CNI International News

၂၀၂၅ ခုနှစ်၊ မတ်လ ၃၁

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်း ငလျင်တစ်ခုကြောင့် ပြိုကျပျက်ဆီးခဲ့သည့် ထိုင်းနိုင်ငံရှိ နိုင်ငံတော် စာရင်းစစ်ရုံး အဆောက်အအုံသို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်သည် မတ်လ ၃၁ ရက်တွင် လာရောက် စစ်ဆေးခဲ့သည်။

ထို့နောက် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်အား တွေ့ရှိသည့်အခါတွင် နိုင်ငံခြားသားအလုပ်သမားကိုယ်စားပြု အမျိုးသားတစ်ဦးမှ ပိတ်မိနေသည့် မြန်မာအလုပ်သမားများကို အထူးရှာဖွေကယ်ဆယ်ပေးရန် ဉီးညွှတ်ကန်တော့ပြီး အကူအညီ တောင်းခံခဲ့ကြောင်း Khaosod English ဆိုသည့် သတင်းမီဒီယာပေ့ချ်တစ်ခုမှ သတင်းဖော်ပြခဲ့သည်။

ယင်းသို့ အကူအညီတောင်းခံခဲ့သည့် အမျိုးသားတစ်ဦးကို ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်မှနေ၍ အစွမ်းကုန်ကူညီပေးနေကြောင်း မည်သူ မည်ဝါ မည်သည့် နိုင်ငံသားရယ်လို့မဟုတ်ဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင့် ပြန်လည်ပြောဆိုခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်သည် ဒူးထောက်တောင်းပန်နေသည့် အဆိုပါအမျိုးသား၏ ပခုံးနှစ်ဖက်ကို ကိုင်ကာ ပြန်လည်မတ်တပ်ရပ်ရန် ပြောဆိုပြီး ဆက်လက်အားတင်ထားဖို့ကိုလည်း တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ လေးသန်းကျော်နီးပါ အလုပ်လုပ်ကိုင်လျက်ရှိသည်။

Source:Khaosodenglish