CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ ပြင်သစ် ကြယ်ပွင့် ဘာကိုလာဟာ PSG အသင်းကနေ ထွက်ခွာခွင့်တောင်းထားတယ်လို့ talkSPORT က ဖော်ပြထား ပါတယ်။
ဘာကိုလာဟာ ပြီးခဲ့တဲ့ရာသီမှာ PSG အသင်းအတွက် ၄၉ ပွဲ ကစားခဲ့ပြီး ၁၃ ဂိုးသွင်းယူကာ လီဂူး-၁ နဲ့ ချန်ပီယံ လိဂ်ဖလား အောင်မြင်မှု ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဘာကိုလာဟာ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ PSG အသင်းရဲ့ ပွဲထွက် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရတာပါ။
အာဆင်နယ်နဲ့ လီဗာပူးလ်အသင်း ၂ သင်းစလုံးဟာ ဘာကိုလာကို ခေါ်ယူချင်နေတာကြောင့် ကစားသမားကလည်း ပုံမှန်ကစားခွင့်ရဖို့ PSG အသင်းကနေ ထွက်ခွာခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။
ဘာကိုလာဟာ ဘယ်ဘက်အခြမ်းမှာ အဓိက ကစားတာဖြစ်ပြီး အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ မှာ ဘယ်ဘက်အခြမ်းကို အားဖြည့်ချင်နေတာကြောင့် သူ့ကို ပစ်မှတ်ထားနေတာပါ။

ဘာကိုလာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ နောက်ထပ် ပစ်မှတ်ဖြစ်တဲ့ ကလပ်ဘရုဂျ်အသင်း တောင်ပံကစားသမား ဇိုလစ်နဲ့လည်း ဆွေးနွေးမှုတွေ စတင်နေပါတယ်။
ဇိုလစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်ဘရုဂျ်အသင်းအတွက် ၂၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ကြောင့် ဘယ်လ်ဂျီယံလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ကလပ်ဘရုဂျ်အသင်းက ဇိုလစ်ကို ယူရိုသန်း ၄၀ တန်ကြေး သတ်မှတ်ထားတာပါ။
ဘာကိုလာကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့ဖလားပွဲတွေကစားဖို့ ဘော်စတွန်မှာ ပြင်သစ်အသင်းနဲ့ လေ့ကျင့် ပြင်ဆင်နေပြီး အဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်မှာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
Source: metro
