
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 503
CNI International News
ဗင်းနစ်၊ စက်တင်ဘာ ၉
၂၀၂၅ ခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့သည့် တရုတ် သရုပ်ဆောင်မင်းသမီး ရှင်းကျီလိုင် (Xin Zhilei) က ၎င်း၏ အောင်မြင်မှုကို မယုံကြည်နိုင်သေးကြောင်း ပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ရှင်းသည် ဒါရိုက်တာ ကိုင်ရှန်ကျွန်(Cai Shangjun) ရိုက်ကူးခဲ့သည့် The Sun Rises on Us All ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
"ကျမ အိပ်မက် မက်နေသလို ခံစားနေရပါတယ်" ဟု ရှင်းက ပြောသည်။
ရှင်းသည် ၂၀၁၁ ခုနှစ်က ဟောင်ကောင်ဒါရိုက်တာ အန်းဟွေ့အွန်ဝါ (Ann Hui On-wah) ရိုက်ကူးခဲ့သည့် A Simple Life ရုပ်ရှင်ဖြင့် ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သည့် ဒီနီ အစ်ပ် တက်ဟန် (Deanie Ip Tak-han) ပြီးလျှင် ဂုဏ်သိက္ခာကြီးမားသည့် ဗင်းနစ်ရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့သည့် ပထမဆုံး တရုတ်မင်းသမီး ဖြစ်သည်။
၎င်းတို့ ၂ ဦး မတိုင်မီ ဗင်းနစ်ရုပ်ရှင်ထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သည့် တရုတ်သရုပ်ဆောင် မင်းသမီးသည် ဂေါင်လီ (Gong Li) ဖြစ်ပြီး သူသည် ၁၉၉၂ ခုနှစ်က The Story of Qiu Ju အမည်ရှိ ရုပ်ရှင်ဖြင့် အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ် သရုပ်ဆောင်မင်းသမီး ရှင်းကျီလိုင်ကို တွေ့ရစဉ်
The Sun Rises on Us All ရုပ်ရှင်ထဲတွင် ရှင်းသည် အသေးစား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မေယုံ (Meiyun) အမည်ရှိ ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဟေလုံးကျန်း (Heilongjiang) ပြည်နယ်တွင် မွေးဖွားခဲ့သည့် ရှင်းသည် ဟာပင် (Harbin) မြို့တွင် ဖက်ရှင် ဒီဇိုင်နာ သင်တန်းကို တက်ရောက်ခဲ့သူဖြစ်သည်။
"ကျမက ဒီဇိုင်နာ တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် မမျှော်လင့်ဘဲ သရုပ်ဆောင် ဖြစ်လာခဲ့တာလေ။ လုံးဝ မမျှော်လင့်ခဲ့တာပါ။ သရုပ်ဆောင် စလုပ်ပြီးတဲ့နောက် တဖြည်းဖြည်းနဲ့ သရုပ်ဆောင်အလုပ်ကို ချစ်မြန်နိုးလာခဲ့ တာပါ" ဟု ရှင်းက ပြောကြားခဲ့သည်။
ရှင်းသည် ၎င်း၏ သရုပ်ဆောင်ဘဝ ပွဲဦးထွက်ကို ၂၀၁၁ ခုနှစ်က Painted Skin ရုပ်ရှင်ဇာတ်လမ်းတွဲဖြင့် စတင်ခဲ့ ခြင်း ဖြစ်သည်။
"အစပိုင်းကတော့ အရမ်းခက်ခဲခဲ့တယ်။ ဘာလို့လဲဆိုတော့ လေ့လာသင်ယူစရာတွေ အများကြီးရှိနေလို့ပါ။ ဒါပေမယ့် ကျမ အပြင်းအထန် ကြိုးစားခဲ့တာကြောင့် ဒီနေရာအထိ ရောက်လာခဲ့တာပါ" ဟု ရှင်းက ပြောကြား ခဲ့သည်။
Source: South China Morning Post

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1702
CNI International News
နယူးဒေလီ၊ မေလ ၁၄
ပြည်ပရုပ်ရှင်ကားများအပေါ် အခွန်များကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်သည် အိန္ဒိယရုပ်ရှင်လောကအပေါ် ဖိအားများ မြင့်တက်စေခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အိန္ဒိယရုပ်ရှင်ကားများသည် ပြည်တွင်းတွင် အခက်အခဲများနှင့် ရုန်းကန်နေရပြီး ပြည်ပတွင် အခွင့်အလမ်းများ ရှာဖွေရန် ကြိုးပမ်းနေချိန်၌ ထရမ့်၏ အခွန်ကောက်ခံမည့် အစီအစဉ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယရုပ်ရှင်များသည် အမေရိကန်တွင် ကြီးမားသည့် အောင်မြင်မှုများရရှိခဲ့ပြီး မြောက်အမေရိကတိုက်၌ Kalki 2898 AD ရုပ်ရှင်သည် ဝင်ငွေ ဒေါ်လာ ၁၈ ဒသမ ၃ သန်း၊ Jawan ရုပ်ရှင်သည် ဒေါ်လာ ၁၅ ဒသမ ၂ သန်း ရရှိခဲ့သည်။
ထို့ပြင် အိန္ဒိယရုပ်ရှင်များသည် မကြာသေးမီ နှစ်များအတွင်း အော်စကာဆုများ၊ အမ်မီဆုများနှင့် ကိန်းစ်ရုပ်ရှင် ထူးချွန်စုများရရှိခဲ့ကာ နိုင်ငံတကာတွင် အောင်ပွဲခံနိုင်ခဲ့သည်။
အိန္ဒိယဘောလီးဝုဒ်ကားနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွင်း အိန္ဒိယရုပ်ရှင်များသည် ဝင်ငွေ ဒေါ်လာ ၂၄၅ ဒသမ ၈ သန်း ရရှိခဲ့သည်ဟု Motion Picture Association (MPA) နှင့် Deloitte စာရင်းစစ်ကုမ္ပဏီတို့က ထုတ်ပြန်ခဲ့သည်။
သို့သော် ပြည်ပရုပ်ရှင်ကား အားလုံးအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသည့် ထရမ့်၏ အဆိုပြုချက် သည် ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်လုပ်ငန်း၊ အထူးသဖြင့် အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်လောကကို ဂယက်ရိုက်ခတ်ခဲ့ သည်။
၂၀၂၄ ခုနှစ်က အိန္ဒိယရုပ်ရှင်ကားများ၏ ပြည်ပနိုင်ငံများမှ ရရှိသည့် box office ဝင်ငွေ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း သည် အမေရိကန်စျေးကွက်မှ ရရှိခြင်းဖြစ်သည်။
ထရမ့်၏ အဆိုပြုချက်အရ အခွန်များ တိုးမြှင့်မည်ဆိုပါက အမေရိကန်တွင် အိန္ဒိယရုပ်ရှင်များ ဖြန့်ချိမှု ကုန်ကျ စရိတ်သည် နှစ်ဆခန့် မြင့်တက်သွားနိုင်ပြီး အမေရိကန်၌ နေထိုင်သည့် ၅ ဒသမ ၂ သန်းခန့်ရှိသော အိန္ဒိယ ပရိသတ် အင်အားသည် လျော့ကျသွားဖွယ်ရှိသည်။
ထို့ပြင် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ရရှိသည့် ဝင်ငွေများ လျော့ကျလာဖွယ်ရှိသဖြင့် အိန္ဒိယရုပ်ရှင်များသည် Netflix နှင့် Amazon Prime ကဲ့သို့ ဒစ်ဂျစ်တယ် ပလက်ဖောင်းများကို ပြောင်းလဲပြီး မှီခိုအားထားရဖွယ် ရှိသည် ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: Nikkei Asia

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1751
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Silom လမ်းမှာ ကျင်းပသည့် ဆွန်ခရမ်ရေကစားပွဲတော်သည် ဧပြီ ၁၅ ရက်မှာ ပြီးဆုံးခဲ့ပြီးဖြစ်၍ မြို့တော်စည်ပင်သာယာရေးအဖွဲ့များက သန့်ရှင်းရေး လုပ်ကိုင်လျက်ရှိသည်။
ဆွန်ခရမ်ရေကစားပွဲတော် ကျင်းပခဲ့သည့် Silom လမ်းပေါ်ရှိ အမှိုက်များကို ဘန်ကောက်မြို့တော် တာဝန်ရှိသူများ နှင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်၍ မြို့တော်စည်ပင်မှ သန့်ရှင်းရေးအား ဧပြီ ၁၄ ရက်နေ့ ည ၉ နာရီတွင် လုပ်ခဲ့ကြသည်။

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1157
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃
ထိုင်းနိုင်ငံတစ်ဝှမ်း ကျင်းပနေသည့် ဆွန်ခရမ်(သင်္ကြန်)ရေကစားပွဲတော်ကို ထိုင်းအတိုက်အခံ Moves Forward Party (ယခု ပြည်သူ့ပါတီ-PP ဟု ပြောင်းလဲဖွဲ့စည်းထား) ခေါင်းဆောင်ဟောင်း ပီတာလည်း ပါဝင် ဆင်နွှဲလျက်ရှိသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံတွင် ဆွန်ခရမ်(သင်္ကြန်)ရေကစားပွဲတော်ကို ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပလျက်ရှိ

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1051

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1007
CNI International News
ဘန်ကောက်၊ မတ်လ ၃၁
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သော်လည်း ဆောင်ခရမ် (Songkran) ရေကစားပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ထိုင်းခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) က မတ်လ ၃၀ ရက်တွင် အတည်ပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းတွင် ငလျင်ဒဏ် မသက်ရောက်ခဲ့သည့် ဟိုတယ်များကို ဖွင့်လှစ်ထားမည်ဖြစ်ပြီး ခရီးသွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများနှင့်ပတ်သက်ပြီး ခရီးသွားများအနေဖြင့် စိတ်ချကြရန် TAT က ပြောကြားခဲ့သည်။
မတ်လ ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အခြေအနေအား လေ့လာသုံးသပ်ခဲ့ရာတွင် ဘန်ကောက်မြို့တော်နှင့် အခြားနေရာ ဒေသများတွင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီကို တွေ့ရှိခဲ့ ရကြောင်း TAT က ပြောကြားခဲ့သည်။
ဥပမာအားဖြင့် ဒွန်မောင်း (Dong Maeang) နိုင်ငံတကာလေဆိပ်နှင့် သုဝဏ္ဏဘူမိ (Suvanabhumi) နိုင်ငံတကာ လေဆိပ်များသည် ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ထားပြီး လေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်း ပြေးဆွဲနေ သည်ဟု ဆိုသည်။
ထိုင်းဆောင်ခရမ် ရေကစားပွဲတော် ကျင်းပနေစဉ်
အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ အထူးသဖြင့် BTSC နှင့် MRT တို့က ပြေးဆွဲပေးနေသည့် လျှပ်စစ်ရထား ဝန်ဆောင်မှုများလည်း ပုံမှန်အတိုင်း အပြည့်အဝ လည်ပတ်နေသည်ဟု TAT က ထုတ်ပြန်ခဲ့သည်။
ခရီးသွားများအတွက် အဓိကကျသည့် နေရာများဖြစ်သော ဟိုတယ်များနှင့် ဖျော်ဖြေပွဲကျင်းပသည့် နေရာများမှာ လည်း ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ခရီးသွားများသည် ၎င်းတို့ ကြိုတင်စာရင်း သွင်းထားသည့် ဘွတ်ကင်များကို ဖျက်သိမ်းခဲ့ခြင်းမရှိကြောင်း၊ ခရီးသွား အေဂျင်စီများကလည်း ၎င်းတို့၏ ကြိုတင်စာရင်းသွင်းမှုများကို ရုပ်သိမ်းခြင်းမရှိကြောင်း TAT က ပြောကြားခဲ့ သည်။
နိုင်ငံတစ်ဝန်းရှိ အဝေးပြေးလမ်းမများ မပျက်စီးသေးဘဲ သွားရေးလာရေးအတွက် အပြည့်အဝ အသုံးပြုနိုင် ကြောင်း၊ ခရီးသွားများ ဘေးကင်းစေရန်အတွက် အထပ်မြင့် ဟိုတယ်များကို စစ်ဆေးရန်အတွက် ထိုင်းနိုင်ငံ အင်ဂျင်နီယာဌာနနှင့် ပြည်သူ့လုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း TAT က ပြောကြားခဲ့သည်။
Source: The Nation

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1669
CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၉
သမိုင်းကြောင်း အစဉ်အလာအရ အနုမာန အယူအဆကို အခြေခံသော၊ စိတ်ကူး သက်သက်မျှသာဖြစ်သော စိတ်မှန်းဖြစ်နိုင်ခြေများကို ဖြစ်တည်ခွင့် မပေးခဲ့ပေ။ ရင်းနှီးမြှုပ်နှံမှုတွင်လည်း ထို့အတူပင် ဖြစ်သည်။
သို့သော်လည်း အဆုံးသတ်တွင် အရေးမပါသည့်ကိစ္စ ဖြစ်နေသည့်တိုင် တစ်စုံတစ်ယောက်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေသည် မည်သို့ဖြစ်လာနိုင်သည်ကို စဉ်းစားကြည့်ရန်မှာ အဓိပ္ပာယ်မရှိဟု သတ်မှတ်၍ မရပေ။
Netflix က ထုတ်လွှင့်ခဲ့သည့် Squid Game ရုပ်ရှင် Season 1 တွင် ဆောင်ဂျီဟွန်း အမည်ရှိ အဓိက ဇာတ်ကောင် နေရာက သရုပ်ဆောင်ခဲ့သည့် လီဂျွန်ဂျေးသည် ထိုရုပ်ရှင် ဇာတ်လမ်းတွဲတွင် ဝမ် ၄၅ ဒသမ ၆ ဘီလျံ (ဒေါ်လာ ၃၁ ဒသမ ၃ သန်း) ဆုကြေးကို ရရှိခဲ့သည်။
မည်သို့ပင်ဆိုစေ လက်တွေ့ဘဝတွင် ထိုဆုကြေးငွေကို ဒစ်ဂျစ်တယ် ငွေကြေးဖြစ်သည့် Bitcoin ဖြင့်ပေးခဲ့မည် ဆိုပါက မည်သို့ဖြစ်နိုင်မည်နည်း။
Squid Game ရုပ်ရှင် Season 2 တွင်မူ ၎င်း ပိုင်ဆိုင်မှုသည် ဝမ် ၇၂ ဒသမ ၄ ဘီလျံအထိ ရှိလာမည်ဖြစ်သည်။
Squid Game ရုပ်ရှင်ကို တွေ့ရစဉ်
အကယ်၍ သူသာ Samsung Electronics ကုမ္ပဏီတွင် ရှယ်ယာများ ရင်းနှီးမြှုပ်နှံမည်ဆိုပါက သူ့ပိုင်ဆိုင်မှုသည် ဝမ် ၃၁ ဒမသ ၆ ဘီလျံ ကျဆင်းသွားလိမ့်မည်ဖြစ်သည်။
အကယ်၍ ဆုကြေးငွေကို ဒေါ်လာဖြင့် ရမည်ဆိုပါက မည်သို့ဖြစ်နိုင်မည်နည်း။ ထိုရုပ်ရှင်ပြသချိန်က ကိုရီးယား၏ ဝမ်ငွေကြေးသည် ၂၄ ရာခိုင်နှုန်း တန်ဖိုးလျော့ကျခဲ့သဖြင့် သူ့အကောင့်ထဲတွင် ဝမ် ၅၆ ဒသမ ၅၄ အထိ ရှိနိုင် မည်ဖြစ်သည်။
Season 2 စတင်ထုတ်လွှင့်သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က Bitcoin တန်ဖိုးသည် ဝမ် ၁၄၈ ဒသမ ၂၂ သန်းရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ crypto ငွေကြေး ပလက်ဖောင်းဖြစ်သည့် CoinMarketCap တွင် ဖော်ပြထား သည်။
Season 1 ထုတ်လွှင့်ချိန်က Bitcoin တန်ဖိုး ဝမ် ၅၇ ဒသမ ၂၈ သန်းရှိခဲ့သဖြင့် Season 2 တွင် Bitcoin တန်ဖိုး သည် ၁၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
(အထက်ဖော်ပြပါ လေ့လာစိစစ်မှုများသည် Squid Game ရုပ်ရှင်ထဲမှ ဆုကြေးငွေကို လက်တွေ့ဘဝတွင် ရင်းနှီး မြှုပ်နှံမည်ဆိုပါက မည်သို့ ဖြစ်နိုင်မည်ဆိုခြင်းကို စိတ်မှန်းဖြစ်နိုင်ခြေများဖြင့် ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်။)
Source: Korea Times

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2345
CNI International News
ဟောင်ကောင်၊ အောက်တိုဘာ ၂၁
ဟောင်ကောင်-တရုတ် ဖက်စပ် သိုင်းကားဖြစ်သည့် Once Upon a Time in China အမည်ရှိ ရုပ်ရှင်ဇာတ်ကား များသည် ၁၉၉၁ ခုနှစ်က တရုတ်၏ ကွန်ဖူးသိုင်းကားများကို တစ်ခေတ်ဆန်းစေသည့်အထိ အောင်မြင်မှုရရှိ ခဲ့သည်။
သို့သော်လည်း ထိုဇာတ်ကားများ အားလုံးသည် ရာနှုန်းပြည့် အောင်မြင်ခဲ့ခြင်းမရှိဘဲ ထင်ထားသလောက် အောင်မြင်မှုမရခဲ့သည့် ဇာတ်ကားအချို့လည်း ရှိခဲ့သည်။
South China Morning Post သတင်းဝက်ဘ်ဆိုက်၏ ဖျော်ဖြေရေးကဏ္ဍတွင်မူ ထိုဇာတ်ကားများနှင့် နောက်ဆက် တွဲ ဆက်စပ်ဇာတ်ကားများ၏ အောင်မြင်မှုကို ယခုကဲ့သို့ အဆင့်ခွဲသတ်မှတ်ခဲ့သည်။
၁၉၉၁ ခုနှစ်က ဒါရိုက်တာ ဆူအီဟာ့ခ် (Tsui Hark) ရိုက်ကူးခဲ့သည့် Once Upon a Time in China ရုပ်ရှင်တွင် တရုတ်၏ သိုင်းပညာရှင်ကြီး ဟွမ်ဖေးဟုန် (Wong Fei-hung) အကြောင်းကို အဓိကထားရိုက်ကူးခဲ့ပြီး ဂျက်လီ (Jet Li) က ဟွမ်ဖေးဟုန် ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ခဲ့သည်။
ဂျက်လီကို တွေ့ရစဉ်
ထိုဇာတ်ကားသည် အောင်မြင်ခဲ့ပြီး ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၄ ဒသမ ၅ ရရှိခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ဒါရိုက်တာ ဆူအီဟာ့ခ်က ထပ်မံ ရိုက်ကူးခဲ့သည့် Once Upon a Time in China 2 ရုပ်ရှင်သည် လည်း အအောင်မြင်ဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး ထိုရုပ်ရှင်တွင် အဓိကဇာတ်ကောင် ဂျက်လီနှင့် နောက်ထပ် နာမည်ကြီး သရုပ်ဆောင် ဒွန်နီယန်း (Donnie Yen) တို့ အပြိုင် သရုပ်ဆောင်ခဲ့ကာ ကြယ် ၅ ပွင့်အဆင့် အပြည့်အဝ ရရှိခဲ့ သည်။
၁၉၉၂ ခုနှစ်မှာပင် ဒါရိုက်တာ လီလစ်ချီ (Lee Lik-chi) ရိုက်ကူးခဲ့သည့် Once Upon a Time a Hero in China အမည်ရှိ ရုပ်ရှင်မှာမူ အောင်မြင်မှု မရခဲ့သလို ဇာတ်ကောင်များမှာလည်း လူသိများထင်ရှားသည့် ဇာတ်ကောင်များ မပါဝင်သဖြင့် ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၂ ဒသမ ၅ သာ ရရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ဆူအီဟာ့ခ် ပြန်လည်ရိုက်ကူးခဲ့သည့် Once Upon a Time in China 3 ရုပ်ရှင်သည် နာမည်ကျော်သရုပ်ဆောင် ဂျက်လီ ပြန်လည်ပါဝင်လာမှုနှင့်အတူ အောင်မြင်မှုရရှိခဲ့ပြီး ကြယ် ၅ ပွင့် အဆင့်တွင် ကြယ် ၄ ပွင့်အထိ ရရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ဝေါင်ကျင် (Wong Jing) ရိုက်ကူးခဲ့သည့် Last Hero in China ရုပ်ရှင်တွင် ဂျက်လီ ပါဝင်ခဲ့သော်လည်း ထင်ထားသလောက် အောင်မြင်မှုမရခဲ့ဘဲ ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ပွင့်သာ ရရှိခဲ့ သည်။
၁၉၉၃ ခုနှစ်မှာပင် ဒါရိုက်တာ လီလစ်ချီ (Lee Lik-chi) ရိုက်ကူးခဲ့သည့် Master Wong Vs Master Wong ဟာသ ရုပ်ရှင်သည် လူသိများထင်ရှားသည့် ဇာတ်ကောင်များ မပါဝင်သဖြင့် အောင်မြင်မှု မရခဲ့ဘဲ ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၂ ပွင့်သာ ရရှိခဲ့သည်။
ဂျက်လီကို တွေ့ရစဉ်
၁၉၉၃ ခုနှစ်မှာပင် ဒါရိုက်တာ ဝူးမား (Wu Ma) ရိုက်ကူးခဲ့သည့် Kickboxer ရုပ်ရှင်တွင်မူ နာမည်ကျော် သရုပ်ဆောင် ဂျက်လီ ပါဝင်ခဲ့သော်လည်း ထင်ထားသလောက် အောင်မြင်မှုမရခဲ့ဘဲ ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ဒသမ ၅ ပွင့်သာ ရရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ယွမ်ဘန် (Yuen Bun) ရိုက်ကူးခဲ့သည့် Once Upon a Time in China 4 ရုပ်ရှင်တွင် အနုပညာကြေး အငြင်းပွားမှုကြောင့် ဂျက်လီက သရုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဂျက်လီလောက် နာမည်မကြီးသည့် ဗင်းဆင့် ကျိုး ဝန်ကျူး (Vincent Zhao Wenzhuo) က အဓိကသရုပ်ဆောင်အဖြစ် အစားထိုးဝင်ရောက် ခဲ့သော် လည်း ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ပွင့်သာ ရရှိခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဆူအီဟာ့ခ် ပြန်လည်ရိုက်ကူးခဲ့သည့် Once Upon a Time in China 5 ရုပ်ရှင်တွင် လည်း ဗင်းဆင်းကျိုးဝန်ကျူးက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုရုပ်ရှင်သည်လည်း ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ဒသမ ၅ ပွင့်သာ ရရှိခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဒါရိုက်တာ ဆမ်မို ဟန်း (Sammo Hung) ရိုက်ကူးခဲ့သည့် Once Upon a Time in China and America ရုပ်ရှင်တွင်မူ ဂျက်လီ ပြန်လည်ပါဝင်လာခဲ့သော်လည်း ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ဒသမ ၅ ပွင့်သာ ရရှိခဲ့သည်။
Source: SCMP

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2454
CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅
ထိုင်းနိုင်ငံတွင် လူကြိုက်များသော ပါတီဖြစ်သည့် Move Forward Party(MFP)မှ ခေါင်းဆောင် ပီတာနှင့်အတူ လွှတ်တော်အမတ်များ၊ ပါတီဝင်များသည် ဆွန်ခရန်ရေကစားပွဲတော်မှာ သင်္ကြန်အကြတ်နေ့က ပါဝင်ဆင်နွှဲနေ သည်ကို ဧပြီ ၁၅ ရက်နေ့တွင် တွေ့ရသည်။
MFP ပါတီသည် ၂၀၂၃ ခုနှစ်၊ မေလက ကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့စည်းရန် ဦးဆောင်ခွင့်ရရှိခဲ့သည်။
သို့သော် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကိုမရရှိခဲ့ခြင်းကြောင့် အစိုးရဖွဲ့စည်းရေး အထမမြောက်ခဲ့ ဘဲ ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ဖြူးထိုင်းပါတီက အစိုးရဖွဲ့စည်းရန် ဦးဆောင်ခွင့်ရရှိသွားခဲ့သည်။
ထို့နောက် MFP ပါတီသည် အတိုက်အခံ ပါတီဖြစ်သွားပြီး ပါတီဖျက်သိမ်းခံရမည့် အခြေအနေထိ ရင်ဆိုင်နေရသည်။

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2781
CNI International News
မဲလ်ဘုန်း၊ မတ် ၆
စင်္ကာပူနိုင်ငံတွင် အဆိုတော်တေလာဆွစ်ဖ် (Taylor Swift) ၏ ဖျော်ဖြေပွဲ ဖြစ်မြောက်စေရန် သဘောတူညီချက် နှင့်ပတ်သက်သည့် လျှို့ဝှက်စီမံ လုပ်ဆောင်မှုများအပေါ် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က ကာကွယ်ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။
တေလာဆွစ်ဖ်သည် မတ်လ ၂ ရက်မှစပြီး မတ်လ ၉ ရက်အထိ စင်္ကာပူတွင် ဖျော်ဖြေပွဲ ၆ ပွဲ ပြုလုပ်မည်ဖြစ်သည်။
ထို့နောက် စင်္ကာပူသည် တေလာဆွစ်၏ နာမည်ကျော် Eras ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်တွင် လက်ခံ ကျင်းပခွင့်ရှိသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့သည်။
တေလာဆွစ်ဖ်၏ စင်္ကာပူဖျော်ဖြေပွဲ အစီအစဉ်များကြောင့် ဂီတကိုရူးသွပ်သည့် အရှေ့တောင်အာရှတွင် အငြင်းပွား မှုများ ပေါ်ပေါက်လာခဲ့သည်။
စင်္ကာပူအစိုးရသည် အခြားနိုင်ငံများ၌ တေလာဆွစ်ဖ်ကို ဖျော်ဖြေခြင်း မရှိစေရန် ငွေကြေး အမြောက်အများ သုံးစွဲပြီး စင်္ကာပူတွင် ဖျော်ဖြေပွဲ ၆ ပွဲအထိ ပြုလုပ်စေရန် စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။
ထိုအကြောင်းအရာသည် များသောအားဖြင့် လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကြောင်းများကိုသာ ဆွေးနွေးလေ့ရှိသည့် မဲလ်ဘုန်းမြို့တွင် ပြုလုပ်သည့် အာဆီယံ-ဩစတြေးလျ ညီလာခံ၌ အဓိကထား ဆွေးနွေးရ သော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
လီရှန်လွန်းကို တွေ့ရစဉ်
“စင်္ကာပူကို လာရောက်ဖျော်ဖြေဖို့ ကျနော်တို့ အေဂျင်စီတွေက တေလာဆွစ်ဖ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါ တယ်။ ပြီးတော့ စင်္ကာပူဟာ သူ့ရဲ့ တစ်ခုတည်းသော ဖျော်ဖြေပွဲကျင်းပတဲ့ နေရာဖြစ်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်” ဟု လီရှန်လွန်းက ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) နှင့်ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“သဘောတူညီချက်ရရှိခဲ့ပြီး အဲဒါဟာ အရမ်းအောင်မြင်မှုရရှိခဲ့တဲ့ စီမံဆောင်ရွက်မှု ဖြစ်ခဲ့ပါတယ်။ ဒါကို မိတ်ဆွေ မဆန်ဘူးလို့ ကျနော် မမြင်မိပါဘူး”ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။
တေလာဆွစ်ဖ်နှင့် သဘောတူညီမှု ရရှိခဲ့သည့် ငွေကြေးဆိုင်ရာ ညှိနှိုင်းချက် အသေးစိတ်ကိုမူ စင်္ကာပူက ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။
တေလာဆွစ်ဖ်သည် စင်္ကာပူဖျော်ဖြေပွဲ အပြီးတွင် ဥရောပသို့ သွားရောက် ဖျော်ဖြေမည်ဖြစ်သည်။
Source: Thai PBS World