- By CNI
- Category: ရာသီဉတု
- Hits: 1055
CNI International News
ဘေဂျင်း၊ ဧပြီ ၂၁
ယခုနှစ်တွင် ဖြစ်ပွားလာမည့် အယ်လ်နီညို အစွန်းရောက် ရာသီဥတု ဖြစ်စဉ်သည် ကမ္ဘာလုံးဆိုင်ရာ လောင်စာ ဝယ်လိုအားကို မြင့်တက်စေနိုင်ပြီး အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်နေသော လောင်စာဈေးနှုန်း မြင့်တက်မှုများကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်း တရုတ်အစိုးရ သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်တစ်ကြိမ် ဖြစ်ပွားလေ့ရှိပြီး ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှ အပူချိန် ကို မြင့်တက်စေသည်။
အယ်လ်နီညို ပြင်းထန်ပါက မိုးခေါင်ရေရှားမှု သို့မဟုတ် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်ကာ ထိုအခြေအနေ နှစ်ခုစလုံးသည် ရေအားလျှပ်စစ် စက်ရုံများကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျှော့ချခြင်း သို့မဟုတ် လုံးဝ ပိတ်ပစ်ရခြင်းတို့အထိ ဖြစ်ပွားစေနိုင်သည်။
ထိုကဲ့သို့ ရေအားလျှပ်စစ်များ လျော့ကျလာနိုင်သဖြင့် စွမ်းအင်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် အခြားသော လျှပ်စစ်ဓာတ်အား အရင်းအမြစ်များကို ပိုမိုလိုအပ်လာမည်ဖြစ်သည်။
အယ်လ်နီညိုသည် ရေအားလျှပ်စစ်အပေါ် မှီခိုနေရသော ဒေသများကို ပြင်းထန်စွာ ရိုက်ခတ်နိုင်ပြီး လျှပ်စစ် ဓာတ်အား အတွက် ရုပ်ကြွင်းလောင်စာများကို ပိုမိုလိုအပ်စေကြောင်း တရုတ်အမျိုးသား ရာသီဥတုစင်တာမှ အကြီးတန်း အင်ဂျင်နီယာ ဝမ်ယာချီ (Wang Yaqi) က ပြောကြားခဲ့သည်။

အယ်လ်နီညိုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားစဉ်
ထိုကဲ့သို့ ရုပ်ကြွင်း လောင်စာများကို ပိုမိုအသုံးပြုခြင်းသည် ကာဗွန်ထုတ်လွှတ်မှုနှင့် စွမ်းအင်တင်သွင်းမှု ကုန်ကျစရိတ် နှစ်မျိုးလုံးကို မြင့်တက်စေပြီး ရာသီဥတု ပြောင်းလဲမှုကို ပိုမိုဆိုးရွားစေကာ စီးပွားရေးကို ဝန်ပိစေနိုင်ကြောင်း ၎င်းကဆိုသည်။
တရုတ်မိုးလေဝသနှင့် ဇလဗေဒ စီမံခန့်ခွဲမှုဌာန၏ ဧပြီ ၁၉ ရက် ထုတ်ပြန်ချက် တစ်ခု၌ လာမည့် မေလတွင် ကမ္ဘာတစ်ဝန်း၌ အယ်လ်နီညို အခြေအနေများ စတင် ဖြစ်ပေါ်လာနိုင်ပြီး ယခုနှစ် ကျန်ရှိသည့် ကာလ တစ်လျှောက် လုံးတွင်လည်း ဆက်လက် ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။
ယခုသတိပေးချက်သည် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း များ ရုတ်တရက် မြင့်တက် လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုစစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင် ထောက်ပံ့ရေးအတွက် အဓိကကျသော သင်္ဘောလမ်းကြောင်း တစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်သွားခဲ့ကာ ကမ္ဘာတစ်ဝန်း လောင်စာစျေးနှုန်းများ မြင့်တက်ခဲ့ သည်။
Source: South China Morning Post
- By CNI
- Category: ရာသီဉတု
- Hits: 981
CNI International News
ဘန်ကောက်၊ ဧပြီ ၂၁
ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ပြည်နယ် ၁၀ ခုတွင် လေထုညစ်ညမ်းမှု အဆင့်သည် စိုးရိမ်ရသည့် အဆင့်သို့ ရောက်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန(PCD)က ဧပြီ ၂၀ ရက်၌ သတိပေး ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လေထုညစ်ညမ်းမှုသည် နန် (Nan) ပြည်နယ်တွင် အဆိုးရွားဆုံးဖြစ်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်နယ် ၃၁ ခု၌ လေထုအတွင်း PM2.5 အမှုန်အမွှား ပါဝင်မှုပမာဏမှာ ဘေးကင်းလုံခြုံရေး စံနှုန်းများကို ကျော်လွန်နေကြောင်း သိရသည်။
PM2.5 ဆိုသည်မှာ လူ့ဆံပင်ထက် အဆပေါင်း ၂၀ မှ ၃၀ အထိ ပိုမိုသေးငယ်ပြီး အဆုတ်နှင့် သွေးကြောများ အတွင်း ဝင်ရောက်နိုင်ကာ ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်သည့် လေထုအတွင်းရှိ အလွန်သေးငယ်သော အမှုန်အမွှားများကို ခေါ်ဆိုခြင်းဖြစ်သည်။
PM2.5 ပမာဏ ဘေးကင်းလုံခြုံရေး စံနှုန်းများကို ကျော်လွန်ပြီး လွန်ကဲစွာ တွေ့ရှိရသည့် ပြည်နယ်များမှာ ချင်းမိုင် (Chiang Mai)၊ နန် (Nan)၊ မယ့်ဟောင်ဆောင် (Mae Hong Son)၊ ဖယောင်း (Phayao)၊ လမ်ဖွန် (Lamphun) ၊ လမ့်ပန် (Lampang)၊ ဖရာ့ (Phrae)၊ ဥတ္တရာဒစ် (Uttaradit) ၊ ဆူခိုထိုင်း (Sukhothai) ၊ ဖစ်ဆာနူလော့ (Phitsanulok) တို့ပါဝင်သည်။

ထိုင်းတောမီးရှို့တာကို ငြိမ်းသတ်နေစဉ်
ထို့နောက် တာ့ခ် (Tak)၊ ကမ်ဖိုင်ဖက် (Kamphaeng Phet) ၊ ဖိချစ် (Phichit) ၊ ဖက်ချာဘွန်း (Phetchabun) ၊ နခွန်ဆဝမ် (Nakhon Sawan)၊ ဥထိုင်းသာနီ (Uthai Thani) ၊ ချိုင်နတ် (Chai Nat)၊ ဆင်းဘူရီ (Sing Buri) ၊ လော့ဘူရီ (Lop Buri) ၊ အန်းထောင်း (Ang Thong)တို့လည်း ပါဝင်သည်။
ထို့အပြင် ဆူဖန်ဘူရီ (Suphan Buri) ၊ အယုဒ္ဓယ (Ayutthaya) ၊ ရက်ချာဘူရီ (Ratchaburi) ၊ ဆမွတ်ဆွန်ခရမ် (Samut Songkhram) ၊ ဘွန်ကန် (Bueng Kan) ၊ နခွန်ဖနွန် (Nakhon Phanom) ၊ နောင်ဘူအာလမ်ဖူး (Nong Bua Lam Phu) ၊ ခွန်ကဲန် (Khon Kaen) ၊ အမ်နတ်ချာရိုအန် (Amnat Charoen) ၊ ဥဘွန်ရတ်ချာဌာနီ (Ubon Ratchathani) တို့ ပါဝင်သည်။
မြောက်ပိုင်းဒေသ အများစုတွင် လေထုညစ်ညမ်းမှုမှာ ဘေးကင်းသည့် အဆင့်ထက် ကျော်လွန်နေပြီး တိုင်းတာ ချက်များအရ PM2.5 အဆင့်သည် ၄၃ ဒသမ ၅ မှ ၁၇၅ ဒသမ ၉ ကြား ရှိနေသည်။
ကျန်းမာရေး ထိခိုက်မှုရှိသည့် အနီရောင်ဇုန်များအဖြစ် သတ်မှတ်ထားသော ပြည်နယ် ၁၀ ခုမှာ ချင်းရိုင်၊ ချင်းမိုင် ၊ မယ့်ဟောင်ဆောင်၊ လမ်ပန်း၊ လမ်ဖွန်၊ နန်၊ ဖယောင်း၊ ဆူခိုထိုင်း၊ ဖစ်ဆာနူလော့၊ ကမ်ဖိုင်ဖက် ပြည်နယ်များ ဖြစ်သည်။
PM2.5 အမြင့်ဆုံး တိုင်းတာချက်ကို နန်ပြည်နယ်၊ ချာလမ်ပရာကီးယတ် (Chalerm Prakiat) ခရိုင်၊ ဟွိုင်ကွန် (Huai Kon) ရပ်ကွက်တွင် ၁၇၅ ဒသမ ၉ ဖြင့် မှတ်တမ်းတင်ခဲ့သည်။

ထိုင်းလေထုညစ်ညမ်းမှုကို တွေ့ရစဉ်
အရှေ့မြောက်ပိုင်းတွင် ဒေသ ၆ ခု၌ စံနှုန်းထက် ကျော်လွန်နေပြီး PM2.5 ပမာဏမှာ ၁၉ ဒသမ ၉ မှ ၆၄ ဒသမ ၁ ကြား ရှိသည်။
အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသများတွင်လည်း စံနှုန်းကျော်လွန်မှုများ အနှံ့အပြား ဖြစ်ပေါ်ခဲ့ပြီး ပမာဏမှာ ၂၄ ဒသမ ၆ မှ ၆၂ ဒသမ ၂ ကြား ရှိသည်။
အရှေ့ပိုင်းဒေသ၏ လေထုအရည်အသွေးမှာ ၁၂ ဒသမ ၀ မှ ၃၀ ဒသမ ၁ ကြားရှိသဖြင့် အများအားဖြင့် ကောင်းမွန် နေဆဲဖြစ်ပြီး တောင်ပိုင်းဒေသတွင်လည်း ၁၅ ဒသမ ၁ မှ ၂၂ ဒသမ ၂ ရှိသဖြင့် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေသည်။
PCD နှင့် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး (BMA) တို့၏ ပူးတွဲစောင့်ကြည့် စစ်ဆေးမှုများအရ ဘန်ကောက်နှင့် ပတ်ဝန်းကျင် ပြည်နယ်များတွင် လေထု အရည်အသွေးသည် ပုံမှန်အားဖြင့် ကောင်းမွန်နေပြီး PM2.5 ပမာဏမှာ ၁၅ ဒသမ ၃ မှ ၃၀ ဒသမ ၈ ကြား ရှိနေကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။
ဧပြီ ၂၁ ရက်မှ ဧပြီ ၂၆ ရက်အထိ ခန့်မှန်းချက်များအရ ဘန်ကောက်နှင့် ပတ်ဝန်းကျင် ဒေသများတွင် PM2.5 ပမာဏမှာ လျော့ကျနိုင်ဖွယ် ရှိသော်လည်း အချို့ဒေသများတွင်မူ စောင့်ကြည့်စစ်ဆေးရန် လိုအပ်နေဦးမည်ဖြစ် သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ရာသီဉတု
- Hits: 1211
CNI International News
ဘန်ကောက်၊ ဧပြီ ၂၀
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ အထက်ပိုင်းတွင် နွေရာသီမုန်တိုင်းများ ကျရောက်မည် ဖြစ်ပြီး မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်ကျား မိုးသီးကြွေခြင်းများနှင့် အချို့ နေရာ များ၌ လျှပ်စီးလက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ထိုင်းမိုးလေဝသဌာန(TMD)က ထုတ်ပြန်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံမှ လေဖိအားများသည့် ရပ်ဝန်း သို့မဟုတ် အအေးဓာတ်ပါသော လေထုသည် တောင်တရုတ်ပင်လယ် ပြင်သို့ ရွေ့လျားရောက်ရှိ လာမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အထက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တောင်လေနှင့် အရှေ့ တောင်လေတို့ကို အားကောင်းစေသည့်အတွက် ထိုကဲ့သို့ ပြင်းထန်ရာသီဥတု အခြေအနေများ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မျိုးတွင် ထိုင်းနိုင်ငံ အထက်ပိုင်းတွင် ပူပြင်းသည့် အဆင့်မှ အလွန်ပူပြင်းသော အဆင့်၌ ရှိနေမည်ဖြစ် သည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အတွင်း ထိုင်းနိုင်ငံ အထက်ပိုင်းတွင် မိုးရွာသွန်းမှု လျော့နည်းသွားမည် ဖြစ်သော်လည်း နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းမှုများ ရှိနေဦးမည်ဖြစ်ပြီး နေ့အချိန်၌ ပူပြင်းမည် ဖြစ်ကြောင်း TMD က ထုတ်ပြန်ခဲ့သည်။

ရာသီဥတု ပူပြင်းမှုကို ပြသထားစဉ်
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် တိုက်ခတ်နေသော တောင်လေနှင့် အရှေ့တောင်လေ များ အားပျော့သွားမည် ဖြစ်သောကြောင့် နေ့အချိန်၌ ပူပြင်းလာလိမ့်မည်ဟု ဆိုသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှ ၂၄ ရက်အတွင်း ထိုင်းနိုင်ငံ အထက်ပိုင်းတွင် နွေရာသီမုန်တိုင်းများ ထပ်မံ ကျရောက်မည်ဖြစ်ပြီး မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်ကျား မိုးသီးကြွေခြင်းများနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
ဤသို့ ဖြစ်ပွားရခြင်းမှာ တရုတ်နိုင်ငံမှ လေဖိအားများသည့် ရပ်ဝန်း သို့မဟုတ် အအေးဓာတ်ပါသော လေထုသည် တောင်တရုတ်ပင်လယ်ပြင်နှင့် အရှေ့မြောက်ပိုင်းဒေသများသို ရွေ့လျားရောက်ရှိ လာခြင်းကြောင့်ဖြစ်ပြီး ထိုင်းနိုင်ငံအထက်ပိုင်းတွင် ပူပြင်းသည့်အဆင့်မှ အလွန်ပူပြင်းသည့် အဆင့်အထိ ဆက်ရှိနေမည်ဖြစ်သည်။

ရာသီဥတု ပူပြင်းလို့ ရေသောက်နေစဉ်
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်မှ ၂၂ ရက်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွင် ထိုင်းပင်လယ်ကွေ့နှင့် တောင်ပိုင်း ဒေသတို့၌ တိုက်ခတ်နေသော အရှေ့တောင်လေများ အားကောင်းလာမည်ဖြစ်သဖြင့် မိုးထစ်ချုန်းရွာသွန်းမှုများ များပြားလာမည်ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်မှ ၂၄ ရက်အတွင်း ထိုင်းပင်လယ်ကွေ့နှင့် တောင်ပိုင်းဒေသတို၌ တိုက်ခတ်နေသော အရှေ့တောင်လေများ အားပျော့သွားမည်ဖြစ်သဖြင့် တောင်ပိုင်းဒေသတွင် မိုးရွာသွန်းမှု လျော့နည်းသွားမည် ဖြစ်ကြောင်း TMD က ထုတ်ပြန်ခဲ့သည်။
Source: The Nation
- By CNI
- Category: ရာသီဉတု
- Hits: 6249
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၀
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၈ ရက် ညပိုင်းက ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သဖြင့် လူ ၃၀ ခန့် ဒဏ်ရာရခဲ့ကာ ၇၀ စင်တီမီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်ပွားခဲ့ သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုငလျင်သည် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်က အိုမိုရီ (Aomori) စီရင်စုနယ်၏ အရှေ့ဘက်ကမ်းလွန်၊ မြေပြင်အနက် ၄၃ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ သည်။
ထိုငလျင်ကြောင့် လာမည့် ရက်ပိုင်းများအတွင်း ထိုနေရာနှင့် အနီးတစ်ဝိုက်တွင် အင်အားတူညီသည့် ငလျင် သို့မဟုတ် ပိုမိုအင်အားပြင်းသည့် ငလျင်များ ထပ်မံလှုပ်ခတ်နိုင်ခြေ ရှိသည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က ငလျင်အန္တရာယ်နှင့်ပတ်သက်ပြီး မိုးလေဝသအေဂျင်စီ နှင့် ဒေသန္တရအစိုးရများထံမှ သတိပေးချက်များကို နားစွင့်ထားကြရန် ဒေသခံများကို တိုက်တွန်းထားသည်။
ငလျင် နောက်တစ်ကြိမ် လှုပ်ခတ်လာပါက ဘေးလွတ်ရာကို ချက်ချင်း ရွှေ့ပြောင်းနိုင်ရန် အသင့်ပြင်ထားဖို့ လိုအပ်ပြီး တစ်ချိန်တည်းမှာပဲ လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများကို ဆက်လုပ်နိုင်ကြောင်း အစိုးရအဖွဲ့က ညွှန်ကြားထားသည်ဟု တာကာအီချီက ပြောကြားခဲ့သည်။

ဂျပန် ငလျင်ကြောင့် ပျက်စီးနေစဉ်
ငလျင်ကြောင့် ဒဏ်ရာရသူများသည် အိုမိုရီ စီရင်စုနယ်နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုနယ်များမှ ဖြစ်သည်။
ဟော့ကိုင်ဒိုး ကမ်းလွန်နှင့် ဂျပန်နိုင်ငံအရှေ့မြောက်ဘက် ဒေသတစ်လျှောက်သည် ပစိဖိတ် မြေအောက် ကျောက်ထုလွှာများ အပေါ်တွင် ရှိနေသဖြင့် အင်အားကြီး ငလျင်များ လှုပ်ခတ်နိုင်ကြောင်း မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
အစောပိုင်း သတိပေးချက်များတွင် ငလျင်၏ ပြင်းအားကို ရစ်ချ်တာစကေး ၇ ဒသမ ၆ ဟုဖော်ပြခဲ့ပြီး ၃ မီတာ အမြင့်ရှိသည့် ဆူနာမီလှိုင်းများ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သော်လည်း လက်တွေ့တွင် အိုင်ဝါတီ (Iwate) ပြည်နယ်၌ ၇၀ စင်တီမီတာ အမြင့်သာရှိသည့် အသေးစား ဆူနာမီလှိုင်းကို မြင်တွေ့ခဲ့ရသည်။
ဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီ ၂၀ မိနစ် အချိန်တွင်မူ ဆူနာမီ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: ရာသီဉတု
- Hits: 6745
CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၁
အရှေ့တောင်အာရှ၏ နိုင်ငံ ၃ နိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြေပြိုခြင်း တို့ကြောင့် သေဆုံးသူ ၆၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မလက္ကာရေလက်ကြား (Malacca Strait) တွင် ရှားပါး အပူပိုင်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခိုက် ခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထိုသဘာဝဘေးအန္တရာယ်များကြာင့် အင်ဒိုနီးရှားတွင် သေဆုံးသူ ၄၃၅ ဦး၊ ထိုင်းတွင် သေဆုံးသူ ၁၇၀ နှင့် မလေးရှား၌ သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း သက်ဆိုင်ရာအရာရှိများက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ထိုနိုင်ငံများ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး လူပေါင်းများစွာသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။

ရေကြီးမှုကြောင့် ပျက်စီးနေစဉ်
ရေလွှမ်းမိုးမှုများကြောင့် ထိုင်းတွင် လူ ၃ သန်းနီးပါးနှင့် အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း၌ လူ ၁ ဒသမ ၁ သန်းနီးပါး အပါအဝင် လူပေါင်း ၄ သန်းကျော် ရေဘေးသင့်ခဲ့သည်။
သီးခြား သဘာဝဘေးအန္တရာယ် တစ်ခုအနေဖြင့် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ် မှုကြောင့် သီရိလင်္ကာ၌ လူ ၁၅၃ ဦး သေဆုံးခဲ့ပြီး ၁၉၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ နိုင်ငံတစ်ဝန်း လူပေါင်း ၅ သိန်းကျော်သည် မုန်တိုင်းဒဏ် ခံစားခဲ့ရသည်။
သီရိလင်္ကာအစိုးရက ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီရန်အတွက် ကြည်းတပ်၊ ရေတပ်နှင့် လေတပ်မှ တပ်ဖွဲ့ဝင်များကို အရပ်သား လုပ်သားများနှင့် စေတနာ့ ဝန်ထမ်းများနှင့်အတူ စေလွှတ်ထားသည်။
ထိုမုန်တိုင်းသည် သီရိလင်္ကာမှ ထွက်ပြီး အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်သွားရောက်နေသဖြင့် အိန္ဒိယ၏ ချန်နိုင်း လေဆိပ်တွင် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံတွင်လည်း အပူပိုင်းမုန်တိုင်း ကိုတို (Koto) ကြောင့် လူ ၃ ဦးထက် မနည်း သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: ရာသီဉတု
- Hits: 7372
CNI International News
နယူးဒေလီ၊ နိုဝင်ဘာ ၁၂
အိန္ဒိယနိုင်ငံ၊ နယူးဒေလီ (New Delhi) မြို့တော်တွင် လေထုညစ်ညမ်းမှုများ ဆိုးရွားလာပြီး အများပြည်သူအတွက် ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်လာမှုနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၉ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြထားသည်။
ထို့နောက် အိန္ဒိယအစိုးရ အနေဖြင့် ထိုလေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးရန် ဆန္ဒပြသူများက တောင်းဆို ခဲ့ကြသည်။
အိန္ဒိယ၏ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကမူ နယူးဒေလီမြို့တော်ရှိ အထင်ကရ India Gate အဆောက်အအုံ တွင် ဆန္ဒပြမှုများ ပြုလုပ်ခွင့်မရှိကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူများကို လူစုခွဲကာ အချို့အား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။
အိန္ဒိယ၏ အတိုက်အခံပါတီဖြစ်သည့် INC ပါတီခေါင်းဆောင် ရာဟူး ဂန္ဒီ (Rahul Gandhi) ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းမှုအား အခြား အတိုက်အခံ ခေါင်းဆောင်များက ဝေဖန်ခဲ့ပြီး လေထုကို သန့်ရှင်းစေရန် တောင်းဆိုမှုသည် အခြေခံ လူ့အခွင့်အရေးဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

လေထုညစ်ညမ်းမှု အိန္ဒိယမှာ ဆန္ဒပြနေစဉ်
နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက နယူးဒေလီမြို့တော်၏ လေထု အရည်အသွေး ညွှန်းကိန်းသည် ၃၄၄ တွင် ရှိနေပြီး ထိုကိန်းဂဏန်းအရ အလွန်ဆိုးရွားပြီး အသက်ရှူရန် အန္တရာယ်များသည့် အဆင့်အဖြစ် သတ်မှတ်ထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေထုအရည်အသွေး သတ်မှတ်ချက်များအရ သိရသည်။
နိုဝင်ဘာ ၉ ရက်က နယူးဒေလီမြို့တော်၏ လေထု အရည်အသွေး ညွှန်းကိန်းသည် ၃၉၀ အထိ မြင့်တက်ခဲ့သည် ဟုလည်း India Today သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
လူပေါင်း သန်း ၃၀ ခန့် နေထိုင်သည့် နယူးဒေလီမြို့တော် ဒေသသည် ကမ္ဘာ့ လေထု အညစ်ညမ်းဆုံး မြို့များထဲ တွင် ထိပ်ဆုံးနေရာက ပါဝင်လေ့ရှိသည်။
ဆောင်းရာသီ ကာလများ မတိုင်မီ နယူးဒေလီမြို့တော်၏ လေထုညစ်ညမ်းမှုသည် ဆိုးရွားလေ့ရှိပြီး ဆောက်လုပ် ရေး လုပ်ငန်းများမှ ထွက်သည့် ဖုန်များ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သည့် မီးခိုးငွေ့များ၊ စိုက်ခင်းများ မီးရှို့ရာ မှာ ထွက်လာသည့် မီးခိုးများသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေခဲ့သည်။
ထိုကဲ့သို့ လေထု ညစ်ညမ်းမှုများကြောင့် နယူးဒေလီမြို့တော်တွင် နေထိုင်သူများသည် အဆုတ်နှင့် နှလုံးရောဂါ များ ခံစားရခြင်း၊ မျက်လုံးများနှင့် လည်ချောင်းများ ကျိန်းစပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြား ယားယံခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို ခံစားနေရသည်။
“တစ်နှစ်ပြီးတစ်နှစ် ဒီပြဿနာပဲ ကြုံနေရတယ်။ အဖြေကတော့ မရှိသေးဘူး။ ဒီပြဿနာကို အလေးအနက်ထား ဖြေရှင်းပေးဖို့ အစိုးရကို ဖိအားပေးရပါမယ်” ဟု ရှေ့နေတစ်ဦးဖြစ်သည့် တန်ဗီ ကူဆမ် (Tanvi Kusum) က ပြောကြားခဲ့သည်။
Source: DW
- By CNI
- Category: ရာသီဉတု
- Hits: 5966
CNI International News
မနီလာ၊ နိုဝင်ဘာ ၁၁
ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းတွင် တိုင်ဖွန်းဖန်ဝေါင် (Fung-wong) ဝင်ရောက် တိုက်ခတ်ပြီးနောက် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားကာ လူ ၄ ဦးထက်မနည်း သေဆုံးပြီး လူပေါင်း ၁ ဒသမ ၄ သန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
တိုင်ဖွန်းဖန်ဝေါင်သည် နိုင်ငံအနောက်မြောက်ပိုင်းသို့ ဆက်လက် ရွှေ့လျားပြီး ထိုင်ဝမ်သို့ ဦးတည်နေကြောင်း ခန့်မှန်းထားသည်။
လူပေါင်း ၂၂၄ ဦး သေဆုံးစေခဲ့သော တိုင်ဖွန်းကာမေဂျီ (kalmaegi) ဝင်ရောက်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို ဖြေရှင်းရန် ကြိုးပမ်းနေစဉ် ရက်ပိုင်းအကြာ၌ တိုင်ဖွန်းဖန်ဝေါင် ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
တိုင်ဖွန်းကာမေဂျီသည် ဖိလစ်ပိုင်မှ ဗီယက်နမ်သို့ ဆက်လက် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဗီယက်နမ်တွင် သေဆုံး သူ ၅ ဦးထက်မနည်း ရှိသည်။

ဖိလစ်ပိုင် မုန်တိုင်းကြောင့် ပျက်စီးမှုကိုတွေ့ရစဉ်
ဖန်ဝေါင်သည် နိုဝင်ဘာ ၉ ရက် ညအချိန်တွင် နိုင်ငံအရှေ့မြောက်ပိုင်း အော်ရိုရာ (Aurora) ပြည်နယ်ကို ဝင်ရောက် ခဲ့ပြီး မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်)နှုန်းဖြင့် တိုက်ခတ်ခဲ့သည်။
မုန်တိုင်းသည် မြောက်ပိုင်း တောင်ထူထပ်သည့် ပြည်နယ်သို့ ဆက်လက် ဖြတ်သန်းချိန်တွင် တဖြည်းဖြည်း အားပျော့သွားခဲ့ကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ဆက်လက် ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသ ဌာနက ခန့်မှန်းထားသည်။
ကာတန်ဒူရာနက်စ်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ဆာမာပြည်နယ် ကက်ဘာလိုဂန်မြို့၌ နေအိမ်ပြိုကျမှုကြောင့် ၁ ဦးသေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
နျူဗာဗစ်ဇ်ကာရာပြည်နယ် ကာရာပါမြို့တွင် မြေပြိုမှုကြောင့် တဲအိမ်တစ်အိမ် နစ်မြှုပ်ခဲ့ပြီး ကလေး ၂ ဦး သေဆုံး ခဲ့ကာ ၎င်း၏မိဘများနှင့် ဝမ်းကွဲတော်သူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တိုင်ဖွန်း မဝင်ရောက်မီ လူ ၁ ဒသမ ၄ သန်းကျော်သည် အရေးပေါ် ကယ်ဆယ်ရေး စခန်းများ သို့မဟုတ် ဆွေမျိုး များ အိမ်သို့ ပြောင်းရွှေ့ခဲ့ကြကာ နိုဝင်ဘာ ၁၀ ရက်တွင် ကယ်ဆယ်ရေးစင်တာများ၌ လူ ၃၁၈,၀၀၀ ဆက်လက် နေထိုင်လျက်ရှိသည်။
Source: အေပီ
- By CNI
- Category: ရာသီဉတု
- Hits: 6052
CNI International News
မနီလာ၊ နိုဝင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း ဖန်ဝေါင် (Fung-wong) ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ပြီး လူပေါင်းသန်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုမုန်တိုင်းသည် နိုဝင်ဘာ ၉ ရက်က ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နောက် မုန်တိုင်းလမ်းကြောင်းတွင် နေထိုင်သူများ အနေဖြင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဖန်ဝေါင်မုန်တိုင်းသည် လူဇွန် (Luzon) ကျွန်းကို စတင် ဝင်ရောက်လာခဲ့ပြီးနောက် မက်ထရို မနီလာ (Metro Manila) မြို့တော်ဒေသ အပါအဝင် ဒေသ အများအပြားတွင် အလုပ်များနှင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ သည်။

မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံသားများ ရွှေ့ပြောင်းနေကြစဉ်
ယူဝမ် (Uwan) ဟုလည်း ဖိလစ်ပိုင်တွင် လူသိများသည့် အဆိုပါ ဖန်ဝေါင်မုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ နယ်နိမိတ် ၃ ပုံ ၂ ပုံ၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခိုက်မှုများကို ဖြစ်ပွားစေခဲ့သည်။
ဖိလစ်ပိုင်တွင် လူပေါင်း ၂၂၄ ဦး သေဆုံးစေခဲ့သည့် တိုင်ဖွန်း ကယ်လ်မေဂီ (Kalmaegi) တိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာ၌ ယခု ဖန်ဝေါင်မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
ဖန်ဝေါင်မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၈၅ ကီလိုမီတာ (၁၁၅ မိုင်) ရှိပြီး ရုတ်တရက် လေပြင်းဝှေ့မှု သည် တစ်နာရီလျှင် ၂၃၀ ကီလိုမီတာ (မိုင် ၁၄၀) အထိ ရှိနိုင်ကြောင်း မနီလာ ပြည်သူ့ကာကွယ်ရေးရုံးက ထုတ်ပြန်ထားသည်။
Source: South China Morning Post
