CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆
မြန်မာနိုင်ငံ၌ နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရုရှားနိုင်င့ပိုင် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း(ROSATOM)ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev နှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Radission Collection ဟိုတယ်၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ROSATOm တို့အကြား နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေး တို့ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက် မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးတို့ကို လည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှား နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)တို့အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာသဘောတူညီ ချက်များကို နှစ်ဖက် လက်မှတ်ရေးထိုးခဲ့ကြသည်။