CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅

နေပြည်တော်မှာ တည်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအတွင်းသို့ ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့် အတွက် လူတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ သတ်မှတ်ကြောင်း သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်နိုင်ရန်အတွက် သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ အခမဲ့ဖွင့်လှစ် ပေးမည်ဖြစ်ပြီး သြဂုတ် ၂၀ ရက်နေ့ နောက်ပိုင်းတွင် ပြည်တွင်းမှ လူတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ ဒေါ်လာ ကောက်ခံမည်ဖြစ်သည်။

 

ထို့အပြင် အပျော်ရိုက်ကင်မရာ(ဖုန်း/ကင်မရာ) ၅၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက်/Video အပါ (နာရီဝက်ပိုတိုင်း- ၅၀၀၀ ကျပ်) ၅၀၀၀၀ ကျပ်၊ ယာဉ်ဝင်ခွင့်(၁)စီးလျှင်(Car Parking အထိ)  ၂၀၀၀၀ ကျပ်၊ Buggy ၁ စီးလျှင် (၄ ယောက်စီး) ၁ နာရီ ၁၀၀၀၀ ကျပ် စသဖြင့်လည်း သတ်မှတ် ကောက်ခံမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့ သည်။

ထိုသို့ ဝင်ကြေးကောက်ခံရခြင်းမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေးအတွက် သတ်မှတ်ကောက်ခံခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။