CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အစ္စရေးနဲ့ပါလက်စတိုင်း လက်ဆွဲနှုတ်ဆက်ဖို့ ဖီဖာက ကြိုးပမ်းနေစဉ်

 ဖီဖာမလုပ်နိုင်တဲ့ အစ္စရေး-ပါလက်စတိုင်း နှုတ်ဆက်မှု 

By CNI
CNI
Category: ဆောင်းပါး
Hits: 268

CNI Sport Article 

၂၀၂၆ ခုနှစ်၊ မေလ ၂

ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ ပြုလုပ်ခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ အစ္စရေးနဲ့ပါလက်စတိုင်း ဘောလုံး အကြီးအကဲတွေကို စင်မြင့်ထက်မှာ လက်ဆွဲ နှုတ်ဆက်စေဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါ ဘူး။ 

လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကြားမှာ အင်ဖန်တီနိုဟာ အစ္စရေးနဲ့ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ တို့ကို စင်မြင့်ပေါ် ဖိတ်ခေါ်ပြီး မိနစ်အနည်းငယ်ကြာ စကားပြောစေခဲ့ပါတယ်။ 

အစ္စရေးဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘာဆင်မ်ဆူလီမန် စကားပြောအပြီးမှာ အင်ဖန်တီနိုဟာ သူ့ကို စင်မြင့်ပေါ်မှာ ဆက်ပြီးရှိနေပေးဖို့ တောင်းဆိုခဲ့တာပါ။ 

ဒီနောက် အင်ဖန်တီနိုက ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီဘရီလ်ရာဂျော့ဘ်ကို စင်မြင့်ပေါ်ထံ ပြန်လာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

ပါကလက်စတိုင်း ကိုယ်စားလှယ်နဲ့ ဖီဖာဥက္ကဋ္ဌ ဆွေးနွေးနေစဉ်

ရာဂျော့ဘ် စင်မြင့်ပေါ် တက်ရောက်လာချိန်မှာ ရပ်တန့်ပြီးနောက် အစ္စရေးဘောလုံးအဖွဲ့ချုပ် အကြီးအကဲနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပြောခဲ့တာပါ။ 

ရာဂျော့ဘ်ကတော့ အင်ဖန်တီနိုရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အကြံပြုတာကို ငြင်းဆန်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် အကြီးအကဲက သူတို့နှစ်ဦးကို စကားပြောခဲ့တာ ဖြစ်ပါတယ်။ 

အင်ဖန်တီနိုက “တူညီတဲ့ အခွင့်အရေးတွေ၊ တူညီတဲ့ တာဝန်တွေရှိတဲ့ ဖီဖာရဲ့အဖွဲ့ဝင် အစ္စရေးနဲ့ ပါလက်စတိုင်းက ကိုယ်စားလှယ်နှစ်ဦးကို ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌ ရာဂျော့ဘ်နဲ့ ဒုဥက္ကဋ္ဌ ဆူလီမန်တို့ အလုပ် အတူတူလုပ်ကြပါ စို့။ ကလေးတွေကို မျှော်လင့်ချက်ပေးဖို့ အလုပ် အတူတူလုပ်ကြပါစို့။ ကမ္ဘာပေါ်က ကလေးအားလုံး၊ နိုင်ငံပေါင်း ၂၁၁ နိုင်ငံကို ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်မယ့် အသက် ၁၅ နှစ်အောက် ပြိုင်ပွဲ မကြာမီ လာတော့မှာပါ။ ကျနော့်ရဲ့ ကတိကဝတ်တွေကို ခင်ဗျားတို့ ရရှိထားသလို၊ အခန်းတစ်ခုလုံး ထောက်ခံမှုကိုလည်း ခင်ဗျားတို့ ရရှိထားပါ တယ်”လို့ ပြောခဲ့ပါတယ်။ 

အင်ဖန်တီနိုဟာ စကားပြောပြီးနောက် သူတို့နှစ်ဦးကို လက်ဆွဲနှုတ်ဆက်ပြီး ဓါတ်ပုံအတူရိုက်ဖို့ ထပ်ကြိုးပမ်းခဲ့ ပေမယ့် ပါလက်စတိုင်း ဘောလုံးအကြီးအကဲ ရာဂျော့ဘ်က “ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ကျနော်တို့ ဒုက္ခခံစား နေရတယ်”လို့ ပြောခဲ့တာပါ။ 

အစ္စရေးနဲ့ နှုတ်ဆက်ဖို့ ပါကလက်စတိုင်း ငြင်းဆန်နေစဉ်

ဒီနောက်မှာ ရာဂျော့ဘ်ဟာ အင်ဖန်တီနိုကို ပွေ့ဖက်ပြီး ပါးကိုနမ်းကာ စင်မြင့်ကနေ ဆင်းသွားခဲ့ပါတယ်။ 

ဆူလီမန်ကလည်း အင်ဖန်တီနိုကို ပွေ့ဖက်ပြီးနောက် အင်ဖန်တီနိုဟာ သူ့ရဲ့ထိုင်ခုံထံ ပြန်သွားခဲ့တာပါ။ 

အင်ဖန်တီနိုက အလွန်ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိပေမယ့် သူတို့ဟာ ဘယ်စိန်ခေါ်မှုကိုမှ လက်လျှော့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အင်ဖန်တီနိုက ပါလက်စတိုင်းနဲ့ အစ္စရေးမှာရှိတဲ့ ကလေးအားလုံးဟာ အနာဂတ်မှာ တူညီတဲ့ မျှော်လင့် ချက် ရှိသင့်တာကြောင့် ဒါကို ဆက်လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။ 

ပါလက်စတိုင်းနဲ့ အစ္စရေး ၂ နိုင်ငံ စလုံးကိုလည်း သွားဖို့အခြေအနေက ခွင့်ပြုရင် သွားရောက် လည်ပတ်မယ်လို့ လည်း အင်ဖန်တီနိုက ပြောခဲ့ပါတယ်။ 

ပါလက်စတိုင်းက နှုတ်မဆက်ဘဲ ထွက်လာစဉ်

ပါလက်စတိုင်း ဘောလုံးအကြီးအကဲဟာ ကွန်ဂရက်ထံ ပြောကြားခဲ့မှုမှာ အစ္စရေးဟာ အနောက်ဘက်ကမ်း ဒေသ တွေမှာ ကလပ်တွေကို အခြေချခွင့်ပေးပြီး ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ ကြောင်း စွပ်စွဲခဲ့ပါတယ်။ 

အစ္စရေးဘောလုံးအကြီးအကဲ ဆူလီမန်ကတော့ ပါလက်စတိုင်းရဲ့ စွပ်စွဲမှုကို မတုန့်ပြန်ခဲ့ပေမယ့် အစ္စရေး FA ဟာ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့တည်ရှိမှုကို ပထမနေ့ကတည်းက ထောက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဆူလီမန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းခဲ့တဲ့ ရာဂျော့ဘ်က အင်ဖန်တီနိုဟာ တံတားတွေ တည်ဆောက်ဖို့ ကြိုးစား ခြင်းဟာ မှန်ကန်ပေမယ့် ဖီဖာအကြီးအကဲဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ကြီးမားတဲ့ ဒုက္ခကို မသိဘူးလို့ ပြောခဲ့ပါတယ်။ 

Source: Dailymail

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်ကို တိုက်တွန်း 

By CNI
CNI
Category: အားကစား
Hits: 164

CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂

ဘိုင်ယန်မြူးနစ်အသင်း ကစားသမားဟောင်းဖြစ်ပြီး လက်ရှိအချိန်မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဟာမန်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သူ့ရဲ့အသင်းဟောင်းကို တိုက်တွန်းခဲ့ပါတယ်။ 

ဟာမန်းက “ဘိုင်ယန်က ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်လားဆိုရင် ၁၀၀ ရာခိုင်နှုန်းပါပဲ။ ကျနော် သူ့ကိုနှစ်သက်ပြီး သူဟာ ထူးချွန်တဲ့ ကစားသမားလို့ ကျနော် ထင်ပါတယ်။ သူဟာ ကောင်းမွန်တဲ့ သွင်းဂိုးတွေကို သွင်းယူနိုင်ပြီး အသင်းနဲ့လည်း ကောင်းမွန်စွာ ချိတ်ဆက်နိုင်ပါတယ်”လို့ BetKing မှာ ပြောခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းက ဂေါ်ဒွန်နဲ့ လိုက်ပ်ဇစ် အသင်းက ဒိုင်အိုမန်ဒီတို့ကို သူတို့ခေါ်ယူမယ့် စာရင်းထဲ ထည့်သွင်းထားပါတယ်။ 

နယူးကာဆယ်အသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ဂေါ်ဒွန်အတွက် အနည်းဆုံး ယူရိုသန်း ၈၀ လိုချင်နေတာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

ဒီအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေတာပါ။ 

ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ကို တွန့်ဆုတ်နေပြီး နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့ ထပ်ပြီး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ 

ဟာမန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်တယ်လို့ ယုံကြည်နေတာပါ။ 

ဒါ့အပြင် ဟာမန်းက ရက်ရှ်ဖို့ဒ်ဟာ နည်းစနစ်ပိုင်း ကောင်းမွန်မှု၊ ကန်သွင်းချက် ကောင်းမွန်တာကြောင့် ထိပ်တန်း အဆင့်ရဲ့ နေရာတိုင်းမှာ ကစားနိုင်တဲ့ ကစားသမားဆိုတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းထံ နောက်ထပ် တစ်ရာသီ အငှားချမလား ဒါမှမဟုတ် အပြီးသတ် ရောင်းချမလားဆိုတာ ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။ 

Source: Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိုပန်ဒါကို တွေ့ရစဉ်

အိုပန်ဒါကို ခေါ်ယူဖို့ ကိုဗင်ထရီ စိတ်ဝင်စား 

By CNI
CNI
Category: အားကစား
Hits: 176

CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၂

ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ကိုဗင်ထရီအသင်းဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး အိုပန်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ကိုဗင်ထရီအသင်းဟာ ၂၅ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ကို ပြန်လည် ယှဉ်ပြိုင်ရမှာဖြစ်လို့ အပြောင်း အရွှေ့ ဈေးကွက်မှာ သူတို့ရဲ့ ရည်မှန်းချက် ကြီးမားမှုကို ပြသနိုင်ဖို့ ရှိနေတာပါ။

ကိုဗင်ထရီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ အွန်ယီကာကို အပြီးသတ်ဝယ်ယူတော့မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ဖရန့်လမ်းပတ် ကိုင်တွယ်နေတဲ့ အသင်းဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း အိုပန်ဒါအတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်နိုင်ဖို့ စိတ်ဝင်စားနေတာပါ။

အိုပန်ဒါဟာ လိုက်ပ်ဇစ်အသင်းအတွက် ကစားခဲ့တဲ့ ၉၃ ပွဲမှာ ၄၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့ တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာလည်း ဒီပုံစံအတိုင်း လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ 

အိုပန်ဒါကို တွေ့ရစဉ်

ဒါပေမယ့် အိုပန်ဒါဟာ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး လူစားဝင်အဖြစ်သာ ပွဲ အများအပြား ကစားခဲ့ရသလို ၂ ဂိုးသာ သွင်းယူထားနိုင်တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ အိုပန်ဒါကို ယူရိုသန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူရမှာဖြစ်လို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ 

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ အိုပန်ဒါကို ဝယ်ယူပြီးရင် သင့်တော်တဲ့ ကမ်းလှမ်းမှုကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ 

ကိုဗင်ထရီအသင်းကတော့ အိုပန်ဒါကို ကနဦး အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းပြီးမှ စာချုပ်ထဲမှာ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ထည့်သွင်းဖို့ရှိနေတာပါ။

ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကိုဗင်ထရီအသင်းရဲ့ ကမ်းလှမ်းမှုကို စဉ်းစားဖို့ ရှိ၊မရှိက စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အိုပန်ဒါကို ကိုဗင်ထရီအသင်းအပြင် ပြင်သစ်နဲ့ ဂျာမနီ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Source: Sportsmole

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ယူနိုက်တက်မှာ ဆက်နေခဲ့တဲ့ အကြောင်းရင်းကို ဘရူနိုဖွင့်ဟ 

By CNI
CNI
Category: အားကစား
Hits: 229

CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဇနီးဖြစ်သူပြောခဲ့တဲ့ အကြောင်းအရာတွေကြောင့် ဆော်ဒီရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အသင်းမှာ ဆက်နေခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်က “ဆော်ဒီရဲ့ကမ်းလှမ်းမှုက ငွေကြေး အများကြီး ရရှိမှာဖြစ်ပေမယ့် ကျနော့် မိသားစုမှာရှိတဲ့ ကောင်းတဲ့အရာက ကျနော့်ဇနီးက ကျနော့်လိုပဲ ရိုးသားမှုရှိတာပါ။ ကျနော်တို့က ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးသူ တွေ ဖြစ်ချင်ကြတာ မဟုတ်ပါဘူး။ အိပ်မက်တွေ အောင်မြင်ပြီး ကလေးတွေနဲ့အတူ ကောင်းမွန်စွာ နေထိုင်ကာ အောင်မြင်အောင် ကြိုးစားနေကြတဲ့သူတွေပဲ ဖြစ်ချင်ပါတယ်။ ဇနီးက အိပ်မက်တွေ အောင်မြင်ပြီးပြီလား၊ လိုချင် တာ အားလုံးရပြီးပြီလားဆိုပြီး ပြောခဲ့ပါတယ်”လို့ ဝိန်းရွန်နီနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး သူယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် ၃ ဆပေးဖို့ အဆင်သင့် ဖြစ်ခဲ့ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ယူနိုက်တက်အသင်းကလည်း ကစားသမားက ထွက်ခွာချင်ရင် ထွက်ခွာပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် ဘရူနိုကတော့ မိသားစုနဲ့ တိုင်ပင်ပြီးနောက် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိပြီးကတည်းက ရာသီတိုင်းလိုလို ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် ကာရာဘောင်းဖလားနဲ့ FA ဖလားချန်ပီယံဆုသာ ရရှိထားတာ ဖြစ်ပါတယ်။ 

ပေါ်တူဂီကွင်းလယ်လူနဲ့ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့ပေမယ့် နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိနေတာပါ။ 

ဘရူနိုဖာနန်ဒက်စ်က သူဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူချင်တယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ 

Source: Metro

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အက်စ်တီဗာအိုကို တွေ့ရစဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ အက်စ်တီဗာအို မသေချာ 

By CNI
CNI
Category: အားကစား
Hits: 211

CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅

ချယ်လ်ဆီးအသင်း တောင်ပံကစားသမား အက်စ်တီဗာအိုဟာ ဒီရာသီကုန်အထိ အနားယူရမှာဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။ 

အသက် ၁၉ နှစ်အရွယ်ရှိ အက်စ်တီဗာအိုဟာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။

ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ မက်ဖာလိန်းက လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလား ဆီမီးဖိုင်နယ်ပွဲမတိုင်မီ အက်စ်တီဗာအိုရဲ့ ဒဏ်ရာ အခြေအနေကို ပြောခဲ့ပါတယ်။ 

 

 အက်စ်တီဗာအိုကို တွေ့ရစဉ်

မက်ဖာလိန်းက “ကံမကောင်းစွာနဲ့ပဲ အက်စ်တီဗာအိုဟာ ဒီရာသီမှာ ကျနော်တို့အတွက် ကစားပေးနိုင်မှာ မဟုတ် တော့ပါဘူး။ သူဟာ အချိန်အနည်းငယ်ကြာ အနားယူရမှာပါ။ ငယ်ရွယ်ပြီး အရည်အချင်းရှိတဲ့ သူ့အတွက် ကံမကောင်းခဲ့ပေမယ့် ကျနော်တို့ဟာ သူ့ကို အားပေးထောက်ပံဖို့ ဒီမှာ ရှိနေပါတယ်”လို့ ပြောခဲ့တာပါ။ 

ဒါ့အပြင် မက်ဖာလိန်းက အက်စ်တီဗာအိုကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပေမယ့် ပါဝင်နိုင်မလား ဆိုတာ မသေချာဘူးလို့ ပြောခဲ့ပါတယ်။ 

အက်စ်တီဗာအိုဟာ နည်းပြ အန်ဆယ်လော့တီ လက်ထက်မှာ ဘရာဇီးလ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ်ထဲ ကစားခဲ့တဲ့ပွဲတွေမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒါကြောင့် အက်စ်တီဗာအိုဟာ ဘရာဇီးလ်အသင်းရဲ့ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ပါဝင်နိုင်တဲ့သူအဖြစ် သတ်မှတ်ခြင်း ခံနေရတာပါ။ 

အက်စ်တီဗာအိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ပြိုင်ပွဲမတိုင်မီ ဒဏ်ရာကနေ သက်သာပြီး ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Source: besoccer

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်နဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ် ထိပ်ဆုံးနေရာမှာရှိနေဆဲလို့ ဂွာဒီယိုလာ သတိပေး 

By CNI
CNI
Category: အားကစား
Hits: 229

CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြဂွာဒီယိုလာက အာဆင်နယ် အသင်းဟာ ထိပ်ဆုံးနေရာမှာ ရှိနေဆဲ ဖြစ်တယ်လို့ သူ့ရဲ့ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ဘယ်သူက လိဂ်ရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတာလဲ။ ကျနော်တို့ မဟုတ်ဘူး။ ဂိုးကွာခြားချက်မှာလည်း သူတို့က ပိုပြီးကောင်းပါတယ်။ တဆင့်ပြီး တဆင့်သွားရမှာပါ။ ဒါပေမယ့် ကျနော်တို့ဟာ မျှော်လင့်ချက်တွေ ရှိနေ ပြီး အဆုံးထိ တိုက်ပွဲဝင်ဖို့ အခွင့်အရေးကို တိုးထားဆဲဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းထက် ၁ ပွဲလျော့ကစားပြီး ရမှတ် ၃ မှတ်သာ ကွာဟ တော့တာပါ။ 

မန်စီးတီးအသင်းအနေနဲ့ လာမယ့် ကြားရက်မှာ ကစားမယ့် ဘန်လေအသင်းနဲ့ ပွဲကျန်မှာ အနိုင်ခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်နိုင်မှာ ဖြစ်ပါတယ်။ 

ဒီလိုအခွင့်အရေး ရှိနေပေမယ့် ဂွာဒီယိုလာကတော့ သူ့ရဲ့ကစားသမားတွေကို သွားရမယ့်လမ်း အဝေးကြီး ရှိသေးတယ်လို့ သတိပေးခဲ့ပါတယ်။ 

 အာဆင်နယ်နဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည် စတင်ပြီလို့ ပြောခဲ့ပေမယ့် သူ့အသင်း ဟာ ချန်ပီယံဆု ရယူရယူနိုင်တယ်လို့ ယုံကြည်နေပါတယ်။ 

ဒါ့အပြင် အာတီတာက သူတို့ဟာ ရပ်တန့်သွားမှာ မဟုတ်ဘဲ ထပ်ကြိုးစားသွားမှာဖြစ်ပြီး လာမယ့်ပွဲတွေအတွက် ယုံကြည်မှု ပိုပြီးရှိလာတယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြည်တွင်းပြိုင်ပွဲ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်ကို တက်ရောက်ထားပါတယ်။ 

အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်း ဂိုးသမား ၂ ဦးကို တွေ့ရစဉ်

အသုံးပြုမယ့် ဂိုးသမားကို အာတီတာ အတည်မပြုသေး

By CNI
CNI
Category: အားကစား
Hits: 401

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဒေးဗစ်ရေယာနဲ့ ကယ်ပါတို့ ၂ ဦးထဲက ဘယ်ဂိုးသမားကို ပွဲထွက် အသုံးပြုမလဲဆိုတာ အတည်ပြုဖို့ ငြင်းဆန်ခဲ့ ပါတယ်။ 

ဒေးဗစ်ရေယာဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် ပွဲထွက်နေရပြီး မနှစ်က နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ခေါ်ယူခဲ့တဲ့ ကယ်ပါဟာ ကာရာဘောင်းနဲ့ FA ဖလားပြိုင်ပွဲမှာ အဓိက ဂိုးသမားအဖြစ် ပွဲထွက် ပါဝင်နေရတာပါ။ 

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ဖလားပြိုင်ပွဲတွေမှာ အဓိက အသုံးပြုနေတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ သူဘယ်လို ဆုံးဖြတ်မလဲဆိုတာ ဗိုလ်လုပွဲမှာ မြင်တွေ့ရမယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်း နည်းပြ အာတီတာကို တွေ့ရစဉ်

လေဗာကူဆင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာ စိုးရိမ်မှုရှိခဲ့တဲ့ အီဇီဟာ ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာဖြစ်သလို ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ပွဲတွေကို မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ နောက်ခံ လူ တင်ဘာတို့ဟာ ဗိုလ်လုပွဲမှာ ကြံ့ခိုင်မှု အပြည့်နဲ့ပါဝင်နိုင်ဖို့ အာတီတာက မျှော်လင့်နေပါတယ်။

ဒီရာသီမှာဆုဖလား ၄ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ် ရှိနေတဲ့ အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်က FA ဖလား ရယူပြီးနောက်ပိုင်း သူတို့ရဲ့ ပထမဆုံးဖလားအဖြစ် ကာရာဘောင်းဖလား ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေတာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဗိုလ်လုပွဲမှာ လူတိုင်း ပါဝင်ချင်တာကြောင့် သေချာစဉ်းစားပြီး ပွဲထွက် လူစာရင်းကို ရွေးချယ်မယ်လို့ ပြောထားတာပါ။ 

အာဆင်နယ်အသင်းဟာ လာမယ့် နိုင်ငံတကာ ပွဲတွေပြီးရင် FA ဖလား၊ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ဆက်တိုက်ယှဉ်ပြိုင်ပြီး ပွဲကြပ်တွေကို ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။ 

Source: Metro

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျက်ဆန်နဲ့ ဒီလပ်ကို တွေ့ရစဉ်

ဂျက်ဆန်နဲ့ဒီလပ်ကို နယူးကာဆယ်အသင်း ပစ်မှတ်ထား 

By CNI
CNI
Category: အားကစား
Hits: 392

CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁

လာမယ့် နွေရာသီမှာ နံပါတ် ၉ ကစားသမားသစ်ကို ခေါ်ယူဖို့ ရှာဖွေမှုတွေ ပြုလုပ်နေတဲ့ နယူးကာဆယ်အသင်း ဟာ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးတွေဖြစ်တဲ့ ဂျက်ဆန်နဲ့ ဒီလပ်တို့ကို အဓိက ပစ်မှတ်တွေအဖြစ် သတ်မှတ် ထားပါတယ်။

နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းထံ ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး အစ်ဆက်ရဲ့ နေရာမှာ ဖြည့်ဆည်းဖို့ ရုန်းကန်နေရတာပါ။

နယူးကာဆယ်အသင်းဟာ တိုက်စစ်မှူးသစ်တွေအဖြစ် ဝီဆာနဲ့ ဝိုလ်တီမာဒီတို့ကို နွေရာသီမှာ အားဖြည့်ခဲ့ပေမယ့် သူတို့အပေါ်မှာ အပြည့်အဝ ယုံကြည်မှုမရှိတာ ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ စတုဂတ်အသင်းကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝိုလ်တီမာဒီဟာ နယူးကာဆယ်အသင်းအတွက် ၄၄ ပွဲကစားထားပြီး ၁၁ ဂိုးသွင်းယူထားကာ ဘရန်ဖို့ဒ်အသင်းကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းလာခဲ့တဲ့ ဝီဆာဟာ အသင်းအတွက် ၂၁ ပွဲကစားထားပြီး ၃ ဂိုးသွင်းယူထားတာပါ။ 

နယူးကာဆယ်အသင်း ကစားသမားကို တွေ့ရစဉ်

နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူမယ့် နယူးကာဆယ်အသင်းဟာ ဂျက်ဆန်နဲ့ ဒီလပ်တို့ ၂ ဦး ထဲက ၁ ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဂျက်ဆန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ၂၆ ပွဲ ကစားထားတာမှာ ၇ ဂိုး သွင်းယူထားတာပါ။

ဒီလပ်ကတော့ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်း မရှိဘဲ ၃၁ ပွဲ ကစားထားတာမှာ ၂ ဂိုးသာ သွင်းယူ ထားပါတယ်။ 

သူတို့ ၂ ဦးစလုံးဟာ ချယ်လ်ဆီးအသင်းမှာ ရေရှည်ရှိဖို့ အာမခံချက် မရှိတာကြောင့် နယူးကာဆယ်အသင်းထံ ပြောင်းရွှေ့ဖို့ အလားအလာရှိတဲ့ ရွေးချယ်စရာအဖြစ် ရှိနေတာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို ဂိုးပြတ် အရေးနိမ့်ပြီး ထွက်ခွာခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ အာရုံစိုက် ရတော့မှာဖြစ်ပြီး ဆန်းဒါးလန်းအသင်းနဲ့ ဒါဘီပွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဘာစီလိုနာဥက္ကဋ္ဌ ရွေးကောက်ပွဲနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် 

By CNI
CNI
Category: ဆောင်းပါး
Hits: 627

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ရောက်ရှိလာတဲ့ အင်္ဂလန်တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ ဆန္ဒရှိနေပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့လုပ်ခလစာကို လျှော့ယူပြီး ဘာစီလိုနာအသင်းမှာ ဆက်နေချင်ပေမယ့် သူ့ရဲ့ဘာစီလိုနာ အသင်း အနာဂတ်ဟာ မတ်လမှာ ကျင်းပမယ့် အသင်းဥက္ကဋ္ဌ ရွေးကောက်ပွဲအပေါ် မူတည်နေပါတယ်။ 

ဘာစီလိုနာအသင်းဟာ သွင်းဂိုး ၁၀ နဲ့ ဂိုးဖန်တီးမှု ၁၀ ဂိုးနဲ့အထက် ပြုလုပ်ထားတဲ့ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ချိန်မှာ ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် ရှိနေပါတယ်။ 

ဘာစီလိုနာအသင်းဟာ ရာသီကုန်ချိန်မှသာ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပြီး ဒါက နောက်လာ မယ့် အသင်းဥက္ကဋ္ဌသစ် အပေါ်မှာ မူတည်နေတာပါ။ 

ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ခေါ်ယူခဲ့တဲ့ လာပေါ်တာဟာ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်ဖို့အတွက် လက်ရှိ အချိန်မှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ထားပါတယ်။ 

လာပေါ်တာဟာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖို့ ဆုံးဖြတ်နိုင်ပါတယ်။ လာပေါ်တာသာ အနိုင်မရခဲ့ရင်တော့ ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်ဟာ စဉ်းစားစရာတွေ ရှိလာပါတယ်။ 

လာပေါ်တာဟာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌရာထူးအတွက် ဗစ်တာဖောင့်၊ မာခ့်စီရီယာ၊ ဇာဗီရာ၊ ယိုအန်ကမ်ရူဘီတို့ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းက သူ့ကို အပြီးသတ် မခေါ်ယူခဲ့ရင် ယူနိုက်တက်အသင်းထံ ပြန်လာရမှာ ဖြစ်ပေမယ့် ယူနိုက်တက်အသင်းကတော့ သူမပါဝင်တော့တဲ့ အနာဂတ်ကို စီစဉ်မှုတွေ ပြုလုပ်နေတာပါ။ 

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်း အပြီးသတ် ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်နဲ့ လာပေါ်တာကို တွေ့ရစဉ်

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ယူနိုက်တက်အသင်း နည်းပြ မိုက်ကယ်ကာရစ်ဟာ ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ပြန်လည် တွေ့ချင်နေတယ်လို့ ဖော်ပြထားတာပါ။ 

မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်အသင်းမှာ ရက်ရှ်ဖို့ဒ်နဲ့ အတူတွဲ အလုပ်လုပ် ဖူးတာကြောင့် သူ့ရဲ့အကြောင်းကို နားလည်တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မိုက်ကယ်ကာရစ်ရဲ့ စာချုပ်ဟာ ဒီရာသီကုန်အထိသာ ရှိတာကြောင့် ယူနိုက်တက်အသင်းဟာ နွေရာသီ အထိ ဝေးကွာနေတဲ့ အကြောင်းကို စဉ်းစားနေခြင်းမရှိတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့ဘဲ မနှစ်က ရာသီရဲ့ ဒုတိယရာသီဝက်မှာ အက်စတွန်ဗီလာအသင်းထံ အငှားချခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နွေရာသီတုန်းက ယူနိုက်တက်အသင်းကြီး လူစာရင်းနဲ့ အဝေးမှာ သီးခြား လေ့ကျင့်ခဲ့ရပြီး သူ့ရဲ့ ကျောနံပါတ် ၁၀ ကို ကွန်ညာထံ လွှဲပြောင်းပေးခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းမှာ ၂၃ နှစ်ကြာရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းမှာ ရှိနေရတာကို သူနှစ်သက်တယ်လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ 

ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းကတော့ ၂၀၂၈ ခုနှစ် ရာသီကုန်အထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းက မဝယ်ယူရင်တောင် တခြားအသင်း တစ်သင်းက ဝယ်ယူလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ သူလုပ်ရမယ့်အရာက ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြပြီး ဆုဖလားတွေ ရယူဖို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရဖို့ ဖြစ်ပါတယ်။ 

ဒီနောက်ပိုင်းမှသာ ရက်ရှ်ဖို့ဒ်ဟာ အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းထံ အပြီးသတ် ပြောင်းရွှေ့ခွင့်ရမလား ဒါမှမဟုတ် ယူနိုက်တက်အသင်းထံ ပြန်လာပြီး တခြားအသင်းထံ ရောင်းချ ခံရမလားဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းကိုတွေ့ရစဉ်

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဘယ်အသင်းတွေ တက်နိုင်မလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 801

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်ဟာ ကစားဖို့ ၁ ပွဲသာ ကျန်ရှိတော့တာကြောင့် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်မယ့် အသင်း ၈ သင်း၊ ပလေးအော့ဖ် ကစားရမယ့် အသင်း ၁၆ သင်းဟာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့သာ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ထားနိုင်တဲ့ အတွက် ကျန်တဲ့အသင်းတွေဟာ နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရရှိဖို့ ကြိုးပမ်းရတော့မှာပါ။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရထားပြီး နောက်ဆုံးပွဲမှာ ကိုင်ရတ်အသင်းနဲ့ ကစား ရမှာဖြစ်လို့ ရာနှုန်းပြည့်အနိုင်နဲ့ League Phase အဆင့်ကို အဆုံးသတ်ရဖို့ ရှိနေပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းကလည်း PSV အသင်းနဲ့ ကစားရမယ့် နောက်ဆုံးပွဲမှာ ရမှတ် ၁ မှတ် ရယူနိုင်တာနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ဖို့ သေချာမှာ ဖြစ်ပါတယ်။ ထိပ်ဆုံး ၂ သင်းဟာ လာမယ့် အဆင့်တိုင်းမှာ ဒုတိယအကျော့ကို အိမ်ကွင်းကစားရမှာဖြစ်လို့ အားသာချက်ရရှိမှာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းကိုတွေ့ရစဉ်

အဆင့် ၃ နေရာက ရီးရယ်လ်အသင်း၊ အဆင့် ၄ နေရာက လီဗာပူးလ်အသင်း၊ အဆင့် ၅ နေရာက စပါးအသင်းတို့ ဟာ နောက်ဆုံးပွဲမှာ အနိုင်ရတာနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မှာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းက ဘင်ဖီကာအသင်း၊ လီဗာပူးလ်အသင်းက ကာရာဘတ်အသင်း၊ စပါးအသင်းက ဖရန့်ဖတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အဆင့် ၆ နေရာက PSG အသင်းကနေ အဆင့် ၁၃ နေရာက အတ္တလန်တာအသင်းတို့ဟာ ရမှတ် ၁၃ မှတ်ချင်း တူညီနေတာကြောင့် အားပြိုင်မှုတွေက ပိုပြီးပြင်းထန်ဖို့ ရှိနေပါတယ်။ 

နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အနိုင်ရဖို့ လိုအပ်နေသလို သူတို့ရဲ့ကံကြမ္မာဟာ ဂိုးကွာခြား ချက်အပေါ်မှာ မူတည်နေပါတယ်။

မန်စီးတီးအသင်းကိုတွေ့ရစဉ်

နယူးကာဆယ်အသင်းဟာ PSG အသင်း အိမ်ကွင်း သွားရောက် ကစားရမှာဖြစ်လို့ ခက်ခဲနိုင်ပြီး ချယ်လ်ဆီး အသင်းကလည်း အဝေးကွင်းမှာ နာပိုလီအသင်း၊ မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ ဂါလာတာစာရေး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ထိပ်ဆုံး ၈ နေရာထဲက ကျန်ရှိတဲ့ ၆ နေရာအတွက် အသင်း ၁၆ သင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးပွဲမှာ ဒီအထဲကအသင်းတွေ ထိပ်တိုက်တွေ့တဲ့ပွဲက ၂ ပွဲသာရှိပါတယ်။

ဒီပွဲတွေကတော့ PSG နဲ့ နယူးကာဆယ်၊ ဒေါ့မွန်နဲ့ အင်တာမီလန်အသင်း ပွဲစဉ်တွေ ဖြစ်ပါတယ်။ အဆင့် ၃၂ နေရာ မှာ ရပ်တည်နေတဲ့ အေဂျက်စ်အသင်းထိ အားလုံးပါဝင်နေသေးတဲ့ ပလေးအော့ဖ် နေရာအတွက် ယှဉ်ပြိုင်မှုတွေ ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

ပွဲစဉ် ၇ အပြီးမှာ ဖရန့်ဖတ်၊ ဆလားဗီးယား၊ ဗီလာရီးရယ်လ်နဲ့ ကိုင်ရတ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားရတာပါ။ 

ရီးရယ်လ်အသင်းကို တွေ့ရစဉ်

အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ မာဆေးလ်အသင်းနဲ့ အေဂျက်စ်အသင်းတို့အကြားမှာ ရမှတ်ကွာဟမှုက ၃ မှတ်သာရှိပါတယ်။ နာပိုလီ၊ ဘင်ဖီကာအသင်းတို့လို အသင်းကြီးတွေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အခြေအနေမှာ ရှိနေပါတယ်။ 

သူတို့ ၂ သင်းဟာ ချယ်လ်ဆီး၊ ရီးရယ်လ်အသင်းတို့နဲ့ တွေ့ဆုံရမှာဖြစ်လို့ ပလေးအော့ဖ် ဝင်ခွင့်အတွက် ယှဉ်ပြိုင် ခွင့် ရယူနိုင်ဖို့ မျှော်လင့်ချက် အလွန်နည်းနေပါတယ်။ League Phase နောက်ဆုံးပွဲကတော့ အသင်းတိုင်းရဲ့ မျှော်လင့်ချက် ကိုယ်စီအတွက် အလွန်အရေးပါနေတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ 

အဲဒါကြောင့် ဘယ်အသင်းတွေက အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်နိုင်မလဲ၊ ဘယ်အသင်းတွေက ပလေးအော့ဖ် ဝင်ခွင့်သာရပြီး ဘယ်အသင်းတွေက ထွက်ခွာရမလဲ ဆိုတာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ 

Source: BBC

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆီနီဂေါနဲ့ မော်ရိုကို တွေ့ရစဉ်

ဘယ်နိုင်ငံက အာဖရိကဖလား ဒုတိယအကြိမ် ကိုင်မြှောက်နိုင်မလဲ 

By CNI
CNI
Category: ဆောင်းပါး
Hits: 781

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆

မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၅ အာဖရိကဖလား ပြိုင်ပွဲကတော့ နောက်ဆုံးဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယားနဲ့ အီဂျစ်အသင်းတို့ကို အနိုင်ရခဲ့တဲ့ မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ ဗိုလ်လုပွဲမှာ တွေ့ဆုံရမှာပါ။ 

မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁ ကြိမ်စီ ရရှိထားတာကြောင့် ဒုတိယအကြိမ်မြောက် ရယူနိုင်ဖို့ ကြိုးစားကြတော့မှာ ဖြစ်ပါတယ်။ 

အိမ်ရှင်မော်ရိုကိုအသင်းဟာ ၂၀၀၄ ခုနှစ် ပြိုင်ပွဲနောက်ပိုင်း အာဖရိကဖလား ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့တာဖြစ်ပြီး ၁၉၇၆ ခုနှစ်က ဆုဖလား ရယူပြီးနောက် နှစ်ပေါင်း ၅၀ အကြာမှာ ဆုဖလားပြန်ပြီး ရယူနိုင်ဖို့ မျှော်လင့်ချက် ရှိလာခဲ့ပါတယ်။ 

ဆီနီဂေါအသင်းကတော့ ၂၀၂၁ ခုနှစ်ကပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲအပြီးမှာ ဆုဖလားကို ပြန်ပြီးရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အိမ်ရှင်အသင်းလည်း ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ကွင်းလုံးပြည့် အားပေးမှုကို ရရှိထားတဲ့ မော်ရိုကိုအသင်း ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထရပြီးကတည်းက သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆက်ပြီး ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ 

မော်ရိုကိုအသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိခဲ့ဘဲ အာဖရိကဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။ 

ဆီနီဂေါအသင်းကို တွေ့ရစဉ်

မော်ရိုကိုအသင်းဟာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲ ရောက်တဲ့အထိ လမ်းကြောင်းမှာ သွင်းဂိုး ၉ ဂိုးသွင်းနိုင်ခဲ့ပြီး ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။ 

ပေးခဲ့ရတဲ့ ပေးဂိုးကလည်း ပယ်နယ်တီကနေ ပေးခဲ့ရတာကြောင့် မော်ရိုကိုအသင်းရဲ့ တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင် ရည်တွေကို မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။ 

မော်ရိုကိုအသင်းဟာ အုပ်စုအဆင့်မှာ ကိုမိုရို့စ်၊ မာလီနဲ့ ဇမ်ဘီယာအသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ၁၆ သင်း အဆင့်မှာ တန်ဇန်နီးယား၊ ကွာတားဖိုင်နယ်မှာ ကင်မရွန်းနဲ့ ဆီမီးဖိုင်နယ်မှာ နိုင်ဂျီးရီးယား အသင်းတို့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

၂၀၂၅ ပြိုင်ပွဲမတိုင်မီ နောက်ဆုံး ကျင်းပခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ ၃ ကြိမ်မှာ ဗိုလ်လုပွဲ ၂ ကြိမ်အထိ တက်ခဲ့တဲ့ ဆီနီဂေါအသင်းဟာ ဘရာဇီးလ်အသင်းကို ခြေစမ်းပွဲမှာ အရေးနိမ့်ခဲ့တဲ့ ပွဲကလွဲပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ပိုင်ဆိုင်ထားတာပါ။

မော်ရိုကိုအသင်းကို တွေ့ရစဉ်

ဆီနီဂေါအသင်းဟာ အုပ်စုအဆင့်မှာ ကွန်ဂို၊ ဘီနင်နဲ့ ဘော့ဆွာနာအသင်းတို့ကို ကျော်ဖြတ်ခဲ့ပြီး ၁၆ သင်း အဆင့် မှာ ဆူဒန်၊ ကွာတားဖိုင်နယ်မှာ မာလီနဲ့ ဆီမီးဖိုင်နယ်မှာ အီဂျစ်အသင်းတို့ကို အနိုင်ရခဲ့ပါတယ်။ 

ဆီနီဂေါအသင်းဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ လမ်းကြောင်းမှာ ၁၂ ဂိုးသွင်းပြီး သွင်းဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရ တာပါ။

ဆီနီဂေါအသင်းဟာ မော်ရိုကိုအသင်းလိုပဲ အကောင်းဆုံး တိုက်စစ်နဲ့ ခံစစ်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်နဲ့ ရောက်ရှိလာခဲ့တဲ့ အကောင်းဆုံးအသင်း ၂ သင်းရဲ့ ပွဲကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

ဆီနီဂေါနဲ့ မော်ရိုကို တွေ့ရစဉ်

မော်ရိုကိုနဲ့ ဆီနီဂေါအသင်းတို့ဟာ ခြေစမ်းပွဲတွေမှာ နောက်ဆုံး တွေ့ဆုံခဲ့ကြပြီး မော်ရိုကိုအသင်းက အနိုင်ရ ခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ 

ထိပ်တိုက် တွေ့ဆုံမှုနည်းတဲ့ ဒီ ၂ သင်းရဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ အိမ်ရှင် ပရိသတ်တွေရဲ့အားနဲ့ မော်ရိုကို အသင်း ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မလား ဒါမှမဟုတ် ဆီနီဂေါအသင်းက ချန်ပီယံဆုကို ကိုင်မြှောက်ပြီး သူတို့ရဲ့နိုင်ငံထံ ပြန်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကို တွေ့ရစဉ်

အတိတ်က ယူနိုက်တက်ကို ဘယ်အချိန်မှ ပြန်မြင်တွေ့ရမှာလဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 927

CNI Sport Article

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ယူနိုက်တက်အသင်းဟာ ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့သလို အသင်းကြီး တစ်သင်းဆိုတဲ့ ပုံရိပ်တွေလည်း ပျောက်ဆုံး သွားခဲ့ပါ တယ်။

ယူနိုက်တက်အသင်းဟာ အတိတ်က ရယူခဲ့ဖူးတဲ့ အောင်မြင်မှုတွေသာ ပြန်ပြောင်း ပြောနေရပြီး အရာအားလုံးဟာ တချို့အသင်းတွေရဲ့ အနောက်မှာသာ ရှိတော့တာဖြစ်ပါတယ်။ 

ဒါက ယူနိုက်တက်အသင်း ပရိသတ်တွေအတွက် အလွန်ခါးသီးတဲ့ အမှန်တရားဖြစ်ပြီး လက်သင့်ခံရမှာပါ။ 

ယူနိုက်တက်အသင်းဟာ ဖာဂီနောက်ပိုင်းမှာ ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှား၊ အဲရစ်တန်ဟတ်၊ အာမိုရင်တို့လို အမြဲတမ်းနည်းပြတွေ အပါအဝင် ယာယီနည်းပြတွေ ခန့်အပ်ပြီး အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် အောင်မြင်မှုတွေက လက်ချိုးပြီးရေတွက်လို့ရပါတယ်။ 

ဂလေဇာမိသားစု တစ်ဦးတည်းက အသင်းကို ကြီးစိုးနေတဲ့ အခြေအနေကနေ ဗြိတိန်ဘီလျံနာ ဆာဂျင် ရက်ကလစ်ဖ်က အသင်းရဲ့ ရှယ်ယာ အနည်းစုကို ဝယ်ယူခဲ့ပြီးနောက် ဘောလုံးလည်ပတ်မှု အဖွဲ့အစည်းတွေကို ပြောင်းလဲမှုကြောင့် အရင်လို အောင်မြင်မှုတွေ ပြန်ရဖို့ မျှော်လင့်ခဲ့ကြပါတယ်။ 

ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့ဟာ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ကို ခန့်အပ်ကာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့အဆင့် ရပ်တည်ခဲ့တာပါ။ 

နည်းပြ ဖာဂူဆန်နဲ့ နည်းပြတွေကို တွေ့ရစဉ်

ဒါ့ပြင် ဘာအောင်မြင်မှုမှ ရခဲ့ခြင်းမရှိဘဲ ရာသီ အဆုံးသတ်ခဲ့တာကြောင့် ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နဲ့လည်း ဝေးကွာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အမ်ဘူမို၊ ကွန်ညာ၊ ဆက်စ်ကိုနဲ့ လမ်းမန်းစ်တို့ကို အားဖြည့်ပေးခဲ့ပေမယ့် အသင်းဟာ ကာရာဘောင်းဖလားကနေ စောစီးစွာ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေကလည်း ထင်သလောက် ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ 

ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေး အခြေအနေကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ မရှိတဲ့နောက် နည်းပြအာမိုရင်နဲ့ အသင်းအကြီးအကဲ ဝီလ်ကော့စ်တို့အကြား တင်းမာမှုတွေရှိခဲ့ကြပါတယ်။ 

အဲ့ဒါကြောင့် အာမိုရင်ဟာ အသင်း အကြီးအကဲတွေကို ဝေဖန်ခဲ့တဲ့အတွက် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရ ပါတယ်။

ယူနိုက်တက်အသင်းဟာ ဖာဂူဆန် နောက်ပိုင်းမှာ ဘယ်နည်းပြကိုမှ အချိန်အကြာကြီး မပေးတော့တာကလည်း အသင်းအောင်မြင်မှုနဲ့ ဝေးကွာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလို့ပြောရမှာပါ။ 

နည်းပြအာမိုရင်ကို တွေ့ရစဉ်

ဘာလို့လဲဆိုရင် နည်းပြတစ်ဦးပြီး တစ်ဦး ပြောင်းလဲတိုင်း ကစားသမားသစ်တွေ အားဖြည့်လိုက် ကစားကွက် ပြန်တည်ဆောက်လိုက်နဲ့ အချိန်တွေသာ ကုန်ပြီး မျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာခြင်းမရှိသေးတာ ဖြစ်ပါ တယ်။ 

ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်က ယူနိုက်တက်အသင်းဟာ အမှတ်ပေးဖလားကို ပြန်ရဖို့အတွက် နောက်ထပ် ၁၀ နှစ် ဒါမှမဟုတ် ၁၁ နှစ် အချိန်ယူရနိုင်တယ်လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ နည်းပြတစ်ဦးတည်းကို အချိန်ပေးပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ တည်ဆောက် မယ်ဆိုရင် နည်းပြကြီး ဖာဂူဆန်ပြောတဲ့ အချိန်ထက်စောပြီး ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ခွင့် ရှိလာမှာပါ။

ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ ဒီလိုမျိုး ဖြစ်လာဖို့အတွက် ရာသီကုန်အထိ ယာယီနည်းပြနဲ့ ဆက်သွား ပြီး အမြဲတမ်းနည်းပြကို နွေရာသီရောက်မှ ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။ 

ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့အဖွဲ့ဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ချိန်က အာမိုရင် ကို မြန်မြန်ဆန်ဆန် ခန့်အပ်ခဲ့တာကြောင့် နောက်ထပ် အမှားအယွင်းမဖြစ်ဖို့ အချိန်ယူဖို့ ရှိနေတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ လက်ရှိ ဘုတ်အဖွဲ့အနေနဲ့ အသင်းကို သေသေချာချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အတိတ်ကအောင်မြင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို ပြန်လည်ရနိုင်ဖို့ မျှော်လင့်ခွင့်ရှိနေပါတယ်။ 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အလွန်ဆိုကို တွေ့ရစဉ်

ရီးရယ်လ် ကစားသမားအချို့နဲ့ အလွန်ဆို အဆင်မပြေ ဖြစ်နေပြီလား 

By CNI
CNI
Category: ဆောင်းပါး
Hits: 1003

CNI Sport Article

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅

ပြီးခဲ့တဲ့ရက်ပိုင်းမှာ စပိန်နိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ရီးရယ်လ်အသင်း နည်းပြအလွန်ဆိုနဲ့ ကစားသမားတွေအကြားမှာ သဘောထား ကွဲလွဲမှုတွေ ကြီးထွားလာနေပြီး အဓိက ကစားသမား ၅ ဦးဟာ နည်းပြကို မကျေမနပ် ဖြစ်နေတယ်လို့ ဖော်ပြထားကြပါတယ်။

အလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ပထမဆုံး ကိုင်တွယ်နေတဲ့ ရာသီမှာ စပိန်လာလီဂါ ထိပ်ဆုံးနေရာ ရပ်တည်နိုင် အောင်နဲ့ ပထမဆုံး El Clasico ပွဲစဉ်မှာ အနိုင်ရအောင် ကိုင်တွယ်ပေးထားပါတယ်။ 

အလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင် ပေးထားပေမယ့် သူ့ရဲ့ထိန်းချုပ်မှု ကြောင့် ကစားသမားအချို့ဟာ မပျော်မရွှင် ဖြစ်နေကြပါတယ်။

ရီးရယ်လ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အလွန်ဆိုဟာ စပိန်ကလပ်ရဲ့ အရင်နည်းပြတွေဖြစ်တဲ့ ဇီဒန်း၊ အန်ဆယ်လော့တီတို့လို ကစားသမားတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အများအပြား ရခြင်းမရှိသေးတာပါ။ 

 ရီးရယ်လ်အသင်းကို တွေ့ရစဉ်

Mundo Deportivo က ဂိုးသမား ကော့တွိုက်စ်၊ ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဂမ်တို့ဟာ နည်းပြ အလွန်ဆိုနဲ့ ကောင်းမွန်စွာ အလုပ်လုပ်ဖို့ ရုန်းကန်နေရတဲ့ သူတွေထဲမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

သူတို့ ၃ ဦးဟာ အလွန်ဆိုရဲ့ နည်းဗျူဟာတွေနဲ့ အဆင်မပြေ ဖြစ်နေကြပြီး နောက်တန်းကနေ ဘောလုံးစတင်ကာ တိုက်စစ် သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို မနှစ်သက်ဘူးလို့ သိရပါတယ်။ 

ရီးရယ်လ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဗီနီစီးယက်စ်ကတော့ ဒီရာသီရဲ့ ပွဲအများအပြားမှာ လူစားလဲ ခံခဲ့ရတာကြောင့် နည်းပြ အလွန်ဆိုကို အလွန်စိတ်ပျက်နေပြီး ဘာစီလိုနာအသင်းနဲ့ ပွဲမှာဆိုရင် လူစားလဲ ခံရပြီးနောက် ဒေါသထွက်ကာ ဥမင်ထဲကို တန်းဝင်သွားခဲ့တာပါ။

ဗီနီစီးယက်စ်ဟာ နောက်ပိုင်းမှာ သူ့ရဲ့အပြုအမူအတွက် အသင်းဖော်တွေ၊ ကလပ်နဲ့ အသင်း အကြီးအကဲကို လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။ 

ဒါပေမယ့် ဗီနီစီးယက်စ်ရဲ့ တောင်းပန်မှုထဲမှာ အလွန်ဆိုရဲ့ နာမည် ပါဝင်ခဲ့ခြင်း မရှိပါဘူး။ 

အလွန်ဆိုကို တွေ့ရစဉ်

ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ်၊ ကော့တွိုက်စ်တို့နဲ့အတူ ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ဗယ်လ်ဗာဒီတို့ကလည်း နည်းပြအလွန်ဆိုကို မကျေမနပ် ဖြစ်နေကြပါတယ်။ 

သူတို့ ၂ ဦးဟာ ဒီရာသီ ရီးရယ်လ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲမှာ ပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် စိတ်ပျက် နေကြတယ်လို့ ဖော်ပြထားပါတယ်။

အလွန်ဆိုဟာ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို သေချာစောင့်ကြည့်မှုတွေ ပြုလုပ် သလို ဗွီဒီယိုတွေနဲ့ ပြန်သုံးသပ်မှု၊ ဒရုန်းတွေ၊ အသေးစိတ် အချက်အလက်တွေ ပါဝင်တဲ့ နည်းဗျူဟာတွေကို အသုံးပြုကာ သူမျှော်လင့်ထားတဲ့ အရာတွေကို တောင်းဆိုမှုတွေ ပြုလုပ်တာပါ။ 

ရီးရယ်လ်အသင်း ကစားသမား အချို့ကတော့ ချန်ပီယံလိဂ် ဖလားတွေ ရယူနိုင်ပေးခဲ့ကြတဲ့ ဇီဒန်း၊ အန်ဆယ်လော့တီတို့ရဲ့ ပေါ့ပေါ့ပါးပါး ချဉ်းကပ်မှုတွေကို ပိုပြီးနှစ်သက်နေကြတယ်လို့ သိရပါတယ်။ 

ရီးရယ်လ်အသင်းကို တွေ့ရစဉ်

ရီးရယ်လ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ကာ ဗယ်လက်ကာနိုအသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲက ရီးရယ်လ်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ စပိန်မီဒီယာ အများအပြားရဲ့ မေးခွန်း ထုတ်စရာတွေ ဖြစ်ခဲ့ပြီး ရီးရယ်လ်အသင်းဟာ ဥရောပမှာ ယှဉ်ပြိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဖော်ပြခဲ့ပါတယ်။ 

နိုင်ငံတကာ ပွဲစဉ်တွေအပြီး ကလပ်ပွဲစဉ်တွေ ပြန်လည်ယှဉ်ပြိုင်ချိန်မှာ အခုထွက်ပေါ်နေတဲ့ သတင်းတွေကို အလွန်ဆို ဘယ်လိုတုန့်ပြန်မလဲဆိုတာနဲ့ အသင်းကို ဘယ်လောက်အထိ အကောင်းဆုံး လုပ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

Source: Dailymail

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆင်နယ်အသင်းကို တွေ့ရစဉ်

အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ဖလားရဖို့ ရေပန်းစားမှု

By CNI
CNI
Category: ဆောင်းပါး
Hits: 1500

CNI Sport Article

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄

ဒီရာသီ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားတာ ၃ ပွဲသာ ရှိသေးပေမယ့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေပါတယ်။ 

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် အနိုင်ရရှိထားတဲ့ အသင်း ၅ သင်းထဲ က ၁ သင်းဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ 

အာဆင်နယ်အသင်းဟာ အင်တာမီလန်အသင်းနဲ့အတူ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပေးဂိုးပေးရခြင်း မရှိသေး တာလည်း ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကစားရခက်တဲ့ နည်းပြဆီမြွန်နီရဲ့ အက်သလက်တီကို အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရပြီး အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့တာပါ။ 

ဒီပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ စူပါကွန်ပျူတာရဲ့ နောက်ဆုံး ခန့်မှန်းချက်မှာ အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ၂၁.၁၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဘီလ်ဘာအိုနဲ့ အိုလံပီယာကို့စ်အသင်းတို့ကို အနိုင် ရခဲ့ပြီး ရာသီအစ အားကောင်းမှုတွေကြောင့် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။ 

နယူးကာဆယ်အသင်းကို တွေ့ရစဉ်

စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ် ရောက်ရှိနိုင်ဖို့ ၅၄.၃၈ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲ တက်နိုင်ဖို့ ၃၅.၅၇ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့ PSG အသင်းဟာ ဗိုလ်လုပွဲကို ထပ်ပြီးတက်ရောက်နိုင်ဖို့ ၂၅.၅၉ ရာခိုင်နှုန်းရှိနေပြီး ချန်ပီယံဆုကို ဆက်ထိန်းနိုင်ဖို့ အတွက်တော့ ၁၄.၀၃ ရာခိုင်နှုန်းသာ ရှိနေတာပါ။ 

ပြီးခဲ့တဲ့ရာသီမှာ ရလဒ်တွေ ဆိုးခဲ့တဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်၊ PSG အသင်းတို့ရဲ့ အနောက်မှာ ဗိုလ်စွဲဖို့ တတိယ ရာခိုင်နှုန်း အများဆုံး အသင်းအဖြစ် ရပ်တည် နေပါတယ်။ 

စူပါကွန်ပျူတာက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်း ချန်ပီယံဖြစ်ဖို့ ၁၂.၁၂ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားတာပါ။

ဘိုင်ယန်မြူးနစ်၊ ရီးရယ်လ်၊ အင်တာမီလန်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ စပါးအသင်းတို့ကလည်း စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုမှာ နံပါတ် ၁၁ နဲ့ ၁၂ နေရာတွေမှာ ရပ်တည်နေပါတယ်။ 

PSG အသင်းကို တွေ့ရစဉ်

နယူးကာဆယ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးနိမ့်ထားပြီး စပါးအသင်းက ၁ ပွဲ နိုင်၊ ၂ ပွဲ သရေကျထားပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ထိပ်သီးအသင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်၊ မိုနာကို၊ လေဗာကူဆင်၊ ဘင်ဖီကာနဲ့ အေဂျက်စ်အသင်းတို့ဟာ နိုင်ပွဲမရရှိသေးဘဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း အနေနဲ့ စူပါကွန်ပျူတာ ခန့်မှန်းထားသလို ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းမဖြစ်မီ ထိပ်ဆုံး ၈ သင်း ထဲဝင်ပြီး League Phase ကို အဆုံးသတ်နိုင်ဖို့ အရင်ဆုံးလုပ်ရမှာပါ။ 

အာဆင်နယ်အသင်းဟာ League Phase လက်ကျန် ၅ ပွဲမှာ ခက်ခဲတဲ့ တွေ့ဆုံမှုတွေအဖြစ် ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်အသင်းတို့နဲ့သာ တွေ့ဆုံရဖို့ ရှိနေပါတယ်။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ စူပါကွန်ပျူတာ ခန့်မှန်းထားသလို အုပ်စုအဆင့်ကနေ တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ကာ ချန်ပီယံဆုကို ရယူသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 

Source:thesun

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဲဗာတန်နဲ့ပွဲမှာ လီဗာပူးလ်အတွက် အစ်ဆက် ပွဲထွက်ဖွယ်ရှိ

By CNI
CNI
Category: အားကစား
Hits: 1192

အဲဗာတန်နဲ့ပွဲမှာ လီဗာပူးလ်အတွက် အစ်ဆက် ပွဲထွက်ဖွယ်ရှိ

CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က နယူးကာဆယ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆွီဒင် တိုက်စစ်မှူး အစ်ဆက်ဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် မာဆေးဆိုဒ် ဒါဘီပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ဖွယ်ရှိနေပါတယ်။ 

ဗြိတိန်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အစ်ဆက်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်း မရှိသေးတာပါ။ 

အစ်ဆက်ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံရဖို့ လုပ်ဆောင်ခဲ့ရပါတယ်။

ဒါပေမယ့် အစ်ဆက်ဟာ အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ လီဗာပူးလ် အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ပြီး ၅၈ မိနစ်အထိ ပါဝင်ကစားခဲ့တာပါ။ 

ပြီးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးကို နွေရာသီက ပေါင် ၇၉ သန်းနဲ့ ခေါ်ယူထားတဲ့ အက်ကီတီကေက ပွဲထွက်ခဲ့ပြီး ၂ ဂိုး သွင်းယူထားပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ၄-၃-၃ ကစားကွက်ပုံစံကို အများဆုံး အသုံးပြုတာကြောင့် အစ်ဆက်နဲ့ အက်ကီတီကေတို့ဟာ အသင်းရဲ့ ပွဲထွက် တိုက်စစ်မှူး နေရာအတွက် ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။ 

အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ အစ်ဆက်ကို ပွဲထွက်လူစာရင်းထဲ အသုံးပြုဖွယ် ရှိ/မရှိ သတင်းထောက်တွေက မေးမြန်းခဲ့ချိန်မှာ နည်းပြ အာနီဆလော့က သူဟာ ပွဲမတိုင်မီ တစ်ရက်အလိုမှာ မီဒီယာတွေကို အများကြီး မပြောဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် အာနီဆလော့က အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အစ်ဆက်နဲ့အက်ကီတီကေတို့ ၂ ဦးစလုံးကို ပွဲထွက် လူစာရင်းထဲ အသုံးပြုနိုင်ပြီး တစ်ဦးကို ဘယ်တောင်ပံမှာ အသုံးပြုနိုင်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီရာသီကစားထားတဲ့ ၅ ပွဲစလုံး နောက်ကျသွင်းဂိုးတွေနဲ့ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးရင် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဂါလာတာ စာရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပုပ်ရဟန်းမင်းကြီးတောင် မိမိစနစ်ကို မပြောင်းလဲနိုင်ဘူးလို့ အာမိုရင် ပြော 

By CNI
CNI
Category: အားကစား
Hits: 1155

ပုပ်ရဟန်းမင်းကြီးတောင် မိမိစနစ်ကို မပြောင်းလဲနိုင်ဘူးလို့ အာမိုရင် ပြော 

CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဝေဖန်မှုတွေ ခံနေရတဲ့ သူ့ရဲ့ ၃-၄-၃ ကစားကွက် ပုံစံစနစ်ကို ပုပ်ရဟန်း မင်းကြီးတောင် ပြောင်းလဲအောင် မလုပ်နိုင်ဘူးလို့ ချယ်လ်ဆီးအသင်းနဲ့ ပွဲကြိုမီဒီယာ တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ 

အာမိုရင်က “ဒါကို ဘယ်သူမှ ပြောင်းလဲလို့ မရပါဘူး။ ပုပ်ရဟန်းမင်းကြီးတောင် ပြောင်းအောင်လုပ်လို့ မရပါဘူး။ ဒါက ကျနော့် အလုပ်ဖြစ်ပြီး ဒါကို ကျနော် အပြည့်အဝ တာဝန်ယူပါတယ်။ ဒါက ကျနော့်ဘဝဖြစ်ပြီး ပြောင်းလဲမှု တွေ လုပ်သွားမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း ၃၃ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရာသီသစ် စတင်ခဲ့ပြီးနောက် နည်းပြအာမိုရင်ဟာ ဖိအားတွေ အများကြီး ခံစားနေရတာ ဖြစ်ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ သူအသုံးပြုနေတဲ့ ၃-၄-၃ ကစားကွက် ပုံစံစနစ်နဲ့ပတ်သက်ပြီး ဝေဖန်မှု အများအပြား ခံနေရကာ ဒီစနစ်ကို ပြောင်းလဲဖို့ အများအပြားက အကြံပြုခဲ့ကြတာပါ။ 

အာမိုရင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင် ရက်ကလစ်ဖ်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒါကြောင့် ဆာဂျင်ရက်ကလစ်ဖ်ဟာ သူ့ရဲ့ကစားကွက် ပုံစံစနစ်ကို ပြောင်းလဲဖို့ အကြံပြုခဲ့ခြင်း ရှိ/မရှိ သတင်း ထောက်တွေက မေးမြန်းခဲ့ချိန်မှာ ယူနိုက်တက်အသင်း နည်းပြ အာမိုရင်က ဒါကို ပုပ်ရဟန်းမင်းကြီးတောင် ပြောင်းလဲအောင်လုပ်လို့ မရဘူးလို့ ဖြေသွားခဲ့တာပါ။ 

ဒါအပြင် အာမိုရင်က သူဟာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ထောက်ခံမှုကို ရရှိနေဆဲဖြစ်ပြီး သူ့ကို စာချုပ်သစ် ကမ်းလှမ်း ခဲ့တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂါနာချိုဟာ ဒီပွဲမှာ အိုးထရက်ဖို့ဒ် ကွင်းထဲ လာရောက်ပြီး အသင်းဟောင်း ယူနိုက်တက်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ပြိုင်ဘက် ကစားသမားအဖြစ် ဂါနာချိုနဲ့ ရင်ဆိုင်ရမယ့် အပေါ်မှာ စိတ်ပူစရာအကြောင်း မရှိသလို ပွဲကိုအနိုင်ရယူနိုင်ဖို့သာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။ 

Source:ESPN

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10

Page 1 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar