CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန် ၂၅

လိဒ်စ်အသင်းဟာ ဖူလ်ဟမ်အသင်းတိုက်စစ်ကစားသမား ဟယ်ရီဝီလ်ဆင်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ဟယ်ရီဝီလ်ဆင်နဲ့ ဖူလ်ဟမ်အသင်းစာချုပ်ဟာ လာမယ့်ရက်သတ္တပတ်မှာ ကုန်ဆုံးမှာဖြစ်လို့ ဝေးလ်စ် ကစားသမားဟာ မကြာမီရက်ပိုင်းအတွင်း လိဒ်စ်အသင်းနဲ့ ဆေးစစ်မှုပြုလုပ်ပြီး စာချုပ်ချုပ်ဖို့ရှိနေပါတယ်။

လိဒ်စ်အသင်းဟာ ဟယ်ရီဝီလ်ဆင်ကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ 

လိဒ်စ်အသင်းဟာ ဟယ်ရီဝီလ်ဆင်ကို ကာလရှည်ကြာပစ်မှတ်ထားခဲ့ပြီး မနှစ်ကနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ပျက်ပြယ်ခဲ့ပါတယ်။ 

ဖူလ်ဟမ်အသင်းဟာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးကို ဆက်ထိန်းသိမ်းနိုင်ဖို့ စာချုပ်အများအပြားနဲ့ကမ်းလှမ်းခဲ့ပေမယ့် ထွက်ခွာခွင့်ပေးရမှာက သူတို့အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ 

ဟယ်ရီဝီလ်ဆင်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဖူလ်ဟမ်အသင်းအတွက် ၃၈ ပွဲကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာပါ။ 

ဟယ်ရီဝီလ်ဆင်ဟာ ၂၀၂၁ ခုနှစ်က လီဗာပူးလ်အသင်းကနေ ပေါင် ၁၂ သန်းနဲ့ ဖူလ်ဟမ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 

လိဒ်စ်အသင်းဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာခဲ့တဲ့ ကွင်းလယ်လူဟောင်းဘရန့်ဒ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စား နေသလို ဆောက်သမ်တန်အသင်းက ချားလက်စ်ကိုလည်း ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေပါတယ်။ 

Source:BBC