- By CNI
- Category: လူမှုဘဝ
- Hits: 325
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၆
၂၀၂၁ -၂၀၂၆ ခုနှစ်အတွင်း တပ်မတော်ဦးဆောင် ဖွဲ့စည်းသည့် အစိုးရအဖွဲ့အစည်းတွင် ပါဝင် တာဝန် ထမ်းဆောင်ခဲ့သူများကို ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက်၌ ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားကို နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင် ခန်းမ၌ ကျင်းပခဲ့သည်။
ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ ဦးမင်းအောင်လှိုင်က “အခက်အခဲမျိုးစုံကြားမှ နိုင်ငံတော် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် သစ္စာရှိရှိ၊ ရိုးရိုးသားသား၊ တက်တက်ကြွကြွဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုကြောင်း၊ မိမိတို့ ဦးဆောင်မှုအောက်တွင် ယုံယုံကြည်ကြည်၊ ရဲရဲဝံ့ ဝံ့၊ စွန့်လွှတ်စွန့်စား လုပ်ဆောင်ခဲ့ကြသည်များကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ တာဝန်ထမ်းဆောင်စဉ် ကာလ တွင် ကိုယ်ကျိုးမဖက်၊ အတ္တကင်းကင်းဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် စည်း လုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ကြောင်း”ပြောသည်။

ထို့နောက် မိမိကိုယ်တိုင်းလည်း ဦးစီးဦးဆောင် အကြီးအကဲဖြစ်သဖြင့် ယခု ၅ နှစ်တာ ကာလ၏ အခက်အခဲများ၊ အန္တရာယ်များ၊ အကျပ်အတည်းများကို သိရှိပြီးဖြစ်သကဲ့သို့ ကိုယ်ချင်းလည်း စာနာမိကြောင်း၊ ထိုအထဲမှ ကြိုးကြိုး စားစားဖြင့် သစ္စာရှိရှိ၊ တာဝန်ကျေကျေ၊ အပြစ်ကင်းကင်း ဆောင်ရွက်ခဲ့ကြသည်များကို လေးလေးစားစား အသိ အမှတ်ပြု၊ မှတ်တမ်းတင်လိုသဖြင့် ယခုအခမ်းအနားကို ကျင်းပပြီး ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် အထိ အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့ပြီး လွှတ်တော်နှင့်အစိုးရကို မြန်မာ့တပ်မတော်နှင့်ပူးပေါင်း၍ ဖွဲ့စည်းလျက်ရှိသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီး ဧပြီ ၆ ရက် မှာ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဝန်းကြီးဌာန ၃၀ ကျော် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 828
CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၃
မြန်မာ့တပ်မတော်၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီးကျော်စွာလင်းထံ လွှဲပြောင်းပေးပြီးနောက် အငြိမ်းစားယူခဲ့သော ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီးဖြစ်သူနှင့်အတူ လူမြင်ကွင်းထွက်၍ ဈေးဝယ်နေသည်ကို တွေ့ရသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထံ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် တပ်မတော်ကနေ အငြိမ်းစားယူ၍ မိသားစုနှင့်အတူ အေးအေး ဆေးဆေး အရပ်သားများကြား ဈေးဝယ်နေသည့် ပုံရိပ်များ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1175
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀
မြန်မာနိုင်ငံတွင် စက်သုံးဆီ လိုအပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် “စုံ” ရက်၊ “မ” ရက် ခွဲခြားကာ မော်တော် ယာဥ် ကန့်သတ်မောင်းနှင်စေခြင်း သတ်မှတ်ချက်က အခွင့်ထူးခံဆိုသော အတန်းစား တစ်ရပ်ကို အားပေးအား မြှောက် လုပ်သလိုဖြစ်နေသလို လူထုအတွက်လည်း အခက်အခဲများ ပိုဖြစ်စေသည်ဟု ထောက်ပြမှုများ ရှိလာ သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မော်တော်ယာဥ်များ စုံ/မ ရက်ခွဲခြားပြီး ကန့်သတ် မောင်းနှင်စေခြင်းသည် ပြည်သူများ အကြားတွင် EV (လျှပ်စစ်ကား)သုံးစွဲသည့်သူများ တစ်ပန်းသာနေသည့် အနေအထားမျိုး ဖြစ်နေကြောင်း၊ ထိုသို့ စုံ/မ ကားထွက် ရက် ခွဲခြားသတ်မှတ်သည့် ပြဋ္ဌာန်းချက်သည် ပြည်သူများအတွက် အခက်တွေ့စေသလို တရားမျှတမှု မရှိသည့် အနေအထားမျိုး မြင်တွေ့ရသည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စုံ၊ မ ကားကို လုပ်တယ်ဆိုလို့ရှိရင် နိုင်ငံသားအားလုံးကို အဓိက ဆီချွေတာချင်လို့ စုံ၊ မ ကားကို လုပ်တယ် ဆိုရင် ဘာဖြစ်လို့ EV ကားတွေကိုကျတော့ သူတို့က ဆီနဲ့မဆိုင်ဘူးဆိုပြီးတော့ သူတို့မောင်းချင်တိုင်း မောင်းတယ် ဆိုတဲ့ သဘောတရားကို လွှတ်လိုက်မယ်ဆိုလို့ရှိရင် ဒါဟာ EV ကား ရောင်းရနေဖို့ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက် သွားစေတယ်ပေါ့နော်။ အဲဒီတော့ ပြည်သူလူထုတွေ အားလုံးမှာ EV ကားကိုပဲ စီးတဲ့လူတွေကပဲ တစ်ပန်းသာနေ သလိုလို ဆိုတဲ့ ပုံစံက ဖြစ်နေတယ်ပေါ့နော်။ သာမန် (စုံ၊ မ) စီးနေတဲ့ ကားက လူတွေကျတော့ရော သားသမီးတွေ ကတော့ရော တစ်ရက်ကျောင်း တက်ပြီးတော့ တစ်ရက်အလုပ်သွားပြီး နောက်တစ်နေ့မှာ ငုတ်တုတ်ထိုင်နေရမှာ လား။ အဲ့ဒါကတော့ (Not Fair) ပေါ့နော်။ ကျမမြင်တာ ဒီနေရာကိုတော့ သွားမြင်တယ်။ အဲဒါ နံပါတ်တစ်အချက် ပေါ့နော်” ဟု ပြောသည်။

စက်သုံးဆီ ထည့်နေသူများကို တွေ့ရစဉ်
ထို့ပြင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေပြဋ္ဌာန်းချက် အပေါ်တွင် အခွင့်ကောင်းယူကာ ကိုယ်ကျိုး စီးပွားရှာမည့် ပုဂ္ဂိုလ် များလည်း ရှိလာနိုင်သည်ဟု ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။
၎င်းက “နံပါတ်(၂) အချက်ကတော့ ဆီချွေတာဖို့ကို ဦးတည်ပါတယ်ဆိုရင် နိုင်ငံတော်ကနေ တစ်ခုခုပြလိုက်တာနဲ့ အဲဒီ ပြဋ္ဌာန်းချက်ပေါ်မှာ အခွင့်ကောင်းယူပြီးတော့ လုပ်စားကြတဲ့ဟာတွေ မြင်နေရတာလည်း သိပ်အဆင်မပြေ ဘူး။ တကယ်တမ်းဆိုရင် သူတို့တွေက တော်တော် ဆိုးဆိုးဝါးဝါးတွေ လမ်းမှာ လမ်းရှင်းဖို့၊ အန္တရာယ်ကင်းစေဖို့ ပြည်သူလူထု ယာဉ်အန္တရာယ် ကင်းစေဖို့ ယာဉ်ထိန်းရဲတွေက လုပ်နေတာ မဟုတ်ဘူးလေ။ သူတို့ရဲ့ စားဝတ် နေရေး ရှာဖွေဖို့ အတွက်ကိုပဲ လမ်းမပေါ်တက်ပြီး လုပ်ပေးနေတဲ့ဟာက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အဲဒီ တော့ ဒါက အဆင်မပြေပါဘူး။ ကျွန်မအမြင်ကတော့ ဆီချွေတာအောင် လုပ်တယ်ဆိုရင် ဆီချွေတာတဲ့ စနစ်ကိုပဲ ကျင့်သုံးလိုက်ပါ။ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။
ထိုသို့ စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဥ်များ စုံ/မ ရက် ခွဲခြား၍ မောင်းနှင်သည့်စနစ်ကို ချိုးဖောက် ပါက မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ဥပဒေပုဒ်မ ၁၈၈ အရ အလုပ်မဲ့ထောင်ဒဏ်တစ်လ၊ ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်သည်ဟု သိရသည်။
စုံ/မ အကြောင်း မေးမြန်းမှုများနှင့် ပတ်သက်ပြီး အရေးယူသည့်ရက် မတိုင်ခင်တွင် တိကျစွာတင်ပြပေးမည်ဟု ယာဉ်ထိန်းရဲအရာရှိ ဒုတိယရဲမှူး ကျော်စိုးလွင်မှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
စုံ/မ ရက် သတ်မှတ်ခြင်း ဥပဒေပါ ထောင်ဒဏ် ချမှတ်ခြင်းက မဖြစ်သင့်ကြောင်း၊ အစိုးရအပေါ် ပြည်သူလူထုက အမြင်စောင်းစေနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ပြန်လည်စဥ်းစားရန် လိုအပ်ကြောင်း ရန်ကုန်စောင့် ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ ထည့်နေကြတဲ့ ကားများကိုတွေ့ရစဉ်
၎င်းက “အဲဒီတော့ ဒီစနစ်ကြီးဟာ လုံးဝကြီး မကောင်းတဲ့ စနစ်တော့လည်း မဟုတ်ဘူး။ လေထု ညစ်ညမ်းမှု အတွက်ရော စက်သုံးဆီ ချွေတာရေးအတွက်ရော သင့်တော်တဲ့ အစီအမံတစ်ခုဖြစ်တယ်။ သို့သော်လည်းပဲ လုံးဝ ပြည့်စုံနေတဲ့ စီမံချက်တစ်ခုတော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအစီအစဉ်ကနေ သက်ဆိုင်ရာ ဖမ်းဆီးတဲ့ အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေ ရှိလာနိုင်တယ်။ ဒါကိုလည်း စနစ်တကျ ထိန်းချုပ်ဖို့ လိုတယ်။ နောက် ပြီးတော့ အဓိက,က တရားဥပဒေစိုးမိုးရေး ဇာတ်ကောင်တွေဖြစ်တဲ့ ဒီစီမံချက်နဲ့ပတ်သက်ပြီးတော့ အရေးယူဖို့ တာဝန်ရှိတဲ့ လူတွေက ပြည်သူလူထုကို ပြစ်ဒဏ်ပေးဖို့ဆိုတဲ့ သဘောထားမျိုး ထားနေမယ်ဆိုရင် အစိုးရနဲ့ပြည်သူ ကြားထဲမှာ မိတ်ဖက် ဆက်ဆံရေးဖြစ်လာဖို့ မလွယ်ဘူး။ အန်တီတို့ နိုင်ငံ ပြန်လည်တည်ဆောက်နေတဲ့ အချိန်မှာ အစိုးရနဲ့ ပြည်သူနဲ့က မိတ်ဖက်ဆက်ဆံရေးဖြစ်ဖို့ အရမ်းအရေးကြီးတယ်။ အန်တီကတော့ ပြစ်ဒဏ်ချပြီးတော့ အရေးယူတာမျိုးကို မလိုလားပါဘူး။ အခုထောင်ဒဏ် (တစ်လ) တောင် ချမယ်ဆိုတဲ့ အစီအစဉ်ကတော့ အစိုးရ အပေါ်မှာ ပြည်သူလူထုက အမြင်လွဲစေတယ်။ ဒါကြောင့်မို့လို့ ထောင်ဒဏ် မပါသင့်တဲ့ အစီအစဉ်ဖြစ်သင့် တယ်ပေါ့ နော် ဒီဟာက။ ဒဏ်ငွေလောက်နဲ့ပဲ ပြီးသင့်တဲ့ကိစ္စ ဖြစ်တယ်ပေါ့နော်။ အခုထောင်ဒဏ် တစ်လဆိုတဲ့ဟာကလည်း ဒါသိပ်ပြီးတော့ လက်တွေ့ မကျဘူးလေ။ ပြည်သူကို အမုန်းပွားစေတယ်။ ပြည်သူကို ပြစ်ဒဏ်ပေးလိုတဲ့ စိတ်ဆန္ဒ ကြီး ရှိသလို ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ဒီအချက်ကိုတော့ ပြန်ပြီးတော့ ထောင်ဒဏ်ဆိုတဲ့ အချက် ကို ပြန်လည် စဉ်းစားသင့်တယ်ပေါ့နော်။ ပြဋ္ဌာန်းပြီးလို့ ထုတ်ပြန်ပြီးလို့ မရုတ်သိမ်းချင်ဘူးဆိုရင်လည်းပဲ ဒီဥပဒေ အကောင်အထည်ဖော်မယ် ဆုံးဖြတ်ချက် ချမှတ်တဲ့ သူတွေအနေနဲ့က ထောင်ဒဏ်ကို လုံးဝမချမှတ်သင့်ဘူး” ဟု ပြောသည်။
လက်ရှိတွင် စုံ/မ ရက် သတ်မှတ်၍ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ သွားလာနေရခြင်းကြောင့် ပုဂ္ဂလိက ရုံးလုပ်ငန်းများနှင့် ကျောင်းသားမိဘများ အခက်အခဲများ တွေ့နေကြသလို ခရီးသွားမည့်သူများနှင့် စီးပွားရေးအရ နေ့စဉ် သွားလာနေရသူများ အခက်အခဲများ ကြုံတွေ့နေကြရသည်။
ထို့ကြောင့် စုံ/မ ရက် သတ်မှတ်၍ မောင်းနှင်ရန်အစား စုံ/မ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ကို ခွဲပြီး စက်သုံးဆီ ရောင်းချပေးခြင်း စနစ်ကို ပြောင်းလဲ ကျင့်သုံးခြင်းက နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်ကြောင်း ထောက်ပြ ကြသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 785
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ထိုတံတားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားခြင်းဖြစ်၍ တောင်ကြီး-နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကိုအသုံးပြုကာ ကုန်စည်ကူးသန်းမှု မြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

အဆိုပါ သံလွင်တံတား(တာဆန်း)သည် တံတားအရှည် (၈၇၆)ပေရှိပြီး ယာဉ်သွားလမ်း အကျယ် ၂၃ ပေ၊ ဆိုင် ကယ်လမ်း တစ်ဖက် ၅ ပေစီဖြင့် စုစုပေါင်း တံတားအကျယ် ၃၃ ပေရှိသည့် သံမဏိသံပေါင်တံတားဖြစ်သည်။
ထို့နောက် ရေလမ်းကင်းလွတ် အကျယ် ၂၈၀ ပေရှိပြီး ရေလမ်းကွင်းလွတ် အမြင့် ၃၄ ပေရှိကာ ပေ ၉၀၀ ရှိ သံလွင်တံတား(တာဆန်း) ကြိုးတံတားဟောင်းအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 707
CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မှာ ဝစီပိတ်ဆရာတော် တည်ထားကိုးကွယ်မည့် လောကသရဖူစေတီတော် မြတ်ကြီးကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွား ရောက် ဖူးမြော်ကြည့်ရှုခဲ့သည်။
အဆိုပါ စေတီတော်မြတ်ကြီးကို ဗုဒ္ဓဥယျာဥ်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများလည်း စတင် နေကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဥ်ဝတ္ထုကံတော်အတွင်း တည်ထားသည့် သတ္တသတ္တာ ဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့ကိုလည်း သွားရောက်ဖူးမြော်ကြည့်ရှုခဲ့သေးသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 741
CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံတွင် ကလေးသူငယ်များကို အကာအကွယ်ပေးသည့် ဥပဒေများရှိနေသည့်တိုင် အာဏာပိုင်များ၏ လျစ်လျူရှုနေမှုများကြောင့် ကလေးသူငယ်များကို အလွဲသုံးစားလုပ်၍ ခိုင်းစားနေကြသည်ဟု ရန်ကုန်စောင်ကြည့် အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
လူလားမမြောက်သေးသည့် ကလေးသူငယ်များကို တစ်နေ့တာ ငှားရမ်းပြီး နို့ထဲအိပ်ဆေးခတ်တိုက်၍ တောင်းရမ်း နေခြင်း၊ မိဘများ ကိုယ်တိုင်ကလည်း ကလေးသူငယ်များအား တောင်းရမ်းခိုင်းခြင်း၊ တောင်းရမ်းစားသောက်သူ များသည် ဂိုဏ်းဖွဲ့၍ ကလေးသူငယ်များကို တောင်းရမ်းခိုင်းနေခြင်းတို့ ပြုလုပ်လျက်ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တောင်းရမ်းစားသောက်နေသည့် ကလေးများကို သေချာစုံးစမ်းစစ်ဆေးသင့်ကြောင်း၊ ကလေးသူငယ်များကို အလွဲသုံးစားလုပ်ခြင်းကို သက်ဆိုင်ရာ လူမှုဝန်ထမ်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန များက တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ကြောင်း ရန်ကုန်စောင်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်း က CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များကိုတွေ့ရစဉ်
၎င်းက “အမှန်ကတော့လေ လွှတ်တော် မပေါ်ရင်တောင်မှ ဒီကိစ္စက ရန်ကုန်မှာဆို စည်ပင်သာယာရေးကော်မတီ ပေါ့။ နယ်တွေမှာဆိုရင်တော့ လူမှုဝန်ထမ်းပေါ့။ သက်ဆိုင်ရာ လူမှုဝန်ထမ်းနဲ့ ထွေအုပ်ပေါ့နော်။ ထွေအုပ် ဒီကိစ္စ ကို တာဝန်ယူပြီးတော့ လုပ်ရမှာဖြစ်တယ်ပေါ့။ အဲ့ဒီတော့ လွှတ်တော်ပေါ်ရင်တော့ လွှတ်တော်ကော်မတီတွေက ဒီကိစ္စကို အထူးစီမံချက်တွေ ရေးဆွဲပြီး မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပေါင်းပြီးတော့ ဒီတောင်းရမ်းစားသောက်တဲ့ ကလေးတွေများတဲ့ နေရာတွေကို သူတို့ သေချာစုံးစမ်းစစ်ဆေးမှုတွေ ဒါဥပဒေကို ဒါ ပြောင်ပြောင်တင်းတင်း ကျူးလွန်တာပဲ။ ဒါလူကုန်ကူးမှုပဲ။ ကလေးသူငယ်တွေကို အလွဲသုံးစားလုပ်တာ။ ကလေး သူငယ် ဥပဒေအရလည်း အရေးယူလို့ ရတယ်နော်။ လူကုန်ကူးမှု ဥပဒေအရလည်း အရေးယူလို့ရတယ်နော်။ ဥပဒေကရှိပြီးသား။ အဲ့ဥပဒေကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဒါပေါ့ပေါ့လျော့လျော့ပေါ့ လျစ်လျူရှုနေတဲ့ အတွက်ကြောင့် ဒီကိစ္စတွေ ဖြစ်နေတာပေါ့။ ဒါမြင်တဲ့ သူတိုင်းက သတင်းပေးပါ။ အဲ့ဒါဆိုရင် အဲ့ဒီ သက်ဆိုင်ရာမြို့နယ်က အာဏာပိုင်တွေက ချက်ချင်းသွားပြီး စုံစမ်းပြီး ဒီကလေး ကို လူမှုဝန်ထမ်း ပို့သင့်ရင်ပို့။ ဒီကလေးကို ခုနအလွဲသုံးစားလုပ်နေတာ ဘယ်သူတွေလည်း ဖော်ထုတ်နော်။ အခု ကတော့ အန်တီတို့ အမျိုးသမီးရေးရာအဖွဲ့တွေလည်း ဘာတွေလုပ်နေလဲတော့ မသိဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ သည်။
ကုလသမဂ္ဂ၏ လူကုန်ကူးမှုဆိုင်ရာ သဘောတူညီချက် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကြည့်မည်ဆိုလျှင် လက်ရှိ ရန်ကုန်မြို့အတွင်း ကလေးသူငယ်များကို တောင်းရမ်း စေခိုင်းနေသူများ၏ လုပ်ရပ်များသည် လူကုန်ကူးမှု မြောက် နေကြောင်း ဥပဒေပညာရှင်များက ထောက်ပြကြသည်။
ကလေးသူငယ် အလွဲသုံးစားလုပ်မှုသည် လွှတ်တော်မရှိလည်း လုပ်ရမည့်ကိစ္စဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လုပ်ကြဟေ့ပြောမှ လုပ်ရမည့်ကိစ္စများ မဟုတ်ကြောင်း ရန်ကုန်စောင်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များကိုတွေ့ရစဉ်
၎င်းက “အဲ့ဒါတွေက ကလေးငှားတဲ့ ဈေးကွက်က ရှိတယ်လေ။ ပြည်သူလူထုတွေလည်း သိနေတယ်။ သက်ဆိုင်ရာ အရေးယူရမယ့် တာဝန်ရှိပုဂ္ဂိုလ်တွေ ဘာကြောင့် မသိကြတာလဲ၊ ဘာကြောင့် လျစ်လျူရှုနေကြတာလဲလို့ အန်တီ တို့ မေးခွန်းထုတ်ရမှာပေါ့နော်။ အမှန်ကတော့ လွှတ်တော်မရှိလည်း ဒါတွေက လုပ်ရမယ့် ကိစ္စတွေလေ။ ဒါတွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒါတွေလုပ်ကြဟေ့ အမျိုးသမီးနဲ့ ကလေးဝန်ကြီးဌာနက ဒါတွေလုပ်ကြဟေ့လို့ ပြောမှ လုပ်ရမယ့် ကိစ္စတွေ မဟုတ်ဘူး။ ဒါတွေကို သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ လူမှုဝန်ထမ်းက ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့တွေ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ကိုလုပ်ရမယ့် သူတို့ရဲ့ mandate တွေထဲမှာ ပါတယ်။ ဒါကြောင့် ပြည်သူကလည်း ဒီမြို့နယ်အာဏာပိုင်တွေကို တွန်းအားပေးဖို့ ပေးသင့် တယ်နော်။ ဒီနေရာမှာ ကလေးတွေ ဒီလိုရှိနေပြီဆို မြို့နယ်အုပ်ချုပ်ရေးကို ဖုန်းဆက်ပြီးတော့သော်လည်းပေါ့။ သူတို့ရဲ့ သက်ဆိုင်ရာ page တွေမှာ သွားပြီးတော့ ရေးတာတို့ ဘာတို့ပေါ့နော်။ ဒါမျိုးတွေ လုပ်သင့်တယ်”ဟု ပြော သည်။
ကလေးသူငယ်ဥပဒေပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဂ) တွင် “မိမိကိုယ်ကျိုးစီးပွားအတွက် ကလေး သူငယ်အား တောင်းရမ်း ခိုင်းခြင်း၊ မိဘအုပ်ထိန်းသူအောက်ရှိ ကလေးသူငယ် တောင်းရမ်း စားသောက်နေသည်ကို တားမြစ်ရန် ပျက်ကွက် ခြင်း၊ မိမိက တောင်းရမ်း စားသောက်ရာတွင် ကလေးသူငယ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခြင်း”ကို ကျူးလွန် ပါက ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀ အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဋ္ဌာန်းထားသည်။
ယခုလို ဥပဒေပြဋ္ဌာန်းထားသည့်အတွက် ပြစ်ဒဏ် ကျခံရနိုင်သည် ဆိုခြင်းကို တောင်းရမ်းခိုင်းနေသည့် မိဘများ သိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ လုပ်ဆောင်သင့်သည်ဟု လမ်းပေါ်ကလေးသူငယ်အရေး ဆောင်ရွက်နေသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကလည်း ထောက်ပြကြသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1040
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ) တံတား ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တက်ရောက်ခဲ့သည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံအားကို ၂၀၁၂ ခုနှစ်က သမ္မတ ဦးသိန်းစိန်(ငြိမ်း) ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးစီမံကိန်း ၁ ခု ဖော်ဆောင်ရန် ဆွေးနွေးခဲ့ပြီး နောက် ၂၀၁၃ ခုနှစ်မှာ စီမံကိန်းအား စတင်အကောင်အထည်ဖော်ခဲ့သည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးခဲ့ရာမှ ယခု ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ကွန်ကရစ်သွန်းလောင်း တံတားဆက်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုတံတားသည် သံမဏိကြိုးဆိုင်းတံတား Cable-Stayed Bridge အမျိုးအစားဖြစ်ပြီး ၄ လမ်းသွား တံတားဖြစ် ကြောင်း၊ ပင်မတံတား အရှည်မှာ ၂၂၆၄ ပေ၊ ရန်ကုန်ဘက် ချဉ်းကပ်တံတား အရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၉၇၂ ပေ၊ ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်း ချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်းလုံး၏ စုစုပေါင်း အရှည်မှာ ၆၁၂၇ ပေဖြစ်သည်။
အဆိုပါ တံတားသည် မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် ရေလမ်း ကင်းလွတ်အမြင့်ဆုံး တံတားဖြစ်ပြီး တံတားအောက်မှတန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူး သင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းအသုံးပြုနိုင်ရန် တံတားကင်းလွတ် အမြင့်ပေ ၁၆၀၊ အကျယ် ၉၉၀ ရှိကြောင်း၊ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 945
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆
မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ် အဘိဓမ္မာအခါတော်နေ့ ရွှေတိဂုံဘုရားပေါ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က ဘုရားဖူးမျှော်သူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။
