CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး တပ်မတော်အရာရှိကြီးများကို တာဝန်ပေး

By CNI News
CNI News
Category: လူမှုဘဝ
Hits: 327

 

CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်အရာရှိကြီး ၁၄ ဦးကို ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ အသီးသီး တာဝန်ခွဲဝေ ပေးအပ်ခဲ့ကြောင်း နစက-က မေလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သွားသည်။

 

Share
Tweet
Share
Share
powered by social2s

မုန်တိုင်းသင့် ပြည်သူများ ထောက်ပံ့ရေး အိန္ဒိယရေတပ်သင်္ဘော ရောက်လာ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 652

 

CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ ရခိုင်တစ်ပြည်နယ်လုံး အပါအဝင် မြန်မာနိုင်ငံအတွင်း မေလ ၁၄ ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်သွားခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ကြောင့် မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအ ညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများကို ကရုဏာမစ်ရှင် အစီအစဉ်ဖြင့် အိန္ဒိယအစိုး ရသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vinay Kumar မှတဆင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းထံ မေလ ၁၈ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများဖြစ်သော အရေးပေါ် အစားအစာ၊ မိုးကာတဲများ၊ ရွှေ့ပြောင်းရလယ် သော မီးစက်များ၊ အဝတ်အထည်များ၊ ရေစုပ်စက်များ၊ ဆေးဝါးများ၊ တာပေါ်လင်စများ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်းများ၊ ဘီးတပ် ထိုင်ခုံများနှင့် နှာခေါင်းစီး အပါအဝင် စုစုပေါင်း တန်ချိန် ၄၀ ကို အိန္ဒိယရေတပ် သင်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့ တင်ဆောင်လာခဲ့ပြီး မေလ ၁၈ ရက် တွင် ရန်ကုန်မြို့မှာ ဆိုက်ကပ်ခဲ့သည်။

ထို့နောက် အရေးပေါ် ဆေးဝါးများနှင့် ဆေးသေတ္တာများကို အိန္ဒိယရေတပ်သင်္ဘောဖြစ်သည့် INS Gharial က မေလ ၁၉ ရက်နေ့တွင် တင်ဆောင်လာမည်ဖြစ်သည်။

ထိုပစ္စည်းများအားလုံးကို ရခိုင်ပြည်နယ်သို့ ချက်ခြင်းပေးပို့မည်ဖြစ်ပြီး မုန်တိုင်းဒဏ် ထိခိုက်ခံစားရသည့် လူမှု အသိုင်းအဝန်းများကို ဖြန့်ဖြူးပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့သည်။