- By CNI
- Category: နည်းပညာ
- Hits: 118
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၃
Apple ကုမ္ပဏီသည် ယခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်တို့တွင် အနည်းဆုံး iPhone မော်ဒယ် အသစ် ၅ မျိုးနှင့် ခေါက်ဖုန်းများပါဝင်မည့် iPhone မိတ်ဆက်ပွဲ တစ်ခုကို ပြုလုပ်ရန် စီစဉ်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
Apple သည် ယခင်က ခေါက်ဖုန်းအလုံးရေ ၇ သန်းမှ ၈ သန်းအထိ ထုတ်လုပ်ရန် မျှော်မှန်းထားသော်လည်း ယခုနှစ်အတွင်း iPhone ခေါက်ဖုန်းအလုံးရေ ၁၀ သန်းခန့်အထိ တိုးမြှင့်ထုတ်လုပ်ရန် ပစ္စည်းထောက်ပံ့သည့် ကုမ္ပဏီများကို ပြင်ဆင်ခိုင်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
Apple လှုပ်ရှားမှုသည် လက်ရှိတွင် ပြိုင်ဘက် Samsung Electronics နှင့် တရုတ်နည်းပညာကုမ္ပဏီ Huawei Technologies တို့ ဦးဆောင်နေသည့် ခေါက်ဖုန်းဈေးကွက် ဝေစုကို ရယူနိုင်ရန်အတွက် စမတ်ဖုန်း ထုတ်လုပ်သူ များကြား ခေါက်ဖုန်းအသစ်များ ပိုမိုထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်၌ ပေါ်ပေါက်လာခြင်းဖြစ်သည်။

iphone များကို တွေ့ရစဉ်
Apple ကုမ္ပဏီသည် မကြာသေးမီကပင် Memory & Storage ချစ်ပ်ပြား ဈေးနှုန်းများ မြင့်တက်လာခြင်းကို အကြောင်းပြ၍ Mac နှင့် iPad မော်ဒယ်အချို့၏ ဈေးနှုန်းများကို မြှင့်တင်ခဲ့သည်။
ထို့ပြင် စက်ပစ္စည်း အစိတ်အပိုင်းများ၏ ကုန်ကျစရိတ် ဆက်တိုက် မြင့်တက်နေမှုသည် နောင်တွင် ထွက်ရှိလာ မည့် iPhone ဈေးနှုန်းများအပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း ကုမ္ပဏီအမှုဆောင်များက သတိပေး ပြောကြား ထားသည်။
Source: Nikkei Asia
- By CNI
- Category: နည်းပညာ
- Hits: 274
CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၂
Google ကုမ္ပဏီသည် Outsider Enterprise ဟု လူသိများသည့် တရုတ်ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုဂိုဏ်းသည် Google ၏ Gemini AI နည်းပညာကို အလွဲသုံးစားလုပ်ကာ ဝက်ဘ်ဆိုက်အတုများ ဖန်တီးခဲ့ပြီး အသုံးပြုသူများထံမှ ဒေါ်လာသန်းပေါင်းများစွာ လိမ်လည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
The New York Times သတင်းစာ၏ ဖော်ပြချက်အရ ထိုရာဇဝတ်ဂိုဏ်းသည် အသုံးပြုသူများကို လှည့်ဖြားရန် အတွက် Google နှင့် YouTube တို့၏ တရားဝင် Interfaces များကို ပုံတူကူးချခဲ့ကြောင်း Google ကုမ္ပဏီက တရားစွဲဆိုထားသည်။
ယခုလိမ်လည်မှုသည် ထိုရာဇဝတ်ဂိုဏ်းက တီထွင်ဖန်တီးထားသည့် phishing-for-dummies ဟု အမည်ပေး ထားသော ဆော့ဖ်ဝဲ အစုအဝေးတစ်ခုကို အခြေခံ၍ လည်ပတ်ခဲ့ခြင်းဖြစ်သည်။

Gemini App ကို တွေ့ရစဉ်
လိမ်လည်သူများသည် Gemini AI ၏ စွမ်းဆောင်ရည်များကို အသုံးချကာ Google ၏ ပလက်ဖောင်းများနှင့် အစိုးရအေဂျင်စီအမျိုးမျိုးကို ပစ်မှတ်ထားသည့် ပုံစံတူ ဝက်ဘ်ဆိုက်ပေါင်း ၉၀၀၀ နီးပါးကို ပြုလုပ်ခဲ့ကြပြီး ၎င်းတို့နှင့် ဆက်စပ်နေသည့် ဝက်ဘ်ဆိုက်လင့်ခ်ပေါင်း ၁ သန်းကျော်ကို ရှာဖွေတွေ့ရှိထားကြောင်း Google က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ယခု ဆိုက်ဘာတိုက်ခိုက်မှုသည် Android အသုံးပြုသူများကိုပါ ပစ်မှတ်ထားပြီး မက်ဆေ့ချ်များပေးပို့ကာ SMS phishing များ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း အန္တရာယ်ရှိသော ဝက်ဘ်ဆိုက်လင့်ခ်များ ပါဝင်သည့် မက်ဆေ့ချ်ပေါင်း ၂ သန်း ခွဲခန့်ကို မိုဘိုင်းလ်ဖုန်းများထံသို့ အမြောက်အမြား ပေးပို့ခဲ့သဖြင့် ထိုမက်ဆေ့ချ်များကို လက်ခံရရှိသည့် ဖုန်းပိုင်ရှင် များက သက်ဆိုင်ရာ ဖုန်းအော်ပရေတာများကို တိုင်ကြားခဲ့သည်။
ထိုရာဇဝတ်မှု လုပ်ငန်းစဉ်၏ ကြီးမားလှသော ပမာဏကြောင့် AT&T၊ T-Mobile နှင့် Verizon အပါအဝင် အမေရိကန်၏ အဓိက ဆက်သွယ်ရေး အော်ပရေတာကြီးများသည် Google နှင့် ပူးပေါင်းကာ ထိုရာဇဝတ်ဂိုဏ်း၏ ကွန်ရက်ကို ဖြိုချနိုင်ရေးအတွက် FBI ထံ အကူအညီတောင်းခံခဲ့ရသည်။
ယခုဖြစ်ရပ်သည် မျိုးဆက်သစ် AI နည်းပညာနှင့် ဆက်စပ်နေသည့် အန္တရာယ်ကြီးသည့် ဆိုက်ဘာခြိမ်းခြောက်မှု များထဲမှ တစ်ခုအဖြစ် အနီးကပ် စောင့်ကြည့်ခံနေရပြီး အဆင့်မြင့် AI များကို အသုံးချပြီး အွန်လိုင်းတွင် လိမ်လည် မှုများနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်။
Source: Bangkok Post
- By CNI
- Category: နည်းပညာ
- Hits: 1061
CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)တွင် အခမ်းအနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၃ ရက်အထိ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက်(ရန်ကုန်) တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အခြေခံပညာအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/သူ ၆၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ရသော ခေါင်းစဉ်များမှာ အခြေခံပညာ မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်အတွက် စူးစမ်းလေ့လာအာကာသကမ္ဘာ၊ အခြေခံပညာအထက်တန်း အဆင့်အတွက် အနာဂတ်အာကာသနည်းပညာ စသည်တို့ ဖြစ်သည်။

ထို့နောက် ပြိုင်ပွဲတွင် ကျောင်းသား/သူ ၁၁၇ ဦး ဆုရရှိခဲ့သည်။
ထို့ပြင် ပြိုင်ပွဲတွင် အခြေခံပညာ မူလတန်းအဆင့် ဆုရရှိသူများကို ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်၊ အထူးဆု ၂ သိန်းကျပ်စီဖြင့် ၁၀ ဆု၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု ၇ သိန်းကျပ်၊ ဒုတိယဆု ၆ သိန်းကျပ်၊ တတိယဆု ၅ သိန်းကျပ်၊ အထူးဆု ၃ သိန်းကျပ်စီဖြင့် ၁၀ ဆုတို့ကို ချီးမြှင့်ခဲ့ သည်။
အလားတူ အခြေခံပညာ အထက်တန်းအဆင့် ဆုရရှိသူများကိုလည်း ပထမဆု ၁၀ သိန်းကျပ်၊ ဒုတိယဆု ၉ သိန်း ကျပ်၊ တတိယဆု ၈ သိန်းကျပ်၊ အထူးဆု ၅ သိန်းကျပ်စီဖြင့် ၁၀ ဆု ချီးမြှင့်ခဲ့သည်။
- By CNI
- Category: နည်းပညာ
- Hits: 900
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
- By CNI
- Category: နည်းပညာ
- Hits: 960
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု မြန်မာ-ရုရှား ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရုရှားဘက်က Roscosmos နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်းမှ အထွေထွေအတွင်း ရေးမှူးချုပ် H.E. Bakanov Dmitry Vladimirovich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာဘက်ကတော့ မြန်မာအာကာသအေဂျင်စီ(MSA) အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ထို့နောက် ရုရှား-မြန်မာ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့သည်ဟု နေပြည်တော်ဘက်က ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးပြီးနောက် H.E. Bakanov Dmitry Vladimirovich နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာ သ ပြတိုက်၌ လေ့ကျင့်ရေး အထက်တန်းကျောင်း(ကမာရွတ်မြို့နယ်)မှ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများနှင့် တွေ့ဆုံခဲ့သလို အာကာသနည်းပညာအကြောင်းကိုလည်း ဟောပြောပို့ချခဲ့သည်။
အလားတူ ဆိုဗီယက်ပြည်ထောင်စု သူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏ သူရဲကောင်း ဘွဲ့ချီးမြှင့်ခြင်းခံရသူ အာကာသ ယာဉ်မှူး Mr. Krikalev Sergei Konstantinovich က အာကာသသို့ ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
- By CNI
- Category: နည်းပညာ
- Hits: 1085
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)တွင် အကြီးကျယ် အခမ်းအနားဆုံး အာကာ သဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၃ ရက်အထိ ကျင်းပမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် အာကာသပြတိုက်(ရန်ကုန်) တို့က ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အခြေခံပညာအဆင့် ပြိုင်ပွဲဝင် ကျောင်းသား/သူ ၆၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်များမှာ အခြေခံပညာ မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်အတွက် စူးစမ်းလေ့လာအာကာသကမ္ဘာ၊ အခြေခံပညာအထက်တန်း အဆင့်အတွက် အနာဂတ် အာကာသနည်းပညာ စသည်တို့ဖြစ်သည်။
ပန်းချီပြိုင်ပွဲနှင့် ပိုစတာပြိုင်ပွဲကို နံနက် ၈ နာရီမှ ၁၁ နာရီထိလည်းကောင်း၊ ကာတွန်းပြိုင်ပွဲကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ သတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသည့် ကျောင်းသား/သူများ အနေဖြင့် သက်ဆိုင်ရာ ကျောင်းများမှတဆင့် စာရင်းပေးသွင်း လျှောက် ထားနိုင်ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုတံဆိပ်များ၊ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည့်အပြင် ပါဝင် ယှဉ်ပြိုင် သူအားလုံးကို certificate များ၊ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ဆုရရှိသူများကို ပထမဆု ၅ သိန်းကျပ်၊ ဒုတိယဆု ၄ သိန်းကျပ်၊ တတိယဆု ၃ သိန်းကျပ်၊ အထူးဆု ၂ သိန်းကျပ်စီဖြင့် ၁၀ ဆု၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု ၇ သိန်းကျပ်၊ ဒုတိယဆု ၆ သိန်းကျပ်၊ တတိယဆု ၅ သိန်းကျပ်၊ အထူးဆု ၃ သိန်းကျပ်စီဖြင့် ၁၀ ဆုတို့ကို ချီးမြှင့်သွား မည်ဖြစ်သည်။
အလားတူ အခြေခံပညာ အထက်တန်းအဆင့် ဆုရရှိသူများကိုလည်း ပထမဆု ၁၀ သိန်းကျပ်၊ ဒုတိယဆု ၉ သိန်း ကျပ်၊ တတိယဆု ၈ သိန်းကျပ်၊ အထူးဆု ၅ သိန်းကျပ်စီဖြင့် ၁၀ ဆု ချီးမြှင့်သွားမည်ဖြစ်သည်။
- By CNI
- Category: နည်းပညာ
- Hits: 1613
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံ၌ နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုရှားနိုင်င့ပိုင် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း(ROSATOM)ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Radission Collection ဟိုတယ်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ROSATOm တို့အကြား နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး တို့ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက် မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို လည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှား နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာသဘောတူညီ ချက်များကို နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။
- By CNI
- Category: နည်းပညာ
- Hits: 1607
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဥာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပသည့် “လူငယ်နှင့်အနာဂတ်မြန်မာ- သိပ္ပံ နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိတို့နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဥာဏ်ရည်တုနည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ဥာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်”ဟု ပြောသည်။
ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိစွာ အသုံးချရေး၊ ခိုင်မာသော ဉာဏ်ရည် တုနည်းပညာဂေဟစနစ်ကို တည် ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုများမှတဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာ ဆောင်ရွက်သွား ရမည်ဟု ၎င်းက ပြောသည်။

နျူကလီးယား စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် မိမိတို့နိုင်ငံ၏ နျူကလီးယားအခြေခံ အဆောက်အအုံ တည်ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရောက်ရှိနေကြောင်း၊ ထိုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄)ကြိမ်မြောက်ဖြစ်သည်။
ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်သည် ပထမဆုံးအကြိမ် အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံမှာ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့ဖျား စီပွားရေးဖိုရမ်သို့ တက်ရောက်ပြီး စက်တင်ဘာ ၇ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယအကြိမ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အလားတူ တတိယအကြိမ်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ မေလက ရုရှားနိုင်ငံမှာ သမ္မတပူတင်နှင့်တွေ့ဆုံခဲ့သည်။
