
- By CNI
- Category: စီးပွားရေး
- Hits: 209
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁
စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် “စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ”ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့စွဲဖြင့် ဖွဲ့စည်းခဲ့ ကြောင်း နစက,က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကော်မတီတွင် ဒုဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး(ဥက္ကဋ္ဌ)၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး(ဒုဥက္ကဋ္ဌ-၁)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ဒုဥက္ကဋ္ဌ-၂)၊ စစ်ရေးချုပ်(ဒုဥက္ကဋ္ဌ-၃) နစကဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄)မှ ပြည်ထောင်စုဝန် ကြီး (အတွင်းရေးမှူး)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ပြန်လည်နေရာ ချထားရေးညွှန်ကြားရေးမှူးရုံး- ညွှန်ကြားရေးမှူး(တွဲဖက်အတွင်းရေး)တို့ ပါဝင်ကြသည်။
ထို့နောက် အဖွဲ့ဝင်များအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာ န၊ စိုက်ပျိုးရေး-မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း-ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ ပါဝင်ကြသည်။
အဆိုပါ ကော်မတီသည် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများသည် ရန်သူကြောင့် မသန်စွမ်းဖြစ်မှု EA1၊ EA2 နှင့် NEA များကို အမြဲတမ်း စစ်မှုထမ်းများနည်းတူ စစ်ရေးချုပ်ရုံးကွပ်ကဲမှုအောက် ပြည်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး အစီအစဉ်ဖြင့် အမဲတမ်း စစ်မှုထမ်း EA များနည်းတူ ပြန်လည် နေရာချထားနိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။
စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး ကော်မတီဖွဲ့စည်းမှုက ကောင်းမွန်ကြောင်း၊ သို့သော် လက်တွေ့ မြေပြင်တွင် တကယ် အကျိုးခံစားခွင့်ရရှိအောင် ဆောင်ရွက်ပေးမှသာလျှင် လူထု၏ ထောက်ခံမှုကို ရရှိမည်ဖြစ်ကြောင်း၊ လက် တွေ့ အောက်ခြေစစ်မှုထမ်းများ၏ အခြေအနေကို ပြန်လည် စုံစမ်းကြည့်မည်ဆိုပါက ဘယ်လိုအခြေအနေများ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း တပ်မတော်အသိုင်းအဝန်းနှင့်နီးစပ်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင် ပြောင်းလဲလာသော နိုင်ငံရေးအကျပ်အတည်းနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ နိုင်ငံသားများကို စစ်မှုထမ်းခေါ်ယူခဲ့ သည်မှာ အပတ်စဉ်(၁၅)အထိ ရောက်ရှိနေပြီးဖြစ်သည်။
နစကသည် စစ်မှုထမ်းများကို တစ်ပတ်စဉ်လျှင် လူဦးရေ ၅၀၀၀ နှုန်းခေါ်ယူခဲ့သည့်အတွက် ယခု အပတ်စဉ် (၁၅) ထိရောက်ရှိလာပြီးဖြစ်၍ လူဦးရေ ၇၅၀၀၀ ရှိပြီးဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 283
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅
နစကသည် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်နေခြင်းက ငွေကြေးဖောင်းပွမှုနှင့် ငွေစက္ကူ ရိုက်ထုတ်မှုကို လျှော့ချနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
နစကသည် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်မည်ဆိုလျှင် အင်တာနက်လိုင်းများ ကောင်းမွန် အောင် လုပ်ဆောင်ပေးရန် လိုအပ်သလို တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ကွန်ယက်ကို တည်ဆောက်ပေးရန်လို ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ် သုံးစွဲသူများ၏ လုံခြုံရေးကို အားကောင်းရေးကိုလည်း တည်ဆောက်ပေးရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ မကောင်း၍ ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲမှုများ အဆင်မပြေဖြစ်နေ သလို Pay စနစ်များ၌ ဟက်ခံရပြီး ငွေများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ် သုံးစွဲသူ များ၏ ငွေများကို ဟက်သွားသူများအား ဖမ်းဆီး အရေးယူပေးနိုင်မှုများလည်း အားနည်းနေကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ် ဝန်ဆောင်မှုများကို ကောက်ခံရမှာလည်း သတ်မှတ်နှုန်းထားများမရှိဘဲ ကောက်ခံချင်သလို ကောက် ခံနေကြကြောင်း ပြည်သူများက ထောက်ပြကြသည်။
MMQR စနစ်ကို မိတ်ဆက်နေစဉ်
အစိုးရအဆက်ဆက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ နစကသည် ငွေကြေး ဖောင်းပွမှုကို လျှော့ချနိုင်ရန်အတွက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီဟာကတော့ ကျနော်တို့က အရင်ထဲကလည်း အစိုးရအဆက်ဆက် လုပ်ဖို့ကြိုးစား နေကြတာပါပဲ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း လုပ်တာပါပဲ။ ထိုင်းမှာလည်း လုပ်တယ်၊ တရုတ်မှာဆိုလည်း ကျနော်တို့ ခရီးတွေ ဘာတွေသွားလို့ ဝယ်လာခဲ့ပြီဆိုရင် ဒီပစ္စည်းတွေ ဘာတွေဆိုရင် ဒါဖုန်းထဲကနေ scan ဖတ်ပြီးပေးတယ်၊ ဒါမျိုးတွေ လုပ်ကြတာပါပဲ။ ဒါပေမယ့် နစက ဒီအချိန်မှာ လုပ်ချင်တာကတော့ ကျနော့်အထင်ကတော့ နှစ်ပိုင်းရှိ တယ်ပေါ့။ တစ်ပိုင်းကတော့ ပုံမှနပဲ ဒါကမ္ဘာ့ငွေကြေး ပြောင်းလဲမှုတွေနဲ့ အပါအဝင် ကျနော်တို့ လွယ်ကူလျှင် မြန်မာငွေ ပေးချေမှုတွေနဲ့ လုံခြုံစိတ်ချရမှုတွေအတွက် ပြောရင်တော့ တိုးတက်တဲ့ အရွေ့တစ်ခုကို လိုက်ပါ ရွေ့လျားတာပေါ့။ ဒုတိယအပိုင်းကတော့ ကျနော်တို့ ဒီငွေကြေးဖောင်းပွမှု ပြဿနာ၊ ငွေစက္ကူ ရိုက်ထုတ်ရမှု ပြဿနာတွေကို လျှော့ချနိုင်မယ့် အနေအထားမျိုးလို့တော့ မြင်တယ်။ သေချာတာ တစ်ခုကတော့ digital curre ncy တစ်ခုကို သွားပြီဆို ရင်တော့ ကျနော်တို့က ဗဟိုဘဏ်ရဲ့ ငွေကြေးအသစ် ရိုက်ထုတ်ရမှုက နည်းသွားပြီးတော့ ဒီကိန်းဂဏန်းတွေ အရပဲ။ ကျနော်တို့က သွားတော့မှာ ဖြစ်ပါတယ်။ အဲတော့ ဒီအပိုင်းကိုလည်း အစိုးရအနေနဲ့ ထိန်းချုပ်ကိုင်တွယ်ချင်တဲ့ အပိုင်းလို့ ကျနော့် အနေနဲ့မြင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို နိုင်ငံ့ လူဦးရေ ၁၅ ရာခိုင်နှုန်းလောက်ကသာ သုံးနိုင်ပြီး ၈၅ ရာခိုင်နှုန်းက မသုံးစွဲနိုင်ဘူးဆိုလျှင် လုပ်ငန်းအောင်မြင်ရန် ခက်ခဲကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ဒစ်ဂျစ်တယ် ငွေကြေးစနစ်၏ လုံခြုံရေးပိုင်းနှင့်ပတ်သက်ပြီး အပြင်ကနေ ဟက်ကာ(Hacker)လုပ်ခြင်းသည် အတွင်းရှိ ဝန်ထမ်းများကနေ လုပ်နေခြင်းက ပိုမိုများပြားနိုင်ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ်၏ လုံခြုံရေးကို ဂရုစိုက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌကို MMQR စနစ်အကြောင်း ရှင်းပြနေစဉ်
၎င်းက “အမှန်တိုင်း ပြောရရင်တော့ အပြင်ကနေ ဟက်တာထက်လေ အတွင်းကနေ ဝန်ထမ်းတွေ ကနေပြီးတော့ မှ လုပ်နေတဲ့ဟာတွေက ပိုများမယ်လို့တော့ ထင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒါမျိုးကိစ္စတွေကျတော့ သူတို့က public sharing တွေက သိပ်မရှိဘူးလေ။ public ကို announce လုပ်တဲ့ဟာမျိုးတွေက အရမ်းရှားတယ်။ နောက် အဓိက,ကတော့ သူတို့က ဟိုးလေးတကြော် ဖြစ်တဲ့ကိစ္စလောက်သာ ဒါသိခွင့်ရှိတာပေါ့၊ public ကလေ။ ဆိုတော့ တကယ်တမ်းတော့ အပြင်က hacker တွေ hack တာမျိုးထက်ကို ဟိုဟာလေ ဒီအခုဖြစ်နေတဲ့ ပြဿနာတွေက အတွင်းက ဘဏ်ဝန်ထမ်းကနေ လုပ်တဲ့ဟာမျိုးတွေလည်း ရှိတယ်။ နောက်တစ်ခုကတော့ ခုနက ဒီအားလုံး သိပြီး သား အွန်လိုင်း ကျားဖြန့်ပေါ့။ ဒါကကျတော့လည်း public awareness နဲ့ဆိုင်သွားပြီပေါ့”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာတွင် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများသည် ဒစ်ဂျစ်တယ် ငွေကြေစနစ် ကနေ အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်နေကြသလို ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို သက်ဆိုင်ရာလုပ်ငန်းများရှိ ဝန်ထမ်းများဖြင့် ပူးပေါင်း၍ ဟက်ခံရခြင်းများကြောင့် ငွေကြေး ဆုံးရှုံးမှုများ ရင်ဆိုင်နေကြရသည်။
အလားတူ မြန်မာနိုင်ငံ တစ်ဝန်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် အင်တာနက်လိုင်းများ မရရှိ ကြသလို လျှပ်စစ်မီး ဖြတ်တောက်မှုများ ခံနေရခြင်းကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီး များမှ လွဲ၍ ကျန်နယ်ဒေသများတွင် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အသုံးပြုရန် အလွန်ခက်ခဲလျက်ရှိနေသည်။
နစကသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ မြန်မာကျူအာ(MMQR) စနစ်သည် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု ကျူအာကုတ်စနစ်ဖြစ် သည်။

- By CNI
- Category: စီးပွားရေး
- Hits: 511
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် မြန်မာနိုင်ငံမှ တင်သွင်းမည့် ပို့ကုန်များအပေါ် စည်းကြပ်ခွန် ကောက်ခံရာမှာ ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က စာပေးပို့ ညှိနှိုင်းလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ မြန်မာနိုင်ငံကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားစာ တစ်စောင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့ ခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်၍ ညှိနှိုင်းဆွေးနွေးလိုကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က အကြောင်းပြန်ကြားစာ သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့သည်။
သမ္မတထရမ့်ထံ နစကဥက္ကဋ္ဌ ပေးပို့သည့်စာကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘက်ညီမျှသော ကုန်သွယ်မှု ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များအပေါ် ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိ ကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုပါတယ်”ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မထင်မှတ်သည်များ ပြုလုပ်လေ့ရှိသည့်အတွက် မြန်မာဘက်က တောင်းဆိုမှုကို လက်ခံနိုင်ခြေလည်း ဖြစ်သွားနိုင်ကြောင်း၊ သို့သော် ရာခိုင်နှုန်း မည်မျှထိ လျှော့ပေးမည်ကိုတော့ စောင့်ကြည့်ရန်လိုကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မှန်းရခက်တယ်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်သမ္မတ ကိုယ်တိုင်ကိုယ်က မထင်မှတ်တာတွေ အရမ်းလုပ်တတ်တဲ့ အခါကြတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျနော်တို့ ဒီအာရှပေါ့၊ အရှေ့တောင်အာရှ ဘက်ကို နိုင်ငံခြားရေးမူဝါဒကို နည်းနည်းလေး ဇောင်းပေးလာတဲ့သဘော သတင်းလေးတွေ တက်လာတာ တွေ့ရ တယ်ပေါ့။ ဒီ SAC ဘက်က တောင်းဆိုချက်ကို အမေရိကန်ဘက်က လိုက်လျောနိုင်ဖို့ ရာခိုင်နှုန်း နည်းတယ်လို့ လည်း ပြောလို့မရဘူးပေါ့။ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အာဆီယံတွေ၊ အရှေ့တောင်အာရှမှာ ဘယ်လို ဖြစ်လာမလဲဆိုတဲ့ဟာလည်း ကျနော်တို့က စောင့်ကြည့်ရအုံးမှာဆိုတော့ပေါ့နော်။ တခုခု ပြန်တုံ့ပြန်နိုင်ကောင်း လည်း တုံ့ပြန်နိုင်ခြေတော့ ရှိတယ်ပေါ့နော်။ တဖက်က တောင်းဆိုသလိုမျိုး ဖြစ်နိုင်ခြေတော့ရှိတယ်။ ဘယ်လောက် ရာခိုင်နှုန်း ဖြစ်မလဲတော့ နည်းနည်းလေးတော့ မှန်းဆရခက်တာပေါ့။ အခုချိန်မှာ ဒေါ်နယ်ထရမ့်က သူ့ရဲ့မူဝါဒကို ဘယ်လိုမျိုး အရှေ့တောင်အာရှအပေါ်မှာ ကစားမလဲပေါ့။ ခုနက ပြောသလို တရုတ်နဲ့အပြိုင် ကစား မလားဆိုတဲ့ဟာ ပေါ်မှာလည်း မူတည်နေတယ်ဆိုတော့လေ” ဟု ပြောသည်။
မြန်မာအထည်ချုပ် လုပ်ငန်းကို တွေ့ရစဉ်
အမေရိကန်က မြန်မာကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှုကို ဖြေလျှော့အောင် မလုပ်နိုင်ပါက အထည်ချုပ်လုပ်ငန်းများ ထိခိုက်လာနိုင်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူများက ထောက်ပြလျက်ရှိသည်။
မြန်မာနှင့်အမေရိကန်သည် ၂ဝ၂၃ - ၂ဝ၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိပြီး ၂ဝ၂၄ - ၂ဝ၂၅ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 317
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
အမေရိကန်မှ မြန်မာနိုင်ငံကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်လိုပါကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ မြန်မာနိုင်ငံကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားစာ တစ်စောင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့ ခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်၍ ညှိနှိုင်းဆွေးနွေးလိုကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်က အကြောင်းပြန်ကြားစာ သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘက်ညီမျှသော ကုန်သွယ်မှု ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များအပေါ် ၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကြား ချိန်ညှိ ကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုပါကြောင်း၊ လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသည့်အပြင် လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီ မုန်တိုင်း ရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ ငလျင်ကြီးများကြောင့် ပြင်းထန်သော စိန်ခေါ်မှုများ ဆက်တိုက် ကြုံ တွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသော စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင် ဖြေရှင်းနေရသည့် အချိန် လည်းဖြစ်ကြောင်း ၎င်းက သမ္မတထရမ့်ကို ပေးပို့သော စာတွင် ပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မြန်မာနိုင်ငံ၏ ပကတိ အခြေအနေမှန်များကို နိုင်ငံတကာက သိရှိမှုမရှိဘဲ သတင်းမှားများကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ ရပါကြောင်း၊ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားရာ ထိုအရေးယူ ပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှ အကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူ များ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ယခင်က ချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန် လည်း အထူးမေတ္တာရပ်ခံအပ်ပါတယ်”ဟု ပြောသည်။
အမေရိကန်က မြန်မာကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမှုကို ဖြေလျှော့အောင် မလုပ်နိုင်ပါက အထည်ချုပ်လုပ်ငန်းများ ထိခိုက်လာနိုင်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလေ့လာ သုံးသပ်သူများက ထောက်ပြလျက်ရှိသည်။
မြန်မာနှင့်အမေရိကန်သည် ၂ဝ၂၃ - ၂ဝ၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိပြီး ၂ဝ၂၄ - ၂ဝ၂၅ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 363
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မြန်မာနိုင်ငံကို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသော အကြောင်းကြားစာကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ ထိခိုက်လာနိုင်သလို အလုပ်လက်မဲ့နှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
သမ္မတထရမ့်၏ ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည့် အသိပေး အကြောင်းကြားစာကို နစကမှ လက်ခံ ရရှိခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဇူလိုင် ၈ ရက်တွင် ပြောကြားထားသည်။
မြန်မာနိုင်ငံကို အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံခြင်းက စီးပွားရေး ပြဿနာများသာမက အလုပ်လက်မဲ့ ပြဿနာ များပါ ကြုံတွေ့ရနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်
၎င်းက “အဓိကတော့ Garment(အထည်ချုပ်)ပေါ့၊ မြန်မာနိုင်ငံက အများဆုံးတင်တာ Garment(အထည်ချုပ်)ပဲ လေ။ လောလောဆယ် နိုင်ငံခြားကို Export က Garment ဒေါ်လာ သန်း ၈၀၀ ဖိုးလောက်ရှိတယ်။ ၄ နှစ် ၅ နှစ်မှာ ဒါပေမယ့် ၄၀ ဆိုတဲ့ ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနိုင်ငံ အားလုံး ခြုံကြည့်လိုက်လို့ရှိရင် ဒါများတဲ့ ထဲမှာ တော့ ပါတာပေါ့။ အခွန်တိုးကောက်ရင် ဘာဖြစ်လဲ အခွန်ဝန်ထုပ်ဝန်ပိုးဆိုတာ ဖြစ်လာတယ်။ အခွန် တိုးကောက် လာလို့ဖြစ်လာတဲ့ ဝန်ထုပ်ဝန်ပိုးက ဖြစ်လာတဲ့ မကောင်းတဲ့ အကျိုးဆက်သည် အစိုးရလည်းမရ၊ ပုဂ္ဂလိကလည်းမရ၊ စားသုံးသူလည်းမရ၊ ထုပ်လုပ်သူလည်း မရဘဲနဲ့ ဒီတိုင်း ဆုံးရှုံးသွားတာရှိတယ်။ ကျွမ်းကျင်မှုရှိတဲ့ လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နိုင်တယ်၊ အသက် ကြီးတဲ့လူတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်၊ သူက စရိတ်တက်သွားပြီကို ဗမာပြည်ထဲကနေ တရုတ် Brand တွေနဲ့ပို့တဲ့ လုပ်ငန်းတွေလည်းရှိတယ်။ စီးပွားရေး ပြသာနာတင်မဟုတ်ဘူး။ ဒီပြင် တခြား Consistent Problem တွေပါ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့”ဟု ပြောသည်။
မြန်မာနှင့်အမေရိကန်သည် ၂ဝ၂၃ - ၂ဝ၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇ဝ၁ ဒသမ ၉ သန်းအထိရှိပြီး ၂ဝ၂၄ - ၂ဝ၂၅ ခုနှစ် ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပမာဏ အနေဖြင့် အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်းကျော်အထိရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံကို အမေရိကန်၊ ဥရောပ နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ထားခြင်းကြောင့် စီးပွားရေး ကျဆင်းနေသလို အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)ကလည်း မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူရန် ချမှတ် ထားခြင်းကြောင့် အထည်ချုပ်လုပ်ငန်းများ ထိခိုက်နေသလို အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာမှုများ ရှိနေခြင်းကြောင့် အလုပ်လက်မဲ့များ တိုးမြင့်လာနေသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယား၊ ဂျပန်နှင့် မလေးရှားကို ၂၅ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံသွားမည်ဖြစ်ပြီး လာအိုနှင့်မြန်မာကိုတော့ ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ ၃၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၃၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ် ၂၀ ရာခိုင်နှုန်း စသဖြင့် ကောက်ခံသွားမည်ဟု အကြောင်းကြားစာများ ပေးပို့ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးသည် လက်နက်တစ်ခုအဖြစ် အသုံးချခံနေရကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က အာဆီယံ အစည်းအဝေး မတိုင်မီ ဇူလိုင် ၉ ရက်က သတိပေးခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကွာလာလမ်ပူ (KUALA LUMPUR) မြို့တော်တွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေး၌ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံသည့် အကြောင်းအရာကို အဓိကထား ဆွေးနွေးခဲ့သည်။
ဩဂုတ် ၁ ရက်မှစပြီး အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှု အသက်ဝင်လာမည့် နိုင်ငံ ၁၄ နိုင်ငံအနက် အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ ပါဝင်နေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 295
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို အခွန်တိုးကောက်မည့် အခြေအနေနှင့် ပတ်သက်ပြီး အကြောင်းကြားစာ ပေးပို့ခဲ့သည့်အပေါ် ပြန်လည်၍ ညှိနှိုင်းသွားမည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
သမ္မတထရမ့်၏ စာထဲတွင် မြန်မာနိုင်ငံ၏ သွင်းကုန်များအပေါ် အခွန် ၄၀ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်က သွင်းကုန်များအပေါ် ဖြေလျှော့ပေးရန်၊ အမေရိကန်မှာ မြန်မာ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်ကြောင်း ပြောကြားထားသည်ဟု ၎င်းက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ပြော သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီစာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရရဲ့ သဘောထား အနေနဲ့ကတော့ နံပါတ်တစ် ကတော့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှု၊ ပြန်ကြားမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်နှစ် အချက် အနေနဲ့ကတော့ ဒီညှိနှိုင်းမှုတွေကနေပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များ ရရှိမယ်လို့ မျှော်လင့်ပါ တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်သည် ကုန်သွယ်မှု ပမာဏအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၇၀၁ ဒသမ ၉ သန်းခန့်ရှိပြီး ၂၀၂၄-၂၀၂၅ မှာတော့ အမေရိကန် ဒေါ်လာ ၅၈၈ ဒသမ ၃ သန်း ကျော် ရှိကြောင်း ၎င်းက ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာသို့ ကုန်သွယ်ခွန် တိုးမြှင့် ကောက်ခံ မည့် အကြောင်းကို စာများ အသီးသီး ပေးပို့ အကြောင်းကြားခဲ့သည်။

- By CNI
- Category: စီးပွားရေး
- Hits: 481
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃
ထိုင်းနိုင်ငံတွင် လက်ရှိ အလုပ်သမားဝန်ကြီးအသစ် လက်ထက်၌ အထောက်အထား စာရွက်စာတမ်း သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ သိန်းခန့်ကို အမြန်ဆုံး သက်တမ်းတိုးခွင့် ပြုစေလိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ မြန်မာရွေ့ပြောင်းလုပ်သား ၁၈ သိန်းခန့်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကတည်းက ဗီဇာ အပါအဝင် အထောက်အထား စာရွက်စာတမ်းများ သက်တမ်းကုန်ဆုံး နေခြင်းဖြစ်ကာ ထိုင်းအစိုးရမှ သက်တမ်းတိုးခွင့်ကို ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။
လက်ရှိ ထိုင်းနိုင်ငံ၌ အစိုးရအဖွဲ့ အပြောင်းအလဲကြား သက်တမ်းတိုးရေးကိစ္စကို တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အလျင်အမြန် ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
၎င်းက “ ကျနော်တို့လည်း အဲဒါကို လေ့လာစောင့်ကြည့်နေတာပါ။ ထိုင်းနိုင်ငံရေး အပြောင်းအလဲမှာ ကျနော်တို့ရဲ့ အလုပ်သမားအရေး စီမံခန့်ခွဲအုပ်ချုပ်တဲ့ လူကြီးကိုယ်တိုင် နုတ်ထွက်သွားပြီးတဲ့အခါမှာ လက်ရှိအချိန်မှာ ကျနော် တို့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈ သိန်းဟာ စာရွက်စာတမ်း သက်တမ်းတိုးတဲ့ကိစ္စတွေ ဒုက္ခရောက် နေတယ်။ အလုပ်သမားဝန်ကြီးသစ် တက်လာတဲ့အခါမှာ လေ့လာသုံးသပ်ရာမှာ ဒီအလုပ်သမားတွေနဲ့ပတ်သက်ပြီး သက်တမ်းတိုးတဲ့ကိစ္စကို အလျင်အမြန် ပြန်လည်ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်တာပေါ့။ ကျနော် တို့ လောလောဆယ် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၁၈ သိန်းဟာ ၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက သက်တမ်းတွေ ကုန်တယ်။ အဲဒါကို သက်တမ်းတိုးဖို့ ကိစ္စတွေက အခုထိ ဘာမှ အကောင်အထည် ဖော်နိုင်တာ တော့ မတွေ့ရသေးဘူး။ သူတို့ကတော့ ဖြေလျှော့ဥပဒေနဲ့ ဩဂုတ်လ ၁၃ ရက်နေ့အထိ ဒီအလုပ်သမားတွေက ပုံမှန်လုပ်ကိုင် သွားလာနေထိုင် စားသောက်နေရတယ်ဆိုတဲ့ ပုံစံမျိုးခွင့်ပြုထားတာပဲရှိတယ်။ ဒါတွေကို သက်တမ်း ဘယ်အချိန်တိုးမလဲ။ ဝန်ကြီးအသစ် ရောက်လာလို့ သက်တမ်းတိုးတဲ့ကိစ္စတွေများ အလျင်အမြန် ဆောင်ရွက် မလားလို့ မျှော်လင့်တာပေါ့" ဟု ပြောသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့အကြား နယ်စပ်အငြင်းပွားမှု ပြဿနာဖြစ်ပြီးနောက် ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ်ရတ်ချကစ်ပရကန်သည် ဇွန်လ ၁၉ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီးနောက် လက်ရှိတွင် ဝန်ကြီးအသစ် ဖုန်ကဝင် ဂျင်ရွန်းရန်ကစ် (Pongkawin Juangroongruangkit) ကို ခန့်အပ် တာဝန်ပေး ထားသည်။
အလုပ်သမားဝန်ကြီး အပြောင်းအလဲ ဖြစ်သော်လည်း အလုပ်သမား အရေးနှင့်ပတ်သက်၍ ယခင်ဝန်ကြီး လက်ထက်က စီစဉ်ခဲ့သည့်အတိုင်း ဆက်လက် လုပ်ဆောင်သွားနိုင်ဖွယ်ရှိသော်လည်း လွှတ်တော် ဖျက်သိမ်းခဲ့ မည်ဆိုပါက အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ရာထူးဆိုင်းငံ့ခံထားရသော ဝန်ကြီးချုပ်ပေတုန်တန်ကိုတွေ့ရစဉ်
၎င်းက “အခုအလုပ်သမားရေးဝန်ကြီး အသစ်ကတော့ အလုပ်သမားအရေးနဲ့ ပတ်သက်တာတွေကို ပုံမှန် ဆက်လုပ်နေတာ တွေ့ရတယ်။ အလုပ်သမားဝန်ကြီးဌာန website မှာ ဝန်ကြီး ပြောင်းသွားတယ်ဆိုပေမယ့် ဥပမာအားဖြင့် လုပ်အားခကိစ္စ အဲဒါလည်း ဇူလိုင် ၁ ရက်နေ့က စပြီး ၄၀၀ ဖြစ်တဲ့ကိစ္စ တရားဝင် အတည်ပြု တယ်ပေါ့။ အဲဒါမျိုးတွေ။ ဒီဟာတွေကတော့ ရှေ့ကလုပ်ငန်းစဉ်တွေ ချမှတ်ထားတဲ့ဟာတွေ၊ စီစဉ်ထားတဲ့ဟာတွေ အခုနောက် အသစ်တက်လာတဲ့ ဝန်ကြီးအဖွဲ့ကနေ ဆက်တော့ လုပ်သွားမယ့် သဘောရှိတယ်။ သို့သော် ခုနက ပြောတဲ့ အတိုက်အခံတွေရော တောင်းဆိုနေတဲ့ အနေအထားတွေ အရဆိုရင် တကယ်လို့သာ လွှတ်တော်ကို ဖျက်သိမ်းတယ်ဆိုရင် အဲဒါဆိုရင်တော့ ရွေးကောက်ပွဲတွေဘာတွေ ပြန်ဖြစ်တယ်ဆိုရင် အပြောင်းအလဲ ဖြစ်သွား နိုင်တယ်။ လောလောဆယ်ကတော့ ရှေ့မှာရှိနေတဲ့ ဝန်ကြီးတွေရဲ့ ချမှတ်ထားတဲ့ အတိုင်းကတော့ လောလော ဆယ် ဒီကာလမှာတော့ သွားဦးမှာပဲ” ဟု ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် နိုင်ငံရေး အကျပ်အတည်း ဖြစ်ပွားနေပြီး ဝန်ကြီးချုပ် ပေတုန်တန် ရာထူးမှ ဆိုင်းငံ့ခံထားရကာ တရားရုံးက စစ်ဆေးနေသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် သူရိယ ဂျူအန်ရွန်ရူအန်ကစ် (၇၀ နှစ်)က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။
လက်ရှိတွင် တရားရုံး၏ နောက်ဆုံး စီရင်ချက် မချမီ အချိန်အထိ ပေတုန်တန်သည် ရာထူးမှ ဆိုင်းငံ့ခံထားရမည် ဖြစ်သော်လည်း အစိုးရအဖွဲ့တွင် ယဥ်ကျေးမှုဝန်ကြီးအဖြစ် ဆက်ရှိနေကြောင်း သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 255
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ မျှော်မှန်း ဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတစ်ခု၏ စီးပွားရေးကို GDP ဖြင့် တိုင်းတာကြကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် မိမိတို့နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိကြောင်း၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ၅ ဒသမ ၂ ဘီလီယံခန့် တိုးတက်အောင် ရည်မှန်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေး တိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် နစကဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “မိမိတို့အနေဖြင့် မျှော်မှန်းဆောင်ရွက် နေချိန်တွင် ကမ္ဘာ့ဘဏ်မှ မိမိတို့ နိုင်ငံ၏ စီးပွားရေးကို ယခင်က ၂ ဒသမ ၅ အထိ မျှော်မှန်းထားသော်လည်း လက်ရှိအချိန်တွင် အနုတ် ၂ ဒသမ ၅ အထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်း ထားသည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့ တွက်ချက်သည့် စာရင်းများတွင် အချက်အလက်များ မှန်ကန်မှု မရှိခြင်းနှင့် ပြည့်စုံမှုမရှိခြင်းများ ရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအတွက် အရေးကြီးသည်မှာ အမှန်တကယ် အလုပ် လုပ်ရန် လိုကြောင်း” ပြောသည်။
ဘယ်လာရုစ်နိုင်ငံ၏ GDP မှာ အမေရိကန် ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ပို့ကုန်များ မှ ရရှိမှုမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံမှ ၈ ဒသမ ၂ ဘီလီယံရှိကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူ ရေး ပို့ကုန်များမှ ရရှိမှုမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်သာ ရှိကြောင်း ၎င်းက ထောက်ပြသည်။
မည်သို့ပင် နိုင်ငံ၏ GDP ကျဆင်းမည်ဟု ၎င်းတို့အနေဖြင့် မျှော်မှန်းထားသော်လည်း နိုင်ငံအတွင်း နေထိုင်သူများ က ကြိုးပမ်းဆောင်ရွက်ပါက နိုင်ငံ၏ GDP မှာ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် အာဆီယံ နိုင်ငံများ အပြင် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက GDP နည်းပါးလျက်ရှိသဖြင့် GDP တိုးတက်စေရေး ကုန် ထုတ်လုပ်ငန်းများ တိုးတက်အောင် စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

- By CNI
- Category: စီးပွားရေး
- Hits: 503
CNI New
၂၀၂၅ ခုနှစ်၊ ဇွန် ၂၇
စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့် ယနေ့ နိုင်ငံတကာ အခင်းအကျင်းတွင် မိမိတို့အနေဖြင့် စုပေါင်းကျော်လွှားရ မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေး ဖိုရမ်(EEF 2025)မှာ ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌက “ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည့် ယနေ့ နိုင်ငံတကာ အခင်းအကျင်းတွင် ခြိမ်းခြောက်မှုများ ကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်၊ ထိုကဲ့သို့သော အခြေအနေများကို ရင် ဆိုင် ကျော်လွှားနိုင်ရန်အတွက် စုပေါင်းဆောင်ရွက်သည့် နေရာတွင် ဥရောပအာရှ စီးပွားရေးသမဂ္ဂသည် ပြင်ပ စီးပွားရေး စိန်ခေါ်မှုများနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် မကြာသေးမီ နှစ်များအတွင်း တည်ငြိမ်သော တိုး တက်မှုများနှင့် အရေးပါသော အောင်မြင်မှုများကို ပြသနိုင်ခဲ့သည်ကို ဝမ်းမြောက်စွာ တွေ့ရှိရတယ်”ဟု ပြော သည်။
မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်ပြီး တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောသည်။
ဥရောပအာရှစီးပွားရေးဖိုရမ် ကျင်းပနေစဉ်
မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် စိတ်အားထက်သန် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကို ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာ ပါဝင် နိုင်ရန်အတွက် ၎င်းတို့မှ ထောက်ခံဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
စီးပွားရေးနှင့်ပတ်သက်ပြီး ပိတ်ဆို့ခံထားရသည့် နိုင်ငံဖြစ်ခြင်းကြောင့် အင်မတန် သတိကြီးကြီးထား၍ ဆောင် ရွက်ရမည်ဖြစ်သည့်အတွက် အတူတူပူးပေါင်းဆောင်ရွက်မှ တော်ကာကြမည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Sanctions တွေ ထိထားတဲ့ နိုင်ငံတစ်ခုအတွက်ကျတော့ ကျနော်တို့က နယ်ပယ်ဘောင်က ကျဥ်းမြောင်း ပါတယ်။ ဒီလို ကျဥ်မြောင်းတဲ့ နယ်ပယ်ဘောင်ထဲကနေ ကုန်သွယ်ရေးလုပ်ရတဲ့ အခါကျတော့ လုပ်ငန်းရှင်တွေ ဘက်မှာ လည်း ခက်ခဲသလို၊ အစိုးရပိုင်းဘက်က ပြန်ကြည့်တော့လည်း ဒီကျနော်တို့လို နိုင်ငံတွေအတွက်က အင်မတန် သတိကြီးကြီးထားပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အကုန်လုံး တူတူပူးပေါင်းပြီးမှ ဆောင်ရွက်မှပဲ တော်ကာ ကြမှာပါ။ ပူးပေါင်းပြီး ဆောင်ရွက်တယ်ဆိုတာက အစိုးရတစ်ခုထဲ မဟုတ်ဘူး၊ စက်မူကုန်သွယ်ရေး လုပ်ငန်းရှင် တွေ တစ်ခုထဲ မဟုတ်ဘူး၊ အသင်းအဖွဲ့ တစ်ခုထဲ မဟုတ်ဘူးပေါ့။ အားလုံး ဒီကုန်သွယ်ရေး လမ်း ကြောင်း တလျောက်မှာရှိတဲ့ လူပုဂ္ဂိုလ်အသင်းအဖွဲ့ အဖွဲ့အစည်း အကုန်လုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒီလမ်းကြောင်း တလျောက်လုံးမှာရှိတဲ့ နယ်မြေဒေသ စိုးမိုးမှုအတွက် တာဝန်ယူထားတဲ့ လုံခြုံရေး အဖွဲ့အစည်း တွေကလည်း ပူပေါင်းဆောင်ရွက်ပေးမှပဲ ကျနော်တို့က ဒီကုန်သွယ်မှု အခက်ခဲတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဥရောပအာရှစီးပွားရေးဖိုရမ် ကျင်းပနေစဉ်
ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့ မှုများသည် ကမ္ဘာ့နိုင်ငံငယ်များ၏ အခြေခံမှုများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သော အခြေခံမှုများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံဖြိုးတိုးတက်မှုအား အကောင်အထည်ဖော်နေသည့် ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)၏ လုပ်ဆောင်ချက်များအား မြန်မာနိုင်ငံ အနေဖြင့် ထောက်ခံကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
မြန်မာနိုင်ငံကို အမေရိကန်၊ ဥရောပနှင့် အနောက်အုပ်စုများက စီးပွားရေး ပိတ်ဆို့အရေးယူထားသလို အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)ကလည်း ပိတ်ဆို့အရေးယူထားခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများ မရှိသလို ရှိ ထားသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်း ပြန်လည် ထွက်ခွာနေကြသည်။
သို့သော် နစကဥက္ကဋ္ဌသည် ရုရှား၊ ဘယ်လာရုစ်၊ တရုတ်၊ စင်္ကာပူ၊ ထိုင်း စသည့် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လုပ်လာရေး စည်းရုံးလျက်ရှိနေသည်။

- By CNI
- Category: စီးပွားရေး
- Hits: 416
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းကြား၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရာမှာ ပိုက်ဆံထက် မူဝါဒက ပိုအရေးကြီးသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာန သို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားသလို ရင်းနှီးမြှုပ်နှံမှုများ အလွန်အားနည်းနေခြင်း ကြောင့် စီးပွားရေး ကျဆင်းနေကြောင်း၊ လူနေမှုကုန်ကျစရိတ်များ မြင့်မားနေကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့် တက်နေကြောင်း၊ ကုန်သွယ်ရေးတွင်လည်း တရားမဝင် ကုန်သွယ်မှုများ ပိုမိုများပြားနေကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို စီမံခန့်ခွဲနေသူများ အနေဖြင့် မူဝါဒများကို သေချာကိုင်တွယ် ချမှတ်ရန်အရေးကြီးကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးဈေးကွက် လေ့လာနေသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ စနစ်သည် အလွန်အားနည်းနေသည့် အချိန်တွင် အမြတ်များများရဖို့ထက် လုပ်ငန်းလည်ပတ်နိုင် အောင် ဦးစားပေးနေရကြောင်း၊ ထို့ကြောင့် တိုင်းပြည်တစ်ပြည် တိုးတက်ရန်အတွက် ပိုက်ဆံထက် မူဝါဒက ပို အရေးကြီးသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဈေးကွက်စီးပွားရေးစနစ်ကို သရုပ်ဖော်ပြထားစဉ်
၎င်းက “အဓိက,ကတော့ အခြေခံ စီးပွားရေးစနစ်ကြီးကို ကျကျနန ပြင်နိုင်ဖို့လိုတာပေါ့။ အခြေခံ စီးပွားရေးစနစ် ပြင်ဖို့ဆိုတာလည်း နိုင်ငံရေးစနစ်ကောင်းမှပေါ့။ ဒီစီးပွားရေးပညာမှာရှိတဲ့ best bel ဆိုတာ နိုင်ငံရေး political efficiency မဖြစ်ရင်တောင်မှ ကျန်တာတွေ အကုန်လုံးက စဉ်းစားချက်က မှန်မှာပေါ့။ စီးပွားရေးပညာ တစ်ခုတည်းနဲ့ သက်သက် သွားစဉ်းစားလို့မရဘူး။ စနစ်ကြီးက သိပ်အားမကောင်းတဲ့ ချိန်မှာ government intervention လိုတာပေါ့။ အဲလိုကာလတွေမှာ ဘယ်လိုခေါ်မလဲ အမြတ်များများ မရရင် တောင် လည်ပတ်ဖို့အတွက် ဦးစားပေးရတာမျိုးတွေ priority ရှိတာပေါ့။ ဒါမူဝါဒနဲ့ဆိုင်သွားပြီပေါ့။ တိုင်းပြည် တစ်ပြည် ထူထောင်ဖို့ တိုးတက်ဖို့ဆိုတာက ပိုက်ဆံထက် မူဝါဒက ပိုအရေးကြီးတယ်။ အဲတော့ မူဝါဒကတော့ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ချတဲ့ စဉ်းစားဥာဏ်မျိုးလိုတာပေါ့”ဟု ပြောသည်။
စီးပွားရေးနှင့်ပတ်သက်သည့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းများသည် သင့်တော်လျော်ညီပြီး စျေးကွက်စီးပွားရေး စနစ် ပြီပြင်စေသည့် မူဝါဒဖြစ်ရန် အရေးကြီးသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က ပြော သည်။
ကုန်ခြောက်ဈေးတန်းကို တွေ့ရစဉ်
၎င်းက “သူက ကဏ္ဍက ၁၄ ခုလောက်ရှိတာကို ဒီကဏ္ဍအားလုံးကို ပေါင်းခြုံတဲ့စနစ် မူဝါဒမျိုးကို ပြောတာပေါ့။ အဲလို စနစ်မူဝါဒမျိုးကို ပြောတယ်ဆိုတဲ့ခါကျတော့ အဓိက,က ဘာလဲဆိုတော့ အခြေခံအားဖြင့်က သူက စျေးကွက် စီးပွားရေးစနစ် အခြေခံဖြစ်စေတဲ့ မူဝါဒက ဖြစ်ကိုဖြစ်ရမှာပေါ့။ ဥပမာ ဆိုကျပါစို့ တရုတ်ပြည်ပေါ့ တစ်ပါတီစနစ်နဲ့သွားတယ်၊ ဗီယက်နမ်ပေါ့ တစ်ပါတီစနစ်နဲ့သွားတယ်။ ဒါသူတို့ကတော့ စျေးကွက်စီးပွားရေးစနစ် ပီပြင်လို့ပေါ့၊ စျေးကွက်စီးပွားရေးစနစ် ပီပြင်တယ်ဆိုတာက အခြေခံအကျဆုံး အကြောင်းတရားပေါ့။ ဒီစီးပွားရေး နဲ့ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ စာရွက်ထဲမှာပဲ ပြီးလို့မရဘူးပေါ့။ ဘာလဲဆိုတော့ စျေးကွက် စီးပွားရေးစနစ် ပီပြင်စေတဲ့ အခြေခံ အကြောင်းတရားတွေ ပထမဆုံး စဖန်တီးရမှာပေါ့။ ဒါပေမဲ့ မူဝါဒ ကို အကောင်ထည်ဖော်တဲ့ပုံသဏ္ဍက ပိုပြီးအရေးကြီးတာပေါ့။ စီးပွားရေး ဦးတည်ချက် ၄ ရပ်ပေါ့။ အဲ ၄ ရပ်လုံးက အချိန်နေ အချိန်အခါနဲ့ သင့်တော်လျော်ညီတယ်ပေါ့။ ဘာလို့ဆို Price တွေ မှန်အောင်လုပ်ရမယ် စျေးနှုန်းမမှန်ဘဲ စျေးကွက်စီးပွားရေးစနစ် ဖြစ်လို့မရဘူး။ ဆိုတော့ လုပ်ငန်းစီမံရေးစနစ် စိစစ်သုံးသပ်တာပေါ့၊ နောက်အရေးကြီးဆုံး အချက်ရှိတယ် မက်လုံးစီမံရေးစနစ်တွေ မှန်ဖို့လိုတယ်။ မက်လုံးစနစ်မှန်ဖို့က အာမခံချက်ရှိရမယ် စီးပွားရေးစနစ် က အာမခံရမယ် စီးပွားရေးစနစ်အကြောင်း ပြောလို့ရှိရင် သူက sector ၁၄ ခုတောင်ရှိတာကို စီးပွားရေးမူဝါဒ ပြောလို့ရှိရင် ခုနက ၃ ချက်ပေါ့ အဲ့ ၃ ချက်ကို နံပါတ် ၁ လုပ်နိုင်ဖို့လိုတာပေါ့။ စျေးကွက်စီးပွားရေးစနစ် ပီပြင်စေတဲ့ မူဝါဒ ဟုတ်သလား အဲဒါအရေးကြီးတာပေါ့”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကြိုးနီစနစ် အားကောင်းနေပြီး မူဝါဒအားလုံးကို တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ် ထားကြောင်း၊ ထိုမူဝါဒကို ကိုင်တွယ်ထားသူက ခွင့်မပြုမခြင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးရန် အခက်အခဲများ ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။
အလားတူ မြန်မာနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး လုပ်ကိုင်ခွင့်များ ချပေးမှုများသည် မိသားစု- ဆွေမျိုးကောင်းစားရေး မူဝါဒကို အကောင်အထည်ဖော်နေသလို ဖြစ်နေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်သင့်ကြောင်း၊ နိုင်ငံတကာ ပိတ်ဆို့မှုများ ပြန်လည်ပယ်ဖျက်နိုင်ရေးကိုလည်း ကြိုးစားသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြကြသည်။

- By CNI
- Category: စီးပွားရေး
- Hits: 677
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇
ကမ္ဘာ့နိုင်ငံများအကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး၊ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကြောင့် ပြည်တွင်း၌ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မသွားစေရန် မြန်မာနိုင်ငံအနေဖြင့် မည်သို့ ထိန်းသိမ်း သင့်သလဲ ဆိုသည့်အပေါ် စီးပွားရေးလေ့လာသုံးသပ်သူများနှင့် လုပ်ငန်းရှင်များကြား သုံးသပ်မှုများရှိနေကြသည်။
လက်ရှိတွင် အရှေ့လယ်ပိုင်းဒေသ၌ အီရန်နှင့် အစ္စရေးတို့ စစ်ပွဲဖြစ်ပွားနေသလို အမေရိကန်နိုင်ငံတွင်လည်း သမ္မတဒေါ်နယ်ထရမ့်ကို ကန့်ကွက် ဆန္ဒပြမှုများ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေသည်။
အလားတူ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား နယ်စပ်ပိုင်နက် အငြင်းပွားမှုကြောင့် တင်းမာနေသလို အိန္ဒိယနှင့် ပါကစ္စတန်ကြားမှာလည်း အကြမ်းဖက်မှုကိစ္စနှင့်ပတ်သက်ပြီး တင်းမာနေသလို တရုတ်နှင့် အိန္ဒိယကြားတွင် နယ်မြေပိုင်နက် အငြင်းပွားမှုကြောင့် တင်းမာလျက်ရှိနေသည်။
အီရန်နှင့် အစ္စရေးစစ်ပွဲသည် ကမ္ဘာ့ရေနံနှင့် ရွှေဈေးကို သက်ရောက်မှု များပြားစေနိုင်သော်လည်း နစက အနေဖြင့် ဒေါ်လာဈေးကွက် တစ်ခုတည်းကိုသာ ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
အစ္စရေးနဲ့ အီရန်စစ်ပွဲကို တွေ့ရစဉ်
၎င်းက “ရေနံကတော့ မလွယ်ဘူး။ ရေနံကတော့ တကယ့် ကမ္ဘာ့ဟာတွေက supply လုပ်ပေးမှ ဖြစ်မယ့် အခြေ အနေဆိုတော့ မြန်မာပြည်တင် မဟုတ်ဘူး။ ရေနံကတော့ တခြားနိုင်ငံကြီးတွေတောင် သူတို့ မထိန်းချုပ်နိုင်ဘူး။ ထိန်းချုပ်ရ ခက်ခဲတယ်။ ဒါပေမယ့် ဒေါ်လာပိုင်းကြတော့ ပေါ်လစီပိုင်းနဲ့ အများကြီးဆိုင်သွားပြီ။ ပေါ်လစီနဲ့ ထိန်း ချုပ်လို့ရတယ်။ ဘာလို့ဆို ဒေါ်လာက ရေနံထက်စာရင် ရေနံလောက် မရှိမဖြစ်ပစ္စည်းတော့ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ အရင်တည်းက SAC စတက်ကတည်းက ဒေါ်လာအစားထိုး ဘတ်နဲ့ချိတ်တယ်၊ တရုတ်ယွမ်နဲ့ ချိတ်တယ်။ အိန္ဒိယနဲ့လည်း ချိတ်တယ်။ ချိတ်ပြီးတော့မှ သူတို့အချင်းချင်း ကိုယ့်ငွေ သူ့ငွေ လက်ခံတာရှိတယ်။ ပြီးတော့ ဒေါ်လာရဲ့ နိုင်ငံတကာမှာ ပါဝင်မှုနှုန်းကလည်း တဖြေးဖြေးတော့ ကျလာတယ်။ အရင်တုန်းက ၇၀ ကျော် ၈၀ လောက်ရှိတာကနေ အခု ၆၀ ကျော် ၇၀ မရှိတော့ဘူးပေါ့။ ဒေါ်လာရဲ့ အရေးပါမှု ကျလာတာနဲ့အမျှ ဒေါ်လာကို မှီခိုရတဲ့ အခြေအနေကလည်း သိပ်အများကြီး မလိုတော့ဘူး အရင်ကလောက်။ ပြီးတော့ ဗမာပြည်ရဲ့ ပို့ကုန်တွေကို ကြည့်ရင်လည်း အဓိက,က သဘာဝဓာတ်ငွေ့။ သဘာဝဓာတ်ငွေ့ကလည်း ကိုယ့်အိမ်နီးချင်း နိုင်ငံတွေဆိုတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးရလည်း အဆင်ပြေနေတယ်။ ဒေါ်လာပိုင်းကတော့ SAC အနေနဲ့ ထိန်းမယ်ဆိုရင် ထိန်းလို့ရတယ်။ အတိုင်းအတာတစ်ခုအထိ ထိန်းလို့ရတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။
အီရန်နှင့် အစ္စရေး စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးအပေါ် မူတည်ပြီး ပြည်တွင်း၌လည်း ဈေးနှုန်းလိုက်တက်မည် ဖြစ်ပြီး ရေနံကို အီရန်နိုင်ငံဘက်မှ ထုတ်လုပ်မှုကျခဲ့ပါက မည်သည့်နိုင်ငံက တိုး၍ထုတ်လုပ်မလဲ ဆိုသည့်အပေါ် မူတည်ကြောင်း ဈေးကွက်စီးပွားရေး ကျွမ်းကျင်သူများက ထောက်ပြကြသည်။
ထို့အတူ လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် အတက်ဘက်သို့ ရောက်နေ၍ ပြည်တွင်း၌ ပြင်ပ ရွှေပေါက်ဈေးသည် သိန်း ၈၀ နားသို့ ရောက်ရှိနေသည်။
သို့သော် လက်ရှိတွင် သက်ဆိုင်ရာမှလည်း ရွှေလုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးနေမှုများနှင့် ရွှေလုပ်ငန်းရှင် အသင်းက သတ်မှတ်စျေးတို့ကြောင့် ရန်ကုန်နှင့်မန္တလေးက ရွှေဆိုင်အများစု ဈေးကွက်ပိတ်ထားရကြောင်း သိရသည်။
အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ဈေးကွက်တွင် ကျဆင်းလာနေသော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်တွင်း အခြေအနေနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ဒေါ်လာဈေးကို သုံးသပ်ရ မလွယ်ကူကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
ရွှေနဲ့ဒေါ်လာကို တွေ့ရစဉ်
၎င်းက “အရင်တုန်းက အမေရိကန်ဒေါ်လာကို ကမ္ဘာပေါ်မှာ စံနမူနာပြပေါ့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအဖြစ်နဲ့ အသုံးပြုပြီးတော့ ရှိနေခဲ့တယ်။ ဒါပေမယ့် လက်ရှိကာလမှာတော့ အမေရိကန် ကိုယ်တိုင်သည်လည်း သူ့ရဲ့ ပြည်နယ်တချို့မှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ထရမ့် အစိုးရကလည်း ကျဉ်းထဲကျပ်ထဲကို ရောက်နေတယ်။ ဒီလိုမျိုး နိုင်ငံတကာ အခင်းအကျင်းမှာ မြင်နေရတဲ့ အခါကြတော့ အမေရိကန်ဒေါ်လာထက် လက်ရှိမှာ ရွှေ ဈေးနှုန်းကတော့ အတက်ဘက်မှာ ဖြစ်နေနိုင်တယ်။ အမေရိကန်ဒေါ်လာကလည်း အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအပေါ်မှာ မူတည်နေတာဖြစ်တဲ့အခါ ဒေါ်လာနဲ့ ရွှေဈေးကို သုံးသပ်မယ်ဆိုရင် ရွှေဈေးက တော့ အတက်ဘက်မှာပဲ ရှိနေဦးမယ်။ ဒေါ်လာဈေးကတော့ တည်ငြိမ်မှုရှိဖို့ မမြင်သေးဘူးပေါ့။ ဘာကြောင့်ဆို အခြေအနေ အမျိုးမျိုးပေါ် မူတည်ပြီးတော့ အပြောင်းအလဲတွေ ဖြစ်နေတာ ဖြစ်တဲ့အတွက် ဒေါ်လာဈေးနှုန်းတစ်ခု ကိုတော့ သုံးသပ်ဖို့ သိပ်မလွယ်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးသည် ပြီးခဲ့သည့် ၁၃ ရက်နေ့က ဈေးဖြစ်သည့် ဒီဇယ် တစ်လီတာ ၂၄၁၀ ကျပ် မှာ ရှိနေသည်။
ထို့ပြင် ယနေ့ မနက် ရွှေဈေးသည် ၁၆ ပဲရည်ကို ပြင်ပပေါက်ဈေး ၇,၉၇၀,၀၀၀ (၇၉ သိန်းကျော်)ကျပ်မှာ ရှိနေ သော်လည်း ရွှေလုပ်ငန်းရှင်အသင်း၏ သတ်မှတ်ဈေးမှာ ၅၉ သိန်းသာ ရှိကြောင်း၊ ဒေါ်လာဈေးသည်လည်း ၄၃၀၀ မှ ၄၅၀၀ ကျပ် ကြားတွင် လည်ပတ်နေကြောင်း ပြင်ပပေါက်ဈေးများအရ သိရသည်။

- By CNI
- Category: စီးပွားရေး
- Hits: 484
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃
မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံလာမှုများကို သတိထား၍ လက်ခံ ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးကျွမ်းကျင်သူများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၌ ထားဝယ်အထူးစီးပွားရေးဇုန်(SEZ)တွင် ရင်းနှီးမြှုပ်နှံရန် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနှင့် စင်္ကာပူတို့ ကြိုးပမ်းနေသည်။
ထို့နောက် စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုကလည်း သဘာဝဓာတ်ငွေ့ စတင်တူးဖော်ရန် စီစဉ်နေသည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများသည် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေကို သိရှိထားကြ၍ အလွယ်တကူ ရယူလိုသည့် ပုံစံမျိုးနှင့် ဝင်လာသော ကုမ္ပဏီများရှိနိုင်သဖြင့် စာချုပ်စာတမ်းများ သဘောတူ လက်မှတ်ရေးထိုး မည်ဆိုပါက သေချာလေ့လာသုံးသပ်ရန်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယသံအမတ်နဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တွေ့ရစဉ်
၎င်းက “အခုအချိန်မှာ ကျနော်တို့ဆီကို foreign investment ဝင်တယ်ဆိုတာ သိန်းနဲ့ချီပြီး ထီပေါက်သလိုမျိုးပဲ တကယ် ကံကောင်းတယ်လို့ ပြောရမှာပေါ့ ဒါပထမတစ်ပိုင်းပါ။ ဒါပေမယ့် အဲဒီလို foreign investment ဝင်လာ တယ် ဆိုတိုင်းလည်း လက်မှတ်မထိုးဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်လာ တာကို ကျနော်တို့အနေနဲ့ မလိုချင်တာ မဟုတ်ဘူး။ အခုချိန်မှာ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက သိတယ်။ ဒီလိုကုမ္ပဏီကြီးတွေက ပိုပြီးနားလည်ကြတယ်။ အဲဒီတော့ ဒီနိုင်ငံမှာတော့ အချိုအချောင် ရမှာပဲဆိုတဲ့ ပုံစံမျိုးနဲ့ ဝင်လာတဲ့ စာချုပ်စာတမ်းတွေကိုတော့ ကျနော်တို့အနေနဲ့ သေသေချာချာ လေ့လာသုံးသပ်ဖို့လိုတယ်။ ပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူကို ချပြဖို့လိုတယ်။ ဘယ်အစိုးရပဲတက်တက် ဘယ်သူပဲလုပ်လုပ် အဲဒီလိုမှ မချပြဘူးဆိုရင် ကျနော်တို့အတွက် နစ်နာမှုတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိတယ်” ဟု ပြောသည်။
တနင်္သာရီကမ်းရိုးတန်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွက် စူးအက်တူးမြောင်း-အရှေ့အလယ်ပိုင်းဒေသတို့ နှင့် ဆက်သွယ်မည်ဆိုပါက ခရီးအတိုဆုံးနှင့် အဆင်ပြေ အဆီလျော်ဆုံးဖြစ်ကြောင်း ဘန်ကောက်ပို့စ်တွင် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းက ဖော်ပြထားသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ၂၀၀၈ ခုနှစ်က ထိုင်းနှင့် မြန်မာတို့အကြား နားလည်မှု စာချွန်လွှာဖြင့် စတင်ခဲ့ကြခြင်းဖြစ်ပြီး နှောင့်နှေးမှုများကြောင့် စာချုပ်ဖျက်သိမ်းခဲ့ကြကြောင်း၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူအသစ် ထပ်မံဖိတ်ခေါ်ထားကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ပေါင်းကူးပေးနိုင်ကာ အရှေ့တောင်အာရှဒေသနှင့် တောင်အာရှ ဒေသတို့ ကိုလည်း ချိတ်ဆက်ပေးနိုင်ကြောင်း၊ ထို့နောက် စီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု ပါဝင်ပြီး သင်္ဘော အသွားအလာ ရှုပ်ထွေးသည့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်ဖွယ်ရှိကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို တွေ့ရစဉ်
စီမံကိန်းတစ်ခုကို အကောင်အထည် ဖော်သည့်အခါတွင် နိုင်ငံအတွက် ရရှိနိုင်သည့် အကျိုးအမြတ်နှင့် နစ်နာမှုများ ကို သေချာထည့်သွင်းစဉ်းစားရန်လိုကြောင်း စီးပွားရေနှင့် ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “Environmental impact က အရေးကြီးတာပေါ့။ အခုက EIA SIA လုပ်ကြတာပေါ့။ အဲဒါက အဖြစ်ပဲ။ ဒါ တစ်အချက်ပေါ့။ နောက်တစ်ချက်က ကျနော်တို့က project evaluation ပေါ့။ feasibility study ပေါ့ ဖြစ်မြောက် နိုင်စွမ်းလေ့လာတယ်။ ဒီဘက်မှာတော့ ရိုးရိုးသားသားပြောရရင် အားနည်းတာပေါ့။ ဒါတွေက အလကား subject တွေ မဟုတ်ဘူးလေ။ တော်တော်လေး အရေးကြီးတာပေါ့။ project ဘာညာလုပ်ကြရင် လက်တန်းလုပ်ကြတာ များတယ်လေ။ အဲဒီလိုတော့ မဖြစ်စေချင်ဘူး။ feasibility study ကို သေချာလုပ်မယ်။ Environmental ကို သေချာလုပ်မယ်။ နောက်တစ်ခါ ကိုယ်က ဘယ်လောက်ရမလဲပေါ့။ economic internal rate of return ဒါက တော့ ကမ္ဘာ့အဆင့်ပေါ် မူတည်ပြီး စဉ်းစားရမှာပေါ့။ တစ်ခုအားသာချက်ရှိတာက gas income သည် US ဒေါ်လာ နဲ့ ရမှာလေ။ ကျပ်ငွေနဲ့ ရမယ်ဆို inflation rate တွေဘာတွေ ခံစားရစေဦးမယ်။ သူ့ရဲ့ exchange rate lost ပေါ့ ဒါကိုသိပ် ခံစားရဖို့ အကြောင်းမရှိဘူး။ ၂ ချက်က ဘာလဲဆိုတော့ feasibility study ပေါ့ လုပ်ငန်းစီမံကိန်း။ ဆိုတာ ကို သေချာ ဂဃနဏ လုပ်စေချင်တာပေါ့။ တစ်ခုရှိတာက ထိုင်းတို့ စင်ကာပူတို့ဆိုတာက feasibility study သေချာ မလုပ်ဘဲနဲ့ အလုပ်တစ်ခုကို စလုပ်တဲ့အပိုင်းတော့ မရှိဘူး။ ဒါက သူတို့စဉ်းစားပြီ လုပ်ပြီဆို သေချာပြီပေါ့။ တစ်ချက်က ကိုယ့်နိုင်ငံက ဘယ်လောက် အကျိုးအမြတ်ရမလဲ။ ဘယ်လောက်နစ်နာမလဲ။ ဘယ်လောက် ကောင်း မလဲ advantage and disadvantages ဒါကိုတော့ feasibility study လုပ်တဲ့အခါ ကျနော်တို့ဘက်က စဉ်းစား သင့် စဉ်းစားအပ်တဲ့ side တွေကိုတော့ သေချာစဉ်းစားရမှာပေါ့” ဟု ပြောသည်။
ထိုသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကြောင့် တနင်္သာရီဒေသသည် ကမ္ဘာ့အဆင့်မီ ဖြစ်သွားနိုင်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်နှင့် စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။
လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိ သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းကြီး လေးခုရှိကြောင်း၊ ထပ်မံရှာဖွေ၊ တူးဖော်၊ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကမ်းလွန်စီမံကိန်းကြီး နှစ်ခုရှိ၍ စုစုပေါင်း ကမ်းလွန်စီမံကိန်းကြီး ခြောက်ခုရှိ သည်။
ထိုထဲတွင် မုတ္တမကမ်းလွန် လုပ်ကွက် (M-10)(မင်းရဲသူစီမံကိန်း)သည် နိုင်ငံတော်၏ သတ္တမမြောက် ကမ်းလွန် စီမံကိန်းကြီး ဖြစ်သကဲ့သို့ နစက,လက်ထက် ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် ကမ်းလွန် စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရသည်။