CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်း တိုက်စစ်မှူး ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ကာ ခေါ်ယူလိုက်ပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ ဘရာဇီးလ် ကစားသမားကို ကြိုဆိုနေတဲ့ ဗွီဒီယိုနဲ့အတူ ဇူလိုင် ၄ ရက်မှာ ဒီအပြောင်းအရွှေ့ကို ကြေညာခဲ့တာပါ။ ဂျီးဆပ်စ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းထံ ရောက်ရှိလာတဲ့ စတုတ္တမြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဂျီးဆပ်စ် မတိုင်ခင် ဖာဘီယိုဗီအဲရာ၊ မာကွင်ဟိုစ်နဲ့ မတ်တာနာတို့ကို ခေါ်ယူခဲ့ပါတယ်။ ဂျီးဆပ်စ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ ကြိုးပမ်းခဲ့တာမှာ ကစားသမားက အာဆင်နယ်ကို လာရောက်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါ တယ်။

ဂျီးဆပ်စ်ဟာဆိုရင် အာဆင်နယ်အသင်းမှာ ကျောနံပတ် ၉ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

အာဆင်နယ်အသင်းနဲ့ လက်မှတ်ထိုးနေတဲ့ ဂျီးဆပ်စ် (Arsenal)

ဂျီးဆပ်စ်က “ အွန်နရီကြောင့် ငယ်ငယ်လေး ကတည်းက အာဆင်နယ်ကို သဘောကျခဲ့ပါတယ်။ ကျနော် အာဆင်နယ်အသင်း နဲ့ ပြိုင်ဘက်တွေအဖြစ် ကစားတဲ့ အချိန်မှာ အီးမရိတ်စ်ကို ကြည့်ရင်း အလွန်ကောင်းတဲ့ ကွင်းဖြစ်တာကြောင့် ဒီမှာ ကစားရ တာ အလွန် စိတ်လှုပ်ရှား မိပါတယ်။ ဒီလိုကြီးမားတဲ့ ကလပ်နဲ့ လတ်မှတ်ထိုးရလို့ ပျော်ရွှင်မိပါတယ်။ အာဆင်နယ်အတွက် ကစားပေးရတော့မယ်ဆိုတာ သိတဲ့နေ့ကတည်းက ကျနော်ပျော်ရွှင်ခဲ့တာပါ။ ဒီမှာ ရှိတဲ့ ဝန်ထမ်းတွေရော ကစားသမား တချို့ ကိုရော ကျနော်သိပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂျီးဆပ်စ်က “ဒီမှာ ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သူတို့က ငယ်ရွယ်သလို ကျနော် လည်း ငယ်ရွယ်ပါတယ်။ ဒါကြောင့် ကူညီပေးနိုင်ဖို့အတွက် ဒီကိုလာရလို့ ကျနော် အလွန်ပျော်ပါတယ်။ ကူညီဖို့၊ သင်ယူဖို့နဲ့ အစွမ်းကုန် ကြိုးစားဖို့ ဒီကိုလာခဲ့တာပါ”လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ မကြာသေးခင်ကမှ သက်တမ်းတိုး စာချုပ်ချုပ်ထားတဲ့ အန်ကိတ်တီယာ၊ ဘရာဇီးလ် အသင်းဖော် မာတင်နယ်လ်တို့နဲ့ တိုက်စစ်မှာ တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး အနေနဲ့ မန်စီးတီးမှာ လက်တွဲခဲ့တဲ့ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ပြန်လည်လက်တွဲ အလုပ် လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။
ဂျီးဆပ်စ်ဟာဆိုရင် မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ၆ နှစ်တာအတွင်းမှာ ပွဲပေါင်း ၂၃၆ ပွဲ ကစားခဲ့ပြီး ၉၅ ဂိုး သွင်းယူနိုင်ခဲ့ သလို ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ မကြာသေးခင်က ရာသီကြို ခြေစမ်းပွဲအဖြစ် အစ်စဝှစ်ချ်အသင်းနဲ့ ကစားခဲ့ရာ ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။

Source: Daily Mail