
- By CNI News
- Category: လူမှုဘဝ
- Hits: 786
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၃
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimalalakshana တို့အပါအဝင် ထိုင်းအစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ မုန်တိုင်းသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ လှူဒါန်းလာကြောင်း သိရသည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လက်ခံရယူခဲ့သည်။
ကယ်ဆယ်ရေးပစ္စည်းများမှာ ယာယီတဲများနှင့်အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များ ဖြစ်ကြောင်း၊ ထိုပစ္စည်းများကို ထိုင်းတော်ဝင်လေတပ်မှ C-130 လေယာဉ်နှစ်စင်းက သယ်ဆောင်လာခဲ့ပြီး မေလ ၂၃ ရက်တွင် ရန်ကုန် လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။
ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရား အပါအဝင် ထိုင်းပြည်သူများမှ လှူဒါန်းသည့် တန်ချိန် ၂၀ ခန့်ရှိသည့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား မိုခါ မုန်တိုင်းဒဏ်သင့် ဒေသများရှိ ပြည်သူများထံသို့ ပေးပို့ ဖြန့်ဖြူးသွားမည်ဟု နစက-က ထုတ်ပြန်ကြေညာသွားသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရခိုင်တစ်ပြည်နယ်လုံး ပျက်စီးသွားသလို ချင်းပြည်နယ်အတွင်းမှာလည်း မတူပီ၊ ဟားခါး၊ တီးတိန်၊ ပလက်ဝမြို့နယ်များလည်း ပျက်စီးထိခိုက်မှုများရှိခဲ့သည်။
ထို့ကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ် နှင့် ချင်းပြည်နယ်အတွင်းက မတူပီ၊ ဟားခါး၊ တီးတိန်၊ ပလက်ဝမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက် သော ဒေသများအဖြစ် သတ်မှတ်ကြေညာခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ရန် ကျပ် သိန်းပေါင်း ၇ သောင်း လှူဒါန်းခဲ့သလို ချင်းပြည်နယ်အတွင်း မုန်တိုင်းသင့် ပြည်သူများအတွက်လည်း ကျပ် သိန်းပေါင်း ၁ သောင်းကျော် လှူဒါန်းခဲ့သည်။
အလားတူ တပ်မတော်(ကြည်း၊ရေ၊လေ) အပါအဝင် ပြည်တွင်း အလှူရှင်များကလည်း ဆန်နှင့် စားနပ်ရိက္ခာ အပါအဝင် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြသည်။

- By CNI News
- Category: လူမှုဘဝ
- Hits: 806
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၁
သဘာဝဘေးဒဏ်သင့် ဒေသများ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကြည့်ရှုဆောင်ရွက်ပေးသွားရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်က သဘာဝဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ သဘာဝဘေးဒဏ်သင့် ဒေသများ၌ ကုန်ဈေးနှုန်း ကြီးမြင့်မှုများ မဖြစ်ပေါ် စေရေးအတွက်လည်း အသားဘူး၊ ငါးဘူးများကို ပို့ဆောင်ပေးခြင်းနှင့် အသား၊ ငါးများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်အောင် စီမံဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၏ စားရေးသောက်ရေး အဆင်ပြေစေရေးအတွက်လည်း တာဝန ရှိသူများက ကြည့်ရှုဆောင်ရွက်ပေးသွားရန်လိုတယ်” ဟု ပြောသည်။
မေလ ၁၄ ရက်နေ့က အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်နယ်တစ်ဝန်း နေအိမ်များ၊ သာသနိက အဆောက်အအုံများ၊ ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခဲ့သလို သစ်ပင်များနှင့် လမ်းမီးတိုင်များ ပြိုလှဲသွားခဲ့သည်။
ထို့နောက် အိမ်ဆောက်ပစ္စည်းနှင့် စားသောက်ကုန်များ ဈေးနှုန်း အဆမတန် မြင့်တက်ခဲ့ခြင်းကြောင့် မုန်တိုင်း သင့် ပြည်သူများ အခက်အခဲများဖြင့် ကြုံတွေ့ကြရသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ် အပါအဝင် ချင်းပြည်နယ်အတွင်းက မတူပီမြို့နယ်၊ တီးတိန်မြို့နယ်၊ ဟားခါးမြို့နယ်၊ ပလက်ဝမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ် သတ်မှတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာခဲ့သည်။
ထိုသို့ ကြေညာပြီးနောက် ရခိုင်ပြည်နယ်က မုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းအတွက် ကျပ်သိန်းပေါင်း ၇ သောင်း ထောက်ပံ့ပေးခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မုန်တိုင်းသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ရန် အလှူငွေများ ပေးအပ်ခဲ့သည်။
ကူညီကယ်ဆယ်ရေးနှင့် ပြည်လည် တည်ဆောက်ရေး လုပ်ငန်းများကို မိုးမကျမီအတွင်း လူအင်အား၊ စက် ယန္တရား အင်အားသုံး၍ လုပ်ငန်းတွင်ကျယ်မှုရှိအောင် ဆောင်ရွက်သွားရန်၊ ဆောက်လုပ်ရေးသုံး သစ်ခွဲ သားများကို ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်း၌ လိုအပ်သည့် သစ်ခွဲသားများ ထုတ်လုပ်နိုင်ရန်လို ကြောင်း၊ သဘာဝဘေးအန္တရာယ် ခိုလှုံရာ Shelter များ ထပ်မံဆောက်လုပ်ပေးရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

- By CNI News
- Category: လူမှုဘဝ
- Hits: 1029
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၁၈
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒေသများ ပြန်လည်ထူထောင်ရေးအတွက် တပ်မတော်အရာရှိကြီး ၁၄ ဦးကို ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ အသီးသီး တာဝန်ခွဲဝေ ပေးအပ်ခဲ့ကြောင်း နစက-က မေလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သွားသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 769
CNI International News
ဘန်ကောက်၊ မေလ ၉
ထိုင်းရဲတပ်ဖွဲ့သည် နာခွန် ရတ်ချာစီမာ (Nakhon Ratchasima) ပြည်နယ်ရှိ ဘုန်းတော်ကြီးဟောင်း ဖရာ အာဂျန် ခွမ်း (Phra Ajarn Khom) ၏ ကျောင်းအနောက်ဘက်တွင် မြုပ်နှံထားသည့် ဘတ်သန်း ၁၀၀ နီးပါး တန်ဖိုးရှိ ငွေသားနှင့် ရွှေချောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Bangkok Post သတင်းတွင် ဖော်ပြသည်။
ထို့ကြောင့် ၎င်းအပေါ် စွပ်စွဲထားသော ငွေကြေး အလွဲသုံးစားမှု ပမာဏသည် ဘတ်သန်း ၃၀၀ ထိ မြင့်တက်လာ ခဲ့ပြီလည်း ဖြစ်သည်။
\
ထိုင်းဗဟို စုံစမ်းစစ်ဆေးရေးဗျူရို၏ ကော်မရှင်နာဖြစ်သူ ရဲအရာရှိ ဂျီရာဟုတ် ဘူရီဒတ် (Jirabhop Bhuridej) က စုံစမ်းစစ်ဆေးသူများနှင့် ဝပ်ပါ ဓမ္မခီရိ (Wat Pa Dhammakiri) ကျောင်းမှ အမှုဆောင်သစ် အဖွဲ့ဝင်များသည် တနင်္ဂနွေနေ့တွင် ပတ်ချုံ (Pak Chong) ခရိုင်တွင်းရှိ ဘုရားကျောင်း တစ်ခုနောက်တွင် မြုပ်နှံထားသော ငွေသား ဘတ်သန်း ၈၀ နှင့် ဘတ် ၁၉ သန်း နီးပါး တန်ကြေးရှိ ရွှေချောင်းများကို တွေ့ရှိခဲ့ရသည်ဟု တနင်္လာနေ့တွင် ပြော သည်။
လက်ရှိအချိန်အထိ အာဏာပိုင်များအနေဖြင့် ဘုန်းတော်ကြီးဟောင်း ဖာရာအာဂျန်းခွမ်း လက်ရှိနာမည် ခွမ်း ခေါင်ကီယို (Khom Khongkaeo) နှင့် အပေါင်းအပါများ အလွဲသုံးစားလုပ်ခဲ့သည့် ငွေသား ဘတ်ငွေ သန်း ၃၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်ဟုလည်း ကော်မရှင်နာက ပြောသည်။
ထိုင်းရဲက ဘုန်းကြီးကျောင်းကို စစ်ဆေးနေစဉ်
အမှုသည် ၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့ကြောင်း၊ ယုံကြည်သူများက လှူဒါန်းသော ငွေကြေး ပမာဏများစွာကြောင့် ဖြစ်ခဲ့ရကြောင်း၊ သံသယရှိသူများအနေဖြင့် ထိုငွေကြေးသည် ၎င်းတို့အား ပြည်သူများ၏ ယုံကြည်မှုကြောင့် ရရှိခဲ့ သည်ဟု မှားယွင်း ယူဆခဲ့ကြကာ လက်တွေ့တွင် ထိုသို့ မဟုတ်ကြောင်းလည်း ဂျီရာဟုတ်က ပြောသည်။
မှားယွင်း အရေးယူမှု မဖြစ်စေရန် သက်ဆိုင်ရာ အာဏာပိုင်များအားလုံးက စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် သံသယရှိသူများကို နောက်ထပ် ၁၂ ရက်ကြာ ထပ်မံ ထိန်းသိမ်းခွင့် ရရှိရေးအတွက် ရဲတပ်ဖွဲ့သည် တနင်္လာနေ့တွင် အကျင့်ပျက်ခြစားနှင့် အလွဲသုံစား လုပ်ခြင်းဆိုင်ရာ ဗဟိုရာဇဝတ်မှု တရားရုံးကို တနင်္လာနေ့၌ တောင်းဆိုခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့် ထိုင်းဘတ်ငွေများကို တွေ့ရစဉ်
ထိန်းသိမ်း ခံထားရသူများတွင် အသက် ၃၉ နှစ်အရွယ် မစ္စတာ ခွမ်း၊ ညီမဖြစ်သူနှင့် ဘုရားကျောင်း၏ ကျောင်း တိုက် ဆရာတော်ဟောင်း တစ်ဦးတို့ပါသည်။
၎င်းတို့သည် ဘုရားကျောင်းမှ ဘတ်ငွေ သန်း ၁၈၀ ကို အလွဲသုံးစား လုပ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံထားရသည်။
မစ္စတာခွမ်းသည် သူ၏ တရားထိုင်သော နည်းစနစ်များကြောင့် ထင်ရှားကာ နာမည်ကျော် နောက်လိုက် အများအ ပြားလည်း ရှိသည်။ ၎င်းအနေဖြင့် မည်သည့် ပြစ်မှုကိုမှ မကျူးလွန်ခဲ့ဟုလည်း မစ္စတာခွမ်းက ငြင်းဆိုသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: လူမှုဘဝ
- Hits: 707
CNI News
၂၀၂၃ ခုနှစ်၊ မေလ ၅
230kV သာကေတဓာတ်အားခွဲရုံ၏ အသစ်တပ်ဆင်သည့် (230/33/11)kV, (100)MVA Bank-2 Transforme r အား ဓာတ်အားပေးနိုင်ရန် Bus D/S တပ်ဆင်ခြင်းနှင့် Connection ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် 230 kV Bus Shutdown ကို မေလ ၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်ထိ လုပ်ငန်းဆောင်ရွက်မည် ဖြစ်သည်။
ထိုလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့ နယ်၊ ဗဟန်းမြို့နယ်များ၏ နေရာအချို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်း ရန်ကုန်လျှပ် စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အား ပြတ်ဧရိယာလျော့နည်းစေရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 820
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်တော်တော်များများတွင် ရပ်ကွက်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုး အခိုးခံရမှုများ ဖြစ်ပွားနေကြောင်း ပြည်သူတချို့၏ ပြောကြားချက်များအရ သိရသည်။
ဧပြီလ ၂၇ ရက်နေ့ မနက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ရပ်ကွက်အတွင်း လမ်း ၄ လမ်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့် ဓာတ်ကြိုးများ အခိုးခံရကြောင်း၊ ထို့အပြင် မြောက်ဒဂုံမြို့နယ်တွင် လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပျောက်ဆုံးသွားသည့် ဓာတ်ကြိုးများကို သက်ဆိုင်ရာ ရပ်ကွက်နေ ပြည်သူများမှ ပြန်လည် ဝယ်ယူပေးရ မည်ဖြစ်ပြီး လက်ရှိတွင် လျှပ်စစ်မီး မရရှိသည့်အတွက် ရေအခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လူမှုကူညီရေး ဆောင်ရွက်နေသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒဂုံမြောက်ပိုင်းမှာလည်း ဟိုရက်ပိုင်းက အဲဒီလိုဖြစ်တယ် မီးကြိုးခိုးခံ ရတယ်။ ခိုးခံရတော့ မီးလည်း မလာတော့ဘူးပေါ့နော်။ အဲဒီလမ်းထဲမှာ နေတဲ့သူတွေက သူတို့ပိုက်ဆံနဲ့ စုပြီး ပြန် ဝယ်ရမယ် ၅ သိန်းဆို ၅ သိန်း၊ ၆ သိန်းဆို ၆ သိန်းပေါ့။ အမှန်ဆို ဓာတ်တိုင်က မီးကြိုးက EPC နဲ့ပဲ ဆိုင်တာလေ။ အခု ဒဂုံအရှေ့မှာ ၈ ရပ်ကွက်မှာပေါ့ ခတ္တာလမ်း အပါအဝင် လမ်း ၄ လမ်းလောက်က မီးကြိုးလည်း ဖြတ်ထား တယ်လို့ မနက်က ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ မီးကြိုးဖြတ်လို့ ဖုန်းဆက်တာတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ က ရေလိုချင်လို့ပေါ့။ အခုက မီးလည်းမလာတော့ ရေကလည်း မလာတော့ဘူးပေါ့” ဟု ပြောသည်။
လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းနေစဉ်
ရန်ကုန်မြို့တွင် ရပ်ကွက်အတွင်း သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးများ အခိုးခံရသည့် ဖြစ်ရပ်များသည် မင်္ဂလာဒုံမြို့နယ်၊ လှိုင်မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ဖြစ်ပေါ်နေ ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီး နေထိုင်သူ တစ်ဦးက “ ဒီမှာဆို လျှပ်စစ်ဓာတ်ကြိုး လေးကြိုး သွယ်ထားတာ။ အခု ၂ ကြိုး ခိုးခံလိုက်ရတယ်။ ၂ ကြိုးပဲ ကျန်တော့တယ်။ အဲတော့ မီးလာရင်လည်း မီးအားက မမီဘူး၊ ရေလည်း တင်မရဘူး၊ ဒါက မီးလာတယ်ဆိုရင်တောင် ကြုံရတဲ့ အခြေအနေနော်၊ ဒါပေမယ့် မီးပျက်ရက်က ပိုများလာပါ တယ်” ဟု ပြောသည်။
တချို့ မြို့နယ်များတွင် လျှပ်စစ်ဓာတ်ကြိုး အခိုးခံရပါက ရပ်ကွက်နေ ပြည်သူများက ပြန်လည် လျော်ပေးရမည် ဆိုသော အာဏာပိုင် တချို့၏ သတ်မှတ်ချက်များ ရှိနေကြောင်း သိရသည်။
လျှပ်စစ်ဓာတ်ကြိုး အခိုးခံရမှု ဖြစ်ပွားခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်နေပြည်သူများမှ ပြန်လည် လျော်ပေးရခြင်း သည် အဓိပ္ပါယ် မရှိကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင်သာ တာဝန်ရှိသည်ဟု လုံခြုံရေးအရ အမည် မဖော်လိုသည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုမြင်မိလဲဆိုတော့ဗျာ မီးကြိုးတက်ဖြတ်တာက ဘယ်သူဘယ်ဝါ တက်ဖြတ်တယ်လို့တော့ ကိုယ် လည်း နားမလည်ဘူးပေါ့နော်။ ဖြစ်နိုင်ခြေရှိတာတော့ မီးကြိုးကို ဓာတ်တိုင်တွေက တတ်ကျွမ်းတဲ့ သူတွေလောက် ပဲ မီးကြိုးလုပ်တယ်လို့ပဲ ထင်တယ်။
ရန်ကုန်မြို့တွင်းက လျှပ်စစ်ဓာတ်ကြိုးများကိုတွေ့ရစဉ်
နောက်တစ်ခုကကျတော့ ပြတ်သွားတယ်ပေါ့နော် ဘယ်သူပဲခိုးသွား ခိုးသွား ဒီမီးကြိုးတွေ ပြန်တပ်ပေးဖို့ ကိစ္စကတော့ EPC နဲ့ ဆိုင်တယ်လို့ ထင်တယ်။ ပြည်သူတွေက မီတာ ထိန်းသိမ်း စောင့် ရှောက်ခလည်း ပေးရတယ်။ မီတာခလည်း ပေးရတယ်လေ။ အဲဒီမီးကြိုးခပါ စိုက်ပေးရမယ်ဆိုတော့ အဓိပ္ပါယ် မရှိ ဘူးလေ” ဟု ပြောသည်။
ဓာတ်ကြိုးများ ဖြုတ်ခိုးခံရသည့် နေအိမ်များမှာ ဓာတ်တိုင်နှင့် အလှမ်းဝေးကြပြီး အချို့မှာ ဓာတ်ကြိုးပြန် လည် တပ်ဆင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့် လိုင်းကြိုးများ အခိုးခံရ၍ဆိုကာ ရပ်ကွက်အလိုက် မီးဖြတ် ခံရမှုများကို နာရီပေါင်းများစွာ ခံနေကြရကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် လျှပ်စစ်မီး ဖြတ်တောက်သည့် အချိန်သည် ၎င်းတို့ ထုတ်ပြန်ထားသော အချိန်ဇယားအတိုင်း ဖြတ်တောက်ခြင်းမျိုး မဟုတ်ဘဲ အချိန်အခါမရှိ ဖြတ်တောက်နေခြင်းတို့ကြောင့် ပြည်သူများ အခက်တွေ့ နေရကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 736
CNI International News
နိုင်ရိုဘီ၊ ဧပြီ ၂၅
အစာငတ်ခံ သေဆုံးခြင်းဖြင့် ကောင်ကင်ဘုံသို့ ရောက်ရှိမည်ဟု ယုံကြည်ထားသော ခရစ်ယာန်အဖွဲ့အစည်း တစ်ခု၏ နောက်လိုက်များဟု ယူဆရသော အလောင်း ၇၃ လောင်းကို တူးဖော်ရရှိခဲ့သည်ဟု ကင်ညာရဲတပ်ဖွဲ့ အကြီးအကဲက တနင်္လာနေ့တွင် ပြောကြောင်း Al Jazeera သတင်းမှာ ဖော်ပြထားသည်။
အလောင်းအများစုကို နိုင်ငံအရှေ့ပိုင်း တောတစ်ခုအတွင်းမှ အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာ တွင်းကြီးများ တွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူများကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပြီး အရေအတွက်မှာ မြင့်တက်လာမည်ဟု ယူဆရသည်။
လူ ၁၁၂ ဦးခန့် ပျောက်ဆုံးနေသည်ဟု သတင်းရရှိထားကြောင်း ကင်ညာကြက်ခြေနီ အဖွဲ့က ပြောသည်။
Good News International Church ဟု ၎င်းတို့ကိုယ် ၎င်းတို့ ကြေညာထားသော ခရစ်ယာန်အသင်းတော် တစ်ခုမှ နောက်လိုက်များသည် ရှာကာဟိုလာ(Shakahola)အမည်ရှိ တောထဲက ဧက ၈၀၀ အတွင်း နေထိုင်ကြသည်။
ထိုနေရာကို ရောက်ရှိနေသည့် ကင်ညာရဲချုပ် ဂျာဖက် ကိုးမီ (Japhet Koome)က သေဆုံးသူ ၅၈ ဦးမှ ၅၀ ကို တွင်းများမှ တူးဖော်တွေ့ရှိခဲ့ကာ ကျန်ရှစ်ဦးကို အသက်ရှင်လျက် တွေ့ရှိခဲ့ရသော်လည်း နောက်ပိုင်းတွင် ပိန်လှီ၍ သေဆုံးသွားခဲ့သည်ဟု ပြောသည်။
အစာငတ်ခံသည့် ဘာသာရေးအဖွဲ့မှ သေဆုံးသွားသူများ၏ ရုပ်အလောင်းများ သယ်ယူနေစဉ်
အသက်ရှင်သူ ၂၉ ဦးကို တွေ့ရှိကယ်ဆယ် ခဲ့ကြောင်းနှင့် နောက်ထပ် အသက်ရှင် ကျန်ရစ်သူများကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
အလောင်း အနည်းဆုံး ၃၁ လောင်းခန့် မြှုပ်နှံထားသည့် တွင်းများကို တွေ့ရသည်ဆိုသော သတင်းကြောင့် ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ပေါလ်မက်ကန်ဇီ (Paul Mackenzie)ကို ဧပြီ ၁၄ ရက်တွင် ဖမ်းဆီးခဲ့သည်။
ထိုအဖွဲ့ဝင် ၁၄ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကိုးမီက ပြောသည်။
မက်ကန်ဇီကို ဧပြီ ၁၅ ရက်တွင် ရုံးထုတ်ကာ စုံစမ်းစစ် ဆေးမှုများ လုပ်ဆောင်ရေး ၎င်းကို နှစ်ပတ်ကြာ ထိန်းသိမ်း ထားရန် တရားရုံးက အမိန့်ပေးခဲ့သည်။
မက်ကန်ဇီသည် ၎င်း၏ နောက်လိုက်များကို အစားအစာနှင့် ရေ မစားသုံးရန် ပိတ်ပင်ခဲ့သူဟုလည်း ကင်ညာ သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိ အချိန်အထိ ၎င်း၏ ကိုယ်စားလှယ်အဖွဲ့က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။
မက်ကန်ဇီ၏ အယူဝါဒသည် စစ်မှန်သော ဘာသာရေးနှင့် သွေဖယ်နေသည်ဟု ကင်ညာသမ္မတ ဝီလီယမ်ရူတို (William Ruto) က ပြောသည်။
အစာငတ်ခံသည့် ဘာသာရေးအဖွဲ့မှ သေဆုံးသွားသူများ၏ ရုပ်အလောင်းများ သယ်ယူနေစဉ်
မက်ကန်ဇီသည် တရားဟောဆရာ ယောင်ဆောင်ထားသည့် ဆိုးရွားသည့် ရာဇဝတ်ကောင် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
တောတစ်ခုလုံးကို ရာဇဝတ်မှု ဖြစ်ပွားရာ နေရာအဖြစ် သတ်မှတ်၍ ပိတ်ဆို့ထားကြောင်း ကင်ညာပြည်ထဲရေး ဝန်ကြီးက ပြောသည်။
ယခုဖြစ်ရပ်သည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို သိသိသာသာ ချိုးဖောက်မှု ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
မက်ကန်ဇီသည် ကလေးငယ်များ သေဆုံးမှုများနှင့် ပတ်သက်၍လည်း ၂၀၁၉ ခုနှစ်နှင့် ယခုနှစ် မတ်လတို့တွင် ဖမ်းဆီး ခံခဲ့ရဖူးသည်။
ဖမ်းခံရမှု နှစ်ခုစလုံးတွင် ၎င်းသည် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကာ လက်ရှိအထိ ထိုအမှုနှစ်ခု စလုံး ကို စစ်ဆေးမှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
Source: Aljazeera

- By CNI
- Category: လူမှုဘဝ
- Hits: 796
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေအခက်အခဲများ စတင်ကြုံတွေ့နေရသည်ဟု ဒေသခံများ နှင့် ရေပေးဝေလှူဒါန်းနေသူအချို့၏ ပြောပြချက်များအရ သိရသည်။
ရာသီဥတု ပူပြင်းသည့်အတွက် ရေတွင်း၊ ရေကန်များလည်း ခမ်းခြောက်လာကြောင်း၊ ထို့နောက် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် ရေအခက်အခဲများ ဖြစ်ကြရကြောင်း၊ ယခုနှစ်သည် ယမန်နှစ်ထက် ရေစောပြီး ခမ်းခြောက်မှုဖြစ်နေကြောင်း မော်လမြိုင်မြို့ ပရဟိအသင်းမှ ကိုဘိုဘိုဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခါတိုင်းနှစ်ကဆိုရင်တော့ ၄ လပိုင်း တော်တော်ကျော်မှ။ အခုက ၄ လပိုင်း အစလောက်ကတည်းက ရေက ရှားပါး မှုကို ပိုခံနေရတာ။ ဒီနှစ်ကတော့ ကျနော်ထင်တာလေ ပိုပြီးတော့ မနှစ်ကထက်စာရင် ဒီနှစ်က ရေခမ်း ခြောက်တာ ပိုမြန်တယ်ဗျ။ အဓိကတော့ ပူလာတဲ့အခါကျတော့ ရေတွင်းတွေ ခမ်းခြောက်တယ်။ နောက် မီးပြတ် တဲ့ အခါကျတော့ ရေတွေက တင်လို့မရဘူး။ အဲဒီပြဿနာတွေကြောင့် ရေရှားမှုပြဿနာတွေ ရင်ဆိုင်နေရတာ။ နောက် ကျနော်တို့ မြေအောက်ရေတွင်းပေါ့နော်၊ မြေအောက်ထဲမှာရှိတဲ့ ရေတွေခမ်းခြောက်မှုတွေကြောင့် ရေ တွင်းတွေ စောစောစီးစီး ရေခမ်းလာတယ်။ အဲဒီ error တွေ တက်တာဗျ” ဟု ပြောသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ ရုံးကိုတွေ့ရစဉ်
သောက်သုံးရေ ရှားပါးသည့် ရပ်ကွက် ကျေးရွာများသို့ ကျေးလက်ဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ် မီးသတ်တပ်ဖွဲ့ များ၊ ရဲတပ်ဖွဲ့များ လူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ဒေသခံ အလှူရှင်များက ရေပေးဝေ လှူဒါန်းမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေကြောင့် ရေပေး ဝေ လှူဒါန်းမှုနှင့် ရေရရှိစေရေး ဆောင်ရွက်ရာ၌ အဆင်မပြေမှုများရှိကြောင်း ရေးမြို့နယ် ပရဟိတအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကာလကလည်း အခြေအနေက တစ်မျိုးဆိုတော့ ကျနော်တို့ ရေးကလည်း လောလောဆယ်က စစ် အုပ်ချုပ်ရေး နယ်မြေ ဖြစ်တဲ့အတွက်လည်း တချို့ကိစ္စတွေက သိပ်လုပ်လို့ကိုင်လို့ အဆင်မပြေဘူးပေါ့နော် အဲဒီလို မျိုးတော့ ရှိတာပေါ့။ ကျနော်တို့ ခါတိုင်းဆို ကျနော်တို့က ရေရဲ့ အရင်းအမြစ်ကို ဘယ်ကနေ ယူမယ်၊ ဘယ်ကနေ ဖြန့်မယ်ဆိုပြီးတော့ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေရော၊ ဌာနဆိုင်ရာတွေကနေ ပေါင်းစပ်တာတွေ ရှိတယ်ပေါ့။ အခု ကာလမှာကျတော့ တော်တော်လေးကို အခက်အခဲ ရှိတယ်ပေါ့နော်။ ကျနော်တို့ ပေါင်းစပ်ဖို့ကလည်း နည်း နည်း အဆင်မပြေဘူးပေါ့နော် အဲဒီလိုတော့ ရှိတယ်။ ရေပေးဝေရေးမှာတော့ လောလောဆယ်တော့ အခက်အခဲ မရှိပါဘူး လောလောလတ်လတ်က လုံလောက်ပါတယ် လူမှုအဖွဲ့အစည်းတွေက။ သို့ပေမယ့် အချိန်က အခက်အခဲ ရှိတယ်ပေါ့ မနက် ၆၊ ည ၆ ဆိုတော့လေ။ ညမမှီဘူးပေါ့၊ ညနေစောင်းဆိုရင် ကျနော်တို့က ၄ နာရီခွဲ၊ ၅ နာရီဆိုရင် ကျနော်တို့က လုပ်ငန်းသိမ်းရပြီလေ။ ဆိုတော့ အလုပ်တော့ သိပ်မတွင်ဘူးပေါ့” ဟု ပြောသည်။
မွန်ပြည်နယ်တွင် နွေရာသီကာလအတွင်း ရေရှားပါးမှု နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ရလေ့ရှိကြောင်း၊ မြို့နယ် တစ်မြို့ နယ်လုံးနီးပါး ရေရှားပါးခြင်း မဟုတ်ဘဲ မြို့နယ်အတွင်းရှိ ရွာတစ်ရွာ သို့မဟုတ် ၃ ရွာ၊ ၄ ရွာ ရေရှားပါးမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်နိုင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
မွန်ပြည်နယ်ရှိ ရေရှားပါးသည့် ဒေသကို ရေလှူဒါန်းနေစဉ်
ဒေါက်တာအောင်နိုင်ဦးက “ရေရှားတာကတော့ နှစ်စဉ်တိုင်း လိုလိုလောက်ပါပဲ။ အနည်းနဲ့ အများပေါ့ကွယ်။ တချို့ နေရာကျတော့ ရှာယူလို့ရတယ်။ အဝေးတစ်နေရာကနေ ရေကဲ့လို့ရတယ်။ တချို့နေရာကျတော့ ၃၊ ၄၊ ၅ ရွာကို တစ်ပိုင် ကဲ့ပြီးတော့ လှမ်းယူရတာ၊ ယူရတာ ခက်တယ်။ ဆိုတော့ မြို့နယ်တစ်ခုလုံး ပုံစံမျိုးတော့ မဟုတ်ဘူး။ မြို့နယ်တိုင်းမှာက တချို့ နေရာကွက်ကျား ရေရှားတာပေါ့။ မြို့နယ်တိုင်းကတော့ အနည်းနဲ့အများ ရှိတယ်။ သို့သော် ကျနော်ပြောတာက တစ်မြို့နယ်မှာဆိုရင် တချို့ ၃၊ ၄၊ ၅ ရွာ။ တချို့ဆိုရင် ၁ ရွာ၊ ၂ ရွာ အဲဒီလိုမျိုးတော့ ကွာမှာပေါ့ကွယ်။ မော်လမြိုင်မြို့ပေါ်မှာတောင်မှ တချို့ရပ်ကွက်တွေမှာ အဲဒီလိုမျိုး ရှားတာရှိတယ်” ဟု ပြော သည်။
ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်၊ ဘီးလင်း၊ ချောင်းဆုံ အစရှိသည့် မြို့နယ်တို့တွင် ဧပြီလ ဆန်းပိုင်းမှစ၍ သောက်သုံးရေ အခက်အခဲ စတင်ကြုံတွေ့နေရကြောင်း၊ အချို့ဒေသတွင် ရေကို ဝယ်သုံးနေရပြီဟု ဒေသခံများက ပြောသည်။
မွန်ပြည်နယ်တွင် ရေတွင်းရေကန်များ တူးဖော်၍ မရသည့် ပင်လယ်ကမ်းခြေနှင့် နီးစပ်သည့် ကျေးရွာများတွင် လည်း နှစ်စဉ် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့ရလေ့ရှိကြောင်း၊ ထို့နောက် ယခုနှစ်တွင် ရာသီဥတု အလွန် ပူပြင်းသည့်အတွက် ရေရှားပါးမှု မဖြစ်ပွားခဲ့ဖူးသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း သောက်သုံးရေ အခက်အခဲ ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။