- By CNI
- Category: အားကစား
- Hits: 777
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၉
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက အနီကတ်နဲ့ ထုတ်ပယ်ပြီး မကြာခင်မှာ ပင်နယ်တီ အပေးခံခဲ့ရတာကြောင့် တာဂျီကစ္စတန်ကို အရေးနိမ့်တာလို့ ပြောလိုက်ပါတယ်။
မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက “ကျနော်တို့ ပထမပိုင်းမှာ ပြိုင်ဘက်နဲ့ သူတင်ကိုယ်တင် ကစားပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။တာဂျီကစ္စတန် အသင်းကို ဂိုးပေးလိုက်ရပေမယ့် အသင်းလိုက် ကစားပုံကောင်းပါတယ်။ပထမပိုင်းမှာ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အားလုံးက ချေပဂိုးနဲ့ ရလဒ်ကောင်း ရဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် အနီကတ်နဲ့ တစ်ယောက်ထုတ်ပယ်ခံခဲ့ရသလို မကြာခင်မှာ ပင်နယ်တီပေးလိုက် ရတာကြောင့် ကျနော်တို့ ပြန်ကစားဖို့ ခက်သွားခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
မြန်မာအသင်းဟာ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စုအဆင့်အဖွင့်ပွဲစဉ်အဖြစ် တာဂျီကစ္စတန်အသင်းနဲ့ ဇွန်လ ၈ ရက်က ကစားခဲ့ရာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့တာပါ။
မြန်မာအသင်းဟာ ဒီပွဲမှာ ၅-၄-၁ ကစားကွက်နဲ့ တာဂျီကစ္စတန်အသင်းကို ရင်ဆိုင်လာခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။
ပထမပိုင်း ၉ မိနစ်မှာကတည်းက တာဂျီကစ္စတန်အသင်းက ဦးဆောင်ဂိုး ရခဲ့တာပါ။ မြန်မာအသင်းဟာ ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တာဂျီကစ္စတန် အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ တာဂျီကစ္စတန်အသင်းက ဖိအားပေးကစားလာမှုကို ဖျက်ထုတ်ရင်းနဲ့ မြန်မာအသင်း နောက်ခံလူ စိုးမိုးကျော်ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲခဲ့ရတာပါ။
အဆိုပါပြစ်ဒဏ်ဘောကနေ ပင်နယ်တီပေးခဲ့ရပြီး တာဂျီကစ္စတန်အသင်း ဒုတိယဂိုးရသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ တစ်ယောက်လျော့နေတဲ့ မြန်မာ အသင်းကို ဆက်တိုက်ဖိအားပေးလာခဲ့ကာ တာဂျီကစ္စတန်အသင်း တတိယဂိုးနဲ့စတုတ္တဂိုး ရရှိသွားခဲ့တာပါ။
အဲဒါကြောင့် တာဂျီကစ္စတန်အသင်းဟာ မြန်မာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
အုပ်စုအဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဇွန်လ ၁၁ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ဆိုရင် ဒီပွဲကို အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ကာဂျစ္စတန်အသင်းဟာ အဖွင့်ပွဲမှာ စင်ကာပူ အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 760
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၈
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ခေါင်းဆောင် ခင်မာလာထွန်းဟာ ထိုင်းအမျိုးသမီးကလပ် အသင်းဖြစ်တဲ့ College of Asian Scholars အသင်းမှာ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုဆိုရင် ခင်မာလာထွန်း ဟာ ထိုင်းကလပ်နဲ့ သြဂုတ်လအကုန်ထိ ၃ လ စာချုပ် ချုပ်ဆိုထားပါတယ်။ ကစားသမားရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး စာချုပ်သက်တမ်း ဆက်လက် တိုးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းခေါင်းဆောင် ခင်မာလာထွန်း ဟာ ကစားသမားဘဝ ပထမဆုံးအကြိမ် ပြည်ပထွက် ကစားတာလည်း ဖြစ်ပါတယ်။ ခင်မာလာထွန်း ဟာ လက်ရှိအချိန်မှာ အသင်းနဲ့အတူ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ လည်း ဖြစ်ပါတယ်။
ခင်မာလာထွန်းဟာ ဝင်းသိင်္ဂထွန်း နောက်ပိုင်း ပြည်ပကို ထွက်ကစားတဲ့ ဒုတိယမြောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း က အမျိုးသမီး ဖြစ်ပါတယ်။
ခင်မာလာထွန်း ကတော့ ၂၀၀၉ ကတည်းက မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအတွက် ပွဲထွက်ခွင့် ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နေသူ ဖြစ်ပါတယ်။
ခင်မာလာထွန်း ဟာ ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုလို ပြည်ပထွက်ကစားဖို့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲကလည်း ၂၀၁၈-၁၉ ရာသီအပြီးမှာ ရပ်နားထားခဲ့ရတာပါ။ အဲ့ဒီတုန်း က ပြိုင်ပွဲမှာ ISPE အသင်း ချန်ပီယံဖြစ်အောင် ခင်မာလာထွန်းက အဓိက စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
တခြား တစ်ဖက်မှာတော့ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဖြစ်တဲ့ ဝင်းသိင်္ဂထွန်း ဟာဆိုရင်လည်း အိန္ဒိယ ကလပ် ဂိုကူလမ် အသင်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက သွားရောက်ကစားနေပြီး ဂိုး အများအပြား သွင်းယူပြီးတော့ ခြေစွမ်း ပြသနေပါတယ်။
- By CNI
- Category: အားကစား
- Hits: 1007
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄
အာရှဖလား ၂၀၂၃ နောက်ဆုံးအဆင့် ပွဲစဉ်တွေယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးက ဇွန်လ ၃ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ကစားသမား ၂၃ ဦးကို ရွေးချယ်ထားတာပါ။လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံမှာ ဟောင်ကောင်၊ ဘာရိန်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ ဟောင်ကောင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဘာရိန်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ဒီပွဲတွေအပြီးမှာတော့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းရဲ့ အပြီးသတ်လူစာရင်းမှာတော့ ဂိုးသမားတွေအဖြစ် ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူနဲ့ ထွန်းနန္ဒဦး၊ နောက်တန်းမှာ ဒေးဗစ်ထန်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ကျော်ဇင်လွင် ၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ ရဲမင်းသူနဲ့ ဝင်းမိုးကျော်တို့ ပါဝင်ခဲ့တာပါ။
အလယ်တန်းမှာတော့ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ ဇော်ဝင်းသိန်းနဲ့ အောင်နိုင်ဝင်း၊ ရှေ့တန်းမှာ ဝင်းနိုင်ထွန်း၊ သန်းပိုင်နဲ့ အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းဟာ အာရှဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်တွေအဖြစ် အုပ်စု F မှာ အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းတို့နဲ့ ကျရောက်နေတာပါ။ဒီခြေစစ်ပွဲမှာ အုပ်စုတွင်း ပထမနဲ့ ဒုတိယ ရရှိမယ် ဆိုရင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။
မြန်မာအသင်း ဟာ ဇွန်လ ၈ ရက်မှာ တာဂျီကစ္စတန်၊ ၁၁ ရက်မှာ အိမ်ရှင် ကာဂျစ္စတန်နဲ့ ၁၄ ရက်မှာ စင်ကာပူအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ သမိုင်းတစ်လျှောက် ၁၉၆၈ က အီရန်မှာ ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲ တစ်ကြိမ်တည်းသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။အဲဒီတုန်းက မြန်မာအသင်းဟာ အစ္စရေးနဲ့ ဟောင်ကောင်ကို အနိုင်ရခဲ့ကာ တရုတ်နဲ့ သရေဖြစ်ပြီး၊ အီရန်ကို အရေးနိမ့်ကာ ဒုတိယရရှိခဲ့တာလည်းဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 915
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၃၀
ရန်ကုန်ယူနိုက်တက် အသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ ကျော်မင်းဦးကို အခုနှစ်ရာသီ အကုန်ထိ စာချုပ်ချုပ်ဆို လိုက်တယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။
ကျော်မင်းဦး က “ရန်ကုန်ယူနိုက်တက်မှာ ပြန်လည် ကစားခွင့်ရတဲ့အတွက် အသင်းဥက္ကဋ္ဌနဲ့ အသင်း တာဝန်ရှိသူများ အားလုံး ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အသင်းမှာ အရင်နှစ်တွေက တာဝန်မကျေ ခဲ့တာတွေအတွက် ပြန်ပြီး ပေးဆပ်ချင် ပါတယ်။ အရင်ဒဏ်ရာကလည်း သက်သာလာပြီး ကိုယ်တိုင်ကလည်း အသင်းအတွက် ကစားပေးဖို့ ရာနှုန်းပြည့် ယုံကြည်မှု ရှိနေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ကျော်မင်းဦးဟာ ရန်ကုန်ယူနိုက်တက် အသင်းကို ၂၀၁၆ က ၃ နှစ် စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် ဒဏ်ရာတွေ ကြောင့် အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ ကျော်မင်းဦးဟာ အဆိုပါနှစ်မှာပဲ ဒဏ်ရာ အများအပြား ထိုးနှက်မှုကြောင့် ၂၀၁၉ အစောပိုင်းမှာ ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကျော်မင်းဦး လေ့ကျင့်ခန်း ဆင်းနေစဉ် (Yangon United Football Club)
ဒါပေမယ့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သူ့ရဲ့ ဒဏ်ရာကို ကုသပေးဖို့ ကူညီခဲ့တာကြောင့် ကစား သမားဟာ ဒဏ်ရာက သက်သာပြီး ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တာပါ။
ကျော်မင်းဦးဟာ အောင်သူ၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ သန်းပိုင်တို့နဲ့အတူ ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာယူ-၂၀ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
ကျော်မင်းဦးဟာဆိုရင် မြန်မာ့လက်ရွေးစင် အသင်းကြီးအတွက်လည်း ၈ ပွဲ ပါဝင်ကစားထားခဲ့တာပါ။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် ကျော်မင်းဦးဟာ ပထမအကြိမ် ကစားခဲ့တုန်းက ကွင်းဖွင့်ဖလား ၂ ကြိမ်၊ မြန်မာနေရှင်နယ်လိဂ်နဲ့ ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက် အသင်းဟာ ကျော်မင်းဦး မတိုင်ခင် ရှမ်းယူနိုက်တက် အသင်း ဂိုးသမားဟောင်းဖြစ်တဲ့ ဘုန်းသစ္စာမင်း ကိုလည်း အခုနှစ်ရာသီ အကုန်ထိ စာချုပ်ချုပ် ဆိုခဲ့တာပါ။ ၂၀၂၂ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့ ရန်ကုန်ယူနိုက်တက် အသင်းဟာ ချင်းလန်းအသင်းနဲ့ ခြေစမ်းပွဲ ကစားထားခဲ့တာမှာ ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 1281
CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၃၀
ဘရော်နီကာဟာ အမေရိကန်နိုင်ငံသူ အန်ဂျယ်လာချန်ကို အနိုင်ထိုးသတ်ပြီး Thai Fight မှာ နိုင်ပွဲဆက်တိုက် ရရှိနေခဲ့တာဖြစ်ပါတယ်။
မေလ ၂၉ ရက်က ထိုးခဲ့တဲ့ ဒီပွဲမှာ ဘရော်နီကာဟာ အန်ဂျယ်လာချန်ကို အသာစီးနဲ့ထိုးသတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် ၃ ချီပြည့်တဲ့အထိ အနိုင်အရှုံးမပေါ်ခဲ့ပါဘူး။အဲဒါကြောင့် ဒိုင်လူကြီး အဆုံးအဖြတ်ခံယူခဲ့ရပြီး အမှတ်နဲ့အနိုင်ရရှိ သွားခဲ့တာဖြစ်ပါတယ်။မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာအတွက်တော့ Thai Fight မှာ နိုင်ပွဲဆက်နေခဲ့တာဖြစ်ပြီး ၄ ပွဲဆက်တိုက် နိုင်ပွဲရရှိသွားခဲ့တာပါ။
ဘရော်နီကာက “Thai Fight ရဲ့ ၄ ပွဲမြောက်ဆက်လက်အနိုင်ရရှိခဲ့ပါပြီ။လာရောက်အားပေးတဲ့ ညီအစ်ကိုတွေရော အွန်လိုင်းပေါ်ကနေ ကြည့်ရှုအားပေးကြတဲ့ ပရိသတ်များအားလုံးကို ရင်ထဲက အထူးကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ ပေ့ချ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ဘရော်နီကာဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ကမ္ဘာ့မွေထိုင်း အဖွဲ့ အစည်း ရဲ့ bantamweight အဆင့်သတ်မှတ်ချက် နံပတ် ၁ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။
ဘရော်နီကာဟာ Thai Fight နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး တိုက်ဂါးမွေထိုင်းကလပ်ရဲ့ ဒါရိုက်တာဖြစ်သူ ဗီဝတ်က သူ့ကို Thai Fight ရဲ့ ဘုရင်မလို့တောင် တင်စားထားတာဖြစ်ပါတယ်။ဒါ့အပြင် ဗီဝတ်ဟာ ဘရော်နီကာ ကို အနာဂတ် UFC ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်သူလို့လည်း မှတ်ချက်ပေးထားပြီး သူမကလည်း ဒါဟာ သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောထားခဲ့တာပါ။
ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ဆုရှင်လည်းဖြစ်ပြီး စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ရယူ ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 856
- By CNI News
- Category: အားကစား
- Hits: 1025
- By CNI
- Category: အားကစား
- Hits: 835
CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၁၈
မြန်မာဘိလိယက် ကစားသမား ပေါက်စဟာ စင်ကာပူနိုင်ငံသား ပီတာဂေးခရစ်ရဲ့ ဆီးဂိမ်းပြိုင်ပွဲ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်နိုင်ခဲ့တယ်လို့ CNA သတင်းဌာနက ဖော်ပြထားပါတယ်။
အမျိုးသား English Billiard တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါက်စဟာ ပီတာဂေးခရစ်ကို ၃ ပွဲ-၁ ပွဲအနိုင်ရပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့တာပါ။ပီတာဂေးခရစ်ဟာ ကမ္ဘာ့ဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ မှာ ရွှေတံဆိပ် ၆ ဆုနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ဆု ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ပီတာဂေးခရစ်ဟာ ၂၀၀၉ ပြိုင်ပွဲကတည်းက ရှုံးပွဲမရှိ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံသား ပေါက်စနဲ့အတွေ့မှာ အလွန် ကောင်းမွန်တဲ့ စံချိန်မှတ်တမ်းကောင်းကြီး ရပ်တန့်သွားခဲ့ရတာပါ။
ပီတာဂေးခရစ်က “ ရှုံးပွဲကတော့ စိတ်ပျက်စရာကောင်းပါတယ်။ဒါပေမယ့် ကျနော် ကောင်းမွန်တဲ့ နိုင်ပွဲတွေ အများကြီး ရထားပြီးပါပြီ။ဒါကြောင့် အရမ်းစိတ်ပျက်လို့မရပါဘူး။လောဘကြီးလို့လည်း မရပါဘူး” လို့ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
ပေါက်စဟာ မြန်မာနိုင်ငံအတွက် ဗီယက်နမ် ဆိးဂိမ်းပြိုင်ပွဲမှာ ၅ ခုမြောက် ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့တာပါ။ နိုင်ငံတော်ကလည်း ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံအတွက် ရွှေတံဆိပ်ရယူပေးခဲ့တဲ့ ပေါက်စကို အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဘီလိယက် ကစားသမား ပေါက်စ အပါအဝင် မြန်မာနိုငံအတွက် ရွှေတံဆိပ်ဆု ရယူပေးနိုင်တဲ့ သူတွေကတော့ Kurash အားကစားနည်းက မအေးအေးအောင်၊ပီတန်း အားကစားနည်းက ခင်ချယ်ရီသက်၊ဝူရှူး အားကစားနည်း က သိန်းသန်းဦး၊ကာယဗလ အားကစားနည်းက ရဲထွန်းနောင်တို့ ဖြစ်တာပါ။မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၈ ရက် နေ့လည်အချိန်အထိ ရွှေ ၅ ခု၊ ငွေ ၆ ခု၊ ကြေး ၁၁ ခု စုစုပေါင်း ၂၂ ခု နဲ့ နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source:Channelnewsasia
- By CNI
- Category: အားကစား
- Hits: 1234
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၆
ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံး အသင်းကို နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁ သိန်း ထပ်ဆောင်းချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က မြန်မာအမျိုးသမီး အသင်း တည်းခိုရာ ဟိုတယ်ကို လာရောက်ပြီး နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။မြန်မာအသင်းဟာ ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးဘောလုံး အသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၅ ရက်က စင်ကာပူ အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာ အသင်းဟာ ဒီပွဲချိန် တစ်လျှောက်လုံး စင်ကာပူ အသင်းဘက်ကို ဖိအားပေး တိုက်စစ်ဆင် ခဲ့ပေ မယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့တဲ့အတွက် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ရောက်မှသာ အဖိုးတန် အနိုင်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးကို ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့တာပါ။
မြန်မာ အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တဲ့အတွက် အုပ်စုထိပ်ဆုံးနေရာက ထိုင်းအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြား ချက်ကြောင့် ဒုတိယ နဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စု ဒုတိယရခဲ့တဲ့အတွက် တစ်ဖက်အုပ်စုက ထိပ်ဆုံး နေရာမှာ ရပ်တည်ခဲ့တဲ့ အိမ်ရှင် ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာပါ။