- By CNI
- Category: ရာသီဉတု
- Hits: 1946
CNI International News
ဘန်ကောက်၊ စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ရေလွှမ်းမိုးမှုများ ဆက်လက် ဖြစ်ပွားနေချိန်တွင် ချင်းရိုင် (Chiang Rai) ပြည်နယ်၊ မယ်ဆိုင် (Mae Sai) ခရိုင်တွင် ရေဘေးသင့်မှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသူများကို ကူညီပေးရန် ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) က စက်တင်ဘာ ၁၃ ရက်တွင် အရာရှိများကို အမိန့်ပေးခဲ့ သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
"ကျမတို့အနေနဲ့ အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို အစားအစာနဲ့ သောက်သုံးရေးတွေ အလျင်အမြန် ပေးပို့ဖို့ လိုအပ်ပါတယ်" ဟု မယ်ဆိုင်သို့ ယာယီရောက်ရှိလာခဲ့သည့် ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်သူအားလုံး၏ ဘေးကင်းလုံခြုံရေးလည်း အရေးကြီးကြောင်း ၎င်းက ဆိုသည်။
ထိုင်းအစိုးရသည် ရေဘေးသင့်ပြည်သူများကို ကူညီရန် ဗဟိုအသုံးစရိတ်ကို လျာထားခဲ့သဖြင့် အခြေအနေ တိုးတက်ကောင်းမွန်လာမည့်အချိန်ကို မစောင့်ဘဲ ကူညီမှုများကို ချက်ချင်းလုပ်ဆောင်ခွင့်ရှိသည်။

ဝန်ကြီးချုပ် ပေတုန်တန် ရေဘေးသင့်ပြည်သူများနဲ့တွေ့ဆုံစဉ်
မယ်ဆိုင်ခရိုင်သည် ရေလွှမ်းမိုးမှုကို အဆိုးရွားဆုံး ခံစားခဲ့ရသည့် ခရိုင်များထဲတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ဆိုင်မြစ်မှ ရေများလျံကျလာသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် မယ်ဆိုင်မြို့၏ အချို့နေရာ ဒေသများတွင်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသဖြင့် အစားအစာများနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို ရဟတ်ယာဉ်များဖြင့်သာ ပို့ဆောင်နိုင်မည်ဖြစ်သည်။
ရေလွှမ်းမိုးမှုများကြောင့် ချင်းရိုင်သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို စက်တင်ဘာ ၁၂ ရက်တွင် ဆိုင်းငံ့ ခဲ့ရသော်လည်း စက်တင်ဘာ ၁၃ ရက်တွင်မူ လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခဲ့သည်။
ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မယ်ဆိုင်နှင့် အနီးဝန်းကျင် နေရာဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရေဘေးသင့်နေတဲ့ မယ်ဆိုင်မြို့ကို ပေတုန်တန်သွားရောက် စစ်ဆေးနေစဉ်
ချင်းရိုင်၏ ရပ်ကွက် ၆ ခုတွင် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် လူ ၄ ဦးထက်မနည်း သေဆုံခဲ့ပြီး အိမ်ထောင်စုပေါင်း ၄၅,၃၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း ဘေးအန္တရာယ် တားဆီးရေးနှင့် လျော့ပါးသက်သာ စေရေးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုအချိန်အတောအတွင်း မယ်ဆိုင်နှင့် တာချီလိပ်အကြား စစ်ဆေးရေးဂိတ်တွင် လူသွားစင်္ကြံလမ်းကို စက်တင်ဘာ ၁၃ ရက်တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း လမ်းလျှောက် ဖြတ်သန်းခွင့်သာ ခွင့်ပြုပေးထားပြီး မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ကို တားမြစ်ပိတ်ပင်ထားသည်။
ထိုစစ်ဆေးရေးဂိတ်သည် ဆိုင်မြစ် (Sai River) ပေါ်မှ ဖြတ်သန်းဖောက်လုပ်ထားသည့် အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် ချိတ်ဆက်ထားသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ရာသီဉတု
- Hits: 2509
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြီးမှုကြောင့် ပေ ၁၅-၂၀ ပေအထိ ရေနစ်မြှုပ်ခဲ့ကာ လူဦးရေ ၁၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အလောင်း ၄၀ ဦး ဆယ်ယူရရှိထားပြီးဖြစ်ကြောင်း လူနေအိမ် ၅၀၀ ခန့် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

Thin Zar Htet ဖေ့စ်ဘွတ်ခ်အကောင့်က “ဒီတစ်ခါ အသေအပျောက်တွေရှိရတဲ့ အကြောင်းရင်းက လူကြီး သူမတွေက နှစ်တိုင်းတက်နေကျပါအေဆိုပြီး ရွှေ့ခိုင်းမရလို့များတယ်တဲ့၊ ရေတက်အရမ်းမြန်တာမို့ ဘာမှလုပ်ချိန်မရပါဘူးတဲ့၊ ခုတော့ ဖုန်းလိုင်းတချို့ပြန်ရပြီ ပြောပါတယ်။ မီးမလာတော့ အားကုန်နေကြတယ်၊ MPT တွေတော့ရတယ် အသံတော့သိပ်မကြည်ပါဘူး။ စားသောက်ဖို့ကလည်း ဆိုင်တွေအကုန်မြှုပ်တော့ ရောင်း ပေးနိုင်တဲ့ဆိုင် သိပ်မရှိဘူးပြောပါတယ်။ ကိုကြည်မြင့်ဆိုင်ထိ ရေတက်ထားတာမို့လေ ။ အချင်းချင်း ကူလို့ရသမျှ တော့ ကူနေကြပါတယ်တဲ့ လမ်းတွေလည်း စရှင်းနေကြပြီပြောပါတယ်”ဟု ကလောရေကြီးမှု အနောက်ဆုံး အခြေအနေနှင့်ပတ်သက်ပြီး ရေးသားထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော် စသည့် ဒေသများမှာ ရေကြီးရေ လျှံ ဖြစ်ကာ ဒေသတွင်းနေ ပြည်သူများ ရေဘေးရှောင်နေကြရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 5235
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့အတွင်းရှိ အနိမ့်ပိုင်း ရပ်ကွက်များ ရေနစ်မြှုုပ်နေပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
မောက်မယ်မြို့၊ ဈေးတန်းရပ်ကွက် အနိမ့်ပိုင်း နေရာများနှင့် ကွန်ကျိုင်း၊ မွေတော်၊ တောင်မြို့ရပ်ကွက်များတွင် စက်တင်ဘာ ၁၂ ရက်နေ့က စတင်၍ ရေကြီးရေလျှံမှုများဖြစ်ကာ ဒေသတွင်းနေ ပြည်သူလူထု ၁၀၀၀ ဝန်းရှိ ရေဘေးသင့်ကာ အကူအညီလိုအပ်နေသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် နွား ၇ ကောင် ရေနစ်သေဆုံးပြီး ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက် ဆက်သွယ်ထားသော တံတားရေထဲမျှောပါသွားကြောင်း၊ ဆက်သွယ်ရေးလိုင်းများနှင့် လျှပ်စစ်မီးများ ပြတ် တောက်သွားကြောင်း၊ တောင်ပြိုခြင်းနှင့် သစ်ပင်ကြီးများလှဲကျကာ လမ်းများပိတ်ဆို့နေကြောင်း၊ တောင်သူများ ၏ စပါးခင်းများ ရေလွှမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော် စသည့် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ကာ ရေဘေးသင့် ပြည်သူအများအပြားရှိ အကူအညီလိုအပ်နေသည်။
- By CNI
- Category: ရာသီဉတု
- Hits: 5041
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သံလွင်မြစ်ရေကြီးကာ ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းသို့ ဝင်ရောက် လာသည့်အတွက် ယနေ့ (စက်တင်ဘာ ၁၃ ရက်) နေ့လယ် ၁၁ နာရီခွဲက ဘားအံမြို့အတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေသည်။
ဘားအံမြို့မှ သံလွင်တံတားကိုအထွက် တိုင်းရင်းဆေးရုံရှေ့ မြင်ကွင်းကို အောက်ပါပုံများအတိုင်း တွေ့ရသည်။

ဘားအံမြို့ဒေသခံ တစ်ဦးက “ သံလွင်မြစ်ရေ မြို့ထဲကို အရှိန်နဲ့စီးဝင်နေပါတယ်။ ကားအနိမ့်တွေ ဖြတ်သန်းလို့ အဆင်မပြေပါ”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ကာ ရေဘေးအန္တရာယ် သတိပေးမှုများ ထုတ်ပြန် ထားရပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 782
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီး၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွား လမ်းမကြီး ပျက်စီးသွားသည်ကို တွေ့ရသည်။

ကျိုင်းတုံ-တာချီလိတ်သွား လမ်းမြင်ကွင်းကို တွေ့ရစဉ် (CJ)
- By CNI
- Category: ရာသီဉတု
- Hits: 2305
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေကြီးမှုကြောင့် မြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်မြို့က ရေပြန်ကျပြီးနောက် မြင်တွေ့ရစဉ် (CJ)
ထို့နောက် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆန်ဆိုင်းဘုန်းကြီးကျောင်း အနီးဝင်ကျင်တွင် စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ရေပြန်ကျသွားပြီးနောက် အခြေအနေကို အောက်ပါပုံများအတိုင်း မြင်တွေ့ရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 2855
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သည် တောင်ကျရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အင်တာနက်နှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း (တာချီလိတ်၊ ကျိုင်းတုံ)၊ မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ပျော်ဘွယ်မြို့နယ် စသည့် ဒေသများ တွင် ရေကြီးရေလျှံဖြစ်ကာ ရေဘေး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 4367
CNI International News
ဟနွိုင်း၊ စက်တင်ဘာ ၁၃
ဗီယက်နမ်နိုင်ငံတွင် အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ (Yagi) တိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် ၁၉၉ ဦးအထိရှိလာခဲ့ကာ ပျောက်ဆုံးသူ ၁၂၈ ဦးရှိနေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဗီယက်နမ်၏ VN Express သတင်းစာတွင် ဖော်ပြချက်အရ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် စက်တင်ဘာ ၁၂ ရက်နေ့အထိ ရရှိထားသည့် သတင်းများအရ လူ ၁၉၉ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ဟနွိုင်း (Hanoi) မြို့တော်တွင် မြစ်နီ (Red River) မြစ်မှ ရေများလျှံမှုကြောင့် နေရာဒေသ အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။
ရေလွှမ်းမိုးနေသည့် နေရာဒေသများတွင် နေထိုင်သော ဒေသခံများကို စက်တင်ဘာ ၁၀ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး စက်တင်ဘာ ၁၁ ရက်အထိ လျှပ်စစ်ဓာတ်အားများနှင့် သောက်သုံးရေများ ပြတ်လပ်လျက်ရှိ သည်။

ဗီယက်နမ်မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်နေစဉ်
ယာဂီမုန်တိုင်းသည် ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် တိုက်ခတ်သည့် အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်က ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကာ လေတိုက်နှုန်း တစ်နာရီ ၁၄၉ ကီလိုမီတာ (၉၂ မိုင်) ရှိခဲ့သည်။
ထိုမုန်တိုင်းသည် စက်တင်ဘာ ၈ ရက်တွင် အားပျော့သွားသော်လည်း ဒေသတွင်းနိုင်ငံများ၌ မိုးများ ဆက်လက် ရွာသွန်းနေပြီး ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနေသည်။
ယာဂီမုန်တိုင်းသည် ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် မြန်မာနိုင်ငံတို့တွင်ပါ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေသည်။
ထိုမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၀ ၊ တရုတ်တွင် သေဆုံးသူ ၄ ဦး၊ ဗီယက်နမ်တွင် သေဆုံးသူ ၁၉၉ ဦးနှင့် ထိုင်းတွင် သေဆုံးသူ ၈ ဦးရှိခဲ့သည်။
သမုဒ္ဒရာရေများ ပူးနွေးလာမှုက မုန်တိုင်းများကို ပိုမိုအားကောင်းစေခဲ့ကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ကြောင့် တိုင်ဖွန်းယာဂီကဲ့သို့ မုန်တိုင်းများသည် ယခင်ကထက် ပိုမိုဆိုးရွား ပြင်းထန်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: အေပီ
