
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 798
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၉
အကယ်ဒမီဆုပေးပွဲမှာ ခရစ္စရော့ခ်ကို ပါးရိုက်ပြီးနောက် မင်းသားကြီး ဝီလ်စမစ်ဟာ အော်စကာဆု သို့မဟုတ် တခြားသော အကယ်ဒမီပွဲကို တက်ရောက်ခြင်း မပြုဖို့ ဧပြီ ၈ ရက်နေ့မှာ ရုပ်ရှင်အကယ်ဒမီက ပိတ်ပင်လိုက်တယ်လို့ AP သတင်းမှာ ဖော်ပြ ထားပါတယ်။
မင်းသားစမစ်ရဲ့ လုပ်ရပ်အပေါ် တုံ့ပြန်ချက်တစ်ခု ဆွေးနွေးဖို့ အကယ်ဒမီပေးပွဲ အုပ်ချုပ်ရေးမှူး ဘုတ်အဖွဲ့ရဲ့ အစည်းအဝေး အပြီးမှာ အခု ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။
“၉၄ ကြိမ်မြောက် အော်စကာဆုဟာ ပြီးခဲ့တဲ့နှစ်က မယုံနိုင်လောက်စရာ အလုပ်တွေကို လုပ်ခဲ့တဲ့ ကျနော်တို့ရဲ့ အသိုင်းအဝိုင်း ထဲက လူများစွာရဲ့ ဂုဏ်ပြုပွဲတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် စင်မြင့်ပေါ်တွင် မစ္စတာ စမစ်ရဲ့ ပြသမှုကို ကျနော်တို့ မြင်တွေ့ခဲ့ရပြီး လက်ခံနိုင်ဖွယ်မရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ လွှမ်းမိုးသွားတယ်” လို့ အုပ်ချုပ်ရေးမှူး ဘုတ် အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စမစ်က "အကယ်ဒမီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်လက်ခံပြီး လေးစားပါတယ်" လို့လည်း Smith က တုံ့ပြန် ပြောကြားခဲ့တာ ပါ။
မင်းသား ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲညက ခရစ္စရော့ခ်ကို ပါးရိုက်ပြီးနောက် ရုပ်ရှင် အကယ်ဒမီကနေ ဧပြီ ၁ ရက်နေ့က နုတ်ထွက်သွားခဲ့ပါတယ်။
စမစ်က “ကျနော့်ရဲ့ အပြုအမူအတွက် အကျိုးဆက်အားလုံးကို အပြည့်အဝ လက်ခံမှာပါ။ (၉၄) ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲ မိတ်ဆက်ပွဲမှာ ကျနော့်ရဲ့ လုပ်ရပ်တွေက ထိတ်လန့် တုန်လှုပ်စရာ၊ နာကျင်စရာ၊ ခွင့်လွှတ်လို့ မရပါဘူး”လို့ ပြော ကြားခဲ့တာပါ။
စမစ်ဟာ ပါးရိုက်ပြီးနောက် သူရရှိခဲ့တဲ့ အော်စကာဆုကို ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ပြီး ၎င်းကို လက်ခံဖို့ ထုတ်ဖော် မပြသနိုင်ပေမယ့်လည်း ၁၀ နှစ်တာ ကာလအတွင်း ဆန်ကာတင် စာရင်းဝင်ဖို့ အရည်အချင်း ပြည့်မီနေမှာ ဖြစ်ပါတယ်။
အကယ်ဒမီဟာ အခြေအနေကို ကိုင်တွယ် ဖြေရှင်းမှုအတွက်လည်း တောင်းပန်ခဲ့ပြီး စမစ်ရဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု ဖြစ်တဲ့ "King Richard" အတွက် ဆက်လက် လက်ခံခွင့် ပြုခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ အခန်းတွင်း အခြေအနေကို လုံလောက်စွာ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒီအတွက် ကျနော်တို့ စိတ်မကောင်းပါဘူး” လို့ အကယ်ဒမီဘုတ်အဖွဲ့က ပြောပါတယ်။
ဒါဟာ ကမ္ဘာတစ်ဝှမ်းရှိ ကျနော်တို့ရဲ့ဧည့်သည်တွေ၊ ကြည့်ရှုသူတွေနဲ့ ကျနော်တို့ရဲ့ အကယ်ဒမီမိသားစုအတွက် စံနမူနာပြဖို့ အခွင့်အရေး တစ်ခုဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
အော်စကာဆုပေးပွဲအပြီး ရက်ပိုင်းအတွင်း ထုတ်ပြန်ချက်မှာ အကယ်ဒမီဘုတ်အဖွဲ့က မင်းသား စမစ်ကို အခမ်းအနားကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပေမယ့် သူက ငြင်းဆိုခဲ့ကြောင်းလည်း သိရပါတယ်။
အစီအစဉ် တင်ဆက်သူဖြစ်တဲ့ ခရစ်စ်ရော့ခ်ဟာ ဝီလ်စမစ်ရဲ့ ဇနီးဖြစ်သူ ကတုံးဆံပင်ပုံစံကို ဟာသလုပ် ပြောဆိုခဲ့ပြီး မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကား ရိုက်ရင် ပါဝင်သရုပ်ဆောင်လို့ရပြီလို့ ဆိုတာကြောင့် ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။
Source- AP

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1825
CNI Entertainment News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂
မင်းသားကြီး ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲညက ခရစ္စရော့ခ်ကို ပါးရိုက်ပြီးနောက် ရုပ်ရှင် အကယ်ဒမီကနေ မနေ့က(ဧပြီ ၁ ရက်) နုတ်ထွက်သွားခဲ့ပါတယ်။
ဒါ့အပြင် အဖွဲ့အစည်းက ချမှတ်ထားတဲ့ နောက်ထပ် ပြစ်ဒဏ်တွေကိုပါ လက်ခံသွားမယ်လို့ ပြောကြား ခဲ့တာပါ။
သောကြာနေ့မွန်းလွဲပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စမစ် က “ကျနော့်ရဲ့ အပြုအမူအတွက် အကျိုးဆက်အားလုံးကို အပြည့်အဝ လက်ခံမှာပါ။ (၉၄) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ မိတ်ဆက်ပွဲ မှာ ကျနော့်ရဲ့ လုပ်ရပ်တွေက ထိတ်လန့်တုန်လှုပ်စရာ၊ နာကျင်စရာ၊ ခွင့်လွှတ်လို့ မရပါဘူး”လို့ ပြောကြား ခဲ့ပါတယ်။
ရုပ်ရှင်အကယ်ဒမီ ဥက္ကဋ္ဌ ဒေးဗစ်ရူဘင်ကတော့ စမစ်ရဲ့နုတ်ထွက်စာကို လက်ခံကြောင်း ပြောကြား ခဲ့ပါတယ်။
"ကျနော်တို့ဟာ အကယ်ဒမီရဲ့ ကျင့်ဝတ်စံနှုန်းတွေကို ချိုးဖောက်မှုအတွက် မစ္စတာ စမစ်ကို စည်းကမ်း ပိုင်းဆိုင်ရာ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားပါမယ်" လို့ ဥက္ကဋ္ဌ ဒေးဗစ်ရူဘင်က ပြောခဲ့ ပါတယ်။
အစီစဉ်တင်ဆက်သူဖြစ်တဲ့ ခရစ်စ်ရော့ခ်ဟာ ဝီလ်စမစ်ရဲ့ ဇနီးဖြစ်သူ ကတုံးဆံပင်ပုံစံကို ဟာသလုပ် ပြောဆိုခဲ့ပြီး မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကား ရိုက်ရင် ပါဝင်သရုပ်ဆောင်လို့ရပြီလို့ ဆိုတာကြောင့် ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာဖြစ်ပါတယ်။
Source-AP News

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1674
CNI Entertainment News
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉
(၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲအခမ်းနားမှာ မင်းသားကြီး ဝီလ်စမစ်က အစီစဉ်တင်ဆက်သူကို ပါးရိုက်ခဲ့တဲ့အပေါ် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြန်လည်ရေးသား တောင်းပန်လိုက်ပါတယ်။
"မနေ့ညက အကယ်ဒမီဆုပေးပွဲမှာ ကျနော့်ရဲ့ အပြုအမူက လက်ခံနိုင်စရာမရှိသလို ခွင့်လွှတ်လို့ မရပါဘူး။ ဟာသက အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့်လည်း Jada ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဟာသတစ်ခုက ကျနော့်အတွက် သည်းမခံနိုင်လောက်အောင်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ တုံ့ပြန်ခဲ့တယ်"လို့ ရေးသားထားတာပါ။
ပါးရိုက်ရတဲ့အကြောင်းကတော့ အစီစဉ်တင်ဆက်သူဖြစ်တဲ့ ခရစ်စ်ရော့ခ်ဟာ ဝီလ်စမစ်ဇနီးဖြစ်သူရဲ့ ကတုံးဆံပင်ပုံစံကို ဟာသလုပ်ခဲ့တဲ့အတွက်ကြောင့်ပါ။
ဝီလ်စမစ်ရဲ့ ဇနီးကို မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကား ရိုက်ရင် ပါဝင်သရုပ်ဆောင်လို့ ရပြီဆိုပြီး ခရစ်ရော့ခ်က ပြောလိုက်တာကြောင့် ဝီလ်စမစ်က စင်ပေါ် တက်ပြီး ပါးရိုက်ခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီး မင်းသားကြီး ဝီလ်စမစ်က "ငါ မင်းကို လူသိရှင်ကြား တောင်းပန်ချင်ပါတယ် ခရစ်စ်။ ငါရှက်တယ် ငါ့လုပ်ရပ်တွေက ငါဖြစ်ချင်တဲ့လူကို ညွှန်ပြနေတာမဟုတ်ဘူး။ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမှု ကမ္ဘာမှာ အကြမ်းဖက်မှုအတွက် နေရာမရှိဘူး။ အကယ်ဒမီ ၊ အစီအစဉ်ထုတ်လုပ်သူတွေ ၊ တက်ရောက် လာသူတွေနဲ့ ကမ္ဘာတဝှမ်းက ကြည့်ရှုသူအားလုံးကို တောင်းပန်ပါတယ်" ဆိုပြီး ရေးသားထားတာပါ။
မင်းသားကြီး ဝီလ်စမစ်ရဲ့ ဇနီးဟာ ဆံပင်ပြန်မပေါက်တဲ့ရောဂါကို ခံစားနေရတဲ့အတွက်ကြောင့် အခုလို ကတုံးဆံပင်ပေါက်ပုံစံဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဝီလ်စမစ်ဟာ (၉၄)ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ King Richard ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။