- By CNI
- Category: အားကစား
- Hits: 1061
CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ရန်ကုန်ယူနိုက်တက်အသင်း တောင်ပံကစားသမား မောင်မောင်လွင်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက ၆ လ ပွဲပယ်နဲ့ ဒဏ်ကြေးငွေသိန်း ၃၀ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ အမျိုးသမီးပရိသတ်တစ်ဦးဟာ ရန်ကုန်ယူနိုက်တက်အသင်းက ကစားသမားတွေကို နာမည်တပ်ပြီး ဝေဖန်အော်ဟစ် ဆဲဆိုမှုတွေပြုလုပ်နေခဲ့တာပါ။
အဲ့ဒါကြောင့် ပထမပိုင်းအပြီးမှာ မောင်မောင်လွင်ဟာ ပွဲကြည့်စင်ပေါ်ကိုတက်ကာ အဆိုပါအမျိုးသမီးပရိသတ်ကို ကိုယ်ထိလက်ရောက် တွန်းထိုးမှုပြုလုပ်တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။

မောင်မောင်လွင် ဘောလုံးကစားနေသည်ကိုတွေ့ရစဉ်
မောင်မောင်လွင်အနေနဲ့ ကစားသမားတစ်ဦးက လိုက်နာရမယ့်စည်းကမ်းကျင့်ဝတ်တွေကို ကျော်လွန်ပြီး ပြုလုပ်ခဲ့တာကြောင့် မတ်လ ၁၁ ရက်ကနေစတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးက ကြီးမှူးကျင်းပတဲ့ပြိုင်ပွဲတွေ၊ ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ၆ လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် မပြုဖို့နဲ့ ဒဏ်ကြေးငွေကျပ်သိန်း ၃၀ ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရတာပါ။
ဒါ့အပြင်တာဝန်ကျ ဒိုင်လူကြီးဦးကျော်ဇေယျာအောင်ဟာ မောင်မောင်လွင်ကို အနီကတ်ပြသခြင်းမရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုခဲ့တဲ့အတွက် အနီးစပ်ဆုံး ၃ ပွဲပယ်နဲ့ ပြိုင်ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်တို့ကိုလည်း ဥပဒေနဲ့အညီ ကွင်းလယ်ဒိုင်လူကြီးကိုဆောင်ရွက်ဖို့ သတိမပေးခဲ့လို့ အနီးစပ် ၃ ပွဲကို တာဝန်ချမပေးဖို့ MFF က ပြစ်ဒဏ်ချခဲ့ပါတယ်။
အော်ဟစ်ဆဲဆိုမှုတွေပြုလုပ်ခဲ့တဲ့ အမျိုးသမီးပရိသတ်ကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျင့်ဝတ်ကော်မတီက အရေးယူသွားမယ်လို့ သိရပါတယ်။
- By CNI
- Category: အားကစား
- Hits: 1256
CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသော တပ်မတော်သား အားကစားသမားများနှင့် နည်းပြများကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်၌ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
အဆိုပါ အားကစားသမားများနှင့် နည်းပြများသည် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ရယူဆွတ်ခူးပေးခဲ့ကြသူများဖြစ်ကြသည်။
- By CNI
- Category: အားကစား
- Hits: 1285
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ခြင်းလုံး အားကစားနည်းကနေ ရွှေတံဆိပ် ၂ ခု စတင် ရရှိခဲ့ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး ခြင်းလုံးပြိုင်ပွဲတွေမှာ မြန်မာအသင်းဟာ အိမ်ရှင် ထိုင်းအသင်းကို အနိုင်ရပြီး ရွှေတံဆိပ် တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီး ဗိုလ်လုပွဲမှာ မြန်မာအသင်းက ၅၀၂ မှတ်နဲ့ ရွှေတံဆိပ်၊ ထိုင်းအသင်းက ၄၄၆ မှတ်နဲ့ ငွေတံဆိပ် ရရှိခဲ့တာပါ။
အမျိုးသားဗိုလ်လုပွဲမှာတော့ မြန်မာအသင်းက ၅၇၄ မှတ်နဲ့ ရွှေတံဆိပ်၊ ထိုင်းအသင်းက ၅၀၁ မှတ်နဲ့ ငွေတံဆိပ် ရရှိခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1178
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈
မြန်မာအသင်းဟာ ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲအုပ်စု B ဒုတိယမြောက်ပွဲစဉ်မှာ မလေးရှားအသင်း ကို ၃ ဂိုး-ဂိုးမရှိနဲ့အနိုင်ရပြီး ၂ ပွဲဆက် နိုင်ပွဲရရှိခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းမှာ စန်းသော်သော်နဲ့ မေထက်လူ၊ ဒုတိယပိုင်းမှာ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူခဲ့တာပါ။
မေထက်လူနဲ့ ဝင်းသိင်္ဂီထွန်းတို့ဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင်အသင်းနဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်း နိုင်ခဲ့တာကြောင့် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ပွဲထွက် လူစာရင်း အပြောင်းအလဲကြောင့် အနည်းငယ် ရုန်းကန်ရမှုတွေ ရှိခဲ့သလို ဒုတိယပိုင်းမှာ တစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို ဖြုန်းတီးမှုကြောင့် ဒီထက်ပြတ်သားတဲ့ ရလဒ်မရရှိခဲ့တာပါ။
မြန်မာအသင်းဟာ ၂ ပွဲဆက် အနိုင်ကြောင့် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၁ ရက်မှာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1254
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B) အဖွင့်ပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး သွင်းဂိုးတွေကို တိုက်စစ်မှူးတွေဖြစ်တဲ့ ဝင်းသိင်္ဂီထွန်းနဲ့ မေထက်လူတို့က သွင်းယူခဲ့ပါတယ်။
ဒီပွဲရဲ့ ပွဲအစ ပိုင်းမှာတင် မြန်မာအသင်းဟာ ဝင်းသိင်္ဂီထွန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အသင်းဟာ မြန်မာအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပြီးကတည်းက ချေပဂိုးရယူနိုင်ဖို့ တိုက်စစ်ဆင် ခဲ့ပေမယ့် မြန်မာအသင်း ခံစစ်က အကောင်းဆုံး ကာကွယ်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဖိလစ်ပိုင်အသင်းဟာ သွင်းဂိုးရယူဖို့ တိုက်စစ်ဆင်မှုတွေ ပိုပြုလုပ်လာခဲ့ပြီး မြန်မာအသင်း ခံစစ်ကို အလုပ်ရှုပ်စေခဲ့တာပါ။
မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပေမယ့် မြန်မာအသင်း ဂိုးသမား ရဲ့ ဂိုးဖမ်းပုံ မသေသပ်မှုကြောင့် ချေပဂိုးခွင့် ပြုခဲ့ရပါတယ်။
မြန်မာအသင်းဟာ ချေပဂိုး ပေးရပြီးနောက်မှာ တိုက်စစ်ဆင်မှုတွေ ပြန်လည် ပြုလုပ်လာခဲ့တာကြောင့် ပွဲပြီးခါနီး မှာ ယွန်းဝတီလှိုင်ရဲ့ ဖန်တီးပေးမှုကနေ မေထက်လူက ခေါင်းတိုက်ပြီး အဖိုးတန် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1132
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(C) အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲအစမှာကတည်းက ဖိလစ်ပိုင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ဖျက်ထုတ်နေရပြီး အဖွင့်ဂိုး ကို ပွဲချိန် ၁၉ မိနစ်မှာ ကတည်းက ပေးခဲ့ရပါတယ်။
မြန်မာအသင်းဟာ ဦးဆောင်ဂိုး ပေးရအပြီးမှာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု အားနည်းခဲ့ တာကြောင့် ပထမပိုင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ ချေပဂိုးရဖို့ တိုက်စစ်ဆင် ကစားခဲ့ပေမယ့် နောက်ခံလူ လာဘ်ဝေဘုန်းရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဖိလစ်ပိုင်အသင်းကို နောက်ထပ် ဦးဆောင်ဂိုး ထပ်ပေးခဲ့ရပါတယ်။
ဒီနောက်ပိုင်းမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းဘက်ကို ဖိအားပေး ကစားလာခဲ့ပေမယ့် အဝေးကန်ချက် တွေနဲ့သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး အဖွင့်ပွဲစဉ်မှာ အရေးနိမ့်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီဇင်ဘာ ၁၂ ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 992
CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃၀
မြန်မာအသင်းဟာ ၂၀၂၆ AFC ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဆီးရီးယားအသင်းနဲ့ ၂ ဂိုးစီ သရေကျပြီး ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။
မြန်မာအသင်းဟာ ဒီပွဲမတိုင်မီ ကစားခဲ့တဲ့ ခြေစစ်ပွဲအုပ်စုပွဲစဉ် ၃ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားတာကြောင့် ဒီပွဲမှာ အနိမ့်ဆုံး သရေတစ်မှတ် ရရှိတာနဲ့ ခြေစစ်ပွဲ အောင်မြင်မှာပါ။
အဲ့ဒါကြောင့် မြန်မာအသင်းဟာ ဆီးရီးယားအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ ကြိုးစားခဲ့ပြီး လိုအပ်နေတဲ့ သရေတစ်မှတ် ရရှိခဲ့တဲ့အတွက် ယူ-၁၇ အာရှဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂၀၀၆ ပြိုင်ပွဲနောက်ပိုင်း ယူ-၁၇ အာရှဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် အပါအဝင် ယူ-၁၇ အာရှဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
၂၀၂၆ ယူ-၁၇ အာရှဖလားပြိုင်ပွဲကို မေလ ၇ ရက်ကနေ ၂၄ ရက်အထိ ဆော်ဒီနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1564
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ သြစတြေးလျ အသင်းတို့ ပွဲစဉ်မှာ သြစတြေးလျအသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ သြစတြေးလျအသင်းဟာ ပွဲစကတည်းကနေ ဂိုးရရှိဖို့ ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး မြန်မာအသင်းကတော့ ခံစစ်ပိတ်ကစားကာ တန်ပြန်တိုက်စစ်နဲ့ ဂိုးရရှိဖို့ ကြိုးပမ်းခဲ့တာပါ။
ပထမပိုင်းကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ သြစတြေးလျအသင်းဟာ ဂိုးရရှိဖို့ ပိုမိုအားထုတ်လာခဲ့ပြီး ဂိုးတိုင် ၂ ကြိမ်ထိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဒါပေမယ့် သြစတြေးလျအသင်းဟာ ပွဲချိန် ၆၆ မိနစ်မှာတော့ မြန်မာအသင်းဘက်ကို သွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ သြစတြေးလျအသင်းဘက်ကို ဂိုးပေးခဲ့ရပြီးနောက်ပိုင်း ချေပဂိုး ရရှိနိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် တစ်ဖက်အသင်းခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာပါ။
အဲဒါကြောင့် သြစတြေးလျအသင်းဟာ သူတို့ရရှိတဲ့ အနိုင်ဂိုးကို ပွဲပြီးဆုံးတဲ့ အချိန်ထိ ထိန်းကစားပြီး အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
ဒါအပြင် သြစတြေးလျအသင်းဟာ အုပ်စုတွင်းမှာ မြန်မာအသင်းကို အရေးနိမ့်ခဲ့တဲ့ ရှုံးကြွေးကိုလည်း ဗိုလ်လုပွဲမှာ ပြန်ပြီးဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1769
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ထိုင်းအသင်း ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန်အစောပိုင်မှာ မြန်မာအသင်း နောက်ခံလူရဲ့ အမှားကနေ ထိုင်းအသင်း ဦးဆောင်ဂိုး သွင်းယူနိုင် ခဲ့တာပါ။
ဒါပေမယ့် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့တာကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ထိုင်းအသင်း နောက်ခံလူ ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပါတယ်။
ဒီပင်နယ်တီကို ဝင်းသိင်္ဂီထွန်းက အမှားအယွင်းမရှိ ကန်သွင်းကာ မြန်မာအသင်းကို ဦးဆောင်ဂိုး ရရှိစေခဲ့တာပါ။
ဒီနောက်ပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် မြန်မာအသင်းဟာ ၂ ဂိုး-၁ ဂိုးနဲ့ ထိုင်းအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ၂၀၁၅ ပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲ တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1544
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၆
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေ ဖြစ်တဲ့ ဆီမီးဖိုင်နယ်၊ တတိယ နေရာလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ VAR နည်းပညာစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါ တယ်။
VAR စနစ်ကို အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် အသုံးပြုသွားမှာပါ။
ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ ပွဲချိန်မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်ကစားမှာဖြစ်ပြီး အနိုင် အရှုံး ရလဒ် မထွက်ပေါ်ရင် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှာဖြစ်ပါတယ်။
တတိယနေရာ လုပွဲမှာတော့ မိနစ် ၉၀ အတွင်း သရေကျရင် အချိန်ပို ဆက်မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမယ်လို့ အတည်ပြုထားတာပါ။

VAR စနစ်ကိုတွေ့ရစဉ်
အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို သြဂုတ် ၁၆ ရက်(ဒီနေ့) ကစားသွားမှာဖြစ်ပြီး မြန်မာနဲ့ ထိုင်းအသင်း၊ အိမ်ရှင်ဗီယက်နမ်နဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်း အသင်းပွဲစဉ်ကို မြန်မာစံတော်ချိန် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်မှာ ကျင်းပသွားမှာပါ။
မြန်မာအမျိုးသမီးအသင်း နည်းပြယူကီက ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပြီး အာရုံ စူးစိုက်မှုအပြည့်နဲ့ တစ်ပွဲချင်းအလိုက် ပြင်ဆင်သွားမယ်လို့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက အုပ်စုတွင်းမှာ အသင်းကောင်းတွေနဲ့တွေ့ဆုံခဲ့ပေမယ့် အားလုံးကြိုးစားခဲ့လို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ရလဒ်ကောင်း ရယူနိုင်ဖို့ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။
ထိုင်းအမျိုးသမီးအသင်း နည်းပြက မြန်မာအသင်းဟာ တောင့်တင်းတာကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂ ကြိမ် ဗိုလ်စွဲထားပြီး ထိုင်းအသင်းနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၀၂၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1351
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၃
မြန်မာအသင်းဟာ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ဒီနေ့ညမှာ ကစားခဲ့တဲ့ ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျပြီး အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းဟာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဖိလစ်ပိုင် အသင်းကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲမှာ အနိုင်ဂိုး ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် အုပ်စုတွင်းပွဲစဉ်တွေမှာ ရာနှုန်းပြည့် နိုင်ပွဲမရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ကစားအပြီးမှာ ရမှတ် ၇ မှတ် ရရှိခဲ့တာကြောင့် အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့ပြီး ရမှတ် ၆ မှတ် ရရှိခဲ့တဲ့ သြစတြေးလျ ယူ-၂၃ အသင်းက အုပ်စုဒုတိယနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေအဖြစ် အိမ်ရှင် ဗီယက်နမ်နဲ့ သြစတြေးလျ ယူ-၂၃ အသင်း၊ မြန်မာနဲ့ ထိုင်းအသင်းတို့ သြဂုတ် ၁၆ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1180
CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲအုပ်စု B အဖွင့်ပွဲစဉ် တွေထဲက တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ သြစတြေးလျ ယူ-၂၃ အသင်းတို့ပွဲစဉ်မှာ မြန်မာအသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအသင်းအတွက် သွင်းဂိုးတွေကို မေသက်မွန်မြင့်နဲ့ ဝင်းသိင်္ဂီထွန်းတို့က သွင်းယူခဲ့တာဖြစ်ပြီး သြစတြေးလျ ယူ-၂၃ အသင်းအတွက် ချေပဂိုးကို ဝုဒ်ဂိတ်က သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲမှာ သြစတြေးလျ ယူ-၂၃ အသင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲပြီးခါနီးမှာ သြစတြေးလျ ယူ-၂၃ အသင်းရဲ့ ဖိအားပေးမှုတွေကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပြီး နောက်ထပ် ဂိုးပေးရနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရပေမယ့် မြန်မာအသင်းဟာ အဖိုးတန် နိုင်ပွဲရယူနိုင် ခဲ့ပါတယ်။
မြန်မာအသင်းဟာ သြဂုတ် ၁၀ ရက်မှာ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် တီမောအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲ အနိုင်ရခဲ့ရင် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းသွားမှာ ဖြစ်ပါတယ်။
