CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၁၉
လီဗာပူးလ်အသင်းဟာ အိုဆာဆူနာအသင်းက စပိန်ကြယ်ပွင့်မူနော့ဇ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ စပိန်အသင်းရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်နေတဲ့ မူနော့ဇ်ကို ဆေးစစ်မှုပြုလုပ်ဖို့ အမေရိကန်နိုင်ထံ သူတို့ရဲ့အဖွဲ့တွေစေလွှတ်ခဲ့တာပါ။
တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ မူနော့ဇ်ကို လီဗာပူးလ်အသင်းက ၆ နှစ်စာချုပ်ချုပ်မှာဖြစ်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးကို ၂ ရစ်ခွဲပြီးပေးချေမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အိုဆာဆူနာအသင်းအတွက် ၃၆ ပွဲကစားပြီး ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ မူနော့ဇ်ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းက အခြေအနေကောင်းခဲ့တာပါ။
ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဒီ အပြောင်းအရွှေ့ထဲ ဝင်ရောက်လာပြီး မူနော့ဇ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မူနော့ဇ်ဟာ နည်းပြသစ်အီရာအိုလာလက်ထက် လီဗာပူးလ်အသင်းရဲ့ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ မူနော့ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် လိုက်ပ်ဇစ်အသင်းတောင်ပံကစားသမား ဒီယိုမန်ဒီကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီယိုမန်ဒီအတွက် ယူရိုသန်း ၁၀၀ ပေးချေသွားမယ်လို့ လိုက်ပ်ဇစ်အသင်းကို ပြောထားပြီး ဂျာမန်ကလပ်ကတော့ ဒီပြောင်းရွှေ့ကြေးထက် ပိုပြီးလိုချင်နေတာပါ။
အိုင်ဗရီကို့စ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ ဒီယိုမန်ဒီကို ခေါ်ယူဖို့ PSG အသင်းကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒီယိုမန်ဒီဟာ ပြီးခဲ့တဲ့ရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၃၃ ပွဲပါဝင်ကစားပြီး ၁၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
Source: BBC
