
- By CNI
- Category: ရာသီဉတု
- Hits: 523
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးမှာ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်းသော ငလျင်တစ်ခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က လှုပ်ခတ်ခဲ့ခြင်းကြောင့် လူပေါင်း ၁၄၄ ဦးသေဆုံးပြီး ၇၃၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ နစကဥက္ကဋ္ဌက ပြည်သူလူထုထံ အသိပေး ပြောကြားစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ ဒီလှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှုတွေကတော့ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ နေပြည်တော်တို့မှာ ပျက်စီးမှုများပြားပါတယ်။ ယခုအချိန်အထိ သတင်းပို့ချက်အရတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မြို့မှာ ၃၀ ယောက် စုစုပေါင်း ၁၄၄ ယောက် သေဆုံး ကြောင်းနဲ့ ဒဏ်ရာ ရတာကတော့ နေပြည်တော်ကောင်စီနယ်မြေမှာ ၄၃၂ ယောက်၊ စစ်ကိုင်းမြို့မှာ ၃၀၀ ယောက်နဲ့ ကျောက်ဆည်မြို့မှာ စိစစ်ဆဲဖြစ်ပြီး အားလုံးပေါင်း ၇၃၂ ယောက် ဒဏ်ရာ ရရှိတယ်လို့ ကျနော်တို့ သိရပါတယ်”ဟု ပြောသည်။
ငလျင်လှုပ်လို့ အဆောက်အအုံပြိုကျသွားစဉ်
ထို့နောက် သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ထက်တိုးလာစရာရှိကြောင်း၊ တချို့ နေရာများတွင် တိုက်များပြိုကျ သည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများ အားလုံးကို အရေးပေါ် အခြေအနေ ကြေညာထားပြီး ပြည်ပ အကူအညီများ ပေးနိုင်ဖို့လည်း အကုန်လမ်းဖွင့်ပေးထားကြောင်း၊ ASEAN AHA Center က မနက်ဖြန်(မတ်လ ၂၉ ရက်)မှာ အရေး ပေါ် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံကလည်း မနက်ဖြန်မှာ ကူညီကယ် ဆယ်ရေး ပစ္စည်းများ ပို့ရန်ကမ်းလှမ်းလာသည်ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အလားတူ ထိုင်ဝမ်အစိုးရကလည်း ငလျင်ဘေး ကူညီကယ်ဆယ်ရေး ပေးအပ်ရန်အတွက် စောင့်ဆိုင်းနေကြောင်း နီးစပ်သူများထံမှ သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 481
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ငလျင်ဒဏ် ခံစားလိုက်ရသော မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကို ကူညီများ ပေးအပ်ဖို့အသင့်ရှိသည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် သူ၏ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
နောက်ဆက်တွဲ ငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့သေးသည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက “ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ဂယက် ရိုက်ခတ်မှုကို စိုးရိမ်မိပါတယ်။ လူတိုင်း လူတိုင်း ဘေးကင်းပြီး ကောင်းကျိုးချမ်းသာရရှိပါစေလို့ ဆုတောင်းပါ တယ်။ အိန္ဒိယနိုင်ငံကလည်း တတ်နိုင်တဲ့ အကူအညီတွေကိုပေးဖို့ အသင့်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိမိတို့က အာဏာပိုင်တွေကို အသင့်အနေအထား ကူညီပေးဖို့ တောင်းဆိုထားပါတယ်။ ဒါအပြင် မြန်မာနဲ့ထိုင်းအစိုးတွေနဲ့ အဆက်အသွယ် မပြတ်ရှိနေစေဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း တိုက်တွန်းထားပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတစ်လုံး ပြိုကျနေစဉ်
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ် အခြေအနေအဖြစ် နစက၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြေညာခဲ့သည်။
အလားတူ အရေးပေါ် သွေးလိုအပ်ချက်များလည်း ရှိနေသည့်အတွက် ကူညီကြရန်လည်း ပြည်သူလူထုကို နစက, က တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လမ်းတံတားများ၊ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သလို လူပေါင်း ရာချီသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

- By CNI
- Category: ရာသီဉတု
- Hits: 840
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
နောက်ဆက်တွဲ ငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့သေးသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ် မြေအတွင်းမှာ သပြေကုန်းဈေးရှိ အဆောက်အအုံများ ပြိုကျခဲ့သလို လူနေအိမ်များနှင့် လမ်းများ ပျက်စီးပြိုကျခဲ့သည်။
အဆိုပါ အခြေအနေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်စစ်ဆေးခဲ့သည်ကို တွေ့ရသည်။
အရေးပေါ်သွေးလိုအပ်မှုများလည်း ရှိနေကြောင်း နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ် အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြေညာလိုက် သည်။

- By CNI
- Category: ရာသီဉတု
- Hits: 1100
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ် အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြေညာလိုက်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်
နောက်ဆက်တွဲ ငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့သေးသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ် အခြေအနေအဖြစ် နစက,က ကြေညာလိုက်ခြင်း ဖြစ်သည်။

- By CNI
- Category: ရာသီဉတု
- Hits: 801
CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်တစ်ခု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က နေ့လယ် ၁ နာရီဝန်းကျင်က လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုသည် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာလည်း ရိုက်ခတ်ခဲ့ခြင်းကြောင့် အောင်ပန်းမြို့မှာ ဟိုတယ်နှင့် လူနေအိမ်များ ပြိုကျပျက်စီးမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: ရာသီဉတု
- Hits: 774
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် အစိုးရက ဘတ် သန်း ၁၀၀ ကျော် တန်ကြေးရှိသော အခမဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေး အစီအစဉ် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ဘန်ကောက်မြို့တော်တွင် လေထုအတွင်း PM2.5 ညစ်ညမ်းပစ္စည်း အမှုံအမွှားများ အလွန်များပြားနေမှုကို စိုးရိမ်နေသည့် ဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) ၏ ညွှန်ကြားချက်ဖြင့် ထိုအစီအစဉ်ကို ဇန်နဝါရီ ၂၅ ရက်မှစပြီး ၇ ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယ ဂျူအန်ရွန်ရွန်ကစ် (Suriya Juangroongruangkit) က ပြောကြားခဲ့သည်။
ရထားကုမ္ပဏီများဖြစ်သည့် BTS နှင့် BEM ကုမ္ပဏီများကလည်း လျှပ်စစ်ရထား အားလုံးကို အခမဲ့ စီးနင်းခွင့်ပြုရန် သဘောတူညီခဲ့ပြီး BMTA ဘတ်စ်ကားကုမ္ပဏီကလည်း ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ အခမဲ့ ပြေးဆွဲပေးရန် သဘောတူခဲ့သည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး သူရိယကို တွေ့ရစဉ်
ထိုင်းအစိုးရအဖွဲ့က ထိုကုမ္ပဏီများအတွက် ၇ ရက်ကြာ ကာလအတွင်း ၎င်းတို့၏ ပျမ်းမျှဝင်ငွေအပေါ် အခြေခံပြီး ဘတ်သန်း ၁၄၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သူရိယက ပြောကြားခဲ့သည်။
ထိုရန်ပုံငွေကို နိုင်ငံတော်ဘတ်ဂျက်မှ အသုံးပြုမည်ဖြစ်ပြီး ဝန်ကြီးချုပ်၏ အမိန့်ညွှန်ကြားချက်ကို အစိုးရအဖွဲ့အား တင်သွင်းသွားမည်ဟု ၎င်းက ဆိုသည်။
ထိုအစီအစဉ်အရ ခရီးသွားပြည်သူများအကြား အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်အပေါ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုမှီခိုလာလိမ့်မည်ဖြစ်ပြီး လေထုညစ်ညမ်းမှု အဆင့်ကို အကဲဖြတ် ချင့်တွက်သွားမည် ဖြစ်သည်။
လေထုညစ်ညမ်းမှု အဆင့်သည် သိသိသာသာ လျော့ကျသွားခဲ့မည်ပါက အခမဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်ကို သက်တမ်း တိုးသင့်/မသင့် စဉ်းစားသွားမည်ဖြစ်သည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဘန်ကောက်မြို့တော်တွင် မော်တော်ယာဉ်များ၏ ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လေ့လာစစ်ဆေးရန် နေရာ ၈ ခု၌ စစ်ဆေးရေးစခန်းများ တည်ဆောက်ထားကြောင်း သူရိယက ပြောကြားခဲ့သည်။
Source: The Nation

- By CNI
- Category: ရာသီဉတု
- Hits: 688
CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၉
ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လေထုအတွင်းရှိ PM2.5 ညစ်ညမ်းပစ္စည်းများကို ပြီးခဲ့သည့် နှစ်ကထက် ပိုမို နည်းပါးစေရန် လုပ်ဆောင်ရေးအတွက် ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
လေထုအတွင်းရှိ PM2.5 ညစ်ညမ်း ပစ္စည်းများဆိုသည်မှာ လူ့ခန္ဓာကိုယ်၏ သွေးကြောများထဲအထိ ဝင်ရောက်နိုင် သည့် အမှုန်အမွှားများဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ပေတုန်တန်သည် ဇန်နဝါရီ ၇ ရက်က အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် အစိုးရအိမ်တော်၌ ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲမှာ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအဖွဲ့အနေဖြင့် PM2.5 အမှုန်အမွှားများ ပြဿနာကို အာရုံစိုက် ဖြေရှင်းနေကြောင်း၊ ဂြိုဟ်တုဓာတ်ပုံများအရ ထိုင်းနိုင်ငံ၏ ပြည်နယ်အချို့တွင် အမှုအမွှားများ ထူထပ်သိပ်သည်းမှု မြင့်တက်နေသည်ကို မြင်တွေ့ရကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် စိုက်ခင်းများ မီးရှို့ရှင်းလင်းသည့် ကြံစိုက်တောင်သူများ အနေဖြင့် လေထု သန့်စင်ရေး စီမံချက်များတွင် ပူးပေါင်းပါဝင်ကြရန်လည်း ပေတုန်တန်က တိုက်တွန်းခဲ့သည်။
ဘန်ကောက်စ်မြို့ လေထုအခြေအနေကို တွေ့ရစဉ်
ပြီးခဲ့သည့်နှစ်က လေထုညစ်ညမ်းမှု၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ခင်းများ မီးရှို့ရှင်းလင်းမှုမှ ထွက်လာသည့် မီးခိုး များကြောင့်ဖြစ်သည်။
ယခုနှစ်တွင်မူ စိုက်ခင်းမီးရှို့မှုများကို လျှော့ချနေသည့် စိုက်ပျိုးရေးဝန်ကြီးဌာနက ဦးဆောင်သော အစီအစဉ်များ တွင် တောင်သူများက ပူးပေါင်းပါဝင်ခဲ့သဖြင့် လေထုညစ်ညမ်းမှုသည် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအကြား ကျဆင်းခဲ့သည်။
အစိုးရအဖွဲ့ အနေဖြင့် ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ထိန်းချုပ်ရန်လည်း ညွှန်ကြားခံထားရပြီး သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက အိတ်ဇောပိုက်များမှ မီးခိုးများ အများအပြား ထွက်တတ်သည့် မော်တော်ယာဉ် အကြီးစားများကို အနီးကပ် စောင့်ကြည့်ပြီး စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်လျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည်လည်း ဘေးအန္တရာယ် တားဆီးရေးနှင့် လျှော့ချရေးဌာန (DDPM)၊ ပြည်နယ် အုပ်ချုပ်ရေးမှူးများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပေတုန်တန်က ညွှန်ကြားခဲ့သည်။
ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့တော်တွင် လေထုညစ်ညမ်းမှုအဆင့် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးအတွက် အနီရောင်အဆင့် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိခဲ့သည်။
Source: ဘန်ကောက်ပို့စ်

- By CNI
- Category: ရာသီဉတု
- Hits: 4365
CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၄
ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ဘန်ကောက်မြို့တော်သည် ရေကြီးရေလျှံမှုအန္တရာယ်မှ ကင်းလွတ်လိမ့်မည်ဟု ပြည်သူများကို ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် နွန်သာဘူရီပြည်နယ်(Nonthaburi)၊ ပက်ခရတ်ဒေသ(Pak Kret)ရှိ တော်ဝင်ဆည်မြောင်းစနစ် ဌာနသို့ အောက်တိုဘာ ၂ ရက်က သွားရောက်၍ ရေအခြေအနေကို စစ်ဆေးခဲ့သည်။
၂၀၁၁ ခုနှစ်က ထိုင်းနိုင်ငံသည် ယခုနှစ်နှင့် နှိုင်းယှဉ်လျှင် မုန်တိုင်း ၅ ခုကို ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်မူ မုန်တိုင်း ၁ ခုသာ ကြုံတွေ့ခဲ့သည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်တွင် မိုးရေချိန်သည် ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းကျော် ပိုများခဲ့ပြီး ယခုနှစ်တွင် ပျမ်းမျှမိုးရေချိန် အောက် ၂ ရာခိုင်နှုန်းသာ ပိုများသည်ကို မြင်တွေ့ခဲ့ရသည်။
အဓိက ရေကာတာကြီးများသည်လည်း ၂၀၁၁ ခုနှစ်နှင့်မတူဘဲ ယခုနှစ်တွင် ရေများကို ပိုမိုထိန်းထားနိုင်သေးသည်။
ဘန်ကောက်မြို့အလှကို တွေ့ရစဉ်
၂၀၁၁ ခုနှစ်တွင် ရေသိုလှောင်နိုင်စွမ်းထက် ပိုများသောကြောင့် ရေပိုများကို ထုတ်လွှတ်ခဲ့ရသည်ဟုပြောသည်။
" ဘန်ကောက်မှာ ရေကြီးမယ့်အရေး စိုးရိမ်ပူပန်နေသူတွေအနေနဲ့ မစိုးရိမ်ကြပါနဲ့။ ဘန်ကောက်မှာ ရေကြီးရေလျှံ တာမျိုး မကြုံရပါဘူး" ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၂ ရက်က မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများကြောင့် ရေသည် ပင်း(Ping)၊ ဝမ်(Wang)၊ ယွန်(Yom)နှင့် နမ်(Nan) မြစ်များမှ နာခွန်းဆာဝမ်(Nakhon Sawan)ရှိ ကျောက်ဖရား(Chao Phraya)မြစ် အတွင်း သို့ စီးဝင်သွားသည်။
ထို့ကြောင့် ချိုင်းနတ်ရှိ(Chai Nat) ကျောက်ဖရား ရေကာတာ၏ ရေအမှတ်သည် မြင့်တက်ခဲ့ကာ တစ်စက္ကန့်လျှင် ရေ ၁၈၉၉ ကုဗမီတာနှုန်း ထုတ်လွှတ်ခဲ့ရသည်ဟု ဆိုသည်။
ရေအရင်းအမြစ်ဌာနက ရေထုတ်လွှတ်မှုသည် တစ်စက္ကန့်လျှင် ၃၀၀၀ ကုဗမီတာထက် မကျော်လွန်စေရန် စောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ဘန်ကောက်နှင့် အနီးအနားရှိ ပြည်နယ်များ အပါအဝင် ကျောက်ဖရားမြစ် အောက်ဘက်ခြမ်းရှိ အာဏာပိုင်များက မြောက်ဘက်မှ စီးဆင်းလာသော ရေများကို စီမံခန့်ခွဲရန် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု သတင်း အရင်းအမြစ်တစ်ဦးက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်