- By CNI
- Category: အမျိုးသမီးကဏ္ဍ
- Hits: 180
CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉
မြန်မာနိုင်ငံတွင် အမျိုးသမီးအခန်းကဏ္ဍကို ကြည့်လျှင် ကဏ္ဍအသီးသီးမှာ ပါဝင်မှု မြင့်တက်လာသော်လည်း စွမ်း ဆောင်ရည် တိုးမြှင့်ရန်လိုအပ်နေသေးကြောင်း အမျိုးသမီး နိုင်ငံရေးသမားများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ အစိုးရသက်တမ်းတွင် အမျိုးသမီးဦးဆောင်မှု အခန်းကဏ္ဍအနေဖြင့် ဒုတိယသမ္မတ နေရာ အပါအဝင် လွှတ်တော်တွင် ကိုယ်စားလှယ်ဖြစ်လာသည့် အမျိုးသမီး များစွာပါဝင်လာသော်လည်း စွမ်းဆောင်ရည်ကို မြှင့်တင် ရန် လိုအပ်သည်ဟု ထောက်ပြမှုများ ရှိနေသည်။
မြန်မာ့ငြိမ်းချမ်းရေးကဏ္ဍတွင်လည်း အမျိုးသမီး ပါဝင်မှုနှုန်း မြှင့်တင်ရန်နှင့် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်လာရန်အတွက် ဆောင်ရွက်ခဲ့ရာ အမျိုးသမီး ပါဝင်မှုနှုန်းသည် ၂၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ငြိမ်းချမ်းရေးတွင် အမျိုးသမီး ပါဝင်မှုနှုန်းသည် လက်ရှိ အစိုးရသက်တမ်း၌ မြင့်တက်လာသော်လည်း ပါဝင်ရုံဖြင့်မရဘဲ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးနှင့် ဒေသအကျိုးပြု လုပ်ငန်းများ တိုးတက်ရေးအတွက် စွမ်းဆောင်ရန်လည်း လိုအပ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသမီး ဒုသမ္မတ ဒေါ်နန်းနီနီအေးကို တွေ့ရစဉ်
၎င်းက “NCA စာချုပ်ကို ဆွေးနွေးစဉ်တုန်းက အမျိုးသမီးများ ပါဝင်မှု မြှင့်တင်ရေးနဲ့ အမျိုးသမီးတွေက ဆုံးဖြတ် ချက်ချတဲ့ အဆင့်တိုင်းမှာ ပါဝင်လာဖို့အတွက် သဘောတူညီချက်တွေ ရခဲ့ကြတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီးတွေ ပါဝင်နှုန်းက ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်။ နောက်ဆုံး ငြိမ်းချမ်းရေးညီလာခံမှာ အဲဒီလို တက်ခဲ့တယ်။ အမျိုးသမီးတွေ ပါဝင်ရုံသက်သက်နဲ့ မရဘူး။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အမျိုးသမီးတွေ ပါဝင်လာ ခြင်းသည် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး ဖြစ်ထွန်းဖို့ အရမ်းလိုအပ်တယ်။ ဟုတ်ပါတယ် ဆိုပြီးတော့မှ ပါဝင်ပြီး ဟုတ်ပါတယ်ဆိုပြီးတော့မှ ခေါင်းငြိမ့်နေလို့ မရဘူး။ ငြင်းတာ၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီးတော့မှ အများကြီး တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ကိုယ့်ဒေသအတွက်ပေါ့ အဲဒီလိုမျိုး ကြိုးစားနိုင်စွမ်း ရှိတယ်ဆိုရင် ပါဝင်မှုဟာ ဝမ်းသာစရာကောင်းပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ခန့်အပ်ခြင်းနှင့် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်လာကြကြောင်း၊ သို့သော် လွှတ်တော်တွင် ဖွဲ့စည်းထားသော ကော်မတီများတွင် အမျိုးသမီး ပါဝင်မှုနှုန်း နည်းပါးလျက်ရှိသလို ခေါင်းဆောင်မှုပိုင်း တာဝန်များ ခန့်အပ်ထားမှုများလည်း အလွန်နည်းပါးလျက်ရှိ သည်။
နိုင်ငံတကာ စံချိန်စံနှုန်းတွင် အစိုးရအဖွဲ့အစည်းဖြစ်စေ၊ လူမှုရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းဖြစ်စေ အမျိုးသမီး ပါဝင်မှုနှုန်းကို ၄ ပုံ ၁ ပုံ မဖြစ်မနေ ထည့်သွင်းရန် ပါရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ ကဏ္ဍအသီးသီးရှိ အဖွဲ့အစည်းများတွင် အမျိုးသမီး ပါဝင်မှုနှုန်းကိုလည်း နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာ၏ ယုံကြည်မှုကို ရရှိမည်ဟု အမျိုးသမီးအရေးဆောင်ရွက်သူများက ထောက်ပြကြသည်။

အမျိုးသားလွှတ်တော် သဘာပတိကနေ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ဖြစ်သွားသူ ဒေါ်ဒွဲဘူကို တွေ့ရစဉ်
လက်ရှိ လွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသည် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်အလိုက် အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ကြီးရွယ်အို အခွင့်အရေး များ၊ အုပ်ချုပ်သူများ၏ လာဘတ်စားမှုများနှင့် မသမာမှုများကို ကွင်းဆင်းစစ်ဆေးပြီး လွှတ်တော်တွင် တင်ပြခြင်း များ လုပ်ဆောင်၍ ထိန်းကျောင်းရန် လိုအပ်သည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညို သင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အထူးသဖြင့် လွှတ်တော်ထဲမှာ ရောက်ရှိနေတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့က မိမိရဲ့ မဲဆန္ဒနယ်အတွင်းမှာ လူမှုဝန်ထမ်းဌာနက ပေးထားတဲ့ အခွင့်အရေးတွေပေါ့ အမျိုးသမီး ကိုယ်ဝန်ဆောင် တွေကို ပေးထားတဲ့ အခွင့်အရေးတွေ၊ ကလေးသူငယ်တွေကို ပေးထားတဲ့ အခွင့်အရေးတွေ၊ အသက်အရွယ်တွေကို ထောက်ပံ့ထားတဲ့ ကိစ္စတွေပေါ့။ အဲဒါတွေကို မိမိတို့ မဲဆန္ဒနယ်အတွင်းက ပြည်သူလူထု၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ အဖိုးအဖွားတွေ အမှန်တကယ် ရရှိခြင်း ရှိ/မရှိ၊ မေးမြန်းရမယ်၊ မေးခွန်းထုတ်ရမယ်၊ အဲဒါတွေကို စစ်ဆေးရမယ်၊ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ လူမှုဝန်ထမ်းဆိုင်ရာ လုပ်ဆောင်မှုအပေါ်မှာ တကယ် ကိုယ့်ရဲ့ မဲဆန္ဒနယ်ပြည်သူလူထု ရ/မရကို စစ်ဆေးတာတို့ကို အနည်းဆုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လုပ်ရမယ့်ကိစ္စတွေပဲ”ဟု ပြောသည်။
အလားတူ အုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူလူထုအပေါ် အခြေခံ အခွင့်အရေးများ ချိုးဖောက်မှု ရှိ/မရှိကိုလည်း အမျိုးသမီးလွှတ်တော်အမတ်များက မိခင်နှလုံးသားဖြင့် စမ်းစစ်ပေးရမည်ဟု ဒေါက်တာညိုညိုသင်းက ထောက်ပြ သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကြားက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တွေ့ရစဉ်
၎င်းက “တစ်ခါ စည်ပင်သာယာရေး ဝန်ထမ်းတွေက အုပ်ချုပ်ရေး ဝန်ထမ်းတွေက ကိုယ့်ရဲ့ မဲဆန္ဒနယ် ပြည်သူ လူထုတွေရဲ့ အခြေခံ အခွင့်အရေးတွေကို ချိုးဖောက်မှု ရှိ/မရှိ၊ အဲဒါတွေကို အမျိုးသမီး တွေက မိခင်နှလုံးသားနဲ့ စမ်းစစ်ပေးရမယ်၊ ထိန်းကျောင်းပေးရမယ်ပေါ့။ ဧည့်စာရင်းတိုင်တဲ့ကိစ္စတွေမှာ ငွေကြေးလာဘ်လာဘတွေ ယူ လား၊ မယူလားဆိုတာ အုပ်ချုပ်ရေးမှူးတွေမှာ စုံစမ်းတာတွေ၊ လုပ်ပေးသင့်တယ်ပေါ့နော်။ ပြည်သူလူထုက ၅၀၀၀၊ ၁၀,၀၀၀ သက်သာလည်း မနည်းဘူးလေ။ သူတို့အတွက် ဆန်လေး နို့ဆီဘူး ၃,၄ လုံးစာ ရတာပေါ့။ ဒါကြောင့် မိခင် ဆန်တဲ့ နှလုံးသားတွေနဲ့ အုပ်ချုပ်သူ တချို့ရဲ့ စည်းပျက်ကမ်းပျက် လုပ်ဆောင်မှုတွေ၊ အုပ်ချုပ်သူတချို့ရဲ့ မသမာမှု တွေကို အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေက ထိန်းကျောင်းပေးကြဖို့ လိုတယ်ပေါ့နော်” ဟု ပြောသည်။
မြန်မာ့နိုင်ငံရေး အခင်အကျင်းနှင့် အုပ်ချုပ်မှုစနစ်တွင် အမျိုးသမီး ပါဝင်မှုနှင့် ခေါင်းဆောင်မှုတွင် အမျိုးသမီး များကို အလေးပေးမှု နည်းပါးနေသော်လည်း လက်ရှိ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ တိုးတက် လာသည့်အတွက် ကောင်းမွန်သည့် အပြောင်းအလဲဖြစ်ကြောင်း အမျိုးသမီးအရေးဆောင်ရွက်သူများက ထောက် ပြသည်။
၂၀၂၅ အထွေထွေ ရွေးကောက်ပွဲ၌ လွှတ်တော်အသီးသီးတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်းသွင်းသူ ပြည်သူ့လွှတ်တော်တွင် ၃၀၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၁၉၀ ဦးနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ၇၀၄ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမည်စာရင်း တင်းသွင်းသူများအနက် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြု ကြေညာထားသည့် အရေအတွက်မှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၁၈၃ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ စာရင်းများအရ သိရသည်။
- By CNI
- Category: အမျိုးသမီးကဏ္ဍ
- Hits: 2126
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၈
ရုရှားဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှတို့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့ပြင် နစကဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာဥက္ကဋ္ဌ Mrs.Anna Nesterova နှင့် မော်စကိုမြို့ရှိ ရုရှားဖက်ဒရယ်ကောင်စီရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ သည်။

ဒေါ်ကြူကြူလှသည် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာဥက္ကဋ္ဌ Mrs.Anna Nesterova ကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဖြစ်သူတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားသမ္မတပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည်။
အဆိုပါ ခရီးစဉ်အတွင်းမှာ မေလ ၉ ရက်တွင် ကျင်းပမည့် ၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။
- By CNI
- Category: အမျိုးသမီးကဏ္ဍ
- Hits: 6190
CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်သည် လက်အောက်ဝန်ထမ်းအတွင်းရေးမှူး အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုအတွက် အရေးယူပေးရန် အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ(WAC-M)က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။
NUG ၏ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်သည် လက်အောက် ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခဲ့ခြင်းကြောင့် ဝန်ထမ်းက အရေးယူပေးရန် NUG ကို တောင်းဆိုခဲ့သည်။
သို့သော်လည်း NUG က ထိရောက်စွာ အရေးယူမှုမလုပ်ဘဲ နှုတ်အားဖြင့်သာ သတိပေးခဲ့ကြောင်း၊ ထို့နောက် ဆလိုင်းအိုက်ဇက်ခင်က တိုင်ကြားခဲ့သော ဝန်ထမ်းအမျိုးသမီးနှင့် သက်သေ ထွက်ဆိုသော ဝန်ထမ်းတို့ကို တာဝန်မှ ရပ်ဆိုင်းခဲ့သည်။

WAC-M ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
WAC-M က “ကျူးလွန်သူ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်သည် ယခင်အချိန်ကတည်းက အိမ်တွင်း အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများကို ကျူးလွန်ခဲ့သော ရာဇဝင်ရှိသူ ဖြစ်နေပါသော်လည်း ပြစ်ဒဏ်စီရင်ခြင်းမှ ကင်းလွတ်ခွင့်ရနေသူ တစ်ဦးဖြစ်ပါသည်။ ထို့အပြင် ကျူးလွန်သူသည် အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးအား တာဝန်ခံထားသော ဦးဆောင်သူ ဖြစ်သော်လည်း ၎င်း၏လုပ်ပိုင်ခွင့် အခွင့်အာဏာကို မလျော်သြဇာသုံး၍ ကျူးလွန်ခံရသူအား အလုပ်မှ ထုတ်ပယ်ခြင်းကိုလည်း ဆက်လက် ကျူးလွန်ခဲ့သည်”ဟု ထုတ်ပြန် ပြောကြားထားသည်။
ထို့နောက် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအား လုံးဝလက်သင့် မခံရေးမူ ကိုင်စွဲပြီး အာဏာရှင် တိုက်ဖျက်ရေး နှင့် ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေသည့် အမျိုးသမီးအင်အားစုအနေဖြင့် အဆိုပါ ကျူးလွန်မှုအား အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ(WAC-M)မှ ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ သည်။

ဆလိုင်းအိုက်ဇက်ခင် ရေးသားထားမှုကို တွေ့ရစဉ်
ထို့အပြင် ကျူးလွန်သူအား NUG-PSHEA မူဝါဒအရ ထိရောက်စွာ အရေးယူ အပြစ်ပေးပါရန်၊ အမှုကိစ္စကို စိစစ် ကြားနာ အရေးယူမှုများကို အမြန်ဆုံးဆောင်ရွက်ပေးပါရန်၊ နစ်နာသူအား လိုအပ်သည့် ကုစားမှုများ ဆောင် ရွက်ပေးပါရန်၊ အဆိုပါ အမှုကိစ္စဆောင်ရွက်မှုနှင့် ဆုံးဖြတ်ကိုင်တွယ်မှုကို အများပြည်သူအား အသိပေးထုတ်ပြန် ပေးပါရန် WAC-M က ထုတ်ပြန် တောင်းဆိုခဲ့သည်။
ဆလိုင်းအိုက်ဇက်ခင်ကတော့ လေးစားစွာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားပါမည်ဟု သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားသည်။
ဆလိုင်းအိုက်ဇက်ခင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)၏ ချင်းပြည်နယ်အစိုးရအဖွဲ့၌ စည်ပင်ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး တာဝန် မပြီးဆုံးခင်မှာ ရာထူးကနေ နုတ်ထွက်ခဲ့ရဖူးသည်။
ထို့နောက် အမျိုးသမီးအရေး၊ လူ့အခွင့်အရေး လုပ်ငန်းများတွင် အရပ်ဖက်အဖွဲ့အစည်း အနေဖြင့်လည်း လုပ်ကိုင်ခဲ့ဖူးသည်။
- By CNI
- Category: အမျိုးသမီးကဏ္ဍ
- Hits: 5948
CNI International News
တိုကျို၊ ဒီဇင်ဘာ ၁၆
စစ်သားဟောင်းတစ်ဦး ဖော်ထုတ်ခဲ့သော လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု တစ်ခုနှင့်ပတ်သက်၍ ဂျပန်အစိုးရက စစ်သား ၅ ဦးကို ရာထူးမှ ထုတ်ပယ်ကာ ၄ ဦးကို အပြစ်ပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
ထိုဖြစ်စဉ်ကြောင့် ဂျပန်ကာကွယ်ရေးဌာနအတွင်း ကြုံတောင့်ကြုံခဲ စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်ခဲ့ပြီး တခြား အနိုင်ကျင့်မှုဆိုင်ရာ တိုင်ကြားမှု ၁၀၀ ကျော်ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။
ရီနာ ဂိုနွိုင် (Rina Gonoi)ဟု ခေါ်သော စစ်မှုထမ်းဟောင်း အမျိုးသမီးတစ်ဦးက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်တွင် ကာကွယ်ရေးဌာနကို တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားတပ်ဖွဲ့ဝင်များက သူမအပေါ် အနိုင်ကျင့်မှုများစွာ ပြုလုပ်ခဲ့ကြောင်းနှင့် ၎င်းတို့က သူမ၏ စစ်သည် အမျိုးသမီးဘဝကို လက်လျော့ရန် ဖြစ်စေခဲ့သည်ဟု ရီနာက ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ စစ်တပ်မှ ထုတ်ပယ်ခံရသူ ၅ ဦးနှင့် အပြစ်ပေးခံရသူ ၄ ဦးက အောက်တိုဘာလတွင် သူမကို တောင်းပန်ခဲ့သည်။

ဂျပန်စစ်တပ် အရာရှိများက ရီနာဂိုနွိုင်ကို ပြန်လည် တောင်းပန်နေစဉ် (GETTY IMAGES)
ထုတ်ပယ်ခံရသူ ၅ ဦးမှာ အပြစ်ပေးခံရသူ ၄ ဦးကို ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ၎င်းတို့ ၉ ဦးအပြင် ရီနာ ဖူကူရှီးမားတွင် ရှိခဲ့စဉ်က အရာရှိအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးကိုလည်း သင့်တော်သော စစ်ဆေးမှု ပြုလုပ် ရန် ပျက်ကွက်မှုဖြင့် ၆ လ ရာထူးဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်ခဲ့ကာ နောက်ထပ် ၃ ဦးကိုလည်း ပြစ်ဒဏ် ပေးခဲ့သည်ဟု သိရသည်။
ယခု ဖြစ်ရပ်များအတွက် ရီနာကို တောင်းပန်ကြောင်း ဂျပန်စစ်ဦးစီးချုပ် ယိုရှိဟိုက် ယိုရှီဒါ (Yoshihide Yoshida) က ထပ်ဖန်တလဲလဲ တောင်းပန်ခဲ့ကာ အနိုင်ကျင့်မှုများကို အဆုံးသတ်သွားရန် စိတ်ပိုင်းဖြတ်ထား သည်ဟု ပြော သည်။
အဆိုပါ ဖြစ်ရပ်များသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူမသည် လေ့ကျင့်ရေး စခန်းတစ်ခု၌ ရှိနေစဉ် စီနီယာအမျိုးသားအရာရှိများ၏ ခန္ဓာကိုယ် အောက်ပိုင်း လှန်ပြမှုကို ခံရခြင်း၊ သူမ၏ ခြေထောက်များကို လိုအပ်သည်ထက်ပို၍ ကားစေခြင်း စသည်တို့နှင့် ကြုံတွေ့ခဲ့ရသည်ဟု ရီနာ ဂိုနွိုင်က ပြောသည်။
ရီနာ၏ တိုင်ကြားမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများကို မေလတွင် အဆုံးသတ်သွားခဲ့ရသည်။

ဂျပန်စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)
စစ်တပ်မှ ထွက်ပြီးနောက် ရီနာသည် သူမ၏ စွပ်စွဲမှုများကို လူမှုကွန်ယက်တွင် ဖော်ထုတ်ခဲ့၍ လူပေါင်း ၁၀၀၀၀၀ ကျော်ပါဝင် လက်မှတ်ထိုးထားသည့် အသနားခံစာတစ်ခုကို ကာကွယ်ရေးဌာနသို့ တင်နိုင်ခဲ့ခြင်းကြောင့် ကြားခံ အဖွဲ့အစည်းတစ်ခုက အဆိုပါကိစ္စကို ပြန်လည် စုံစမ်းစစ်ဆေးခွင့် ရရှိခဲ့သည်။
သူမ၏ ဖြစ်ရပ် ပေါ်ပေါက်လာချိန်တွင် တာဝန်ထမ်းဆောင်နေဆဲ တခြားအမျိုးသားများထံမှ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနှင့် ပတ်သက်သည့် အချက်အလက်များအပြင် စစ်ထဲတွင်ရှိနေသော သမီးများ၏ လုံခြုံရေးအတွက် မိဘများ၏ စိုးရိမ်မှုများကိုပါ မြင်တွေ့ခဲ့ရသည်ဟု ရီနာက ပြောသည်။
ရီနာ၏ တိုင်ကြားချက်မှ စတင်သော ဂျပန်ကာကွယ်ရေးဌာန၏ စုံစမ်းစစ်ဆေးမှုများတွင် တိုင်ကြားမှုပေါင်း ၁၄၁၄ ခုထိ တွေ့ရှိခဲ့ရသည်ဟုလည်း ဂျပန် ကာကွယ်ရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
Source: AP
- By CNI
- Category: အမျိုးသမီးကဏ္ဍ
- Hits: 6947
CNI International News
ဝါရှင်တန်၊ မေလ ၇
အမေရိကန် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို ထောက်ခံသည့် ထင်ရှားသော ရီပက်ဘလစ်ကန် အထက်လွှတ်တော် နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဆူဇန်ကော်လင် (မိန်းပြည်နယ်မှ အမျိုးသမီးအမတ်)က “ကိုယ်ဝန် ဖျက်ချခြင်းဆိုင်ရာ ဥပဒေတွင် ကျန်းမာရေး ဝန်ဆောင်မှု ပေးသူအားလုံးကို လုံလောက်သော အကာအကွယ် ပေးမထားဟု မိမိ စောဒက တက်လိုကြောင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဋ္ဌာန်းပိုင်ခွင့်ကို ဖန်တီးပေးမည့် ဒီမိုကရေစီအတိုင်းအတာကို ကန့်ကွက်ကြောင်း” မေလ ၅ ရက် တွင် ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်က သတင်းဖော်ပြသည်။
အမျိုးသမီးကျန်းမာရေး အကာအကွယ်ပေးမည့် အက်ဥပဒေဟုခေါ်သည့် လတ်တလော ဝေဖန်မှု များပြားနေသော ဥပဒေ တစ်ရပ်ကို လာမည့် သီတင်းပတ်၌ အမေရိကန် အထက်လွှတ်တော်(ဆီးနိတ်)အတွင်း မဲခွဲဆုံးဖြတ်ရန် ပြင်ဆင်နေချိန်၌ အထက်ပါအတိုင်း ဆူဇန်ကော်လင်၏ သဘောထား မှတ်ချက် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အမျိုးသမီးတစ်ဦးအတွက် ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ပြဋ္ဌာန်းထားသည့် ထင်ရှားသော Roe v. Wade စီရင်ချက်ကို အမေရိကန် တရားရုံးချုပ်က ပယ်ချနိုင်ဖွယ်ရှိနေကြောင်း ဝါရှင်တန်ပို့စ်က ဆက်လက် ရေးသားထားသည်။
ဆူဇန်ကော်လင် (မိန်းပြည်နယ်မှ အမျိုးသမီးအမတ်)ကိုတွေ့ရစဉ်(GETTY IMAGES)
ဆီးနိတ် အမတ်တစ်ဦးဖြစ်သူ ရစ်ချတ်ဘလူမန်သယ် ရေးသားထားသည့် ဥပဒေကြမ်းကို ထောက်ခံလိုခြင်း ရှိ/မရှိ သတင်း ထောက်များက မေးမြန်းရာတွင် ဆူဇန်ကော်လင်က “ဒီဥပဒေကြမ်းက တတ်နိုင်လို့ စောင့်ရှောက်ပေးတဲ့ အက်ဥပဒေမှာ ထည့် ထားပြီးသား ယုံကြည်ချက်ဆိုင်ရာ အကာအကွယ်များ ပြဋ္ဌာန်းချက် အပါအဝင် ပြည်ထောင်စုနဲ့ ပြည်နယ်ဥပဒေ အားလုံးကို အစားထိုးတဲ့ သဘောပါပဲ။ အဲဒီမှာ ကိုယ်ဝန်ဖျက်ချတာ မလုပ်ဖို့ ကက်သလစ်ဆေးရုံရဲ့ အခွင့်အရေးကို အကာအကွယ် မပေး ထားဘူး။ အဲဒီ အခွင့်အရေးကို ဥပဒေမှာ ပြဋ္ဌာန်းထားတာ ကြာပြီလေ” ဟု ဖြေကြားခဲ့သည်။
လွှတ်တော်ပြင်ပ၌ အလွတ်သဘော ကောက်ယူထားသည့် စစ်တမ်းတစ်စောင်တွင် အမေရိကန်နိုင်ငံသူ၊ နိုင်ငံသား အများစု သည် ကိုယ်ဝန်ဖျက်ပိုင်ခွင့်ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။
ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို လွှတ်တော်ထဲတွင် ထောက်ခံကြသည့် အမတ်များဖြစ်ကြသော ကော်လင်နှင့် ဆီးနိတ်အမတ် လီဆာမာကိုစကီ (အလက်စကာပြည်နယ်မှ ရီပက်ဘလစ်ကန်အမတ်) တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ချပြခဲ့သော ယင်းဥပဒေ၏ အစောပိုင်း ရေးဆွဲထားမှုကို ကန့်ကွက်မဲ ပေးခဲ့ကြသည်။
ထိုစဉ်က ကော်လင်သည် ကိုယ်ဝန်ဖျက်ချခြင်းကို မလုပ်ပေးလိုသည့် ကျန်းမာရေး ဝန်ထမ်းများအပေါ် ယင်းဥပဒေ၏ အကျိုး သက်ရောက်မှုနှင့် ပတ်သက်၍ အလားတူ စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သည်။
ကိုယ်ဝန်ဖျက်ချခြင်း ကန့်သတ်မှုများအပေါ် ကန့်ကွက်နေကြစဉ်(AFP)
အမေရိကန်ပြည်တွင်း၌ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ တရားရုံး၏ သဘောထားမူကြမ်း ပေါက်ကြားသွားပြီးနောက် နိုင်ငံရေး အရ ဆန္ဒချင်း မတိုက်ဆိုင်သော ဥပဒေပြုရေးဆိုင်ရာ အချက်အလက် ရှာဖွေရေး စာမျက်နှာများကို ချန်လှပ်ထားဖို့ ယခု သီတင်းပတ်၌ ဥပဒေကြမ်းပြင်ဆင်ရေး လုပ်ဆောင်ခဲ့သည်။
သို့သော် ယင်းဥပဒေကြမ်း၏ အနှစ်သာရ ယခင်အတိုင်း ထူးမခြားနားပင် ဖြစ်နေခဲ့သည်။
ကော်လင်နှင့် လီဆာမာကိုစကီတို့သည် ဒီမိုကရက်တစ် ဥပဒေကြမ်းထက် ပိုမိုကျဉ်းမြောင်းစွာ ရေးဆွဲထားသည့် အပြိုင် ဥပဒေဖြစ်သည့် မျိုးဆက်ပွား ရွေးချယ်မှုအက်ဥပဒေကို ဦးတည် ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့ ကမ်းလှမ်းချက်ကို ထောက်ခံမှု မရခဲ့ပေ။
ကိုယ်ဝန် ၁၅ ပတ်အကြာတွင် ဖျက်ချခြင်းအား တားမြစ်ထားသည့် မစ္စ္စစ္စပီပြည်နယ် ဥပဒေကဲ့သို့သော ပြည်နယ်ဥပဒေများ၌ အဟန့်အတားများ ရှိနေသည်ဟု ယူဆကြသော ဒီမိုကရက်တစ် အမတ်များကတော့ လက်ရှိ အငြင်းပွားနေသည့် ဥပဒေကြမ်း ကို သံသယဖြင့် ရှုမြင်နေကြသည်။
Source: Washington Post
