CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄

ယူနိုက်တက်အသင်းဟာ လူငယ်တိုက်စစ်မှူး ချီဒိုအိုဘီကို တိုးတက်မှုတွေ ရရှိစေဖို့အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားစေလွှတ်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ 

အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းမှာ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ပြီး ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ 

ချီဒိုအိုဘီဟာ ယူနိုက်တက်အသင်းအတွက် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၇ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၈ ပွဲ ပါဝင် ကစားခဲ့တာ ဖြစ်ပါတယ်။ 

ချီဒိုအိုဘီဟာ ဒီရာသီမှာတော့ ယူနိုက်တက် အသင်းကြီးအတွက် ပါဝင်ကစားရခြင်း မရှိသေးဘဲ လူငယ်အသင်းမှာ သာ ပါဝင်ကစားပြီး ခြေစွမ်းပြသနေပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ချီဒိုအိုဘီဟာ အသင်းကြီးအတွက် ပါဝင်ကစားဖို့ စောလွန်းသေးတယ်လို့ မကြာသေးခင်က ဝန်ခံထားပါတယ်။

ချီဒိုအိုဘီဟာ ၂၀၂၃-၂၄ ရာသီမှာ အာဆင်နယ် ယူ-၁၈ အသင်းအတွက် ၁၈ ပွဲ ပါဝင်ကစားပြီး ၃၂ ဂိုး သွင်းယူနိုင်ခဲ့ တာပါ။

ချီဒိုအိုဘီကို တွေ့ရစဉ်

ဒါပေမယ့် ဒိန်းမတ်လူငယ် ကစားသမားဟာ အာဆင်နယ်အသင်းကြီးမှာ ပါဝင်ကစားခွင့်ရဖို့ မသေချာတာကြောင့် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 

ချီဒိုအိုဘီဟာ ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ၁၀ ပွဲ ကစားထားတာမှာ ၁၂ ဂိုးသွင်းယူပြီး ၁ ဂိုး ဖန်တီးထား ကာ ယူ-၂၁ အသင်းမှာတော့ ၁၉ ပွဲကစားထားပြီး ၇ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးထားတာပါ။ 

ယူနိုက်တက်အသင်းဟာ အစောပိုင်းက ချီဒိုအိုဘီကို အငှားချဖို့ မရှိပေမယ့် အခုအချိန်မှာတော့ အခြေအနေ ပြောင်းသွားခဲ့ပြီး ကာလတိုအငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ချီဒိုအိုဘီကို အင်္ဂလန်မှာ ဆက်ပြီး ရှိစေချင်တာကြောင့် အင်္ဂလန်အောက်တန်းလိဂ် ကလပ်အသင်းတွေက သူ့ကိုစောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဟီဗန်နဲ့ ဒီယေဂိုလီယွန်တို့ကိုလည်း ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာခွင့်ပြုဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

Source: Sportsmole