- By CNI
- Category: အင်တာဗျူး
- Hits: 393
CNI Exclusive Interview
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
မြန်မာနိုင်ငံသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယသမ္မတ၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ အိန္ဒိယစီးပွားလုပ်ငန်းရှင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ရန် စီစဉ်ထားသည်။
လက်ရှိမှာလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်သို့ လာရောက်၍ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ အကြံပေး ဦးညိုအုန်းမြင့်ကို CNI သတင်းဌာနက တွေ့ဆုံ မေးမြန်းထားသည်။
မေး ။ ။ တရုတ်နဲ့မြန်မာကြားမှာ နှစ်နိုင်ငံစီးပွားရေးစင်္ကြံတွေ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည် ဖော်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့အတူပေါ့ တရုတ်ဘက်ကနေ မြန်မာကို နိုင်ငံရေးအပြင် တခြားသော ထောက်ပံ့ မှုတွေနဲ့ရော အလဲအလှယ် လုပ်လာနိုင်ပါသလား။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဦးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးစဉ်
ဖြေ ။ ။ လဲလှယ်တယ်ဆိုတာထက် ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး တိုးလာမှာပေါ့။ ကျနော်တို့ ဥပမာအားဖြင့် ရထားလမ်းဖောက်ဖို့ဆိုရင် ဒါက ကျနော်တို့က ပိုက်ဆံတစ်ပြားမှ စိုက်ထုတ်တာ မဟုတ်ဘူး။ ဒါပေ မယ့် ကျနော်တို့မှာ အကျိုးအမြတ်က ရထားတစ်စင်းဖြတ်တိုင်း ယွမ်ဘယ်လောက် ရမလဲဆိုတာ ကျနော်တို့ အများကြီးရှိပါတယ်။
ဒါပေမယ့် အဲဒီလိုမျိုး စီမံကိန်းကြီးတွေ မဟာဗျူဟာကျတဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးအတွက် အင်မတန်အရေးပါ တဲ့ လုပ်ငန်းတွေမှာ စီမံကိန်းတစ်ခု စတော့မယ်ဆိုရင် စီမံကိန်း စနိုင်တဲ့အနေအထား ရှိလား၊ မရှိလားဆိုတာ နံပါတ်တစ် ကြည့်ရမယ်။ နံပါတ်နှစ်က ကျနော်တို့ ဝန်ကြီးဌာနတွေပေါ့။ ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်မှုကလည်း စိန်ခေါ်မှုတစ်ခုလို့ ကျနော်ထင်ပါတယ်။ အဲဒီတော့ ဒီလိုမျိုး စီမံကိန်းစဖို့အတွက်က တရုတ်အစိုးရကတော့ ခုနက ကျနော်ပြောသလိုပဲပေါ့။ အိန္ဒိယနဲ့ တရုတ်တို့က နှင်းဆီပန်းပေးတဲ့ ဆွဲဆောင်မှုပေါ့နော်။ ဒီလိုမျိုးသူတို့ သုံးပါလိမ့် မယ်။
အဲဒီတော့ အိန္ဒိယကလည်း ဥပမာအားဖြင့် ပဲတွေဆိုရင် ကျနော်တို့ဆီက ဝယ်ပေးမယ်ပေါ့နော် ပဲစင်းငုံတို့၊ ရှိသမျှ ပေါ့။ အဲဒီတော့ ကျနော်တို့က ကုန်ချောထုတ်ဖို့၊ ကျနော်တို့က ရှိတဲ့ပဲကို စိုက်လိုက်ရော။ စိုက်ပြီးတော့ အိန္ဒိယကို ခဲပါလည်းရောင်း၊ ဘာပါလည်းရောင်းပေါ့။ အဲဒီတော့ ကျနော်တို့ကလည်း ကုန်ချောမြင့်စီမံကိန်းကို စဉ်းစားသင့် တယ်။ ပြီးတော့ တရုတ်နဲ့ပတ်သက်ရင်တော့ ခုနကပြောသလိုပဲ ဒီစီမံကိန်းတွေကြောင့် ဘေးကမှာ ရလာမယ့် ရင်းနှီးမြှုပ်နှံမှုတွေ၊ နောက်တစ်ခါ SME Business တွေ အသေးစား၊ အလတ်စားပေါ့နော်။ အဲဒီတော့ အဲဒါတွေ အများကြီး ဟိုတယ်တွေ ဖြစ်လာမယ်၊ KTV တောင်ဖြစ်လာဦးမှာ။ ဒီလမ်းခရီးတွေမှာဆိုရင်။
အဲဒီတော့ လုပ်ငန်းတွေ ဖြစ်လာမယ်။ ရင်းနှီးမြှုပ်နှံမှုက တဆင့် အစွယ်အပွားတွေက အများကြီးဖြစ်လာမယ်။ ကျနော်တို့က rule of law ကိုလည်း ထိန်းရမှာပေါ့နော်။ အထူးသဖြင့်ကတော့ နိုင်ငံခြားသားတွေ ဗမာပြည်မှာ လာလုပ်တယ်ဆိုရင် ကျနော်တို့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့်၊ ကျနော်တို့ရဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ ဥပဒေတွေကလည်း အစိုးရဘက်ကနေ စဉ်းစားထားသင့်တယ်လို့ ထင်ပါတယ်။
မေး ။ ။ တရုတ်အနေနဲ့ဆိုရင်တော့ မြောက်ပိုင်းအဖွဲ့မှာ ဩဇာလွှမ်းမိုးမှုရှိတယ်ပေါ့လေ။ ဆိုတော့ သူ့စီမံကိန်း တွေ ပြန်စဖို့၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့အတွက်က အနှေးနဲ့အမြန် အကောင်အထည် ဖော်နိုင်မယ်ပေါ့။ ဒါပေမယ့် အိန္ဒိယဘက်ကဆိုရင် ရခိုင်နဲ့ ချင်းကြားမှာ ပဋိပက္ခတွေ ဖြစ်နေတာဆိုတော့ အိန္ဒိယဘက်က အဲဒီဘက်ကို ဘယ်လို မျိုး ထိန်းညှိသင့်မလဲ။
ဖြေ ။ ။ အိန္ဒိယက အခုလောလောဆယ်မှာ ကျနော်ကြားရသလောက် စွပ်စွဲချက်တွေလည်း တွေ့တယ်။ AA ကို လက်နက် ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နော်။ ထောက်ပံ့တယ်လို့ ကျနော်တို့ မကြားဘူး။ စွပ်စွဲချက်တွေတော့ ကျနော်တို့ တွေ့တယ်။ နောက်တစ်ခါ လူသားချင်းစာနာတာတွေ ပေးတယ်။ ဥပမာအားဖြင့် နောက်တစ်ခုက အာသံတို့၊ မဏိပူရ်တို့မှာရှိတဲ့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ကျနော်တို့ ချင်းတွေနဲ့ တူတူပဲ ချင်း လူမျိုးတွေနဲ့ တူတူပဲ။
အဲဒီတော့ မဏိပူရ်တို့၊ နာဂလန်းတို့မှာ ရှိတဲ့လူတွေရဲ့ ဆက်သွယ် ဆောင်ရွက်မှုကတော့ ထိန်းဖို့ခက်မှာပေါ့။ ဒါပေမယ့် သူက စစ်ရေးဆိုတာက ကျည်ဆံ ရှိရုံနဲ့တိုက်လို့မရဘူး။ သူက ရိက္ခာလိုမယ်၊ ဒဏ်ရာရတဲ့လူကို ကုသဖို့ လိုမယ်။ တကယ်လို့ အိန္ဒိယဘက်က ဒဏ်ရာရတဲ့လူကို ကုသမပေးဘူး၊ ဘင်္ဂလားဒေ့ရှ်က ကုသမပေးဘူးဆိုရင် စစ်ရေးအရ တိုက်ဖို့ခက်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတ ဦးမင်းအောင်လှိုင် တွေ့ဆုံစဉ်
မေး ။ ။ ပြီးတော့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဆိုရင် လျှပ်စစ်မီး ပြတ်လပ်မှုပေါ့လေ။ နှစ်နိုင်ငံအကြား ဆက်ဆံရေးကနေ၊ စီမံကိန်းတွေကနေ မြန်မာပြည်အတွက် လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ဘယ်လို အထောက်အပံ့တွေ ရလာနိုင်မလဲ။
ဖြေ ။ ။ တကယ့် လျှပ်စစ်မီးပြတ်တောက်တာ ဘယ်နိုင်ငံနဲ့မှ မဆိုင်ပါဘူး။ ကျနော်တို့ ပြဿနာပါ။ ဘာကြောင့် လဲဆိုတော့ သတင်းအမှားတွေပေါ့။ သတင်းအမှားတွေနဲ့ နောက်တစ်ခုက နိုင်ငံရေးအကုန်လုံးက တကယ့်တကယ် ကျနော်တို့တိုင်းပြည် အခုလာအိုဆိုရင် မီးက သူများကို ပြန်ရောင်းနေပြီ။ ကျနော်တို့တိုင်းပြည်ဆို မီးပျက်နေတယ်။ မီးပျက်ရတဲ့ အဓိကပြဿနာက နိုင်ငံရေးပြဿနာပါ။ အဲဒီတော့ နိုင်ငံရေးပြဿနာ ညှိနှိုင်းမှု မရတဲ့အတွက် စစ်ရေး ပါလာတယ်ပေါ့။
အခု ကျနော်တို့တိုင်းပြည်မှာ မီဂါဝပ် ၂၀၀၀ ကျော်ပဲ လူတွေကို ဖြည့်ဆည်းပေးနိုင်တယ်။ အရင်တုန်းကတော့ ၄၀၀၀ ကျော်လောက် ထွက်တယ်။ ၂၀၀၀ ကျော်ကတော့ ပဋိပက္ခကြောင့် ပျက်စီးသွားတဲ့ အပိုင်းတွေပေါ့။ အဲဒီ တော့ ဒီလိုငြိမ်းချမ်းရေး ဖြစ်လာပြီဆိုရင် မဖြစ်မနေ ခုနကပြောတဲ့ ဆွေးနွေးမှုတွေ လုပ်ရတာပေါ့။ မဖြစ်မနေ။
အဲဒီနေရာမှာ NSPNC လို အဖွဲ့မျိုးနဲ့ ဆွေးနွေးမှာလား၊ ဒါမှမဟုတ်ရင် တပ်မတော်က တာဝန်ရှိသူတွေနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီဒေသရဲ့ လုံခြုံရေးအတွက် ဆွေးနွေးမှာလား ဆိုတာတော့ ကျနော်တို့ မသိရသေးဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်ခြေ အများဆုံးကတော့ ဒီမီးပြဿနာက ဥပမာအားဖြင့် မြစ်ဆုံဆည်ကိစ္စပေါ့နော် ရေအား လျှပ်စစ်ကိစ္စမှာဆိုရင် KIO နဲ့ တပ်မတော်အကြား၊ KIO နဲ့ မြန်မာအစိုးရယ်၊ တရုတ်အစိုးရရယ် ဆွေးနွေးမှုတွေ ရှိလာမယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒါဆို အခုဇွန်လအတွင်း သမ္မတဦးမင်းအောင်လှိုင်ရဲ့ သံတမန်ရေး အခင်းအကျင်းကို ကြည့်ခြင်းအား ဖြင့် နွေဦးတော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာပေါ့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်မလဲ။
ဖြေ ။ ။ အတိုက်အခံတွေအနေနဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုပေမယ့် အခုလောလောဆယ်မှာ သူတို့က ခံစစ်တွေ မဟုတ်ဘဲနဲ့ ခွာစစ်တွေ သုံးနေရတာကို ကျနော်တို့ တွေ့ရတာပေါ့။ အဲဒီတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအပြီးမှာ သမ္မတကြီး ဦးမင်းအောင်လှိုင်ကတော့ နည်းနည်း မဟာဗျူဟာ စဉ်းစားပုံရပါတယ်။
သူအဓိက တခြားတိုင်းပြည်တွေ၊ အာဆီယံတောင် သူလက်လွှတ်လိုက်တယ်လို့ ကျနော်ထင်တယ်နော်။ ဒါကျနော့် အမြင်ပါ။ အာဆီယံက ဟာကွာ... ငါတို့တိုင်းပြည်က ရွေးကောက်ပွဲလည်းပြီးသွားပြီ၊ ကြိုက်တာ မကြိုက်တာ တစ်ပိုင်းလေ။ အခုပဲ စုံ/မ ကိစ္စတွေလည်း မေးနေပြီ။ မန္တလေးမှာဆိုရင် မနေ့က ပြည်သူ့စစ်ရှိသင့်၊ မရှိသင့်။ ပြည်သူ့စစ်တွေကနေ အဓမ္မစစ်သားစုဆောင်းတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ပြည်သူ့အသံ၊ လွှတ်တော်အသံလည်း ရှိနေပြီဆိုတာကြောင့် သူကနေပြီးတော့ အာဆီယံကို သူအဓိက မထားတော့ဘူးလို့ ကျနော့် စိတ်ထဲမှာထင်တယ်။
ပြီးတော့ အခုကျနော်တို့ Bilateral တွေပေါ့နော် လာအိုနဲ့ဆိုရင် ကျနော်ထင်တယ် လျှပ်စစ်စွမ်းအင်ကိစ္စတွေ ပေါ့နော်။ ဆွေးနွေးမယ်လို့ ထင်တယ်။ နောက်တစ်ခါ ထိုင်းနဲ့ဆိုရင် နှစ်နိုင်ငံ အပြန်အလှန်ပါ။ ကျနော်တို့ကလည်း သဘာဝဓာတ်ငွေ့ ရောင်းသလိုပဲ ကျနော်တို့ရဲ့ မြန်မာပြည်သား တရားမဝင်၊ တရားဝင် စုစုပေါင်း ၇ သန်း လောက် ရှိတယ်လို့ သိရပါတယ်။ အဲဒီလိုနေရာမျိုးတွေမှာ ထိုင်းနဲ့ မြန်မာနဲ့ကတော့ ဆက်ဆံရေးက ကောင်းနေဦးမှာပဲ။

ငြိမ်းချမ်းရေးဆွေးနွေးကြစဉ်
ဘာလို့လဲဆိုတော့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ပေါ့နော်။ ထိုင်းကိုလည်း ဆန့်ကျင်လို့မရဘူး။ ထိုင်းကလည်း မြန်မာ ကို ဆန့်ကျင်လို့ မရဘူး။ ကျနော်တို့က ထိုင်းနိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်ကို ကျနော်တို့က ရောင်း နေတယ် သဘာဝဓာတ်ငွေ့ကပေါ့ ထုတ်တဲ့ဟာ။ အဲဒီတော့ နှစ်နိုင်ငံ ပဋိပက္ခဖြစ်ခဲ့သော ကျနော်တို့ရဲ့ သူတို့က လူ ၃၀ ရာခိုင်နှုန်းက မီးသုံးခွင့်မရှိတော့ဘူး။
ဒီလိုမျိုး အင်မတန် အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးပေါ့နော် Energy security sector အရ ကြည့်မယ်ဆိုရင် ထိုင်းနဲ့ ဖြစ်တဲ့အတွက် ဒီအာဆီယံကနေ ကျနော်တို့ကို အိုးမဲသုတ်ရုံ လောက်နဲ့တော့ သမ္မတကြီး ဦးမင်းအောင်လှိုင် က အဲဒီအပေါ်မှာ အချိန် ကုန်မခံတော့ဘူးဆိုတာကို ကျနော် အဲဒီလိုပဲ သုံးသပ်တယ်။
ဒါကြောင့် သူ အိန္ဒိယကို အမြန်သွားတယ်။ သူပြင်ဆင်မှုတွေ၊ ချက်ချင်း လက်တန်း ဆုံးဖြတ်သွားတယ်လို့ ရင်းနှီးတဲ့ လူတွေဆီက တဆင့် ကျနော်ကြားပါတယ်။ နောက်တစ်ခု တရုတ်ပြည်ကတော့ သူသေချာ ပြင်ဆင်ထားပါတယ်။ တရုတ်ပြည်မှာ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုအရ ကုန်သွယ်ရေး၊ နောက်တစ်ခါ လုံခြုံရေး ဒီဟာတွေကို သူလိုက်သွားရတဲ့၊ လိုက်သွားကြမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ တရုတ်-မြန်မာ ဆက်ဆံရေးသည် ခုနကပြောတဲ့ အတိုက်အခံ အင်အားစုတွေ အတွက်ကတော့ အာသာဖြေ အိပ်မက် မက်ရုံအဆင့်ဘက်ကို တဖြေးဖြေး လျှော့ချ မယ်လို့ ထင်တယ်။
နောက်တစ်ခုက သူတို့ ဆက်ပြီးတော့ အမေရိကန်အစိုးရ အပြောင်းအလဲမှာ ဒါအင်မတန် သိသာထင်ရှားတဲ့ဟာပါ။ အမေရိကန်အစိုးရဘက် သမ္မတအပြောင်းအလဲ သမ္မတကြီးထရမ့် တက်လာတဲ့အချိန်မှာ အတိုက်အခံတွေကို ထောက်ပံ့နေတဲ့ဟာတွေ ရပ်ဆိုင်းသွားတဲ့အတွက် အဲဒီမှာစပြီးတော့ သိသာပါတယ်။
ဒီအတိုက်အခံတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ဖြစ်စေ၊ စိတ်ဓာတ်ရေးရာဖြစ်စေ လျှော့ချလာတဲ့ ဟာတွေ အတွက်ကြောင့် သမ္မတကြီးတောင် သိပ်လုပ်စရာ လိုမယ်လို့ ကျနော်မထင်ဘူး။ ဒီ ၃ နိုင်ငံရဲ့ ဆုံးဖြတ် ချက်ပေါ့နော်။
နောက်တစ်ခါ အာဆီယံထဲမှာ နိုင်ငံတချို့ပဲပေါ့နော် ၂ နိုင်ငံ၊ ၃ နိုင်ငံအပြင် မပိုဘူး။ ကျန်တဲ့ ၇ နိုင်ငံ၊ ၈ နိုင်ငံက တော့ မဖြစ်မနေ မြန်မာနိုင်ငံနဲ့ အကျိုးတူ ဆောင်ရွက်ရမှာ ရှိတယ်။ နှစ်ဖက် ဆက်ဆံရမှာ ရှိတယ်ဆိုတဲ့ လမ်းက သွားမှာဖြစ်တဲ့အတွက် ပထမ ရက် ၁၀၀ လို့ ပြောလို့ရတာပေါ့။ သမ္မတကျမ်းကျိန်ပြီးတော့ ဇူလိုင် ၃၁ ကြားထဲမှာ ကျနော် ဘာမြင်လဲဆိုတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ သံတမန်ရေး စစ်ပွဲတွေ သူတဆင့်ပြီး တဆင့် နိုင်တယ်လို့ ကျနော်အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။
မေး ။ ။ လက်ရှိမှာ NSPNC နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ သူတို့ဆွေးနွေးထားတဲ့ ၄၃ ချက်ကိုက လွှတ် တော်မှာ တင်ပြီး ဆွေးနွေးမယ်လို့ သမ္မတဦးမင်းအောင်လှိုင်လည်း ပြောထားတာ ရှိတာပေါ့။ တချို့က ပြောကြ တာက ၄၃ ချက်က ဘာမှမဟုတ်ဘူးပေါ့ ကြီးကြီးမားမား ဥပဒေတွေမပါဘူး၊ တချို့ကြတော့လည်း ဒီ ၄၃ ချက်မှာ ပြည်သူတွေ သိသင့်တဲ့အချက်လည်းပါတယ်ပေါ့။ ဒါကြောင့် ဒီ ၄၃ ချက်က ဘာတွေပါဆိုတာကို လွှတ်တော်မှာ မတင်ခင် ပြည်သူတွေသိအောင် ချပြသင့်တယ်လို့ ပြောကြတာပေါ့။ ဒါပေမယ့် ဒီ ၄၃ ချက်က ဘာတွေပါလဲဆိုတာ တော့ ဆွေးနွေးတဲ့သူတွေပဲ သိမှာလေ။ ကျမတို့လည်း မသိရဘူး။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး ပြည်သူတွေသိ အောင် ချပြသင့်သလား။
ဖြေ ။ ။ ကျနော့်အနေနဲ့ ဒါတွေက နည်းနည်းတော့ ကျနော်တို့က တောင်းဆိုမှုတွေပေါ့နော်။ တချို့ကိစ္စတွေ မှာကြတော့ အစိုးရကို တောင်းဆိုသလိုပဲ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကလည်း ကြို မသိစေချင်တဲ့ ဟာတွေလည်း ပါနိုင်ပါတယ်။
နိုင်ငံရေးပါတီတွေ ဆွေးနွေးပြီးတော့ လွှတ်တော်မှာ ဆွေးနွေးတဲ့ အခါကြရင် ၄၃ ချက်က တွေ့မှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ အခု ကျနော်တို့တိုင်းပြည်မှာက သွားလိုက်၊ ရပ်လိုက် နိုင်ငံရေးဆိုလည်း ဒီမိုကရေစီက သွားလိုက် ၅ နှစ်၊ ၅ နှစ်ကနေ ၁၀ နှစ်။ ၁၀ နှစ်မှာ တစ်ခါရပ်သွားလိုက်၊ ၅ နှစ် ရပ်နေလိုက် ပြီးရင် ပြန်စလိုက် အဲဒီ လိုပေါ့နော် ၁၉၄၈ ခု ကျနော်တို့ တိုင်းပြည် လွတ်လပ်ရေးရကတည်းက ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ ဘေး ထွက်လိုက် အဲဒီလို သွားတယ်ဆိုတော့ ဒီလိုလွှတ်တော်မှာ တင်တယ် ဆွေးနွေးတဲ့ ကိစ္စတွေက ကျနော့်အနေနဲ့ ကတော့ အပြုသဘော ဆောင်တယ်လို့ ထင်တယ်။

လွှတ်တော် ကျင်းပနေစဉ်
နောက်ကျနော်တို့က baby step လို့ ခေါ်မှာပေါ့နော် ကလေးလမ်းလျှောက်သလိုပေါ့။ ချက်ချင်းတော့ မီတာ ၁၀၀ ကို ကမ္ဘာ့စံချိန်တော့ ချိုးနိုင်မယ် မထင်ဘူး။ ကျန်တဲ့နိုင်ငံတွေလိုတော့ ဖြစ်ချင်မှတော့ ဖြစ်မယ်။ ဒါပေမယ့် ကျနော် တို့က တဖြေးဖြေးပဲ သွားပြီးတော့ တရွေ့ရွေ့နဲ့ ကျနော်တို့ ဆက်သွားရမယ်လို့ ထင်ပါတယ်။ ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေ ပြဿနာတွေ၊ ကိုယ်လိုချင်တာတွေ မကြိုက်တာတွေ၊ ကြိုက်တာတွေ အများကြီးရှိပေမယ့် ဘာပဲ ပြောပြော လွှတ်တော်မှာ မေးခွန်းတွေ မေးတယ်။ ဖြေတဲ့လူတွေကိုတော့ ကျနော် အားမရဘူး။ ဒါကျနော် ရိုးရိုး သားသား ပြောရရင် အဲဒီတော့ ပြင်လိုက်တဲ့ အခါကြရင် သူက ဥပမာအားဖြင့် ဒီကိစ္စတွေက နိုင်ငံတော် အကြီးအကဲတွေက ဆုံးဖြတ်ဖို့ သူတို့က လမ်းကြောင်း ဖြစ်သင့်တာပေါ့နော်။
အစိုးရအနေနဲ့ ဒီလိုကြီး တုံးတိတိကြီး ငြင်းရတာခက်တာပေါ့။ ဒါနိုင်ငံတော်မူဝါဒ ဖြစ်တယ်ဆိုတော့ နိုင်ငံတော် ဆိုတာ အစိုးရမဟုတ်ပါဘူး။ အစိုးရဆိုတာလည်း နိုင်ငံတော်မဟုတ်ဘူး။ အဲဒါကို ဖြေတဲ့လူတွေရဲ့ စဉ်းစားပုံ စဉ်းစားနည်းကိုတော့ ကျနော် နားမလည်ဘူး။ ဒါပေမယ့် နားထောင်ရတာတော့ နည်းနည်း ကပ်သီးကပ်သပ် နိုင်တာပေါ့။ ဒါပေမယ့် ကျနော်အပြစ် မတင်ဘူး။ ဘာလို့ဆိုအားလုံးက လမ်းလျှောက်တတ်ကာစ ကလေးငယ် တစ်ယောက်လိုပဲ ကျနော်တို့ ရယ်စရာလည်း ကောင်းရင်ကောင်းမယ်။ သူလဲကျရင်လည်း လဲကျနိုင်တယ်။ ဒါပေမယ့် ကျနော်တို့ အားလုံး သူ့ကိုထိန်းပြီးတော့ ဆက်လျှောက်ရင် ဘာပဲပြောပြော ရှေ့ကိုရောက်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒါဆို လက်ရှိ လွှတ်တော်အခင်းအကျင်းမှာ ပြောရမယ်ဆိုရင် လွှတ်တော်အမတ်တွေက ပြည်သူတွေ ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို သိအောင်လို့ လွှတ်တော်မှာ တင်ပြတယ်ဆိုတော့ လွှတ်တော်အမတ်တွေ အလုပ်လုပ်တယ်လို့ ပြောလို့ရမလား။
ဖြေ ။ ။ လုပ်တာပေါ့။ သူတို့ ဥပမာအားဖြင့် ပြည်ခိုင်ဖြိုး အမတ်တွေလည်း မေးတာပဲလေ။ စကားလုံး အသုံး အနှုန်းကတော့ သူက နည်းနည်း protocol တော့ ဆန်တာပေါ့။ ဒါကို ပြင်ဆင်ရန် ဆန္ဒရှိ၊ မရှိ ဆိုတာထက် ပြည်သူ တွေကတော့ ဒီကိစ္စကို ခင်ဗျားတို့ကို ပြောနေပြီ ဒါကို နိုင်ငံတော်အစိုးရ အနေနဲ့ ဆောင်ရွက်ပေးပါလို့ သူက မပြော ပေမယ့် စကားလုံးကတော့ ကျနော်လည်း လွှတ်တော်ကိုယ်စားလှယ် မလုပ်ဖူးတော့ ကျနော်လည်း မသိဘူးပေါ့ နော်။
ဒါပေမယ့် ဒီလိုမျိုး အပြုသဘောဆောင်တယ်၊ ဘာပဲ ပြောပြော လွှတ်တော်ကတော့ လှုပ်နေပြီ။ လွှတ်တော် ကတော့ အလုပ်လုပ်နေပြီ။ အစိုးရပိုင်းက အလုပ်လုပ်ဖို့ လိုတာပေါ့နော်။ ကြိုးနီစနစ်တွေ၊ ကျနော်ကြည့်တယ် ၁၉ လမ်း ကိစ္စပေါ့နော်။ ပြီးခဲ့တဲ့အပတ်က ၁၉ လမ်းကိစ္စ တစ်မြို့လုံး ဆိုင်တွေဖျက်ဆို ဆိုင်တွေဖျက်၊ ဒါကြီးက တကယ့်ကို အထင်ကရလည်း ဖြစ်တယ်၊ လူကြပ်တာပဲပြောပြော၊ တရားမဝင်၊ တရားဝင်တဲ့နေရာ ကျနော်တို့ တိုင်းပြည်မှာ ဘယ်နေရာ များရှိလို့လဲပေါ့နော်။ ဒီလှည်းတန်း ဈေးသွားကြည့်ပါ၊ ဘယ်နေရာပဲ ကြည့်ကြည့် လမ်းမပေါ်မှာ ဈေးရောင်းနေကြတာပဲလေ။
ကားလည်းမောင်းလို့ မဖြစ်မနေ ဒီလိုလုပ်ရတယ်ဆိုတော့ ဒါတွေက တဖြည်းဖြည်း ရှင်းယူရမယ့်ကိစ္စတွေပေါ့။ ဆိုတော့ ဒီမိုကရေစီနိုင်ငံဆိုတာ ဒီမိုကရေစီဆိုတာ အများရဲ့ ဆန္ဒပေါ်မှာ လုပ်ရတာ။ နောက်တစ်ခု အစိုးရဆိုတာ ပြည်သူတွေကို သူက အကျိုးပြုရမယ်။ ပြည်သူတွေကို တာဝန်ခံပြီးတော့ ပြည်သူ့အလုပ်အကျွေး ပြုရမယ့်လူတွေ။
သူတို့က ပြည်သူကို အမိန့်ပေးပိုင်ခွင့် တော်တော်ပြဿနာရှိတယ်။ သူတို့ကိုယ်သူတို့ အုပ်ချုပ်သူလို့မြင်ရင် အာဏာရှင် ဖြစ်သွားမှာပေါ့။ ဒီမိုကရေစီဆိုရင် နောက်က ကားချပ်ကြီးအတွက်ကိုတော့ ပြည်သူတွေ လိုအပ်ချက် ကို ဒါပေမယ့် လူတိုင်းတော့ ကျေနပ်နိုင်မှာ မဟုတ်ဘူး။
ဒီမိုကရေစီဆိုတာ အများကြိုက်နိုင်တဲ့ ၅၁ ရာခိုင်နှုန်း လက်ခံနိုင်တယ်ဆိုရင် ဒါလည်း အစိုးရလည်း အလုပ်ဖြစ် တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် ၉၉ ရာခိုင်နှုန်းက လက်မခံဘူးဆိုရင်လည်း ၁ ရာခိုင်နှုန်းက သူ့အနေနဲ့ ပြန်စဉ်းစားရမှာပေါ့နော်။ အဲဒီတော့ ကျနော်ပြောချင်တာကတော့ baby step နဲ့ သွားနေတဲ့ အချိန်ပေါ့နော်။ ကလေးလမ်းလျှောက်သလို သွားနေတဲ့အချိန်မှာ ဝိုင်းပြီးတော့ ကျနော်တို့အားလုံးက positively ကူပေးမယ်၊ အပြု သဘော ဝေဖန်မယ်၊ အပြုသဘော လက်ခံပေးမယ် အပြုသဘော တွန်းမယ်ဆိုရင် ရှေ့ကိုသွားဖို့ လွယ်မယ်လို့ ကျနော် ထင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 735
CNI Exclusive Interview
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂
မြန်မာနိုင်ငံသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။
ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယသမ္မတ၊ အိန္ဒိယပြည်ပရေးရာဝန်ကြီး၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ အိန္ဒိယစီးပွားလုပ်ငန်းရှင်များဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တခြားတစ်ဖက်မှာလည်း တရုတ်နိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် သွားရောက်ရန် စီစဉ်ထားသည်။
လက်ရှိမှာလည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်သို့ လာရောက်၍ သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၏ အကြံပေး ဦးညိုအုန်းမြင့်ကို CNI သတင်းဌာနက တွေ့ဆုံ မေးမြန်းထားသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
မေး ။ ။ သမ္မတဦးမင်းအောင်လှိုင် ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယသွားခဲ့တယ်။ အဲဒီခရီးစဉ် အတွင်းမှာ နယူးဒေလီ ဘက်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထား အမြင်မျိုး ပြသခဲ့တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ ကျနော့် အမြင်ကတော့ အိန္ဒိယနိုင်ငံက ကျနော်တို့နဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံကြီးပေါ့နော်။ ကမ္ဘာမှာအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ မတည်မငြိမ် မှုက အိန္ဒိယနိုင်ငံရဲ့ Act East ပေါ့နော်၊ Look East ကနေ ပြောင်းလာတဲ့ ဝန်ကြီးချုပ် မိုဒီ လက်ထက်မှာ Act East အတွက် အရှေ့တောင်အာရှနဲ့ တောင်အာရှဘက်ကို သူတို့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုးမြှင့်ဖို့အတွက်က မြန်မာနိုင်ငံက အချက်အချာကျတယ်။
မဟာဗျူဟာကျတဲ့အတွက် ဒီအပေါ်မှာ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းရင်းနှီးနှီး လုပ်နိုင်တယ်ဆိုရင် သူတို့အတွက် အိန္ဒိယနိုင်ငံအတွက် အများကြီး အကျိုးရှိတယ်ဆိုတဲ့ ရှုထောင့်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ အိန္ဒိယခရီးစဉ်မှာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်ပေါ့။ မြေရှားသတ္တုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ ဆိုတော့ မြေရှားသတ္တုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား ဘယ်လို ဆောင်ရွက်သင့်လဲ။
ဖြေ ။ ။ အဓိက, က ကျနော်တို့ နားလည် သလောက်ပေါ့နော်။ စစ်ကိုင်းတိုင်းရဲ့ တစ်ကြောမှာ ကျနော်တို့ တိုင်းပြည်က သယံဇာတ အရမ်းပေါပါတယ်။ ဒါပေမယ့် မြေရှားကတော့ နေရာတိုင်းမှာ ရှိနိုင်တယ်။ ဒါပေမယ့် ပြဿနာတစ်ခုက သူက process ပေါ့။ processing သူတို့ ဘယ်လို လုပ်မလဲဆိုတာတော့ ပညာရှင်တွေရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
ဒီတော့ ကမ္ဘာမှာ အခုက Multilateral လို့ခေါ်တဲ့ ဝင်ရိုးတန်းနိုင်ငံတွေပေါ့။ နိုင်ငံတစ်နိုင်ငံတည်းက အုပ်ချုပ်တဲ့၊ နိုင်ငံတစ်နိုင်ငံတည်းက ဩဇာရှိတာမျိုး မဟုတ်တော့ဘဲနဲ့ ကျနော်တို့ရဲ့ ခေတ်လွန် စက်မှုပိုင်းဆိုင်ရာ ကနေ ပြီးတော့ လျှပ်စစ်ပိုင်းဆိုင်ရာပေါ့ EV ကားတွေ၊ တယ်လီဖုန်းတွေ ဒီလိုမျိုးမှာ တကယ့် အဓိက ကုန်ကြမ်းတွေက ကျနော်တို့ တိုင်းပြည်အတွက်က မဟာဗျူဟာမြောက် အရေးကြီးတဲ့အတွက် အိန္ဒိယအစိုးရကလည်း သူ့ရဲ့ စိတ်ဝင်စားမှုကို ပြောတယ်လို့ ထင်ပါတယ်။ လက်တွေ့ပိုင်းကတော့ စောင့်ကြည့်ဖို့ လိုဦးမယ်လို့ ထင်ပါတယ်။

အိန္ဒိယနိုင်ငံသို့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိစဉ်
မေး ။ ။ ပြီးတော့ ဇွန်လ ၁၆ ရက်နေ့မှာလည်း သမ္မတဦးမင်းအောင်လှိုင်က တရုတ်ခရီးစဉ်ရှိတယ်လို့ သိရ တာပေါ့။ ဆိုတော့ ဒီခရီးစဉ်မှာ ဘယ်လို အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးမယ်လို့ မြင်မိလဲ။
ဖြေ ။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲမှာ ဗမာပြည်အတွက် စိုးရိမ်ပေးရ သလိုပဲ သူ့ဘက်မှာ နယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တာတွေ၊ ၁၀၂၇ လိုဟာမျိုးတွေ ရှိခဲ့တာပေါ့နော်။ အဲဒီတော့ တရုတ်-မြန်မာ ကူးသန်းရောင်းဝယ်ရေးမှာ အဓိကအားဖြင့် Border Trade ပေါ့။ နယ်စပ်ရေးရာ ကုန်သွယ်ရေး အစီအစဉ်တွေ အားလုံးဟာ ရပ်ဆိုင်းခဲ့ရတယ်။
ကိုဗစ်ကြောင့် တစ်ခု၊ နောက်တစ်ခါ နိုင်ငံရေး မတည်မငြိမ် ဖြစ်ခဲ့တဲ့အတွက် ဒီပြီးခဲ့တဲ့ ကျနော်တို့ သမ္မတ ကျမ်းကျိန်ပြီးတဲ့အခါမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင်ပေါ့နော်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြီးတန်းပုဂ္ဂိုလ်ဖြစ်တဲ့ မစ္စတာဝမ်ယိ လာပါတယ်။ လာပြီးတော့ ဒဲ့ပြောရင်တော့ အသိအမှတ်ပြုလိုက်တာပေါ့။ အသိအမှတ်ပြုလိုက်တဲ့အခါမှာ ဟုတ်ပြီ ကျနော်တို့ တရုတ်ပြည်ကနေ ခင်ဗျားကို အသိအမှတ်ပြုပြီ။
အသိအမှတ်ပြုရင် ခင်ဗျားရဲ့ ဒေသဆိုင်ရာ လုံခြုံရေးကိစ္စတွေ၊ နယ်စပ်ရေးကိစ္စတွေ၊ ကုန်သွယ်ရေးကိစ္စတွေ၊ ကျန်တဲ့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရမယ့် Bilateral cooperation ကိစ္စတွေကို တရုတ်ဘက်ကနေ အထူး ဦးစားပေးမယ်လို့ ကျနော်ထင်ပါတယ်။
ကျနော်တို့ မြန်မာပြည်ဘက်ကတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ထူးခြားချက်က သူ့ရဲ့ အခု တရုတ်ပြည်မှာ မကြာသေးခင်ကပဲ အမေရိကန်သမ္မတ ထရမ့်သွားတယ်၊ ပြီးတဲ့အခါ ရုရှားရဲ့ သမ္မတပူတင်၊ ပြီးတော့ ၈ ရက်နေ့က သူ မြောက်ကိုရီးယားမှာ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သွားတွေ့တယ်။ မြန်မာနိုင်ငံရဲ့ သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်ရဲ့ အရေးပါဆုံး နိုင်ငံတစ်နိုင်ငံလို့လည်း ပြောလို့ရပါတယ်။ ဘာလို့ဆို သူက စတုတ္တမြောက် သမ္မတရှီနဲ့ တွေ့ဆုံမယ့်ပုဂ္ဂိုလ်လည်း ဖြစ်တယ်။
ဒါက ကျနော်တို့ တိုင်းပြည်ရဲ့ အရေးပါမှုပေါ့ ဒါကိုညွှန်ပြပါတယ်။ ဒီအပေါ်မှာလည်း သမ္မတကြီး ဦးမင်းအောင်လှိုင် ရဲ့ သံတမန်ရေးရာ ထိုးစစ်ပေါ့နော်၊ ဒါကို ကျနော်တို့ ပြောလို့ရပါတယ်။ နောက်တစ်ခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးချုပ်၊ မလေးရှားနိုင်ငံခြားရေးဝန် ကြီး၊ ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပေါ့။
ပြီးတော့ အခုနောက်ဆုံးကတော့ လာအိုနိုင်ငံခြားရေးဝန်ကြီး လာမယ်ပေါ့။ အဲဒီတော့ အာဆီယံထဲမှာ သတင်း ဌာနတွေ၊ နိုင်ငံတကာမှာ ဝေဖန်ပြောကြားမှုတွေ ရှိပေမယ့်လည်း အာဆီယံနိုင်ငံတွေရဲ့ ဆက်စပ်မှုနဲ့ မြန်မာနိုင်ငံ ကို ဒီအတိုင်းထားလို့ မရဘူးဆိုတာ အိန္ဒိယနိုင်ငံက ပထမဆုံး သက်သေပြတယ်။ ဒုတိယကတော့ အင်အား အကြီး ဆုံးနဲ့ မြန်မာပြည်အတွက် အရေးကြီးဆုံး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရပ်တည်မှုက ရက်အနည်းငယ် အတော အတွင်းမှာ တွေ့ရမယ်လို့ ထင်ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မေး ။ ။ ပြီးတော့ ဒီနှစ်နိုင်ငံရဲ့ စီမံကိန်းတွေရှိရာ ဒေသတွေမှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတာ ပေါ့။ ဆိုတော့ စီမံကိန်းလုပ်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဘယ်လိုမျိုး ညှိနှိုင်းသင့်မလဲ။
ဖြေ ။ ။ ဒါကြောင့် ကျနော်တို့ သတင်းတွေထဲမှာ ပြောလို့ရတာက NSPNC ပေါ့နော်။ ဒီငြိမ်းချမ်းရေး ဆွးနွေး တဲ့ အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စပြီးတော့ ဆွေးနွေးနေပါတယ်။ အခုမြောက်ပိုင်း အဓိက အားဖြင့် မြောက်ပိုင်းပေါ့နော်၊ UWSA “ဝ” သွေးစည်းညီညွတ်ရေးပေါ့။
နောက်တစ်ခုက SSPP ဒီလို အဖွဲ့တွေနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရနဲ့လည်း တစ်ဖက်မှာ ဆွေးနွေးသလိုပဲ နောက်တစ်ဖက်မှာတော့ မြန်မာအစိုးရ အနေနဲ့ မဖြစ်မနေ သူတို့နဲ့ ညှိနှိုင်းရမှာဖြစ်ပါတယ်။
အထူးသဖြင့်ကတော့ ကုန်သွယ်ရေး လမ်းမတွေပေါ်မှာ ပိတ်ဆို့နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ရပ်တည်မှုနဲ့ သူတို့ရဲ့ ကျနော်ထင်ပါတယ် တရုတ်အစိုးရတော့ တရားဝင် စီးပွားရေးတွေမှာ ပါဝင်ဖို့အတွက် မြန်မာအစိုးရကို ဆွဲဆောင်ဖို့ အကြံပြုတိုက်တွန်းမယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ အိန္ဒိယခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်ခရီးစဉ်ကို သွားမှာဆိုတော့ သမ္မတ ဦးမင်းအောင် လှိုင် အနေနဲ့ အင်အားကြီး ၂ နိုင်ငံကြားမှာ Power Balance လုပ်ချင်တဲ့သဘောလား။
ဖြေ ။ ။ ကျနော့်အမြင်ကတော့ သမ္မတကြီး ဦးမင်းအောင်လှိုင်ကတော့ သူသမ္မတဖြစ်တဲ့ အခါကြရင် တရုတ် ပြည်ကို လာချင်ပါတယ်လို့ ပြောထားတဲ့အတွက် အိန္ဒိယခရီးစဉ်ပြီးတော့ ရက်ပိုင်း အတောအတွင်း ဆိုတော့ ကျနော်ထင်တယ် အချိန်ဇယားပေါ့နော်၊ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ရနိုင်တဲ့ အချိန်ဇယားပေါ် လုပ်တယ်လို့ ထင်ပါတယ်။
ဒါပေမယ့် နှစ်ဖက်စလုံးမှာ အိန္ဒိယနဲ့လည်း မြန်မာက သံတမန်ရေး၊ စီးပွားရေး၊ စီမံကိန်းကြီးတွေ လုပ်သလိုပဲ တရုတ်အစိုးရရဲ့ အဓိက တရုတ်အစိုးရဘက်က လိုချင်တာက ပိုးလမ်းမကြီးပါ။ ကျနော်တို့ အားလုံးလည်း သိတယ်၊ ပါရှန်ပင်လယ်ကွေ့ (Persian Gulf) မှာ ပဋိပက္ခကြောင့် ရေနံတွေပိတ်ဆို့မှုကြောင့် ကျနော်တို့ အားလုံးခံနေရ တာပေါ့၊ စုံ/မက အစပေါ့။ ဆီဈေးတွေတက်တယ်။ တစ်ကမ္ဘာလုံးမှာ ဒီပဋိပက္ခရဲ့ ဂယက်က အရမ်းရိုက်ပါတယ်။
အဲဒီတော့ တရုတ်အစိုးရအနေနဲ့ နောက်တစ်ခုပေါ့နော်။ ရေလက်ကြား နောက်တစ်ခုဖြစ်တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားကြားမှာရှိတဲ့ မလက္ကာရေလက်ကြားပေါ့၊ မလက္ကာရေလက်ကြားဆိုတာကလည်း တော်တော် ကီလို ၉၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီရေလက်ကြားကြီးများ ပိတ်သွားခဲ့သော်ဆိုတဲ့ အရှေ့အနောက် ကုန်သွယ်မှုပေါ့။ ဒါကို ခုနက ပြန်ပြီးတော့ ဆက်စပ်ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံကလည်း အိန္ဒိယ-ထိုင်း-မြန်မာ Trilateral Highway ပေါ့နော်။
အဲဒါဘာကြောင့်လဲဆိုတော့ အိန္ဒိယနိုင်ငံနဲ့ အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေရဲ့ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ဘီလျံ ၂၀၀ ရှိပါတယ်။ ကျနော်တို့ တိုင်းပြည်နဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုက ၂ ဘီလျံပဲရှိပါတယ်။ ၂ ဘီလျံနဲ့ ဘီလျံ ၂၀၀ ဆိုတော့ တကယ်လို့များ အဲဒီရေလမ်းကြောင်းကြီး ပိတ်သွားခဲ့သော် အိန္ဒိယကနေပြီးတော့ အရှေ့အာရှနဲ့အာဆီယံကို ဆက်သွယ်တဲ့ ၅၀ ရာခိုင်နှုန်းသော ကုန်သွယ်မှုက ပိတ်ဆို့သွားနိုင်ပါတယ်။

တရုတ်နိုင်ငံသို့ ဦးမင်းအောင်လှိုင် ရောက်ရှိစဉ်
အဲဒီအတွက်ကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဒီလိုပဲတွေးမှာပါပဲ။ တကယ်လို့ အဲဒီရေလမ်းကြောင်း ကြီး ပိတ်သွားရင် သူတို့ဘယ်က သွားမလဲ။ နောက်သူနဲ့ မတည့်တဲ့ ဩစတေးလျတို့၊ နောက် အနောက်နိုင်ငံတွေနဲ့ ဒီပြဿနာက ဖြေရှင်းရတာ ခက်တဲ့အတွက် မြန်မာနိုင်ငံက တဆင့်ပေါ့၊ ကူမင်းကနေတဆင့် ကျောက်ဖြူအထိ ကုန်သွယ်ရထားလမ်းတစ်ခု သူမဖြစ်မနေ ဖောက်ဖို့လိုအပ်ပါတယ်။ ဒီရထားလမ်းကလည်း အိန္ဒိယနဲ့ ကျနော်တို့က ဒေသတွင်းနိုင်ငံတွေ တစ်ခုနဲ့ တစ်ခုက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီဟာက အင်မတန် အရေးကြီးမယ်လို့ ထင်ပါတယ်။
တရုတ်အစိုးရကလည်း ဒီလမ်းခရီး၊ နိုင်ငံတကာကတော့ ဝေဖန်မှာပေါ့နော်၊ လာအိုမှာ မီးရထားလမ်း လုပ်လိုက်တဲ့ အတွက် အကြွေးသံသရာထဲမှာ လည်ပြီဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ဒီလမ်းကြောင်းကြောင့် ထိုင်းမှာရှိတဲ့ ကုန်ပစ္စည်းတွေ တရုတ်ပြည်ကို အချိန်တို ၆ နာရီပဲကြာပါတယ်။ လာအိုနိုင်ငံ ဗီယင်ကျန်းကနေပြီးတော့ တရုတ် နိုင်ငံကို ပို့တဲ့အခါမှာ။ အဲဒီတော့ ဒီရထားလမ်းကလည်း မြန်မာကုန်သွယ်မှုတွေ၊ တရုတ်ကုန်စည် ကူးသန်း ရောင်း ဝယ်မှုတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံဟာ မဟာဗျူဟာကျတဲ့ နေရာကိုတော့ စာမျက်နှာသစ် ဖွင့်လိုက်ပြီလို့ ကျနော် ထင်ပါတယ်။
မေး ။ ။ ပြီးတော့ တချို့ကြတော့ သုံးသပ်တာရှိတာပေါ့။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ဩဇာကြီးမာတာမှုကို အိန္ဒိယဘက်က စိုးရိမ်မှုရှိတယ်လို့ သုံးသပ်တာတွေရှိတာပေါ့။ အခုလိုမျိုး သမ္မတဦးမင်းအောင်လှိုင်ကို တရုတ် ခရီးစဉ်လည်း သွားတယ်၊ အိန္ဒိယခရီးစဉ်လည်း သွားတယ်ဆိုတော့ တရုတ်နဲ့ အိန္ဒိယနဲ့ မြန်မာ့အရေးပေါ် သဘော ထားက ဘယ်လို အပြောင်းအလဲ ဖြစ်သွားမလဲ။
ဖြေ ။ ။ အပြောင်းအလဲတော့ ဖြစ်ဖို့နည်းပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က မဟာအင်အားကြီး နိုင်ငံ ၂ ခု အကြားမှာ နေရတဲ့အတွက် ဒီနိုင်ငံကြီး ၂ ခုကို ဘယ်အချိန်ပဲမေးမေး မြန်မာနိုင်ငံမှာ တည်ငြိမ်တယ်၊ အေးချမ်း တယ် ဆိုတာကိုပဲ သူတို့ကြည့်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါအမေရိကန်သမ္မတ ထရမ့် ကိုယ်တိုင်က ငြိမ်းချမ်းရေးတွေ လုပ်နေတယ်။ အဲဒီတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ဗမာပြည်မှာ ပဋိပက္ခဖြစ်နေ၊ နယ်စပ် မှာ စစ်ပြေးတွေ စစ်ရှောင်တွေ သူ့နေရာထဲဝင်လာမယ်၊ ကျည်ဆန်တွေကျမယ်။ ဒီလိုပြဿနာမျိုးစုံ ကျနော်တို့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ တိုင်းပြည်က နှစ်ဖက် တရုတ်ပြည်ကလည်း အိန္ဒိယလိုပဲတွေးမှာပဲ။ ဩဇာရှိတာနဲ့ တည်ငြိမ်တာနဲ့မတူပါဘူး။
အဲဒီတော့ မြန်မာနိုင်ငံကို ဒီလိုဩဇာရှိဖို့ဆိုရင် သူတို့က မြူဆွယ်တဲ့ မဟာဗျူဟာကိုပဲ သုံးရပါမယ်။ ကျနော်တို့ ဘာပေးမယ် ကျနော်တို့ ဆေးရုံတွေ ဆောက်ပေးမယ်၊ လမ်းတွေ ဖောက်ပေးမယ်၊ ငွေတွေချေးပေးမယ်၊ လယ်ယာ ကုန်ထုတ်က ထွက်တဲ့ ပဲတို့၊ ဆန်တို့ ကျနော်တို့ တိုင်းပြည် အဆင်ပြေအောင် ဒီတိုင်းပြည် ၂ ခုက နေပြီးတော့ ဝိုင်းကြိုးစားမယ်လို့ ထင်ပါတယ်။
အထူးသဖြင့်ပေါ့နော် အမျိုးသမီး တစ်ယောက်ကို အမျိုးသား ၂ ယောက်က အပြိုင်ပိုးတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင် ပါတယ်။ သူတို့ လက်ဆောင်တွေ ပေးရမှာပေါ့။ သူတို့ဘက်ကို ပါလာအောင် စည်းရုံးရမယ်လို့ ထင်ပါတယ်။ အရင်တုန်းကလို မြန်မာနိုင်ငံရဲ့ မတည်မငြိမ်မှုကို အသုံးချပြီးတော့ မြှောက်ပေးတဲ့ ခေတ်ပေါ့နော်။ လက်နက် တွေပေးမယ်၊ မြှောက်ပေးမယ်၊ သူတို့ ခိုလှုံဖို့အတွက် နေရာပေးမယ်ဆိုတဲ့ခေတ်က ၂၀၂၆ နောက်ပိုင်းမှာ မရှိတော့ ဘူးလို့ ကျနော်ထင်ပါတယ်။

ကုလားတန်မြစ်စီမံကိန်းကို အိန္ဒိယသံအမတ်ကြီး လေ့လာစဉ်
မေး ။ ။ လက်ရှိမှာ နိုင်ငံတကာက မြန်မာကို ဖိအားပေးဖို့ ကြိုးစားနေတာပေါ့။ ဒီအချိန်မှာ အခုလိုမျိုး အာရှရဲ့ အင်အားကြီးနိုင်ငံ ၂ ခုကနေပြီးတော့ မြန်မာကို လက်ခံတွေ့ဆုံတဲ့ သဘောက သူ့အတွက် သံတမန်ရေးအရ တရားဝင်မှု legitimacy ရသွားတဲ့သဘောမျိုးလား။
ဖြေ ။ ။ ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ အပြည်ပြည်ဆိုင်ရာပေါ့နော်။ အထူးသဖြင့် အမေရိကန်တို့၊ ဥရောပ ဦးဆောင်တဲ့ နိုင်ငံတွေက သူတို့ကန့်ကွက်တာက စစ်အစိုးရကို ကန့်ကွက်တာပေါ့။ အဲဒီတော့ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် နိုင်ငံတကာကလည်း နားလည်ပါးရိုက် လုပ်တာပဲလေ။
ဟာ...ငါတို့က စစ်အစိုးရကို ဆန့်ကျင်တယ်၊ စစ်အစိုးရကို တို့လက်မခံဘူး။ ဟော...ရွေးကောက်ပွဲ ဖြစ်သွားတယ်။ ရွေးကောက်ပွဲထဲမှာ ဒီမိုကရေစီပါတီတွေ၊ တိုင်းရင်းသားပါတီတွေ၊ ကျန်တဲ့ အတိုက်အခံပါတီတွေ၊ နိုင်ငံရေးပါတီ ပါတီစုံရွေးကောက်ပွဲစနစ်က တက်လာတဲ့ အစိုးရတစ်ခုပေါ့နော်။
လွှတ်တော်ဖြစ်လာတယ်၊ လွှတ်တော်က အစိုးရဖြစ်တယ်။ အဲဒီကနေ ဖွဲ့လိုက်တဲ့ဟာ မောင်ဖြူ၊ မောင်မဲ သမ္မတ ဖြစ်တာ အဓိက မဟုတ်ပါဘူး။ သူတို့မှာလည်း Good Excuse အင်္ဂလိပ်လို ပြောရင်ပေါ့။ ဒါကို အကြောင်းပြချက် တစ်ခုအနေနဲ့ မြန်မာနိုင်ငံကို တရားဝင်မှု အသိအမှတ်ပြုဖို့၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လမ်းစတစ်ခုလို့ သူတို့ အတွက်ကလည်း အဲဒီလိုပဲ တွေးပါလိမ့်မယ်။
ဒီနိုင်ငံကြီး ၂ နိုင်ငံကတော့ ဒါဗွေဇော်ဦးပေါ့နော်။ အရင်ဆုံးစပြီးတော့ အိန္ဒိယကို စသွားတယ်၊ အိန္ဒိယက ကော်ဇော်နီနဲ့ကြိုတယ်။ တရုတ်ပြည်သွားရင်လည်း ဒီလိုပဲကြိုဆိုမှာပဲလေ။ အဲဒီလိုဖြစ်တဲ့အခါမှာ ဥရောပ နိုင်ငံတွေ၊ အမေရိကန်နိုင်ငံတွေကလည်း မြန်မာနိုင်ငံနဲ့ အပြုသဘော ဆက်ဆံရေးကို နောက်တစ်ဆင့် တက်မယ် လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ တပ်မတော်ဘက်၊ အစိုးရဘက်မှာ နယ်မြေတွေ၊ နယ်စပ်ဂိတ် တွေ အများအပြား လက်လွှတ် ဆုံးရှုံးခဲ့ရတာရှိတာပေါ့။ အဲဒီလက်လွှတ် ဆုံးရှုံးထားရတဲ့ အရာတွေကို ပြန်ပြီးတော့ အချုပ်အခြာအာဏာ တရားဥပဒေစိုးမိုးနိုင်အောင်ရော ဒီ ၂ နိုင်ငံက ဘယ်လိုတွေ ပံ့ပိုးလာနိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့ ၂ ခြမ်း ကြည့်လိုက်တာပေါ့။ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းအခြမ်းမှာ တရုတ်နယ်စပ်မှာ ရှိတဲ့ လက်နက်ကိုင် အင်အားစုတွေနဲ့ ပဋိပက္ခ၊ နောက်တစ်ခါ တရုတ်ပြည်ကို မှီခိုပြီးတော့ လက်နက် ထုတ်လုပ်နိုင်တဲ့ သူတို့ရဲ့စွမ်းအားအပေါ်မှာ အခြေခံတာ ဖြစ်တဲ့အတွက် အခု သမ္မတကြီး ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ် က တရုတ်အစိုးရအနေနဲ့ အရင်တုန်းက မျက်စိမှိတ်နေရင်တောင် ဒီအချိန်မှာ သူ့အနေနဲ့ အဲဒီလိုလုပ်လို့ မရတော့ဘူးပေါ့။
နောက်တစ်ခုကလည်း ကျနော်တို့ အခု အိန္ဒိယနိုင်ငံဆိုရင် ကုလားတန်မြစ်ဝှမ်းနဲ့ စစ်တွေ ပင်လယ်ထွက်ပေါက်ကို အသုံးချရမှာ ဖြစ်တယ်။ ဒါကို အသုံးချရမှာ ဖြစ်တဲ့အတွက် လက်ရှိ AA နဲ့ ဖြစ်နေတဲ့ ပဋိပက္ခမှာ AA အတွက် ဆွေးနွေးပွဲ (သို့မဟုတ်) အင်အားချိနဲ့သွားအောင် အိန္ဒိယအစိုးရက မဖြစ်မနေ စဉ်းစားရမှာဖြစ်ပါတယ်။
သူ့အနေနဲ့ ချစ်ခြင်း၊ မုန်းခြင်း မဟုတ်ပါဘူး။ သူ့ရဲ့အကျိုးစီးပွားပါ။ အဲဒီတော့ ဒီကုလားတန်မြစ်ဝှမ်း စီမံကိန်းမရှိရင် ဥပမာအားဖြင့် ပလက်ဝပေါ့နော်။ ပလက်ဝမှာ လက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်ထားမယ်ဆိုရင် ဒါက သွားလို့မရတဲ့ လမ်းတစ်ခုဖြစ်တယ်။ နောက်တစ်ခုက နှစ်နိုင်ငံ နီးစပ်ဖြစ်နေတဲ့အတွက် အချုပ်အခြာအာဏာကို လေးစားရမယ်။ တရုတ်သည်ဖြစ်စေ၊ အိန္ဒိယသည်ဖြစ်စေ၊ အဲဒီအတွက်ကြောင့် သူတို့က လက်နက်ကိုင်အင်အားစု တွေနဲ့ တိုက်ရိုက် တရားဝင် ဆက်ဆံခွင့်မရှိပါဘူး။ အဲဒီအတွက်ကြောင့် အခု ဒီအစိုးရအနေနဲ့ကတော့ ၂ ပိုင်း သွားမယ်လို့ ထင်ပါတယ်။
သံတမန်ပိုင်းကတော့ သမ္မတကြီးက လုပ်မယ်။ အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး အနေနဲ့လည်း လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်ရင်ရပ် မရပ်ရင် သူ့အနေနဲ့ အင်အားသုံး ပြီးတော့ တိုက်မယ်။ အရင်တုန်းကလို ညီမျှတဲ့အင်အားတို့၊ အနည်းဆုံးသုံးတာတို့ မသုံးတော့ဘဲနဲ့ ဒီအချိန်မှာတော့ သူသည် အချုပ်အခြာအာဏာနဲ့ နယ်မြေတွေ ဆုံးရှုံးသွားတဲ့ဟာတွေ အခုကျနော်တို့ ချင်းပြည်ရဲ့ မြောက်ပိုင်းဒေသ တွေမှာပေါ့နော် တိုက်နေတာတွေ၊ ရှမ်းပြည်ဘက်မှာ တိုက်နေတာတွေ ကြည့်လိုက်မယ်ဆိုရင် သူက သံတမန်ရေး အရရော နောက်တစ်ခုက သူတို့သည် အိမ်နီးချင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ ကိုယ်ကျိုးစီးပွားကို အခြေခံတဲ့ စီးပွား ရေး ကူးသန်းရောင်းဝယ်မှုကြောင့် ဖြစ်ရတဲ့ ငြိမ်းချမ်းရေး ပုံစံသစ်တစ်ခု ထွက်လာမယ်လို့ ကျနော်ထင်ပါတယ်။

လက်နက်ကိုင်တွေနဲ့ NSPNC ဆွေးနွေးစဉ်
မေး ။ ။ ဒါဆိုရင် လက်ရှိမှာ အာဆီယံရဲ့ သဘောထားကရော ဘယ်လိုရှိနေလဲ။
ဖြေ ။ ။ အာဆီယံကတော့ သူက မူ ၅ ချက်ပေါ့နော်။ ဘုံသဘောတူညီချက် ၅ ချက်၊ ၅ ချက်က ပြီးခဲ့တဲ့ အာဏာ ထိန်းလိုက်တဲ့အချိန်မှာ ကျနော် အမှတ်မမှားဘူးဆိုရင် ဧပြီလ ၁၈ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ အဲဒီတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ သူတို့က ပဋိပက္ခကို နိုင်ငံရေးအရ ဖြေရှင်းဖို့အတွက် သူတို့အခြေခံ တောင်းဆိုတာပေါ့နော်။
ပဋိပက္ခရှိနေရင် ဒုက္ခသည်တွေလည်းရှိနေမယ်။ လူသားချင်းစာနာတဲ့ကိစ္စ၊ ဒီထဲမှာ ဖြစ်တယ်ဆိုပေမယ့် အာဆီယံ ရဲ့ ရပ်တည်ချက်က လောလောဆယ် သူလည်း လှုပ်သာလှဲသာရှိပုံမပေါ်ဘူး။ သူ့ဘက်ကလည်းပေါ့။ ဒါပေမယ့် လည်း ခုနကပြောသလို bilateral ပေါ့ နှစ်နိုင်ငံအကြား ကျနော် ပထမပိုင်းက ပြောခဲ့တဲ့ နောက်ကပြန်ရေရင် အင်ဒိုနီးရှားပေါ့။ ပြီးရင် ထိုင်းအထိက ကျွန်းနိုင်ငံမှ မဟုတ်ဘူး၊ ကုန်းတွင်းနိုင်ငံ မဟုတ်ဘူး မြန်မာနိုင်ငံကို အပြု သဘောနဲ့ ဆွဲဆောင်ပြီးတော့ သူ့ကိုဖြောင်းဖျတဲ့ ပေါ်လစီအသစ်တစ်ခု ထွက်လာမယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ ပြီးရင် တရုတ်ရဲ့ဖိအား သို့မဟုတ် ကြားဝင်စေ့စပ်ပေးမှုကြောင့်နဲ့ မြောက်ပိုင်းမဟာမိတ်ရဲ့ အခြေ အနေက ပိုပြီးတော့ စစ်ရေးအရ တည်ငြိမ်မှု ရှိသွားနိုင်မလားပေါ့။ ဒါမှမဟုတ် ပိုပြီး ပြင်းထန်လာနိုင်ဖွယ် ရှိမလား ပေါ့။
ဖြေ ။ ။ ကျနော်ထင်တယ် ပဋိပက္ခဖြစ်တုန်းကတော့ လက်နက် ဘယ်ကရလဲပေါ့။ သူတို့ရဲ့ ကုန်ကြမ်းတွေက ဘယ်ကလဲ။ သေချာတာကတော့ အမေရိကားကလည်း လာပေးမှာမဟုတ်ဘူး။ အိန္ဒိယကလည်း သွားပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် လောလောဆယ်မှာ တရုတ်အစိုးရကလည်း ဒီလက်နက်ကိုင် အင်အားစုတွေကို ဖိအား ပေးတယ်လို့ ကျနော်မထင်ဘူး။
ဘာကြောင့်လဲဆိုတော့ ဟိုင်ဂင်မှာ ပစ်ခတ်ရပ်စဲလိုက်တယ်။ ဒါတရုတ်အစိုးရရဲ့ ကမကထနဲ့။ ဟိုင်ဂင်ဆိုတာက ဟိုတယ်တစ်ခုရဲ့နာမည်ပါ။ ယူနန်ပြည်နယ် ကူမင်းမှာရှိတဲ့ ဟိုတယ်တစ်ခုရဲ့ နာမည်ပါ။ အဲဒီမှာ တရုတ်အစိုးရက ကျနော်တို့ ဘောလုံးအသင်းလိုပေါ့။ ဒိုင်လူကြီးက ဝီစီမှုတ်ထားတဲ့အချိန်မှာ ပွဲရပ်ဖို့ ပြောထားတဲ့အချိန်မှာ တစ်ဖက် အသင်းက ဘောလုံးယူပြီးတော့ ဂိုးထဲကန်ထည့်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ ဒါက နိုင်ငံကြီးတစ်ခုအနေနဲ့ သူ့ရဲ့ ကြားဝင်စေ့စပ်မှုကို လက်နက်ကိုင်အင်အားစုတွေက သူ့ရဲ့ သိက္ခာကို ထိခိုက်တယ်၊ စော်ကားတယ်ဆိုတဲ့ အချက်က ပိုပြီးတော့ မှန်ကန်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ဒီလုပ်ငန်းတွေအပေါ်မှာ သုတေသန လုပ်နေတယ်၊ ဒီလုပ်ငန်းတွေ အပေါ်မှာ တွေ့ဆုံဆွေးနွေးတဲ့ဟာတွေမှာ ကျနော်တို့ သိနေတဲ့အတွက် မီဒီယာတွေက တရုတ်ဖိအားလို့ပြောရင် ကျနော် လည်း တော်တော်ကို အသည်းယားတာပေါ့နော်။ တရုတ်က ဖိအားမပေးပါဘူး။ တရုတ်ကခေါ်ပြီးတော့ သူတို့ကို ဒီလိုတော့မလုပ်ပါနဲ့၊ မတိုက်ဖို့လည်း သူတို့နဲ့စကားပြောတယ်။ အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်းက ညီနောင် မဟာမိတ်တွေနဲ့ စကားပြောပါတယ်။
ပြီးတော့ စစ်ရပ်စဲတဲ့အခါမှာလည်း တရုတ်ကပဲ ကြားဝင်စေ့စပ်ပေးပါတယ်။ စေ့စပ်ပေးတဲ့အခါမှာ နှစ်ဖက်စလုံး ရပ်လို့ ပြောတယ်၊ နှစ်ဖက်စလုံး ရပ်တာကို တပ်မတော်အစိုးရဘက်က မချိုးဖောက်ဘူးခင်ဗျ။ ချိုးဖောက်တာက ဟိုဘက်ကပေါ့။ ဥပဒေတိုင်းမှာ Rules of engagement ဆိုတာ ရှိတာပေါ့။ ဒါဘယ်လို တုံ့ပြန်မလဲပေါ့ အဲဒီ တုံ့ပြန် တဲ့အပေါ်မှာ သူတို့ရဲ့ မှားယွင်းတဲ့ တုံ့ပြန်မှုကို ပြန်ဆုတ်ပေးရတယ်လို့ပဲ ကျနော်ထင်ပါတယ်။ ဒါကို တရုတ် အစိုးရ ကြီးက မတရားဖိအားပေးလွန်းလို့ ဆိုတာကြီးကတော့ သံတမန် နိုင်ငံရေးအရ ဒါကို ဖြေလျှော့ပြောတယ်လို့ ထင်ပါ တယ်။
မေး ။ ။ တစ်ဆက်တည်း တစ်ခုလောက်မေးချင်ပါတယ်။ တိုက်ပွဲဖြစ်မှပဲ NCA တို့၊ Bilateral တို့ လုပ်လို့ရတာ လား။ တိုက်ပွဲမဖြစ်ဘဲနဲ့ရော ထိုးလို့မရဘူးလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဓိက,က ကျနော်တို့မှာ ကျနော်လည်း ငြိမ်းချမ်းရေးလုပ်လာတော့ ပြဿနာက အစိုးရအနေနဲ့က လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သူက ဆွေးနွေးတဲ့အခါမှာ တချို့ သူကတိပေးလိုက်ရတာတွေရှိပါတယ်။ ဥပမာ အားဖြင့် ကျနော်တို့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ အခုက ၅ ဖွဲ့ပဲကျန်တော့တယ်။ ထိုးထားတာ ၁၀ ဖွဲ့မှာ ၃ ဖွဲ့က ပြန်တိုက်နေတယ်။
အဲဒီတော့ ဒီလိုပြဿနာမျိုးကို သူက ဘယ်လို အကောင်အထည်ဖော်မလဲပေါ့။ အဲဒီတော့ နိုင်ငံတော်လုံခြုံရေး ဘက်ကကြည့်ရင် သူတို့စိုးရိမ်ချက်ရှိတယ်ပေါ့။ အဲဒီတော့ လက်နက်ကိုင်အင်အားစုတွေ အခုအသစ်တွေ ပေါ်လာ တယ်။ ၂၀၂၁ နောက်ပိုင်းမှာပေါ့နော်။ သိသာထင်ရှားတဲ့ ရှိပြီးသားတွေပါ တိုင်းရင်းသားလက်နက်ကိုင် အင်အား စုတွေမှာ ရှိပြီးသားဖြစ်တယ်။ အဲဒီတော့ NCA က စစ်တိုက်မှ ထိုးရမလားဆိုရင်တော့ မလိုပါဘူး။
ဒါပေမယ့် ဘယ်လိုနိုင်ငံရေးအရ ပေါင်းစပ်မလဲပေါ့။ ဥပမာအားဖြင့် အခု BGF ကရင်ပြည်နယ်မှာရှိတဲ့ BGF ဆိုရင် KNA အဖြစ်သူက အသွင်ပြောင်းသွားတယ်။ ဒါပေမယ့် သူက ပြန်မတိုက်ဘူး။ သူ့ရဲ့ Independency လို့ခေါ်တဲ့ လွတ်လပ်မှုပေါ့နော်၊ သူ့ရဲ့ နိုင်ငံရေးသိက္ခာ၊ သူ ကရင်လူမျိုးတွေထဲမှာ ဘာကြောင့်လဲဆိုတော့ BGF သည် ကရင်ပြည်နယ်ထဲမှာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။
ဒါပေမယ့် သူက နိုင်ငံရေးအရ တပ်မတော်ရဲ့ လက်ရုံးတပ်တစ်ခုပဲ ဖြစ်တယ်။ အဲဒီတော့ သူ့လက်ရုံးတပ်အနေနဲ့ သူမနေနိုင်တော့တဲ့အတွက် နိုင်ငံရေးကလည်း ပြောင်းလဲနေတဲ့အခါမှာ အခုတိုင်းရင်းသားတွေ အနေနဲ့က ဖက်ဒရယ်ပြည်ထောင်စု အခုပါလီမန် ဖြစ်လာတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုထဲက ရတဲ့ တချို့အင်အားစု တွေဆိုရင် NCA ဆိုတဲ့ စကားထက်စာရင် ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ပါဝင်တဲ့ ကိုယ့်လူမျိုးတွေရဲ့ ရပိုင်ခွင့်ကို နောက်တစ်နည်း စဉ်းစားသင့်တယ်လို့ကျနော်ထင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 1064
CNI Interview
၂၀၂၆ ခုနှစ်၊ မေလ ၂၁
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးနောက် လက်နက်ကိုင် အဖွဲ့အစည်းများ ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
တခြား တစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။
မြန်မာနိုင်ငံမှာ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နှစ်ဖက်စလုံးက ဟန်ပြသက်သက်သာ လုပ်နေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တကယ် အကျိုးရှိမည့် ငြိမ်းချမ်းရေးကို မဖော်ဆောင်ကြ ဘူးဟု ထောက်ပြမှုများလည်း ရှိနေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဋ္ဌ ဦးသာထွန်းလှကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

AA ခေါင်းဆောင်များကို တွေ့ရစဉ်
မေး ။ ။ ရခိုင်မှာ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့ AA နဲ့ တပ်တို့ ဘာတွေ လုပ်ဆောင်သင့်လဲ။
ဖြေ ။ ။ အဓိက အရေးကြီးတာက ဆွေးနွေးရေးဖြစ်ဖို့၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုရင် အမှန်တကယ် ငြိမ်းချမ်းရေး တည်ဆောက်လိုစိတ် စိတ်ကောင်း စေတနာကောင်းရှိဖို့ အရေးကြီးတယ်။ ငြိမ်းချမ်းရေး၊ တွေ့ဆုံ ဆွေးနွေးရေးဆိုတဲ့ ပုံစံမျိုးကို ဟန်ပြဆွေးနွေးတဲ့ ပုံစံမျိုးလောက်နဲ့ အဲဒီလိုပုံစံမျိုး ဆိုရင်တော့ အဖြေထွက်နိုင်မှာ မဟုတ်ဘူး။
အဓိက အရေးကြီးတာ ဆွေးနွေးဘက်တွေမှာ ယုံကြည်မှုရှိဖို့ အရေးကြီးတယ်။ ဆွေးနွေးဘက် အချင်းချင်း ယုံကြည်မှု မတည်ဆောက်နိုင်ရင်တော့ ငြိမ်းချမ်းရေးတို့၊ တွေ့ဆုံ ဆွေးနွေးရေးတို့ဆိုတာလည်း အဖြေထွက်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဆွေးနွေးဖက်တွေက တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးရေး ဖြစ်စဉ်တွေအပေါ်မှာ ယုံကြည်မှု ရှိဖို့ အရေးကြီးတဲ့ အတွက်ကြောင့် ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေကို အရင် လုပ်ဆောင်ဖို့လိုမယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ်။
မေး ။ ။ ယုံကြည်မှု တည်ဆောက်ဖို့ ဆိုရင်ရော နှစ်ဖက်အင်အားစုတွေ အနေနဲ့ ဘယ်လို လုပ်ဆောင်ဖို့ လိုအပ် မလဲ။
ဖြေ ။ ။ ယုံကြည်မှု တည်ဆောက်ဖို့ အတွက်က အခုလောလောဆယ်မှာ ပြည်သူတွေ ထိခိုက်ခံစားနေရတဲ့ ပြဿနာတွေရှိတယ်။ ပြည်သူတွေ ထိခိုက်ခံစားနေရတဲ့ အတိုင်းဆိုရင် သတင်းမီဒီယာတွေမှာ ကြားသိနေရတာ ကတော့ လေယာဉ်နဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူတွေ ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေ၊ အရပ်သား ပြည်သူတွေ နေထိုင်တဲ့ နေအိမ်တွေ၊ ရပ်ရွာတွေ ဖျက်ဆီးခံနေရတဲ့ ဖြစ်စဉ်တွေ အဲဒီဖြစ်စဉ်တွေကို အမြန်ဆုံး မဖြစ် ရအောင် ရပ်တန့်ပြီး တစ်ဖက်နဲ့တစ်ဖက်နဲ့ နိုင်ငံရေးအရ အဖြေရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံဆွေးနွေးရေး တစ်ခု ဖြစ်ပေါ်ဖို့ လိုအပ်တယ်။
တစ်ဖက်နဲ့တစ်ဖက်နဲ့ ရေရှည် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ အဲဒါကြောင့် ယုံကြည်မှု တည်ဆောက်တဲ့အချိန်မှာ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေအပေါ်မှာ မူတည်ပြီး ယုံကြည်မှု တည် ဆောက်ဖို့ လိုတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်တွေကို ပူးပေါင်းဆောင်ရွက် ဖြေရှင်းတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ လိုတယ်လို့ မြင်တယ်။
စာနာထောက်ထားတဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ မြင်တယ်။ အဲဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးပွဲ ဖြစ်ပေါ်တဲ့ အချိန်မှာ ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာလို့ ရတယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အဓိက ပြောချင်တယ်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံ တစ်နေရာကို တွေ့ရစဉ်
မေး ။ ။ ရခိုင်မှာ တစ်ကျော့ပြန် တိုက်ပွဲပြန်ဖြစ်လာတာက ၂၀၂၃၊ နိုဝင်ဘာလမှာ စခဲ့တာပေါ့။ တကယ်လို့ တပ်မတော်ဘက်က ရခိုင်အခင်းအကျင်းကို ၂၀၂၃ မတိုင်ခင် အခင်းအကျင်းမျိုး ပြန်ပေးဖို့ အာရက္ခတပ်တော် AA ကို တောင်းဆိုနေဦးမယ်ဆိုရင်ရော လွယ်ကူပါ့မလား။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေက ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံ ရေး ဖြစ်စဉ်တွေအပေါ်မှာ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာပြီး ဖြေရှင်း ဆောင်ရွက်ခဲ့တဲ့ အားနည်းတဲ့ အပိုင်းတွေ လွတ်လပ်ရေးပြီးကတည်းက ပေါ်ပေါက်လာခဲ့တဲ့ အစိုးရ အဆက်ဆက် အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေမှာ အားနည်း တဲ့ အခြေအနေလိုမျိုး အများကြီးဖြစ်ပေါ်ခဲ့တာ ရှိတယ်။
အဲဒါကြောင့် အခုလက်ရှိ အခြေအနေအပေါ်မှာ သုံးသပ်ကြည့်မယ်ဆိုရင် လက်ရှိ ပကတိ အခြေအနေပေါ်မှာ မူတည်ပြီး အဖြေရှာတဲ့ လုပ်ငန်းစဉ်မျိုး ချမှတ်လုပ်ကိုင်ဖို့ လိုတယ်လို့ ကျနော်တော့ အဲဒီလိုပြောလိုတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ အနောက်မှာ ဘင်္ဂါလီ၊ အရှေ့မြောက်မှာ တရုတ်ကြီးစိုးတာ၊ KIA ကလည်း အနောက် မြောက်ဒေသတစ်ကြော လွတ်မြောက်ရေး ကြိုးပမ်းနေတာရှိတယ်။ တောင်ပိုင်းက ကရင်ကြတော့လည်း ကျောထောက်နောက်ခံက ထိုင်းဖြစ်နေတော့ ဒီအခင်းအကျင်းတွေ အားလုံးကို ခြုံကြည့်ပြီး မထိန်းနိုင်ရင် ဗမာပြည် အခင်းအကျင်းက ဘယ်လိုဖြစ်သွားနိုင်လဲ။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ပြဿနာကို ဘယ်လိုပုံစံ ဖြေရှင်းကြမလဲဆိုတဲ့ လုပ်ကိုင် ဆောင်ရွက်မှုအပေါ်မှာ ပိုပြီး မူတည်တယ်လို့ပဲ ပြောလိုတယ်။ မြန်မာနိုင်ငံမှာက ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံတွေရဲ့ အခြေအနေတွေ ကိုလည်း လေ့လာသုံးသပ်ပေးပြီး ဘယ်လိုနိုင်ငံတစ်နိုင်ငံကို ပြည်ထောင်စုကို ဘယ်လို ပြန်ဖော်ကြမလဲဆိုတဲ့ ပုံစံနဲ့အပေါ်မှာ အဓိက အကောင်အထည်ဖော်ဖို့ လိုတယ်လို့ပဲ ပြောလိုတယ်။
အဓိက ပြည်တွင်းက ဖြေရှင်းဆောင်ရွက်မှု အားနည်းနေသေးတော့အခါ အပြင်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုဒဏ်ကို ခံရတယ်ဆိုတာက အခုလည်း လက်ရှိအခြေအနေမှာ အဲဒီလို ပြင်ပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီလို့ ပြောလို့ ရတဲ့ အခြေအနေ ဖြစ်တယ်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
အဲဒါကြောင့် ဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲဆိုရင် အခုလက်ရှိ မြန်မာနိုင်ငံကို နိုင်ငံတော်ကို၊ ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲဆိုတဲ့ အပေါ်မှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အနှစ်သာရရှိရှိ ကျနော် တို့ နိုင်ငံရေးအရ ဖြေရှင်းတဲ့ အဖြေရှာတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီလို့ ကျနော်တော့ အဲဒီလို ပြောလိုတယ်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်နေပြီလို့ပဲ ကျနော် အဲဒီလိုပြောလိုတယ်။ ဘယ်ပြည်နယ် က ပိုလို့ ရှုပ်ထွေးတယ်။ ဘယ်ပြည်နယ်က မရှုပ်ထွေးဘူး အဲဒီလို အခြေအနေမျိုး မဟုတ်ဘူးလို့တော့ ကျနော် မြင် တယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာက တစ်နိုင်ငံလုံးအတွက် ရှုပ်ထွေးနေတဲ့ ပြဿနာ ဖြစ်နေတာ ဖြစ်တယ်။ အဲဒီအရှုပ်အထွေးပေါ်မှာ ပြည်သူတွေ ထိခိုက်ခံစားရတာ နည်းတယ်၊ များတယ် အဲဒီ လောက်ပဲ ကွာခြားမယ်လို့ ထင်တယ်။ နိုင်ငံရေးပြဿနာက တစ်နိုင်ငံလုံး ရှုပ်ထွေးနေတဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံးအတွက် နိုင်ငံရေး တည်ဆောက်ရေးပုံစံကို ဆွေးနွေးပြီး အကောင်အထည် ဖော်ဖို့လိုနေပြီလို့ ကျနော်ပြောတာ ဖြစ်တယ်။
မေး ။ ။ လက်ရှိမှာတော့ အစိုးရအနေနဲ့ ရက် ၁၀၀ စီမံကိန်းအနေနဲ့ သူဖိတ်ခေါ်ထားတာ ရှိတာပေါ့။ ဒီအခင်း အကျင်းမှာ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ထဲကမှ ၇ ဖွဲ့ကိုပဲ ဖိတ်စာတွေ ပေးပို့ အကြောင်းကြား ထားရသေး တယ်လို့ သိရတာပေါ့။ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ပဲ ငြိမ်းချမ်းရေးဆွေးနွေးတာက အခြားတိုင်းရင်းသား လက်နက်ကိုင် တွေ အပေါ်မှာရော သက်ရောက်မှု ကြီးနိုင်ပါ့မလား။
ဖြေ ။ ။ NCA အပစ်အခတ်ရပ်စဲရေးဆိုတဲ့ NCA စာချုပ် ဖြစ်ပေါ်ကတည်းက NCA စာချုပ် ဖြစ်ပေါ်လာအောင် ကြိုးစားတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၀ ကျော် ပါဝင်ခဲ့တာရှိတယ်လို့ အဲဒီလို သိထားတယ်။ ဒါပေမယ့် စာချုပ်ရေးထိုးခါနီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့လောက်ပဲ လက်မှတ်ထိုးခဲ့တယ်။ နောက်မှ ၂ ဖွဲ့ထိုးတယ်။
စာချုပ်ဖြစ်ပေါ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေက စုံစုံလင်လင် လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တစ်ခု အနေနဲ့ ဖြစ်ပေါ်ခဲ့တယ်။ အခုတစ်ခါ ၂၀၂၁ နိုင်ငံအာဏာကို တပ်မတော်က ယူလိုက်ပြီးနောက်ပိုင်းမှာလည်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲ ကိုယ်တိုင်က သဘောထား ကွဲလွဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တာတွေကို မြင်တွေ့နေရတယ်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပစဉ်
အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းကို ကိုင်တွယ်လို့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမျိုး ပုံစုံမျိုးဆိုရင်တော့ အလုံးစုံ အဖွဲ့အစည်း အကုန်လုံး ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာဖို့တော့ အခက်အခဲ ရှိတယ်လို့မြင်တယ်။ ဒါကြောင့် ဒီနိုင်ငံမှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဆိုတာကလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံ တည်ဆောက်ကြမလဲဆိုတဲ့အပေါ်မှာ ဆွေးနွေးတဲ့ ဆွေးနွေးမှုမျိုး၊ ပုံစံမျိုး အခင်းအကျင်းပေါ်မှာ တည်ဆောက်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါကြောင့် NCA စာချုပ် တစ်ခုတည်းနဲ့တော့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာမယ်လို့ ကျနော့် အနေနဲ့တော့ မမြင်ဘူး။ အဲဒီလိုပဲ ပြောချင်တယ်။
မေး ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး
ဖြေ ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ကျနော်တို့အခု ဖြစ်ပျက်နေတဲ့ ပြဿနာတွေ၊ ပြည်သူတွေ ထိခိုက်ခံစားနေရ တဲ့ အခြေအနေ အပေါ်မှာ မူတည်လို့ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ပေါ့၊ အမှန်တကယ် စိတ်ရင်းစေတနာနဲ့ ဟန်ပြဆွေးနွေးမှုမျိုး မဟုတ်ဘဲနဲ့ ပြည်ထောင်စုကို ဘယ်လိုပုံစံ တည် ဆောက် ကြမလဲဆိုတဲ့၊ ဘယ်လိုဖက်ဒရယ် နိုင်ငံတော်ကို တည်ဆောက်ကြမလဲဆိုတာကို အခြေခံပေါ်မှာ နိုင်ငံရေး စိတ်ဆန္ဒ ကောင်းကောင်းနဲ့ ဆွေးနွေးရှာဖို့ အချိန်ရောက်ပြီလို့ ကျနော်တို့ အဲဒီလို မြင်တယ်လို့ပဲ ပြောလိုတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 1934
CNI Interview
၂၀၂၆ ခုနှစ်၊ မေလ ၁၃
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ကချင်ပြည်နယ်ကနေ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် ကို ချိတ်ဆက်၍ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်သည် ၁ နှစ်နှင့် ၃ လကျော် စစ်ဆင်ရေးလုပ်၍ စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် ဆက်စပ်ဒေသ မြို့များကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KIA ၏ အနောက် မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေး စစ်ဆင်ရေးအတွက် အကျပ်အတည်းများ ရင်ဆိုင်လာနေရသည်။
တခြား တစ်ဖက်မှာလည်း ကိုးကန့်တပ်ဖွဲ့(MNDAA)က တရုတ်၏ ထောက်ပံ့ ကူညီမှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်း တစ်လျှောက်ရှိ မြို့များကို ထိန်းချုပ်လာသလို နမ့်ခမ်းမြို့ကိုလည်း ထိန်းချုပ် ရန် ပြင်ဆင်လျက်ရှိသည်။
ထို့နောက် တရုတ်နိုင်ငံသားများ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ဝင်ရောက်၍ မြေများ ဝယ်ယူခြင်းနှင့် စီးပွား ရေး ရင်းနှီးမြှုပ်နှံမှုများလုပ်ကာ လူဦးရေတိုးပွားခြင်းဖြင့် တရုတ်လွှမ်းမိုးမှုကို ချဲ့ထွင်လျက်ရှိနေသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ လက်ရှိမှာ စစ်တပ်က ကချင်ကို ထိုးစစ်ဆင်နေတာ ဘာကြောင့် ဖြစ်နိုင်လဲ။
ဖြေ ။ ။ အခုကတော့ မြစ်ကြီးနား-မန္တလေး ကားလမ်းတောင် ပွင့်သွားပြီလေ။ နန့်စီးအောင်၊ မိုးညှင်း အဲဒါတွေ အကုန် ပွင့်သွားပြီဆိုတော့ အနေအထားကတော့ ကျနော်တို့ မြင်တာကတော့ ကသာလည်း အစိုးရဘက်က ပြန်ရ သွားပြီဆိုတော့ ဗန်းမော် အနေအထားကလည်း ရှင်းရှင်းပြောရရင် KIO ဘက်က အခြေအနေ မကောင်းဘူးပေါ့။
အစိုးရဘက်ကတော့ အကုန်ပြန်ရနိုင်တဲ့ အနေအထားတွေရှိတယ်။ ကျနော်တို့ မြင်တာက အခုက အစိုးရသစ် အနေနဲ့ ဒီကိစ္စက နည်းနည်း ကျယ်ပြန့်တယ် ပြောရရင်လေ။ အစိုးရအသစ် အနေနဲ့ KIO နဲ့ ငြိမ်းချမ်းရေးကိစ္စ ကတော့ အထိရောက်ဆုံးနဲ့ အမြန်ဆုံး လုပ်နိုင်ရင်တော့ ကောင်းမယ်။ အပြုတ်တိုက်တာထက်စာရင် ကျနော့် အမြင်ပေါ့နော်။
ဘာလို့လဲဆိုတော့ အခုက ကချင်ပြည်နယ်ဘက်ကို ဒီဘက်က အစိုးရစစ်တပ်က ထိုးတာတွေက နယ်မြေရအောင် ရှင်းရှင်းပြောရရင် စစ်ကိုင်းတိုင်းလမ်းကြောင်း၊ ဟိုဘက်က ချင်းပြည်နယ်လမ်းကြောင်း ထောက်ပံ့ရေး လမ်း ကြောင်းတွေ ဖြတ်တောက်ပြီးတော့မှ စစ်ပွဲတွေ နိုင်အောင် ပြန်တိုက်နေတာပေါ့နော်။ ဒါပေမယ့် အဓိက,က အဲဒီ ဘက်ကို လုပ်ရင်းနဲ့ တစ်ဖက်ကလည်း အားနည်းချက်က ရှမ်းမြောက်ဖက်မှာ အားနည်းချက်က တော်တော်လေး ကြီးလာတယ်။ ကြီးလာတော့ အခု BRI ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ဖို့အတွက် လုပ်တဲ့အခါကြတော့ ရှမ်း မြောက်မှာက MNDAA ကိုးကန့်တို့က သူနဲ့မဆိုင်တဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးတွေ ထူထောင်တာတွေ၊ နောက် တစ်ခါ ကျနော်တို့ရဲ့ national identity ကိုပါ ထိခိုက်ပြီး ဆောင်ရွက်လာတာတွေက အန္တရာယ်ပိုကြီးနေသလား လို့။
ကချင်ပြည်နယ် အပြောင်းအလဲထက် ရှင်းရှင်းပြောရင် KIO နဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ရင်တော့ ဒီဘက်က ရှမ်းမြောက်က အရေးကြီးတဲ့ ကျနော်တို့ ကိစ္စတွေမှာ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ထင်မြင် ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ တကယ်တမ်း တိုင်းပြည်အတွက် တကယ့် နယ်မြေ ကျူးကျော်ရေးနဲ့ အလွှမ်းမိုးခံဒေသ အန္တရာယ်အရှိဆုံးနေရာက ၂ ခုပဲရှိတယ်။ ရခိုင် ဘူးသီးတောင်၊ မောင်တောနဲ့ ရှမ်းမြောက်ပဲ။

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်တွေနဲ့ နယ်မြေ အခြေအနေကို ပြသထားစဉ်
အခု အဲဒီ tension က ၂ ခုစလုံးက အတူတူပဲ။ အဲဒီဟာက တခြားဘာထက်မှာ အရေးမကြီးဘူး ကျနော်မြင်တာက။ မဟုတ်ရင်တော့ ပဲ့ပါတော့မယ်။ ဘူးသီးတောင်၊ မောင်တောဘက်လည်း ထိန်းတော့ထိန်းထားနိုင်တယ်။ ဒါပေမယ့် ရှမ်းမြောက်က လျင်လျင်မြန်မြန်ကို ပဲ့ပါနေတဲ့ သဘောရှိတယ်။ ကုန်သွယ်ရေး လမ်းကြောင်းဖွင့်မယ် BRI လုပ် မယ်။ MNDAA က လုံခြုံရေး အစောင့်တပ် အနေနဲ့ သဘောမျိုးနဲ့ သွားနေမယ့် ဒီဟာကို လမ်းကြောင်းဖွင့်ပြီး သွား တယ်ဆိုတော့ အစိုးရအကျိုးရှိတယ်လို့ ယူဆလို့ရပေမယ့် ကျနော်တို့ရဲ့ နယ်မြေနဲ့ အမျိုးသားရေးလက္ခဏာ ပျက်စီး ဆုံးရှုံးမှုက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ အဲဒီဟာက ရှင်းရှင်းပြောရရင် ရှမ်းမြောက်က အခု လက်ရှိ အနေအထားဆိုရင် ဟိုဘက်က ဘင်္ဂါလီအရေးထက် တောင်မှ ပိုပြီးတော့မှ အရေးကြီးနေတယ်။
ဆိုတော့ မြန်မြန်သွက်သွက်ကို လားရှိုးအထိ ရောက်လာတာကို။ အဲဒါကို ကာကွယ်ဖို့ဆိုရင် ရှမ်းမြောက်က ကချင် တပ်တွေ၊ SSPP တပ်တွေ၊ ရှမ်းတပ်တွေ၊ EAO တပ်တွေနဲ့ ငြိမ်းချမ်းရေးရပြီး နည်းနည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှ တားဆီးနိုင်မယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ကချင်ပြည်နယ်ထိုးစစ်က ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေး လမ်းကြောင်းကြီး ပွင့်သွားပြီ။ ကောင်းသွားပြီ။ ပြီးတော့ အပြီးတိုက်မယ်ဆိုတာထက် ကျနော့် အမြင်ကတော့ ပြည်တွင်း စည်းလုံးညီညွတ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ပြီးတော့မှ ခုနက ပြည်ပကိစ္စ တွေပေါ့။ ကျုးကျော်မှုကိစ္စတွေ၊ နယ်မြေတွေ ပဲ့ပါသွားတဲ့ကိစ္စတွေကို အမြန်ဆုံး ကာကွယ်နိုင်ဖို့က ပိုအရေးပါ တယ်။
အဲဒီတော့ ရှမ်းမြောက်ကိစ္စကို ကာဖို့ဆိုရင် KIO နဲ့ SSPP တွေက ရှမ်းမြောက်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ပြေလည် ပြီး ကာကွယ်နိုင်ဖို့က ပိုအရေးပါသလားလို့။ အဲဒီလို ဟိုဘက်မှာ ပိတ်နိုင်မှ ဒီဘက်မှာ အကောင်အထည် ဖော်နိုင် မယ်လို့တော့ ကျနော်က မြင်တယ်။ ဆိုတော့ ကချင်ပြည်နယ် စစ်ပွဲက စစ်ပွဲအပြီးတိုင် တိုက်ရေးထက် ငြိမ်းချမ်း ရေးက ပိုအရေးပါနေတယ်။ ငြိမ်းချမ်းရေး အတတ်နိုင်ဆုံးယူပြီးတော့မှ KIA တပ်တွေနဲ့ ရှမ်းမြောက်ဘက်မှာ SSPP တပ်တွေနဲ့ ကာနိုင်ဖို့က အရေးပါနေတယ်လို့ မြင်တယ်။
မေး ။ ။ အခုအခါမှာ စစ်တပ်ဘက်က အခုလိုမျိုး ထိုးစစ်တွေ အများအပြား ပြန်ဆင်လာတာက ဘယ်လို အခင်းအကျင်း ဖြစ်နိုင်မလဲ။
ဖြေ ။ ။ အဲဒီဟာကတော့ ကျနော်မြင်တာကတော့ အစိုးရတပ်တွေ အနေနဲ့ကတော့ ဥပမာ အနောက်ဘက် ဒေသပေါ့၊ အနောက်နဲ့ အနောက်မြောက်ဘက် ဒေသတွေ ကျနော်တို့ စစ်ကိုင်း-မကွေး ချိတ်ဆက်မှုတွေကို cut out လုပ်နေတာ။ ဥပမာ- ကလေး/ကလေးဝလမ်း၊ ဖလမ်း အဲဒီဘက်ကိုလည်း ထိုးစစ်ဆင်တယ်။ ဒီဘက်က ကချင်ပြည်နယ်ဘက်က လမ်းကြောင်းဆိုလည်း ကုန်သွယ်ရေး လမ်းကြောင်းတွေဖွင့်တယ်၊ အဲဒီလိုမျိုးတွေ လုပ်တယ်။ လုပ်တဲ့ဟာက အမှန်တော့ အစိုးရတစ်ရပ် အနေနဲ့ ဘယ်အစိုးရ တက်တက် ဒီဟာကတော့ သူလုပ်ကို လုပ်မယ့် ကိစ္စတွေပဲ၊ သူဦးစားပေး လုပ်ရမယ့် အလုပ်တွေလို့ပဲ ကျနော်မြင်တယ်လေ။
အဲဒီဟာမှာလည်း အခုက အစိုးရက အနောက်နဲ့ အနောက်မြောက်ဘက် ချိတ်နေတဲ့ဘက်ကို သူ ဖြတ်တောက် လုပ်တာကလည်း တကယ်တမ်းကြတော့ ချင်းရယ်၊ နာဂရယ်၊ ကချင်ရယ်၊ ရခိုင်ရယ်က ဆက်စပ်မှုက ဗိုလ်ချုပ် ဂွမ်မော်က ပြောထားတယ်လေ။ မတ်လက တစ်ခါ သူပြောထားတာ ရှိတယ်။ အဲဒီကိစ္စကလည်း တော်တော် အန္တရာယ်ကြီးတယ်။ အစိုးရဘက်က ကြည့်ရင် အန္တရာယ်ကြီး နေတာပေါ့။
ဟိုဘက်က တိုင်းရင်းသား လွတ်မြောက်ရေး တပ်ဖွဲ့တွေရဲ့ ရည်မှန်းချက်ကတော့ သူ့ဟာနဲ့သူ သူ့ရည်မှန်းချက်နဲ့သူ မှန်ပါလိမ့်မယ်။ ဒီဘက်ကတော့ အစိုးရ တိုင်းပြည်တစ်ခု အနေနဲ့ကြည့်ရင်တော့ တိုင်းပြည်ပြိုကွဲရေးကို မြန်မြန် ဆန်ဆန် ထိန်းချုပ်ပြီးတော့မှ ထိုးစစ်ဆင်နေတယ်လို့ပဲ မြင်တယ်။ ဒါကလည်း သူလုပ်ရမယ့် အလုပ်ပေါ့နော်။ ဒါတွေ ဖြတ်တောက်ပြီးမှ အခု အဲဒါတွေ ဖြတ်တောက်တာတောင် ဟိုဘက်မှာ နယ်မြေတွေက ပါနေတယ်ဗျာ။
ကိုးကန့်ကိစ္စဆိုရင် တော်တော် အရေးကြီးနေတယ် ကျနော်တို့ မြင်တာကလေ။ အဲဒါကလွဲရင် တခြား ဘာမှအရေး မကြီးဘူး။ အဲဒီတော့ ခုနကလိုပေါ့ အနောက်မြောက်နဲ့ အနောက်ဘက်ဒေသ ချင်းနဲ့ နာဂဘက်ကို အိန္ဒိယ ကုန် သွယ်ရေး လမ်းကြောင်း ဖွင့်ဖို့ရော၊ နောက်တစ်ခါ စစ်ကိုင်းနဲ့ မကွေးရဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်ဖို့ရောကြတော့ အဲဒါကြောင့်လည်း ထိုးစစ်ဆင်တာပေါ့။ ဒါကတော့ တပ်က သူလုပ်ရမယ့်အလုပ် သူလုပ် တယ်လို့ပဲ ကျနော်မြင်ပါတယ်။

မန္တလေး-အင်းတော်-မြစ်ကြီးနား လမ်းကြောင်းကို တပ်က ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ထိန်းချုပ်လိုက်စဉ်
မေး ။ ။ လက်ရှိမှာ ကချင်နဲ့ စစ်ကိုင်းအစပ်က မြို့တွေကို စစ်တပ်က ပြန်ပြီးထိန်းချုပ်လိုက်နိုင်တဲ့ အနေအထား ဆိုတော့ ဒီအခင်းအကျင်းကနေ ဘယ်လို အပြောင်းအလဲတွေ ဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ တကောင်း တိုက်ပွဲက အဆုံးအဖြတ် ဖြစ်နေတယ်။ တကောင်းပြီးတာနဲ့ ထီးချိုင့်ကို ရောက်တာလေ။ ထီးချိုင့်မှာ တကောင်း နီကယ်စက်ရုံ၊ တရုတ် နီကယ်စက်ရုံရှိတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ရဲ့ အနောက်ဘက် ကို ကူးလိုက်တာနဲ့ ကသုံးလုံးနယ်မြေကို စစ်ကြောင်းထိုးတာပဲ။ ဘယ်လိုပဲပြောပြော စစ်ကိုင်းနဲ့ ကချင်ကို ဖြတ် လိုက်နိုင်တာနဲ့ စစ်ကိုင်း-မကွေး အညာဒေသရယ်၊ နောက်တစ်ခါ CNF တွေ ကြီးစိုးထားတဲ့ ချင်းပြည်နယ်ရဲ့ ဟာတွေက အကုန်လုံးက ပွင့်ပွင့်လင်းလင်း ပြောရရင် လက်နက်ထောက်ပံ့ရေး လမ်းကြောင်းပေါ် အဲဒါ အကုန် ပြတ်သွားတာ။ အဲဒါက မဟာဗျူဟာကျတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ကိုင်းနဲ့ ချင်းဘက်၊ မကွေးဘက်က အဓိက လက်နက် ထောက်ပံ့ရေးလမ်းကြောင်းက AA က နည်းနည်းလေးပဲလာတယ်။ အဓိက,က KIO ဆီကပဲ။ KIO လက်နက် စက်ရုံတွေဆီကနေမှ သွားနေတာ။ သွားနေတာဆိုတော့ ဒီစစ်ဆင်ရေးက အစိုးရဘက်က ကြည့်ရင် အလွန်အရေးပါတယ်။ ဒါ ဖြတ်ကို ဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။ အဲဒါမှ စစ်ကိုင်း-မကွေးကို control ပြန်လုပ်နိုင်မယ်။ ကျနော်ထင်တယ် စစ်ကိုင်း-မကွေးကို control လုပ်ရင်းနဲ့ ဟိုဘက်ကို ငြိမ်းချမ်းရေးကိစ္စကို အကောင်အထည် ဖော်မယ်နဲ့တူတယ်။ နောက်လလောက်ဆို။ ကျနော် မြင်တာကတော့ အဲဒီလိုမြင်တယ်။
မေး ။ ။ အခုဆိုရင် ရှမ်းမြောက်မှာ တရုတ်တွေက ပိုပိုပြီး နေရာယူလာတာ တွေ့ရတာပေါ့။ ဒီအခင်းအကျင်းကို အစိုးရအနေနဲ့ ဘယ်လိုဟန့်တားသင့်မလဲ။ တကယ်လို့ မဟန့်တားနိုင်ရင် ဘယ်လို အနေအထား ဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ ကိုးကန့် MNDAA က နာမည်ခံပေမယ့် တကယ်တမ်း သူ့လူဦးရေက ၁ သိန်းခွဲလောက်ပဲရှိတယ်၊ ၂ သိန်း မပြည့်ဘူး။ ကျနော်တို့ ကိုးကန့်စစ်ပွဲတွေ ဘာတွေ ပြီးနောက်ပိုင်း ဖုန်ကျားရှင်တို့ ထွက်သွားပြီး တိန့်ရှောင်ဖိန် တို့ အုပ်စုပေါ့နော်၊ ဘယ်အုပ်စုက ဒီဘက်က မြန်မာအစိုးရနဲ့ ပေါင်းပြီးတော့မှ ထိန်းသိမ်းနေတဲ့ကာလ။ သူတို့ တိုက်ပွဲကာလ အကုန်၊ သူတို့ရဲ့ လူဦးရေက demographic က အရေးကြီးတယ်။
စစ်ပွဲတစ်ပွဲ အရှုံးအနိုင်နဲ့ လွှမ်းမိုးနိုင်မှုက အဲဒီတော့ သူတို့က လူဦးရေ ၂ သိန်းမကျော်ဘူး။ အဲဒီလောက်နဲ့ဆိုရင် သူတို့ကို ၂၀၀၈ အခြေခံဥပဒေအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုပြီးတော့မှ လောက်ကိုင်နဲ့ ကုန်းကြမ်းကို ပေးထားတယ်။ အဲဒီမှာ ချင်းရွှေဟော်နဲ့ ကွမ်လုံတို့မပါဘူး။ ဒါပေမယ့် နယ်မြေက ဆက်စပ်နေတယ်။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးက ချင်းရွှေဟော်က မူဆယ်ပြီးရင် အရေးပါတော့ အဲဒီဘက်ကိုပါ သူတို့က ကျူးလာတာ။ ကျူးလာတော့ ခုနက ကျနော်ပြောတဲ့ သူတို့ရဲ့ demographic အရဆိုရင် စစ်ပွဲတစ်ပွဲ အနိုင်တိုက်ဖို့ရော အုပ်ချုပ်ရေးနယ်မြေကို ဒီလောက်အကျယ်ကြီး ထိန်းဖို့ရော၊ သံလွင်မြစ် အနောက်ဖက်ကမ်းကို ကူးတာကိုက မဖြစ်နိုင်ဘူး။
အဲဒီတော့ ဘာဖြစ်နေလဲဆိုတော့ အခုသတင်းတွေလည်း တော်တော်တက် လာနေတယ်လေ အားလုံးလည်း သိနေတာပဲ။ အခုရှမ်းမြောက်မှာက ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ တရုတ်လုပ်ငန်းရှင်တွေကို ခေါ်သွင်းလာတယ်။ လုပ်ငန်းရှင်တွေကနေတဆင့် တရုတ်အလုပ်သမားတွေ သွင်းလာတယ်။ တရုတ်အလုပ်သမားတွေ သွင်းလာပြီး တော့ လူဦးရေအရ သူတို့က လွှမ်းမိုးဖို့ ဘင်္ဂါလီတွေလိုပဲ တစ်ပုံစံပဲ အဲဒီဟာကို သူတို့ကျင့်သုံးလာတယ်။ ကျင့်သုံး လာတော့ ကိုးကန့်ရဲ့ EAO တပ်ထဲမှာလည်း ကိုးကန့်စစ်သားထက် တကယ်တမ်းဆိုရင် ဒေသခံ ကချင်တွေ၊ နောက်တစ်ခါ ရှမ်းတွေ၊ တချို့ ကျနော်တို့ သိရသလောက်ဆိုရင် ဗမာပြည်အလယ်ပိုင်းက ဗမာလုပ်သားတွေ ပေါ့နော်။ ဗမာအလုပ်သမားတချို့ကလည်း အဲဒီမှာ လစာရတဲ့အခါကြတော့ ကြေးစားစစ်သား အနေနဲ့ဝင်ပြီး လုပ်ကြတယ်။

MNDAA ခေါင်းဆောင်ကို တွေ့ရစဉ်
သူတို့က နယ်မြေထိန်းသိမ်းဖို့အတွက် တပ်အင်အား ထူထောင်ရမယ်ဆိုပြီးတော့မှ ဒီဟာကို ပြင်ဆင်နေတယ်ဆိုတဲ့ ဟာတွေ ထွက်လာတယ်။ ထွက်လာတော့ ဒီအန္တရာယ်က အခုကသူတို့က ဘယ်လိုဖြစ်လဲဆို ကွမ်လုံကို ရအောင် တိုက်ပြီးတော့မှ ကွမ်လုံတံတား ဒီဘက်ကျော်လာပြီ။ သံလွင်မြစ် အနောက်ဘက်ကို ကူးလာတာ။ ကူးလာတာက ဘယ်လောက်အထိဆိုးလဲဆို ကွမ်လုံကနေ တက်လာရင် သိန္နီရောက်နေပြီ။ သိန္နီကနေ ကွတ်ခိုင်၊ လားရှိုးနဲ့ သိန္နီကြားမှာ ကွတ်ခိုင်အထိ သူတို့က ထိန်းသိမ်းလိုက်တယ်ပေါ့နော်။ မဆုတ်ပေးဘူးပေါ့။ ထိန်းသိမ်းတာထက် အုပ်ချုပ်ရေးကို ထူထောင်နေတာကဆိုးတာ။ အုပ်ချုပ်ရေးထူထောင်တာက သူတို့ရဲ့ national identity ဟန် တရုတ်ရဲ့ national identity ကိုပါ ရိုက်သွင်းတာ။ တရုတ်စာတွေသင်တယ်။ မဖြစ်မနေ တရုတ်စာတွေကို ဆိုင်းဘုတ်တွေမှာ ရေးတယ်။ မဖြစ်မနေ လူဦးရေအရ လွှမ်းမိုးတယ်။ ဒီဟာက ကျနော်တို့ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးနေတယ်။
အဲဒီဟာကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ကိုလုပ်ရမယ် ဒီကိုးကန့် အရေးကတော့။ အဲဒါကြောင့် ကိုးကန့်ကို ရှမ်းမြောက်မှာ ထိန်းဖို့အတွက်ဆိုရင် သိန္နီကိုလည်း တရုတ်နာမည်တွေဘာတွေ သူတို့ပြန်ပြောင်းနေတယ်လေ။ အဲဒီတော့ အဲဒါကို ထိန်းဖို့အတွက်ဆိုရင် ဒေသခံပြည်သူလူထုနဲ့ တိုင်းရင်းသား EAO အဖွဲ့တွေက အရေးပါတယ်။ အရေးပါတယ်ဆိုတာ ခုနက ကျနော်ပြောတာပေါ့ KIO နဲ့ အလျင်အမြန် ငြိမ်းချမ်းရေး အရင်တည်ဆောက်ဖို့ လိုတယ်။ ဒါ နှစ်ဦးနှစ်ဖက်လုံးနဲ့ ဆိုင်တယ်။ KIO ဘက်ကလည်း နိုင်ငံရေး မျှော်မှန်းချက်တွေ ရှိတာက ရှိတာပေါ့။ ကိုယ်နဲ့တစ်ပြည်ထောင်စုသား အချင်းချင်းက အရင်ညီညွတ်ဖို့ လိုနေတယ်။ အခုဟာက ပြည်ပကျူးကျော်မှု ဆန်ဆန် ဖြစ်လာတာ။
ကျနော်တို့က ကျနော်တို့နိုင်ငံရဲ့ ၂၀၂၁ နိုင်ငံရေးပဋိပက္ခ အရှုပ်အထွေးကနေ အဲဒါတွေ ဖြစ်လာတာ။ ဖြစ်လာတဲ့ အခါကြတော့ အချင်းချင်း တိုက်တာခိုက်တာထက် နိုင်ငံရေးရလိုမှု၊ ဖော်ဆောင်မှုနဲ့ တိုက်တာခိုက်တာထက် အခုက ပြည်ပကနေ ဝင်ရောက်စွက်ဖက်မှုက ပိုအရေးပါနေတယ်။ အဲဒါကို ကာကွယ်ဖို့ဆိုရင် ကိုယ့် အချင်းချင်းက အရင် peace process ကို မြန်မြန် လက်တွဲပြီးတော့မှ ဒီကိစ္စကို ရှမ်းမြောက်မှာရှိတဲ့ ဒေသခံက ကချင်နဲ့ရှမ်း အဓိကပဲ။ အဲဒီတော့ ရှမ်းနဲ့လည်း SSPP/SSA နဲ့လည်း သေချာပြန်ပြီးတော့မှ လုပ်ဖို့လိုသလို ကချင်နဲ့လည်း လုပ်ဖို့လိုတယ်။ အဲဒါမှ MNDAA ရဲ့လွှမ်းမိုးမှုကို ကျနော်တို့ ပြန်ထိန်းနိုင်မယ်လို့ မြင်တယ်။ အဲဒီလောက်အထိ အရေးကြီးတယ်။ အရေးကြီးတော့ ကျနော် ခုနက ပြောသလိုပဲ ကချင်တိုက်ပွဲတွေ၊ ချင်းဘက်က တိုက်ပွဲတွေ၊ အနောက်ဘက်နဲ့ အနောက်မြောက်ဘက်က တိုက်ပွဲတွေ ထိုက်သင့်သလောက်ပြီးပြီဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရင် အာဃတတွေ၊ အညှိုးအတေးတွေ၊ လိုအပ်ချက်တွေကို ထားပြီးတော့မှ ကျနော်တို့ အချင်းချင်းက မြန်မြန် အထိုက်အလျောက် တစ်ခုခုတော့ သဘောတူညီချက်နဲ့ စုစည်းဖို့တော့ လိုနေတယ်။ ဒါက ပထမဦးစားပေးပဲ ကျနော် မြင်တာကတော့။ တခြားဘယ်ဟာမှ အရေးမကြီးဘူး။
နောက်မှ ကိုယ့်အချင်းချင်း ဘယ်လိုပြန်ပြောပြော၊ အခုက ပြည်ပက လူမျိုးစုတစ်ခုက ကျူးကျော်မှု ဖြစ်နေတယ်။ ဒီဟာက ကျနော်တို့ တရုတ်နဲ့ မြန်မာကြားမှာ မလှိမ့်တစ်ပတ် ဝင်လုပ်တဲ့သဘော ဖြစ်နေတယ်။ အဲဒါကို အလျင် အမြန် ဖြေရှင်းဖို့လိုတယ်။ ဒီဘက်ကလည်း နိုင်ငံတော်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များလည်း ဒီကိစ္စက သိပြီးပြီးဖြစ်ပါ တယ်။ ဆောင်ရွက်ဖို့က သူတို့ စီစဉ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ကျနော် ဒီကနေ မေတ္တာရပ်ခံလိုတာက နှစ်ဖက်စလုံးပေါ့။ နှစ်ဖက်စလုံးက ဒီအန္တရာယ်ကို ကြည့်ပြီးတော့မှ ဖြေရှင်းဖို့တော့ လိုနေတယ်။ သဘောထား ကြီးဖို့တော့ လိုနေတယ်လို့ ကျနော်ပြောချင်တယ်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနဲ့ MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်
မေး ။ ။ ဒီအခင်းအကျင်းကို ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော ဘယ်လိုပူးပေါင်းဖြေရှင်းသင့်မလဲ။
ဖြေ ။ ။ ဥပမာ ကွတ်ခိုင်ပေါ့။ ကွတ်ခိုင်-မူဆယ် ဟိုဘက် အခုသိမ်းထားတဲ့ ကြူကုတ်(ပန်ဆိုင်း)တို့၊ နောက် တစ်ခါ ဟိုဘက်က မုံးကိုးတို့၊ မုံးပေါ်တို့က အဲဒီနေရာတွေက အကုန်လုံး ကချင်တွေရဲ့နေရာ။ လူထုကလည်း ကချင် လူထုများတယ်။ အဲဒီမှာ ကချင်ရွာတွေချည်းပဲ။ နောက်တစ်ခါ KIA တပ်မဟာဆိုလည်း တပ်မဟာ ၆ နဲ့ ၄၊ ၆၊ ၁၀ အဲဒီဘက်မှာရှိတယ်။ ကျနော်တို့ အချင်းချင်း နားလည်မှု ရတယ်ဆိုရင် ဒေသခံ လူထုအားနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ လိုနေတယ်။ နိုင်ငံရေးအရရော စစ်ရေးအရရော ကိုင်တွယ်ဖို့လိုနေတယ်။
ဘာကြောင့်လဲဆိုတော့ demographic အရ လူ ၂ သိန်းတောင် မပြည့်တဲ့လူက proxy ပုံစံမျိုး ဒီလောက်ကြီးအထိ နယ်မြေချဲ့လာတာက ကျနော်တို့ အချဲ့ခံတယ်ဆိုရင် ကျနော်တို့ ညံ့နေတယ်လို့ ကျနော့် အနေနဲ့ ဒီလိုပဲမြင်တယ်။ ဒီဟာကို ပြန်ပြီး ကျစ်ကျစ်လျစ်လျစ် နိုင်ငံရေးအရရော၊ စစ်ရေးအရရော ကိုင်တွယ်မယ်ဆို ကိုင်တွယ်လို့ ရနိုင်သေး တယ်။ ဒီဟာကို ဒီအတိုင်း လွှတ်ထားလိုက်ရင်တော့ နောင်တစ်ချိန်မှာ ဒီထက်ပိုခက်သွားမယ်။ ဘာလို့ဆို ကိုးကန့် ကအခု စစ်အင်အား တည်ဆောက်နေတယ်၊ ကျနော်သိရသလောက်ဆို၊ လူအင်အားရော စစ်အင်အားရော အဓိက က သူတို့ရဲ့ တရုတ်လူဦးရေကို ပွားများလာအောင် သွင်းနေတာက ကျနော်တို့ တော်တော်လေး ဒီကိစ္စကို ဆောင်ရွက်ရလိမ့်မယ်။
အထူးသဖြင့် လူဝင်မှုကြီးကြပ်ရေးပေါ့နော်။ အင်အားဦးစီးဌာန။ လ.ဝ.က ရယ်၊ ပြည်ထဲရေးရယ် ဒီ ၂ ခုက ကျနော် တို့ နိုင်ငံရေးအရ စကားပြောပြီးပြီဆိုရင် ကျနော်တို့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့လိုမယ်။ ကွမ်လုံရဲ့ ဟိုဘက် သံလွင်မြစ်ရဲ့ အရှေ့ဘက်ကို သူတို့နေရာကို ပြန်ထားကို ထားရလိမ့်မယ်။ အဲဒီလိုဆိုရင် တရုတ်နဲ့လည်း သေချာ ပြေလည်အောင် ညှိဖို့လိုတယ်။ အဲဒီလိုဆိုရင် အချင်းချင်း ပစ်နေခတ်နေလို့တော့ မလွယ်ဘူး။ အချင်းချင်း ပစ်နေ ခတ်နေရင် တရုတ်နဲ့လည်း ညှိရမှာမဟုတ်ဘူး။ ဒီလိုပဲ MNDAA က ဒီကြားထဲမှာ ဝင်ပြီးတော့မှ စားသွားလိမ့်မယ်။ ကျနော့်အမြင်ကတော့ တော်တော် အန္တရာယ်ကြီးနေတယ်လို့ မြင်ပါတယ်။
မေး ။ ။ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်မှာ အစိုးရသစ်က တက်လာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်နဲ့ တရုတ်နဲ့ ကြားထဲမှာလည်း ဆက်ဆံရေးက ပြန်ပြီးတော့ ကောင်းနေတာမျိုးတွေ့ရတော့ ဒီအခင်းအကျင်းမှာ ရခိုင်ရဲ့ အနေအထားကိုရော ဘယ်လိုတွေ သုံးသပ်ထားမိလဲ။
ဖြေ ။ ။ အဲဒီဟာကလည်း ကျနော်တို့ တကယ်ပြောရရင်တော့ China containment policy ကို U.S နဲ့ အနောက်အုပ်စုက ဘယ်လိုကျင့်သုံးသလဲ၊ ဘယ်ကနေ အပေါက်ရှာနေသလဲက အရေးကြီးတယ်။ သမိုင်းကြောင်း အရ သိဖို့လိုတယ်။ ကျနော်တို့မြန်မာပြည်ကို China containment policy အရဆိုရင် အဓိက ဘာလဲဆိုတော့ နိုင်ငံရေးပြဿနာတစ်ခုကို စွဲစွဲမြဲမြဲ သူတို့ဖန်တီးပြီး ဒီကနေပြီးတော့ သူတို့က နိုင်ငံရေးပဋိပက္ခကို ဖန်တီးပြီးတော့ မှ နိုင်ငံတကာ ဆန့်ကျင်မှုနဲ့ နိုင်ငံတကာရဲ့ sanction တွေကို အဲဒီနည်းနဲ့ သွယ်ဝိုက်ပြီးလုပ်တယ်။ လုပ်တဲ့အခါ ကြတော့ ဗမာပြည်မှာ အဲဒါလုပ်လို့ရတာက အနောက်ဘက် ဒေသပေါ့။ ဘူးသီးတောင်၊ မောင်တော ခုနက ဘင်္ဂါလီ တွေကိစ္စက အစပျိုးထားပြီး ဖြစ်တယ်။
အဲဒီဟာနဲ့ပဲ China containment policy ကို ဥပမာ- ဘင်္ဂါလီတွေရဲ့ သီးခြား အုပ်ချုပ်ရေးနယ်မြေတစ်ခု ထူထောင် မယ်။ အဲဒီကနေ နိုင်ငံရေးအရ ဆက်ပြီးသွားမယ်။ ဒီနည်းလမ်းနဲ့ တရုတ် BRI ကိစ္စတွေရော၊ ဗမာပြည်ကိုလည်း ဒီနည်းလမ်းနဲ့ တရုတ်ရဲ့လမ်းကြောင်းရှိတဲ့ ဗမာပြည်ကို ဒီနည်းလမ်းနဲ့ အနှောင့်အယှက်ပေးဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်။ ဖြစ်တော့ အဓိက,က အနောက်ဘက်က နယ်စပ် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရ အပြောင်းအလဲကို ရှိတ်ဟာဆီနာအစိုးရ ဖြုတ်ချပြီးတော့မှ ယူနွတ်ရဲ့ ကြားဖြတ်အစိုးရကို တင်တယ်။
ယူနွတ်က ပွင့်ပွင့်လင်းလင်း ပြောရရင် အနောက်အုပ်စုက တိုင်းပြည်တစ်ခုကို သူတို့ခြယ်လှယ်မယ်ဆို သူတို့ မွေးထားတဲ့ လူတွေ သပ်သပ်ကို ရှိတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ယူနွတ်ကို သူတို့ ဥလိုက်ကတည်းက ဘင်္ဂလားဒေ့ရှ် အပေါက်ကနေ China containment policy ကို အကြီးအကျယ် လုပ်ဖို့အတွက် ပြင်ဆင်လာတာ။ အဲဒီဟာကို ဖြေဖျက်ဖို့က တရုတ်ကလည်း တော်တော်လေး ကြိုးစားနေတယ်လို့ ယူဆတယ်။
အဲဒီမှာ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ကြည့်မယ် သူက BNP ပေါ့၊ အစ္စလာမီပါတီပေါ့၊ အဲဒါရယ် မူရင်း ရှိတ်ဟာဆီနာရဲ့ပါတီ အင်အားကြီးပါတီ ၃ ခုရှိတယ်။ အဓိက,က ခုနက ယူနွတ် အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲ မှာကြတော့ ခုနက အစ္စလာမ္မစ် အစွန်းရောက် အစ္စလာမီ ပါတီရယ်၊ အခုအာဏာရသွားတဲ့ BNP ပါတီက အဓိက ယှဉ်ပြိုင်တာ၊ ယှဉ်ပြိုင်တဲ့ အခါကြတော့ BNP ပါတီ အနိုင်ရအောင် ပွင့်ပွင့်လင်းလင်း ပြောရရင် တရုတ်ကပဲ ဖန်တီးလိုက်သလားပေါ့။ ဘာကြောင့်လဲဆိုတော့ သူ့ကို အနှောင့်အယှက်ပေးမယ့် အိမ်နီးချင်းနိုင်ငံမှာ အာဏာရ အစိုးရက ကိုယ့်လူဖြစ်မှ သူက ကာကွယ်နိုင်မှာ။ အဲဒါက တရုတ်က ဆောင်ရွက်သွားတဲ့ ကိစ္စတွေက သိမ်မွေ့ တယ်။ အဲဒီအပေါက်ကို ပိတ်လိုက်တယ်လို့ ယူဆတယ်။
ကျနော်တို့ ဗမာပြည်မှာ အနောက်ဘက်မှာ အဲဒီတစ်ပေါက် ရှိတယ်ဆိုရင် ကျန်တာက နောက်ထပ် အနှောင့် အယှက် ပေးနိုင်တာက နိုင်ငံတကာ ဝင်ပေါက်တွေ အနေနဲ့ ရှိတာက မြန်မာပြည်တောင်ပိုင်း တနင်္သာရီဒေသ။ အဲဒါ KNU တပ်မဟာ (၄) ထိန်းသိမ်းရာ နယ်မြေဖြစ်တယ်။ အဲဒီနယ်မြေ ထိုင်းနဲ့နယ်စပ်နဲ့ တနင်္သာရီဒေသမှာ အခု ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး FBI တွေ ရောက်လာတယ်။ နောက်တစ်ခါ SCSS တွေ ရောက်လာတယ်။
ဗမာပြည်မှာ တကယ်တမ်း China containment policy ကို အကောင်ထည်ဖော်တာက ဗမာပြည် အနောက် ဘက်နဲ့ တောင်ဘက်။ အခုနောက်ထပ် အသစ်က တောင်ဘက်ဖြစ်တယ်။ အဲဒီ ၂ ခုမှာ China containment policy အနောက်အုပ်စုက ကစားတာ။ ဒါကြောင့်မို့လို့ ဘင်္ဂလားဒေ့ရှ်မှာ BNP ပါတီ အာဏာရပါတီနဲ့ တရုတ်ရဲ့ ဆက်စပ်မှုက သမိုင်းကြောင်းက တော်တော်ရှည်တယ်။ ပြောမယ်ဆိုရင်တော့ တော်တော်လေး အနောက်ကို ပြန်ကြည့်မှ သိနိုင်တယ်ပေါ့။ ဒါကတော့ တရုတ်ကနေမှ ဆောင်ရွက်တဲ့ကိစ္စတွေပါ။ ဒါကတော့ ကမ္ဘာမှာ အင်အားကြီး နိုင်ငံတိုင်းက ဒီလိုပါပဲ။ ကိုယ့်ဘက် သူ့ဘက် ကျနော်တို့ ဒီလိုမျိုး ဆောင်ရွက်ကြတာတွေ့ရမှာပါ။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
မေး ။ ။ AA က ဗိုလ်ချုပ်ထွန်းမြတ်နိုင် နိုင်ငံခြားသတင်းဌာန တစ်ခုနဲ့ အင်တာဗျူး လုပ်ထားတာမှာ သူတို့ ဘက်က ပြောဆိုပုံအရ AA ဘက်ကလည်း ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးကို လိုလားတဲ့ပုံ ပေါက်တယ်။ ဒါပေမယ့် စစ်တပ်ဘက်ကနေ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေ တောင်းဆိုတာကြောင့် ဒါက လက်တွေ့ မဆန်ဘူး ဆိုတဲ့ အနေအထားမျိုး တွေ့ရတာပေါ့။ ဒီတော့ စစ်တပ်နဲ့ AA ငြိမ်းချမ်းရေး ရဖို့အတွက် နှစ်ဖက်လုံးက ဘာတွေ ဖြေလျှော့ဖို့ လိုအပ်မလဲ။
ဖြေ ။ ။ အဲဒီကိစ္စတွေကတော့ ကျနော် မြင်တာတော့လေ AA ကို ဘယ်သူက ရခိုင်ကို ပို့ပြီးတော့မှ buffer ထားသလဲက အရေးပါတယ်။ နောက်ကွယ်က ဘယ်သူ စီစဉ်သလဲဆိုတာ ခန့်မှန်းနိုင်ရင် ဒီကိစ္စက ပြေလည်တယ်။ တော်တော်များများ ထင်တာက AA က အနောက်အုပ်စု ကနေပြီးတော့ ရွှေ့တယ်လို့ ယူဆကြတာပေါ့။ တကယ် တမ်းကတော့ မဟုတ်ဘူး။ AA ရဲ့ဇစ်မြစ်ကို ကြည့်မယ်ဆိုရင် KIO က အစပျိုးပေမယ့် တကယ်တမ်းသူ့ရဲ့ လက်နက်လူသူ စုဆောင်းတဲ့ လမ်းကြောင်းက အခြေခံက “ဝ” ကပဲလာတာ။
နောက်တစ်ခုက ရခိုင်ကို သူမသွားခင်မှာ AA ခေါင်းဆောင်တွေက ပန်ဆန်းမှာနေတာ။ ဟိုဘက်က လိုင်ဇာကနေ ရွှေ့သွားတာကြာပြီ။ ကြာပြီဆိုတော့ ဥပမာ- ရှမ်းမြောက်ညီနောင် ၃ ဖော် ဖွဲ့ကတည်းက သူက ဒီဘက်ကို ရွှေ့သွား ပြီ။ ဒီဟာရဲ့ သမိုင်းကြောင်းတွေကို ကြည့်မယ်ဆိုရင် AA ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိသလဲပေါ့။
ဒါကြောင့်မို့ ဘာလဲဆိုတော့ တရုတ်ရဲ့ မဟာဗျူဟာကျတဲ့ နိုင်ငံရေးစဉ်းစားချက်တွေ အထိုက်အလျောက် တီးခေါက်မိဖို့ လိုတယ်။ တရုတ်က ၂၀၂၁ နောက်ပိုင်းမှာ သူ့ပုံစံ သူရည်မှန်းတဲ့ဟာ တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ သူနဲ့ဆက်စပ်တဲ့ နယ်မြေတွေ ဥပမာ-ရှမ်းမြောက်နဲ့ အနောက်ဘက် ရခိုင်ပေါ့။ အဲဒီလို နယ်မြေ တွေမှာ ဗမာပြည်မအစိုးရ အင်အားကောင်းတဲ့ အမျိုးသားအစိုးရတွေ ထိန်းချုပ်တာထက်စာရင် သူ့ဩဇာခံ EAO တွေထိန်းချုပ်တယ်၊ automatic region အနေနဲ့ အနာဂတ် plan ကို သွားချင်ပုံရတယ်။ ကျနော်ခန့်မှန်းတဲ့ ခန့်မှန်းချက် ပြောတာ။
ဥပမာ- အခု ရှမ်းမြောက်ဆိုရင် သူစီစဉ်ထားတာ ရှင်းရှင်းလေး သူ့ရဲ့ ရှမ်းအရှေ့အထိ ကျိုင်းတုံအထိကို မိုင်းလား၊ “ဝ” ၊ ကိုးကန့်၊ နောက်တစ်ခု နမ့်ခမ်းမှာ TNLA ထားထားသေးတယ် မရွှေ့သေးဘူး။ နောက်တစ်ခါ ဒီဘက် ကချင် ဘက်မှာဆိုရင် KIO ပေါ့နော်။ အဲဒီလိုမျိုးတွေ သူချထားတယ်။
အဲဒါနဲ့တော့ bargaining တွေလုပ်တယ်။ အပေးအယူတွေ လုပ်တယ်။ EAO တွေကို တမင်ထားတာ။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီဆိုတာ အဲဒါကိုပြောတာ။ ရခိုင်မှာက ခုနက ဘင်္ဂါလီတွေကိစ္စကြီးရှိတယ်။ ဘင်္ဂါလီကိစ္စရဲ့ နောက်ကွယ်က ဘယ်သူလဲဆိုတာ အားလုံးသိပြီးသား။ ဒီဟာကို ကာဖို့အတွက်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရင် ပြည်ထောင်စုအစိုးရ၊ နိုင်ငံအစိုးရတစ်ခု အနေနဲ့က အစိုးရရဲ့ UN ပါဝင်မှုတွေ၊ UN စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ရကိုင်ရတာခက်တယ်။ ခက်တော့ ဒါကို မြန်မြန်ကာချင်ရင် သူဘယ်သူ့ကို ပို့မလဲ အဲဒီစဉ်းစားချက်က အဖြေပဲ။
အဲဒီတော့ သူဒီမှာ buffer အနေနဲ့ ဘင်္ဂါလီတွေနဲ့ RSO တွေ၊ ARSA တွေ တိုက်ခိုက်မှုတွေ။ နောက်တစ်ခါ ဟိုဘက်က China containment policy ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်မှာ ကာဖို့အတွက်ဆိုရင် သူက EAO တစ်ခုကို သူထားကိုထားရမှာ။ အဲဒီတော့ သူ့နောက်ကွယ်မှာ ဘယ်သူလဲဆိုတော့ ရှင်းရှင်းလေး။ ဒီတော့ ငြိမ်းချမ်းရေးကိစ္စက ရှမ်းမြောက်လိုပဲ တရုတ်ရဲ့ ဘယ်လိုပုံစံဖြစ်ချင်လဲ ပုံစံကိုပဲ ရောက်သွားမယ်လို့ ကျနော်တော့ ယူဆတယ်။ ဒီဘက်တော့ အစိုးရတစ်ရပ် အနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကိုတော့ သူက ရသလောက် ဆန့်မှာပေါ့။ ဟိုဘက်ကလည်း သူ့ရဲ့ self-autonomy အတွက် သူကလည်း ရသလောက် သူပြောမှာ ပဲ။ အဲဒီဟာက ဘယ်လောက်အထိ သွားမလဲပေါ့။
ကျနော်ထင်တယ် ရခိုင်ကိစ္စက အခုလောလောဆယ် အခင်းအကျင်းအရဆို ရှမ်းမြောက်လောက်တော့ အရေး မကြီးသေးဘူး။ ဘာကြောင့်လဲဆို သူ့လူပဲလေ ဟိုဘက်က။ ဒီဘက်ကလည်း သူ့လူပဲ။ အဲဒါကို သူတို့ ပွင့်ပွင့် လင်းလင်း ပြောရရင် နိုင်ငံရေးအရ ပြေလည်အောင် ဆောင်ရွက်တာ အချိန် အတိုင်းအတာ တစ်ခုတော့ ရသေး တယ်။ အချိန်မရတာက ရှမ်းမြောက်က အချိန်မရဘူး။ ကျနော်တို့ဘက်ကဆိုရင် အချိန်မရဘူး။ အဲဒီတော့ ဒီရခိုင်ကိစ္စက အရေးတော့ကြီးတယ်၊ ဒါပေမယ့် ရှမ်းမြောက်လောက်တော့ emergency မဟုတ်ဘူး။ ဒါ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မေး ။ ။ ဒါဆို လက်ရှိ အခင်းအကျင်း တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် တိုင်းတစ်ပါးက ဝင်ရောက် ကျူးကျော် လာမှုတွေကို မတားဆီးနိုင်ရင် ဘယ်လို အခင်းအကျင်း ဖြစ်သွားနိုင်မလဲ။ ဒါကို တားဆီးဖို့အတွက် အားလုံး စုပေါင်းပြီး ဘယ်လို လုပ်ဆောင်သင့်မလဲ။
ဖြေ ။ ။ အဲဒါက အခု တချို့လည်း ပြောနေတယ် ပထဝီနိုင်ငံရေးကို နားလည်တဲ့ တချို့ ဥပမာပေးတာက မှန်တယ်။ ကောင်းလည်းကောင်းတယ်။ ကျနော်တို့က ဘာလဲဆို တိဘက်ကို ကြည့်ရမယ်။ တိဘက် ဘာဖြစ် သွားသလဲပေါ့။ ရှမ်းမြောက်က တိဘက်လို ဖြစ်သွားနိုင်တယ်နော်။ အဲဒီဟာတော့ ကျနော်တို့ အလွန်စိုးရိမ်ဖွယ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိဘက်က မော်စီတုန်းနဲ့ တရုတ်ကွန်မြူနစ်ပါတီ အာဏာမရခင် ၁၉၄၃ အထိကတော့ သူ့ဟာနဲ့သူ အေးဆေးပဲ။ ဒါပေမယ့် သီးခြားလွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဒါပေမယ့် တိဘက်က ဘာသာရေး နိုင်ငံတစ်ခု အနေနဲ့ သူက တိတိကျကျ မစွမ်းဆောင်နိုင်တဲ့ အခါကြတော့ မော်စီတုန်း အာဏာရပြီးနောက်ပိုင်း တိဘက်ကို ကျူးကျော်မှုလုပ်တာ ၁၉၅၄ မှာလုပ်တာ။ ၅၄ ပတ်ချာလည်ဆို ဘာမှမကြာလောက်ဘူး ၅ နှစ်အတွင်း မှာ တိဘက်ကို သိမ်းတာ။
သိမ်းတာက ဘာဖြစ်လို့လဲဆိုတော့ ပထဝီနိုင်ငံရေးအရဆိုရင် ဗဟိုအာရှကို ထွက်ဖို့အတွက်ဆိုရင် တိဘက်ကို ကျော်မှရမယ်။ နောက်တစ်ခုက တိဘက်က ပထဝီနိုင်ငံရေးအရ အလွန်အရေးကြီးတယ်။ ဘယ်လို ဖြစ်လဲဆိုတော့ တရုတ်ပြည်ဘက်က မဲခေါင်-လျန်ချန်းပေါ့နော်။ လျန်ချန်း-ယန်စီ၊ နောက်တစ်ခါ တခြား မြစ်တစ်ခုရှိသေးတယ် အဲဒီမြစ်တွေအားလုံးရဲ့ မြစ်ဖျားခံရာ ဒေသဖြစ်နေတယ်။
ကျနော်တို့ ဧရာဝတီကလည်း တိဘက်ကပဲ မြစ်ဖျားခံတာ။ ရေက အဲဒီကပဲလာတာ။ အဲဒီတော့ အဲဒီလောက် အရေးကြီးတယ်။ ရေအရင်းအမြစ် ထိန်းချုပ်ဖို့၊ သဘာဝ သယံဇာတ အားကောင်းတဲ့ ဗဟိုအာရှ Wusha တို့ ရှင်ဂျန်းတို့ကို သေချာထိန်းချုပ်ဖို့ဆို ကြားခံနေတဲ့ တိဘက်က သိမ်းကိုသိမ်းရမှာ။ တရုတ်က ဒီအတိုင်းသွားတယ်။ ဒါက ကျနော် ပထဝီနိုင်ငံရေးအရ နားလည်ရင် တိဘက်ကံကြမ္မာက ဒါကြောင့် ဖြစ်သွားတာ။
ဒီတော့ တရုတ်ကလည်း အခုရှင်းရှင်းပြောရင် မလက္ကာထိန်းချုပ်မှုနဲ့ ဟိုတလောက အသံထွက်လာတယ် အင်ဒိုနီးရှားက ဘာလုပ်မယ် ညာလုပ်မယ်ဆိုတာ ဒါ အခု တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်မှာ ဂျပန်က အခု ပြန်လည်နိုးထလာပြီ။ ဟိုဘက် ရက်တွေကပဲ တစ်ပတ်ကျော်ပဲ ရှိသေးတယ်။ ၁၀ ရက်ကျော်ပဲ ရှိသေးတယ် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ကို သွားထားတယ်။ သွားထားတယ် တစ်ခါ ချစ်ကြည်ရေး ဂျပန်ဝန်ကြီးချုပ် သွားတယ်။ တစ်ခါ ဖိလစ်ပိုင်နဲ့ military တွေ engagement တွေလုပ်တယ်။ နောက်တစ်ခါ ဖျက်သင်္ဘောတွေ ရောင်းပေးနေတယ်။
Strategic Ring တစ်ခုကို ဂျပန်ကာကွယ်ရေးက စတင်ထူထောင်နေပြီ ထိုင်ဝမ် ကိစ္စနဲ့ပတ်သက်ပြီ။ အဲဒီအခါကြ တရုတ်က သူ့ရဲ့အသက်ရှူပေါက်နဲ့ ခုနကလိုပဲ တိဘက်ကကြတော့ သယံဇာတ အရင်းအမြစ် အတွက် ကြားခံ အရေးကြီးလို့ သိမ်းတာ။ အခုဒီဘက်ကြတော့ ကုန်သွယ်ရေးလမ်းကြောင်းအတွက် တရုတ်အတွက် အသက်ရှူ ပေါက် ပိတ်လာလို့ရှိရင် ဖွင့်မယ့်ဟာက ဘင်္ဂလားပင်လယ်အော်က ကျနော်တို့ မြန်မာပဲရှိတယ်။ အဲဒါကြောင့် တိဘက်နဲ့ ကံကြမ္မာချင်းက တူနေတယ်။ တူနေတော့ ကျနော်တို့က အဲဒီဟာကို သတိထားရမယ်။ ဒီဘက်ခေတ်မှာ မသိမ်းနိုင်ဘူးလို့ ပြောလို့တော့မရဘူး။ သိမ်းပုံသိမ်းနည်းက အမျိုးမျိုးရှိတယ်။ စီးပွားရေးအရ သိမ်းပိုက်တာရှိ တယ်။ လူဦးရေအရ occupied လုပ်ပြီးတော့မှ ရွေးကောက်ပွဲအရ သူတို့လိုချင်တဲ့ အစိုးရကို မျိုးစုံဖန်တီးနိုင်ရင် ဒီအန္တရာယ် အများကြီးရှိတယ်လေ။
အချုပ်အခြာအာဏာကို လက်နက်နဲ့သိမ်းတာကလည်း မဖြစ်ဘူးလို့တော့ ပြောလို့မရဘူး။ ကမ္ဘာ့အကျပ်အတည်း ကြုံလာခဲ့ရင် ဖြစ်ချင်လည်း ဖြစ်လာနိုင်တယ်။ ဒါမျိုးတွေတော့ ကျနော်တို့က ကြိုစဉ်းစားထားရမှာ။ ကျနော်တို့ နိုင်ငံသားတိုင်းက ဒီအမြင်တွေရှိဖို့ လိုတယ်။ နိုင်ငံရေး institution တွေက ဒါတွေကိုသိမှ အခုကတည်းက နောက် တောင် ကျနေပြီ။ တကယ်တမ်းဆို မြန်မြန်သွက်သွက်ဖြေကို ဖြေရှင်းရမှာလို့ မြင်တယ်။
မေး ။ ။ တခြား ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ အခြားကတော့ EAO တွေဘက်ရော လက်ရှိ အစိုးရသစ်ဘက်ကိုရော မေတ္တာရပ် ခံချင်တာကတော့ ပြည်ပအန္တရာယ်ထက် တခြားဘာမှ အရေးမကြီးဘူး။ ကျနော်တို့ ထိုက်သင့်သလောက် နိုင်ငံရေး အပေးအယူ လုပ်ပြီး ငြိမ်းချမ်းရေးကိစ္စကို မြန်မြန်သွက်သွက် အကောင်အထည်ဖော်၊ နှစ်ဦးနှစ်ဖက်စလုံးက ဒီအန္တရာယ်ကို ကြည့်ပြီးတော့မှ အမြန်ဆုံး ကာကွယ်နိုင်ဖို့ အတွက်တော့ ကျနော် တိုက်တွန်းတယ်။
ကျနော်တို့ မှတ်မိမယ်ဆိုရင် ၁၉၅၁ ကူမင်တန် ကျူးကျော်မှုလိုပေါ့။ အဲဒီတုန်းက ဗကပတွေကိုလည်း နှိမ်နင်း နေဆဲကာလမှာပဲ ကူမင်တန်ကျူးကျော်မှုကိုလည်း တိုက်ရတယ်။ ဒီအတိုင်းပဲ အခုက သမိုင်းတစ်ကျော့လည်တာ။ အခုကလည်း ကူမင်တန် ကျူးကျော်မှုလိုပဲ။
ဒါပေမယ့် ဟိုတုန်းကတော့ တရုတ်ပြည်တွင်းစစ်ကနေ လျှံကျလာတဲ့ ကိစ္စဆိုတော့ ကမ္ဘာ့ကုလသမဂ္ဂ ကနေပြီး တော့မှ ဖြေရှင်းသွားပြီးတော့မှ ဆောင်ရွက်တာ။ အခုဟာက အဲဒီလို UN အနေနဲ့ ဆောင်ရွက်ဖို့ကလည်း မလွယ် ဘူး။ ကုန်သွယ်ရေးလမ်းကြောင်း အနေနဲ့ သူက Shadow လုပ်ပြီးဝင်လာ တာ။ သူ့မှာ အကာအကွယ်ရှိတယ်။ အဲဒီဟာက နိုင်ငံတကာ အနေနဲ့လည်း လုပ်ဖို့ကိုင်ဖို့ အတော်ခက်တယ်။
အဲဒီတော့ ဒီတစ်ခေါက်က ၁၉၅၁-၅၂ ကူမင်တန် ကျူးကျော်မှုထက် ပိုဆိုးတယ်။ ဒီဟာကတော့ သေချာသိထားဖို့ လိုတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 1318
CNI Interview
၂၀၂၆ ခုနှစ်၊ မေလ ၉
မြန်မာနိုင်ငံတွင် လက်ရှိအစိုးရကို တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများအနက် အာရက္ခတပ်တော် (AA)နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တို့သည် အကြီးမားဆုံး အဖွဲ့အစည်း များတွင် ပါဝင်သည်။
AA ကို ၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ၁၇ နှစ်အကြာတွင် မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလား ပင်လယ်အော် ကမ်းရိုးတန်း တစ်လျှောက်ရှိ ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
ထိုအနေအထားအရ မြန်မာနိုင်ငံအတွင်းရှိ အခြား လက်နက်ကိုင် အဖွဲ့အစည်းများထက်ပိုပြီး နယ်မြေအများဆုံးကို ထိန်းချုပ်ထားသည်ဟု ဆိုနိုင်သည်။
ရခိုင်ပြည်နယ်သည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ဒေသတွင်းရှိ ဘင်္ဂါလီများအပေါ် အစိုးရက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် ကမ္ဘာ၏အာရုံစိုက်မှုကို ခံခဲ့ရသည့် နေရာတစ်ခုလည်း ဖြစ်သည်။
AA နှင့် ULA တို့ကို ဦးဆောင်နေသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ယခင်က မီဒီယာအချို့နှင့် အွန်လိုင်းမှတစ်ဆင့် လူတွေ့မေးမြန်းခန်းများ ဖြေကြားခဲ့ဖူးသော်လည်း နိုင်ငံခြားသား သတင်းထောက်တစ်ဦးနှင့် လူချင်းတွေ့ဆုံကာ သီးသန့်အင်တာဗျူးကိုမူ တစ်ကြိမ်တစ်ခါမျှ လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။
ယခုအခါတွင် ပထမဆုံး အကြိမ်အဖြစ် သူသည် The Diplomat သတင်းဌာနမှ သတင်းထောက် ရာဂျစ် ဘတ်တာချာရီယာ (Rajeev Bhattacharyya) နှင့် မတ်လ ၂ ရက်နေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းရှိ တစ်နေရာတွင် တွေ့ဆုံခဲ့သည်။
ရာဂျစ် ဘတ်တာချာရီယာသည် တွေ့ဆုံမည့် နေရာသို့ ရောက်ရှိရန်အတွက် ကုန်းကြောင်း၊ ရေကြောင်း ခရီးစဉ်များအပြင် တောတောင်ထူထပ်သော လမ်းများကိုပါ ခြေလျင်ခရီးဖြင့် ခက်ခက်ခဲခဲ သွားလာခဲ့ရသည်။
ထိုအင်တာဗျူးတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့နှင့် AA ၏ ဆက်ဆံရေးများအပြင် ၎င်းတို့အဖွဲ့အပေါ် စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက် သော ကိစ္စရပ်များ အပါအဝင် အကြောင်းအရာ အတော်များများကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
မေး ။ ။ ခင်ဗျားရဲ့ နောက်ခံအကြောင်းအရာနဲ့ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင်တစ်ယောက် ဘယ်လို ဖြစ်လာခဲ့သလဲဆိုတာကို ပြောပြပေးနိုင်မလား။
ဖြေ ။ ။ ကျနော် စစ်တွေမြို့မှာရှိတဲ့ ဥပဒေကျောင်းမှာ ပညာသင်ကြားခဲ့ပေမဲ့ ဆုံးခန်းတိုင်အောင် မတက်ခဲ့ ပါဘူး။ ကျနော်က တက်ကြွတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ လှုပ်ရှားခဲ့သူဖြစ်ပြီး ကျနော် ၉ တန်း ကျောင်းသားဘဝတုန်းက စစ်တပ်နဲ့ ထိပ်တိုက် တွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကြီးကြီးမားမားတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ အဲဒါက ကျနော် စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့တာပါပဲ။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျနော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ပြီး စတင်သွားလာခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၁၉၉၈ ခုနှစ် Operation Leech စစ်ဆင်ရေးအတွင်းမှာ ရခိုင်တော်လှန်ရေးသမားတချို့ ကျဆုံးသွားခဲ့ပြီးတဲ့အချိန်ပေါ့။
ကျနော်တို့ဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီအဖွဲ့တွေဟာ ကျနော်တို့ ထင်ထားသလောက် အင်အား မတောင့်တင်းဘူးဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ အဲဒီမှာပဲ စည်းလုံး ညီညွတ်မှုဟာ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ကျနော် နားလည်လာခဲ့တယ်။ ၂၀၀၆ ခုနှစ်အထိတော့ ကျနော် တို့ဟာ ဒီရခိုင် လက်နက်ကိုင် အဖွဲ့တွေအားလုံး စုစည်းညီညွတ်သွားဖို့ မျှော်လင့်ခဲ့ကြတာပါပဲ။
အဲဒီနှစ်မှာ ကျနော် အိန္ဒိယနိုင်ငံကို အထောက်အထား စာရွက်စာတမ်းမရှိဘဲ ခရီးသွားခဲ့ပါတယ်။ မဏိပူရ်နယ်စပ် ကနေ အိန္ဒိယထဲကို ဝင်ပြီးတဲ့နောက် အင်ဖာ (Imphal) မှာ ခဏနေခဲ့တယ်၊ အဲဒီကမှတဆင့် အာသံပြည်နယ်က ဂူဝါဟတ်တီ (Guwahati) ကို သွားခဲ့ပါတယ်။ အဲဒီမှာ ထရိပူရ (Tripura) က ခေါင်းဆောင် တစ်ယောက် အပါအဝင် ခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဂူဝါဟတ်တီကနေ ဒေလီကို ရထားနဲ့ ဆက်သွားခဲ့ပါတယ်။
ဒေလီမှာ ရက်ပေါင်း ၂၀ ကြာ နေထိုင်ခဲ့ပြီး ဝီကတ်ပူရီ (Vikaspuri) မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားကွန်ဂရက် (Arakan National Congress) ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်တွေဟာ သေးငယ်တဲ့ ကိစ္စလေးတွေအပေါ် အငြင်းပွားနေကြတာကို တွေ့ခဲ့ရတယ်။ ကျနော်တို့ လိုချင်တဲ့ စည်းလုံးညီညွတ်မှုကို ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို အဲဒီမှာတင် ကျနော် အသေအချာ ယုံကြည် သွားခဲ့တယ်။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူးဆိုတာကိုလည်း ကျနော် သဘောပေါက်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာရှိတဲ့ အဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရေး ထူထောင်ဖို့ စတင်စဉ်းစားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းကတဆင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။
ကျနော် စစ်တွေတက္ကသိုလ်မှာ ဥပဒေတက်နေရင်းနဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သလို ကျောက်မျက်ရတနာ တွေလည်း ရောင်းချခဲ့ပါတယ်။ ဒီအလုပ်တွေကတဆင့် ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ တွေ့ဆုံရပြီး ကျနော့်ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။
ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ အမေရိကန်က သူငယ်ချင်းတချို့က ကျနော့်ကို အမေရိကန်မှာ ပညာသင်ဖို့ ဖိတ်ခေါ်ခဲ့ကြပေမဲ့ ကျနော်ကတော့ လက်တွေ့ကွင်းဆင်း လှုပ်ရှားရတဲ့ အလုပ်တွေကိုပဲ ပိုပြီး စိတ်ဝင်စား ခဲ့ပါတယ်။
ကျနော် ၂၀၀၅ ခုနှစ်ကတည်းက အိမ်ထောင်ကျခဲ့တာပါ။ ရခိုင်ပြည်အတွက် ကျနော့်ရဲ့ အစီအစဉ်တွေကိုလည်း ဇနီးသည်ကို ပြောထားပြီးသားပါ။ ကျနော်တို့ အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ (၃) ဖြစ်တဲ့ ကျနော့်ရဲ့ အစ်ကိုကြီးက KIA နဲ့ ချိတ်ဆက်မိဖို့ ကူညီပေးခဲ့ပါတယ်။ ကျနော် ကချင်ပြည်နယ်ကို သွားဖို့အတွက် ကျနော့်ရဲ့ အိုမီဂါနာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားခဲ့တာကတော့ KIA နဲ့ အမြင်ချင်း ဖလှယ်ဖို့နဲ့ အဲဒီက သင်တန်းတွေကို နှစ်ပတ်ကြာ လေ့လာဖို့ပါ။
KIA နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ကျနော်တို့ သုံးနှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက KIA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်ပြီး KIA ကို နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲဖို့ ဖိအားပေး ခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် KIA ထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ KIA ဆီကနေ သင်တန်းပေးဖို့အတွက် ခွင့်ပြုချက်ရရှိခဲ့ပြီး တစ်နှစ်အကြာမှာ သင်တန်းတွေ စတင် နိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က သင်တန်းသား ၅၀ လောက် ပို့ဖို့ စီစဉ်ထားပေမဲ့ KIA က သင်တန်းသား ၂၆ ယောက်ပဲ လက်ခံခဲ့ပါတယ်။ ကျနော်တို့ရဲ့ သူငယ်ချင်း တချို့ဆိုရင် ကချင်ပြည်နယ်ကိုအသွား လမ်းတစ်ဝက်မှာ စစ်ဘက်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ကျနော်တို့ဟာ ကချင်ပြည်နယ်မှာ ၂ နှစ်လောက်နေပြီးရင် ရိုင်ဖယ်သေနတ် အလက် ၂၀၀ နဲ့အတူ ပြန်လာဖို့ စိတ်ကူးထားခဲ့ကြတာပါ။ အဲဒီကာလအတွင်းမှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို သင်ယူခဲ့သလို၊ စစ်မဟာဗျူဟာနဲ့ နည်းဗျူဟာတွေ အကြောင်းကိုလည်း အများကြီး ဖတ်ရှုလေ့လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက်က ပြည်ပမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေနဲ့ အဆက်အသွယ်ရခဲ့ပြီး သင်တန်းပေးဖို့အတွက် လူသစ်စုဆောင်းရေးတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီတုန်းက KIA အနေနဲ့ အစိုးရစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်လို့ ဒီလို သင်တန်းပေးနေတာ တွေကို လျှို့ဝှက်ထားဖို့အတွက် သူတို့ဘက်က တော်တော်လေး စိုးရိမ်ခဲ့ကြပါတယ်။ ၂ နှစ်အတွင်းမှာ ကျနော်တို့ သင်တန်းသား ၃၀၀ ခန့်ကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။
တစ်ခါတလေမှာ ရိက္ခာတွေ ပြတ်လပ်တာမျိုးရှိခဲ့ပြီး နောက်ပိုင်းမှာတော့ နယ်စပ်တစ်လျှောက် ကျောက်စိမ်း လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျနော်တို့ရဲ့ ကွန်ရက်ကို ချဲ့ထွင်ဖို့အတွက် လူ ၁၉ ယောက်ကို ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေဆီ စေလွှတ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က ကိုးကန့် (MNDAA) နဲ့ ပလောင် (TNLA) အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး အဲဒီဒေသတွေ ကနေ လက်နက်အချို့ကိုလည်း စုဆောင်းရရှိခဲ့ပါတယ်။
အာရက္ခတပ်တော်နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံမှုဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ကျနော်တို့က မြန်မာ စစ်တပ်က ဗိုလ်ကြီးတစ်ယောက်ကို ချေမှုန်းခဲ့ပါတယ်။
မေး ။ ။ ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိဘဲနဲ့ AA ရဲ့ စစ်ရေးအောင်မြင်မှုတွေက တကယ့်ကို အံ့မခန်းပါပဲ။ ဒီအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာများလဲ။
ဖြေ ။ ။ စကားတွေနဲ့သာ ပြောရပြီး လက်တွေ့မလုပ်တဲ့ အရာတွေရှိသလို၊ လက်တွေ့လုပ်ပြီးတိုင်း ထုတ် မပြောတဲ့ အရာတွေလည်း ရှိပါတယ်။ ပြီးတော့ ပြောတဲ့အတိုင်း လုပ်တဲ့အရာတွေလည်း ရှိတာပေါ့။ ရခိုင်ပြည် ဆိုတာ နယ်မြေအားဖြင့် သေးငယ်တဲ့ နေရာလေးတစ်ခုပါ။
ဒါပေမယ့် အရင်တုန်းက ကျနော်တို့ဟာ ဒီလောက် မသေးငယ်ခဲ့ပါဘူး။ နယ်မြေ အပိုင်းအစလေး တစ်ခုအပေါ်မှာ အငြင်းပွားနေမယ့်အစား ကျနော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကိုပဲ အာရုံစိုက် လုပ်ဆောင်ရမှာပါ။ နယ်မြေ စိုးမိုးချင်တဲ့ ရည်မှန်းချက်တွေအကြောင်း လျှောက်ပြောနေမယ့်အစား မိမိတို့ရဲ့ မစ်ရှင်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ပြီး လုပ်ဆောင်တာက ပိုကောင်းပါတယ်။
ကျနော်တို့ရဲ့ အောင်မြင်မှု နောက်ကွယ်မှာ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က အံ့မခန်းတဲ့ အောင်မြင်မှု အဆင့်ကိုတော့ မရောက်သေးပါဘူး။ ကျနော်တို့ စိတ်ရှည်ရမယ်၊ အာရုံစိုက်မှုကို မလျှော့ရဘူး၊ ပြီးတော့ ရှိတဲ့ အရင်းအမြစ် အကန့်အသတ်လေးတွေနဲ့ပဲ စနစ်တကျ စီမံခန့်ခွဲသွားရမှာပါ။
ကျနော်တို့ အောင်မြင်ရတဲ့ အဓိက အကျဆုံးအချက်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပါပဲ။ ကျနော်တို့ ရခိုင်ပြည်အတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ ပါတယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အတော်များများ နေရပ်ကနေ မောင်းထုတ်ခံရပြီးတဲ့နောက် မွတ်စလင် လူ့အဖွဲ့အစည်းတွေနဲ့ကြားမှာ မယုံကြည်မှုတွေ အများကြီး ရှိခဲ့ပါတယ်။
သာမန် အချိန်မျိုးမှာဆိုရင် သူတို့ကို ချဉ်းကပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင် ကလည်း မိတ်ဆွေတွေကို ရှာဖွေနေကြတာဖြစ်လို့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို သူတို့ကို ရှင်းပြခဲ့ပါတယ်။ ဒါဟာ တကယ်ကို အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။
နယ်မြေ အနေအထားကလည်း နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ စစ်တပ်မှာက ပိုကောင်းတဲ့ အခြေခံ အဆောက်အအုံတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံးဖြစ်အောင် အသုံးချခဲ့ပါတယ်။ စစ်ပွဲတွေ အတွင်းမှာ အစွမ်းကုန်သတ္တိရှိပြီး ကျွမ်းကျင်မှုရှိကြောင်း ပြသခဲ့တဲ့ ကျနော်တို့ရဲ့ စစ်သားတွေနဲ့ အရာရှိတွေကို ကျနော် အရမ်းဂုဏ်ယူပါတယ်။ ကျနော်တို့ ဌာနချုပ်ဟာ ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် ရရှိနိုင်တဲ့ နည်းပညာအားလုံးကို ထိရောက်စွာ အသုံးပြုခဲ့ပြီး ထိရောက်တဲ့ ဆက်သွယ်ရေး စနစ်ဖြစ်အောင် ပေါင်းစပ်နိုင်ခဲ့ပါတယ်။
အခုပြန်ကြည့်ပြီး ပြန်လည်သုံးသပ်တဲ့ အခါမှာတော့ ကျနော့်ရဲ့ အဖွဲ့တစ်ခုလုံးမှာ အများကြီး ကြိုတင်ပြင်ဆင်ထား ကြတဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ကျနော် သူတို့နဲ့ သဟဇာတဖြစ်ဖြစ် အလုပ်လုပ်နိုင်ခဲ့ပါတယ်။

AA-MNDAA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
မေး ။ ။ ၂၀၂၅ ခုနှစ်ဟာ အခြေအနေတွေ တုံ့ဆိုင်းနေခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေမဲ့ တခြား တော်လှန်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာပြည် အလယ်ပိုင်းအထိ ထိုးဖောက် ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာ မဟာဗျူဟာ အပြောင်းအလဲတစ်ခုကို ပြသနေတာလား။
ဖြေ ။ ။ မဟာဗျူဟာရဲ့ အသေးစိတ် အချက်အလက်တွေကို ပြောဖို့ကတော့ အချိန်စောလွန်းပါသေးတယ်။ အခုပြောရင် အချိန်မတန်သေးသလို ဖြစ်နေပါလိမ့်မယ်။ စစ်တပ်ဘက်က ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာဖို့ ကမ်းလှမ်းလာမယ်ဆိုရင် AA အနေနဲ့ ဒါကို ကြိုဆိုနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ တည်ငြိမ်မှုဆိုတာ လူတိုင်းရဲ့ အကျိုးစီးပွားအတွက်ပါပဲ။ ကျနော်တို့မှာ နိုင်ငံရေးအရ ရင့်ကျက်မှုရှိဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ ဒီအခြေအနေအတိုင်းပဲ ဆက်လက် ထိန်းသိမ်းထား ချင်ပါ တယ်။
မေး ။ ။ ကျနော် ရခိုင်ဒေသကို ရောက်ရှိခဲ့တဲ့ တစ်လနီးပါး ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ထက်မနည်း ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက နေရာတစ်ခုကို ကျနော် သွားရောက်ခဲ့တာမှာ လူ ၁၇ ဦး သေဆုံးခဲ့တာကို တွေ့ရပါတယ်။ အခု ရွေးကောက်ပွဲတွေလည်း ပြီးသွားပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ ။ အရပ်သားတွေရဲ့ လုံခြုံရေးက ကျနော်တို့အတွက် အဓိက ဦးစားပေးပါ။ အရပ်သား ပြည်သူတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် နည်းလမ်းမှန်သမျှကို ရှာဖွေဖော်ဆောင်နေပါတယ်။ ဒါဟာ ခက်ခဲတဲ့ကိစ္စ တစ်ခုပါ။ ဒီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း လုပ် ဆောင်နေပေမဲ့ အဲဒါတွေက သိပ်ပြီး ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ တကယ့်ကို ပြင်းထန်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။
ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသရွေ့တော့ ကျနော်တို့ အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ရှာဖွေဖော်ဆောင်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်။ စစ်တပ်ဟာ အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာပါ။ ဒါပေမယ့် ကျနော်တို့ကတော့ အဲဒီလို ဖိအားပေးမှုမျိုးတွေကို အရှုံးပေးမှာ မဟုတ်ပါဘူး။
မေး ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်က တရုတ်နိုင်ငံမှာ မြန်မာ့တပ်မတော်က ကိုယ်စားလှယ်တွေနဲ့ AA တို့ ဆွေးနွေးခဲ့ ကြတုန်းက ရခိုင်ဒေသမှာ မြန်မာ့တပ်မတော်ရဲ့ တပ်တွေ မရှိစေရဘူးဆိုတဲ့ အချက်ကို ခင်ဗျားတို့ဘက်က တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရပါတယ်။ အခုအချိန်မှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုမျိုးတွေ ပြုလုပ်ဖို့ ဆန္ဒရှိပါသလား။
ဖြေ ။ ။ ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါ ကျနော်တို့ လိုလားတဲ့အချက်ပါ။ အစိုးရကတော့ ကျနော်တို့ကို ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေမျိုးဆီ ပြန်သွားစေချင်နေတာပါ။ အဲဒီလိုသာဆိုရင် ကျနော်တို့ကလည်း ၁၇၈၄ ခုနှစ် (ရခိုင်မင်းဆက် ပျက်သုဉ်းခဲ့တဲ့နှစ်) အခြေအနေမျိုးဆီ ပြန်သွားချင်တာပေါ့။
အစိုးရအနေနဲ့ လက်တွေ့မဆန်တဲ့ အရာတွေကို တောင်းဆိုနေမယ့်အစား လက်တွေ့ အခြေအနေပေါ် အခြေခံပြီး အားလုံးပါဝင်နိုင်တဲ့၊ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဆွေးနွေးပွဲဆိုတာ မြေပြင်က လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေလို့ မရပါဘူး။
မေး ။ ။ ၂၀၂၃ ခုနှစ်မှာ ကျနော် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို သွားတုန်းက တော်လှန်ရေးအဖွဲ့အစည်း အတော်များများက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့ အတော်များများက ၂၀၂၅ အကုန်မှာ စစ်အစိုးရ ပြုတ်ကျမယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောခဲ့ကြပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ အပြန်အလှန်အားဖြင့် စစ်တပ်က တချို့ဒေသတွေမှာ ပြန်လည် အသာစီး ရလာတာမျိုးတောင် ရှိနေပါတယ်။ ဒါကို ခင်ဗျား ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူဖြစ်ပြီး ကျနော်တို့ သူတို့ကို လေးစားပါတယ်။ တခြားသော အစုအဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး စုစည်းညီညွတ်ကြဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။
လက်ရှိ အခြေအနေကတော့ ခန့်မှန်းရ ခက်နေဆဲပါပဲ။ စစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက် သံယိုမှုတွေလည်း ဒီထက်မက ပိုများလာနိုင်ပါတယ်။
မေး ။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း ပြောရရင် ခင်ဗျားတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) အစိုးရကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီးပါပြီ။ ယေဘုယျ အားဖြင့် တော့ BNP အစိုးရဟာ အစွန်းရောက်တဲ့ ရပ်တည်ချက်မျိုးကို ရှောင်ကြဉ်ပြီး ရခိုင်ပြည်အပေါ်မှာ မူဝါဒနှစ်ရပ် ကျင့်သုံးလိမ့်မယ်လို့ ယူဆကြပါတယ်။ အဲဒါတွေကတော့ ဘင်္ဂါလီဒုက္ခသည်တွေကို ပြန်လက်ခံဖို့ AA ကို ဖိအားပေးတာမျိုးနဲ့ တစ်ဖက်မှာလည်း RSO နဲ့ ARSA လို မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အစိုးရသစ် အပေါ် ခင်ဗျားရဲ့ မျှော်လင့်ချက်က ဘာများလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ပါပဲ။ ပထမဦးစွာ ဒီဒေသမှာရှိတဲ့ လက်ရှိ အင်အားစုတွေကို မှားယွင်းတဲ့ စွပ်စွဲချက်တွေ လုပ်နေမယ့်အစား သူတို့ကို လုပ်ပိုင်ခွင့်တွေ ပေးအပ်ရပါမယ်။
ရခိုင်ပြည်သူ့တော်လှန်ရေး အစိုးရကို လုပ်ပိုင်ခွင့်အာဏာ မပေးဘဲနဲ့တော့ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖန်တီးဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။
ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ကျနော်တို့ ဖန်တီးချင်ပါတယ်။ ပြည်သူ တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့က ကျနော်တို့ရဲ့ အမြင့်ဆုံး ဦးစားပေး လုပ်ငန်းပါ။ ဒါပေမဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ပြဿနာတွေကို ပိုပြီး ကြီးထွား လာစေပါလိမ့်မယ်။ ကျနော် တို့ကတော့ ဘယ်လို အခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ။
ကျနော်တို့အတွက်ရော၊ ဘင်္ဂလားဒေ့ရှ်အတွက်ပါ ဘာမှအကျိုးရှိမှာ မဟုတ်တဲ့ အဲဒီလို အခြေအနေမျိုး မဖြစ်လာအောင် ကျနော်တို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားအတွက်လည်း ဖြစ်မှာမဟုတ်ပါဘူး။

သတင်းထောက် ရာဂျစ် ဘတ်တာချာရီယာနဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
မေး ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေကို ချက်ချင်းပြန်စချင်တာလား။
ဖြေ ။ ။ ဟုတ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့အတွက် နယ်စပ်ရဲ့ နှစ်ဖက်စလုံးမှာ စောင့်ဆိုင်းနေကြတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေထူထပ်တဲ့ နိုင်ငံတစ်ခုဖြစ်သလို နယ်စပ်တစ်လျှောက်မှာလည်း နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ရေလုပ်သားတွေ အပါအဝင် လူထုနဲ့ လူ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။
မြေပြင်က လက်တွေ့ အခြေအနေတွေကိုသာ လက်ခံလိုက်မယ်ဆိုရင် ဒီပြဿနာတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်မှာပါ။ အဲဒီလို လက်ခံပြီးတာနဲ့ ကျနော်တို့ဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ။ ရေလုပ်သားတွေကိုလည်း လုပ်ကိုင်ခွင့် ပြုသွားမှာဖြစ်သလို သူတို့ရဲ့ လှုပ်ရှားမှုတွေကို လည်း စနစ်တကျ စည်းကမ်း သတ်မှတ်ပေးသွားမှာပါ။
မေး ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံအစီအစဉ်ဆိုတာ ဘာလဲ။ အမေရိကန်က တကယ်ပဲ ပါဝင်ပတ်သက်ဖို့ စိတ်ဝင်စားခဲ့တာလား။
ဖြေ ။ ။ အမေရိကန်က တကယ်စိတ်ဝင်စားခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ NGO တွေနဲ့ တချို့ပုဂ္ဂိုလ်တွေပဲ စိတ်ဝင်စားခဲ့ကြတာပါ။ ပြီးတော့ တခြားကမ္ဘာလုံးဆိုင်ရာ အင်အားစုတချို့လည်း ဒီစီမံကိန်းကို စိတ်ဝင်စားရင် စိတ်ဝင်စားမှာပေါ့။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒါဟာ လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်တလင်းထဲ ပြန်တွန်းပို့တာက လူသားမဆန်ပါဘူး။ စစ်ပွဲတွေ ပြီးရင်တောင်မှ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခု အရင်ရှိနေဖို့ လိုအပ်ပါတယ်။
မေး ။ ။ ပါကစ္စတန်နဲ့ တူရကီတို့က ဘင်္ဂါလီဒုက္ခသည်တွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ ဘာကြောင့် ပါဝင်ပတ်သက်နေကြတာလဲ။
ဖြေ ။ ။ ဒါဟာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ ကိစ္စရပ်ဖြစ်ပြီး (ဘင်္ဂါလီတွေကြားမှာ အစွန်းရောက် လက်နက်ကိုင် လုပ်ရပ်တွေ) ပိုမိုဆိုးရွားလာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက်ရော ကျနော်တို့အတွက်ပါ မကောင်းပါဘူး။
BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို စတင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ တစ်ခါတရံမှာ မူဝါဒတွေက မှန်ကန်နေတတ်ပေမဲ့ အကောင်အထည်ဖော်တဲ့ နေရာမှာ လမ်းချော်သွားတတ်တာ မျိုးတွေ ရှိပါတယ်။
မေး ။ ။ ပါကစ္စတန်အနေနဲ့ ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထား တိုက်ခိုက် လာနိုင်တယ်လို့ ခင်ဗျားထင်သလား။
ဖြေ ။ ။ ဒုက္ခသည်တွေဟာ အသုံးချခံရနိုင်တဲ့အတွက် သူတို့ကို ကျနော်တို့ စောင့်ကြည့်နေဖို့ လိုပါတယ်။ ကျနော်တို့မှာ အိန္ဒိယနဲ့ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဒီဒေသတွင်းမှာရှိတဲ့ လက်နက်ကိုင် အစွန်းရောက်မှုတွေဟာ ဘေးပတ်ဝန်းကျင်ကို ပြန့်နှံ့သွားနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ကျနော်တို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။
မေး ။ ။ အိန္ဒိယအစိုးရအပေါ်မှာ ဘာတွေ မျှော်လင့်ထားသလဲ။
ဖြေ ။ ။ အိန္ဒိယဟာ ဒီဒေသတွင်းမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူပါ။ အိန္ဒိယနိုင်ငံ အနေနဲ့ ဒီထက်မက ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်တာကို ကျနော်တို့ မြင်တွေ့ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကုလားတန်စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း ကျနော်တို့ဘက်က ကူညီဖို့ အသင့်ရှိပါတယ်။
မေး ။ ။ AA အနေနဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို ခံနေရတယ်လို့ သိရပါ တယ်။ ဒါကို ခင်ဗျားတို့ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။
ဖြေ ။ ။ ဒါဟာ ဖိအားပေးတာမျိုး မဟုတ်ပါဘူး၊ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်း စေချင်တဲ့ ဆန္ဒရှိနေတာပါ။ တချို့လူတွေကတော့ ဒါကို ဖိအားလို့ ပြောကြမှာပေါ့။ တရုတ်နိုင်ငံ အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာပါပဲ၊ ဒါဟာ နိုင်ငံတိုင်း လုပ်ဆောင် လေ့ရှိတဲ့ အရာမျိုးပါ။
မေး ။ ။ AA ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂါလီ၊ ခူမီးနဲ့ ချင်းလူမျိုးစုတွေဘက်က အတင်းအဓမ္မ စစ်သားစုဆောင်းတာမျိုးတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခဏခဏ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ တချို့လူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်သဖွယ် အသုံးချနေကြတာပါ။ ဒီစွပ်စွဲချက် တွေရဲ့ အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အုပ်စုတချို့၊ အထူးသဖြင့် ပြည်ပရောက် တက်ကြွ လှုပ်ရှားသူတွေက သူတို့အတွက် အကျိုးရှိစေမယ့် ဇာတ်ကြောင်းတွေကို ဖန်တီးပြီး စွပ်စွဲနေကြတာကို တွေ့ရပါ လိမ့်မယ်။
ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ချင်းလူမျိုးစု တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ကျနော်တို့ဟာ ချင်းပြည်နယ်က ချင်းလူမျိုးစု အများစုနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျနော်တို့ အချင်းချင်း ကူညီကြသလို ရှေ့လျှောက်မှာလည်း မွတ်စလင် (ဘင်္ဂါလီ) လူ့အဖွဲ့အစည်းနဲ့ပါ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာပါ။
ကျနော်တို့ဟာ အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်နေပါတယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဒီလို စွပ်စွဲချက်တွေ ရှိနေတာပါ။ အတင်းအဓမ္မ စစ်သားစုဆောင်းမှုနဲ့ ပတ်သက်လို့ကတော့ ရခိုင်ပြည်နယ်ဟာ စစ်ပွဲကို ရင်ဆိုင်နေရတာဖြစ်လို့ အရေးပေါ် အစီအမံတွေကတော့ လိုအပ်ပါတယ်။
ကျနော်တို့ဟာ လူသစ်စုဆောင်းတဲ့ နေရာမှာ အလွန်သတိထားသလို စုဆောင်းခံရသူတိုင်းကိုလည်း သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သေချာရှင်းပြပါတယ်။
မေး ။ ။ AA အနေနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ခင်ဗျား ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ရခိုင်မှာ နေထိုင်ခဲ့တဲ့ ကာလအတွင်း လေ့လာမိသလောက်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပြည်မ ဘက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်လာမယ့် အန္တရာယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကပဲ ရခိုင်ပြည်နယ် မောင်တောမြို့က လူတစ်ယောက်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ စိတ်ကြွဆေးပြား အမြောက်အမြားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်အတွက် ပေါ်ပေါက်လာနေတဲ့ စိန်ခေါ်မှုသစ်တစ်ခုလို့ ခင်ဗျား မမြင်ဘူးလား။
ဖြေ ။ ။ ဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာဟာ စစ်တပ် အုပ်ချုပ်စဉ် ကာလက ထက်စာရင် အခုအများကြီး လျော့နည်းသွားပါပြီ။ ပြည်မဘက်ကလာတဲ့ လမ်းကြောင်း အတော်များများကိုလည်း ပိတ်ဆို့ထားပါတယ်။
စစ်ဆေးရေးဂိတ်တွေလည်း အများကြီး ရှိပါတယ်။ (မြန်မာနိုင်ငံမှာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုက စက်မှုကဏ္ဍ အဆင့်အတန်းအထိ ရှိနေတာပါ။
ပြီးခဲ့တဲ့လက အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ စစ်တပ်ကတော့ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့ပါတယ်။ အဲဒီ စက်ရုံဝင်းတစ်ခုလုံးကို သိမ်းဆည်းခဲ့တာပါ။ တကယ်တော့ သူတို့ဟာ အဲဒီစက်ရုံဝင်း တည်ရှိနေတာကို ကြာလှပြီဖြစ်တဲ့ကတည်းက သိထားကြတာပါ။
ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်ပြီလို့တော့ ကျနော်တို့ မပြောနိုင် သေးပါဘူး။ သုံးစွဲသူတွေရော၊ ရောင်းဝယ်ဖောက်ကားသူတွေရော ရှိနေဆဲပါ။ ငါးဖမ်းလှေတွေဟာလည်း အထက် အောက် စုန်ဆန်သွားလာနေကြပြီး သူတို့ ဘာတွေ သယ်ဆောင်နေသလဲဆိုတာ ကျနော်တို့ အတိအကျ မသိနိုင် ပါဘူး။
ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား (Cox’s Bazar) နဲ့ စစ်တကောင်း (Chittagong) ဘက်ကို သွားနေတဲ့ သင်္ဘောတွေလည်း ရှိပါတယ်။ ဒီပြဿနာကို အမြစ်ပြတ်အောင် လုပ်ဖို့ဆိုတာ အချိန်ယူရဦးမှာပါ။

ရခိုင်ပြည်နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်
မေး ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်က ရွာတချို့ကို လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျနော် သွား ရောက်ခဲ့ပြီး ဒေသခံတွေနဲ့ စကားပြောခဲ့ပါတယ်။ ဘင်္ဂါလီမဟုတ်တဲ့ ရွာတွေနဲ့ ဘင်္ဂါလီရွာတချို့ဟာ ARSA အဖွဲ့ရဲ့ရန်ကို အမြဲတမ်း စိုးရိမ်ကြောက်လန့် နေကြရပါတယ်။ ခင်ဗျားတို့ အစိုးရအနေနဲ့ ဒီနေရာတွေမှာ အာဏာ မတည်ဆောက်နိုင်သေးဘူးလို့ မြင်ပါတယ်။ ဒီဒေသတွေအတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။
ဖြေ ။ ။ ဒါဟာ ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ အဲဒီဒေသက ဝေးလံတဲ့ ကျေးရွာတွေ၊ အထူးသဖြင့် မြို (Mro) လူမျိုးစုတွေ နေထိုင်တဲ့ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။ သူတို့ထဲက အစုအဖွဲ့ တချို့ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေကြပါတယ်။
သူတို့ထဲက တချို့ဟာ ARSA အဖွဲ့နဲ့ လက်တွဲနေကြတယ်ဆိုတဲ့ သတင်းပို့ချက်တွေကိုလည်း ကျနော်တို့ ရရှိထား ပါတယ်။ အချင်းချင်းကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးတာတွေလည်း အများကြီးရှိခဲ့တာကတော့ အံ့သြစရာ မဟုတ်ပါဘူး။
မောင်တောမြို့ကို မသိမ်းပိုက်နိုင်ခင်တုန်းက စစ်တပ်နဲ့ ဒေးလ်မိုဟာမက် (Dil Mohammad) လို မူးယစ်ရာဇာ တွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ အလွန်ပဲ လက်ရဲဇက်ရဲ ရှိခဲ့ကြပါတယ်။ အခုတော့ ဒေသခံတွေအတွက် လုံခြုံရေး ပိုမိုကောင်းမွန်လာအောင် အဲဒီဒေသကို ကျနော်တို့ အထူးအာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။
မေး ။ ။ ဆရာဝန်နဲ့ ဆေးဝါးတွေလည်း အလွန်အမင်း ပြတ်လပ်နေသလို စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေကလည်း တကယ့်ကို စိတ်မကောင်းစရာပဲနော်။
ဖြေ ။ ။ ကျနော်တို့ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေသလို ကျန်းမာရေး ဝန်ဆောင်မှုနဲ့ တခြား ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာအောင်လည်း ကြိုးစားနေပါတယ်။ ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ပိုမိုရရှိဖို့၊ ဆေးဝါးတွေ စဉ်ဆက်မပြတ် စီးဝင်လာဖို့နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ပိုမိုစုဆောင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်ဖို့လည်း ဆုံးဖြတ်ထားပြီး ဒီလုပ်ငန်းစဉ် တွေအတွက် ကျနော်တို့ တကယ်ပဲ စိတ်လှုပ်ရှားနေပါတယ်။ ဒီနှစ်ထဲမှာ သူနာပြု ၁၂၀ ကို လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။
လောလောဆယ်မှာ ကျနော်တို့ဆီမှာ ဆရာဝန် ၅၀ ကနေ ၆၀ ကြား ရှိနေပြီး မကြာခင်မှာ နောက်ထပ် ဆရာဝန် တွေ ပူးပေါင်းလာဖို့လည်း မျှော်လင့်ထားပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ နောက်ခံ သမိုင်းကြောင်းနဲ့ လူမျိုးရေးကို ကျနော်တို့ ဂရုမစိုက်ပါဘူး။ အိန္ဒိယဆရာဝန်တွေ အပါအဝင် ကျနော်တို့နဲ့ ပူးပေါင်းချင်တဲ့ ဘယ်သူ့ကို မဆို ကြိုဆိုသွားမှာပါ။

အိန္ဒိယလွှတ်တော်အမတ်နဲ့ AA ကို တွေ့ရစဉ်
မေး ။ ။ နွေဦးတော်လှန်ရေးရဲ့ ရှေ့လာမယ့် လအနည်းငယ်အတွင်း ဘာတွေ ဖြစ်လာမလဲဆိုတဲ့အပေါ် ခင်ဗျား ရဲ့ မျှော်လင့်ချက်က ဘာလဲ။
ဖြေ ။ ။ နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ဆိုတာ AA တစ်ဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့တင် မလုံ လောက်ပါဘူး။ ကျနော်တို့ အနေနဲ့ မြန်မာပြည် အလယ်ပိုင်းက ပြည်သူတွေရဲ့ အခြေအနေ၊ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ဒေသတွင်းက ဖြစ်ပေါ်ပြောင်းလဲမှုတွေစတဲ့ တခြား အချက်အလက်တွေကိုပါ ထည့်သွင်း စဉ်းစားရပါမယ်။
သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ သူတို့နဲ့ ကျနော်တို့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို၊ ရည်မှန်းချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ကူညီပေးထားပါတယ်။
မေး ။ ။ နောက်ထပ် နှစ်နှစ်တာကာလအတွင်း ရခိုင်ပြည်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲလို့ ခင်ဗျား မြင်ပါသလဲ။
ဖြေ ။ ။ ကျနော်ကတော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်တွေ့ချင်သလို၊ ဖြစ်နိုင်ခြေရှိပြီး ရေရှည်တည်တံ့မယ့် ဖြေရှင်းချက် တစ်ခုကိုလည်း ရှာဖွေချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျနော်တို့ဟာ အဆိုးဆုံး အခြေအနေတွေအထိ ကြိုတင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။
Source: The Diplomat
- By CNI
- Category: အင်တာဗျူး
- Hits: 362
CNI Interview
၂၀၂၆ ခုနှစ်၊ မေလ ၆
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က NLD အစိုးရကို ဖြုတ်ချ၍ အာဏာရယူကာ အုပ်ချုပ်ခဲ့သည်။
ထို့နောက် တစ်နိုင်ငံလုံးတွင် ဆန္ဒပြကန့်ကွက်ခဲ့ကြသလို လက်နက်ကိုင် တော်လှန် တိုက်ခိုက်မှုကြောင့် ယနေ့ အချိန်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုမှာ တိုက်ပွဲများဖြစ်ပွားနေသည်။
ထိုအခြေအနေမှာပဲ တပ်မတော်က ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အစိုးရဖွဲ့စည်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က လက်နက်ကိုင် အဖွဲ့အစည်းများအား ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး NCA ထိုးထားကာ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

ABSDF တပ်ဖွဲ့ဝင်ကို တွေ့ရစဉ်
မေး ။ ။ လက်ရှိမှာ NCA ထိုးထားတဲ့ အဖွဲ့တွေကို ဖိတ်ထားတယ်ကြားရတယ်။ ABSDF ရော ဘယ်လို အခြေအနေ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့တော့ ဘာမှမကြားပါဘူး။ မရပါဘူး။ အခုလက်ရှိ ပြောတော့ပြောနေတဲ့ အသံတွေတော့ ကြားတယ်။ ဒါပေမယ့် တရားဝင်တော့ ဘာမှမပြောသေးပါဘူး။ ပြောလာရင်လည်း အခု လောလောဆယ်မှာတော့ ဘာမှလက်ခံဖို့ မရှိသေးပါဘူး။ ဒီလိုအခြေအနေ၊ ဒီနေ့ တိုင်းပြည် အခြေအနေအရ။
မေး ။ ။ ဘယ်လို အခင်းအကျင်းမျိုးဆိုရင်ရော ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးအတွက် လက်ခံသွားဖို့ ရှိမလဲ။
ဖြေ ။ ။ အများကြီး ပြောစရာရှိပါတယ်။ လောလောဆယ်တော့ မရှိသေးပါဘူးလို့ပဲ ဖြေပါရစေ။ အခင်းအကျင်း က ဘယ်လို အခင်းအကျင်း ဖြစ်ရမလဲဆိုတော့ ကျနော်တို့အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းဖြစ်မှပဲ အဆင် ပြေမှာပါ။
လောလောဆယ်တော့ အဲဒီ အခင်းအကျင်း ဖြစ်ဖို့လည်း မရှိသေးတော့ ကျနော်လည်း ဘာမှဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ ဆက်ပြောဖို့ မရှိသေးပါဘူး။ လုပ်ဖို့လည်း မရှိပါဘူး။
မေး ။ ။ ဒီလိုဖိတ်ခေါ်မှု အပေါ်မှာရော ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဆင်မပြေသေးပါဘူး အဲဒါကလေ။ ဒီလိုဖိတ်ခေါ်မှု မျိုးလောက်နဲ့ကတော့ အဆင်မပြေပါဘူး။ နောက် တစ်ခုက နေပြည်တော်က ဖိတ်ခေါ်မှ ဖြစ်မယ့်ကိစ္စရပ် မဟုတ်ပါဘူး။ ဒါတစ်တိုင်းပြည်လုံး အရေးကို ဖြေရှင်း ရမယ့်ကိစ္စ။
နေပြည်တော်က ဖိတ်ခေါ်မှ လုပ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကျနော်တို့ဘာသာ ကျနော်တို့နည်းလမ်းနဲ့ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့။
မေး ။ ။ အခုလို ဖိတ်ခေါ်မှုက အထက်စီးဆန်တယ်လို့ မြင်မိလား။
ဖြေ ။ ။ မှန်တာပေါ့။ မှန်တာပေါ့။ ဒီလိုဖိတ်ခေါ်လို့ မရပါဘူး။ တကယ့်နိုင်ငံရေး စိတ်ဆန္ဒရှိဖို့ လိုတယ်။ လက်တွေ့ အလုပ်လုပ်ပြဖို့ လိုတယ်။ ပြည်သူလူထု အပေါ်မှာ စိတ်စေတနာ တကယ်ရှိတယ်။ တိုင်းပြည်အပေါ်မှာ စိတ်စေတနာရှိတယ်။ ငြိမ်းချမ်းရေးအတွက် တကယ့်နိုင်ငံရေး ဆန္ဒရှိတယ်။ စိတ်စေတနာရှိတဲ့ ဖိတ်ခေါ်မှုမျိုး ဖြစ်ဖို့လိုသလိုပဲ။
မြေပြင်မှာ တကယ့် လက်တွေ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကလည်း ဒီဖိတ်ခေါ်မှုကို အထောက်အကူ ဖြစ်ဖို့ လိုတယ်လေ။ အခုကတော့ ဒီလိုဖြစ်တည်နေတဲ့ အခြေအနေအောက်ထဲမှာ ဒီလို ဖိတ်ခေါ်မှုမျိုးကတော့ ဘယ်အဖွဲ့အစည်းမှ လက်ခံနိုင်တဲ့ အခြေအနေ မရှိပါဘူး။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပြောရင်တော့ လောလောဆယ် အခြေအနေအရ လက်ခံနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။

လူငယ်ငြိမ်းချမ်းရေး ညီလာခံ ကျင်းပစဉ်
မေး ။ ။ အားလုံးလက်ခံနိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်ဖို့ဆိုရင် ဘယ်လိုအရာတွေ အဓိကလိုအပ်မလဲ။
ဖြေ ။ ။ အားလုံးသိပါတယ် အဲဒါကတော့ အထူးအထွေ ပြောစရာမရှိပါဘူး။ အားလုံး လက်ခံနိုင်တဲ့ အခင်း အကျင်းက ဘာတွေလဲဆိုတာ သိပါတယ်။ အဓိက,က အကုန်လုံး သိပါတယ်။ အင်အားစုအားလုံး သိပါတယ်။ ပြည်သူကလည်း သိပါတယ်။
တကယ့်နိုင်ငံရေး စိတ်ဆန္ဒရှိပြီးတော့ တကယ့် တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တဲ့၊ တိုင်းပြည်ကို စည်းလုံးညီညွတ် စေချင်တဲ့ တကယ့်ပြည်ထောင်စု၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးရဲ့ လိုလားချက်မှာ ဘာတွေ လုပ်ရမလဲဆိုတာ ရှိပါတယ်။ အဲဒါမလုပ်ဘဲနဲ့ကတော့ ဒီလိုဆွေးနွေးပွဲက၊ ဖိတ်ခေါ်ချက်တွေက အချည်းအနှီးပါပဲလို့။
မေး ။ ။ ဒီအခင်းအကျင်းကြားထဲမှာ အိမ်နီးချင်းနိုင်ငံရဲ့ ဖိအားပေးမှုတွေ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ ရှိလာလိမ့်မယ်လို့ရော စိုးရိမ်ချက်ရှိလား။
ဖြေ ။ ။ ဒါကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သူ့တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွား အပေါ်မှာတော့ ညှိနှိုင်းမှုတွေ ရှိလာနိုင်ပါတယ်။ ဖိအားပေးမှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုကိုလည်း ကျနော်တို့က ဖိအားပေးမှုလို့ မြင်လို့ရသလို တစ်ချိန်တည်းမှာပဲ အဲဒီအိမ်နီးချင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားကလည်း ကျနော်တို့အတွက်က အားသာချက်ဖြစ်ရင် ဖြစ်လာမှာပါ။ အဲဒီလို ကျနော်တို့ စဉ်းစားဖို့ လိုတယ်လို့ ထင်တယ်။
ဒါက ဖိအားကြီးပဲလို့ စဉ်းစားတာ မဟုတ်ဘဲနဲ့ ကျနော်တို့အတွက် အားသာချက်ကိုလည်း ဘယ်လိုပြောင်းလဲနိုင် မလဲဆိုတာ ကျနော်တို့ စဉ်းစားပြီးတော့မှ ဆောင်ရွက်သွားနိုင်ရင်တော့ ကျနော်တို့အတွက် အလားအလာ အများကြီး ကောင်းပါတယ်။ အမြဲတမ်း ကျနော်တို့က ဖိအားလို့ပြောတာ မဟုတ်ပါဘူး။
အဲဒါက ဖိအားလို့ ပြောလို့လည်း မရသလို တစ်ချိန်တည်းမှာပဲ တွေ့ဆုံဆွေးနွေးမှု၊ အခု အိမ်နီးချင်း နိုင်ငံတွေရဲ့ ပြောဆို ဆောင်ရွက်မှုတွေကလည်း ကျနော်တို့အတွက် အားသာချက် အနေနဲ့ ပြောင်းနိုင်တဲ့ အခွင့်အလမ်းတွေ လည်း ပေါ်လာနိုင်ပါတယ်။
မေး ။ ။ သူက ရက် ၁၀၀ လို့ သတ်မှတ်ထားတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ သူ့ဘက်က ပြောတာပဲလေ ရက် ၁၀၀ ဆိုတာ။ ရက် ၁၀၀ နဲ့ တိုင်းပြည်တည်ဆောက်လို့ရတဲ့ ကိစ္စ မဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ နှစ်ပေါင်းများစွာပေါ့။ ဘာပဲပြောပြော အခြေအနေ ကောင်းတစ်ရပ် အရပ်သား အစိုးရ ဦးဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပဲပြောပြော၊ တိုင်းပြည် တည်ဆောက်ရေး ကိစ္စပဲပြောပြော အရပ်သား အုပ်ချုပ်မှုအောက်ကို ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ ကိစ္စရပ်ကနေ ၅ နှစ်တာလောက် အာဏာ သိမ်းပြီးတော့ ဖျက်ဆီးပစ်လိုက်တာက ရက် ၁၀၀ နဲ့ ဘယ်ရမလဲ။
ရက် ၁၀၀ တည်းမှာ ဒီလိုလုပ်လို့ရစတမ်းမှ မဟုတ်တာ။ တစ်တိုင်းပြည်လုံးက အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲတယ်။ ယုံကြည်မှုတွေ ပျက်စီးသွားတယ်။ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အများကြီး ပျက်စီးသွားတဲ့ အပေါ်မှာတော့ ရက် ၁၀၀ နဲ့ ဘာမှလုပ်လို့ မရပါဘူး။ အဲဒါကိုလည်း ပြောချင်တာပါ။
နိုင်ငံရေးစိတ်ဆန္ဒ တကယ်ရှိတယ်ဆိုရင် ဒီ ရက် ၁၀၀ အတွင်းမှာ လာရင်လာ၊ လုပ်ရင်လုပ်၊ မလုပ်ရင်တော့ လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး၊ ဖိအားပေးမှုမျိုး၊ စိန်ခေါ်မှုမျိုးနဲ့ကတော့ ဒီနေ့ တိုင်းပြည်ကို ဒီလိုတော့ သွားလို့မရတော့ပါဘူး။ အဲဒါကို သေချာနားလည်ကြဖို့လိုတယ်။ အဲဒါကြောင့်လည်း ပြောနေတာက ဘာလုပ်ရမလဲဆိုတာ သိပြီးနဲ့ကို တမင် စိန်ခေါ်သလိုလို၊ ရင့်သီးသလိုလိုမျိုး လုပ်လို့မရပါဘူး။
ပြောချင်တာက ဒီကနေ့ရှိနေတဲ့ စစ်အုပ်စုကလည်း အင်အားစုတစ်ရပ် အနေနဲ့ပါ။ သူက ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး လုပ်လို့ရတဲ့ အခင်းအကျင်းလည်း၊ အနေအထားလည်း မဟုတ်တော့ပါဘူး။ ဒီနေ့ တိုင်းပြည် တစ်ပြည်တစ်ခုလုံး ပြန်လည်တည်ဆောက်ဖို့က အင်အားစု အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ လိုပါတယ်။ အဲဒီမှာ စစ်အုပ်စု ကလည်း အင်အားစု တစ်ခုအနေနဲ့ပါ။ မိမိကိုယ်မိမိ ဗဟိုပြုပြီး စဉ်းစားမယ်ဆိုရင်တော့ တိုင်းပြည် တည်ဆောက် ရေးအတွက်က အလားအလာ မကောင်းဘူးလို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ ပြီးတော့ နေပြည်တော်က ပွဲတွေ၊ အခမ်းအနားတွေမှာ မိန့်ခွန်းတွေ ပြောတဲ့အခါတိုင်းမှာပဲ ဖြစ်သင့် တာ ဖြစ်ထိုက်တာကိုပဲ တောင်းဆိုကြဖို့၊ ပြောကြဖို့ဆိုတာ မိန့်ခွန်းတိုင်းလိုလိုမှာ ပါတာကို သတိထားမိတာပေါ့။ သူတို့ဘက်ကလည်း ဖြစ်သင့်တာ၊ ဖြစ်နိုင်တာက ဘယ်လိုအတိုင်းအတာဆိုပြီး တရားဝင်ချပြတာလဲမရှိတော့ ဒါနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဖြစ်သင့်တာ ဖြစ်နိုင်တာဆိုတာက ဖြစ်သင့်တာက ရှင်းနေတာပဲလေ။ လွယ်လွယ်လေးပဲ။ မခက်တဲ့ ကိစ္စရပ်ပါ။ နံပါတ်တစ်က ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။ အဲဒီ ပေါ်ထွန်း ရေးကိစ္စ ဖြစ်တယ်။ အဲဒီအတွက် ညှိနှိုင်းရမယ်။ နိုင်ငံရေးအရ စကားပြောရမယ်။ အဲဒီမှာ ရှင်းရှင်းလေး ရှိတာက တော့ နံပါတ်တစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရမယ်။
တကယ့် ပြည်ထောင်စုအတွက်၊ တကယ့် အင်အားစု အားလုံးအတွက် အဆင်ပြေနိုင်တဲ့၊ သက်တောင့်သက်သာ ရှိနိုင်တဲ့၊ အားလုံးလည်း အတူတကွ လက်တွဲနေနိုင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တစ်ခုနဲ့အတူ ပြည်ထောင်စုကို ဆက်လက် တည်ဆောက်ဖို့လိုတယ်။
နောက်တစ်ခုက စစ်တပ်က နိုင်ငံရေးကနေ ထွက်ရမယ်။ စစ်တပ်က နိုင်ငံရေးကထွက်ပြီး အရပ်သား အုပ်ချုပ်မှု အောက်ရှိတဲ့ စစ်တပ်ဖြစ်ရမယ်။ ဒါတွေက ကျနော်ထင်တယ် အားလုံး လက်ခံနိုင်ကြတဲ့ အားလုံး လက်ခံနိုင်တဲ့ အခင်းအကျင်းမှာ ကိုယ်ကိုယ်တိုင်က ဒါကို လက်မခံနိုင်ဘဲနဲ့ မဖြစ်နိုင်တာတွေ မပြောပါနဲ့ဆိုတဲ့ ဟာကတော့ အဆင်မပြေဘူး။
ကျနော်တို့က ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်လို့ အင်အားစုအားလုံးက စုစည်းပြီးတော့မှ ပြောထားတဲ့ဟာရှိတယ်။ ပြောထားတဲ့ ဘုံရည်မှန်းချက်ရှိတယ်။ ဘုံသဘောထား စုစည်းချက်တွေ ရှိတယ်။ ရပ်တည်ချက်တွေ ရှိတယ်။ ဒါက အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်ကို ပြောနေတယ်။ ဆောင်ရွက်ချင် တယ်။ ဒီလို ဒီတိုင်းပြည်ကို တည်ဆောက်ရမယ်။
ဒီလိုတည်ဆောက်မှပဲ ကျနောတို့ အင်အားစုအားလုံး၊ သက်ဆိုင် ရာ၊ ဒေသဆိုင်ရာ တိုင်းရင်းသားအားလုံး အတူ တကွ ကျနော်တို့ ညီညီမျှမျှ၊ တရားမျှတမှုရှိရှိ၊ တန်းတူညီတူရှိရှိ၊ အပြန်အလှန် အသိအမှတ်ပြုမှုရှိရှိ၊ အပြန်အလှန် လေးစားမှုရှိရှိ နေထိုင်သွားနိုင်တဲ့ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်ဖို့ ပြောနေတာပါ။
အဲဒါကို စစ်အုပ်စုနဲ့ နေပြည်တော်က ဒါက ငါ တည်ဆောက်မယ့် တိုင်းပြည်၊ ငါတည်ဆောက်မယ်ဆိုလို့ မရပါဘူး။ သူတို့လည်း အင်အားစု တစ်ခုအနေနဲ့ပဲ ပါဝင်ဖို့လိုမှာပါ။ နောက်တစ်ခုက အခု ကျနော်တင်ပြခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တစ်ခု၊ အားလုံး လက်ခံနိုင်တဲ့၊ အားလုံး အဆင်ပြေနိုင်မယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် တစ်ရပ်ကို ကျနော်တို့ သေချာ ပြင်ဆင်ဆောင်ရွက်ကြဖို့ လိုတယ်။
ပြီးတော့ အဲဒီကတစ်ခါ စစ်တပ်က နိုင်ငံရေးထဲကနေ ထွက်ဖို့လိုတယ်။ ပြီးရင် အရပ်သား Civilian Supremacy ဆီအောက် ရောက်ဖို့လိုတယ်။ ဒီနေ့ ဖြစ်ပေါ်ခဲ့တဲ့ တရားမျှတမှုကိုလည်း လက်ခံပြီးတော့မှ ဆက်လက် ဆောင်ရွက် ကြဖို့ လိုပါတယ်။ ပြည်သူလူထု လိုအပ်တဲ့ လိုလားတဲ့ တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်နိုင်တဲ့ အခင်း အကျင်းကိုလည်း ဖန်တီးကြဖို့ လိုပါတယ်။
ဒီလို အခြေအနေမျိုး ဖြစ်မှသာလျှင် ကျနော်တို့ တိုင်းပြည်က ရေရှည်တည်တံ့မယ့်၊ ရေရှည်မှာ တိုင်းရင်းသား အချင်းချင်း၊ အင်အားစု အချင်းချင်း အားလုံး လက်ခံနိုင်တဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ တင်ပြပါ ရစေ။
မေး ။ ။ ခုနက ဆရာပြောသလို ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့တွေ၊ တပ်က နိုင်ငံရေးထဲကနေ ထွက်ဖို့တွေပေါ့။ ဒီလို အကြောင်းအရာတွေကြတော့ အားလုံးတွေ့ဆုံဆွေးနွေးမှပဲ ညှိနှိုင်းလို့ရမှာဆိုတော့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ဖို့ ဘယ်လိုမျိုး လုပ်ဆောင်သင့်မလဲ။
ဖြေ ။ ။ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့ ဘာလုပ်ဆောင်သင့်လဲဆိုတာ အင်အားစု အားလုံးသိတယ် အထူးအထွေ ပြောနေစရာ မလိုဘူး။ တန်းတူညီတူရှိတဲ့၊ အဓိပ္ပါယ်ရှိတဲ့၊ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ဖို့ဆိုတာ ဒီနေ့ လုပ်သင့်လုပ်ထိုက်တဲ့ဟာ အားလုံးကို အင်အားစု အားလုံးက လုပ်ကြရမှာ ဖြစ်ပါ တယ်။
အဓိကကျတဲ့ သူတို့ စစ်အုပ်စုက ပိုပြီးတော့တောင် လုပ်ရပါမယ်။ ဒီနေ့ ပြည်သူလူထု တစ်ရပ်လုံးကို၊ အရပ်သား တွေကို ပစ်မှတ်ထားပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ ဒါကိုလုံးဝ ရပ်တန့်ပစ်ဖို့ လိုပါတယ်။ နောက် နိုင်ငံရေးဆန္ဒကို သေချာဖော်ပြဖို့ လိုပါတယ်။ တကယ့် တွေ့ဆုံဆွေးနွေးရေး အပေါ်မှာ ထားရမယ့် သဘောထား တွေ သူတို့သိပါတယ်။ သိရဲ့သားနဲ့ကို တမင်ကို အပေါ်စီးကနေ ရင့်ရင့်သီးသီး မောက်မောက်မာမာနဲ့ ပြောနေတဲ့ ကိစ္စကတော့ ဘယ်အင်အားစုအတွက်မှ အဆင်မပြေပါဘူး။ ဘယ်သူမှ သက်တောင့်သက်သာ မဖြစ်ပါဘူး။
ဒီအပေါ်မှာကတော့ လိုက်ပါဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းက တော်တော် အခက်အခဲ ရှိပါတယ်။ လိုက်ပါ ဆောင်ရွက်ကြမယ့် အင်အားစုကလည်း ယာယီသဘောပဲ ဖြစ်မှာပါ။ တကယ့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့တဲ့ တိုင်းပြည်တည်ဆောက်ရေး၊ ရေရှည်တည်တံ့တဲ့ ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းရေး ကိစ္စ ကတော့ ဒီလို အခြေအနေမျိုးမှာတော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်သေးဘူးပေါ့နော်။ မဖြစ်နိုင်ဘူးလို့တော့ မပြော ပါဘူး။ မဖြစ်နိုင်သေးတာကို ပြောတာပါ။ ဖြစ်နိုင်အောင်လည်း အင်အားစုအားလုံးက ဝိုင်းကြိုးစားမှာပဲ။ နည်းနာပေါင်းစုံနဲ့ ကြိုးစားကြရမယ့် အခြေအနေလို့ပဲ ပြောချင်ပါတယ်။
ယနေ့ တိုင်းပြည်ရဲ့ လက်တွေ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အကုန်လုံး အဖက်ဖက်ကနေ ကျဆုံးနေကြတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဒီအတွက် အဓိက ဆောင်ရွက်နေတာကတော့ ဒီကနေ့ စစ်အုပ်စုပဲ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ရန်လိုမှုက တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး ဖြစ်နေတယ်လို့ပဲ ပြောချင် ပါတယ်။ အဲဒါကို ရပ်တန်းက ရပ်ဖို့လိုပါတယ်။ ရပ်တန်းက ရပ်ပြီးတော့ နိုင်ငံရေးစိတ်ဆန္ဒရှိရှိ၊ ပြည်သူလူထုကို မျက်နှာမူတဲ့ တိုင်းပြည်ကို တကယ်မျက်နှာမူတဲ့ လုပ်ဆောင်ချက်မျိုး တကယ်တမ်း ရှိလာမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း စဉ်းစားနိုင်တယ်လို့ အဲဒီလို ပြောပါရစေ။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
မေး ။ ။ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့အခါမှာ ဆရာတို့ အပါအဝင် ၃ ဖွဲ့ကို NCA ထဲမှာပဲ သူတို့ရှိသေးတဲ့ပုံစံမျိုး သုံးသွားတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲ။
ဖြေ ။ ။ NCA ဘောင်ကို ကျော်သွားပြီ။ NCA ကာလတုန်းက ရှိခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်း၊ တိုင်းပြည်ရဲ့ အခင်းအကျင်းနဲ့ ဒီနေ့မှာ ရှိနေတဲ့ ရှိခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်း၊ တိုင်းပြည်ရဲ့ အခင်းအကျင်းက အများကြီး ပြောင်းလဲသွားပြီ။ NCA ကိုကျော်သွားပြီ။ NCA အပေါ်မှာ အခြေခံပြီး ဆက်သွားဖို့ဆိုတာက အဆင်မပြေတော့ ပါဘူး။
နောက်တစ်ခုကတော့ ဒီနေ့ ဖြစ်ပေါ်လာတဲ့ ဖြစ်ထွန်းလာတဲ့ တော်လှန်ရေး အင်အားစုတွေရှိတယ်။ နိုင်ငံရေး အင်အားစုတွေရှိတယ်။ state actors တွေ အများကြီး ပေါ်ထွန်းလာပါတယ်။ အဲဒါအားလုံးစုံပြီး စဉ်းစားကြမယ် ဆိုရင် NCA ကာလတုန်းက အခင်းအကျင်းက သေးသေးလေးပါ။ အခုဒီထက် ပိုကျယ်ပြန့်တဲ့ ဒီထက်ပို အားလုံးကို လွှမ်းခြုံနိုင်တဲ့ အခင်းအကျင်းကို စဉ်းစားရမှာဖြစ်တဲ့ အတွက်ကြောင့် NCA ကတော့ အဆင်မပြေတော့ပါဘူး။
NCA ရဲ့ Beyond NCA ပေါ့။ NCA ဘောင်ထက်ကို ကျယ်ပြန့်သွားပါပြီ။ အဲဒီတော့ NCA ဘောင်ထဲကို ပြန်ဆွဲသွင်း တယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ကတော့ ပါဝင်ဖို့လည်း မရှိသေးပါဘူးလို့။ ပါဝင်ဖို့လည်း မဖြစ်နိုင်သေးဘူး။ အဲဒီတစ်ချိန်တည်းမှာပဲ ကျန်တဲ့အင်အားစု အားလုံးကလည်း ပါဝင်နိုင်တဲ့ အခင်းအကျင်းထဲမှာ အဆင်မပြေသေး ဘူးလို့ပဲ ပြောပါရစေ။
မေး ။ ။ လက်ရှိမှာရော ဆရာတို့ အဖွဲ့အနေနဲ့ ဘယ်လို လှုပ်ရှားမှုတွေ ပြုလုပ်နေလဲ။
ဖြေ ။ ။ ကျနော်တို့ကတော့ နိုင်ငံရေး၊ စစ်ရေးကိစ္စကို ကျန်တဲ့ အင်အားစုတွေနဲ့ အတူလက်တွဲပြီး တိုက်ပွဲ ဝင်လျက်ရှိပါတယ်။ ဒါကလည်း ကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ အဖွဲ့အစည်း တစ်ခု အနေနဲ့ ဒါကတော့ ကျနော်တို့ ဆက်လုပ်နေတာရှိပါတယ်။
အဲဒီလိုပါပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျန်တဲ့ အင်အားစု အားလုံးကလည်း လက်တွဲပြီးတော့ စစ်ရေးနိုင်ငံရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရှိပါတယ်။
မေး ။ ။ ဒါဆို လက်ရှိမှာ စစ်ရေးအခင်းအကျင်းက ပိုပြီးပြင်းထန်လာနိုင်တယ်လို့ရော သုံးသပ်ထားမိလား။
ဖြေ ။ ။ စစ်ရေး အခင်းအကျင်းကတော့ ပြင်းထန်လာနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဖိနှိပ်မှုများလာလေ တုံ့ပြန်မှုက ပိုပြီးတော့ ကြီးလာလေလို့ပဲ ပြောပါရစေ။ အဲဒီလို တုံ့ပြန်မှုနဲ့ တွန်းကန်မှုကြီး လာလေလေ၊ ဖိအားကြီးလာလေလေ စစ်ရေးလှုပ်ရှားမှုက ပိုပြီးတော့ မြင့်တက်လာလေလေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကလည်း စစ်အုပ်စုရဲ့ တစ်ဖက်က ရန်လိုမှုအပေါ် ပေါ်ပေါက်လာတဲ့ အခင်းအကျင်းလို့ပဲ ကျနော့်အနေနဲ့ ပြောပါရစေ။
- By CNI
- Category: အင်တာဗျူး
- Hits: 1974
CNI Interview
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးနောက် လက်နက်ကိုင်အဖွဲ့အစည်းများ ကို ငြိမ်းချမ်းရေးဆွေးနွေးရန် သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ သည်။
တခြား တစ်ဖက်မှာတော့ လက်နက်ကိုင် အင်အားစုများက နယ်မြေသိမ်း တိုက်ပွဲများ ဆင်နွှဲကာ ကွန်ဖက်ဒရေး ရှင်း အဆင့်အတန်းရရှိရေး သို့မဟုတ် ခွဲထွက်ရေး ရည်မှန်းချက်များကို ဖော်ဆောင်နေကြသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ လက်ရှိမှာ အစိုးရတစ်ရပ်ကလည်း ပေါ်လာပြီ။ လွှတ်တော်တွေကလည်း ပေါ်လာပြီဆိုတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သင့်လဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်စရာတွေကတော့ အများကြီးပဲ။ အဓိကကတော့ အဖွဲ့ အစည်း အသီးသီး ကြားမှာ ယုံကြည်မှုမရှိဘူး ဖြစ်နေတယ်လို့ ကျနော်တို့က မြင်တာပေါ့။ အဓိက အရေးကြီး တာက ယုံကြည်မှု၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်တာကိုလည်း လက်နက်ကိုင် အဖွဲ့အစည်းဘက်က ယုံကြည်မှု၊ လက်နက် ကိုင် အဖွဲ့အစည်းဘက်ကလည်း အစိုးရဘက်က ကတိကဝတ်တွေ၊ ပေးတဲ့အခွင့်အရေးတွေ ယူပြီးတော့ ငြိမ်းချမ်း ရေးကို တကယ်လိုလားပြီးတော့ လိုက်နာဆောင်ရွက်မယ်ဆိုတဲ့ယုံကြည်မှုပေါ့။ နှစ်ဖက် ယုံကြည်မှု ပျောက်နေတဲ့ အခြေအနေလို့ မြင်တယ်။
အဓိက ပြောချင်တာကတော့ လက်နက်စွန့်လွှတ်ရလို့ သူတို့ရဲ့ အကျိုးစီးပွား ခံစားခွင့်တွေ ရုတ်လျော့မသွားဘူး။ ငြိမ်းချမ်းရေးကသာ ဒေသဖွံ့ဖြိုးရေးကို ပိုမိုအထောက်အကူ ပြုတယ်ဆိုတဲ့အမြင်ကို လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက မြင်ဖို့တော့ လိုအပ်နေတာ။
မေး ။ ။ ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အခါ အစိုးရဘက် ဘယ်လိုဖိတ်ခေါ်သင့်လဲ။
ဖြေ ။ ။ အခု ငြိမ်းချမ်းရေးဖိတ်ခေါ်ထားတဲ့ စာအရတော့ အစိုးရဘက်က အလျှော့ပေးထားတာတွေ အများ ကြီး ရှိပါတယ်။ ကျနော်တို့ NCA လမ်းကြောင်းက သွားထားပြီးသား အခြေအနေရှိနေတော့ ဒီ NCA လမ်းကြောင်း နဲ့ပဲ ဆက်လက် အကောင်အထည်ဖော်တာက ပိုအဆင်ပြေမယ်လို့ ထင်တယ်။ နိုင်ငံတကာ စောင့်ကြည့်မှု လုပ်ငန်းစဉ်တွေ အကုန်လုံး ပါထားပြီးသားဖြစ်နေပြီလေ။

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မေး ။ ။ တချို့ကြတော့ ပြောကြတယ် ငြိမ်းချမ်းရေးမှာ မလာနိုင်ပေမယ့် အပစ်တော့ ရပ်နိုင်တယ်ပေါ့။ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ် နှစ်ခုက မတူဘူးလို့ သုံးသပ်ကြတာပေါ့။ ဒီအပေါ် ဘယ်လိုမြင်မိလဲ။ ငြိမ်းချမ်း ရေး မလုပ်နိုင်ရင်တောင် အပစ်ရပ်ရေးကို ဦးစားပေးသင့်မလား။
ဖြေ ။ ။ ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်တယ်ဆိုတာက မတူပါဘူး။ ငြိမ်းချမ်းရေးက တကယ့်ကို လိုလိုချင်ချင် နယ်မြေဒေသဖွံ့ဖြိုး ရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေမှာရှိတယ်။ အပစ်ရပ်ထားတယ်ဆိုတာကတော့ ပြောရ ရင်တော့ နှစ်ဖက် အင်အား ဖြည့်ဆည်းဖို့ အနားယူနေသလိုကြီး ဖြစ်နေတာလေ။
ရှေ့ကာလတွေက အဲဒီလိုပဲဖြစ်ခဲ့တာကို။ အမြန်ဆုံး အပစ်ရပ်တာ အကောင်းဆုံးပဲ။ ကျနော်တို့ကတော့ ပထမဆုံး အပစ်ရပ်လိုက်ရင်ကိုပဲ ပြည်သူကစပြီးတော့ စိတ်ချမ်းသာမှုရပြီ။ ပထမ အဆင့် ခြေလှမ်းစပြီပေါ့။ ငြိမ်းချမ်းရေးက နှစ်ဖက်ညှိနှိုင်းဖြေရှင်းရမယ့် အခြေအနေတွေကို ကြားခံ အဓိကတော့ ကြားခံသက်သေနဲ့ ဖြေရှင်းမှ လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်နေတာလေ။
တစ်ဖက်တည်းက အပစ်ရပ်ရုံနဲ့မပြီးဘူး ဖြစ်နေတာကို ငြိမ်းချမ်းရေးအထိ ရောက်ဖို့ကြတော့လေ။ အဲဒီတော့ ကြားခံ အဖွဲ့အစည်းရဲ့ အင်အား ကောင်းကောင်း၊ ထောက်ပံ့မှုကောင်းကောင်း ဒါမှမဟုတ်ရင် ပြဿနာဖြေရှင်းနိုင် မှု ကောင်းကောင်းနဲ့ ဆောင်ရွက်မှ ငြိမ်းချမ်းရေးအဆင့်က ရောက်မှာ။
ဒါပေမယ့် အရေးကြီးတာတော့ အပစ်စရပ်ဖို့က အရေးကြီးတယ်။ အဲဒါကြောင့် အပစ်ရပ်ကြတာကို ကျနော်တို့က ကြိုဆိုတယ်။ ပထမဆုံး အကုန်လုံး လက်နက်ကိုင်အဖွဲ့အစည်းအကုန်လုံးက အပစ်ရပ်တာကို စပြီး အကောင် အထည် ဖော်လိမ့်မယ်လို့ မြင်တယ်။
မေး ။ ။ ဒီလိုမျိုးအပစ်ရပ်ရေးကို စပြီးအကောင်အထည်ဖော်မယ်ဆိုရင် လက်ရှိမှာ တချို့အဖွဲ့တွေနဲ့ ကတော့ စပြီး အပစ်ရပ်ထားကြပြီပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကဆိုရင် AA နဲ့ အပစ်ရပ် ထားပေမယ့် ၂၀၂၃ မှာ တကျော့ပြန် တိုက်ပွဲဖြစ်တယ်ပေါ့။ အပစ်ရပ်သဘောတူထားပေမယ့်လည်း တိုက်ပွဲတွေ တကျော့ပြန် ပြန်မဖြစ် လာအောင် နှစ်ဖက်ကြားမှာ ဘယ်လိုလုပ်ဆောင်သင့်လဲ။
ဖြေ ။ ။ အဓိကကတော့ ကြားခံအဖွဲ့အစည်းကို Third party တွေ အင်အားကောင်းကောင်းပါဝင်ဖို့ပေါ့။ ဥပမာအားဖြင့် UN လိုဟာမျိုး၊ အာဆီယံလိုဟာမျိုး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြားဝင်ထားတာမျိုးပေါ့။ အဲဒါမျိုးဝင်ထား လိုက်တော့ နှစ်ဖက်က ဒီကြားဝင်အဖွဲ့အစည်းရဲ့ ပါဝါကို ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက် ရင်းနဲ့ နှစ်ဖက် ပိုထိန်းတယ်လို့မြင်တယ်။ ကြားခံအဖွဲ့အစည်းတွေကတော့ နိုင်ငံသားတွေထဲက တတ်သိပညာရှင် တွေ၊ ငြိမ်းချမ်း ရေးလိုလားတဲ့ တက်ကြွတဲ့ပုဂ္ဂိုလ်တွေလည်း ပါသင့်တာပေါ့။
မေး ။ ။ လက်ရှိမှာ တချို့တိုင်းရင်းသားလက်နက်ကိုင်တွေက ကွန်ဖက်ဒရေးရှင်းထက် ကျော်လွန်ပြီး လိုလား တာမျိုးတွေ၊ တောင်းဆိုတာမျိုးတွေ ရှိတယ်ပေါ့။ ဆိုတော့ ဒီအပေါ်မှာရော ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး သူတို့တောင်းတာမျိုး မဟုတ်ဘဲ တခြားဘယ်လို ပုံစံမျိုးနဲ့ နေရာဒေသ ပေးလို့ ရနိုင်မလဲ။
ဖြေ ။ ။ နေရာဒေသတွေ ပေးဖို့ဆိုတာက ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တကယ်ကတော့ တိတိကျကျ ပြဋ္ဌာန်းချက် မရှိဘူးလေ။ တကယ်တမ်း ပြောရရင်တော့ ကွန်ဖက်ဒရေးရှင်းအဆင့်ထိ ဆိုတာက ကွန်ဖက်ဒရေးရှင်း ဆိုတာက ကမ္ဘာပေါ်မှာကို ကွန်ဖက်ဒရေးရှင်းဆိုတာ ရှိတာမဟုတ်တော့ဘူးလေ။ ဥရောပ Union ကြီး တစ်ခုလုံးက ကွန်ဖက်ဒရိတ် ဖြစ်နေတာပဲ။
ဒါပေမယ့် သူ့နိုင်ငံနဲ့သူ တစ်နိုင်ငံချင်း သီးခြားတွေလုပ်နေကြတာပဲ။ အဲဒီအခြေအနေမျိုးကို ကျနော်တို့ မြန်မာနိုင်ငံ က အစိတ်အပိုင်းတွေ ခွဲထုတ်ပြီးပေးလို့မရဘူး။ ကွန်ဖက်ဒရိတ် အဆင့်တွေကတော့ ပေးလို့မရပါဘူး။ ဖက်ဒရယ် ကို ကျနော်တို့ အခု NCA လမ်းကြောင်းကနေပြီးတော့ တိုင်းရင်းသား အားလုံး သဘောတူညီတဲ့ ဘုံသဘောတူညီ ချက်တွေကို လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အကျုံးဝင်အောင် ရေးဆွဲပြီး ပြုပြင်ပေါ့။
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လွှဲနေရင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မရဘူး ဆိုရင်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြုပြင်လိုက်ရင် ပထမအဆင့်ပေါ့၊ ငြိမ်းချမ်းရေးသဘောတူညီ ချက် Union Accord ဆိုရင် အချက် ၄၀ ကျော်တောင်ရှိတာကို။ ဒီအချက် ၄၀ ကို အခြေခံဥပဒေအောက် ရောက် သွားရင်ကိုပဲ ပြောရရင်တော့ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေက ဖက်ဒရယ်ကို ဖက်ဒရယ်ဖွဲ့စည်းပုံကို တော်တော်ကြီး ခြေလှမ်းလှမ်းမိပြီလို့ ပြောလို့ရတာပေါ့

MNDAA-AA-TNLA ခေါင်းဆောင်များကို တွေ့ရစဉ်
မေး ။ ။ ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးကို စတင်ဆွေးနွေးပြီဆိုရင် တော်တော်များများ တောင်းဆိုကြတာ ရောက်တဲ့နေရာမှာ တပ်တွေ အဲဒီအတိုင်းရပ်ထားဖို့ပေါ့။ တစ်ဖက်ကပြန်ကြည့်ရင် မြန်မာ့တပ်မတော်ဘက်က ဆုံးရှုံးထားတဲ့ နယ်မြေတွေက အများအပြားရှိနေတော့ ရောက်တဲ့နေရာ ရပ်ဆိုတဲ့အခင်းအကျင်းက ဖြစ်လာဖို့ လွယ်ကူပါ့မလား။
ဖြေ ။ ။ မလွယ်ကူဘူး။ ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးပြီးသား နယ်နိမိတ် တွေ ရှိတယ်လေ။ အဲဒီနယ်နိမိတ်တွေရဲ့ ဘောင်ကျော်ပြီးတော့ သွားပေးရင် သူက ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှု၊ တကယ်ကို ထိန်းသိမ်းစောင့်ရှောက် ပါမယ်ဆိုတဲ့ အဖွဲ့ကကို ချိုးဖောက်မှု ဖြစ်သွားမှာလေ။
ရောက်တဲ့နေရာ ရပ်ဆို တာက တကယ်တမ်း ပြောရင်တော့ လက်ရှိ မြေနေရာ အသာစီး ရထားပြီးသား ပုဂ္ဂိုလ်တွေက အဓိက,ကတော့ စီးပွားရေး အခွင့်အလမ်း အသာစီးရထားတဲ့ အခြေအနေတွေကို လက်လွှတ်ဆုံးရှုံး မခံနိုင်လို့ ရောက်တဲ့နေရာ ရပ် ဆိုတဲ့ စကားလုံးတွေ သုံးတာ။ တကယ်တမ်း ပြောရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုမှကို ခွင့်ပြုလို့မရ တဲ့ အခြေအနေမှာ ရှိတာလေ။
မေး ။ ။ လက်ရှိမှာ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ ၅ နှစ်တာ အတွင်းမှာကိုပဲ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ စီးပွားရေးဆိုလည်း ကျဆင်းလာတယ်၊ လူနေမှုဘဝတွေလည်း ကျဆင်းနေတယ်။ လက်ရှိမှာ အစိုးရသစ်ရော၊ လွှတ်တော်ရော ပေါ်လာပြီဆိုတော့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အကျပ် အတည်းတွေမှာ ဘယ်အရာတွေကို ကစပြီး ဦးစားပေး ဖြေရှင်းသင့်လဲ။
ဖြေ ။ ။ မြန်မာပြည်ရဲ့အရေးကိစ္စက ဘယ်အရာ ဦးစားပေးရမယ်လို့ကို ရွေးခွင့်မရှိဘူးဖြစ်နေတာ။ အကုန်လုံး က တစ်ပြိုင်နက်တည်း အရေးကြီးတာချည်းဖြစ်နေတာ။ အဲဒီတော့ ပထမဆုံးကတော့ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးရမှာပေါ့။ အဲဒါပြီးရင်တော့ ကျနော်တို့ မြန်မာပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်နေတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းက ထုတ်လုပ်ရေးအဆင့် ရောက်အောင် ကျနော်တို့ အားမြှင့်ရမှာပေါ့။
ဒီလုပ်ငန်းခွင်ထဲမှာ လူဦးရေ များများရောက်နေပြီး များများ လုပ်ငန်းလုပ်ပြီး လည်ပတ်နေမှပဲ တိုင်းပြည်စီးပွားရေး က အသက်ရှူချောင်လာမှာလို့ မြင်တယ်။ ကျနော်တို့က သယံဇာတတစ်ခု ထုတ်လုပ်မှု တစ်ခုတည်း ဦးတည်သွား နေလို့တော့ အဆင်မပြေနိုင်တော့ဘူး နိုင်ငံရေရှည်က။

လွှတ်တော်ကိုတွေ့ရစဉ်
မေး ။ ။ ဒါဆို ဒီအခင်းအကျင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးလဲ။
ဖြေ ။ ။ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ပြည်ထောင်စု သဘောတူညီချက် ရပြီးသား အချက်အလက်တွေကို အဆိုတင်သွင်း ပြီးတော့ အခြေခံဥပဒေထဲမှာ ထည့်သွင်းသွားမယ်၊ ပြင်ဆင်သွားမယ်ဆိုရင် ကျနော်တို့ လွှတ်တော် တွေကတော့ အများစု သဘောတူပြီးတော့ ဆောင်ရွက်ပေးသွားမယ့် အခြေအနေမှာ ရှိပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအကြီးဆုံး “ဝ”ကတော့ မြန်မာနိုင်ငံ ကနေ ခွဲမထွက်ဘူးလို့ အမြဲတမ်း ထုတ်ပြောလေ့ရှိတယ်။ အင်အားကြီး “ဝ” ရဲ့ ခွဲမထွက်ဘူးဆိုတာကို အခိုင်အမာ ရပ်တည်ထားမှုက ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အကုန်လုံးက မြန်မာပြည်က ခွဲထွက်ဖို့ လက်နက်ကိုင် နေကြတာ မဟုတ်ဘူး။ သူတို့က သူတို့တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ မရ ဘူး။ ဒီကြောင့် လက်နက်ကိုင်ပြီး တောင်းဆိုမှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်လာ ကြတာ။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး၊ တစ်ကိုယ်ရည် ကိုယ်ရေး အသုံးချမှုတွေကြောင့်သာ သူတို့ တိုင်းရင်းသားတွေအတွက် မူလရည်မှန်းချက်ကို သူတို့ ရောက်အောင် မလုပ်နိုင်တာလို့ ကျနော်တို့ မြင် တယ်။
အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက တိုင်းရင်းသားအကုန်လုံးကို ကိုယ်စားပြုတဲ့ အသံ ထွက်မလာဘူးပေါ့။ အဲဒီတော့ ကျနော်တို့ ဖြစ်စေချင်တာ မြန်မာပြည်သည် လက်ရှိမြေပုံထဲက ဘယ်တိုင်းရင်းသား မှ ခွဲမထွက်ဖို့ လိုအပ်မယ်။ ဒါမှပဲ ပြည်ထောင်စုဆိုတာကြီးက တည်မြဲမယ်ပေါ့။
နောက်တစ်ချက်ကတော့ သူတို့ ခွဲမထွက်ချင်အောင်လည်း ဗဟိုအစိုးရကပဲဖြစ်ဖြစ် ပြည်ထောင်စုအစိုးရကပဲ ဖြစ်ဖြစ် အခွင့်အရေးတွေ ပေးဖို့လည်း လိုလိမ့်မယ်။ ဒါကိုလည်း တကယ့်ကို နည်းလမ်းတကျ တောင်းဆိုတဲ့ စနစ်ကို ရောက်သွားစေချင်တယ်။ ဒါကလည်း ပြောရရင်တော့ လက်နက်ကိုင်ကို စွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းက တောင်းဆိုတာက ရေရှည်အတွက်ပိုကောင်းတယ်ပေါ့။
ပြောရရင် စစ်ရေးဆိုတာကတော့ အခုကာလ စစ်ရေးဆိုတာက တစ်ဆက်တည်း အပြတ်နိုင်တယ်ဆိုတာ ဘယ်တော့မှ မရှိနိုင်တော့ဘူး။ အစိုးရဘက်ကလည်း ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ အပြတ်နိုင်မှာ မဟုတ်ဘူး။ ဒီအခြေအနေမျိုးမှာ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖက်ဒရယ်ဆိုရင်လည်း သူတို့သွားချင်တဲ့ ဖက်ဒရယ်၊ သူတို့တောင်းဆိုတဲ့ ဖက်ဒရယ် အချက်အလက်တွေကို ကျနော်တို့ ပေးနိုင်မှု ရာခိုင်နှုန်း ဘယ်လောက် ခင်ဗျား ၁၀၀ တောင်းတယ်ဗျာ ကျနော်တို့က စပြီး ၁၀ ပေးမယ်၊ ဟိုဘက်က ၁၀ နဲ့ စပြီးတော့ လက်ခံ၊ အဲဒါမှ ၂၀ တိုးတောင်း မယ်၊ ၃၀ ရအောင်လုပ်မယ်။ နောက်ဆုံးပိတ် ၅၀၊ ၁၀၀ ပြည့်အောင် ဘယ်ကာလအထိ ပြည့်မယ်ဆိုတာမျိုး ကျနော်တို့ Time duration လည်း Frame ချထားပြီးတော့ ဆောင်ရွက်ရင် မြန်မာပြည်က အမြန်အေးချမ်းမှာပါ။ ကျနော်အဲဒီလိုပဲ ယုံကြည်ထားတယ်။
မေး ။ ။ ဒါဆို လက်ရှိ အခင်းအကျင်း အားလုံးနဲ့ပတ်သက်ပြီး တခြား ဖြည့်စွက် ပြောချင်တာများ ရှိရင်ပြော ပေးပါဦး။
ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအကုန်လုံး တကယ့် တိုင်းရင်းသားတွေရဲ့ မြေပြင်ရင်ဆိုင် ကြုံတွေ့နေရ တဲ့ အကျပ်အတည်းတွေကို ကိုယ်ချင်းစာစေချင်တယ်။ တကယ့် တိုင်းရင်းသား ပြည်သူတွေ သွားချင် တဲ့ တည်ငြိမ်အေးချမ်းတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတဲ့ နိုင်ငံတော်ကို အတူတူ ဝိုင်းပြီးတည်ဆောက် စေချင်တယ်။
လိုချင်တာလေး အကြောင်းသေးသေးလေး တစ်ချက်ကိုပဲ လက်နက်ကိုင် တော်လှန်နေတာက ရေရှည်ရော ယနေ့ခေတ် နိုင်ငံရေးနည်းပညာအရလည်း မပြည့်စုံနိုင်တော့ဘူး၊ မဖြစ်နိုင်တော့ဘူးပေါ့။ ဒါကြောင့်မို့လို့ မြန်မာပြည်က ခွဲထွက်ရေးဆိုတာကို ဘယ်တိုင်းရင်းသားမှ မစဉ်းစားစေချင်ဘူး။
သူတို့ တကယ်လိုအပ်နေတဲ့ အချက်တွေကိုလည်း ဗဟိုအစိုးရနဲ့ ညှိနှိုင်းပြီး တောင်းဆိုတဲ့ မက်ဂနပ်ဆင် ဖြစ်အောင် လုပ်ပါမယ်။ ကျနော်တို့ လွှတ်တော်ဘက်ကလည်း ကျနော်တို့ လက်လှမ်းမီသလောက် မဟုတ်ဘူး။ အစွမ်းကုန် ပြည်သူဘက်က ရပ်တည်ပေးပါမယ်။ တိုင်းရင်းသားတွေဘက်က ရပ်တည်ပေးပါမယ်လို့ ပြောချင်တယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 1987
CNI Interview
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေး အစိုးရသစ်၏ သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက် အထိ ရက် ၁၀၀ သတ်မှတ်၍ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီ(NSPCC)ကလည်း NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA မထိုးသေးသည့် လက်နက် ကိုင်အဖွဲ့အစည်းများ၊ NCA ထိုးပြီးတော့ ၂၀၂၁-၂၀၂၅ အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ရသေးသည့် အဖွဲ့အစည်း များကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ဇူလိုင် ၃၁ ရက်နေ့အထိကို သူ ရက် ၁၀၀ သတ်မှတ်လိုက်တာပေါ့လေ။ အဲဒီမှာ PDF တွေ အလင်းဝင်ဖို့ အပြင် NCA ထိုးထားတဲ့အဖွဲ့ရော၊ မထိုးရသေးတဲ့ အဖွဲ့ရော ဖိတ်ခေါ်ထားတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ကျနော်တို့ ကြိုဆိုရမှာပေါ့။ သူပြောသလိုပဲ နိုင်ငံဖွံ့ဖြိုးဖို့အတွက် လုပ်တဲ့နေရာမှာ တိုင်းပြည်က မငြိမ်း ချမ်းရင် လုပ်လို့ မရဘူးဆိုတာ မှန်ပါတယ်။ သူအသိဆုံးပဲ ဖြစ်မှာပါ။ ဒီဥစ္စာကို ကြိုဆိုရမှာပါ။ ကျနော့် အနေနဲ့တော့ ကြိုဆိုပါတယ်။
သို့သော်လည်းပဲ အများကတော့ ခက်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “သမ္မတကြီး ဦးသိန်းစိန်က ရာထူးကို လက်ခံပြီးတဲ့ နောက်ပိုင်းမှာ လေးလလောက်အကြာမှာ ကြေညာချက်ထုတ်တယ်။ ပြည်ပ ရောက်နေတဲ့ ဗမာနိုင်ငံသားတွေ ပြန်လာပါ။ တိုင်းပြည်ကို ပြန်လည် ဖွံ့ဖြိုးအောင်လုပ်ဆောင်တဲ့နေရာမှာ ကူညီပါ။ နောက်တိုင်းပြည်မှာ တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း ငြိမ်းချမ်းရေး လာဆွေးနွေးပါလို့ ခေါ်တဲ့ အခါကြတော့ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ခေါ်တယ်။ ဒါပေမယ့် တစ်ဖွဲ့မှ မလာကြဘူး။
သူတို့ သွားတွေ့တဲ့ အဖွဲ့ကလည်း နဂိုကတည်းက အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်တယ်။ “ဝ” တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့၊ DKBA တို့ ဘာတို့။ ဒါပေမယ့် လက်နက်ကိုင်ပြီးမှ တော်လှန်တိုက်ခိုက်နေတဲ့ တစ်ဖွဲ့မှ မလာကြဘူး။ ယုံလည်း မယုံကြဘူး။ အဲဒီလို ဖြစ်တဲ့အခါကြတော့ အောက်တိုဘာလကြတော့ ဦးအောင်မင်းတို့၊ ဦးစိုးသိမ်းတို့ကို တာဝန်ပေးပြီးတော့မှ ထိုင်းနိုင်ငံကို လာတယ်။ ထိုင်းနယ်စပ်ကိုသွားတယ်။ ငြိမ်းချမ်းရေးရနိုင်ဖို့ လိုက်ဆွေးနွေး တယ် မရဘူး။
နောက်ဆုံးကြတော့ ဦးဟန်ညောင်ဝေကနေ ကူညီပြီးတော့မှ သူက National Reconciliation Program ဆိုပြီး တော့မှ သူက EAO အားလုံးနဲ့ ဆက်ထားတာကို။ ဒါကြောင့် သူကလည်း တစ်ဖက်က အကူအညီ ထပ်ပေးတဲ့ အခါကြတော့ ၅ ဖွဲ့က သဘောတူတယ်။ အဲဒီအခါကြတော့မှ နိုဝင်ဘာလကြမှ ဆွေးနွေးရပါတယ်။
အဲဒီလိုဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ပြန်ပြီးတော့မှ စောင့်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်တုန်းက အဲဒီလောက် တောင် ခက်လို့ရှိရင် အခုအခြေအနေမှာ ပိုတောင် ခက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီလို ပိုတောင်ခက်တဲ့ အတွက်ကြောင့်မို့လို့ ကျနော် ရှိတဲ့နေရာကို လာကြပါဆိုရင်တော့ လာဖို့ မလွယ်ဘူးထင်ပါတယ်။ ဒါပေမယ့် သူတို့ ရှိတဲ့ နေရာကို သွားလို့ရှိရင်တော့ ပိုပြီးတော့မှ ဖြစ်နိုင်ခြေ ပိုများမယ်ပေါ့။ ဒါတောင်မှ ဦးအောင်မင်းတို့၊ ဦးစိုးသိမ်း တို့ထက် ပိုပြီးတော့မှ ကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် တချို့ကိုတွေ့ရစဉ်
မေး ။ ။ ဖိတ်ခေါ်တယ်ချည်းပဲ ပြောထားတော့ ဘယ်လိုမျိုးတွေ ဆွေးနွေးကြမယ်။ ဘယ်လိုမျိုး လာပါဆိုပြီး တော့ မပါဘူးပေါ့။ ဒီအတိုင်း ဖိတ်ခေါ်ပါတယ်။ လာပါပဲ ပြောထားတော့ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
ဖြေ ။ ။ သူနည်းနည်း ကွာတာတော့ ရှိလိမ့်မယ်။ ဦးသိန်းစိန် တုန်းကတော့ ဘာမှ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ ချက်ချင်းမရှိဘူး။ အဖွဲ့အတိုင်းနဲ့ လိုက်ဆွေးနွေတာပဲ။ ဆက်ဆွေးနွေးပြီးတော့မှ ပထမဆုံး လုပ်တာက အပစ်ရပ်စဲရေးကို။ နံပါတ်တစ်က အပစ်ရပ်စဲမယ်။ နံပါတ်နှစ်ကတော့ လက်နက်ကို ဆက်လက် ကိုင်ထားမယ်။ ဒါပေမယ့် ဆက်ပြီးတော့မှ ဆွေးနွေးသွားမယ်ဆိုတဲ့ ဟာမျိုး ဖြစ်တယ်။ ဘာမှ မူကို မချထားဘူး။
နောက်ပိုင်းကျ ဦးသိန်းစိန် နည်းနည်း သူက မူထပ်ချတာတွေရှိတယ်။ ဘာလုပ်ရမယ်၊ ဘာကိုမလုပ်ရဘူးဆိုတာ တွေ ချတဲ့အခါကြတော့ EAO တွေက လက်မခံဘူး။ ကျနော်တို့ ၂၀၀၈ ကို လက်မခံဘူး။ အထူးသဖြင့် သူတို့ ၂၀၀၈ ပြောတာပေါ့ အဲဒီတုန်းက ၂၀၀၈ ကို လုံးဝ လက်မခံဘူး။ ကျနော်တို့ အခြေခံဥပဒေပေါ်မှာ အခြေခံမထားဘဲနဲ့ ဆွေးနွေးကြမယ်။ ဆွေးနွေးကြပြီးတော့မှ ကျနော်တို့ သဘောတူညီသည့်အလျောက် အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်သွားရမလဲဆိုတာကို နောက်ပိုင်းမှာ ဆုံးဖြတ်မယ်ဆိုတာကို။ အဲဒီတော့ သူတို့ဆွေးနွေးတာ အဆင်ပြေ အောင် ဒါကြောင့် NCA လည်း ဖြစ်လာတာပေါ့။
ဒါကြောင့်မို့လို့ အခု လောလောဆယ်မှာတော့ ဦးမင်းအောင်လှိုင် အနေနဲ့ သူ့မှာ NCA အခြေခံလေး ရှိထားတာပေါ့။ ဒါပေမယ့် NCA က တကယ်လုပ်လာတဲ့လူ၊ တကယ်လေ့လာတဲ့လူလည်း ရှိတယ်။ ဘာမှ မလေ့လာရဘဲနဲ့ ဦးမင်းအောင်လှိုင် လုပ်တယ်ဆိုရင် ငါလက်မခံဘူးကွဆိုတဲ့ ဒါတွေကလည်း အများကြီး တစ်ပုံတစ်ခေါင်းကြီး။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သေသေချာချာ ရှင်းရှင်းလင်းလင်း အားလုံးနားလည် သဘောပေါက်အောင် ဆွေးနွေး ဖို့ လိုပါတယ်။ အထူးသဖြင့် ကျနော်တို့ NCA မှာဆိုရင် အခြေခံမူနဲ့ပတ်သက်လို့၊ လမ်းညွှန်မူနဲ့ ပတ်သက် လို့ သူက အပိုင်း ၁ ရှိတာကို။ ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်ကြမယ်။ နောက်ပြီးတော့မှ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ် စသည်ဖြင့် မူချထားတာရှိတယ်။ ဒီမူတွေကတော့ တကယ်တမ်း ပြန်ရှင်းပြလို့ရှိရင်တော့ ဘယ်အဖွဲ့မှ ငြင်းစရာမရှိဘူးလို့ ကျနော်ထင်ပါတယ်။
လွတ်လပ်ရေး ရချင်တဲ့အဖွဲ့တွေ၊ ကွန်ဖက်ဒရေးရှင်း လုပ်ချင်တဲ့ အဖွဲ့တွေကလွဲရင်တော့ ငြင်းပယ်စရာမရှိဘူးလို့ မြင်တယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ လာဆွေးနွေးတဲ့ လူတွေ၊ အဖွဲ့တွေက အားလုံး၊ နောက်ပြီး ဒီအဖွဲ့တွေ အားလုံးမှာ လက်နက်တွေ ဆက်ကိုင်ထားခွင့်ရှိတယ်၊ အရေးမယူဘူး၊ အရင်တုန်းက မတရားအသင်း ကြေညာထား တာတို့၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတာတွေကို ဒါတွေကို ရပ်ဆိုင်းထားမယ် စသည်ဖြင့် ဒါမျိုး တွေ အာမခံချက် မရှိလို့ရှိရင်တော့ ခက်မယ်။ ဒါရှိနိုင်တယ်လို့၊ လုပ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ လုပ်ပါစေလို့ လည်း ကျနော် မေတ္တာရပ်ခံပါတယ်။

NSPCC က ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို တွေ့ရစဉ်
မေး ။ ။ အစိုးရသစ် လက်ထက်မှာ အများစုက သုံးသပ်တာက ၁ နှစ်၊ ၂ နှစ်လောက်ကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သေချာ ဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်မှာ မဟုတ်သေးဘူးပေါ့။ အခက်အခဲ အကျပ်အတည်းတွေ ရှိမယ်ဆိုပြီးတော့ အားလုံးက သုံးသပ်ထားကြတာပေါ့။
ဒီအခါမှာ သူက ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေဆိုပြီး သမ္မတကိုယ်တိုင်က ထုတ် ဖော်ပြောဆိုလာတော့ သူ့မှာ ဘယ်လို အာမခံချက်တွေကြောင့် ဒီလိုပြောဆိုလာတာ ဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျနော် ထင်တာကတော့ ဦးမင်းအောင်လှိုင် ကိုယ်တိုင်ကလည်း သိပါလိမ့်မယ်။ ရက်ပေါင်း ၁၀၀ အတွင်းမှာ NCA အသစ်ကို ရနိုင်ဖို့ဆိုတာ မလွယ်ဘူးပေါ့။ ကျနော်တို့ ဦးသိန်းစိန်တုန်းက ၂၁ ဖွဲ့ ရှိနေတုန်းက တောင် နှစ်ပေါင်း ၂ နှစ်လောက် ကြာကြာလုပ်မှ ကျနော်တို့ အပစ်ရပ် သဘောတူချက်တွေ ရတာကို အဲဒီတုန်းက။ အခုဆိုရင် အဖွဲ့ပေါင်း ရာနဲ့ချီရှိတဲ့ အခါကြတော့ ဒီဥစ္စာဟာ အချိန်ပိုတောင် ယူနိုင်တယ်ဆိုတာ။
အခန့်သင့်တယ်ဆိုရင်တော့ အချိန်ပိုတိုနိုင်တယ်ပေါ့။ အချိန်ပိုတိုနိုင်အောင် လုပ်နိုင်ဖို့ကလည်း ကျနော်တို့ ဒီ သမ္မတကြီးအပေါ်မှာ အများကြီး မူတည်လိမ့်မယ်။ သူ့ရဲ့ စိတ်သဘောထား ကျယ်ပြန့်မှု၊ စိတ်သဘောထား ကြီးမြင့်မှု အပေါ်မှာ အများကြီး မူတည်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
အဲဒီတော့ အခု လောလောဆယ်ကတော့ ကျနော် ခုနက ပြောသလို ၂၁ ဖွဲ့တည်း ရှိတုန်းကတောင်မှ နှစ်နဲ့ချီကြာခဲ့ တာ အခုဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ အကုန်လုံး ရနိုင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာ သူကိုယ်တိုင် သိပါလိမ့်မယ်။ ဒါပေမယ့် သူဘယ်လောက် အဆင့် ထားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ဘယ် အဆင့်ကို ငါရအောင် ယူမယ်လို့ သူသတ်မှတ်ထားတာ ရှိကောင်းရှိမယ်ပေါ့။
မေး ။ ။ အခုလို ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်ပေးသွားမယ့် ကိစ္စရပ်တွေဆိုပြီး သူထုတ်ပြောသွားတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်မှုရော ရှိလာနိုင်မလား။
ဖြေ ။ ။ အိမ်နီးနားချင်း နိုင်ငံတွေကတော့ ဗမာပြည်ကို ငြိမ်းချမ်းစေချင်တာပဲ။ တရုတ်ရော၊ ကုလားရော၊ ထိုင်း ရော၊ ဘင်္ဂလားဒေ့ရှ်ရော၊ လာအိုရော အကုန်လုံး ဗမာပြည် ငြိမ်းချမ်းစေချင်တာပဲ။ သူတို့တတ်နိုင်တဲ့ နည်းနဲ့ သူတို့ ကူညီလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
အထူးသဖြင့် ထိုင်းဆိုရင် ဦးသိန်းစိန် ခေတ်တုန်းက ဆိုရင်တော့ နိုင်ငံကနေ ထိုင်းဘက်ကို အကျော့ ၁၀၀ လောက် မလျော့ဘူးထင်တယ် လာတာ။ ဒါတွေအကုန်လုံးကို သူတို့ စည်းကြိုပြီးတော့မှ တစ်ခါတည်း အစည်းအဝေးတွေ အားလုံးကိုလည်း ခွင့်ပြုရုံတင်မကဘူး။ သူတို့က အများကြီး ပြေလည်အောင် လုပ်ပေးတယ်။
နောက်ပြီးတော့ ဝင်ရောက် စွက်ဖက်တာလည်း မရှိဘူး။ ခင်ဗျားတို့ ဒီလိုဆွေးနွေးပါ၊ ဟိုလိုဆွေးနွေးပါ စည်းကမ်း လာသတ်မှတ်တာတွေလည်း ဘာမှမရှိဘူး။ အင်မတန်မှ အဆင်ပြေတယ်။ ဒီတော့ ကျနော်ထင်တယ် ဒီတစ်ခေါက် လည်း အိမ်နီးနားချင်း နိုင်ငံတွေက အထူးသဖြင့် ထိုင်းက ဒီလို ဆက်လုပ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

NSPCC က ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို တွေ့ရစဉ်
မေး ။ ။ သမ္မတပြောသွားတဲ့အထဲမှာ အဖွဲ့တွေ အားလုံးအနေနဲ့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီးတော့ ဖိတ်ခေါ်ပါတယ်လို့ ပြောသွားတော့ ဇူလိုင် ၃၁ နောက်ပိုင်းဆိုရင်က ဖိတ်ခေါ်မှုတွေ မရှိတော့ဘူးလို့ သက်ရောက် မနေဘူးလား၊ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ဒီဥစ္စာတော့ နိုင်ငံရေးပဲဗျာ။ ကျနော်တို့တွေ့ခဲ့တာ အများအားဖြင့်တော့ စလုပ်ပြီးတော့မှ အခြေအနေ တစ်ခု ရောက်တဲ့အခါကြတော့ ရက်ထပ်တိုးတာတို့ ဘာတို့က ထုံးစံပဲလေ။ ရက်ထပ်မတိုးဘဲနဲ့ တစ်ခါတည်း အပြတ် ချလိုက်တယ်လို့တော့ မမျှော်လင့်ဘူးပေါ့။ တကယ်လို့ အဲဒီလိုဖြစ်မယ်ဆိုရင်လည်း သမ္မတကြီး မနေ့က ပြောသွားတဲ့ဟာတွေက သဲထဲရေသွန်ပဲဖြစ်သွားမှာပေါ့။
မေး ။ ။ ဆရာ့အနေနဲ့ တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ငြိမ်းချမ်းရေးဆိုတာ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းပြီးမှ လုပ်မှသာလျှင် မျှော်လင့်ချက်ရှိတာ။ ဥပမာ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆိုရင် အင်မတန်မှ ငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ ဒါကြောင့်မို့လို သူလုပ်ခဲ့တာလည်း အောင်မြင်ခဲ့တယ်။
ဒီတော့ ကျနော်တို့ ဆီမှာလည်း အခု သမ္မတကြီး ဦးမင်းအောင်လှိုင်ကလည်း ဦးသိန်းစိန်လိုမျိုး အေးချမ်းတဲ့ ခေါင်းဆောင်ဖြစ်ဖို့ ကျနော်တို့ လိုလားတယ်။ မိမိရဲ့ ကိုယ်တွင်းမှာ၊ နှလုံးသားတွင်းမှာ မီးတောက်နေပြီးတော့မှ တစ်ခါတည်း တခြားမီးတွေကို သွားငြှိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သူကိုယ်တိုင်လည်း အသိဆုံးဖြစ်ပါတယ်။
ဒါကြောင့် ဒီကိစ္စမှာ ဦးမင်းအောင်လှိုင်လည်း ကိုယ်တိုင် စိတ်ရော၊ ကိုယ်ပါ ငြိမ်းချမ်းပါစေ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်သွားရင် အောင်မြင်ပါလိမ့်မယ်လို့ ကျနော် ဆုတောင်းပေးပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 6023
CNI Interview
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်နေခြင်းနှင့်အတူ တရားဥပဒေ စိုးမိုးမှု အားနည်းနေသလို လုံခြုံရေး အာမခံချက်များလည်း အားနည်းလျက်ရှိနေသည်။
ထို့နောက် ပြည်သူလူထုသည် လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း စသဖြင့် ခရီးသွားလာသည့်အခါမှာ လုံခြုံ ရေးအရ မှတ်ပုံတင်များ ထုတ်ပြ၍ စစ်ဆေး ကြပ်မတ်မှုများ ခံကြရသည်။
သို့သော် တချို့သော အာဏာပိုင် အဖွဲ့အစည်းများသည် မှတ်ပုံတင်တွင် အသက်(၁၈-၃၀-၄၅)နှစ်ပြည့်လျှင် လဲလှယ်ရမည်ဟု ရေးသားထားကို အကြောင်းပြ၍ မိမိအသက်နှင့် နှိုင်းယှဉ်ကာ မှတ်ပုံတင် အသစ် လဲလှယ်မထား ဘူးဟု အကြောင်းပြပြီး ငွေကြေးတောင်းခံခြင်းနှင့် ခရီးကြန့်ကြာအောင် လုပ်ဆောင်ခြင်းများ ရှိနေသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ မှတ်ပုံတင်တွေကို မဖြစ်မနေ ပြန်လည် လဲလှယ်ရမယ်လို့ လဝက, ကနေ တရားဝင် ထုတ်ပြန် ကြေညာထားခြင်း ရှိ/မရှိ သိလိုပါတယ်။
ဖြေ ။ ။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေအရ အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိပါတယ်။
အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကိုင်ဆောင်တဲ့သူသည် အသက်(၁၈)နှစ်ပြည့်လျှင်ဖြစ်စေ၊ အသက်(၃၀)နှစ်ပြည့်လျှင်ဖြစ်စေ၊ အသက်(၄၅)နှစ်ပြည့်လျှင်ဖြစ်စေ လဲလှယ်ကိုင်ဆောင်ရမယ်လို့ မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ ပါရှိပါတယ်။
ပြည်သူတွေအနေနဲ့ အသက်(၁၈)နှစ်ပြည့်၊ အသက်(၃၀)နှစ်ပြည့်၊ အသက်(၄၅)နှစ်ပြည့် လဲလှယ်ပေးဖို့ လျှောက် ထားလာရင် လဲလှယ်ပေးပါတယ်။ မဖြစ်မနေ လဲရမယ်လို့ ပြဋ္ဌာန်းချက် မရှိသလို စိစစ်ပြီး လဲလှယ်ဖို့ ပြောကြားရန် လုံခြုံရေးစိစစ်တဲ့ အဖွဲ့တွေကို ညွှန်ကြားထားခြင်း မရှိကြောင်း ရှင်းပြလိုပါတယ်။

ဝန်ကြီးဌာန ဖြေကြားချက်ကိုတွေ့ရစဉ်
မေး ။ ။ မှတ်ပုံတင် အသက်(၃၀)ပြည့်ပါက အသစ်လဲလှယ်ရမယ်လို့ ဖော်ပြထားပါတယ်။ သို့သော် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်ကြောင့် လဝကရုံးတွေ မဖွင့်နိုင်တာရှိသလို မိမိ နေရပ်က နယ်မြေလုံခြုံရေး အရ ပြန်မရတာတွေလည်းရှိပါတယ်။
ဒါ့အပြင် မိမိ နေရပ်ကို ပြန်ဖို့ အချိန်မပေးနိုင်တာတွေလည်း ရှိပါတယ်။ ဒီလိုလူတွေအတွက် မှတ်ပုံတင် လဲလှယ် ချင်သော်လည်း လဲလှယ်ဖို့ အခွင့်အလမ်း မရှိဖြစ်နေတာကို ဘယ်လို စီစဉ်ပေးသွားဖို့ရှိပါသလဲ (ဥပမာ- လက်ရှိ မိမိ ရောက်ရှိနေတဲ့ အရပ်ဒေသမှာရှိတဲ့ လဝက ရုံးမှာ အလွယ်တကူ မှတ်ပုံတင် သွားရောက် လဲလှယ်လို့ရအောင် စီစဉ်/ ခွင့်ပြု ပေးဖို့ ရှိ/မရှိ သိလိုပါတယ်)။
ဖြေ ။ ။ မိမိနေရပ်ကို မပြန်နိုင်တဲ့ သူတွေအနေနဲ့ ယခုလက်ရှိ မိမိနေထိုင်ရာ ဒေသမှာရှိတဲ့ လဝကရုံးကို သွားရောက် ဆက်သွယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသားဆိုင်ရာ လုပ်ငန်း တွေ ဆောင်ရွက်တဲ့အခါ ပါရှိရမယ့် အထောက်အထား လိုအပ်ချက်တွေကို အများပြည်သူသိရှိအောင် လက်ကမ်း စာစောင်တွေ ဖြန့်ဝေထားသလို လဝကရုံးတွေမှာလည်း Vinyl ဆိုင်းဘုတ်တွေ ချိတ်ဆွဲပေးထားပါတယ်။
အဲဒီ အထောက်အထားတွေနဲ့အတူ ကာယကံရှင် ကိုယ်တိုင် သွားရောက်လျှောက်ထားရင် လဝကရုံးက အိမ်ထောင်စု လူဦးရေစာရင်း ထုတ်ပေးပြီး နိုင်ငံသားဆိုင်ရာ လုပ်ငန်းတွေကိုပါ ဆက်လက် ဆောင်ရွက်ပေး ပါလိမ့်မယ်။
မေး ။ ။ မှတ်ပုံတင်ကို အသစ် လဲလှယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေသူ အနေနဲ့ နိုင်ငံတော်က ထုတ်ပေးထားတဲ့ စမတ်ကဒ်နဲ့ လေကြောင်းခရီးစဉ်တွေ သွားရောက်လို့ ရ/မရနဲ့ လေယာဉ် လက်မှတ် ဖြတ်ခြင်းတွေကို လုပ်ဆောင်လို့ ရ/မရ သိလိုပါတယ်။ (ဥပမာ- မှတ်ပုံတင်အစား စမတ်ကဒ်ကို ပြဖို့ လေကြောင်းခရီးစဉ် သွားလို့ ရ/မရ သိလိုပါတယ်)။

ဝန်ကြီးဌာန ဖြေကြားချက်ကိုတွေ့ရစဉ်
ဖြေ ။ ။ လေယာဉ်လက်မှတ်ဝယ်ရင် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ ဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
ကျနော်တို့ ဝန်ကြီးဌာနမှ UID ကို ထုတ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ လူမှုစီးပွားဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာ၌ ပိုမိုလွယ်ကူ လျင်မြန်လာစေရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသည့် အစိုးရနှင့် အဖွဲ့အစည်းများ အတွက် မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးနိုင်သည့် စနစ်တစ်ခု တည်ဆောက်ရန်၊ ကောက်ယူ မှတ်ပုံတင်ထား သည့် အချက်အလက်များကို မျှဝေ သုံးစွဲရန်ဖြစ်ပါတယ်။
မေး ။ ။ လေဆိပ်နဲ့ ကုန်းလမ်းတွေမှာ မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်ဖို့ ညွှန်ကြားထား ခြင်း ရှိပါသလား။
ဖြေ ။ ။ လေဆိပ်နဲ့ ကုန်းလမ်းခရီးတွေမှာ လုံခြုံရေးအရ မှတ်ပုံတင် စစ်ဆေးတာဖြစ်ပြီး မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ စိစစ်ကြပ်မတ်ဖို့ ညွှန်ကြားထားခြင်းမရှိပါ။ ဒါပေမယ့် ခရီးသွားလာတဲ့အခါ တာဝန်ရှိသူ က စစ်ဆေးရန် တောင်းခံရင်တော့ ပြသရမှာ ဖြစ်ပါတယ်။
မေး ။ ။ မှတ်ပုံတင် လဲလှယ်ထားခြင်း ရှိ/မရှိ ကြည့်ပြီးတော့ ငွေကြေးတောင်းခံ နေတာတွေ၊ ပုဂ္ဂလိက လုံခြုံရေးကို ချိုးဖောက်ပြီးတော့ ခရီးသွားလာလို့ မရအောင် လုပ်နေတာတွေကို ဘယ်လို ကြပ်မတ်သွားဖို့ ရှိမလဲ သိလိုပါတယ်။
ဖြေ ။ ။ ပူးပေါင်းဂိတ်များမှာ ခရီးသွားလာသူများကို စစ်ဆေးခြင်းသည် လုံခြုံရေးအတွက် လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းသာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ လဲလှယ်မှုမရှိတာ၊ ဓာတ်ပုံပျက်စီး၊ မထင် မရှား ဖြစ်တာတွေကို အကြောင်းပြပြီး ငွေကြေးတောင်းခံလို့မရပါဘူး။
ဂိတ်တွေမှာ ခရီးသွားလာလို့ မရအောင် ငွေတောင်းတယ်ဆိုတာမျိုးရှိရင် အဲဒီဂိတ်တွေမှာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ချိတ်ဆွဲထားပါတယ်။ အဲဒီဖုန်း နံပါတ်တွေကို ဆက်သွယ်ပြီး တောင်းတဲ့သူ၊ တောင်းတဲ့ဂိတ်၊ တောင်းတဲ့နေ့နဲ့ အချိန်တွေကို မှတ်သားပြီး တိုင်ကြားနိုင်ပါတယ်။
ကျနော်တို့ ဝန်ကြီးဌာနရဲ့ ရုံးဖုန်းနံပါတ် 067-3431045 ကိုလည်း ဆက်သွယ် တိုင်ကြားနိုင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 2337
CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းက အခွန်ကောက်ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်။
တခြား တစ်ဖက်မှာလည်း စီးပွားရေး ကျဆင်းနေခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်သူလူထု သည် တစ်ပူပေါ် တစ်ပူဆင့်သလို ရင်ဆိုင်နေကြရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ အခု အခွန် ဥပဒေအသစ်တွေ ထုတ်လိုက်တဲ့ အတွက်ကြောင့် ကုန်ထုတ်လုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းမှာ ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မြင်ပါသလဲ။
ဖြေ ။ ။ အဓိက,ကတော့ ဥပဒေ ထုတ်တယ်ဆိုတဲ့အပိုင်းမှာ ကျနော်တို့က အပိုင်း ၂ ပိုင်း ရှိတယ်ပေါ့နော်။ ပထမ(၁)ပိုင်းကတော့ အစိုးရက ကျနော်တို့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါမှာ ကျနော်တို့ ဟိုအချိန် ကာလ စည်းစနစ်နဲ့ မလျော်ညီတော့တဲ့၊ မလျော်ကန်တော့တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲရတယ်၊ အသစ် ရေးဆွဲရတယ်၊ ဒါက ကျနော်တို့ လုပ်ရိုးလုပ်စဥ်။
ဒုတိယပိုင်းကတော့ ကျနော်တို့ ခေတ်ကာလနဲ့ မလျော်ညီခြင်း၊ လျော်ညီခြင်းထက် ကျနော်တို့ လက်တွေ့ ဒီကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ပေါ်နော် ဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဥပဒေတွေ ပြောင်းရတာမျိုးတွေ ရှိတယ်။ အသစ် ရေးဆွဲရတာမျိုးတွေ ရှိတယ်။
ဆိုတော့ ဒီနှစ်ပိုင်းမှာ အခုဒီ ကျနော်တို့ လက်တွေ့ မြင်နေရသလောက်ကပေါ့နော် ကျနော်တို့ ခေတ်နဲ့လျော်ညီမှု မရှိတဲ့ ဥပဒေတွေကိုကတော့ ပြီးခဲ့တဲ့ဒါ အစိုးရနှစ်ဆက် စလုံးကလည်း ဒါသူတို့ ပြင်ဆင်ခဲ့ပြီးသား ဖြစ်တဲ့အတွက် အထွေအထူး ကျနော်တို့ ထက်ပြီးပြင်ဆင်ဖို့တော့ မရှိတော့ဘူး။
ဥပမာ ဒဏ်ကြေးတွေကအစ၊ ကျနော်တို့ ဆုပေး ဒဏ်ပေး စနစ်တွေက အစ၊ ကျနော်တို့က ပြင်ဆင်ပြီးသားတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီကမ္ဘာလုံးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည် စီးပွားရေးကို ထိန်း ကျောင်းပြီးတော့ မောင်းနှင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းတဲ့အခါမှာတော့ ကျနော်တို့က အများကြီး စဥ်းစားဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အဲဒီလို မဟုတ်ဘဲနဲ့ပေါ့နော် ဆန္ဒတစ်ခု ဖြစ်လိုက် ဥပဒေတစ်ခု ထုတ် လိုက်၊ ဆန္ဒတစ်ခုဖြစ်လိုက် ဥပဒေတစ်ခု ထုတ်လိုက်ဆိုရင်တော့၊ ဥပဒေဆိုတာမျိုးက ထုတ်ပြီးသွားရင်လည်း ကျနော်တို့က ဒီဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့အတိုင်းပဲ ကျနော်တို့ ဥပဒေက တည်ဖို့လိုအပ်ပါတယ်။

ကုန်စိမ်ရောင်းနေသူကို တွေ့ရစဉ်
ပြီးတော့ ဥပဒေအတိုင်း တိတိကျကျ လိုက်နာနိုင်ဖို့ လိုအပ်သေးတယ်။ ကျနော်တို့ လိုအပ်တယ်ဆိုတဲ့အပိုင်းမှာ ပြည်သူတွေတင် မဟုတ်ဘဲနဲ့ ဒီဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရမယ့် အပြစ်ပေး ရမယ့်လူတွေ ရှိတယ်၊ အရေးယူရမယ့် လူတွေရှိတယ်၊ အပြစ်ဒဏ် ခံရမယ့်လူတွေရှိတယ် ဒီအပိုင်းတွေမှာလည်း တိတိကျကျနဲ့ ကျနော်တို့ လိုက်ပါ ဆောင်ရွက်နိုင်မှသာလျှင်ပဲ ဥပဒေရဲ့ ဒီအာနိသင်ကလည်း ရှိမှာပေါ့ အကျိုးက လည်းရှိမှာပေါ့ ဖြစ်ပါတယ်။
ဆိုတဲ့အတွက် လက်ရှိမှာ ဒါ စီးပွားရေးနဲ့ပဲဖြစ်ဖြစ်၊ လူမှုရေး၊ နိုင်ငံရေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့နော် ဒါဥပဒေတွေ ပြောင်းလဲ တာတွေ၊ ထုတ်ပြန်တာတွေရှိတယ်။ အဓိက,ကတော့ စီးပွားရေးနဲ့ပတ်က်သက်တဲ့ ဥပဒေတွေကို တစ်ခုပြီးတစ်ခု ပေါ့နော် ထုတ်ပြန်နေတဲ့ အပိုင်းတွေက လွယ်ကူချောမွှေ့စေနိုင်တဲ့ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိမယ့် ဥပဒေ တွေဆိုရင် ပြဿနာ မရှိနိုင်ပေမယ့်၊ လုပ်ငန်းလုပ်ရတာ ပိုမိုခက်ခဲသွားနိုင်တယ်၊ ကြန့်ကြာသွားနိုင်တယ် ဆိုရင် တော့ ဒါလုပ်ငန်းရှင်အတွက်တင် မဟုတ်ပဲနဲ့ တိုင်းပြည်စီးပွားရေးမှာလည်း ထိခိုက်စရာတွေ ဖြစ်လာနိုင်ပါတယ် ဆိုတဲ့အတွက် ကျနော်တို့က ဥပဒေတစ်ခု ရေးဆွဲတဲ့နေရာမှာ ဒီတကယ့် ပြည်တွင်းမှာ ဖြစ်နေတဲ့ လုပ်ငန်းရှင်တွေ ရဲ့ အသံတွေကိုလည်း ကျနော်တို့ နားထောင်ဖို့ လိုအပ်တယ်။
ပြီးတော့ ဒီထုတ်ပြန်ချက် တစ်ခု ကြေညာချက် တစ်ခု ထုတ်တော့မယ်ဆိုရင်လည်း လိုက်နာပေးရမယ့် လုပ်ငန်း ရှင်တွေ၊ အလုပ်သမားတွေ၊ ကုန်သည်တွေ အစရှိသဖြင့်ပေါ့နော် ဒီစီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေ တစ်ခု ထုတ်တော့မယ်ဆို စီးပွားရေး လုပ်ငန်းစဥ် တစ်ခုလုံးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အသံတွေကို ကျနော်တို့က နားထောင်ပြီးသွားတော့မှ ဥပဒေတွေကို ရေးဆွဲတာတွေ၊ ထုတ်ပြန်တာတွေ လုပ်သင့်ပါတယ်။
ဒီလိုမှ မဟုတ်ပဲနဲ့ ကျနော်တို့က စိတ်ထဲမှာရှိသလိုမျိုး ဥပဒေတွေက ထုတ်နေမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ နိုင်ငံမှာ မဟုတ်ဘူး၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဥပဒေတွေက ဒီလိုမျိုး ခဏ၊ ခဏ၊ ခဏပေါ့နော် ပြုပြင်ပြောင်းလဲဖို့ အတွက် ဥပဒေကို ထုတ်နေတယ်ဆိုတဲ့အခါမှာ အောက်မှာ လိုက်နာရတဲ့ လူတွေအတွက် မရှင်းလင်းမှုတွေ ဖြစ်နိုင်ပါတယ်၊ ဥပဒေအကြောင်း သေသေချာချာ နားမလည်ပဲနဲ့ ကျူးလွန်မှုတွေ ဖြစ်သွားနိုင်တယ်၊ ဆိုတော့ ဥပဒေဆိုတာမျိုးက နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကျူးလွန်ရင် အရေးယူ ခံရမယ်ဆိုတာကလည်း ရှိနေတဲ့ အခါကြတော့ ပြည်သူတွေအတွက် နစ်နာပါတယ်။
ဆိုတဲ့အတွက်ကြောင့်ပေါ့နော် ဥပဒေတစ်ခု ရေးဆွဲမယ်ဆို ပြည်သူတွေကို နားလည်အောင် အသိပေးတာမျိုး၊ ချပြ တာမျိုး ပြီးတော့ ဒီဥပဒေမှာ အရေးယူရမယ့် ပြစ်ဒဏ်တွေ ပါတယ်ဆိုရင်လည်း ပညာပေးကာလ သတ်မှတ်ထား တာမျိုး အစရှိသဖြင့်ပေါ့နော် အဆင့်လိုက်၊ အဆင့်လိုက်၊ အဆင့်လိုက် ကျနော်တို့က ဆောင်ရွက်သွားဖို့ လိုအပ် တယ်။
အဲဒီလို မဟုတ်ပဲနဲ့ တတ်သုတ်ရိုက်ပြီးတော့ ဥပဒေတွေကို ရေးဆွဲတာတွေ၊ ပြဋ္ဌာန်းတာတွေ၊ အတည်ပြုတာတွေ ကတော့ ကျနော်တို့ ဟိုသတိထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည် စီးပွားရေးအတွက် ဒါတကယ့်ကိုပဲ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။
ကောင်းတဲ့ ဥပဒေလေး ထုတ်လိုက်လို့ ကောင်းသွားနိုင်တာ မျိုးရှိသလို ဥပဒေထုတ်တာမှာ ကျနော်တို့က စေတနာ အမှားတွေ ပါနိုင်တယ်၊ ပြီးတော့ စောနက ပြောတဲ့ပေါ့နော် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးရေးစွဲတွေလည်း ကျနော်တို့က ထုတ်ပြန်တာမျိုးတွေ ဆိုရင်ကျတော့ တိုင်းပြည်အတွက် မကောင်းဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ရမှာ ဖြစ်ပါတယ် ဗျ။
မေး ။ ။ ဟိုပေါ့လေ အခွန်သစ်၊ ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေက အခွန်ဆောင် လိုက်ပြီဆိုရင် အဲဒီရဲ့ အကျိုးခံစားခွင့် ဘာတွေရှိလဲပေါ့၊ အဲဒီလိုမျိုး ခံစားခွင့်တွေရော ရှိလားပေါ့။
ဖြေ ။ ။ အခွန်ကတော့ ကျနော်တို့ကတော့ မဖြစ်မနေ ဒါတိုင်းပြည်မှာက ကျနော်တို့က နိုင်ငံသား တစ်ယောက် အနေနဲ့ အခွန်ဆောင် ရတာကတော့ အကျိုးခံစားခွင့် ဆိုတာထက် ကျနော်တို့က ဆောင်ကို ဆောင်ရမယ့် အလုပ် ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရက အိမ်ဆောက်ဖို့အတွက် ကျနော်တို့က အခွန်တွေ လိုအပ်ပါတယ်၊ အစိုးရ တစ်ရပ်အတွက် အခွန်မကောက်ခံတဲ့ အစိုးရဆိုတာက အလွန် အင်မတန်မှကို ချမ်းသာကြွယ်ဝနေရင်တော့ တစ်မျိုးပေါ့၊ အခွန်လျှော့။
ကျနော်တို့ နိုင်ငံတွေ အတွက်ကျတော့ အခွန်အခက ဒါအစိုးရ အတွက်က ကြည့်ရင် လိုအပ်သလို ကျနော်တို့ ပြည်သူတွေ အနေနဲ့လည်း တာဝန်သိစွာ၊ တာဝန်ရှိစွာ ပြည်သူတစ်ယောက်၊ နိုင်ငံသားတစ်ယောက် အနေနဲ့ ကျနော်တို့က အခွန်ဆောင်ရမှာ ဖြစ်သည့်အတွက် အကျိုးအမြတ် ဘာပြန်ရမလဲဆိုတာမှာ အနည်းဆုံးတော့ ဒီကျနော်တို့က ဝင်ငွေခွန်တွေ ဆောင်လိုက်တယ်ဆိုရင် ဝင်ငွေခွန်ကနေရလာတဲ့ ကျနော်တို့ ဒီ အိမ်တွေ၊ မြေတွေ၊ ခြံတွေ၊ ကားတွေ ဝယ်တယ်ဆိုလို့ရှိရင် သက်သာခွင့်တွေ ရှိတယ်ပေါ့နော်။ သူရာခိုင်နှုန်း အလိုက်ဆိုတော့ ဒါမျိုး တွေ ပြန်ပြီးတော့ ခံစားခွင့်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အကျိုးအမြတ်ထက် ပြည်သူတွေကတော့ ဒါအခွန်က ဆောင်ရမယ့်ကိစ္စ ဖြစ်ပါတယ် တိုင်းပြည်အတွက်။
ဒါပေမယ့် ဒီအပိုင်းက ပြည်သူတွေ အပိုင်းဖြစ်ပြီး၊ အစိုးရအပိုင်းကျတော့လည်း ပြည်သူတွေဆီကရလာတဲ့ အခွန် အခတွေကို အလေအလွင့်မရှိဘဲနဲ့ ဇီးသီးဗန်းမှောက်တာမျိုး မဟုတ်ဘဲနဲ့ ကျနော်တို့က တိတိကျကျ သုံးစွဲသင့်၊ သုံးစွဲထိုက်တဲ့ နေရာတွေမှာ သုံးစွဲဖို့အတွက် လိုအပ်ပါတယ်။ ဒါကလည်း လွှတ်တော် ကနေပြီးတော့ ကျနော်တို့ စစ်ဆေးတာတွေ၊ စိစစ်တာတွေ၊ ပြည်သူအသံတွေ ထွက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေကလည်း သိပ်မကြာခင်မှာ လွှတ်တော်ထဲမှာ မေးခွန်းတွေ အများကြီးနဲ့ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ကျနော်တို့ အနေနဲ့လည်း သုံးသပ်ပါတယ်၊ မျှော်လည်း မျှော်လင့်ပါတယ်။

လူငယ်နှစ်ဦးကို တွေ့ရစဉ်
ဆိုတဲ့အခါကြတော့ ဒါမျိုးကလည်း ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ကတော့ အခွန် ဆောင်တယ်ဆိုတာက ကျနော်တို့ တကယ်ကို လိုအပ်တဲ့ အလုပ် တစ်ခုဖြစ်ပြီးတော့ ဒီအခွန် ရှောင်တယ်ဆိုတဲ့ အပိုင်းမှာလည်း ကျနော်တို့က ဘာကြောင့် အခွန်ရှောင်လည်းပေါ့နော်၊ အခွန် မဆောင်ဘဲနဲ့ ကျနော်တို့ နေတဲ့ ပြည်သူတွေကတော့ တိုင်းပြည်အတွက် ဒါက အကျိုးမရှိဘူးပေါ့နော်။
အဲဒီတော့ ကိုယ်ရှာတဲ့ပိုက်ဆံပဲ ကိုယ်သုံးမယ်ကွာ တိုင်းပြည်ကို အခွန် မဆောင်ဘူးဆိုရင် အခွန်ကောက်တဲ့ အစိုးရနဲ့ မှန်မှန်ကန်ကန် ကောက်ခံပြီးတော့ အသုံးချဖို့ လိုအပ်သလို ပြည်သူတွေကလည်း မှန်မှန်ကန်ကန်ပဲ ကျနော်တို့ အခွန်ဆောင်ဖို့ လိုတယ်။
အဲဒီနေရာမှာ ပြည်သူတွေ အခွန်မှန်မှန်ကန်ကန် ဆောင်နိုင်ဖို့အတွက် ဝင်ငွေရှိတဲ့ ပြည်သူတွေ ဖြစ်လာအောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ တွေကလည်း အစိုးရမှာ တာဝန်ရှိပါတယ်။ ဆိုတော့ အပြန်အလှန် အားဖြင့်တော့ ပြည်သူနဲ့အစိုးရက တစ်ဖက်နှင့်တစ်ဖက် ထိန်းကျောင်းပြီးတော့ အပြန်အလှန်အားဖြင့် တာဝန်ရှိ ကြသူတွေ ဖြစ်တဲ့အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင်ရင်းနဲ့ပဲ ဒါတိုင်းပြည်ကို တိုးတက်အောင် လုပ်ကျရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲနဲ့ ဂွင်ထဲရောက်ရင် သိပ်ထည့်လိုက်မယ်ဆိုတဲ့ အစိုးရမျိုး၊ ပြည်သူကလည်း တာဝန်ရှောင်လို့ ရရင် ရှောင်မှာပဲကွာ မဆောင်ဘူးဆိုတဲ့ ပြည်သူမျိုး ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်က ဒုံရင်းဒုံရင်းပဲ၊ နောက်ကိုပဲ ပြန်သွားနေအုံးမှာပေါ့နော်။ ဆိုတဲ့အခါကျတော့ ပြည်သူရော အစိုးရရော နှစ်ဖက်စလုံးကတော့ ကျနော်တို့ Balance မျှမျှလေးနဲ့၊ စေတနာရှိရှိလေးနဲ့၊ အလုပ်လုပ်ကြဖို့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါတယ်။
မေး ။ ။ တချို့စီးပွားရေး လေ့လာသုံးသုပ်သူတွေ သုံးသပ်နေတာက အခုလိုမျိုး အခွန်ဥပဒေတွေ ထုတ်တာက တချို့ကလည်း အခွန်တိုးကောက်ရင် အစိုးရဝင်ငွေ တိုးလာမယ်ဆိုတဲ့ ဘက်ကနေနဲ့ စဥ်းစားကြည့်တာပေါ့နော်၊ တဖက်ကလည်း အခွန်တိုးလာတာနဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ပေါ့။ အဲ့ဒီလို သုံးသပ်နေတာတွေ အပေါ်မှာ ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ ။ အဓိက,ကတော့ ကျနော်တို့က အခွန်ဆိုတဲ့ နေရာမှာ အစိုးရအနေနဲ့လည်းပေါ့နော်။ ကျနော်တို့ အခုဒီ မီတာတွေမှာ ပုဂ္ဂလိကလိုပေါ့၊ အလွှာအသီးသီး အပေါ်မှာ ကောက်ခံတဲ့ အခွန်တွေအပေါ်မှာ ကျနော်တို့က အခု လည်း အဲဒီလိုမျိုး ကောက်ခံတာတွေတော့ ရှိပါတယ်ပေါ့နော်။
တစ်လကို ဝင်ငွေ ဘယ်လောက်အောက် ရတဲ့လူဆိုရင် အခွန်ကင်းလွတ်ခွင့်၊ ဘယ်လောက် အထက်ဆိုရင်တော့ အခွန်ဘယ်လောက် ဒါမျိုးတွေ ခွဲခြား ကောက်ခံတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် အခွန်ကို ပုံစံအမျိုးမျိုးနဲ့ ကောက်ခံလိုက်လို့ အစိုးရက ဝင်ငွေ တိုးလာတယ်လို့ ပြည်သူက အကြမ်းဖျင်း တွက်ချက်လို့ ရပေမယ့်။ ပြည်သူ အတွက်ကျတော့ ဒါတကယ် မှန်ပါတယ်။ ပြည်သူတွေ အတွက်ကျတော့ နစ်နာတယ်။
ဘာကြောင့်လဲဆိုတော့ ကျတော့ အနည်းဆုံးတော့ စားသောက်တဲ့ စားသောက်ဆိုင်တွေမှာ အခွန်တိုးကောက် လိုက်ပြီဆိုရင် ဒီစားသောက်ဆိုင်မှာ ရှိနေတဲ့ စားသောက်ဆိုင် ပိုင်ရှင်က ပေးရတာ မဟုတ်ပါဘူး၊ လာစားတဲ့ ပြည်သူကပဲ ပေးရတာ။ ပြည်သူက အဝတ်အစား ဝယ်တဲ့အပေါ်မှာ အခွန်တိုးကောက်မယ်၊ ဖုန်းတွေ ဝယ်တဲ့အပေါ် မှာ အခွန်တိုးကောက်မယ် ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ပြည်သူတွေဆီကိုပဲ ရောက်တာဖြစ်ပါတယ်။ ဒီဟာရဲ့ ရိုက်ခတ်မှုပေါ့။
အဲဒီတော့ ပြည်သူတွေ အနေနဲ့ကတော့ ဘယ်လောက် တိုးကောက်ကောက် ငါတို့ပေးနိုင်ပါတယ်၊ ငါတို့ ပိုက်ဆံ ရှိတာပဲ၊ ဝင်ငွေရှိတာပဲဆိုတဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်ရင်တော့ ဘာမှဒါကို ပြောစရာမရှိဘူးပေါ့နော်။ ကျနော်တို့ အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူတွေက တစ်နေ့လုပ်မှ တစ်နေ့စား ဖြစ်နေရတဲ့ အခြေအနေမျိုးကလည်း ဒီလို အခွန်တွေက ထပ်မံနှိပ်စက်မယ်ဆိုရင်တော့ ဒါပြည်သူတွေအတွက် တော်တော်လေးကို ကျယ်ကျယ် လောင် လောင် အသံထွက်လာရမယ့် ကိစ္စမျိုး ဖြစ်တဲ့အတွက် ဆင်ခြင်သင့်ပါတယ်။
ကျနော်တို့ ဒါက ဟိုသေသေချာချာ ပြန်နားထောင်ပြီးတော့၊ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြောင်းသင့်တဲ့ အရာတွေကို ပြောင်းရမှာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူတွေဘက်က ဖြစ်ပါတယ်။ အစိုးရဘက်ကတော့ အခွန် တွေကို ပြည်သူတွေဆီကနေ လက်လီစိပ်ပြီးတော့ ကောက်မယ့်အစား၊ တကယ့် လုပ်ငန်းရှင်ကြီးတွေ ကျနော်တို့ အခွန်ဆောင်ဖို့အတွက် ဆောင်သင့် ဆောင်ထိုက်တဲ့ အရာတွေကို မဆောင်သင့် မဆောင်ထိုက်ထားတဲ့ ဟာတွေကို သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ အခွန်ကောက်လိုက်ရင် စီစဥ်ပြီးတော့ ကောက်တဲ့ သေးသေး၊ သေးသေး လေးတွေထက် အများကြီးပိုရမယ့် အခြေအနေမျိုးတွေလည်း ရှိပါတယ်။
ဆိုတော့ ရနိုင်တဲ့ လုပ်ငန်းတွေ၊ အခွင့်အလမ်းတွေကို ချပြပြီးတော့ အစိုးရက ဒါမျိုးတွေလုပ်ဖို့ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို တွန်းအားပေးတာမျိုး၊ နောက် အားပေးအားမြောက်တာမျိုး လုပ်ပြီးတော့ အခွန်အခတွေကို ကောက်ခြင်းအားဖြင့် တစ်နေ့လုပ် တစ်နေ့စားရတဲ့ ပြည်သူတွေလည်း သက်သာမယ်၊ အစိုးရလည်း အခွန်ရမယ် ဆိုတဲ့ အခြေအနေမျိုးတွေ မြင်ပါတယ်။
မေး ။ ။ ဟိုပေါ့လေ အန်ကယ် အဲဒါတွေကိုရောဘယ်လိုမျိုးကို ဘယ်လိုမျိုးအကောင်ထည် ဖော်သင့်လဲပေါ့။
ဖြေ ။ ။ အဓိက,ကတော့ ကျနော်တို့နိုင်ငံမှာ အခွန်အများဆုံးရနိုင်တဲ့ အစိုးရဆိုရင် ဓာတ်သတ္ထု တူးဖော်တဲ့လုပ် ငန်းတွေရှိတယ်၊ ဘဘာဝ ဓာတ်ငွေ့တွေ၊ တွင်းထွက်တူးဖော်တဲ့ လုပ်ငန်းတွေ၊ ရွှေတူးတဲ့ လုပ်ငန်းတွေ၊ အစရှိတဲ့ ဟာတွေပေါ့နော်။ သယံဇာတ တူးဖော်တဲ့ဟာတွေ ဒါတွေက ကျနော်တို့ အကန့်အသတ်နဲ့ ရှိတဲ့အတွက်ကြောင့် မို့လို့ ကျနော်တို့ တချို့လုပ်ငန်းတွေက ကျနော်တို့ ပိတ်ထားရတာတွေရှိတယ်။
နယ်မြေ မတည်ငြိမ်မှုကြောင့် လုပ်ငန်းဆောင်ရွက် မနိုင်တာမျိုးတွေ ရှိတယ်။ ပြီးတော့ ပြည်ထောင်စု ဒီလက်ရှိ အစိုးရအဖွဲ့ပေါ့နော်၊ အစိုးရအဖွဲ့ လက်လှမ်းမမှီတဲ့ နယ်မြေစိုးမိုးဖို့ ခက်ခဲတဲ့ နေရာတွေမှာ ကျတော့လည်း တရား မဝင် ရွှေလုပ်ကွက်တွေ တူးဖော်နေတာတွေ၊ ကျွန်းသစ်တွေ ခိုးထုတ်နေတာတွေ အများကြီးပဲ ကျနော်တို့ ရှိနေတာဆိုတော့ အဲဒီလို နေရာတွေကို မြန်မြန်ငြိမ်းချမ်းအောင် လုပ်ပြီးသွားရင် တရားဥပဒေ စိုးမိုးမှု များများ ရအောင် မြန်မြန်လုပ်၊ ပြီးရင် အဲဒီနေရာတွေမှာ တိုင်းရင်းသား လုပ်ငန်းရှင်တွေကို နေရာပေး၊ အကန့် အသတ်နဲ့ တူးဖော်မှုတွေပေး၊ ထုတ်လုပ်ခွင့်တွေပေး၊ အဲဒီပေးတဲ့အပေါ်မှာ အစိုးရက အခွန်ကို ကြပ်ကြပ်မတ်မတ်ကောက် ဒါမျိုးဆိုရင် အများကြီးပဲ ဖြစ်မှာပေါ့။
အခုက ကျနော်တို့က စိုးမိုးတဲ့ နေရာရှိတဲ့ နေရာတွေမှာပဲ ကျနော်တို့က လုပ်ဆောင်နိုင်ပြီးတော့၊ မစိုးမိုးနိုင်တဲ့ နေရာ၊ ခက်ခဲနေသေးတဲ့နေရာ၊ အလှမ်းဝေးတဲ့ နေရာတွေ ကျနော်တို့ ဒါမျိုးတွေကလည်း အများကြီးကို တိုင်းပြည် အတွက် နစ်နာတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာ အခြေအနေမျိုး ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဈေးကို တွေ့ရစဉ်
ဖက်ဒရယ်တိုင်းပြည်အတွက် စောနကပြောတဲ့ အခွန်တွေ များများရအောင်တော့ ဒီသယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ ကျနော်တို့က ခွင့်ပြုသင့် ခွင့်ပြုထိုက်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ ခွင့်ပြု ရတာမျိုးတွေ တရားဝင် လုပ်ကွက်ပေးတာ မျိုးတွေပေါ့နော်။ ပြီးတော့ အခွန်အကောက်တွေ ပြန်ကောက်တာ မျိုးတွေ အဲဒီလို မဟုတ်ပဲနဲ့ တရားဝင် လုပ်ခွင့်မရတဲ့ နေရာတွေမှာ တရားမဝင်တွေ လုပ်နေပြီးတော့ အစိုးရလည်း အခွန်မရ၊ တိုင်းပြည်လည်း နစ်နာတာတွေ အများအပြား တွေ့ရတဲ့အတွက် သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ ဒါမျိုးတွေကို အကောင်အထည်ဖော်လိုက်ရင် ရှေ့မှာ ကျနော်တို့ သေးသေး၊ သေးသေးလေးတွေ ကောက်နေတဲ့ အခွန်ထက် အများကြီး ရနိုင်တဲ့ အခွန်တွေရှိတယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ ဆိုတော့ ဒါမျိုးလေးတွေ လုပ်ရပါမယ်။
မေး ။ ။ အခုလိုမျိုး ဥပဒေတွေက အစိုးရရဲ့ မူဝါဒနဲ့ ဆိုင်တယ် ဆိုပြီးမှလည်း သုံးသပ်နေကြတာမျိုးရှိတယ် အဲဒါကိုရော ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ကျနော်တို့ တစ်ဖက်မှာ အစိုးရတင် မဟုတ်ပါဘူး။ ကျနော်တို့လည်း ပထမဆုံးကြုံရတဲ့ first experience ပဲလေ။ ဆိုတော့ သေချာပါတယ်၊ ကျနော်တို့ရဲ့ သက်တမ်းမှာရှိနေတဲ့ လူအများစုကလည်း ဒါ နှစ်ပေါင်း ၁၀၀ အတွင်းထဲမှာ တစ်ခါမှ မကြုံဘူးတဲ့ဟာတွေ ကျနော်တို့ ကြုံရတာဖြစ်တဲ့အတွက် လူအများစု အတွက်ကတော့ first experience တွေပဲ အားလုံးက။ ပြောမယ်ဆိုရင် ငလျင်ဆိုလည်း ဒီလိုပဲ၊ ကိုဗစ်ဆိုရင်လည်း ဒီလိုပဲ အစရှိသဖြင့် ကျနော်တို့ အဲဒီတော့ ဒီလိုဟာတွေကို ခါးစည်းပြီးတော့ ခံလာရတာ ဖြစ်တဲ့အတွက် တချို့ ထုတ်ပြန်ချက်တွေ၊ အစိုးရရဲ့ ကြေညာချက်တွေ၊ မူဝါဒတွေ ဆိုတာကလည်း အမြဲတမ်းကြီး အားလုံးမှန်နေတယ်လို့ ကျနော်တို့ ပြောလို့ မရဘူးပေါ့နော်။
ဆိုတော့ အားနည်းချက်တွေ ရှိနိုင်တယ်၊ လွဲမှားတာတွေ ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသည်လည်း လူသားတွေထဲက လူပဲဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံကသူပဲ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့နဲ့ သိပ် ထူး ခြား,ခြားနားမှုမရှိတဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။ တခြား ဂြိုလ်ကနေလာတဲ့ ဂြိုလ်သားတွေ အုပ်ချုပ်နေတာ မဟုတ်တဲ့အတွက် သူတို့လည်း လူထဲကလူ ဖြစ်တဲ့အတွက် လူတိုင်းကတော့ အမှားမကင်းဘူးပေါ့နော်။
ဆိုတော့ ဒီအပိုင်းမှာ ရှေ့ကပြောခဲ့သလို ပထမဆုံး အတွေ့အကြုံတွေ ဖြစ်တော့ ပိုဆိုးပါတယ်။ အခုဒီလို ကိစ္စဆိုလည်း ဒါအရှေ့အလယ်ပိုင်းမှာ ဖြစ်လာတဲ့ စစ်ပွဲရဲ့ သက်ရောက်မှုက ကျနော်တို့တင် မဟုတ်ဘဲနဲ့ တခြား နိုင်ငံတွေမှာလည်း ဖြစ်တော့ ဒီလိုပဲပေါ့နော် နီးစပ်ရာကို ကျနော်တို့ အနည်းဆုံးတော့ ကားတွေအကုန်လုံး၊ မော်တော်ယာဥ်တွေ၊ စက်တပ်ယာဥ်တွေ အကုန်လုံး ကျနော်တို့ တစ်ဝက်လောက်ကို လျှော့ချင်တယ်ကွာ ဒါပေမယ့် နှစ်စီးထဲက တစ်စီးပဲ ထွက်ရမယ်ဆိုတဲ့ ဟာမျိုးတွေထက် ဒီလို “စုံ/မ”ခွဲတာကတော့ အလွယ်ကူဆုံး ဖြစ်ပါလိမ့်မယ် ဆိုတာမျိုးတွေပေါ့နော်။ လူတွေအတွက် လှောင်ရီစရာ ဖြစ်ပေမယ့်လည်း တကယ်တမ်း အရေးပေါ် ကြုံလာရတဲ့ အခြေအနေမျိုးမှာ အမြန်ဆုံး ထုတ်ပြန်ရတဲ့ ထုတ်ပြန်ချက်မျိုး ဖြစ်တဲ့အတွက် ဒါလည်း သဘာဝ ကျတယ်လို့ပဲ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ ဒီလို ထုတ်ပြန်ချက်၊ ဒီလို ကြေညာချက်တွေနဲ့ အစိုးရလုပ်နေရတယ်ဆိုတဲ့ အပိုင်းကလည်း ကိုယ်တိုင်လည်း ထွက်ပေါက်ရှာသလို အစိုးရအနေနဲ့လည်း ထွက်ပေါက်ရှာနေရတာ ပေါ့နော်။
ဒါစက်သုံးဆီကို မပြတ်လတ် သွားအောင်ပေါ့၊ သူက ပြတ်လတ်လို့ကလည်း မရဘူး။ ဒီပစ္စည်းက တိုင်းပြည် အတွက်ဆိုတော့ ရနိုင်တဲ့ နေရာတွေကနေ သူတို့ရှာနေတယ်ဆိုတာလည်း ကျနော်တို့ကြားတယ်၊ သိတယ်။ ဆိုတော့ အဲဒီစျေးနဲ့ရနေမှ အတက်နိုင်ဆုံး အနည်းဆုံး သုံးဖို့အတွက်ကိုလည်း သူတို့ ပုံစံမျိုးစုံနဲ့ ကျနော်တို့ ထုတ် ပြန်ချက်တွေပေါ့လေ၊ ကြေညာချက်တွေ၊ အသိပေးချက်တွေ ထုတ်ပေးတယ်ဆိုတာကိုလည်း ကျနော်တို့သိတယ်။
ဆိုတော့ ဒါလေးတွေကိုလည်း ပြည်သူတွေက လိုက်နာပြီးတော့ ကျနော်တို့ တက်နိုင်သလောက်ကလေး အားလုံး ကျော်ဖြတ်ရမယ့် အခြေအနေမျိုးပေါ့။ ဒီနေရာမှာတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့က အပြစ်ပုံချနေလို့ မရ ဘူး။ ဒါသူလုပ်တဲ့ကိစ္စလည်း မဟုတ်ဘူးဆိုတော့ပေါ့နော်။
သူလည်း တက်နိုင်သလောက် စွမ်းဆောင်တယ်။ ပိုဆိုးတာ ကျနော်တို့ထက် ပိုပြီးတော့ စက်မှုထွန်းကားတဲ့ နိုင်ငံတွေ တောင်မှပဲ၊ ရေနံဆီ အမြောက်အများ သိုလှောင်ထားနိုင်တဲ့ နိုင်ငံတွေတောင်မှပဲ ဒီလို အခက်အခဲတွေ ရင်ဆိုင်နေရပြီတော့ ကျနော်တို့ အတွက်ကတော့ ဒါရင်ဆိုင်ရတာ မစမ်းဘူးပေါ့နော်။ ကမ္ဘာနဲ့ချီပြီး ရင်ဆိုင်ရတဲ့ ပြဿနာဖြစ်တော့ ဆိုတော့ အားလုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝိုင်းဝန်းကြိုးစားပြီး အဖြေရှာရမှာ။
အဲဒီတော့ ကျနော် ပြောချင်တာကတော့ ဒီနေရာမှာကတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့ အပြစ်တင် နေတာ မျိုးတွေ၊ အစိုးရကို ဝေဖန်နေတာမျိုးတွေပေါ့၊ အပြစ်တင်တာထက် ဝေဖန်နေတာမျိုးတွေ လုပ်မယ့်အစား ကိုယ် ကိုယ်တိုင်မှာ အကြံဥာဏ်ရှိတယ်၊ idea ရှိတယ်ဆိုရင်လည်း လက်တွေ့ကျကျ ဒါကျနော်တို့ ဒီဟာတွေပေါ်မှာ ချပြ ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်ကြည့်လို့ရပါတယ်။
ဆိုတော့ ပြောချင်တာက အခု ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ကလည်း စောင့်ကြည့်နေတာပဲ၊ ကျနော်တို့ ကိုယ်တိုင်လည်း ဘာလုပ်ရင် ကောင်းမလဲပေါ့နော် အများကြီး စဥ်းစားရတာပဲ၊ လုပ်ငန်းရှင်တွေလည်း ကိုယ့်လုပ်ငန်းပေါ်မှာ ငါတို့ဘယ်အချိန်မှာ လာသက်ရောက်မလဲ၊ စက်သုံးဆီ ကိစ္စတွေက ဘယ်လို ဖြစ်လာမလဲဆို တာကအစ ကြိုတင်တွေးဆပြီးတော့ ဒါလုပ်ရတဲ့ အပိုင်းတွေ ဖြစ်တဲ့အတွက် အားလုံးကတော့ ကြိုတင်တွေးဆပြီး လုပ်ကြဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေမှာတော့ အစိုးရတစ်ခုထဲကိုပဲ ကျနော်တို့က ကြည့်နေလို့တော့ သိပ်မရဘူး လို့တော့ ထင်ပါတယ်။

အခြေခံလူတန်းစားများကို တွေ့ရစဉ်
မေး ။ ။ နောက်ဆုံးအနေနဲ့ အစိုးရရဲ့ အခွန် ဥပဒေသစ်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက် ပြောချင်တာရှိပါသလဲ။
ဖြေ ။ ။ ကျနော့် အနေနဲ့ကတော့ ဥပဒေတစ်ခု ထွက်လာရင် ပြည်သူကို အကျိုးပြုတဲ့ ဥပဒေဆိုရင် Welcome ပါပဲ။ ဘယ်လို ဥပဒေပဲဖြစ်ဖြစ်၊ ဒါပေမယ့် အဲဒီလို မဟုတ်ပဲနဲ့ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေ ဆိုရင်တော့ မကြိုဆို(Welcome)ဘူးပေါ့ဗျာ၊ တိုက်ရိုက် ပြောရမယ်ဆိုရင်တော့ ဘယ်လို ပြောရမလဲဆိုရင် ပြန်ပြီးတော့ သုံးသပ်ကြပါ၊ ပြန်ပြီးတော့ စဥ်းစားကြပါအုံး ဒီလိုပဲပြောရမှာပေါ့ ဒီတစ်ခုကတော့။
ဒါပေမယ့် ဒီအခွန်ဥပဒေနဲ့ ပတ်သက်လို့၊ အခွန်တွေနဲ့ ပတ်သက်လို့ ဥပဒေအသစ်တွေ ထွက်လာတယ် ကောက်ခံမှု နှုန်းထား ပြောင်းလဲတာတွေလည်း ဖြစ်နိုင်သလို တခြားပေါ့နော်၊ အခွန် အပိုင်းဆိုင်ရာ ဒါဥပဒေတွေ ထွက်လာ တယ်ဆိုတဲ့ အပေါ်မှာလည်း။ တိုင်းပြည်ရဲ့ တကယ့် စီးပွားရေးကို မောင်းနှင်ပေးနေရတဲ့ ကျနော်တို့ လုပ်ငန်းရှင် တွေ ပြည်သူတွေက ကျနော်တို့က အခြေခံ လူတန်းစားတွေက များပါတယ်၊ လက်လုပ်လက်စားတွေ များပါတယ်၊ ကျနော်တို့ နိုင်ငံမှာက ဆင်းရဲ့တဲ့ နိုင်ငံဆိုတော့ ပိုဆိုးတာပေါ့။ ဆိုတော့ အဲဒီလူတွေ အပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင်လို့တော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်၊
အဲဒီလို မဟုတ်ဘဲနဲ့ ဝန်ထုတ်ဝန်ပိုး ဖြစ်ပြီးတော့မှ တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတဲ့ အတွေးမျိုးဆိုရင်တော့ ဒါစေတနာ မမှန်တဲ့ အတွေးလို့ပဲ ကျနော့် အနေနဲ့ သုံးသပ်ပါတယ်။ ဆိုတော့ လက်ရှိအစိုးရ၊ တာဝန်ရှိသူတွေ အနေ နဲ့လည်း စေတနာမှန်တဲ့ အတွေးတွေနဲ့တော့ ဥပဒေတွေကို ရေးဆွဲပြီးတော့ ကျနော်တို့ ပြဋ္ဌာန်းနိုင်လိမ့်မယ်လို ယုံကြည်ပါတယ်၊ မျှော်လင့်ပါတယ်။
ဆိုတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ဥပဒေတွေပဲ ဖြစ်လာပါစေလို့ ကျနော့် အနေနဲ့ ဆုတောင်းပါတယ်။ ဆိုတော့ ပြင်သင့် ပြင်ထိုက်တဲ့ ဥပဒေတွေ ဆိုရင်လည်း လွှတ်တော်ပေါ်လာပြီ၊ လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီကနေ တဆင့် ကျနော်တို့ ဥပဒေတွေ ပြင်ဖို့လည်း အများကြီး မျှော်လင့်တာရှိပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး ပြင်ရမယ့် ဥပဒေတွေလည်း အမြောက်အများ ရှိနေသေးတဲ့ အခါကြတော့ ဒီဥပဒေတွေ ကို ဦးစားပေးပြီးတော့ ပြင်ဆင်နိုင်တယ်လို့ ယုံကြည်တယ်ပေါ့နော်၊ မျှော်လင့်တယ်ဆိုတော့ ဒီလိုမျိုး အမှတ်တွေ၊ စီးပွားရေးအကြောင်း နားလည်တက်ကျွမ်းတဲ့ အမတ်တွေလည်း လွှတ်တော်ထဲကို အများကြီး အခုဟာက ရောက် နေတာမျိုး ကျနော်တို့ မြင်တွေ့ရတဲ့ အခါကြတော့ ကျနော်တို့ထက်ပိုပြီးတော့ ကောင်းတဲ့ idea တွေနဲ့၊ ဥပဒေတွေ နဲ့ သိပ်မကြာခင်မှာ ကျနော်တို့ ပြည်သူတွေအတွက် အကောင်းဆုံး အခြေအနေတွေကို ရောက်လာအောင်လို့ တော့ ပြဋ္ဌာန်းနိုင်တဲ့ ဥပဒေအသစ်တွေ ထွက်လာဖို့တော့ မျှော်လင့်ပါတယ်။
အဲဒီလိုမှ မဟုတ်ပဲနဲ့ ပိုပြီးခက်ခဲတဲ့ ဥပဒေတွေ ထွက်လာတယ် ဆိုရင်တော့လည်း ဒါ လွှတ်တော်ကနေပဲ မေးမြန်း ရတာတွေ၊ ကျနော်တို့က ပြည်သူ့အသံကို ထွက်အောင် လုပ်ရတာမျိုးတွေ၊ ကျနော်တို့ လွှတ်တော်ကနေတစ်ဆင့် လွှတ်တော် လမ်းကြောင်းကနေတဆင့် ဆောင်ရွက်ရမှာတွေလည်း ရှိတာပေါ့နော်။
အဲဒီတော့ ပြင်သင့်ပြင်ထိုက်တဲ့ ဥပဒေတွေ ရှိနေရင်လည်း ပြည်သူတွေက ဘာတွေ ပြင်ရမယ်ဆိုတဲ့ဟာမျိုးတွေ ဝိုင်းဝန်းဆွေးနွေးပြီး အဖြေရှာဖို့ လိုအပ်သလို အစိုးရအနေနဲ့လည်း တကယ် စေတနာမှန်မှန်နဲ့ ပြည်သူကို အလုပ် အကျွေးပြုတဲ့ အစိုးရမျိုး ဖြစ်မယ်ဆိုရင်တော့ ပြည်သူအတွက် နစ်နာမှု မရှိစေမယ့်၊ ဝန်ထုပ်ဝန်ပိုး မဖြစ်စေမယ့် ဥပဒေမျိုးတွေပဲ ကျနော်တို့က ပြဋ္ဌာန်းပေးဖို့အတွက် အများကြီး မျှော်လင့်ပြီးတော့ တောင်းဆိုချင်ပါတယ်ဗျ။
- By CNI
- Category: အင်တာဗျူး
- Hits: 1168
CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေပြီး အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အနောက်အုပ်စု အမေရိကန် ၏ ဝင်ရောက် ပတ်သက်နေမှုများကိုလည်း သတိထား စောင့်ကြည့်နေကြရသည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို တိုက်ခိုက် ထိန်းချုပ်လိုက်သလို နမ့်ခမ်းမြို့ကိုလည်း ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေသည်။ ထိုစစ်ဆင် ရေး နောက်ကွယ်မှာ တရုတ်ရှိနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။
တခြားတစ်ဖက်မှာလည်း ကချင်တပ်ဖွဲ့(KIA)က စစ်ကိုင်းတိုင်းဒေသကြီးသည် KIA ၏ လုံခြုံရေးတံခါးပေါက်ဖြစ်၍ ကသုံးလုံး(ကန့်ဘလူ-ကောလင်း-ကသာ) စစ်ဆင်ရေးကို ဖော်ဆောင်ပြီး ရန်သူကို စောင့်ကာ တိုက်ခိုက်ရမည်ဖြစ် သလို အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေးကနေ လုပ်နေသည်ဟု ထုတ်ဖော် ပြောကြားထား သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအန်ကောလကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

တရုတ်ရဲ့ ရှမ်းမြောက်ဒေသ ထိန်းချုပ်ရေး စီမံချက်ကို ဖော်ပြထားစဉ်
မေး ။ ။ ရှမ်းမြောက်အခင်းအကျင်းမှာ ကိုးကန့်နဲ့ ပလောင်တို့ကြားဖြစ်ခဲ့တဲ့ တိုက်ပွဲပဋိပက္ခ အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ရှမ်းမြောက်တစ်ခုလုံးကို တရုတ်က ထိန်းချုပ်ဖို့အတွက် ကြိုးစားနေတာလား။ ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ ကွတ်ခိုင်ကနေ စတာကို။ အဲဒီတော့ ကွတ်ခိုင်ကို ကျနော်တို့ ပြန်ကြည့်ရင် သူက သံလွင်မြစ်ရဲ့ အနောက်ဖက်အခြမ်းကို ရောက်လာတဲ့ သဘောရှိတယ်။ အဲဒါကို ပြန်ကြည့်ရင် တရုတ်နဲ့ အဆင်ပြေတဲ့ EAO ၂ ခု ရှိတယ်။ တစ်ခုက UWSA။ UWSA က လက်ရှိ ကျနော် ထင်တာကတော့ သံလွင်မြစ်ရဲ့ အရှေ့ဖက်ခြမ်းမှာ သူက ကျိုင်းတုံအထိ သူက တာဝန်ယူပြီးတော့မှ သံလွင်မြစ် ဒီအနောက်ဖက်ကို ကူးလာတဲ့ဟာကြတော့ ကျနော်တို့ မြင်တာကတော့ အနောက်ဖက်ကို ကူးပြီးတော့မှ ကွတ်ခိုင်၊ သိန္နီအထိကို MNDAA ကို တာဝန်ယူစေတယ်လို့ ကျနော်တို့ကတော့ အဲဒီလိုမြင်တယ်။
အဲဒီတော့ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ လားရှိုး-မန္တလေး၊ နောက်တစ်ခါ လားရှိုးကနေပြီးတော့ ဟိုဖက် မူဆယ် ပေါ့။ လားရှိုးအထိက လက်ရှိအစိုးရရဲ့ တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ။ တစ်ခါ လားရှိုးကနေ မူဆယ်ပိုင်းကိုကြတော့ အဓိကကျတဲ့ ကွတ်ခိုင်နဲ့ မူဆယ်အဓိက တရုတ်နဲ့အဆင်ပြေတဲ့ MNDAA ကို ထိန်းသိမ်းခိုင်းထားတယ်လို့ ယူဆရ တယ်။ အဲဒီတော့ ဘာသွားမြင်ရလဲဆိုတော့ မူဆယ်နဲ့ ကွတ်ခိုင်ကြား အနေအထားမှာ တရုတ်က သူသံလွင်မြစ် အနောက်ဖက်ပေါ့။ သူစိတ်ချရတဲ့ သူနဲ့ဆက်ဆံရေးကောင်းတဲ့ MNDAA ကို အဲဒီမှာ တာဝန်ယူစေတယ်လို့ ကျနော်တို့ မြင်ရပါတယ်။

တပ်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ MNDAA ကိုယ်စားလှယ်များကို တွေ့ရစဉ်
မေး ။ ။ တကယ်လို့ ရှမ်းမြောက်တစ်ခုလုံးကို တရုတ်ထိန်းချုပ်မှုအောက် ရောက်သွားမယ်ဆိုရင်ရော ဘယ်လို အခင်းအကျင်း ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ အဲဒါကလည်း နည်းနည်း အရေးကြီးတယ်။ ရှမ်းမြောက်တစ်ခုလုံး အနေနဲ့ ဆိုရင်တော့ ခုနက ကျနော် ပြောသလို ၂ ပိုင်းရှိတယ်၊ သံလွင်မြစ် အရှေ့ဖက်နဲ့ အနောက်ဖက်ပေါ့။ ရှင်းရှင်းပြောရင် အနောက်ဖက်တစ်ခုလုံးကို ပွင့်ပွင့်လင်းလင်း ပြောရရင် TNLA ကြတော့ မနှစ်က ကတည်းက တရုတ်နဲ့ သိပ်အဆင်မပြေဘူး။ ဆွေးနွေးပွဲတွေ မှာလည်း သိပ်အဆင်မပြေဘူး။ အဆင်မပြေတဲ့ အခါကြတော့ သူနဲ့ အဆင်ပြေတဲ့ EAO MNDAA ကို ထားလိုက်တဲ့ သဘော။
ရှမ်းမြောက် တစ်ခုလုံးဆိုတော့ ကျနော်တို့ နမ့်ခမ်းအထိ တွက်ရမှာ။ နမ့်ခမ်းကိုလည်း ယူခိုင်းနေတာကို။ နမ့်ခမ်းကို လည်း ဝင်တိုက်ဖို့ ပြင်တယ်။ ပြင်နေတဲ့ အခါကြတော့ အခု နမ့်ခမ်းရပြီလို့တော့ မပါသေးဘူး။ ဒါပေမယ့် ဘာ သွားမြင်လဲဆိုတော့ မူဆည်နဲ့ နမ့်ခမ်းကလည်း နီးနီးလေး။
အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ ဒီ နမ့်ခမ်းကို ချန်ထားရင်လည်း TNLA က အဲဒီကနေပြီးတော့မှ အနှောင့် အယှက် ဖြစ်နိုင်တယ်။ အဲဒီတော့ နယ်စပ်ထွက်ပေါက် တစ်ခုဖြစ်တဲ့ ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်တဲ့ နမ့်ခမ်း အထိကိုပါ MNDAA ကို တာဝန်ယူခိုင်းပုံပေါ်တယ်။ ဘာကြောင့်လဲဆိုတော့ နမ့်ခမ်းက သမိုင်းကြောင်း အဆက် ဆက်အရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ရဲ့ တံခါးဝဖြစ်တယ်။
အဲဒီတော့ အဲဒီဟာက အဓိက ဘာလဲဆိုတော့ နမ့်ခမ်းအထိ MNDAA ကို ထားလိုက်ခြင်းအားဖြင့် ကချင် ဘက်ကိုလည်း ထိန်းဖို့အတွက် ရည်ရွယ်ပုံရတယ်။ ကျနော်တို့ ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် နမ့်ခမ်း ကလည်း အရေးပါတယ်။ အဲဒီတော့ ဘယ်လိုဖြစ်လဲဆိုတော့ အခုလက်ရှိ KIA/KIO ပေါ့။
KIO က တရုတ်နဲ့သာ အဆင်မပြေခဲ့သော် နမ့်ခမ်းက သူ့လက်ထဲမှာ ရှိတယ်ဆိုရင် အချိန်မရွေး ခြိမ်းခြောက်လို့ရတဲ့ အနေအထားမှာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တို့၊ ကသာတို့က နမ့်ခမ်းနဲ့ နီးနီးလေး။
ဥပမာ ဗန်းမော်နဲ့ နမ့်ခမ်းဆိုရင် စုစုပေါင်း ၆၅ မိုင်ပဲ ရှိတယ်။ ၆၅ မိုင်ဆိုတာက လွန်ရော ကျွံရော။ နမ့်ခမ်းတို့၊ မန်စီတို့၊ မန့်ဝိန်းကြီးတို့၊ ဗန်းမော်တို့ဆိုတာ လမ်းကြောင်းတွေ တိုတိုလေး။ အဲဒီတော့ ဗန်းမော်တိုက်ပွဲ အဆုံး အဖြတ် ကလည်း နမ့်ခမ်းဟာ ဒီဘက်က လက်ထဲမှာ ရှိနေတယ်ဆိုရင် တော်တော်ကြီး သတိထားစရာ ဖြစ်လာ တယ်။ ဒါမျိုးတွေ ကျနော်တို့က ကြည့်လို့ရတယ်။
ဒါကြောင့် ရှမ်းမြောက် တစ်ခုလုံးကို တရုတ်ကတော့ ကျနော့်အမြင်ရတော့ သူနဲ့အဆင်ပြေတဲ့ EAO ၂ ခုကိုထား၊ ထားပြီးတော့မှ အဓိက,ကတော့ ဘာလဲဆိုတော့ မူဆယ်နဲ့ လားရှိုးအထိ ပြည်ထောင်စုလမ်းမကြီးကို သူစိတ်ချရတဲ့ EAO တွေနဲ့ မြန်မာအစိုးရ ညှိနှိုင်းပြီးတော့မှ လမ်းကြောင်း ဖွင့်လိုပုံပေါ်တယ်။ ကြားထဲမှာဆိုရင်လည်း တခြားတွေ ရှုပ်နေရင် ခက်မယ်လေ။ အဲဒီလိုမျိုးတွေ စီစဉ်ပုံရပါတယ်။

KIA မှ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းကို တွေ့ရစဉ်
မေး ။ ။ တရုတ်က ရှမ်းမြောက်တစ်ခုလုံးကို ကစားမယ်ဆိုရင် သူ့အခင်းအကျင်းက ဘာဖြစ်နိုင်မလဲ။ မြန်မာ နိုင်ငံကိုလည်း သူ့အနေနဲ့ ငြိမ်းချမ်းစေချင်တယ်။ တစ်ဖက်မှာကြတော့လည်း ဒီလိုမျိုးကစားနေတာ ရှိတော့ တရုတ်သွားနေတဲ့ ပေါ်လစီက ဘယ်လိုမျိုးလဲ။
ဖြေ ။ ။ ရှမ်းမြောက်ကို ထိန်းတာက အဓိက,က ဘာလဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် KIO က ဗိုလ်ချုပ်ဂွမ်မော်က ပေါ့ပေါ့ပါးပါး ပြောတဲ့ စကားတွေ၊ အချက်တွေပေါ်မှာ မူတည်နေတယ်။
အဲဒီအခါကြတော့ အဲဒီမှာ အဲဒီတုန်းက KIO ပြောတဲ့ ကချင်ယူနစ်တို့၊ နာဂယူနစ်တို့၊ ချင်းယူနစ်တို့၊ ရခိုင်ယူနစ်တို့နဲ့ ဆက်စပ်ပြီးတော့မှ သူက ကသုံးလုံး နယ်မြေဖြစ်တဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူပေါ့နော်၊ စစ်ကိုင်းရဲ့ အဝကို ပိတ်ပြီးတော့မှ အနောက်မြောက် တစ်ခြမ်း၊ အနောက်ဖက်တစ်ခြမ်း အကုန်လုံး ဆက်စပ်ပြီးတော့မှ ပင်လယ်ဝ ထွက်ပေါက်ရှိတဲ့ နယ်မြေတစ်ခုကြီးကို စိုးမိုးဖို့အတွက် ပြင်ဆင်တဲ့စကားရှိတယ်။
အဓိက,က အခု MNDAA က နမ့်ခမ်းအထိ သိမ်းရတဲ့ ရည်ရွယ်ချက်က အကယ်၍သာ ကချင် EAO ဖြစ်တဲ့ KIO က အဲဒီကိစ္စကို အကောင်အထည်ဖော်မယ်ဆိုရင် တစ်ခါတည်း ပြင်ဆင်ထားချက် အနေနဲ့ ကျနော်တို့ သူ့ကို တွေ့ရနိုင်တယ်။
ဘာကြောင့် အဲဒီလို ပြောရတာလဲဆိုရင် အဲဒီကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း KIO ရဲ့ အနောက်နဲ့ အနောက်မြောက် ဖက် ယူနစ်တွေအကြောင်း ပြောပြီးနောက်ပိုင်းမှာ ဒီဘက် တနင်္သာရီဖက်မှာ ထားဝယ်နဲ့ မြိတ်ကြားမှာ ဝင်းဝ တိုက်ပွဲဖြစ်တယ်။ အဲဒီ ဝင်းဝ တိုက်ပွဲ၊ တနင်္သာရီတိုက်ပွဲက နည်းနည်းသတိပြုဖို့ လိုတယ်။ အဲဒီဘက်ကို KNU နဲ့ PDF တွေတိုက်ရင်း နောက်ဆုံးရက်မှာ မြိတ် လေတပ်အခြေစိုက်စခန်းကို ဒရုန်းတွေနဲ့ပစ်တယ်။
အဲဒီအခါကြတော့ ဘာဖြစ်လဲဆိုတော့ ဒီဟာယူဆချက်က တနင်္သာရီဘက်မှာ စစ်ပွဲဖြစ်တဲ့ ရည်ရွယ်ချက်က တရုတ်အတွက် ပထဝီနိုင်ငံရေးအရ စိတ်ချပုံမပေါ်ဘူး။ အဲဒါဖြစ်ပြီးနောက်ပိုင်းမှာ ခြေမြန်လက်မြန် MNDAA ရဲ့ ရှမ်းမြောက်တိုက်ပွဲတွေ ဖြစ်လာတာပဲ။ ကျနော်တို့က စစ်ပွဲတစ်ခုကို ဒေသတစ်ခုတည်း ကွက်ပြီးကြည့်လို့မရဘူး။ သူနဲ့ဆက်စပ်တဲ့ အခင်းအကျင်းတွေ ကျနော်တို့ နားလည်ဖို့လိုတယ်။ အဲဒီတော့ ပထဝီနိုင်ငံရေး အခင်းအကျင်းအရ အနောက်အုပ်စုရဲ့ မလက္ကာ trade ပေါ့။
မလက္ကာရေလက်ကြား အပြင်ဘက်မှာ တနင်္သာရီကမ်းရိုးတန်းက အရေးကြီးတယ်။ တနင်္သာရီကမ်းရိုးတန်းကို ဝင်ပြီလားဆိုတဲ့ စိုးရိမ်ချက်က ဗမာပြည်မြောက်ပိုင်းပေါ့။ အရှေ့မြောက်ပိုင်းမှာ တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့ EAO တွေရဲ့ နယ်မြေထိန်းချုပ်မှုတွေ ပေါ်ပေါက်လာတယ်လို့ ကျနော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။

အနောက်မြောက်ဒေသ တစ်လျှောက် ဒေသတွေကို တွေ့ရစဉ်
မေး ။ ။ အခု ရှမ်းမြောက်အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် မြောက်ပိုင်း ၃ ဖွဲ့ကြား ဘယ်လို အနေအထား ဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ မြောက်ပိုင်း ၃ ဖွဲ့ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရင်တော့ လက်နက်ကိုင်တော်လှန်ရေး တစ်ခုရဲ့ ယာယီအဖွဲ့ပါပဲ။ တကယ်တမ်းကြတော့ အဖွဲ့အစည်းတွေရဲ့ တစ်ခုချင်းရဲ့ ကိုယ်အကျိုးစီးပွားတွေ မတူလာတဲ့ အခါမှာ ရေရှည်တော့ မဖြစ်နိုင်ဘူး။ ဒီထဲမှာမှ စစ်ရေးအမြင်တွေ၊ မဟာမိတ်အမြင်တွေ၊ နောက်တစ်ခါ ပူးပေါင်း ဆောင်ရွက်မှု အမြင်အားနည်းတဲ့ အဖွဲ့မျိုးရှိလာတဲ့အချိန်မှာ ဒီဟာက ပြိုကွဲသွားမှာပဲ။
အခုလည်း ဒါအချင်းချင်းပြန်ပြီးတော့မှ တိုက်လာတယ်ဆိုတာ ဒီအပေါ်မှာ မူတည်တယ်လေ။ နောက်တစ်ခုက နိုင်ငံရေးနဲ့ နယ်မြေ အကျိုးစီးပွားတွေက ရှင်းရှင်းပြောရရင်တော့ လက်ရှိ မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်အစိုးရကြား မှာ အဆင်မပြေလာဘူး၊ အနှောင့်အယှက်တွေ ဖြစ်လာရင်တော့ ခုနက ဘယ်လောက်ပဲ ဖွဲ့စည်းထားသည်ဖြစ်ပါစေ ဖယ်ရှားခံရမှာပဲ။ ကျနော် မြင်တာကတော့ အဲဒီအတိုင်းမြင်ပါတယ်။
မေး ။ ။ လက်ရှိ လွှတ်တော်အခင်းအကျင်းမှာ ကချင်လူမျိုးတွေဖြစ်တာ တွေ့ရတော့ ဒီအခင်းကျင်းက ဘာဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျနော်မြင်တာကတော့ အခု လက်ရှိ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ ငြိမ်းချမ်း ရေး ခရီးစဉ်တွေက အဓိက အရေးကြီးတဲ့ အဖွဲ့က ၃ ခုလို့ ကျနော်တို့မြင်တယ်။ ကချင်ရယ်၊ ကရင်ရယ်၊ ရခိုင်ရယ်။ ဒီ ၃ ခုနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တယ်ဆိုရင် မြန်မာပြည်ရဲ့ လက်နက်ကိုင် နိုင်ငံရေး ပဋိပက္ခက လမ်းကြောင်းတိုမယ်ပေါ့နော်။ ဖြေရှင်းနိုင်ဖို့ လွယ်ကူမယ်။
အဲဒီမှာ အဓိက ကျနေတာက စစ်ကိုင်းတိုင်းပါဝင်နေတဲ့ KIO ပြောထားတာ ရှိတယ်လေ။ စစ်ကိုင်းတိုင်း ပါဝင်နေတဲ့ KIA/KIO ရဲ့ ဆောင်ရွက်ချက်တွေဟာ ဒီဟာကို အပြီးသတ်ဖို့အတွက် ပိုအရေးကြီးတယ်လို့ မြင်တယ်။ အဲဒီအခါ ကြတော့ လက်ရှိ အမျိုးသားလွှတ်တော် နေရာတွေမှာလည်း နိုင်ထားတယ်၊ နောက်တစ်ခုက အလှည့်ကျ အနေအထားနဲ့ဆိုရင် အခု အလှည့်က ကချင်နဲ့ ရခိုင်အလှည့်က နီးစပ်တယ်ပေါ့။ နီးစပ်တော့ ဖြစ်နိုင်ခြေရှိတယ်။
အရင် နစကမှာလည်း တာဝန်ထမ်းဆောင်ဖူးတဲ့ ကချင်အမျိုးသားတွေ၊ အမျိုးသမီးတွေကို ဒီလိုရွေးချယ်ခြင်း အားဖြင့် နောင်တစ်ချိန်မှာ ကချင်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ရင် ဘာပဲပြောပြော ပိုမိုလွယ်ကူမယ်လို့ ယူဆ ပြီးတော့မှ ခန့်အပ်တာလည်း ဖြစ်နိုင်သလို တခြား အကြောင်းအချက်များလည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် မသိပါဘူး။
ဒါကတော့ လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေက စဉ်းစားချက်တွေ ကျနော်တို့က ခန့်မှန်းကြည့်တဲ့ သဘောပါပဲ။ ဒါပေမယ့် ကောင်းမွန်သော အရွေ့တစ်ခုလို့တော့ မြင်တယ်။ ဘာပဲပြောပြော အကျိုးရှိမယ်လို့တော့ ယူဆပါတယ်။
မေး ။ ။ ၂၀၀၉ ခုနှစ်တုန်းက ရခိုင်ကို ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ချန်ထားတာမျိုးတွေ၊ တခြားအဖွဲ့တွေကို ချန်ထားတာမျိုးတွေ တပ်မတော်ဘက်က လုပ်ခဲ့တာတွေ ရှိတာပေါ့လေ။ အခုအခင်းအကျင်းမှာရော အဲဒီလို အင်အားနည်းလို့၊ အင်အားမရှိလို့၊ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတာ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့မို့လို့ ချန်ထားခဲ့တာ မျိုး အဲဒီလိုတွေ ရှိမယ်ဆိုရင်ရော ငြိမ်းချမ်းရေးက အဆင်ပြေနိုင်ပါ့မလား။
ဖြေ ။ ။ အဲဒါကတော့ ခန့်မှန်းရခက်တယ်။ လက်ရှိလည်း ငြိမ်းချမ်းရေးအတွက် all inclusive ဖြစ်ဖို့အတွက် ဖိတ်ခေါ်နေတာတွေရှိတယ်။ ဒါပေမယ့် တကယ်တမ်း ဆောင်ရွက်တဲ့အခါမှာ အခြေအနေ အမျိုးမျိုး ပြောင်းလဲ နိုင်တယ်။ ပြောင်းလဲနိုင်တဲ့ အတွက်ကြောင့်မို့လို့ ကြိုပြောဖို့တော့ ခက်တယ်။
ဒါပေမယ့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အားလုံးကို ဖိတ်ခေါ်ထားတာတော့ တွေ့နေရတာပဲ။ အားလုံးကို ဖိတ်ခေါ်ထားတယ်ဆိုတော့ တကယ်တမ်း ဒီဟာက ဆွေးနွေးပွဲတွေ မစသေးဘူး။ တချို့လည်း လုပ်လက်စတွေ ရှိနေတယ်။
ဆိုတဲ့အခါကြတော့ ဒါကတော့ အခြေအနေအရ အမျိုးမျိုး ပြောင်းနိုင်တယ်။ လက်ရှိလည်း တချို့တွေက တိုက်ပွဲ ဖော်နေတုန်း၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက် နေတုန်းဆိုတော့ ပြောဖို့တော့ခက်တယ် ဒီဟာက။

စစ်ကိုင်းတိုင်းထဲမှာ KIA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တွေ့ရစဉ်
မေး ။ ။ လက်ရှိ အခင်းအကျင်းမှာ အားလုံးပါဝင်နိုင်ဖို့အရေး ဘယ်လိုဖိတ်ခေါ်မှုူတွေ လိုအပ်လဲ။
ဖြေ ။ ။ အဲဒါကတော့ ဒီတိုင်းဖိတ်ခေါ်လို့ မရဘူး ကျနော်တို့ရဲ့ အမြင်အရတော့။ ဘယ်လိုလဲဆိုတော့ အကျိုးစီးပွားချင်းလည်း မတူဘူး။ နောက်တစ်ခုက တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာနဲ့ အရေးပါပုံတွေ မတူဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားနိုင်တယ်။
အဲဒီတော့ အားလုံး ပါဝင်သောဆိုတဲ့ဟာက ကျနော်ထင်တယ် bilateral အနေနဲ့ တစ်ခုချင်းစီပဲ သွားဖို့များတယ်။ အရင် NCA လက်မှတ်ထိုးတုန်းကလို အားလုံးပါမယ်တို့၊ ဘယ်နှစ်ဖွဲ့ ပါမယ်တို့ဆိုတာတော့ ဒီအခြေအနေမျိုးမှာ တော့ နည်းနည်း ခက်မယ်ထင်တယ်။ ခက်မယ်ထင်တော့ တကယ် လက်တွေ့ကျတာကလည်း အကျိုးစီးပွား မတူတဲ့ အတွက်ကြောင့်မို့လို့ သီးခြားဆွေးနွေးပြီးတော့မှ dialogue လုပ်ပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စ။
အဲဒီတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင့်တွေကတော့ မြောက်များစွာ ရှိနေတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ အားလုံး တစ်ပြိုင်နက်တည်း ဖြစ်လာမယ့် အနေအထားမျိုးဆိုတာ အရှေ့မှာ အခင်းအကျင်း အများကြီး ဖြတ်သန်းရဦးမှာ။
အဲဒီအခင်းအကျင်းတွေကို ဘယ်လိုပြင်ဆင်မလဲရယ်၊ အောင်မြင်မယ်၊ မအောင်မြင်ဘူးအပေါ်မှာ မူတည်ပြီးတော့မှ အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။
မေး ။ ။ ဒါဆို လက်ရှိမှာ အာရက္ခတပ်တော်ကိုရော တပ်မတော်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ။
ဖြေ ။ ။ AA ကတော့ ကျနော်တို့ မြေပုံမှာ ပြန်ကြည့်မယ်ဆိုရင် သူက လက်ရှိက ကျောက်ဖြူနဲ့ စစ်တွေကို တိုက်နေတယ်။ စစ်ကမရပ်ဘူး။ ဒါ့ပြင် နောက်တစ်ချက်က AA နဲ့ဆက်စပ်တာ တိုင်း ၃ တိုင်းရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ဧရာဝတီတိုင်း၊ နောက်တစ်ခါ ပဲခူးတိုင်းအနောက်ပိုင်းနဲ့ နောက်တစ်ခုက မကွေးတိုင်း အနောက် ခြမ်းပေါ့။ အဲဒီ ၃ ခုမှာလည်း သူက အမ်းကကြတော့ မကွေးနဲ့ဆက်စပ်နေတယ်။ နောက်တစ်ခါ ပဒါန်းကကြတော့ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ ဆက်စပ်နေတယ်။ အဲဒီမှာလည်း တိုက်ပွဲတွေ ရှိတယ်။
နောက်တစ်ခါ အခု ကပစပေါ့ နော်။ ကပစ ၅ လောက်ကနေ ၁၀၊ ၁၁ လောက်အထိက ပဲခူးတိုင်းအနောက်ပိုင်းနဲ့ မကွေးတိုင်းအနောက်ပိုင်း တွေမှာ ခုနက ကျနော်ပြောတဲ့ အမ်းနဲ့ပဒါန်း မျဉ်းဆိုင်တွေမှာ ရှိတယ်။ အဲဒါကိုလည်း စစ်ကြောင်းတွေ ထိုးနေ တယ်။ ထိုးနေတဲ့အခါကြတော့ ကျနော်တို့ ဘာသွားမြင်လဲဆိုတော့ ပုသိမ်-မုံရွာ လမ်းမ ကြီးပေါ့။ ပုသိမ်ဆိုတာ ဧရာဝတီတိုင်းမြို့တော်။ နောက် မုံရွာ။ စစ်ကိုင်းတိုင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရှိတဲ့ နေရာပေါ့။ အဲဒီ ပုသိမ်-မုံရွာ လမ်းမကြီးက မဟာဗျူဟာကျလာတယ်။
ရခိုင်ပြည်ရဲ့ အနေအထားကတော့ သူက ဘာလဲဆိုတော့ သူ့ရဲ့ ရည်မှန်းချက်က ကျနော်တို့ တိုင်းရင်းသား EAO တွေရဲ့ ရည်မှန်းချက်အထဲမှာတော့ အမြင့်ဆုံးအနေနဲ့ တွေ့ရတယ်။ လက်ရှိ အနေအထားအရဆိုရင် ပြည်နယ် မြို့တော်တွေကို သိမ်းခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်က ၂ ခုကို ကျနော်တို့ ခန့်မှန်းလို့ရတယ်။
အဲဒါကတော့ ဘာလဲဆိုတော့ Sovereign State (အချုပ်အခြာအာဏာပိုင်နိုင်ငံ) နဲ့ Sub-autonomy State (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက် ၂ ခုရှိတယ်။ Sovereign State ဆိုတာ မြောက်အိုင်ယာလန် Belfast ကို IRA (Irish Republican Army) တွေ တိုက်ခိုက်ပြီးတော့မှ ဗြိတိန်နဲ့ နိုင်ငံရေး စကားပြောတဲ့ သမိုင်း ကြောင်း ရှိတယ်။ အဲဒါ Sovereign State ကို မြောက်အိုင်ယာလန်က အကောင်အထည်ဖော်တာ။
ကျန်တဲ့ဟာကြတော့ autonomous State တွေကကြတော့ သူက ဖိလစ်ပိုင်ရဲ့ မင်ဒါနာအိုကိစ္စတွေ၊ နောက်တစ်ခါ အိန္ဒိယရဲ့ ကျနော်တို့နားက အရှေ့မြောက်ပြည်နယ် ၈ ခုပေါ့နော်။ အဲဒါတွေကတော့ autonomous State တွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ နိုင်ငံရေးရလဒ်အဖြစ် အကောင်အထည်ဖော်တဲ့ ဥပမာတွေဖြစ်တယ်။
အဲဒီတော့ AA က မြို့တော် စစ်တွေနဲ့ အရေးကြီးတဲ့ ကျောက်ဖြူကို စစ်ဆင်ရေးတွေလုပ်နေတယ်။ ဒါ့ပြင် ပဲခူးတိုင်းရဲ့ အနောက်ခြမ်းနဲ့ မကွေးတိုင်းရဲ့ အနောက်ဖက် ကပစ စက်ရုံကြီးတွေ ဘက်ကိုလည်း တိုက်တယ်။ ဧရာဝတီဘက်ကိုလည်း ပုသိမ်နားအထိ စစ်ကြောင်းထိုးထားတာရှိတယ်။
အဲဒီအခါကြတော့ ဘာသွားမြင်လဲဆိုတော့ ရခိုင် AA က သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက် သူတို့လည်း ထုတ်ပြော ထားတာ ရှိတယ်။ သူတို့ကတော့ ကွန်ဖက်ဒရေးရှင်း ဘက်ကိုသွားတဲ့ Sovereign State ဆန်ဆန် နိုင်ငံရေး ရည်မှန်းချက်ကို တွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ကနေပြီးတော့မှ နိုင်ငံရေးပဋိပက္ခ စစ်ရေးနဲ့ ဖြေရှင်းတဲ့နေရာမှာ တော်တော်ကြီး ကြိုးစားဖြေရှင်းရမယ့် အနေအထားအထိ ကျနော်တို့ကတော့ တွေ့ရပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ တခြားဖြည့်စွက် ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ပြောလိုတာကတော့ ဒီနေ့ ကျနော်တို့ရဲ့ နိုင်ငံရေးပဋိပက္ခ၊ စစ်ရေးဖြေရှင်းပုံတွေက တကယ့် အရေးကြီး တဲ့ အချိန်ထဲမှာတော့ ရောက်နေပြီ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံတွင်းထဲပဲ ကြည့်နေလို့မရဘူး။ ဒါတွေက ပထဝီနိုင်ငံရေး ဆက်စပ်ချက်တွေနဲ့ ကျနော်တို့က ဒီဟာကို ရှုမြင်ဖို့လိုတယ်။ ဒါမှ မှန်ကန်မယ်။ အချိန်၊ နောက်တစ်ခါ အကျိုးရလဒ်တွေ အကောင်အထည်ဖော်တဲ့ နေရာမှာ အားလုံး အကျိုးရှိမယ့် ဟာမျိုးကို မှန်းဆနိုင်ဖို့ လိုတယ်။
ယနေ့ အနေအထားကတော့ ဘာသွားတွေ့ရလဲဆိုတဲ့ အခါကြတော့ တရုတ်နဲ့ အမေရိကန် ပထဝီနိုင်ငံရေး လွန်ဆွဲ ပွဲတွေမှာ အရေးပါတဲ့ နေရာမှာရှိတဲ့ နိုင်ငံတွေက Bipolarization လို့ခေါ်တယ် ပေါ့နော်။ ၂ ဖက် အားပြိုင်မှုကြား ထဲမှာ များသောအားဖြင့် ဒုက္ခရောက်ကျတာ များတယ်။ အခုလက်ရှိ အီရန် အရေးအခင်းလည်း ဒီတိုင်းပဲ။ နောက် တစ်ခါ ပြီးရင် မြန်မာ။ မြန်မာကကြတော့ နိုင်ငံရဲ့ China containment policy အရ ကျနော်တို့ မလက္ကာ ရေလက် ကြား အပြင်မှာရှိတဲ့ ပင်လယ်နဲ့ ဆိပ်ကမ်းရှိတဲ့ တနင်္သာရီကမ်းရိုးတန်းဟာ အမေရိကန်တွေအတွက် အနောက် အုပ်စု အတွက် ဒီဟာက ဝင်ရမယ့်နေရလို့ မြင်ရတယ်။
နောက်တစ်ခုက တရုတ်ရဲ့ လက်ရှိ ဒုတိယ Exit trade စီပေါ့၊ Alternative Way လို့ခေါ်တဲ့ Indian Ocean ကို ထွက်မယ့် အဓိက,က ကျနော်တို့ မြန်မာနိုင်ငံပဲ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ထားဝယ်၊ ရန်ကုန်ပေါ့နော်။ အဲဒီဟာတွေက တရုတ်ရဲ့ အခုလက်ရှိ အနေထား အရင်ကလည်း အရေးကြီးတယ်။ အခုကတော့ ပိုပြီးတော့မှ အရေးပါတာပေါ့။
ဆိုတော့ ဒီပထဝီနိုင်ငံရေး ကစားချက်တွေက ဆိုက်ဆိုက်မြိုက်မြိုက် မြန်မာနိုင်ငံထဲကို ပိုလို့တောင် ရောက်လာ တယ်။ ဘာကြောင့်လဲဆိုတော့ အခု မြိတ်နဲ့ ထားဝယ်ကြားမှာ တိုက်ပွဲဖြစ်တာနဲ့ အနှေးအမြန်ပဲ ရှမ်းမြောက်မှာ သူတို့စိတ်ချရတဲ့ EAO တွေ နယ်မြေထိန်းသိမ်းမှုတွေ အပေါ်ပေါက်လာတယ်။
ဒါ့ပြင် ကျနော်တို့ ပြည်ထောင်စုလမ်းကို ဖွင့်တယ်။ ထောက်ပို့လမ်းကြောင်းတွေ ဖွင့်တယ်။ ဖွင့်ပြီးတော့မှ ခုနက အနောက်အုပ်စုနဲ့ ဆက်စပ်တဲ့ အုပ်စုတွေကို အပြီးသတ် တိုက်ခိုက်ဖို့ ပြင်ဆင်တာတွေ ဒီလိုအချက်တွေက မြန်မြန် ဆန်ဆန် ဖြစ်လာတယ်။ အချိန်က ဘာမှ မဆိုင်ဘူးလေ။ ဒီတော့ ကျနော်တို့က လက်ရှိ နိုင်ငံရေး institution တွေကို အခု ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ ဆောင်ရွက်နေတဲ့အဖွဲ့တွေက အခု လက်နက်ကိုင် အဖွဲ့တွေပေါ့နော်။
နောက်တစ်ခါ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ လူတိုင်းက ဒီပထဝီနိုင်ငံရေး အရေးပါချက်တွေ globalization မှာ ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတဲ့ဟာက ကိုယ့်ဒေသတစ်ခုတည်း ကိုယ့်နိုင်ငံတစ်ခုတည်း ကွက်ကွက်လေး ကြည့်လို့မရတော့ဘူး။ ဒါက နိုင်ငံတကာ အခင်းအကျင်းနဲ့ ဆက်စပ်ပြီး မျှော်မှန်းနိုင်မှ ကျနော် တို့ရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးခရီးစဉ်က ဘယ်လိုဆောင်ရွက်ရမယ်၊ နောက် ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက် သင့်သလဲ၊ ဘယ်လိုတွေ အနီးစပ်ဆုံး ဖြေရှင်းနိုင်သလဲဆိုတဲ့ အဖြေမထွက်နိုင်သေးဘူး။ အမျှော်အမြင်ကတော့ ပိုပြီးတော့ ကျယ်ပြန့်လာတယ်လို့ ပြောချင်ပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 3147
CNI Interview
၂၀၂၆ ခုနှစ်၊ မတ်လ ၄
မြန်မာနိုင်ငံသည် လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံတည်ရှိနေပြီး နိုင်ငံတစ်ဝန်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည်။
တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည့်တိုင် အောင်မြင်မှုမရ သေးပေ။
အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံကြား ဘက်မလိုက် မူဝါဒ ကျင့်သုံး၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နေသည့်တိုင် အထွေထွေ နိုင်ငံရေး အကျပ်အတည်းများကို ရင်ဆိုင်နေရသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်တွေကို တွေ့ရစဉ်
မေး ။ ။ ဗြိတိသျှ ကိုလိုနစ်ခေတ်တုန်းက မြန်မာနိုင်ငံကို ၉၈ ဌာနအုပ်ချုပ်ရေးပေါ့။ အများစုကတော့ ၉၁ ဌာန အုပ်ချုပ်ရေးလို့ သိကြတာပေါ့။ ၇ ဌာနကကြတော့ သူတို့အုပ်ချုပ်တာပေါ့။ အဲဒီလိုပေါ့ တကယ့် main ဌာနတွေကို ဗြိတိသျှကိုလိုနီတွေ ချုပ်ကိုင်တယ်၊ ကျန်တဲ့သိပ်ကြီးကျယ်တဲ့ ဌာနမဟုတ်တဲ့ ၉၁ ဌာနကို မြန်မာတွေကို ချုပ်ကိုင် စေတယ်။ အဲဒီတုန်းကလုပ်ခဲ့တဲ့ ၉၁ ဌာန အုပ်ချုပ်ရေးလိုမျိုး မြန်မာနိုင်ငံမှာ ပြန်ကျင့်သုံးမယ်ဆို အဆင်ပြေနိုင် မလား။ အဓိက main တွေကို ဗဟိုကကိုင်ပေါ့။ ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာပြည်နယ် ခေါင်းဆောင်တွေကို ခန့်အပ်ပြီး တာဝန်ပေးစေတာမျိုးပေါ့။
ဖြေ ။ ။ ဒီဥစ္စာ ကျနော်က ကောင်းကောင်း မလေ့လာခဲ့တော့ သေသေချာချာ မပြောနိုင်ဘူး။ ကျနော်ပြောနိုင် တာက ဘာလဲဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်အရပဲ ပြောနိုင်မယ်။ ပင်လုံစာချုပ်နဲ့ နောက်ဆက်တွဲ သဘော တူညီချက်တွေ အရဆိုရင် အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို ဗဟိုအစိုးရက ကိုင်မယ်ပေါ့။ ဒါပေမယ့် သူ့ပြည်နယ် နဲ့သူ သက်ဆိုင်တဲ့ ကိစ္စတွေကတော့ သူ့ပြည်နယ်က ကိုင်မယ်။ အဲဒီလိုပြောလိုက်တဲ့ အခါကြတော့ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စကို ဗဟိုက ကိုင်မယ်ဆိုတော့ ဗမာအစိုးရက ကိုင်ပြီးတော့မှ ဗမာမဟုတ်တဲ့ လူမျိုးတွေကတော့ ကိုယ့်ပြည်နယ်နဲ့ ကိုယ်ပဲလားလို့ အဲဒီလိုမျိုး အဓိပ္ပါယ် ပေါက်နိုင်တယ်။ အဲဒီလိုမျိုးလည်း သဘောပေါက်ကြတယ်။
တကယ်တမ်းကျတော့ ကျနော်တို့ ပင်လုံစာချုပ်ကို ရေးဆွဲပြီးတော့မှ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေက အဲဒီလို မမှတ်ကြဘူးပေါ့။ ဒါဗမာ အပါအဝင်ပါပဲ။ ဗဟိုအစိုးရမှာက ဗမာပဲရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသား ခေါင်းဆောင် တွေ၊ လူမျိုးစု ခေါင်းဆောင်တွေလည်း ရှိမယ်၊ တူတူရှိမယ်လို့ ဆိုလိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ပင်လုံစာချုပ်ကို ကြည့်လိုက်ပါ။
နံပါတ် ၁ ကနေ ၄ အထိက ဗဟိုအစိုးရနဲ့ ပတ်သက်တာဖြစ်တယ်။ ဗဟိုအစိုးရနဲ့ ပတ်သက်တဲ့ နေရာမှာ တိုင်းရင်း သား ခေါင်းဆောင်တွေကလည်း ပါဝင်နေတယ်ဆိုတာ တွေ့ရတယ်။ ဒီတော့ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေ သူတို့ ကိုယ်တိုင် ပါနေတယ်ဆိုတော့ ပြည်နယ်တွေမှာ သူတို့ သီးသန့်အုပ်ချုပ်နေပေမယ့် ဗဟိုအစိုးရက ဘာမှ ပူစရာမလိုဘူး။ ဘာလို့မပူရလဲ။ အခုအများအားဖြင့်ကတော့ ပင်လုံလို့ ပြောလိုက်တယ်ဆိုရင် ဟာ ခွဲထွက်ရေးပဲ၊ ဒီကောင်တွေ လွတ်လပ်ရေး ယူချင်တယ် အဲဒီလိုမျိုး သဘောပေါက်တယ်။
တကယ်တမ်းတော့ ပင်လုံက လုပ်ခဲ့တာ ဒါမျိုးအတွက် မဟုတ်ဘူး။ သူက ကိုယ့်ပြည်နယ်ကို ကိုယ်သီးသန့် အုပ်ချုပ်နိုင်တယ်။ နောက်တစ်ခုကလည်း အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ အားလုံးက ပေါင်းပြီးတော့မှ စီမံခန့် ခွဲတယ်ဆိုရင် ဒီခွဲထွက်ရေးဆိုတဲ့ ပြဿနာကလည်း ဘာမှ မဖြစ်နိုင်ဘူးပေါ့။ ဖြစ်လာ၊ ပေါ်လာဖို့မရှိဘူးပေါ့။ ဒါကို ခွဲပြီးတော့မှ နားလည်ဖို့ လိုပါတယ်။ ဒီလို နားမလည်ဘူးဆိုရင် ဗဟိုအစိုးရကိုတော့ ဗမာတွေကကိုင်၊ ပြည်နယ် အစိုးရတွေကိုတော့ လူမျိုးစုတွေက ကိုင်၊ ဒါမျိုးဆို စိတ်ပူရတာပေါ့။ တကယ်စိတ်ပူရတာပေါ့။
တကယ်တမ်းကျတော့ ဦးနု ခေတ်မှာလည်း လုပ်ခဲ့ဖူးပါတယ်။ ဦးနုခေတ်မှာလည်း လူမျိုးစု ပြည်နယ်တွေရဲ့ အစိုးရ၊ ဥက္ကဋ္ဌ။ အဲဒီတုန်းက ဥက္ကဋ္ဌလို့ ခေါ်တယ်။ ဒီလိုမျိုး ဝန်ကြီးချုပ်တွေ ဘာတွေမခေါ်ဘူး။ အဲဒီသူတို့ရဲ့ ဥက္ကဋ္ဌတွေက ပြည်ထောင်စုအစိုးရမှာ သူတို့ ပါဝင်ကြတယ်။ ဒီတော့ ဒီဥစ္စာက တစ်နည်းတစ်လမ်းနဲ့ သူက အထောက်အကူ ပြုနေတာ ဖြစ်တယ်။ အားလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အားလုံးက ဝိုင်းဆုံးဖြတ်ကြတယ်ဆိုတဲ့ အဲဒီ ပင်လုံရဲ့ အနှစ်သာရကို ဖော်ဆောင်နေတာ ဖြစ်တယ်။ အဲဒီလိုပဲလုပ်ဖို့ လိုတယ်။ ဒီ ၉၁ ဌာန၊ ၉၈ ဌာနတို့ဘာတို့ ကျနော် ဒါကိုတော့ ပြောစရာမရှိပါဘူး။
မေး ။ ။ ဒါဆို EAOs တွေ ပြဿနာကို ဘယ်လိုမျိုး ဖြေရှင်းသင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ EAOs ပြဿနာက အခုလောလောဆယ်မှာတော့ သူတို့က Watan Act ဆိုပြီးမှ တင်ထားတဲ့ဟာတွေ ကို ကြည့်လိုက်ရင်တော့ ဒါဟာ ကွန်ဖက်ဒရေးရှင်းပဲ ဆိုပြီးတော့မှ ဗမာအစိုးရက လက်မခံနိုင်ဘူး ဖြစ်နိုင်တာပေါ့။ သို့သော်လည်းပဲ ဒီကိစ္စဟာ ကျနော်တို့ ပင်လုံ သဘောတူညီချက် အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမှာ အားလုံးက စုပေါင်းပြီးမှ စီမံခန့်ခွဲမယ်။
ကိုယ့်ပြည်နယ်နဲ့ သက်ဆိုင်တဲ့ဥစ္စာကို ကိုယ့်ပြည်နယ်ပဲ စီမံခန့်ခွဲမယ်ဆိုတဲ့ သဘောတရားကို ကျနော်တို့ လက်ခံ တယ်၊ ကျင့်သုံးတယ်ဆိုရင် ဒါဟာ ဘာမှစိတ်ပူစရာ မရှိဘူးပေါ့။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
မေး ။ ။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ EAOs တွေကို အုပ်ချုပ်ခွင့် ပေးမယ်ဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား၊ ဘယ်လိုမြင်မိလဲ
ဖြေ ။ ။ ဒါကတော့ ယာယီအားဖြင့်ကတော့ ဒါကတော့ လက်တွေ့အရ လုပ်သင့်လုပ်ထိုက်တဲ့ အရာလို့ ပြောလို့ ရမှာပေါ့လေ။ သို့သော်လည်းပဲ ကျနော်တို့ လက်ခံထားရမယ့်ကိစ္စက ဒီမိုကရေစီဆိုတာကို ထူထောင်ရမယ်ဆို တော့ အများပြည်သူရဲ့ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ကို အနှေးနဲ့အမြန် မြန်မြန်ပေးရမှာ ဖြစ်ပါတယ်။
လူထုက မထောက်ခံတဲ့ အစိုးရက ဘာပြည်နယ် အစိုးရပဲဖြစ်ဖြစ်၊ ဗဟိုအစိုးရပဲဖြစ်ဖြစ် ရေရှည်တည်တံ့ဖို့ မဖြစ် နိုင်ပါဘူး။ အဲဒါပါ။
မေး ။ ။ လက်ရှိမှာ တပ်မတော်က BGF နဲ့ ပြည်သူ့စစ်ပုံစံ လုပ်နေတယ်။ အခုလက်ရှိမှာ ဖြစ်နေတဲ့ လက်နက် ကိုင် တွေကို BGF အဖြစ်၊ ပြည်သူ့စစ်ပုံစံ ဝင်ဖို့အတွက် သူကပြောတာမျိုးတွေ ရှိတာပေါ့။ ဆိုတော့ အဲဒီလိုမျိုး BGF နဲ့ ပြည်သူ့စစ် ပုံစံမျိုးဆိုရင်က တစ်ဖက်ကကြည့်ရင် EAOs တွေက မကြိုက်တာ တွေ့ရတယ်။ အဲဒီတော့ အမေရိကန် ကျင့်သုံးသလိုမျိုး အမျိုးသားအစောင့်တပ် ပုံစံလိုမျိုး လုပ်မယ်ဆိုရင် ဘယ်လိုပြောင်းလဲ သွားနိုင်မလဲ။
ဖြေ ။ ။ ဒီကိစ္စက သူက အချိန်ယူပြီးတော့မှ လုပ်ရတာဖြစ်တယ်။ ကျနော်တို့ NCA ဆွေးနွေးနေတုန်းကဆိုရင် အစိုးရဖက်ကနေ သူက တစ်ခုတည်းသော တပ်မတော် ဖြစ်ချင်တယ်ဆိုတာ သူတို့က ရပ်တည်ခဲ့တယ်။ EAOs တွေ ကကြတော့ ဟာ...ကိုယ့်ပြည်နယ်မှာ ပြည်နယ်စောင့်တပ်မတော် ဖြစ်ရမယ် ကျနော်တို့ ရပ်တည်ခဲ့တယ်။
ဒီ ရပ်တည်ချက် ၂ ခုက သူက အခြေအနေက ဘာလဲဆိုတော့ တစ်ခုကတော့ တိုင်းပြည်တစ်ပြည်မှာ တပ်မတော် တစ်ခုတည်း ရှိရမယ်ဆိုတာ။ ဒီဥစ္စာကတော့ ယေဘူယျ ကမ္ဘာက လက်ခံထားတဲ့မူ။ ဒီကိုယ့်ပြည်နယ်မှာ ကိုယ့် ပြည်နယ်စောင့်တပ် ရှိရမယ်ဆိုတာက ကိုယ့်အချင်းချင်း စိတ်မချသေးတဲ့အချိန်၊ ယုံကြည်မှု မရှိသေးတဲ့ အချိန်မှာ လုပ်တဲ့ ကိစ္စဖြစ်တယ်။
အဲဒီတော့ ဒီနေရာမှာ နှစ်ဖက်က ဆွေးနွေးရမယ်။ ဒီသီးသန့် ပြည်နယ်စောင့်တပ်တွေကနေ တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်အဖြစ် ဘယ်လို ကူးပြောင်းသွားမလဲဆိုတာ ကျနော်တို့ တဆင့်ပြီး တဆင့် ဆွေးနွေး ပြီးတော့မှ ချမှတ်ပြီးတော့မှ လုပ်သွားဖို့ လိုတယ်ဆိုပြီးတော့မှ အဲဒီတုန်းက သဘောတူပြီးသားဖြစ်တယ်။
တတိယ ပြည်ထောင်စုသဘောတူညီချက်မှာလည်း စလုပ်နေပြီဖြစ်တယ်။ အဲဒီမှာ တကယ်လို့ အာဏာသိမ်းမှု၊ အာဏာထိန်းမှုတွေ မဖြစ်လာဘူးဆိုရင် အခုဆိုရင် အတော်လေးကို ခြေလှမ်းက တော်တော်ကြီးကို ရောက်နေပြီ လို့ ပြောလို့ရမှာပေါ့။ အခုကတော့ ဒီအာဏာသိမ်းမှု၊ အာဏာထိန်းမှု ဖြစ်လာတဲ့ အခါကြတော့ တစ်ခုတည်းသော တပ်မတော် ဖြစ်ရမယ်လို့ အရင်က ပြောခဲ့တဲ့ဟာတွေကို အခုကြတော့ ပိုပြီးတော့ လက်မခံနိုင်ဘူးဆိုတဲ့ အခြေ အနေ ဖြစ်လာတာပေါ့။ ပိုပြီးတော့မှ အချိန်ယူရမယ်၊ ပိုပြီးတော့ စည်းကမ်း ကန့်သတ်ချက်တွေ ရှိရမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာတာပေါ့။
သို့သော်လည်းပဲ ဒီဥစ္စာတွေဟာ မကျော်လွှားနိုင်တဲ့ ကိစ္စတွေ မဟုတ်ဘူး။ ကျော်လွှားနိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ အခု လောလောဆယ်မှာ ကိုယ့်ပြည်နယ်စောင့်တပ်နဲ့ ကိုယ်ထားပါ။ ဆွစ်ဇာလန်လည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ ဆွစ်ဇာလန်ဆို နှစ်ပေါင်းရာနဲ့ချီပြီးတော့ သူ့ပြည်နယ်တပ်နဲ့ သူလုပ်ခဲ့တာ။ ဒါပေမယ့် အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဆိုရင်တော့ ပေါင်းပြီးတော့မှ လုပ်ကြတယ်၊ တိုက်ကြတယ်။ အားလုံးနဲ့မဆိုင်ရင် ကိုယ့်ပြည်နယ်တပ်နဲ့ကိုယ်ပဲ လုပ်ခဲ့ကြတာ။
သို့သော် နောက်ဆုံးကြတော့ သူတို့လည်း ပြည်ထောင်စုတပ်မတော် ဖြစ်သွားတာပဲ။ ကျနော်တို့က ဆွစ်ဇာလန် လိုမျိုး အချိန် နှစ်ပေါင်း ရာနဲ့ချီ စောင့်စရာ မလိုပါဘူး။ ဆယ်စုနှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လေးလေး နက်နက် ဆွေးနွေးဖို့ လိုတယ်။ တကယ်တမ်း ကျနော်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ လုပ်မယ်ဆိုရင် ကိုယ့် တစ်ပြည်နယ်တည်း လုပ်လို့မရဘူး။
ကိုယ့်လူမျိုး တစ်စုတည်းပဲ လုပ်လို့မရဘူးဆိုတာ အားလုံးက သဘောပေါက်နားလည်ဖို့ လိုတယ်။ ငါတို့အားလုံး ပေါင်းလုပ်မှ ရတယ်ဆိုတာကို သူတို့လက်ခံကြတယ်ဆိုရင် ဒါဟာ မဖြစ်နိုင်စရာ အကြောင်းမရှိဘူးပေါ့။
![]()
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
မေး ။ ။ အဲဒီလို သီးသန့်ပြည်နယ်စောင့်တပ်ပုံစံမျိုး လုပ်ပိုင်ခွင့် ပေးလိုက်မယ်ဆိုရင်ကြတော့ရော မြန်မာ့ အခင်းအကျင်းက ဘယ်လို ပြောင်းလဲသွားနိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ဒီဥစ္စာက လက်ခံတယ်ဆိုတာ သူက ရေရှည်လက်ခံတဲ့ သဘောမျိုး မဟုတ်ဘူး။ အဆင့်တစ်ရပ်အနေနဲ့ လက်ခံတဲ့ သဘောပဲ ဖြစ်ရမှာပေါ့။ အဆင့် တစ်ရပ်အနေနဲ့။ သူက ပြည်နယ်စောင့်တပ်ကနေ နောက်ဆုံး တစ်ခု တည်းသော တပ်မတော်အဖြစ် ဘယ်လို လုပ်သွားမလဲဆိုတဲ့ အဆင့်တွေလည်း ချမှတ်ပေးရမှာပေါ့။
မေး ။ ။ ပြည်နယ်တစ်ခုမှာဆိုရင် လက်ရှိ အနေအထားတွေအရ EAOs တွေ အများအပြား တွေ့ရတာပေါ့။ ရှမ်း ပြည် ဘက်မှာဆိုရင်လည်း အဖွဲ့တွေများတယ်။ အဲဒီလို အနေအထားဆိုတော့ ဘယ်လိုမျိုး စုဖွဲ့သင့်သလဲ။ အမေရိကန်မှာဆိုရင် ပူးတွဲစစ်ဦးစီးချုပ် ပုံစံလိုမျိုး စုဖွဲ့ထားတာ ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်နယ်စောင့်တပ် ပုံစံမျိုး သွားမယ်ဆိုရင် ပဏာမအနေနဲ့ ဘယ်လိုစုဖွဲ့သင့်လဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် ကျနော်တော့ မပြောနိုင်ပါဘူး။ ကျနော်တို့ ဒီလိုမျိုး ကိစ္စမှာ ဆိုရင် ဆွစ်ဇာလန်ကို အရင်တုန်းက ပြည်ထောင်စုတပ်မတော် မဖြစ်ခင်တုန်းက သူတို့ ဘယ်လို လုပ်ဆောင်ခဲ့ ကြလဲဆိုတာကို အဲဒီအပေါ်မှာ ကျနော်တို့ ဝိုင်းဝန်းပြီးတော့မှ လေ့လာပြီးတော့မှ ကျနော်တို့ တိုင်းပြည်နဲ့ ဆက်ဟပ်တဲ့ မူမျိုးကို ချမှတ်ရမှာပေါ့။
ကျနော် သတိရတာတော့ ဘာလဲဆိုတော့ ဒုတိယကမ္ဘာစစ်တုန်းကဆိုရင် သူတို့လည်း ပြည်နယ်စောင့်တပ်ပဲ သူတို့ဖြစ်နေသေးတယ်။ သို့သော်လည်းပဲ တစ်ပြည်လုံးအတွက်တော့ သူတို့စုပေါင်းစစ်ဦးစီးပေါ့ သူတို့လည်း ရှိတယ်။ ရှိတဲ့အခါကြတော့ သူတို့ရဲ့ တိုင်းပြည်ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘယ်လိုကာကွယ်မလဲဆိုတာ သူတို့ စစ်ဦးစီးအဖွဲ့ကပဲ ဆုံးဖြတ်ပြီးတော့မှ လုပ်ဆောင်ခဲ့ကြတာပေ့ါ။
သူတို့က ဆုံးဖြတ်တဲ့အခါကြတော့ သက်ဆိုင်ရာ ပြည်နယ်စောင့်တပ်တွေကလည်း အကုန်လုံးကလည်း လိုက်နာ ရတာပေါ့။
မေး ။ ။ တောင်အာဖရိက ဖြစ်စဉ်မှာလည်း နယ်လ်ဆင်မန်ဒဲလား လက်ထက်ကပေါ့။ လက်နက်ကိုင် ၇ ခု ထက်မက ရှိတာကို စုပေါင်းပြီးတော့ South African National Defence Force (SANDF) ဆိုပြီးတော့ လုပ်ဆောင်ခဲ့တာ၊ အသစ်ပြန်ဖွဲ့ခဲ့တာ တွေ့ရတာပေါ့။
သူအသုံးပြုခဲ့တဲ့ လမ်းစဉ်ကို ကြည့်မယ်ဆိုရင် သူက လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းတယ်၊ တပ်ကို လည်း ဖျက်သိမ်းတယ်၊ ပြီးရင် ပြန်လည် ပေါင်းစည်းတာ လုပ်ခဲ့တာပေါ့။ နှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အတွက် ယုံကြည်မှုက ပြန်ရဖို့ခက်တော့ ကော်မရှင်ဖွဲ့ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် မကျေနပ်ချက်တွေကို ဖွင့်ဟ ဝန်ခံခိုင်းတာမျိုး၊ ဆွေးနွေးခိုင်းတာမျိုးလုပ်ပြီးမှ စစ်တပ်ရဲ့ စည်းကမ်းနဲ့ စွမ်းဆောင်ရည်တွေကို ပြန်ပြီး လေ့ကျင့် ပေးတာမျိုးတွေ လုပ်ပြီးတော့မှ ဖွဲ့စည်းခဲ့တယ်လို့ သိရတာပေါ့။ ဒီလိုပုံစံမျိုး လုပ်မယ်ဆိုရင်ရော ဖြစ်နိုင်မလား။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် ဘယ်လိုမျိုးလုပ်သင့်မလဲ။
ဖြေ ။ ။ နံပါတ်တစ်က ဆွေးနွေးရမှာပေါ့။ ဒါပေမယ့် နံပါတ်နှစ်ကတော့ ကျနော်တို့ဆီမှာ အခုလောလောဆယ် နယ်လ်ဆင်မန်ဒဲလား တို့လို၊ ဒက်စမန်တူးတူး (Desmond Tutu) တို့လို ပုဂ္ဂိုလ်မျိုး၊ ခေါင်းဆောင်မျိုးကလည်း မရှိ သေးဘူးပေါ့။
မရှိတဲ့အခါကြတော့ အခုလောလောဆယ်မှာ အဲဒီလို လက်နက်ဖြုတ်ပြီးတော့မှ ပြန်ပြီးတော့မှ စုပေါင်းတယ်ဆို တာမျိုးကတော့ ကျနော်တို့ နိုင်ငံမှာတော့ ချက်ချင်းဖြစ်ဖို့ မလွယ်ဘူးပေါ့။ ဒါက တဆင့်ပြီးတဆင့် သွားရမယ့်ကိစ္စ ဖြစ်တယ်။
သို့သော်လည်းပဲ တဆင့်ပြီးတဆင့် ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ ကိုယ်က တစ်ခါတည်း စိတ်အလောကြီးပြီးမှ အကုန်ဖြုတ်ကွာ၊ ငါတော့ အရင်ဖြုတ်မယ်၊ ငါဖြုတ်ရင် မင်းတို့လည်း ဖြုတ်ကွာဆိုတာမျိုး လုပ်တာလည်း ရှိကောင်းရှိနိုင်တယ်။
ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့ဆီမှာ အလျင်စလိုလုပ်ဖို့ မသင့်ဘူးပေါ့။ အလျင်စလို လုပ်တဲ့အခါကြတော့ အခက်အခဲတွေ၊ အသေးစိတ်တွေ တချို့ကို ကျနော်တို့က ကျော်သွားနိုင်တယ်။ မကြည့်ဘဲနဲ့ ကျော်သွားနိုင်တယ်။ အဲဒီအခါကြတော့ နောက်ပိုင်းမှာ အခက်အခဲတွေ ဒီထက်ပိုကြီးလာတာ တွေ့တယ်ဆိုရင် အဲဒီအချိန်မှာ ကျော်လွှား ဖို့ ခက်သွားမယ်ပေါ့။ ဘယ်နည်းနဲ့မဆို ကျနော်တို့ ဆွေးနွေးဖို့လိုပါတယ်။ တွေ့ဆုံဆွေးနွေးပြီးတော့မှ အကောင်း ဆုံး နည်းလမ်းကို သုံးနိုင်ပါတယ်။
အခု ကျနော်ပြောခဲ့တဲ့ ဆွစ်နည်းလမ်း၊ နောက်ပြီးတော့ ခင်ဗျားပြောတဲ့ တောင်အာဖရိက နည်းလမ်းတွေ ဘယ်လို ဆက်စပ်ပြီးတော့မှ ယူမလဲဆိုတာတွေ စဉ်းစားပေါ့။ နီပေါလုပ်တဲ့ နည်းလမ်းတွေလည်း အကုန်လုံး လေ့လာပြီး တော့မှ ကျနော်တို့ ပေါင်းစပ်ပြီးတော့မှ လုပ်နိုင်ပါတယ်။ ငါတို့လုံးဝ မတိုက်ဘူးဆိုတော့ သဘောတူဖို့ လိုတယ်။

လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပနေစဉ်
မေး ။ ။ အဓိက,ကတော့ မဆွေးနွေးခင်မှာ နိုင်ငံရေးအရ သဘောတူညီချက်တွေတော့ အရင်ရှိထားသင့်မှာပေါ့။
ဖြေ ။ ။ ရှိရမှာပေါ့။ ကျနော်တို့ အခုသဘောတူညီချက်အားလုံး တူနိုင်တာ တစ်ခုရှိတာပဲ။ ကျနော်တို့ ဖက်ဒရယ်နိုင်ငံဖြစ်ရမယ်၊ ဒီမိုကရေစီနိုင်ငံ ဖြစ်ရမယ်ဆိုတာ အားလုံးက သဘောတူပြီးသား ဖြစ်တယ်။ သို့သော် လည်းပဲ ဘယ်လိုပုံစံနဲ့ ဖြစ်ရမယ်ဆိုတာကတော့ ဆွေးနွေးရမှာကို။
မေး ။ ။ မကြာခင် ဒီလထဲမှာ အစိုးရသစ် ပေါ်လာတော့မှာပေါ့။ ဆိုတော့ ဒီအစိုးရသစ် အနေနဲ့ တရုတ်နဲ့ အိန္ဒိယ အကြားမှာ ဘယ်လိုမူဝါဒနဲ့ သွားသင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ ကျနော်တို့ ဘက်မလိုက် မူဝါဒနဲ့သွားရမှာပေါ့။ အခု လောလောဆယ် ကျနော်တို့ ၂၀၀၈ ထဲမှာ ရှိနေတဲ့ ပုဒ်မတွေ အများစုကို လူအများစုက လက်မခံဘူး ဆိုပေမယ့်လည်း ကိုယ်က ဘက်မလိုက်နိုင်ငံ ဖြစ်တယ်၊ နောက် ပြီးတော့မှ ကိုယ့်နိုင်ငံမှာ တခြားနိုင်ငံခြားတပ်တွေ မချရဘူးဆိုတဲ့ ကိစ္စတွေကတော့ အားလုံးသဘောတူနိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒါက ဆက်ပြီးတော့မှ ရှိသင့်တယ်။
နောက်ပြီးတော့မှ အရေးကြီးတာကတော့ ကျနော်တို့ ဘန်ဒေါင်း ၁၉၅၅ သဘောတူညီချက်ကို ("အာရှ-အာဖရိက ညီလာခံ" (Bandung Conference) ကနေ ထွက်ပေါ်လာတဲ့ သမိုင်းဝင် သဘောတူညီချက်) နှုတ်နဲ့ပဲ လက်ခံတာ မဟုတ်ဘဲနဲ့ တကယ်တမ်း လက်တွေ့ လက်ခံကျင့်သုံးဖို့ လိုကြတာပေါ့။ အဲဒီလိုမျိုး ကောင်းကောင်း လုပ်နိုင်တယ် ဆိုရင် ကျနော်တို့ ဗမာနိုင်ငံဟာ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်နိုင်ငံတော် ဖြစ်လာနိုင်ပါတယ်။
ဒီလိုဖြစ်လာဖို့ လွတ်လပ်ရေးရကတည်းက ကျနော်တို့ ဗမာခေါင်းဆောင်တွေ၊ ဗမာခေါင်းဆောင်တွေဆိုတာ အားလုံးကို ဆိုလိုတာပေါ့။ ကျနော်တို့ တိုင်းပြည်ခေါင်းဆောင်တွေက စိတ်ကူးယဉ်ခဲ့ဖူးတယ်၊ အားကျခဲ့ဖူးတယ်။ ဒါပေမယ့် မဖြစ်ခဲ့ဘူးပေါ့။ ကျနော်တို့ခေတ်မှာ ဖြစ်နိုင်ပါတယ်။
မေး ။ ။ အဲဒီလို မဟုတ်ဘဲနဲ့ အစိုးရသစ် လက်ထက်မှာ တရုတ်ကိုသော်လည်းကောင်း၊ အိန္ဒိယကို သော်လည်း ကောင်း တစ်ဖက်ဖက်ကိုပဲ ပုံပြီးတော့ ဆက်ဆံလိုက်မယ်ဆိုရင် ဘယ်လိုအခင်းအကျင်း ဖြစ်သွားမလဲ။
ဖြေ ။ ။ အဲဒီလို လုပ်မယ်ဆိုရင် သူက ၂ ခု ဖြစ်နိုင်တာပေါ့။ တစ်ခုကတော့ ကျနော်တို့ နိုင်ငံဟာ အမည်ခံပဲ ကျန်တော့မှာပေါ့။ အမည်ခံပဲ ကျန်တော့မယ်။ ဒါပေမယ့် လက်တွေ့အားဖြင့်တော့ သူများနိုင်ငံ ဖြစ်သွားပြီပေါ့။ အဲဒီတော့ တစ်ခု ကောင်းမွန်နိုင်တာက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံက နှစ်ပေါင်း ၈၀ နီးပါး ကိုယ့်ဟာကိုယ် အုပ်ချုပ်ခဲ့တာ မငြိမ်းချမ်းခဲ့ဘူး။
သို့သော်လည်းပဲ တခြားနိုင်ငံ လက်အောက်မှာ သွားကျသွားတဲ့ အခါကြတော့ သူတို့ နိုင်ငံတွေလိုများ ငြိမ်းချမ်းလာမလားဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ ရှိနိုင်တာပေါ့။ ဒါကတစ်ခု။
နောက်တစ်ခုကတော့ ဘာလဲဆိုတော့ တကယ်လို့ ကျနော်တို့ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် ပေါင်းလိုက် တယ်ဆိုရင် သူတို့ နှစ်နိုင်ငံကလည်း ဆက်ပြီးတော့ မတည့်ဘူး ဆိုရင်တော့ ကျနော်တို့လည်း တစ်လှဲဖြစ်ရမှာပေါ့။ တကယ်လို့ ကျနော်တို့နိုင်ငံက သူတို့နိုင်ငံ ချစ်ကြည်ရေးကို ရနိုင်တယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက်ကတော့ ဘာမှပူစရာ မလိုဘူးပေါ့။
မေး ။ ။ လက်ရှိမှာ မြေရှားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုသုံးသပ်ထားမိလဲ။
ဖြေ ။ ။ မြေရှားတွေကတော့ တခြားနိုင်ငံတွေမှာ ရှားကောင်းရှားမယ်။ ကျနော်တို့ နိုင်ငံမှာကတော့ မရှားဘူး လို့ ပြောလို့ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် မြေရှားသတ္တုတွေကို ကျနော်တို့က ဘယ်သူလိုချင်လိုချင် ရောင်းပေးမယ်။ ဘာမှ ဈေးဆစ်တာမရှိဘူး ငွေရရင်ပြီးရော ဆိုတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ကျနော်တို့ ဆီမှာရှိတဲ့ပစ္စည်း ဘာပဲဖြစ်ဖြစ် ဈေးအကြီးဆုံးရဖို့ လိုတာပေါ့။
နောက်ပြီးတော့ ရလာတဲ့ငွေတွေကို ကျနော်တို့ အိတ်ထောင်ထဲမှာ ကိုယ့်ရဲ့ ကိုယ်စီကိုယ်ငှ အိတ်ထောင်ထဲ မထည့်ဘဲနဲ့ ဒီတိုင်းပြည်အတွက် အသုံးချ ရမှာပေါ့။ ကျနော်တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအရ အချမ်းသာဆုံးနိုင်ငံလို့ ပြောလို့ရမယ်။ ဒါပေမယ့် ကျနော်တို့ လူမှုရေးအရတော့ အင်မတန်မွဲတေနေတယ်။ ကျနော်တို့က သောင်ပြင်မှာ လွှတ်တဲ့သူဋ္ဌေးသားလိုပဲပေါ့။ ငွေထုတ်ကြီးပိုက်ပြီးတော့မှ ဘာမှသုံးစရာမရှိဘူးပေါ့။ တောင်းစားနေရတဲ့ဘဝ ရောက်နေတာပေါ့။
အဲဒီလိုအဖြစ်မျိုး မဖြစ်အောင် ဒီအဖြစ်မျိုးကတော့ ကုန်ဆုံးဖို့လိုပြီ။ ဒီသမိုင်းကတော့ ကုန်ဆုံးဖို့လိုပြီ။ ကျနော်တို့ အရင်တုန်းက ကြားဖူးတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ ပြောတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ကျွန်းသစ်တွေကို တစ်အိမ်ထောင်စုကို တစ်ပင်ပဲ ပေးထား။ ဘယ်နည်းနဲ့မဆို ကျနော်တို့ရဲ့လူထုဟာ ဆင်းရဲတယ်ဆိုတာ ဘယ်နည်း နဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ရှေးလူကြီး သူမတွေပြောခဲ့တာ နားထောင်ဖူးတယ်။ သဘောလည်း သိပ်ကျတယ်။
ဒါပေမယ့် လက်တွေ့အရ ကျနော်တို့က လုပ်တဲ့အခါကြတော့ တစ်အိမ်ထောင်စု တစ်ပင်မဟုတ်ဘဲနဲ့ လူ တစ်ယောက်တည်းက တစ်ခါတည်း သန်းနဲ့ချီပြီးမှ ပိုင်သွားတာမျိုး၊ ရောင်းထုတ်တာမျိုးတွေ ဖြစ်လာတာကို။ ဒီလိုမျိုး အဖြစ်မျိုး မဖြစ်ဖို့ ကျနော်တို့ လုပ်ဖို့လိုပါတယ်။ မြေရှားကိစ္စလည်း ဒီအတိုင်းပါပဲ။
မေး ။ ။ လက်ရှိမှာ မြေရှားထွက်ရာ ဒေသအများစုက KIA က သိမ်းပိုက်ထားတာမျိုးဆိုတော့ KIA ရဲ့ အခင်း အကျင်းကရော ဘယ်လောက်အထိ အရေးပါနေလဲ။
ဖြေ ။ ။ အရေးကြီးတဲ့ သယံဇာတပစ္စည်းရှိတဲ့ ပြည်နယ်ကတော့ အမြဲတမ်း သူက ဈေးဆစ်နိုင်တာပဲပေါ့။ အရေး ပါတာပေါ့။ ဒါပေမယ့် တစ်ဖက်ကလည်း သူ့ရပ်တည်ရေး၊ ဥပမာ ကျနော်က သူဋ္ဌေးသားဆိုပါတော့ ကျနော့်မှာ ငွေ ဘီလီယံနဲ့ချီရှိတယ်။ ဒါပေမယ့် ကျနော် နေတဲ့နေရာက ကျနော့်ကို ဝိုင်းနေတာက ကျနော့် ရန်သူချည်းပဲဆိုရင် ကျနော် ဘယ်လိုလုပ် ဒီငွေတွေကို သုံးနိုင်မလဲ။ သေချာပေါက်ပေါ့နော်။ အဲဒီတော့ ဒါကိုသုံးနိုင်ဖို့ဆိုရင် အားလုံးနဲ့ ကျနော် တည့်ဖို့လိုတယ်။ အားလုံးနဲ့မတည့်တောင်မှ အများစုနဲ့တည့်ဖို့လိုတယ်။ ဒီလိုမျိုးတည့်တယ်ဆိုရင် တည့်ဖို့ လုပ်တယ်ဆိုရင် အကျိုးစီးပွားက ကိုယ့်အတွက်ပဲမဟုတ်ဘူး။ သူတို့အတွက်လည်းပါရမယ်။
ဒီလိုမျိုး သူ့အကျိုး၊ ကိုယ့်အကျိုး၊ သူ့ဖက်၊ ကိုယ့်ဖက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ရှိတယ်ဆိုရင် ကိုယ့်အတွက်လည်း ရေရှည် ကောင်းတယ်၊ သူ့အတွက်လည်း ရေရှည်ကောင်းတာပေါ့။ ကျနော်တို့ ပုံပြင်တွေ ကြားဖူးတာပဲ။ ရွှေဓါးတို့၊ ငွေဓါး တို့၊ ရိုးရိုး သံဓါးတို့ ဒါကို ပေးတဲ့အခါကြတော့ သူက ရိုးရိုးသံဓါးပဲ ယူတယ်ဆိုတဲ့အခါ ရွှေဓါးရောရတယ်၊ ငွေဓါးရော ရတယ်။ ဒါပေမယ့် ရွှေဓါးကို ယူမယ်ဆိုတဲ့ အခါကြတော့ ဘာမှမရတော့ဘူး။ ဒီလိုမျိုးဘဝမျိုးတော့ ကျနော်တို့ မဖြစ်စေချင်ဘူး ဘယ်သူမှ။
ကျနော်တို့ကမ္ဘာမှာ လူ့လောကမှာ ကိုယ်တစ်ယောက်တည်းနေတာ မဟုတ်ဘဲနဲ့ အားလုံးပေါင်းပြီးတော့ နေတာပဲ။ ဒါကို ကျနော်က KIA ကို သင်ပေးစရာ မလိုပါဘူး။ သူ ကျနော့်ထက် ပိုသိတယ်။ ဗိုလ်ချုပ်ဂွမ်မော်တို့၊ ဗိုလ်ချုပ် အင်ဘန်လတို့ ကျနော်ထက် ပိုသိတယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ စစ်တပ်ကို အရပ်သားအစိုးရအောက်မှာ ထားရှိဖို့လိုအပ်လား။ လိုတယ်ဆိုရင်လည်း ဘာကြောင့်လို့ မြင်မိလဲ။
ဖြေ ။ ။ ဒီဥစ္စာက ရှေးပဝေသဏီကတည်းက လုပ်ထားတဲ့ပုံစံပဲ။ တပ်မတော်ဆိုတာ မင်းအောက်မှာ နေရတာ ပဲ။ စစ်သူကြီးတွေဆိုတာလည်း မင်းလက်အောက်ခံပဲ ဖြစ်ရတာပဲ။ စစ်သူကြီးတွေကို ဆက်ထားမလား၊ မထားဘူး လား ဆိုတာကလည်း မင်းအပေါ်မှာ မူတည်တာပဲ။
သို့သော်လည်းပဲ မင်းကလည်း မင်းကျင့်တရား ဘာရှိမလဲ၊ စစ်သူကြီးတွေကလည်း စစ်သူကြီး ကျင့်သုံးရမယ့် တရား ဘာရှိမလဲ။ သူ့နေရာနဲ့ သူရှိတာပေါ့။ ဒါ ဘာသာရေးအရ ပြောနေတာ မဟုတ်ဘူး။ ကျနော်တို့ ဆွန်ဇူး (Sun Tzu) ရဲ့ Art of War စစ်ပညာစာအုပ်ကို ကြည့်လိုက်ပါ။ အဲဒီထဲမှာဆိုရင် စစ်ပွဲဖြစ်လာပြီဆို နိုင်တယ်၊ မနိုင်ဘူး ဆိုတာ အရေးအကြီးဆုံးက ဘာအပေါ်မှာ မူတည်လဲဆိုတာ။ ၅ ချက်ရှိတယ်။
ဒီ ၅ ချက်ထဲမှာ ၂ ချက်က ဘာလဲ ဆိုတော့ နံပါတ်တစ်ကတော့ မင်းဖြစ်တယ်။ မင်း အပေါ်မှာ မူတည်တယ်။ ဒီ မင်းရဲ့ နိုင်ငံရေး မူဝါဒ၊ မင်းရဲ့ မင်းကျင့်တရား အားလုံးကို ပြည်သူတစ်ရပ်လုံးက ထောက်ခံတယ်။ ပြည်သူ တစ်ရပ် လုံးက ငါတို့ သေသေကြေကြေ ငါတို့လိုက်နာသွားမယ်ဆိုတဲ့ဟာမျိုး ရှိတယ်ဆိုရင် ဒါဟာ နိုင်ဖို့ပဲရှိတယ်။
နောက်တစ်ခုကတော့ စစ်သူကြီးပေါ့။ စစ်သူကြီးကလည်း သိပ်အရေးကြီးတယ်။ ကျန်တဲ့ဟာတွေကတော့ ဘာလဲ ဆိုတော့ ရာသီဥတုတို့၊ ပထဝီ မြေအနေအထားတို့၊ နောက်ပြီးတော့မှ စစ်တပ်ကို ကိုင်တွယ်အုပ်ချုပ်မှုတို့ အဲဒါတွေ ပါတာပေါ့။ ဒါပေမယ့် အရေးကြီးတဲ့ နှစ်ချက်ထဲမှာ ပြောတာနော် မင်းနဲ့ စစ်သူကြီးဆိုတာ အရေးကြီးတာပဲ။ သို့သော်လည်း မင်းက အထက်မှာနေရတာပေါ့။

ဖက်ဒရယ်တည်ဆောက်ရေး ဆွေးနွေးကြစဉ်
မေး ။ ။ ဒါပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာရော အဲဒီလိုပုံစံရော ပေါက်တယ်လို့ မြင်မိလား။
ဖြေ ။ ။ ကျနော်တို့ ဂျော့ဖ်ဝါရှင်တန် (George Washington) တောင် သမ္မတဖြစ်လာတာပဲ။ ကျနော်တို့ ဆီမှာလည်း မဖြစ်ရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဂျော့ဖ်ဝါရှင်တန် သမ္မတဖြစ်လာတော့ သူက အမေရိကန် နိုင်ငံကို စစ်တပ် အုပ်ချုပ်သလို သူမအုပ်ချုပ်ဘူးပေါ့။ ဒါကိုလည်း အမှတ်ယူသင့်ပါတယ်။
မေး ။ ။ တကယ်လို့ စစ်တပ်က အရပ်သားအစိုးရအောက်မှာ မရှိဘဲနဲ့ အရပ်သားအစိုးရ အထက်မှာပဲ ရှိမယ်ဆို ရင် အဲဒီနိုင်ငံက ဘယ်လိုဖြစ်နိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ဒီဥစ္စာကတော့ ကျနော်တို့ လူကြီးသူမတွေရဲ့ ဆိုရိုးဆိုထုံးတွေနဲ့ မကိုက်ညီတဲ့ အခါကြတော့ ဒါဟာ ရေရှည်သွားဖို့ မလွယ်ဘူးလို့ ပြောလို့ရမှာပေါ့။ ကျနော်တို့နိုင်ငံ ဒီလောက်တောင်မှ အသုံးမကျ ဖြစ်လာတာဟာ အဓိက,ကတော့ စစ်တပ်က အထက်စီးကနေ နေခဲ့တော့ ၁၉၆၂ ခုကတည်းက အထက်စီးကနေ နေခဲ့တဲ့အခါ ကြတော့ ကျနော်တို့နိုင်ငံဟာ အင်မတန်ချမ်းသာတဲ့ ဘဝကနေ အင်မတန် ဆင်းရဲတဲ့ဘဝကို ရောက်ခဲ့တယ်ဆိုတာ ကျနော်တို့ မေ့ဖို့မသင့်ပါဘူး။
မေး ။ ။ တခြား ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ကျနော်တို့နိုင်ငံမှာက အဓိက ပြဿနာကတော့ ကျနော် ထင်တာကတော့ မှားကောင်းလည်း မှားနိုင် တယ်။ ဒါပေမယ့် အဓိက ပြဿနာကတော့ ပြဿနာကို ဖြေရှင်းရင်းနဲ့ ပိုရှုပ်လာတာ အဲဒီလိုမျိုးပေါ့။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောတာကို နားထောင်တာ ကျနော်တို့ အီရတ်ကို ဝင်မတိုက်ခင်တုန်းက အခြေအနေက ဆိုးတယ်တဲ့။ ဒါပေမယ့် ကျနော်တို့ အီရတ်ကို ဝင်တိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပိုဆိုးလာတယ်လို့ ပြောတယ်။
ဒါတွေက ဘာလဲဆိုတော့ ကျနော်တို့ ဖြေရှင်းတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းကို မသုံးခဲ့လို့ ဖြစ်တယ်။ ဒီမှန် ကန်တဲ့ နည်းလမ်းကို မသုံးခဲ့ဘဲနဲ့ အကြောက်တရား၊ အမုန်းတရားတွေနဲ့ ကျနော်တို့လုပ်တယ် ဆိုရင်တော့ ဘယ်နည်းနဲ့မှ ဒီတိုင်းပြည်က မကောင်းနိုင်ဘူးပေါ့။
ကျနော်တို့ဟာ အချင်းချင်း မေတ္တာတရားတွေထားမယ်၊ ဒေါသတရားတွေ ကျနော်တို့ ပယ်နိုင်တယ်ဆိုရင် ဘယ်နည်းနဲ့မဆို ကျနော်တို့ တိုင်းပြည်ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ကျနော်က အမြဲတမ်းပြောနေတာ တစ်ခုရှိတယ်။
နိုင်ငံခြားငြိမ်းချမ်းရေး ပညာရှင်တွေကပြောတယ်။ သူတို့က နိုင်ငံတကာကို လှည့်လည်တဲ့ အခါကြတော့ ဗမာပြည်လောက် နိုင်ငံရေးကျွမ်းကျင်၊ နိုင်ငံရေးဗဟုသုတကြွယ်ဝတဲ့ နိုင်ငံသူတို့တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ အဖွဲ့တိုင်းအားလုံးက နိုင်ငံရေးပါရဂူတွေ ပြည့်နှက်နေတာပဲတဲ့။ ဒါပေမယ့် သူတို့ပြဿနာက ဘာလဲဆိုတော့ အချင်းချင်း သဘောတူညီမှု ရရှိအောင် ဆွေးနွေးနိုင်တဲ့အစား သူနိုင်၊ ငါနိုင် စကားရေ လုပွဲလုပ်တာနဲ့ပဲ အချိန် ကုန်နေတယ်။ စကားရေလုပွဲ လုပ်ပြီးတော့မှ မနိုင်တဲ့အခါကြတော့ လက်နက်ကိုင်ကြတာပေါ့ဗျာတဲ့။
အဲဒါကြောင့် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မဆို debate ဆိုတဲ့ စကားရည်လုပွဲ ပညာမျိုးကို အဓိက မထားဘဲနဲ့ ကျနော်တို့ dialogue ဆိုတဲ့ အမှန်အကန်ကို ပူးပေါင်းရှာဖွေခြင်းဆိုတဲ့ နည်းလမ်းကို အသုံးချဖို့လိုပါပြီ။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ပဲပြောပြော ဘယ်သူပဲပြောပြော ကျနော်တို့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စလုပ် တဲ့အချိန်မှာ နိုင်ငံရေးပြဿနာကို အင်အားနဲ့ မဖြေရှင်းဘဲနဲ့ ဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းခြင်းဆိုတဲ့ ယဉ်ကျေးမှု အသစ် တစ်ရပ်ကို ထူထောင်မယ်ဆိုတာ အခု ဘယ်နှစ်နှစ် ရှိသွားပြီလဲ။ ကျနော်တို့ ၁၅ နှစ်ရှိသွားပြီ။ ဒီ ၁၅ နှစ်မှာ အကောင်အထည် မဖော်နိုင်သေးဘူး။ အကောင်အထည်ဖော်ဖို့ လိုပါပြီလို့ပဲ ကျနော်တိုက်တွန်းပါတယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 887
CNI Interview
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးဖြစ်၍ မတ်လ၌ လွှတ်တော်ခေါ်ကာ ဧပြီလမှာ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်သည်။
ထိုမတိုင်ခင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
တခြား တစ်ဖက်မှာလည်း တရုတ်နှင့် အိန္ဒိယသည် အစိုးရသစ် ပေါ်လာသည့်အခါမှာ ကုန်သွယ်ရေးနှင့်ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များ မည်ကဲ့သို့ ဖြစ်တည်လာမလဲ အကဲခတ်နေကြသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ အစိုးရသစ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အစိုးရပုံစံလိုမျိုးပေါ့။ ညွန့်ပေါင်းပုံစံလိုမျိုး ဖွဲ့မယ် လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဗဟိုကပဲ အာဏာချုပ်ကိုင်တာထက် လုပ်ပိုင်ခွင့်တွေ ရှိတာထက် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တွေမှာလည်း ဗဟိုလိုမျိုး အာဏာတစ်ခုခု ရှိထားမယ်ဆိုရင် ပိုအဆင် မပြေနိုင် ဘူးလား။ အဲဒီလို မဟုတ်ဘဲနဲ့ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်လုပ်ရမယ်ဆိုရင်ရော ဘာမှ မထူးခြားနိုင်ဘူးလား။
ဖြေ ။ ။ ဒီမိုကရေစီစနစ်မှာတော့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုတဲ့ road map ရှိတယ်လေ နစက ထဲက။ အစောကြီးကတည်းက ၂၀၂၁ ပြီးကတည်းက သူတို့ကြေညာတာရှိတယ်။ ဒီနေ့အထိလည်း တောက် လျှောက် ဒီမူအပေါ်မှာ သွားတယ်။ နိုင်ငံရေး road map က နံပါတ်တစ် အချက်မှာ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မှာ ဆိုရင် အဓိက,က Decentralization ပဲ။ နောက်တစ်ခါ power division ပေါ့ အဲဒါတွေက အရေးကြီးတယ်။ အရေး ကြီးတယ်ဆိုတာက ဘယ်လို အကောင်အထည် ဖော်မလဲပေါ့။
အဲဒီအပေါ်မှာ ပေါ်လစီကရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နောက်က နည်းဥပဒေက လိုက်ရတဲ့သဘောပါ။ အဲဒီတော့ လုပ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကောင်းသော အရွေ့ပေါ့။ နောက်တစ်ချက်က ဒီဟာလည်း အရေးကြီးတယ်။ Decentralization ကို ဘယ်လောက် အကောင်အထည် ဖော်မလဲပေါ့။ အဲဒီအပေါ်မှာ control-base Decentralization လား၊ နောက် တစ်ခုက သူ့ရဲ့ autonomy ပေါ့။ autonomy ကို ဘယ်လောက်ပေးမလဲ။ အဲဒါတွေက နိုင်ငံရေးအရ ဆုံးဖြတ်တဲ့ အရေးကြီးတဲ့ အချက်ထဲမှာ ပါတယ်။
နိုင်ငံရေးအရ အခုလက်ရှိ အာဏာရပါတီနဲ့ လက်ရှိဦးဆောင်နေတဲ့ ကော်မရှင်ပေါ့။ သူတို့ တွေက ဘယ်လောက် သဘောထားကြီးသလဲ အရေးပါတယ်။ အဲဒါက နောင်တစ်ချိန် ငြိမ်းချမ်းရေးအတွက် ဆိုရင်လည်း ဒီဟာက စံနမူနာ တစ်ခုအနေနဲ့ ရှေ့ပြေး အခြေအနေတစ်ခု ဖန်တီးထားရင်တော့ ပိုကောင်းတာပေါ့။ ဘာပဲပြောပြော အချင်းချင်းကြားမှာ trust building ကို တည်ဆောက်တယ်၊ ရှေ့ပြေး တည်ဆောက်တယ်လို့ပဲ ကျနော် မြင်ပါ တယ်။ လုပ်ဖြစ်ရင်တော့ ကောင်းပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ လုပ်ပေးမလဲက ကျနော် ပြန် ပြီးတော့မှ လေ့လာရဦးမယ် ထင်ပါတယ်။
မေး ။ ။ နောက်တစ်ခုက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အဲဒါကလည်း ဒီလိုပါ ကျနော် မြင်တာကတော့လေ အရင်ရှိပြီးသား ဥပဒေကိုပဲ အကောင်အထည် ဖော် တာပေါ့လေ။ NLD အစိုးရ လက်ထက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပေါ့။ သူကတော့ ပုဂ္ဂိုလ်ကို သွားတယ်ပေါ့။ ပုဂ္ဂိုလ်ဆိုတော့ တစ်ဦးတစ်ယောက်တည်းရဲ့ အနေအထားကို ပြဋ္ဌာန်းပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပေါ်ပေါက်လာခဲ့တယ်။ အဲဒီနည်းနဲ့ ပုဂ္ဂိုလ်ရဲ့ စွမ်း ဆောင်ရည်နဲ့ နိုင်ငံတော်အစိုးရနဲ့ တွဲပြီးတော့မှ သွားတယ်ပေါ့။
အခုကတော့ ကျနော် မြင်တာကတော့ အစုအဖွဲ့ပေါ့။ နိုင်ငံတော်အတိုင်ပင်ခံကောင်စီဆိုတော့ အစုအဖွဲ့သဘော ဖြစ်တယ်။ အစုအဖွဲ့သဘောနဲ့ ဟိုဘက်က အုပ်ချုပ်ရေး၊ လွှတ်တော် အဲဒါနဲ့ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ နောက်တစ်ခါ နိုင်ငံတကာအရေး၊ ဥပဒေရေးရာ အချက်တွေပေါ်မှာ တိုင်တိုင်ပင်ပင်နဲ့ သွားမယ်ဆိုတဲ့ အစုအဖွဲ့ သဘောမျိုးမြင်ပါတယ်။ အဲဒီဟာဆိုလည်း ကျနော့် အမြင်အရတော့ အစုအဖွဲ့ သဘောဖြစ်တဲ့အတွက် ကောင်းပါ တယ်။ ဘာလဲဆို power balance ကို ပိုပြီးထိန်းနိုင်မယ်လို့ ယူဆတယ်။ counter balance တွေလည်း ပိုအား ကောင်းလာမယ် အဲဒီလိုမြင်ပါတယ်။
နောက်တစ်ခုက ဒီဟာက ကျနော်တို့နိုင်ငံရဲ့ အရွေ့တစ်ခုလို့ ကျနော်မြင်တယ်။ အရွေ့ဆိုတာက Democratization period တစ်ခုပေါ့။ ဥပမာ Democratization နဲ့ ဖက်ဒရယ်ကို Transition နဲ့ သွားတယ်ကို။ transitional period တစ်ခုမှာ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ Methodology လို့လည်း ပြောလို့ရ တယ်။ ဒီဟာက အစိုးရအနေနဲ့ ဒီဟာရဲ့ Methodology ကို အကောင်အထည် ဖော်တယ်ဆိုတော့ အစုအဖွဲ့ ၃ ခုနဲ့ သွားမယ်ဆိုတဲ့ road map ကို အကောင်အထည်ဖော်တယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ အဲဒီ ပြဋ္ဌာန်းထားချက်မှာ နိုင်ငံတော်သမ္မတက ကောင်စီရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို ပေးအပ်ရမယ် ဆိုပြီးပါတော့ ကောင်စီက ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ရှိနိုင်မလဲ။
ဖြေ ။ ။ ဒီဟာကတော့ ကျနော် မြင်တာကတော့ အခုလက်ရှိ ကော်မရှင်ပေါ့။ စစ်ကော်မရှင်အကြံပေးနဲ့ သွား တယ်။ နောက်တစ်ခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး အဖွဲ့တုန်းကလည်း ဒီလိုပဲလေ။ စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံပေး ကော်မတီဆိုတာ သပ်သပ် ထုတ်တယ်လေ။ အဖွဲ့ဝင်လုပ်တယ်၊ အကြံပေးကော်မတီလိုက သပ်သပ် လုပ်တယ်။
အဲဒါက ဘာလဲဆိုတော့ ကျနော် မြင်တာကတော့ State Counsellor, counselling group ကို ဖွဲ့တယ်လို့ မြင်တယ်။ မြင်တော့ အဲဒီဟာက အမှန်ကောင်းတယ်။ ကောင်းတယ်ဆိုတာက လက်ရှိအုပ်ချုပ်ရေးကို သွားတဲ့ အစိုးရပေါ့နော်။ အုပ်ချုပ်ရေးကို ဦးဆောင်တဲ့အစိုးရက လက်ရှိ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက ရှုပ်ထွေးတယ်။ ခက်လည်းခက်ခဲပါတယ်။ အာဆီယံ level , နောက် regional level, ကျနော်တို့ ဘယ်လို ပြောရမလဲ power balance ဖြစ်နေတဲ့ balancing လုပ်နေတဲ့ အင်အားကြီး နိုင်ငံတွေကြားမှာ ရပ်တည်ဖို့ဆိုတာ အစိုးရတစ်ရပ် တစ်ခုတည်းနဲ့ မလုံလောက်ဘူး ကျနော် မြင်တာတော့လေ။ ပညာရှင်အစုအဖွဲ့လိုတယ်။ Think tank သဘော မျိုးပေါ့။ State Think tank လို့ပဲ ကျနော်ကတော့ မြင်တယ်။ Think tank သဘောမျိုးနဲ့ အတူသွားရင်တော့ ပိုကောင်းတယ်။
ဘာလို့ဆို အကောင်အထည် ဖော်ဖို့အတွက် အလုပ်ရှုပ်တဲ့ အခါကြတော့ တချို့ဟာတွေက မစဉ်းစားမိတဲ့ အချက် တွေရှိတယ်။ နောက်တစ်ချက်က ကျနော်တို့နိုင်ငံက ရှေ့လျှောက်သွားမယ့် အရွေ့မှာ လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့ အခင်းအကျင်းကလည်း တအားမြန်တယ်လေ။ အပြောင်းအလဲတွေက တအားမြန်တယ်။ နောက်တစ်ခုက တခြား နိုင်ငံတွေရဲ့ ပေါ်လစီတွေ, Strategy တွေကို ကျနော်တို့က တောက်လျှောက် ထိုင်ပြီးတော့မှ လေ့လာနေ၊ သုံးသပ် နေတဲ့ State Counsellor အဖွဲ့ လိုအပ်တယ်။ ကျနော်ကတော့ သဘောကျတယ် ဒီဟာလေ။
ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ အတူတူ counselling လုပ်မယ့် အဖွဲ့တစ်ဖွဲ့က Think tank လုပ်မယ့် အဖွဲ့ တစ်ဖွဲ့က အကြီးကြီးပေါ့လေ။ State Think tank ပေါ့ အကြီးကြီး တစ်ခုခုရှိထားတယ် ပိုကောင်းတယ်။ ပိုပြီးတော့ မှ အလုပ်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ပိုထိရောက်မယ် မြင်ပါတယ်။
မေး ။ ။ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုက နိုင်ငံတော်သမ္မတက ခန့်အပ်ခွင့် ရှိတာမျိုး တွေ့ရတယ်။ ဆိုတော့ ဘယ်လိုလူပုဂ္ဂိုလ်တွေ ပါလာနိုင်ဖွယ်ရှိမလဲ။
ဖြေ ။ ။ ဥပဒေအကြောင်းအရ ဆိုရင်တော့ နိုင်ငံတော်သမ္မတက ခန့်အပ်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆို တော့ နိုင်ငံတော်သမ္မတက လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် အမြင့်ဆုံး နိုင်ငံ့ဥသျှောင် ဖြစ်နေတာကို။ သူက ပဲ စီမံခန့်ခွဲရတာဆိုတော့ ဒီဟာမှန်ပါတယ်။
ဘယ်လိုပုဂ္ဂိုလ်တွေ ပါလာနိုင်သလဲဆိုတော့ အဲဒီဟာတော့ ကျနော် သိပ်တော့ မခန့်မှန်းနိုင်ဘူး။ ပြောရတော့ ခက်တာပေါ့။ ဒါပေမယ့် တချို့ တိုင်းရင်းသား ဩဇာကြီးတဲ့ တချို့ပုဂ္ဂိုလ်များ ပါလာနိုင်တယ်လို့ ကျနော်မြင်ပါ တယ်။ အဲဒီလိုလေး ပါလာရင်လည်း ပိုကောင်းပါတယ်။ ညွန့်ပေါင်းပုံစံမျိုးကို ဖော်ဖြစ်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ တိုင်းပြည်မှာလည်း အဲဒါလိုအပ်တယ်လေ။
ဘယ်လို လိုအပ်လဲဆို နိုင်ငံတော်ရဲ့ အပြောင်းအလဲတိုင်း နိုင်ငံတော်ရဲ့ ဦးဆောင်အဖွဲ့တွေမှာ ဗမာတိုင်းရင်းသား အုပ်စုပဲ ဆက်လက် ဦးဆောင်နေတာမျိုးက ငြိမ်းချမ်းရေးအတွက် ဆိုရင်လည်း ဒီဟာက သိပ်ပြီးတော့ အမြင် မတော်ဘူး။ မသင့်တော်ဘူး။ တိုင်းရင်းသား ပညာတတ်တွေထဲက ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ထည့်ပေးတယ် ဆိုရင်တော့ မဆိုးဘူးပေါ့။ ဒါကြတော့ politics အဖွဲ့မျိုး စုပေါင်းအဖွဲ့ပုံစံမျိုး leadership ကို အကောင်အထည် ဖော်နိုင်ရင်တော့ ပိုပြီးတော့မှ အဆင်ပြေမယ်လို့ မြင်ပါတယ်။ ကျနော်တို့နိုင်ငံ အနာဂတ်နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင်တော့။

မေး ။ ။ လက်ရှိမှာ စစ်ရေးအရ ကြည့်မယ်ဆိုရင် ကချင်ဘက်က KIA နဲ့ ရခိုင်ဘက်က AA နဲ့ တရုတ်ကြားမှာ ဘယ်လိုသဘောထားတွေ တွေ့နေရလဲ။
ဖြေ ။ ။ အဲဒါကတော့ တရုတ်ရဲ့ ပေါ်လစီကို ကျနော်တို့ ခန့်မှန်းဖို့ လိုပါတယ်။ တရုတ်က ဘယ်လိုသွားချင် သလဲပေါ့။ တရုတ်က ဘယ်လိုသွားချင်သလဲဆိုတာ ကျနော်တို့ ခန့်မှန်းနိုင်တယ်ဆိုရင် ခုနက ရခိုင်ကိစ္စတွေ၊ ကချင်ကိစ္စတွေက ဆောင်ရွက်ရတာ ပိုပြီးတော့မှ လမ်းကြောင်း မြင်တယ်လို့ ကျနော်ယူဆတယ်။ တရုတ်ရဲ့ လုပ်နိုင်တဲ့ ပေါ်လစီကို မသိဘူးဆိုရင်တော့ ခက်တယ်ပေ့ါ။
တရုတ်က သူ့သဘောထားကတော့ ဘယ်လိုလဲဆိုတော့ လက်ရှိ ဗဟိုအစိုးရမှာ အားကောင်းတဲ့၊ ခိုင်မာတဲ့ institution တစ်ခုခုက ဦးဆောင်တာကို သူကြိုက်တယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ tax autonomy ပေါ့ autonomy trade တွေကို ငြိမ်းချမ်းရေးနဲ့အတူ ဖော်ဆောင်တဲ့ ပုံစံမျိုးတွေလည်း သူလိုလားတယ်လို့ ကျနော် မြင်တယ်။
ဘာကြောင့်လဲဆို သူ့ရဲ့နယ်စပ်မှာ သူအထိုင်ချတဲ့ ပုံစံတွေက အခုလက်ရှိ စစ်ပွဲတွေမှာ စစ်ရေးပဋိပက္ခတွေမှာ ကြည့်မယ်ဆိုရင် အဲဒီလိုပုံစံမျိုးကို ကျနော်တို့ သုံးသပ်လို့ရတယ်။ အဲဒီအထိုင်ပေါ်မှာ ငြိမ်းချမ်းရေး process ကို ဘယ်လို စဉ်းစားမလဲပေါ့။ နောက်တစ်ခါ ရခိုင်ကိစ္စတွေ၊ ရှမ်းမြောက်ကိစ္စ၊ ကချင်ကိစ္စတွေမှာ ဘယ်လို အကောင် အထည် ဖော်မလဲဆိုတဲ့ဟာက လမ်းကြောင်းပုံစံမြင်တယ်။ ဒီဘက်က စဉ်းစားချက်ကလည်း ပုံစံတစ်မျိုး၊ ပုံစံ အသစ် new ideology ကို နည်းနည်းလေး စဉ်းစားဖို့လိုတယ်။ အဲဒါက ပြည်ထောင်စုအတွက် အရေးကြီးတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့ အချက်အလက်တွေအပေါ်မှာ အထိုင်ထား ပြီးတော့မှ new ideology ထည့်ပြီးတော့မှ စဉ်းစားမယ်ဆိုရင်တော့ အဖြေမှန်နဲ့ နီးစပ်မယ်လို့ ယူဆပါတယ်။ ဒါအစိုးရသစ်ရဲ့ ကြီးမားတဲ့ တာဝန်တစ်ခုလို့ မြင်ပါတယ်။
မေး ။ ။ လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်တွေထဲ KIA နဲ့ AA က ပိုပြီး အင်အားကြီးထွားပြီး တောင့်တင်း လာတာ၊ အခိုင်အမာ ရပ်တည်လာနိုင်တာက ဘယ်လိုအခင်းအကျင်းတွေကြောင့် ဖြစ်နိုင်မလဲ။
ဖြေ ။ ။ အဲဒါက ပြောရရင်တော့ geopolitics အများကြီး သုံးသပ်ဖို့လိုမယ်။ ဘာလဲဆိုတော့ တရုတ်နဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်တွေ၊ မူဝါဒအပြောင်းနဲ့ သူတို့ရဲ့ အရွေ့တွေက ဘယ်လိုပုံစံလဲ ဆိုတဲ့ဟာက ဒီတစ်ချက်ပေါ်မှာ ကျနော်တို့ မြင်ရတယ်။
ဘာကြောင့်လဲဆိုတော့ KIA ရော၊ AA ရော နှစ်ခုစလုံးက အိန္ဒိယရော၊ တရုတ်ရော နှစ်ခုစလုံးနဲ့ ဆက်ဆံနေရတဲ့ အနေအထားရှိတယ်။ ဆက်ဆံနေရတယ်ဆိုတာက နယ်ခြားမှာ တိုက်ရိုက် ထိတွေ့ဆက်ဆံရတဲ့ အနေထားရှိ တယ်။ ရှိတဲ့အခါမှာ ကျနော် ကြည့်လို့ရတဲ့ အရဆိုရင်တော့ သံတမန်ရေးရာ သော်လည်းကောင်း၊ နောက်တစ်ခါ နယ်စပ်ကိစ္စတွေမှာ ထိတွေ့ဆက်ဆံမှုတွေ သော်လည်းကောင်း၊ အိန္ဒိယအစိုးရ သော်လည်းကောင်း၊ တရုတ်အစိုးရ သော်လည်းကောင်း တိုက်ရိုက် ဖိအားပေးဆက်ဆံတဲ့ ပုံစံသိပ်မတွေ့ရဘူး။
အဓိက,က သူတို့က ပြည်နယ်မူကို ရှေးရှုတဲ့ ဆက်ဆံရေးတွေကို တွေ့ရတယ်။ တွေ့ရတဲ့ အခါကြတော့ တရုတ်နဲ့ အိန္ဒိယရဲ့ alliance ပုံစံအပြောင်းက ပြီးခဲ့တဲ့ SCO summit မှာ မိုဒီနဲ့ ရှီကျင့်ဖျင် နောက်ဆုံး တွေ့ထားတဲ့ဟာ။ ကြားထဲမှာလည်း သူတို့ ပေါ်လစီတွေ ဘယ်လို လုပ်လဲမသိဘူး။ အဲဒီနောက်ပိုင်းမှာ ပေါ်လာတဲ့ အနေအထားအရ ဆိုရင် ဘာတွေ တွေ့ရလဲဆိုတော့ ပန်ဆောင်-ကန်ပိုက်တီ trade road တွေဘာတွေ သူတို့ အကောင်အထည် ဖော်ဖို့ရှိတယ်။
လာမယ့် အစိုးရ အခင်းအကျင်းမှာ ဘာလုပ်မလဲ ကျနော်တို့ ပြောလို့တော့ မရသေးဘူးပေါ့။ ဒါပေမဲ့ ပိုပြီးနီးစပ် လာတဲ့ သဘောတရားရှိတဲ့ အနေအထားပေါ်မှာ AA နဲ့ KIA ရဲ့ ရပ်တည်ရှင်သန်မှုတွေ၊ သူတို့ရဲ့ ဆောင်ရွက်ချက် တွေဟာ အိန္ဒိယနဲ့ တရုတ်ရဲ့ အနေအထား၊ မြန်မာအစိုးရ ဆက်စပ်မှု diplomacy က အရေးကြီးလာတယ်။ အဲဒါ အပေါ်မှာ သုံးသပ်ပြီးတော့မှ ပိုပြီးချဉ်းကပ်ဖို့ လိုမယ်။ မဟုတ်ရင်တော့ နည်းနည်းခက်တယ်လို့ ကျနော်မြင်တယ်။
- By CNI
- Category: အင်တာဗျူး
- Hits: 4733
CNI Interview
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အလွန်ဖွံ့ဖြိုးမှု နိမ့်ကျပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ ကုန်သွယ်စီးဆင်းမှု အားနည်းလျက်ရှိနေသည်။
အဆိုပါ ဒေသတွင် နာဂလက်နက်ကိုင်အဖွဲ့များနှင့် ကသည်း လက်နက်ကိုင် အဖွဲ့ပေါင်းစုံ လှုပ်ရှားလျက်ရှိသည်။
ထို့နောက် နာဂဒေသတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပခဲ့ရာမှာတော့ နာဂအမျိုးသားပါတီ(NNP) မြို့နယ် ၃ ခုစလုံးမှာ အနိုင်ရရှိခဲ့သလို ခန္တီးမြို့နယ်မှာလည်း အနိုင်ရရှိခဲ့သည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်ကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ဦးရှုမောင်, နာဂဒေသမှာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ပြည်သူတွေ မဲလာပေးမှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ ပြည်သူတွေ မဲလာပေးတဲ့ အခြေအနေကတော့ အခက်အခဲတွေ အများကြီးရှိတယ်။ အဲ့ဒါ ကတော့ မဲစာရင်းမှာ မပါတဲ့ဟာတွေ ပထမ။ ဒုတိယ နှစ်ကြိမ်မှာပါပြီးတော့ နောက်ဆုံးအကြိမ်မှာ ပြုတ်သွားတာ တွေ အဲ့ဒီလိုမျိုးတွေ အများကြီးရှိတယ်ဗျ။
ပထမ, ဒုတိယနှစ်ကြိမ်မှာ မပါပဲနဲ့ နောက်ဆုံး အခုနောက်ဆုံး ထုတ်ပြန်တဲ့အချိန်မှာကြမှ ပါတဲ့ဟာတွေလည်း ရှိတယ်။ ဒါပေမယ့် ပါတဲ့ဟာကလည်း နံပါတ်တွေက လွဲနေတာတို့ အဲ့ဒီလိုမျိုးလေးတွေက ပြန်ဖြစ်နေတာ။
ဆိုတော့ ပထမနှစ်ကြိမ်မှာ မပါလို့ဆိုပြီး ပြန်သွားပြောထားတဲ့ အတွက်ကြောင့်မို့လို့ နောက်ဆုံးအကြိမ်ကျတော့ ပါတော့ ပါလာတယ်။ ဒါပေမယ့် ဟိုစာရင်းတွေက ပြည်သူအတွက်တော့ အဲ့တုန်းက ကြေညာပေးတာ နောက်ဆုံး တတိယအကြိမ် ဖြစ်သော်လည်း အဲ့ဒီမပါတဲ့ ပထမနှစ်ကြိမ်မှာ မပါတဲ့ လူအတွက်တော့ ပထမဆုံးကြိမ် ဖြစ်တာ ပေါ့။
အဲ့တော့ နာမည်စာရင်းတွေက တချို့ဟာတွေက လွှဲနေတာတွေရှိတယ်။ အဖေ အမေလွှဲတာ၊ မှတ်ပုံတင်လွှဲတာ အဲ့ဒီလိုတွေရှိတယ်။ နောက် အဲ့ဒါထက်ကတော့ ပိုဆိုးတာက ပထမနှစ်ကြိမ်မှာပါပြီး တတိယ နောက်ဆုံးအကြိမ် မှာ မပါတဲ့သူတွေလည်း အများကြီး ဖြစ်သွားတာပေါ့နော်။ အဲ့လိုမျိုးလေးတွေလည်း ရှိပါတယ်ဗျ။
ပြီးတဲ့ အခါကြတော့ မဲလာမပေး အဲ့ဒါကတော့ စာရင်းနဲ့ပတ်သက်ပြီးတော့ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ပေါ့လေ အဲ့ဒီလိုမျိုးလေးတွေ၊ လွှဲမှားမှုလေးတွေ၊ လွှဲချော်မှုလေးတွေ၊ အဲ့ဒီလိုမျိုးလေးတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် လာပေးကြတယ်။ လာပေးတဲ့အခါမှာ တချို့က ဟိုဟာပေါ့နော်။ အကြောင်း အမျိုးမျိုးကြောင့် လာမပေး လာပေးတဲ့လူတွေရဲ့ ဟိုဟာပေါ့နော်။ ပေးပိုင်ခွင့်ရှိတဲ့ လူတွေ အကုန်လုံးတော့ လာမပေးဘူးဗျ။ လာမပေးဘူးဆိုတာ သူတို့ကိစ္စနဲ့ သူတို့ရှိရင်လည်းရှိမှာပေါ့ဗျာ။ အဲ့လိုမျိုးလေးတွေတော့ရှိတယ်။
သို့သော်လည်း လာပေးတဲ့ လူတွေရဲ့ အနေအထားနဲ့ဆိုရင်တော့ ကျနော်တို့က မဲပေးတဲ့သူတွေ အနေနဲ့တော့ ကျနော်တို့ နာဂဒေသတစ်ခုထဲနဲ့ ပြောမယ်ဆိုရင်တော့ အားရပါးရတော့ လာပေးတဲ့ပုံစံတော့ ရှိပါတယ်ဗျ၊ ဟုတ်ကဲ့။

NSCN-K/AM နာဂလက်နက်ကိုင်ကို တွေ့ရစဉ်
မေး ။ ။ အခုလိုမျိုး နိုင်ထားတဲ့အပေါ်မှာ လွှတ်တော်ထဲ ရောက်သွားတဲ့ အခါကြလို့ရှိရင် နာဂအရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ဒါကတော့ ဟိုဟာ နှစ်ပိုင်းလောက်ရှိမှာ တစ်ပိုင်းက ကျနော်တို့ ဒီနိုင်ငံတော်ရဲ့ ဖက်ဒရယ် ဒီ ၂၀၀၈ ဖွဲ့ စည်းပုံ ပြုပြင်ပြောင်းလဲရေးသော်လည်းကောင်း၊ ဖက်ဒရယ်နိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးနဲ့ ပတ် သက်ပြီးတော့ လုပ်ကြကိုင်ကြရမဲ့ အခြေအနေမျိုးမှာ သော်လည်းကောင်းကတော့ ဒါကျနော်တို့ကတော့ ဒါနိုင်ငံ တော်အဆင့် လုပ်ဆောင်ရမဲ့ အပိုင်းတွေမှာလည်း ကျနော်တို့က ဒါကတော့ ဘယ်လိုလုပ်ကြမယ်၊ ကိုင်ကြမယ်ဆို တဲ့ အတိုင်းအတာတော့ ကျနော်တို့က ပါဝင်ဆောင်ရွက်ပြီးတော့ အဲ့ဒီလို နိုင်ငံတော်အတွက်ကို ဒါကျနော်တို့လည်း ဒါတက်နိုင်တဲ့ ပုံစံမျိုးနဲ့ ကျနော်တို့လည်း အတက်နိုင်ဆုံး ကျနော်တို့ ကြိုးစား ပါဝင် ဝန်းရံပေးဖို့ဆိုတဲ့ အနေ အထားတော့ ဒါက နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး အတွက်လည်း အကောင်းဆုံး ကျနော်တို့ အဲ့ဒီလို ပါဝင် ဖို့ရှိမှာပေါ့နော်။
နောက်ပိုင်းကတော့ ဒါ ပြည်သူတွေ ကျနော်တို့ ပြောကြားတဲ့ ဒီအုပ်ချုပ်ရေးတွေ၊ အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ ပေါ့၊ အဲ့ဒါတွေကတော့ ကျနော်တို့ ဒါဥပဒေထဲမှာ ပေးအပ်ထားတဲ့ အပ်နှင်းထားတဲ့ အတိုင်းပဲ ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရနဲ့လုပ်နိုင်မဲ့ လုပ်ငန်းတွေရှိမယ်၊ ပြည်ထောင်စုကနေ လုပ်နိုင်မဲ့ လုပ်ငန်းတွေရှိမယ်။ ဒီကဏ္ဍတွေကိုလည်း ကျနော်တို့ကတော့ ရှိမှာပေါ့နော်။
အဓိက,ကတော့ အဲ့ဒါတွေကတော့ ပုံမှန်လုပ်ရိုးလုပ်စဥ်ပေါ့ဗျာ။ လွှတ်တော်အမတ်တွေ၊ ဒေသအဖွဲ့တွေ၊ အစိုးရ အဖွဲ့တွေက ဒီအပေါ်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုတာကတော့ ဘယ်အစိုးရ တက်တက် လုပ်နိုင်ရမဲ့ကိစ္စတွေပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ဒေသ၊ နာဂလူမျိုးနဲ့ ဆက်စပ်တဲ့ကိစ္စ၊ နောက် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိစ္စ၊ ပြီးရင် အခြေခံဥပဒေ ပြောင်းလဲရေးကိစ္စ၊ အခြားလိုအပ်သော ဥပဒေပြုရေးနဲ့ ကိစ္စတွေလည်းပါတယ်။
အဲ့တော့ ကျနော်တို့က အနိုင်ရတဲ့ပါတီ ခေါင်းဆောင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ထမ်းဆောင် ကြရဖို့လိုတယ်။ ဒါကတော့ အဲ့ဒီလိုတော့ လုပ်ဆောင်ကြဖို့တော့ ရှိမှာပါ ဟုတ်ကဲ့ပါ။

ပန်ဆောင် နယ်စပ်ကုန်သွယ်ရေး ဒေသကိုတွေ့ရစဉ်
မေး ။ ။ အခုလက်ရှိ အခြေအနေအရဆိုရင် နာဂအမျိုးသားပါတီ အနေနဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ရဲ့ အရေး ကြီးတဲ့ ရာထူးအပိုင်းတွေ၊ အစိုးရအဖွဲ့ထဲမှာတွေ ပါလာနိုင်မလား။
ဖြေ ။ ။ စစ်ကိုင်းတိုင်း ပြည်ထောင်စုလွှတ်တော်မှာ ခုနက ကျနော်ပြောတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လည်း ကျနော်တို့ ကိုယ်စားလှယ် ရထားတယ်လေ၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့လွှတ်တော် ၄ ယောက်၊ အမျိုး သား လွှတ်တော် ၁ ယောက်ဆိုတော့ ၅ ယောက်။ ပြည်ထောင်စုအဆင့်မှာ ကျနော်တို့က ၅ ယောက် ရှိတယ်။
နောက်ပြီးတော့ ဟိုဟာ တိုင်းဒေသအစိုးရ လက်ထက်မှာ Sorry တိုင်းဒေသအစိုးရ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထဲမှာတော့ အစိုးရ/လွှတ်တော်အထဲမှာတော့ ကျနော်တို့က ဒါကတော့ အစိုးရ စုဖွဲ့မှု အတိုင်းအတာ ထဲမှာတော့ ပါမလား မပါလားဆိုတာတော့ အစိုးရစုဖွဲ့မှု အနေအထား တစ်ခုကတော့ ဒါ အဲ့ဒါကတော့ အစိုးရ ဖွဲ့တဲ့ အချိန်ကျမှပဲ ကျနော်တို့ သိရမှာပေါ့နော်။ ဒါပေမယ့်လည်း လွှတ်တော်ထဲမှာကတော့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ထဲမှာကတော့ ကျနော်တို့က တိုင်းဒေသလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့တော့ လက်ရှိ အရ တော့ ၃ ယောက် ၄ ယောက်ရှိမှာပေါ့၊ ကျနော်တို့ ၄ ယောက်ပါမှာ ဖြစ်ပါတယ်။
အဲ့ဒါ ၄ ယောက် ပါမယ်ဆိုတာက နိုင်သူအကုန်ယူ အနေနဲ့ နိုင်တဲ့သူကိုပြောတာ ဖြစ်ပါတယ်။ PR တွေကကျတော့ ကျနော်တို့ ဘယ်လောက် ပါလာမလဲဆိုတာ ကျနော်တို့ သေချာ ဒါအားလုံး ရွေးကောက်ပွဲ ၃ ပိုင်းလုံးပြီးမှပဲ ကျနော် တို့ PR ကိစ္စတွေ သိရမှာပေါ့။ အဲ့ဒါကြောင့်မို့ ပြောရတာနည်းနည်း စောနေသေးတယ်လို့ ကျနော်က ပြောချင်တာ ပေါ့နော်။
မေး ။ ။ အခုဆိုရင် နာဂဒေသမှာ လက်နက်ကိုင်တွေလည်းများတယ်၊ နယ်စပ်ကုန်သွယ်ရေးတွေကလည်း အဆင်မပြေဖြစ်နေတယ်၊ ပြီးရင် ကုန်စျေးနှုန်း တိုးမြင့်မှုတွေကလည်းရှိနေတယ်။ အဲ့ဒါတွေအတွက် နာဂပါတီ အနေနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်သွားဖို့ ရှိမလဲ၊ ရွေးကောက်ပွဲအပြီးမှာ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ အဓိက နယ်စပ်ကုန်သွယ်ရေးဗျ။ နယ်စပ်ကုန်သွယ်ရေးကို ကောင်းကောင်း မွန်မွန် ရှောရှောရှုရှုနဲ့ ကျနော်တို့ ဖွင့်လှစ်သွားမယ်။ နောက် ဒီနယ်စပ်မှာရှိတဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်း တွေကြားမှာ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဒါဒေသဖွံ့ဖြိုးရေးနဲ့ ဆက်စပ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ လူထုရဲ့ စားဝတ်နေရေး ကျနော်တို့ အောက်ပိုင်းကနေ ခန္တီး- ဒီမုံရွာတို့ ခန္တီးတို့ကနေ သယ်ယူပို့ဆောင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။
ဆီ(စက်သုံးဆီ)တို့၊ ဘာတို့ပေါ့ နောက်ထပ် ဆီ(စားသောက်ဆီ)၊ ဆား အဲ့ဒါတွေ အကုန်လုံးပေါ့ ဓာတ်ဆီတို့၊ ဘာတို့ဆိုတော့ ဒီကိစ္စတွေကကျတော့ ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးအရ ပြန်လည် တင်သွင်းနိုင်ဖို့ ကျနော် တို့က ပိုပြီးတော့ လုပ်မယ်။ အဲဒါဆို စျေးလည်းချိုမယ် ပြီးလို့ရှိရင် မြန်လည်း မြန်ဆန်မယ်ဆိုတော့ ကျနော်တို့က အဲ့ဒီလိုမျိုးတော့ ရှိတယ်။
ဆိုတဲ့အခါကြ ကျနော်တို့ ဒီနယ်စပ်ကုန်သွယ်ရေးကိုတော့ ကျနော်တို့ သေသေချာချာလေးနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်အောင်တော့ ကျနော်တို့က ဆောင်ရွက်ရမဲ့ သဘောတော့ရှိတယ်၊ အဲ့ဒါဆိုရင်တော့ အများကြီး တောင့်ခံနိုင် မဲ့ အနေအထားတော့ ရှိတာပေါ့နော်။
- By CNI
- Category: အင်တာဗျူး
- Hits: 5120
CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့သည့်အခါ တပ်မတော်အနေဖြင့် လွှတ်တော်ကနေ အဆင့်ဆင့် လျှော့ချသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ရှိနေသည်။
အဆိုပါ လက်နက်ကိုင်ပေါင်းများစွာ တည်ရှိနေသော မြန်မာနိုင်ငံအား ဒီမိုကရေစီ ထွန်းကားရေး၊ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး အားလုံး ကြွေးကြော် တည်ဆောက်လျက်ရှိသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို CNI သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာကို တွေ့ရစဉ်
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတာပေါ့။ လက်နက်ကိုင်တွေမရှိမှ တပ်က လွှတ်တော်ထဲ မှာ ပါဝင်မှုကို လျှော့ချမယ်ပေါ့။ လက်နက်ကိုင်တွေ မရှိမှဆိုတာက မဖြစ်နိုင်ဘူးလို့ အားလုံးသိတယ်။ ဒီလိုမျိုး ပြောဆိုလိုက်တာက ဘာကြောင့်ဖြစ်နိုင်လဲ။
ဖြေ ။ ။ အဲဒါကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ လွှတ်တော်နိုင်ငံရေးမှာ တပ်က အမြဲတမ်းပါမယ်လို့ ပြောတာနဲ့ အတူတူပါပဲ။ အကြောင်းပြချက်က မခိုင်လုံဘူးလေ။ နောက်ပြီးတော့ လက်နက်ကိုင် မရှိမှလို့ ပြောတဲ့ဟာက တစ်ခါတလေ လက်နက်ကိုင်အားလုံးက လက်မှတ် ထိုးချင်ပါပြီလို့ ပြောတာတောင်မှ တချို့ကို သူကပဲ ချန်ထား ခဲ့တာပါ။
တမင်တကာ ချန်ထားခဲ့တာ ရှိခဲ့တော့။ အဲဒီလို ချန်ထားနေသမျှတော့ ဘယ်လိုလုပ်ကုန်မလဲ လက်နက်ကိုင် က တော့။ အဲဒါကြောင့် ဒါကတော့ negative နည်းနဲ့ ပြောလိုက်တဲ့ သဘောပါပဲ
မေး ။ ။ ဒါဆို လက်နက်ကိုင်တွေ မရှိတော့မှ ဆိုတာမျိုး မဟုတ်ဘဲနဲ့ တပ်က လွှတ်တော်ထဲ ပါဝင်မှုကို ဘယ်လို လျှော့ချလို့ ရနိုင်မလဲ။
ဖြေ ။ ။ Civilian Supremacy (အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာကို စစ်တပ်မဟုတ်ဘဲ အရပ်သား ခေါင်းဆောင်များကသာ ပိုင်ဆိုင်ပြီး ထိန်းချုပ်ခြင်း)ပေါ့။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရပ်သားတွေ အစိုးရအောက်မှာ လက်နက်ကိုင်တွေ ရှိရမယ်ဆိုရင်တော့ Civilian Supremacy ကို လိုက်နာမယ် ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးက အရပ်သားဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး အောက်မှာ ရှိရမယ်။
အဲဒီ ကာကွယ်ရေးဝန်ကြီးအောက်မှာမှ တပ်ကိုအုပ်ချုပ်တဲ့ တပ်ဗိုလ်တပ်မှူးတွေက ရှိတာကို။ သူတို့က နိုင်ငံရေး ကို တိုက်ရိုက် မပါဘဲနဲ့ တပ်ကနားပြီးတော့ အရပ်သားဖြစ်တော့မှ ကာကွယ်ရေးဝန်ကြီး လုပ်ရင်လည်း လုပ်ပေါ့ လေ နိုင်ငံရေးပါတီကနေ။ မလုပ်နိုင်ဘူးဆိုရင် အရပ်ဘက် Civilian Supremacy အရ ကာကွယ်ရေးဝန်ကြီးက အရပ်သားဖြစ်ရမယ်၊ အရပ်သား ကာကွယ်ရေးဝန်ကြီးအောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးမှာ ဆက်ပါဖို့ မလိုတော့ဘူးပေါ့။ Professional army ဖြစ်သွားမှာပေါ့နော်။
တခြား အိန္ဒိယ army တို့လို၊ နီပေါတို့ ဘင်္ဂလားဒေ့ရှ် army တို့လို Professional army ဖြစ်သွားရင်တော့ Civilian Supremacy ကို လိုက်နာတဲ့အတွက် ပါဖို့မလိုတော့ဘူးပေါ့။ အဲဒီပေါ်လစီကို အဓိက ပြောရမှာဖြစ်ပါတယ်
မေး ။ ။ တကယ်လို့ စစ်တပ်အနေနဲ့ လက်နက်ကိုင်တွေ လုံးဝ မရှိတော့အောင် လုပ်ဆောင်မယ်ဆိုရင်ရော ဘယ်လို လုပ်ဆောင်သင့်တယ်လို့ မြင်မိလဲ။
ဖြေ ။ ။ လုပ်ဆောင်ဖို့ အားလုံးဘက်ပေါင်းစုံ စဉ်းစားပြီးပြီ။ ဦးသိန်းစိန် လက်ထက်တုန်းက လက်နက်ကိုင် အဖွဲ့တွေ အားလုံး ညီလာခံလုပ်ကြတယ်။ အဖွဲ့ ၂၀ ကျော်။ ဆွေးနွေးပွဲမှာ ၁၆ ဖွဲ့ပါလာတယ်။ ၁၆ ဖွဲ့ကလည်း NCA ပေါ်လာတဲ့အခါကြတော့ ပါဝင်လက်မှတ်ထိုးဖို့ အားလုံးက စိတ်ဝင်စားကြပါတယ်။
သို့သော် အဲဒီထဲကမှ မြောက်ပိုင်း သုံးဖွဲ့ပေါ့။ ညီနောင် သုံးဖွဲ့ကို ချန်ထားခဲ့တဲ့ အကျိုးဆက်က နောက်ပိုင်းမှာ လက်နက်ကိုင်ပဋိပက္ခ ပိုကြီးလာတဲ့သဘောပေါ့။ အဲဒါကြောင့် Civilian Supremacy ပေါ်လစီကို အဓိက ခေါင်းဆောင်ကြီးတွေ သဘောပေါက်ဖို့ပဲ လိုပါတယ်။ အဲဒါသဘောပေါက်ရင် ရပါပြီ။
နောက် တပ်ကလည်းပဲ mind self လည်း ပြောင်းဖို့လိုတာပေါ့။ ဒီမိုကရေစီကို တကယ်အလေးအနက် လက်ခံ ယုံကြည်တယ်ဆိုရင်တော့ Civilian Supremacy ကို လက်ခံရမယ့် သဘောရှိတာပေါ့။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်များကို တွေ့ရစဉ်
မေး ။ ။ ပြီးတော့ USDP ဥက္ကဋ္ဌ ဦးခင်ရီ ပြောသွားတာလည်း ရှိတယ်။ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာတဲ့အခါမှာ အဲဒီအစိုးရသစ်က တပ်မတော်နဲ့ ကျောချင်း ရင်ချင်းကပ် မဆောင်ရွက်ရင် သေချာတယ် နောက်နေ့ အဲဒီအစိုးရသစ်က ပြုတ်မှာပဲဆိုပြီး ပြောသွားတဲ့အပေါ် ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒီအပြောကတော့ ဒီမိုကရေစီရဲ့ မူရင်း သဘာဝကို ဆန့်ကျင်တဲ့ သဘောရှိပါတယ်။ နောက်တစ်ခု ကတော့ ဗမာပြည်ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာပေါ့။ ဒီလိုရှိခဲ့တဲ့ဟာကို။ အဲဒီရှိခဲ့တဲ့ သမိုင်းကြောင်းအတိုင်းပဲ ဆက်သွားချင်တဲ့ပုံစံကို ပြောတယ်လို့ ယူဆရပါတယ်။
မေး ။ ။ USDP နဲ့ တပ်နဲ့ အစိုးရဖွဲ့နိုင်မှ အရွေ့တစ်ခုကို ရောက်မယ်လို့ ဆိုလိုချင်တာ ဖြစ်နိုင်မလား။ ဘယ်လို မြင်မိလဲ။
ဖြေ ။ ။ နည်းနည်းတော့ စဉ်းစားရခက်ပါတယ်။ ဘာကြောင့်ဆို သမ္မတကြီး ဦးသိန်းစိန် ၅ နှစ်မှာက ဘာပဲ ပြောပြော ထိန်းထိန်းသိမ်းသိမ်း လုပ်သွားတာ တွေ့ရတယ်။ နောက်ပိုင်း ဒေါ်စု ၅ နှစ်မှာလည်းပဲ ထိန်းထိန်း သိမ်းသိမ်း လုပ်သွားတာ တွေ့ရပါတယ်။ ညှိညှိနှိုင်းနှိုင်းပေါ့၊ ဒါပေမယ့် ၁၀ နှစ်ပဲခံတယ်။ ဒီမိုကရေစီရဲ့ အညွှန့် အညှောင့်က ၁၀ နှစ်ပဲခံပြီး ပျောက်သွားပြီးတော့ ပါတီစုံဒီမိုကရေစီ ပြန်လည် ထွန်းကားအောင် ပျိုးထောင်မယ်လို့ ကြွေးကြော်ကြပါတယ်။
တကယ့် ဒီမိုကရေစီအနှစ်သာရ၊ ပါတီစုံရဲ့အနှစ်သာရ Civilian Supremacy လို့ခေါ်တဲ့ ဒီမိုကရေစီ တိုင်းပြည်တွေ ရဲ့ အနှစ်သာရ အဲဒါတွေကို အဓိပ္ပါယ်ရှိရှိ အသက်ပါပါ ဖော်ထုတ်ဖို့တော့ လိုပါတယ်။ နားထောင်ကောင်းအောင် စည်းရုံးရေး သဘောဆောင်တဲ့ ပြောဆိုတာထက် လက်တွေ့ကျင့်သုံးလာဖို့လည်း လိုတယ်လို့ ယူဆပါတယ်
မေး ။ ။ အခုလိုမျိုး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်က သိပ်ကြာရှည်မခံဘဲနဲ့ တစ်ဖန်အာဏာ ပြန်သိမ်းတာ တွေ ဖြစ်ဖြစ်လာတာကြတော့ ဘယ်လိုစနစ်တွေ၊ လုပ်ဆောင်တာတွေ မှားယွင်းနေတာကြောင့်လဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဖြေ ။ ။ ကျနော်တို့စနစ်က မှားနေတာ ဦးနု လက်ထက်ကတည်းက မှားနေတာပါ။ ပင်လုံစာချုပ် ချုပ်ပြီး ကတည်းကိုက မှားနေတာပါ။ ပင်လုံစာချုပ်ချုပ်တယ်၊ ပင်လုံစာချုပ်အတိုင်း မလုပ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း မရှိတဲ့ နောက်မှာ ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်လုပ်တယ်။ အဲဒီတစ်ပြည်ထောင်ထဲမှာမှ ဦးနုက ဖဆပလ အနှစ် ၄၀ ခံရမယ်ဆိုပြီး ကြွေးကြော်ပြီးတော့ ၁၄ နှစ်လောက်မှာပဲ အကွဲအပြဲဖြစ်လာတဲ့ အခါကြတော့ တပ်နဲ့ပေါင်းတဲ့ဘက်ကနဲ့ မပေါင်းတဲ့ဘက် အရပ်ဖွဲ့မှုဖြစ်လာတယ်။ အဲဒီ ကစပြီးတော့ အကြီးအကဲတွေရဲ့ မရိုးမသား ဒီမိုကရေစီ အနှစ်သာရကို မဖော်ဆောင်ပဲ တစ်ပြည်ထောင်စနစ် လူမျိုးတစ်မျိုး အုပ်ချုပ်တဲ့စနစ်ကို ဖော်ဆောင်လာတဲ့အခါကြတော့ အဲဒီဟာက ဗိုလ်ချုပ်နေဝင်း ကနေစပြီးတော့ လက်နက်ကိုင် တပ်ကနေပြီးတော့ နိုင်ငံရေးအာဏာကို ဝင်ရောက်စွက်ဖက်တဲ့ဟာ အကျင့်ဖြစ်သွားတာပေါ့။
အဲဒါက အခုချိန်ထိ နှစ်ပေါင်း ၅၀ ကျော် ဆက်သွားနေတဲ့ သဘောရှိတာပေါ့။ ဒီသမိုင်းကြောင်း နောက်ခံက ဆက် ထိန်းချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို မလိုအပ်တော့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ဖွဲ့မှာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ အချိန်က အခုချိန်ထိ မရခဲ့ဘူး။ မရသေးဘူးပေ့ါလေ။ အဲဒီ မရ သေးတဲ့အတွက် ကျနော်တို့ ဒီ အနိဋ္ဌာရုံတွေက ဆက်ရှိနေတယ်လို့ ယူဆရပါတယ်။
မေး ။ ။ ဒါဆို ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအနေနဲ့ ဒီမိုကရေစီစနစ်ကို အရင်ပုံစံတွေ အတိုင်း မဖြစ်အောင် ဘယ်လိုပြုပြင်ပြောင်းလဲသင့်တယ်လို့ ထောက်ပြချင်လဲ။
ဖြေ ။ ။ အဲဒါကတော့ ပြောရခက်ပါတယ်။ ကျနော် ဦးခင်ရီ ပြောတာကို နားထောင်ကြည့်ရခြင်း အားဖြင့် တော့ ဘယ်လိုပုံစံနဲ့ပဲ တက်တက် နည်းနည်းချည်ထားတဲ့ သဘောမျိုးလို့ ပြောတာတွေ့ရတော့ အခြေအနေတော့ သိပ်အကောင်း အပြောင်းကြီးတော့ ဟုတ်မယ်မထင်ဘူး။
သို့သော် ခေါင်းဆောင်တွေရဲ့ အကြီးအကဲတွေရဲ့ စိတ်စေတနာနဲ့ အမျှော်အမြင်ပေါ် မူတည်တာပေါ့လေ။ ဒါက တော့ နောက်ပိုင်းမှာ အဆုံးအဖြတ် ဖြစ်လာမှာပါပဲ။ ဒီလောက်ပဲပြောချင်တယ်။ ဒီထက်ပိုပြောလို့ မကောင်းဘူး။
- By CNI
- Category: အင်တာဗျူး
- Hits: 1237
CNI Interview
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် လျှို့ဝှက်သဘောတူညီချက် စာချုပ် တစ်ခု ချုပ်ဆိုထားသည်ဟု အမေရိကန်နိုင်ငံ အခြေစိုက် Silicon Valley Time မှ ဖော်ပြခဲ့သည်။
ထိုသဘောတူညီချက်အရ KIA က အိန္ဒိယကို မြေရှားသတ္တု ရောင်းပေးကာ အိန္ဒိယက KIA ကို လက်နက်ခဲယမ်းနှင့် ဆေးဝါးများ ပြန်လည်ထောက်ပံ့ပေးရန် အချက်များပါဝင်သည်။
လက်ရှိ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် ထွက်ရှိနေသော မြေရှားသတ္တုများကို KIA က ထိန်းချုပ်ထားပြီး တရုတ်မှ ဝယ်ယူနေသည်။
သို့သော် အိန္ဒိယနှင့် KIA ကြား လျှို့ဝှက်သဘောတူညီချက် စာချုပ်ချုပ်ဆိုထားသည်ဆိုသော သတင်းထွက်ပေါ် လာပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး အဘ်ဘေး တာကူးရ်နှင့် စစ်သံမှူးတို့သည် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

KIA နဲ့ မြေရှားသတ္တုကို တွေ့ရစဉ်
မေး ။ ။ KIA နဲ့ အိန္ဒိယတို့ရဲ့ လျှို့ဝှက်သဘောတူစာချုပ်က ဘယ်လို အခင်းအကျင်း ဖြစ်နိုင်မလဲ
ဖြေ ။ ။ ကျမ ကြားတာတော့ အိန္ဒိယက သံအမတ်ကြီးလား ဘာလား လာပြီးတော့ စစ်ကောင်စီကို ရှင်းပြနေ တယ်လို့ ကြားတယ်။ ဘာတွေ ရှင်းပြလဲတော့ မသိဘူး။ ဒါပေမယ့် KIA နဲ့ ဘယ်လိုပဲ ဟိုဒင်းပြုပြုပါ ပထဝီ အနေအထားအရ အဝေးကြီးလေ မလွယ်ပါဘူး။ ထင်တာမြင်တာ ပြောတာထင်တယ်။
နောက်တစ်ခုက ဒီလို မြေရှားသတ္တုတွေက ထွက်ထွက်ချင်း သုံးလို့ရတာ မဟုတ်ဘူးလေ။ သူက processing တွေ လုပ်ရတယ်။ အဲဒီ processing တွေလုပ်တာ တစ်ခုလုံးက တရုတ်က တာဝန်ယူပြီး လုပ်နေတာဖြစ်တယ်။
ဒါကြောင့်မို့လို့ ဒီသတင်းက ဟုတ်ချင်မှ ဟုတ်မယ်ထင်တယ် ကြည့်ရတာ။ တကယ်တော့ အဲဒီမြေရှားဆိုတာ တချို့ နိုင်ငံတွေမှာလည်း ရှိပါတယ်။ ဥပမာ အမေရိကလည်း အများကြီးရှိတယ်။ ဒါပေမယ့် process လုပ်လို့ရှိရင် ပတ်ဝန်းကျင် ထိခိုက်လို့ သူတို့က မလုပ်တာ။ တရုတ်ကတော့ အထိခိုက်ခံပြီးတော့ လုပ်တာပေါ့။ လုပ်ပြီးတော့ ဒါကို Leverage ပေါ့။ သူကိုင်ထားနိုင်တဲ့ ပစ္စည်းအဖြစ်နဲ့ ပြန်သုံးတာပေါ့။ အဲဒီတော့ ဒီမြေရှားက ဘယ်လိုပဲ KIA နဲ့ လက်မှတ်ထိုးထိုး၊ ဘာထိုးထိုး။
မေး ။ ။ ဒါဆို ဒီလိုမျိုး သတင်းထွက်လာတာကရော ဘယ်လိုနိုင်ငံရေးကစားကွက် ဖြစ်နိုင်မလဲ။
ဖြေ ။ ။ ကျမ ကြည့်တာတော့ KIA ကို နည်းနည်း အနှောင့်အယှက် ပေးတယ်နဲ့ထင်တယ် ဘက်စုံကလေ။ တချို့က KIA သူ့ဘာသာသူ ဟိုဒင်းလေး ဖြစ်နေတာကို KIA နဲ့ တရုတ်ကြားမှာလည်း အစားထိုးချင်တာပေါ့နော်။
တကယ်တော့ KIA က သူ့မြေရှားတွေ များသောအားဖြင့် တရုတ်ကို အကုန်လုံးလောက်နီးနီး တရုတ်ကိုပဲ ရောင်း နေတာ ကျမ သိသလောက်တော့။ တရုတ်ကုမ္ပဏီတွေပဲ သွားပြီးတော့ လုပ်နေတာပဲလေ။ အကုန်လုံး တရုတ် ကုမ္ပဏီတွေ ချည်းပဲ။
အဲဒီတော့ တရုတ်နဲ့ KIA တို့ကြားမှာ ပဋိပက္ခ ဖြစ်စေချင်လို့များ ဒီသတင်းလွှင့်လား မသိဘူး။ ဒါပေမယ့် သူတို့ မသိတာက အိန္ဒိယနဲ့ တရုတ်နဲ့က တော်တော်အဆင်ပြေနေပြီ။ သူတို့နှစ်နိုင်ငံပေါင်း သေနင်္ဂဗျူဟာ ဘာဆိုလဲ အဲဒါတောင် စဉ်းစားနေကြတယ်။ တော်တော်အဆင်ပြေ နေပါတယ်။
အဲဒါကြောင့် အိန္ဒိယလည်း ဗမာအစိုးရနဲ့ရော တရုတ်နဲ့ရော ပဋိပက္ခဖြစ်မယ့်ဟာ လုပ်မယ်လို့တော့ မထင်ဘူး။ ကုမ္ပဏီတွေအနေနဲ့ ဆွေးနွေးတာတွေ ရှိနိုင်တယ်။ ဒါပေမယ့် အစိုးရတစ်ရပ် အနေနဲ့တော့ ဖြစ်နိုင်မယ် မထင်ဘူး။

မြေရှားသတ္တု တူးဖော်နေစဉ်
မေး ။ ။ ဒါကတော့ မဖြစ်နိုင်ဘူးဆိုပြီးတော့ ရှုထောင့်ကနေ ပြောတာပေါ့နော်၊ တကယ်ပဲ ထွက်ပေါ်လာတဲ့ သတင်းကသာ မှန်တယ်ဖြစ်ခဲ့ရင် အိန္ဒိယက ဘယ်လိုကစားတာ ဖြစ်နိုင်မလဲ။
ဖြေ ။ ။ အိန္ဒိယကုမ္ပဏီတွေက ဒီလိုတော့ရှိတယ်။ အိန္ဒိယကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ Joint Venture တွေတော့ အများကြီး လုပ်နေတာတွေရှိတယ်။ အဲဒီတော့ အဲဒီကုမ္ပဏီတွေကနေ တဆင့် လုပ်သလား တော့ မပြောတတ်ဘူး။
မေး ။ ။ ဒါဆို မြန်မာ့အရေးကရော တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဘယ်လိုဖြစ်သွားနိုင်မလဲ။
ဖြေ ။ ။ ခုနက ကျမ ပြောသလိုလေ အိန္ဒိယနဲ့ တရုတ်ကြားမှာ သေနင်္ဂဗျူဟာဘက်စုံ မဟာမိတ်ဖွဲ့ရေး စာချုပ်တွေဘာတွေ ချုပ်ဖြစ်ရင်တော့ ဗမာပြည်ရဲ့အရေးကို ကိုင်တွယ်တဲ့အခါမှာ နှစ်နိုင်ငံပေါင်းပြီးတော့ တူညီတဲ့ ပေါ်လစီတို့ မူတို့ ချမယ်ထင်တယ်။ အဲဒီစာချုပ်တွေကိုက အဲဒီအဓိပ္ပါယ်လေ။ သူက တစ်ကမ္ဘာလုံး ချီတဲ့ဟာကို စဉ်းစားတာဖြစ်တာကို။
အဲဒီတော့ တရုတ်နဲ့ အိန္ဒိယကလည်း အဲဒီလို မချုပ်တောင်မှ ဥပမာ BRICS လိုဟာမျိုး၊ SCO လိုဟာမျိုး အဲဒီလို ဟာမျိုးတွေမှာ တရုတ်နဲ့ အိန္ဒိယနဲ့က အမြဲတွေ့နေ ဆွေးနွေးနေတာဖြစ်တော့ အဲဒီလို ပူးတွဲဆွေးနွေးတာပဲ လုပ် လိမ့်မယ် ထင်တယ်။ တစ်သီးတစ်ခြား တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပဋိပက္ခဖြစ်နိုင်တဲ့ ကနကောဇ ဖြစ်နိုင်တဲ့ မူတွေတော့ ချမှာ မဟုတ်ဘူးထင်တယ်။
အဲဒီတော့ ရွေးကောက်ပွဲ ပြီးရင်လည်း စစ်ကောင်စီနဲ့ အိန္ဒိယရော၊ တရုတ်ရော ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထောင်မှာပဲ။ သူတို့နှစ်နိုင်ငံ ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူး ထင်တာပဲ။ အခု ကျမ ကြားနေတာ အဲဒီ မြေရှား သတ္တုတွေ ရှာရင်း ရှာရင်းနဲ့ ရွှေတောင် တွေ့တယ်လို့ ကြားတယ်။ ဘယ်လောက်မှန်လဲတော့ မသိဘူး။ ရှိတာတော့ ရှိနိုင်မယ်ထင်တယ်။ ဒါပေမယ့် အဲဒါလုပ်တာက တရုတ်ကုမ္ပဏီတွေပဲ ကျမ သိသလောက်တော့။
