတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံရှိ မည်သူမည်ဝါ သက်သေခံ လက်မှတ်(Certificates of Identity-CI) ပြုလုပ်ရာနေရာ
လက်ရှိတွင် ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံကူးလက်မှတ် အပါအဝင် အလုပ်လုပ်ကိုင်ခွင့် Work permit၊ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ပန်းရောင်ကတ်)၊ မည်သူမည်ဝါ သက်သေခံ လက်မှတ်(Certificates of Identity-CI) အစရှိသည်များအား သက်တမ်းတိုး လုပ်ဆောင်နေရခြင်းဖြစ်သည်။
မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံသားများ မလုပ်ကိုင်ကြသည့် အလုပ်အကိုင်များကိုသာ လုပ်ကိုင်နေရခြင်းဖြစ်ပြီး တစ်ရက် အခြေခံလုပ်ခလစာမှာ အနည်းဆုံး ဘတ်ငွေ ၃၂၀ (မြန်မာငွေ သုံးသောင်း ဝန်းကျင်) သာ ရရှိကြခြင်းဖြစ်သည်။
အထောက်အထားတစ်ခု သက်တမ်းတိုးပြုလုပ်ရာတွင် ကုန်ကျသည့်စရိတ်နှင့် မြန်မာလုပ်သားများ၏ လုပ်ခ လစာမှာ အင်မတန်ခြားနားကြောင်းနှင့် အမှန်တကယ် အကျိုးအမြတ်ရသွားသူများမှာ အစိုးရနှင့်ပွဲစားများသာ ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
ထိုင်းနိုင်ငံရှိ အသိအမှတ်ပြု အထောက်အထားကတ် ပြုလုပ်ရာ နေရာတစ်ခု
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဘယ်လိုမြင်ရလဲဆိုရင် ပွဲစားတွေက အရင်တုန်းကဆိုရင် Work permit လုပ်ပေးတဲ့ပွဲစား၊ visa လုပ်ပေးတဲ့ပွဲစား၊ ဒါမှမဟုတ် စာရင်းတင်တာပဲဖြစ်ဖြစ် အဲဒါမျိုးတွေရှိတယ်။ အခုကျတော့ အဲဒါမျိုးတွေမဟုတ်တော့ဘူး။ ဘယ်လိုလုပ်ထားလဲဆိုတော့ ပွဲစားတွေက သူတို့က တစ်ခါတည်း ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးရိုက်တာပေါ့ မြန်မာလိုပြောရရင်။ တခါတည်း package ယူထားတာ။ အဲဒီတော့ သဘောက ကျနော်က ပွဲစားတစ်ယောက်နဲ့သွားပြီး ကျနော့်ကိုတော့ Work permit ရအောင်လုပ်ပေး visa ကျနော့်ဘာသာကျနော်လုပ်မယ် အဲဒါမျိုး မရတော့ဘူး။ အရင်တုန်းကဆို အဲဒါမျိုးရတယ်။ အခုဆိုရင် အဲဒီလို မဟုတ်တော့ဘူး။ တစ်ခါတည်း အဲဒီပွဲစားရယ် ဌာနဆိုင်ရာနဲ့ တစ်ခါတည်း ပေါင်းပြီးတော့ စားထားတာ။ ပွဲစားနဲ့ လုပ်စေချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပွဲစားနဲ့ မလုပ်ရင်လည်း တော်တော်ကို မလွယ်တာ။ တချို့ကိစ္စတွေ မှာဆို မြင်ရသလောက် အလုပ်ရှင် ကိုယ်တိုင်က သွားပြီးတော့ လုပ်တာတောင်မှပဲ အခက်အခဲတွေဖြစ်ရတယ်။ ဟိုစာရွက်လိုတယ်၊ ဒီစာရွက် လိုတယ်ပေါ့” ဟု ပြောသည်။
အထောက်အထားသက်တမ်းတိုး လုပ်ငန်းစဉ်များသည် ရွှေ့ပြောင်းလုပ်သားများထက် ပွဲစားများ၏ အကျိုးစီးပွား အတွက်သာ အဓိကရည်ရွယ်ထားသောကြောင့် ရွှေ့ပြောင်းလုပ်သားများသာမက အချို့လုပ်ငန်းရှင်များမှာလည်း ပွဲစားများဖြင့်သာ လုပ်ကိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီရှိပြီး တရားဝင် အထောက် အထားများဖြင့် နေထိုင်လုပ်ကိုင်သူနှင့် တရားမဝင်နေထိုင်လုပ်ကိုင်သူတို့၏ ရပိုင်ခွင့် ခံစားခွင့်များမှာ မတူညီ သဖြင့် လက်ရှိ သက်တမ်းတိုးကာလ၌ မိမိတို့၏ အထောက်အထားများအား သက်တမ်းတိုး ပြုလုပ် ထားကြရန် လည်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူများက တိုက်တွန်းသည်။
- By CNI
- Category: Watch TV
- Hits: 357
- By CNI
- Category: Watch TV
- Hits: 370
- By CNI
- Category: Watch TV
- Hits: 375
- By CNI
- Category: Watch TV
- Hits: 379
- By CNI
- Category: Watch TV
- Hits: 421
- By CNI
- Category: Watch TV
- Hits: 398
- By CNI
- Category: Watch TV
- Hits: 391
- By CNI
- Category: စီးပွားရေး
- Hits: 765
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄
နယ်စပ်မှတဆင့် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေအပေါ် မူဝါဒ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ် ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးဖြင့် တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် မဖြစ်မနေ လဲလှယ်ကြရမည်ဖြစ်ပြီး ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း သုံးစွဲခွင့်ပြုကြောင်း သတ်မှတ်လိုက်သည်ဟု ဆန်ကုန်သည်များက ပြောသည်။
ယခင် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့မှုကိုသာ သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးတွင်ပါ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် နယ်စပ်မှတဆင့် ဆန်တင်ပို့မှု လျော့ကျသွားနိုင်ကြောင်း၊ ဆန်ကုန်သည်များအနေဖြင့် အကျိုးအမြတ် ရရှိမှုအပေါ် တွက်ချက်ပြီး ရောင်းချကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နယ်စပ်သမားတွေကတော့ အရင် ယွမ်တို့၊ ဘတ်တို့နဲ့ ရောင်းတာပေါ့။ သူက ၁၀၀ ရာခိုင်နှုန်း ရနေတော့ နည်းနည်း တွက်ခြေကိုက်တာပေါ့။ ၆၅ ကို သူတို့သတ်မှတ်တဲ့ နှုန်းနဲ့ဆိုရင်တော့ နယ်စပ်သမားလည်း သိပ်တွက်ခြေမကိုက်တော့ဘူး ထင်ပါတယ်။ နယ်စပ်ကတော့ ဆန်ထွက်တာ လျော့သွားနိုင်တာပေါ့။ ပင်လယ်ရေကြောင်း ကတော့ ဒီဟာမျိုးကို သတ်မှတ်ထားတာတော့ ကြာပြီဗျ ပြီးခဲ့တဲ့ ၅ လပိုင်း၊ ၆ လပိုင်းကတည်းက။ ဒီဘက် နယ်စပ် ကိုလည်း ပြောင်းမယ် ပြောင်းမယ် လုပ်နေတယ်။ အခုကတော့ တကယ်ပြောင်းတဲ့ သဘောမျိုး အခုကတော့ စာထွက်တယ်ဆိုတာ။ ကုန်သည်ကတော့ တွက်ပြီး ပြန်ရောင်းရမှာပေါ့။ ၆၅ ကို ၂၁၀၀ နဲ့ရမယ်။ ၃၅ ကို အပြင် ပေါက်ဈေးနဲ့ ရမယ်ဆိုရင် ဘယ်ဈေးနဲ့ ကိုက်နိုင်မလဲဆိုတာက တွက်ချက်ပြီး ရောင်းရမှာပေါ့။ ဒေါ်လာ ၁၀၀ ကို ကျနော်တို့က ၆၅ဒေါ်လာကို သူတို့သတ်မှတ်နှုန်းထားနဲ့ ရောင်းပေးရတယ်။ ကျန်တဲ့ ၃၅ ဒေါ်လာကို ကျနော်တို့ အပြင်ပေါက်ဈေးနဲ့ ရောင်းလို့ရတယ်” ဟု ပြောသည်။
ဆန်ဆိုင်တစ်ခုကိုတွေ့ရစဉ်
နယ်စပ်ကုန်သွယ်ရေးတွင် ယခင်က ဆန်နှင့် ဆန်ကွဲမှလွဲပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက် ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိသည့် ပို့ကုန်ရငွေအပေါ်တွင်သာ ဗဟိုဘဏ်မှ မူဝါဒ သတ်မှတ်ထားသည်ကို တွေ့ရသည်။
မတ်လ ၁ ရက်နေ့တွင် နယ်စပ်မှတဆင့် ဆန်နှင့် ဆန်ကွဲတင်ပို့မှု ပို့ကုန်ရငွေအပေါ် မူဝါဒ သတ်မှတ်မည် ဖြစ်သည့် အတွက် နယ်စပ်ကုန်သည်များအနေဖြင့် ယင်းကာလမတိုင်ခင် ဆန်များကို အချိန်မှီ တင်ပို့နေရကြောင်း၊ ဆန်နှင့် ဆန်ကွဲများ အဝယ်ရပ်တန့်နေပြီး ချင့်ချိန်နေကြရသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။
တရုတ်နယ်စပ် ကုန်သွယ်ရေး၌ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ရရှိသည့် ယွမ်ငွေများကို လဲလှယ်ရာတွင် ပြင်ပ ပေါက် ဈေးသည် တရုတ်ယွမ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၄၂၆ ကျပ်ရှိကြောင်း၊ ဗဟိုဘဏ်မှ သတ်မှတ်သည့် ဈေးနှုန်း သည် ၃၀၈ ကျပ်သာ ရှိသည့်အတွက် ကုန်သည်များအနေဖြင့် ဆန်တစ်အိတ်လျှင် ၁ သောင်းကျပ်ခန့် နစ်နာဆုံးရှုံး သွားမည် ဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိမှာ ဖေဖော်ဝါရီလကုန်မှ ၆၅၊ ၃၅ ကို ငွေကြေးမူဝါဒ ပြောင်းမယ်။ လက်ရှိမှာတော့ ယခင်အတိုင်းပဲ ၁၀၀ ရာခိုင်နှုန်းအပြည့် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် ပေးတယ်။ ၁၀၀ ရာခိုင်နှုန်းအပြည့် လွတ်လွတ်လပ်လပ် သုံးစွဲခွင့် ပေးတယ်ဆိုတာက ဥပမာပြောရရင် အန်ကယ်တို့က တရုတ်ပြည်ကို ဆန်ရောင်းရင် ယွမ်ငွေ ၁၀၀ ရ တယ်။ အဲဒီ ၁၀၀ ကို လိုင်စင်ရ ပုဂ္ဂလိက ဘဏ်တွေမှာ သွားလဲမယ်ဆိုရင် ဒီကနေ့ဈေး ၄၂၆ ကျပ်ရမယ်။ ၆၅၊ ၃၅ သတ်မှတ်လိုက်တဲ့ အချိန်ဆိုရင် အန်ကယ်တို့က တရုတ်ပြည်ကို ဆန်ရောင်းလိုက်တယ်။ ယွမ်ငွေ ၁၀၀ ရတယ်။ ယွမ်ငွေ ၁၀၀ ရရင် ယွမ်ငွေ ၆၅ ယွမ်ကို ဗဟိုဘဏ် သတ်မှတ်ဈေးက ၃၀၈ ယွမ်ပဲ ရှိတယ်။ ၃၅ ရာခိုင်နှုန်းကတော့ ၄၂၆ နဲ့ ရမှာပေါ့နော် လွတ်လွတ်လပ်လပ် ပေါက်ဈေးအတိုင်း။ ဒါကြောင့် ၆၅ ရာခိုင်နှုန်းဟာ ၄၂၆ ကျပ် ရမယ့်အစား ၃၀၈ ကျပ်ပဲ ရတဲ့အတွက် ဆန်တစ်အိတ်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် လဲရတုန်းကနဲ့စာရင် ဆန်တစ်အိတ်ကို မြန်မာ ငွေ ၁ သောင်းကျော်လောက် နစ်နာတယ်။ ဆုံးရှုံးသွားတာကို တွေ့ရတယ်။ ချင့်ချိန်နေရတာပေါ့ လမကုန်မီ အမှီ ပို့ရတာပေါ့ ဆန်တွေကို။ ဒါပေမယ့် လောလောဆယ် ဝယ်စရာရှိတာတွေတော့ ရပ်တန့်သွားတယ်။ ရှိတာတွေကိုပဲ ပို့နေတယ်။ ဝယ်တာက အရင်လို အားကောင်းမောင်းသန်နဲ့ မဝယ်နိုင်တော့ဘူး။ ချင့်ချိန်ပြီးတော့ ဝယ်ရတယ်” ဟု ပြောသည်။
ဆန်အိတ်သယ်ရန် အလုပ်သမားများ ပြင်ဆင်နေစဉ်
ထို့နောက် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ရငွေများ အပေါ်တွင် မူဝါဒ ပြောင်းလဲ ချမှတ်သည့်အတွက် နယ်စပ်ကုန် သည်များက ဆန်များကို ဈေးနှုန်းလျှော့ပြီး ဝယ်ယူမှု ပြုလာနိုင်ကြောင်း၊ ဈေးလျှော့ဝယ်သည့် အခါတွင် တောင်သူ များ ရောင်းချနိုင်၊ မနိုင်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး က ပြောသည်။
၎င်းက “၆၅၊ ၃၅ သတ်မှတ်လိုက်ရင်တော့ သူတို့ရတဲ့ ပိုက်ဆံ နည်းသွားရင် ဆန်ဈေးက သူတို့ လျှော့ဝယ်ရမှာပေါ့။ လျှော့ဝယ်လို့ ဒီဘက်က တောင်သူဘက်က ရောင်းနိုင်သလား၊ မရောင်းနိုင်သလား ဆိုတာတော့ ဒါကတော့ အခြေ အနေတွေ စောင့်ကြည့်ရမှာပေါ့နော်။ ဟိုဘက်က ပို့ကုန်ရငွေက နည်းသွားရင် သူတို့မကိုက်ရင် ဈေးလျှော့ဝယ်မှာ ပဲ။ ဒါပေမယ့် ပစ္စည်းက ဒီဘက်မှာတော့ စပါးပေါ်တဲ့ ရာသီတော့ မဟုတ်သေးဘူး။ စပါးပေါ်တဲ့ ရာသီက ၄ လပိုင်း လောက်မှ နွေစပါးတွေ လှိုင်လှိုင်ပေါ်မှာဆိုတော့လေ။ ဒီကြားထဲမှာ စပ်ကူးမတ်ကူး ဖြစ်နေတာကိုး” ဟု CNI သတင်း ဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒေါ်လာ သတ်မှတ်နှုန်းထားသည် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်ပြီး လက်ရှိ ပြင်ပ စျေးကွက် ၁ ဒေါ်လာ ၂၈၀၀ ကျပ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
ဗဟိုဘဏ်စျေးနှင့် ပြင်ပပေါက်စျေး ၁ ဒေါ်လာကို ကျပ် ၇၀၀ အထက် ကွာဟချက် ရှိနေခြင်းကြောင့် ကုန်သည်များ ပြည်ပတင်ပို့ရာတွင် တွက်ခြေကိုက်ရန်အတွက် ဈေးချဝယ်ယူလာနိုင်ကြောင်း၊ ထို့ကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲ စျေးကျဆင်းနိုင်သည်ဟု ကုန်သည်တချို့က သုံးသပ်ကြသည်။
Page 6 of 46