- By CNI
- Category: Travel
- Hits: 203
CNI International News
သင်းဖူ၊ ဇွန်လ ၈
ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းတွင် တည်ရှိပြီး သဘာဝအလှတရားများနှင့် ပြည့်နှက်နေသည့် ဘူတန်နိုင်ငံဆီသို့ ကားဖြင့် လည်ပတ်ရသော ခရီးစဉ်သည် ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားနေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ခရီးသွားများသည် ပါရိုအပြည်ပြည်ဆိုင်ရာလေဆိပ် (Paro International Airport) မှတဆင့် နိုင်ငံအတွင်းသို့ စတင် ဝင်ရောက်ကြပြီး ထိုမှတဆင့် သင်းဖူ (Thimphu) မြို့တော်နှင့် ပူနာခါတောင်ကြားချိုင့်ဝှမ်း (Punakha Valley) ဆီသို့ မော်တော်ကားများဖြင့် ခရီးဆက်ကြခြင်း ဖြစ်သည်။
အထူးသဖြင့် နွေဦးကာလသည် ဘူတန်နိုင်ငံသို့ သွားရောက် လည်ပတ်ရန် အကောင်းဆုံး အချိန်ဖြစ်ပြီး လမ်းဘေး ဝဲယာတစ်လျှောက် စောစီးစွာ ပွင့်လန်းနေသည့် ပန်းမန်များနှင့် စိမ်းလန်းစိုပြည်သော တောင်တန်းရှုခင်းများကို တဝကြီး ခံစားနိုင်သည်။
ဘူတန်နိုင်ငံ၏ လမ်းခရီးစဉ် တစ်လျှောက်တွင် ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းများနှင့် ရိုးရာခံတပ်ကြီးများကို စိတ်ဝင်စားဖွယ် ဖူးမြော်လေ့လာနိုင်ပါသည်။
ထို့ပြင် ဒေသခံတို့၏ ထူးခြားဆန်းပြားသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်များကိုလည်း အနီးကပ် တွေ့ကြုံခံစားခွင့် ရရှိမည် ဖြစ်သည်။
ဘူတန်နိုင်ငံသည် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်အတွက် ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုကို ကန့်သတ်သည့် အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအခွန်ကို ကောက်ခံလျက် ရှိသည်။

ဘူတန်နိုင်ငံအတွင်း တစ်နေရာကို တွေ့ရစဉ်
ထိုအစီအစဉ်ကြောင့် ဘူတန်နိုင်ငံ၏ လေထုသည် သန့်ရှင်းလတ်ဆတ်နေပြီး ကမ္ဘာပေါ်တွင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနုတ်လက္ခဏာပြသည့် တစ်ခုတည်းသော နိုင်ငံအဖြစ် ရပ်တည်နေသည်။
တောင်ကြောလမ်းမကြီးများအတိုင်း ကားမောင်းရသည့် ခရီးစဉ်သည် စိန်ခေါ်မှုရှိသော်လည်း ဘေးပတ်ဝန်းကျင်ရှိ နှင်းဖုံးတောင်ထိပ်များနှင့် မြူခိုးဝေနေသည့် တောင်ကြားရှုခင်းများကြောင့် ပင်ပန်းရကျိုးနပ်စေသည်။
လမ်းခရီးတစ်လျှောက်တွင် ဒေသခံတို့၏ ရိုးရာလူနေမှုဘဝများနှင့် ဖော်ရွေပျူငှာမှုများကိုလည်း ရင်သပ်ရှုမောဖွယ် တွေ့မြင်ရမည် ဖြစ်သည်။
ထို့ကြောင့် နွေဦးကာလ ခရီးစဉ်သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားရာ ဟိမဝန္တာအလှတရားများကို တဝကြီး ခံစားလိုသူများအတွက် မဖြစ်မနေ သွားရောက်သင့်သည့် စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်တစ်ခု ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: Travel
- Hits: 263
ဘန်ကောက်၊ ဇွန်လ ၁
ထိုင်းနိုင်ငံ၏ ချင်းမိုင် (Chiang Mai) မြို့ကို ၂၀၂၆ ခုနှစ်အတွက် နိုင်ငံပေါင်းစုံ လှည့်လည်သွားလာနေသည့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် အလုပ်လုပ်ကိုင်သူများနှင့် အကြောင်းအရာဖန်တီးသူ (content creator)များ အတွက် ကမ္ဘာ့ထိပ်တန်း ခရီးစဉ်ဒေသ ၈ ခုအနက် တစ်ခုအဖြစ် Forbes မဂ္ဂဇင်းက သတ်မှတ်ဖော်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ချင်းမိုင်မြို့သည် မက်ဒလင်း (Medellín)၊ ကိပ်တောင်း (Cape Town)၊ လစ်စဘွန်း (Lisbon)၊ ဘာလီ (Bali)၊ မက္ကဆီကိုစီးတီး (Mexico City)၊ တိုကျို (Tokyo) နှင့် ဘာလင် (Berlin) တို့ ပါဝင်သည့် ကမ္ဘာ့ထိပ်တန်း ခရီးစဉ် ဒေသများ စာရင်းတွင် ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပါဝင်လာမှုသည် ဉာဏအရင်းအနှီးနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို ဗဟိုပြုထားသည့် ချင်းမိုင်မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အောင်မြင်မှုကို ပေါ်လွင်စေသည်။
နေရာ အခြေတကျ မရှိဘဲ လှည့်လည် သွားလာနေကြသည့် ဒစ်ဂျစ်တယ် နည်းပညာဖြင့် အလုပ်လုပ်ကိုင်သူများ သည် ခိုင်မာသော စီးပွားရေး ဂေဟစနစ်၊ ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများနှင့် ဝင်ငွေ ရှာဖွေနိုင်စွမ်း အလား အလာများကို ပိုမိုပံ့ပိုးပေးနိုင်သည့် နေရာဒေသများကို ပိုမို အလေးထားလာကြပြီး ဒစ်ဂျစ်တယ် စွန့်ဦးတီထွင်သူ များအဖြစ်သို့ ပြောင်းလဲတိုးတက်လာကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ချင်းမိုင်မြို့ တစ်နေရာမှာ အမျိုးသားတစ်ဦးကို တွေ့ရစဉ်
ချင်းမိုင်မြို့သည် ခေတ်မီဆန်းသစ်သော လုပ်ငန်းခွင် နေရာများ၊ သက်ဝင်လှုပ်ရှားနေသော ကော်ဖီဆိုင် ယဉ်ကျေး မှုနှင့် ပြည့်စုံကောင်းမွန်သော အခြေခံ အဆောက်အအုံများကြောင့် ထူးခြားထင်ရှားနေပြီး၊ မည်သည့် နေရာတွင် မဆို လွတ်လပ်စွာ လုပ်ကိုင်နိုင်သည့် စီးပွားရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ လည်ပတ်နိုင်သည်။
ယခုကဲ့သို့ အဆင့် သတ်မှတ်ခံရခြင်းသည် ချင်းမိုင်မြို့ကို MICE မြို့တော်ဖြစ်လာစေရန် ရည်မှန်းချက်နှင့် ကိုက်ညီ နေသည်။
MICE ဆိုသည်မှာ အစည်းအဝေးများ (Meetings) ၊ မက်လုံးပေး လှုံ့ဆော်မှုများ (Incentives) ၊ ညီလာခံများ (Conferences) နှင့် ပြပွဲများ (Exhibitions) ဆိုသည့် စကားလုံးများ၏ ရှေ့စာလုံးများကို အတိုကောက် ခေါ်ဆိုခြင်း ဖြစ်သည်။
မဟာဗျူဟာမြောက် အနေဖြင့် MICE လုပ်ငန်းကဏ္ဍသည် ချဉ်းကပ်မှု ၃ ခုမှတဆင့် အလားအလာ မြင့်မားသော ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်ရန်နှင့် ပံ့ပိုးကူညီရန်အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့် မည်ဟု မျှော်လင့်ရသည်။

ချင်းမိုင်မြို့ တစ်နေရာကို တွေ့ရစဉ်
အဆိုပါ ချဉ်းကပ်မှု ၃ ခုမှာ ၁ - နည်းပညာနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ လုပ်ငန်းကဏ္ဍများတွင် နိုင်ငံတကာ ညီလာခံများနှင့် စီးပွားရေးကွန်ရက် ချိတ်ဆက်မှုများအတွက် ဗဟိုချက်အဖြစ် ချင်းမိုင်မြို့၏ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေခြင်း၊ ၂ - Lanna ရိုးရာယဉ်ကျေးမှု အမွေအနှစ်၊ အာဏာအပျော့ (Soft Power) နှင့် လက်မှုပညာရပ်များကို ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများနှင့် ပေါင်းစပ်ပြီး စီးပွားရေးကို မြှင့်တင်ခြင်း၊ ၃ - ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဆွဲဆောင်နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ အသင်းအဖွဲ့များ၏ ဗဟိုချက်တစ်ခုအဖြစ် မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းတို့ ဖြစ်သည်။
Forbes မဂ္ဂဇင်း၏ ယခုကဲ့သို့ အသိအမှတ်ပြုမှုသည် ချင်းမိုင်မြို့အတွက် နောက်ထပ် မှတ်တိုင်သစ် တစ်ခုဖြစ်ပြီး၊ တက်ကြွလှုပ်ရှားနေသော မြို့ပြတစ်ခုအဖြစ် ၎င်း၏ ဂုဏ်သတင်းကို ပိုမိုခိုင်မာစေကြောင်း လေ့လာစောင့်ကြည့် သူများက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: Travel
- Hits: 616
CNI International News
ဆိုးလ်၊ မေလ ၂၆
တောင်ကိုရီးယားနိုင်ငံအတွင်း ကမ္ဘာ့လှည့်ခရီးသွားများ အလွန်အကျူး ဝင်ရောက်မှု၏ နောက်ဆက်တွဲ ပြဿနာ များကို ဖြေရှင်းရန်နှင့် ဒေသန္တရအစိုးရ၏ အသုံးစရိတ်များအား ကာမိစေရန် ခရီးသွားအခွန် စတင်ကောက်ခံမည့် အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်ဟု The Korea Times သတင်းတွင် ဖော်ပြခဲ့သည်။
ပြည်ပခရီးသွားအခွန် ကောက်ခံမည့် အဆိုပြုချက်ကို ဆိုးလ်မြို့တော်ဒေသရှိ ဂျွန်ခရိုင်၏ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အာဏာရ ဒီမိုကရက်တစ်ပါတီ (DPK)မှ ကိုယ်စားလှယ်လောင်း လီဒုံဟွန် (Lee Dong-hyun)က တင်ပြခဲ့ခြင်းဖြစ်ပြီး ပါတီခေါင်းဆောင်များကလည်း ထိုအဆိုပြုချက်ကို ထောက်ခံခဲ့သည်။
လီသည် ပြည်ပခရီးသွားများအား အခွန်ကောက်ခံမည့် အစီအစဉ်ကို ၎င်း၏ မဲဆွယ်စည်းရုံးရေး ကတိကဝတ်များ ထဲတွင် အဓိက အချက်အဖြစ် ထည့်သွင်းထားပြီး ခရီးသွားလုပ်ငန်းမှတဆင့် ဒေသခံများအတွက် အကျိုးအမြတ် များ ရရှိစေရန် ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည်။
“ဂျွန်ခရိုင်ဟာ နိုင်ငံခြားသားတွေ အများဆုံးလာတဲ့ ခရိုင်တစ်ခု ဖြစ်ပေမဲ့ အမှိုက်တွေနဲ့ ဆူညံသံတွေရဲ့ နောက် ဆက်တွဲ ဒဏ်ကိုတော့ ဒေသခံတွေကပဲ ခံနေကြရပါတယ်။ ဒါပေမဲ့ အဲဒီလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကနေရတဲ့ အကျိုးအမြတ် တစ်ခုကိုမှ ကျနော်တို့ ဒေသခံတွေ မရရှိခဲ့ပါဘူး။ ပြည်ပနိုင်ငံသားတွေကို ကောက်ခံမယ့် ခရီးသွားအခွန်ကို မိတ်ဆက်ပြီး ကျနော်တို့ ခရိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု တံခါးတွေကို သေသေချာချာ ဖွင့်လှစ်ပေး သွားမှာပါ”ဟု လီက မေလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

ကိုယ်စားလှယ်လောင်း လီဒုံဟွန်ကို တွေ့ရစဉ်
ဆိုးလ်မြို့၏ ဗဟိုချက်တွင် တည်ရှိသော ဂျွန်ခရိုင်သည် မြောင်ဒုံ (Myeong-dong)၊ နမ်ဆန်းတောင် (Mount Namsan)၊ နမ်ဒေးမွန်ဈေး (Namdaemun Market)၊ ဒေါင်ဒေးမွန်း ဒီဇိုင်း(Dongdaemun Design) ပလာဇာနှင့် ချောင်ဂီချွန်း ချောင်း (Cheonggye Stream) အပါအဝင် ဆိုးလ်မြို့၏ အထင်ကရ နေရာများ တည်ရှိသည့် အရပ် ဖြစ်သည်။
မြောင်ဒုံရပ်ကွက် တစ်ခုတည်းမှာပင် ပြီးခဲ့သည့် ပထမနှစ်ဝက်အတွင်းက နိုင်ငံခြားသားခရီးသွား ၄ ဒသမ ၅ သန်း ခန့် လာရောက်လည်ပတ်ခဲ့ကြပြီး၊ ထိုရပ်ကွက်သည် ဆိုးလ်မြို့တော်၏ အဓိက စီးပွားရေးဇုန်များထဲတွင် အမြင့်ဆုံး ပမာဏ ဖြစ်သည်။
ပြီးခဲ့သည့်လက နိုင်ငံတကာခရီးသွား ဝင်ရောက်မှုမှာ ၂ ဒသမ ၀၃ သန်းအထိ ရှိခဲ့ပြီး၊ ယခင်နှစ်ကထက် ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တောင်ကိုရီးယား၏ ယဉ်ကျေးမှု၊ အားကစားနှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မတ်လတွင် ခရီးသွားဝင်ရောက်မှု အရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် ၂ သန်းကို စတင် ကျော်လွန်ခဲ့ပြီး နောက်၊ ယခုအခါ နှစ်လ ဆက်တိုက်အဖြစ် ၂ သန်းအထက်တွင် ရှိနေခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် လက်ရှိ၌ နိုင်ငံခြားသား ခရီးသွားအခွန် ကောက်ခံခြင်းမျိုး မရှိသေးပေ။
၂၀၁၄ ခုနှစ်တွင် လွှတ်တော်အမတ်အချို့က နိုင်ငံခြားသား ခရီးသွားအခွန်ကို ဖော်ဆောင်ရန် ဥပဒေကြမ်းတစ်ခု တင်ပြခဲ့သော်လည်း အတည်မပြုနိုင်ခဲ့ဘဲ ပျက်ပြယ်ခဲ့သည်။
Source: The Korea Times
- By CNI
- Category: Travel
- Hits: 729
CNI International News
ဘန်ကောက်၊ မေလ ၂၂
ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ခရီးသွားတစ်ဦးစီအတွက် ကောက်ခံမည့် ဆိုက်ရောက်ခွန်သည် ဘတ် ၃၀၀ ကျော် အထိ ရှိလာနိုင်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုအစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ရရှိလာသော ရန်ပုံငွေများကို အဆင့်မြင့် အာမခံ လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လျာထား အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဆူရာဆပ် ဖန်ချာရွန်ဝိုရာကူးလ် (Surasak Phancharoenworakul) က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရန်ပုံငွေအောက်တွင် နိုင်ငံခြားသား ခရီးသွားများထံမှ ဆိုက်ရောက်ခွန် ကောက်ခံမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆူရာဆပ်က အတည်ပြုပြောကြားခဲ့ သည်။
ထို့နောက် ကောက်ခံမည့် နှုန်းထားမှာ တစ်ဦးလျှင် ၃၀၀ ဘတ်ထက် ကျော်လွန်နိုင်ကြောင်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့သည်။

ထိုင်းလေဆိပ်မှာ ခရီးသွားတွေကိုတွေ့ရစဉ်
ယခု လုပ်ဆောင်ချက်ကြောင့် ခရီးသွားများ၏ စိတ်ထဲတွင် အပျက်သဘောဆောင်သော အတွေးအမြင်များ မရှိ စေရန်နှင့် အဆင်မပြေမှုများ မဖြစ်ပေါ်စေရန်အတွက် အခွန်ကောက်ခံမည့် ပုံစံနှင့် သင့်လျော်သော အခွန်နှုန်းထား အဆင့်ကို အတည်ပြု သတ်မှတ်နိုင်ရေးအတွက် ဝန်ကြီးဌာန အနေဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်နေ ကြောင်း ၎င်းက ပြောသည်။
ခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနသည် လက်ရှိတွင် အခွန်ကောက်ခံနိုင်မည့် နည်းလမ်းနှစ်ခုကို စဉ်းစား သုံးသပ်လျက်ရှိသည်။
ပထမနည်းလမ်းမှာ ထိုအခွန်ကို လေယာဉ် လက်မှတ်ခနှင့်အတူ တစ်ပါတည်း ထည့်သွင်း ကောက်ခံရန်ဖြစ်ပြီး ထိုနည်းလမ်းသည် ခရီးသွားများ အနေဖြင့် လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် သီးခြား အခွန်ပေးဆောင်ရသည်ဟု မခံစားရစေရန်အတွက် အဆင်ပြေဆုံး နည်းလမ်းဖြစ်သည်။
သို့သော် အားနည်းချက်မှာ လက်ရှိ လေကြောင်းလိုင်း စနစ်များအရ လက်မှတ် ဝယ်ယူသူများသည် ပြည်ပခရီးသွား ဧည့်သည်၊ စီးပွားရေးသမား၊ ထိုင်းနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား စသည်ဖြင့် ခရီးသည် အမျိုးအစားများကို ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်ခြင်း ဖြစ်သည်။

ထိုင်းလေဆိပ်မှာ ခရီးသွားတွေကိုတွေ့ရစဉ်
ထိုနည်းလမ်းကို အသုံးပြုပါက ထိုင်းနိုင်ငံသားများနှင့် အခွန် ကင်းလွတ်ခွင့် ရှိသူများအတွက် အခွန်ငွေ ပြန်အမ်း ပေးမည့် Application တစ်ခုကို တီထွင်ဖန်တီး သွားမည်ဖြစ်သည်။
သတ်မှတ်ချက်နှင့် ကိုက်ညီသော ခရီးသွားများသည် နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးနောက် သတ်မှတ်ထားသော ကာလတစ်ခုအတွင်း အခွန်ငွေ ပြန်အမ်းပေးရန် လျှောက်ထားနိုင်မည် ဖြစ်သည်။
ဒုတိယနည်းလမ်းမှာ လူဝင်မှုကြီးကြပ်ရေး စနစ်မှတဆင့် စကန်ဖတ်၍ ငွေပေးချေသည့် စနစ်ကို အသုံးပြုရန် ဖြစ်သည်။
ထိုနည်းလမ်းသည် အာဏာပိုင်များ အနေဖြင့် ဗီဇာ အမျိုးအစားများနှင့် ခရီးသည် အမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားသိရှိနိုင်မည် ဖြစ်သော်လည်း နိုင်ငံအတွင်းသို့ မဝင်ရောက်မီ နောက်ထပ် ငွေပေးချေမှု အဆင့်တစ်ခု တိုးလာ မည်ဖြစ်၍ ခရီးသွားများအတွက် အဆင်ပြေမှု အနည်းငယ် လျော့နည်းနိုင်သည်။
Source: The Nation
- By CNI
- Category: Travel
- Hits: 334
CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
ပြည်တွင်း/ပြည်ပ ခရီးသွားများ သွားလာရေး အဆင်ပြေစေရန်နှင့် ဒေသထွက် သစ်သီးများ အပါအဝင် ပန်းမန်များ အခြားဒေသများသို့ ဖြန့်ဖြူးနိုင်ရေး ပြင်ဦးလွင် လေဆိပ်ကို အဆင့်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင် လှိုင်က ပြောသည်။
နိုင်ငံတော်သမ္မတသည် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်က သွားရောက် စစ်ဆေးခဲ့ သည်။

ထို့နောက် အနီးစခန်းလေဆိပ်သို့ သွားရောက်၍ လေဆိပ်အဆင့်မြှင့် တင်နေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့သလို ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဥ်၊ ပွဲကောက်ရေတံခွန်တို့ကိုလည်း စစ်ဆေးခဲ့ သည်။
သမ္မတ ဦးမင်းအောင်လှိုင်က “ ယခုလေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းသည် ပြည်တွင်းခရီးစဉ်များ အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ဦးလွင် ဒေသမှ ထွက်ရှိသည့် သစ်သီးများနှင့် ပန်းမန်များအား အခြား ဒေသများသို့ လွယ်ကူလျင်မြန်စွာဖြင့် သယ်ယူပို့ဆောင် နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လေဆိပ်အသစ် တည်ဆောက်ထားမှု အခြေအနေအရ တစ်ရက်လျှင် ခရီးသွား ၁၀၀၀ ခန့်ဝင်ထွက်နိုင် အောင် ဆောင်ရွက်ထားခြင်းဖစ်သဖြင့် လေဆိပ်အတွင်း ခရီးသွားပြည်သူများ နားနေရန်အတွက် ထိုင်ခုံ နေရာ ချထားမှုများကို စနစ်တကျ ဆောင်ရွက်သွားရန်လိုသည်”ဟု ပြောသည်။

ထို့နောက် လေယာဉ်ပြေးလမ်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန် စံညွှန်းအတိုင်း ဖြစ်စေရေး စနစ်တကျ တွက်ချက် တည်ဆောက်အဆင့်မြှင့်တင် သွားရန်လိုကြောင်း၊ လေဆိပ် တွင် လေယာဉ်ဆင်းသက်မှုနှင့် ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ လေဆိပ်ပတ်ဝန်းကျင် စိမ်းလန်သာယာမှုရှိစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးသွားရန်လိုကြောင်း ၎င်းက ပြောသည်။
ပြင်ဦးလွင်မြို့သည် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှု များပြားသည့် ဒေသဖြစ်သလို မန္တလေး-မူဆယ်-ဂျယ်ခေါင်(မြန်မာ-တရုတ်) ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည့် မြို့လည်းဖြစ်သည်။
အလားတူ မြန်မာနိုင်ငံ၏ စစ်တက္ကသိုလ်များ တည်ရှိရာ မြို့လည်းဖြစ်သလို ကျန်းမာရေး မြို့တော်အဖြစ်လည်း တည်ဆောက်ရန် နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
- By CNI
- Category: Travel
- Hits: 1193
CNI International News
ခတ္တမန္ဒူ၊ မေလ ၁၄
တိဗက်ဒေသရှိ ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားဖူးနေရာ တစ်ခုသို့ ဦးတည်သည့် ဟိမဝန္တာတောင်ကြားလမ်းကို ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကို နီပေါအစိုးရက တရားဝင် ကန့်ကွက်စာ တင်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက နီပေါ၊ အိန္ဒိယနှင့် တိဗက်တို့ ဆုံရာတွင် တည်ရှိသည့် လီပူလက်ခ် (Lipulekh) တောင်ကြားလမ်းအား ပြန်ဖွင့်မည့် အစီအစဉ်အား ဝေဖန်ကန့်ကွက်လွှာကို မေလ ၁၀ ရက်က ပေးပို့ခဲ့ခြင်းဖြစ် သည်။
လီပူလက်ခ် တောင်ကြားလမ်းကို ၁၈၁၆ ခုနှစ်က အိန္ဒိယအား အုပ်ချုပ်ခဲ့သည့် ဗြိတိသျှကိုလိုနီ အစိုးရနှင့် ချုပ်ဆိုခဲ့သော စူဂေါ်လီ (Sugauli) စာချုပ်အရ မိမိတို့၏ အနောက်ဘက် နယ်စပ်အဖြစ် သတ်မှတ်ကာ နီပေါနိုင်ငံက ပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုထားသည်။
ဝန်ကြီးဌာန၏ ကန့်ကွက်လွှာတွင် လင်ပီယာဒူရာ (Limpiadhura)၊ လီပူလက်ခ်နှင့် ကာလာပါနီ (Kalapani) နယ်မြေများသည် နီပေါနိုင်ငံ၏ အစိတ်အပိုင်းများသာဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့ပြီး နီပေါအစိုးရ အနေဖြင့် ထိုသဘောထားအတိုင်း ရှင်းလင်းပြတ်သားစွာနှင့် ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်သည်ဟု ရေးသားထားသည်။

အိန္ဒိယ-တိဗက်-နီပေါ ဟိမဝန္တာတောင်ကြားလမ်းကို ဖော်ပြထားစဉ်
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ လီပူလက်ခ် တောင်ကြားလမ်းသည် တိဗက်ရှိ ခလာရှီ(Kailash)တောင်နှင့် မာနသရောဝါ(Manasarovar) ရေကန်တို့သို့ သွားရောက်သည့် ခလာရှီ- မာနသရောဝါ (Kailash-Manasarovar) ဘုရားဖူးခရီးစဉ်အတွက် ၁၉၅၄ ခုနှစ်ကတည်းက ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းစ်နှင့် ဘွန် (Bon) ဘာသာဝင်များ အသုံးပြုခဲ့သည့် လမ်းကြောင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
“ဒါဟာ အသစ်အဆန်း ဖြစ်လာတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ အခုလို နယ်မြေ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုမှုတွေဟာ အကြောင်းပြချက် ခိုင်လုံမှု မရှိသလို သမိုင်းကြောင်း အချက်အလက်တွေနဲ့ သက်သေ အထောက်အထားတွေ အပေါ်မှာလည်း အခြေမခံဘူးလို့ အိန္ဒိယက တစိုက်မတ်မတ် သဘောထား လာခဲ့တာပါ။ နယ်မြေ ပိုင်ဆိုင်မှုတွေကို တစ်ဖက်သတ် ဖန်တီးချဲ့ထွင်တာမျိုးက လက်ခံနိုင်စရာ မရှိပါဘူး”ဟု အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လီပူလက်ခ် လမ်းကြောင်းမှတဆင့် ဘုရားဖူး ခရီးစဉ်များ ပြန်လည် စတင်ရန် တရုတ်နိုင်ငံနှင့် သဘောတူညီချက် ရရှိထားကြောင်း အိန္ဒိယက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အငြင်းပွားမှုများ ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ထို ဘုရားဖူးခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။
ထိုတောင်ကြားလမ်းကို ပြန်ဖွင့်မည့် အစီအစဉ်အရ ဟိန္ဒူဘုရားဖူး ၅၀၀ ခန့်သည် အိန္ဒိယမြောက်ပိုင်း ဥတ္တရာခန်း (Uttarakhand) ပြည်နယ်ကို ဖြတ်သန်းပြီး လီပူလက်ခ် တောင်ကြားလမ်းမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မည်ဖြစ်သည်။
Source: Nikkei Asia
- By CNI
- Category: Travel
- Hits: 1067
CNI International News
ဘန်ကောက်၊ မေလ ၉
ဒေသတွင်း ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်သူအချို့၏ လိမ်ညာမှုများကြောင့် ထိုင်းနိုင်ငံသို့ လာရောက်ရန် တွန့်ဆုတ်နေသည့် အိန္ဒိယခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက် ပေးရန် ပတ္တရား (Pattaya) မြို့ရှိ အိန္ဒိယစီးပွားရေး အသိုက်အဝန်းက ထိုင်းအစိုးရအား တိုက်တွန်းခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အိန္ဒိယမှ အလုပ်ကိစ္စဖြင့် ထိုင်းသို့ လာရောက်သူများနှင့် အုပ်စုလိုက် အပျော်ခရီးထွက်သည့် အိန္ဒိယခရီးသွား များသည် ထိုင်းနိုင်ငံသို့ လာရောက်နေဆဲဖြစ်ကြောင်း အိန္ဒိယနိုင်ငံသားများကို ကူညီပံ့ပိုးပေးရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရေး မြှင့်တင်ရန် ဖွဲ့စည်းထားသော ပတ္တရားအခြေစိုက် Indian Community Eastern (Thailand) အသင်း၏ဥက္ကဋ္ဌ လပ်ရှ်မန်း ဆင်း (Laxman Singh) က ပြောကြားခဲ့သည်။
သို့သော် မင်္ဂလာဆောင်ရန် ခရီးထွက်သည့် အိန္ဒိယနိုင်ငံသား အများအပြားသည် ထိုင်းသို့လာရောက်ပြီး မင်္ဂလာပွဲများ ကျင်းပမည့်အစား ဗီယက်နမ်နိုင်ငံကိုသာ ရွေးချယ်သွားရောက်နေသည်ဟု ၎င်းက ဆိုသည်။
ဗီယက်နမ်တွင် မင်္ဂလာပွဲများ ကျင်းပခြင်းသည် ထိုင်းနိုင်ငံထက် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုသက်သာ ကြောင်းနှင့် အိန္ဒိယ ရူပီးငွေနှင့် နှိုင်းယှဉ်ပါက ထိုင်းဘတ်ငွေတန်ဖိုး မြင့်တက်နေခြင်းသည် အခြေအနေကို ပိုမို ဆိုးရွားစေကြောင်း ဆင်းက ပြောကြားခဲ့သည်။

အိန္ဒိယခရီးသွားတွေကိုတွေ့ရစဉ်
ဧည့်သည် ရာဂဏန်း တက်ရောက်သည့် အိန္ဒိယမင်္ဂလာပွဲ တစ်ခုအတွက် ထိုင်းနိုင်ငံရှိ ကြယ်လေးပွင့်အဆင့် ဟိုတယ်တွင် ဘတ် ၁၀ သန်းခန့်ကုန်ကျပြီး၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွင် ဘတ် ၁၅ သန်းမှ သန်း ၂၀ အထိ ကုန်ကျနိုင်သောကြောင့် အိန္ဒိယလူမျိုးများ ဗီယက်နမ်တွင် မင်္ဂလာပွဲများ ပြုလုပ်ရန် ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။။
ထို့အပြင် ထိုင်းနိုင်ငံ အနေဖြင့် မိသားစုလိုက် အပန်းဖြေ ခရီးထွက်ရန် သင့်တော်သော နေရာအဖြစ် ပုံရိပ်ကို မြှင့်တင်ရမည်ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယခရီးသွားများက ညဘက်ဖျော်ဖြေရေး မြို့တော်အဖြစ်သာ ရှုမြင်နေသေး သည့် ပတ္တရားမြို့ကို ပိုမိုမြှင့်တင်သင့်ကြောင်း ၎င်းက ဆိုသည်။
အလုပ်ကိစ္စဖြင့် ထိုင်းသို့ လာရောက်သူများနှင့် နှိုင်းယှဉ်ပါက အပျော်ခရီးဖြင့် လာရောက်သူများသည် ဒေသခံ လူထုနှင့် ဈေးဝယ်စင်တာများတွင် ငွေကြေး ပိုမိုသုံးစွဲလေ့ရှိကြောင်း ဆင်းက ပြောကြားခဲ့သည်။
ပတ္တရား ခရီးသွားလုပ်ငန်းသည် အိန္ဒိယနိုင်ငံမှလာသော တရားမဝင် ခရီးသွားအေဂျင်စီများ၏ လိမ်လည်မှုများ ကြောင့် ထိခိုက်မှုရှိနေကြောင်း မစ္စတာဆင်းက ပြောကြားခဲ့သည်။
တရားမဝင် ခရီးသွား အေဂျင်စီများသည် ပတ္တရားနှင့် ဘန်ကောက်သို့ လာရောက်မည့် ခရီးစဉ်များကို လိမ်လည် ရောင်းချသည့် ဖြစ်စဉ်များစွာ ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: Travel
- Hits: 1728
CNI International News
ဘေဂျင်း၊ ဧပြီ ၂၄
မေလတွင် ကျရောက်မည့် ၅ ရက်ကြာ အလုပ်သမားနေ့ အားလပ်ရက် ကာလအတွင်း ခရီးသွားရန် ဆုံးဖြတ်ထား ကြသည့် တရုတ်ခရီးသွား အရေအတွက်သည် ယခင်နှစ်က ခရီးသွား အရေအတွက်နှင့် တူညီနိုင်ကြောင်း သို့မဟုတ် ယခင်နှစ်က ခရီးသွား အရေအတွက်ထက်ပင် ကျော်လွန်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထား သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ ဈေးနှုန်းများ မြင့်တက်နေသော်လည်း တရုတ်ခရီးသွား အရေအတွက်သည် ယခင် နှစ်ကထက် လျော့နည်းသွားဖွယ် မရှိကြောင်း ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ခရီးသွားများအနေဖြင့် ခရီးစရိတ် သက်သာစေရန် ခရီးတိုများကိုသာ ပိုမိုရွေးချယ်ဖွယ်ရှိကြောင်း လည်း ၎င်းတို့က ဆိုသည်။
အီရန်စစ်ပွဲကြောင့် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း ပြည်တွင်း လေကြောင်းခရီးစဉ် ကြိုတင် မှာယူမှုများမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်ဟု ခရီးသွားလုပ်ငန်းဆိုင်ရာ ဈေးကွက်ရှာဖွေရေးနှင့် နည်းပညာကုမ္ပဏီ China Trading Desk ၏ စစ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် ခရီးစဉ် အစ၊ အဆုံးကို ပြည်တွင်း အေဂျင်စီများ၏ အစီအစဉ်ဖြင့် သွားရောက်ရမည့် ကြိုတင်လက်မှတ် မှာယူမှုများမှာလည်း ၁၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်ခဲ့သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက စက်သုံးဆီ အရောင်းဆိုင်ကိုတွေ့ရစဉ်
ယခုနှစ်တွင် တရုတ်နိုင်ငံရှိ ကျေးလက် ဒေသများနှင့် ဒုတိယအဆင့် မြို့ကြီးများသို့ သွားရောက် လည်ပတ်မှုသည် လူကြိုက်များခဲ့သလို အရှေ့အာရှ၏ အခြားဒေသများ၌ ရေပန်းစားသည့် နေရာများသို့ ခရီးတိုသွားရောက်မှုများ လည်း ရှိခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
“အရင်ကနဲ့ မတူဘဲ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တစ်ခုကတော့ သူတို့ ခရီးသွားလား၊ မသွားဘူးလား ဆိုတာ ထက် ဘယ်နေရာတွေကို ဘယ်လိုသွားကြသလဲ ဆိုတာပါပဲ”ဟု China Trading Desk ၏ စီအီးအို (ဆူပရာမင်နီ ယာ ဘတ်စ်) Subramania Bhatt က ပြောကြားခဲ့သည်။
“အခုဆိုရင် စီးပွားရေး အချက်အလက်တွေက ခရီးသွားခြင်းအပေါ် သက်ရောက်မှု အရှိဆုံးဖြစ်နေပြီး ခရီးသွား တွေက ကုန်ကျစရိတ်ကို တွက်ချက်ပြီး အဆင်ပြေတဲ့ နေရာတွေကို သွားရောက် လည်ပတ်ကြဖို့ စဉ်းစားနေကြ ပါတယ်”ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် မေဒေး (May Day) ဟု ခေါ်ဆိုသည့် အလုပ်သမားနေ့အတွက် ယခုနှစ်တွင် မေလ ၁ ရက်မှ ၅ ရက်အထိ အားလပ်ရက် ပေးထားသည်။

တရုတ်ခရီးသွားတွေကို တွေ့ရစဉ်
တရုတ်နိုင်ငံ၏ အချို့ဒေသများတွင် ကျောင်းပိတ်ရက်များသည် ထိုအားလပ်ရက် ကာလနှင့် တိုက်ဆိုင်နေ သောကြောင့် ကျောင်းသားများအတွက် ၈ ရက်အထိ အားလပ်ရက် ရရှိမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်-အစ္စရေးတို့၏ စစ်ရေး တိုက်ခိုက်မှုများကို တုန့်ပြန်သည့် အနေ ဖြင့် အီရန်က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို သယ်ဆောင်သည့် ဟော်မုဇ် ရေလက်ကြားကို ပိတ်ပင်ခဲ့ပြီးနောက် လောင်စာဆီ ဈေးနှုန်းများသည် အရှိန်အဟုန်ဖြင့် စတင်မြင့်တက်လာခဲ့ သည်။
ထို့နောက် အမေရိကန်ပြည်ထောင်စုသည်လည်း အီရန် ဆိပ်ကမ်းများကို အမေရိကန်ရေတပ်ဖြင့် ပြန်လည်ပိတ်ဆို့ ထားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း (IATA) ၏ အဆိုအရ ဧပြီ ၁၇ ရက် မတိုင်မီ နောက်ဆုံး သီတင်းပတ်အတွင်း ကမ္ဘာ့ပျမ်းမျှ လေယာဉ်ဆီ ဈေးနှုန်းမှာ တစ်စည်လျှင် ၁၈၄ ဒသမ ၆၃ ဒေါ်လာ ရှိခဲ့ပြီး ထိုစျေးနှုန်းသည် ယခင်နှစ်က ပျမ်းမျှဈေးနှုန်းထက် နှစ်ဆကျော် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
Source: South China Morning Post
