CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

EPL ပွဲစဉ်ဇယားရေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ရွဲ့ပြီးပြောခဲ့တဲ့ အာတီတာ

By CNI
CNI
Category: အားကစား
Hits: 3149

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

အာဆင်နယ် အသင်းနည်းပြ အာတီတာ က ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲမှုဟာ သူတို့အတွက် မျှတမှု မရှိသလို ခံစားရတာကြောင့် ပွဲစဉ်ဇယားရေးတဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ပြောလိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ မတ်လ(၁၇)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ အာဆင်နယ် အသင်းဟာ စနေနေ့မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန် ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် (၆)ရက်အတွင်း ပွဲစဉ်(၃)ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ လာမယ့်လမှာလည်း ချယ်လ်ဆီး ၊ မန်ချက်စတာယူနိုက်တက် အသင်းတို့ကို (၃)ရက်ခြားပြီး ထပ်မံ ယှဉ်ပြိုင်ရမှာပါ။

အဲဒါကြောင့် အာတီတာက ပရီးမီးယားလိဂ် ပွဲစဉ်ဇယားအပေါ်မှာလည်း စိတ်ပျက်နေတာဖြစ်ပါတယ်။ လီဗာပူးလ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အာတီတာ က “ဒီလိုလုပ်ဆောင်ပေးတဲ့အတွက် ပရီးမီးယားလိဂ်ကို ကျေးဇူးတင်ပါ တယ်။ ချယ်လ်ဆီး၊ယူနိုက်တက်တို့နဲ့ ကစားရမယ့်အချိန်မှာလည်း သူတို့ဒီလိုပဲ ပြန်ပြီးလုပ်ကြပါတယ်။ အဲဒါ ကြောင့် သူတို့ကို ပြောချင်တာက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုတာပါပဲ။ ပရီးမီးယားလိဂ်က အချိန်ဇယားကို ပြောင်းလဲပေးမှာမဟုတ်ပါဘူး။ ဒါကို သက်ရောက်တာက အာဆင်နယ်ဖြစ်တဲ့အတွက် ဒါဟာ မျှတမှုမရှိပါဘူးလို့"ပြောခဲ့တာပါ။

ဒီလို ပွဲစဉ်တွေကျပ်နေပေမယ့် အာတီတာ က သူ့ရဲ့ ကစားသမားတွေဟာ ဗီလာနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေ ပြီလို့လည်း ပြောခဲ့ပါတယ်။ “စနေနေ့အတွက် ကစားသမားတွေစွမ်းအင်ရှိနေမှာကို စိတ်မပူပါနဲ့။ သူတို့တွေ စားကြ မယ်၊ကောင်းမွန်စွာအိပ်ကြပါလိမ့်မယ်။ ဒီလိုပွဲတွေ ကျင်းပပေးတဲ့ ပရီးမီးယားလိဂ်ကိုတော့ အလွန်ကျေးဇူးတင်ပါ တယ်” လို့ ပြောခဲ့တာပါ။

အာဆင်နယ် အသင်းဟာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းထက် (၁)မှတ် အသာနဲ့ အဆင့်(၄)နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပွဲကစား ဖို့ (၂)ပွဲကျန်ရှိနေတာပါ။ နိုင်ပွဲရခဲ့တဲ့ လီဗာပူးလ် အသင်းကတော့ ထိပ်ဆုံးနေရာက မန်စီးတီး အသင်းကို (၁)မှတ်အ ကွာနဲ့ အဆင့်(၂)နေရာကနေ ဖိအားဆက်လက်ပေးနေတာဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာရဲ့နေအိမ်ကိုတွေ့ရစဉ်(GETTY IMAGES)

ချန်ပီယံလိဂ်ပွဲကစားနေချိန် နေအိမ်ဖောက်ထွင်းခံလိုက်ရတဲ့ ပေါ့ဘာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1972

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇

အသလက်တီကို အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားနေချိန်အတွင်းမှာ သူ့ရဲ့နေအိမ် ဖောက်ထွင်းခံလိုက်ရတယ်လို့ ပေါ့ဘာက ပြောလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းက အသလက်တီကို အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ် (၁၆)သင်း အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ အဲဒီပွဲမှာ ပေါ့ဘာဟာ ပွဲချိန်(၆၇)မိနစ်မှာ လူစားလဲ ဝင်ရောက်ကစားခဲ့တာပါ။

ပေါ့ဘာက “ကျနော်တို့ မိသားစု အိမ်မက်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျနော်တို့ ကလေးတွေက သူတို့ရဲ့ အိပ်ခန်းမှာ အိပ်နေ ကျတုန်း ဖောက်ထွင်းသူတွေက ကျနော်တို့အိမ်ထဲ ဝင်ရောက်ခဲ့ကြတာပါ။ ကျနော်တို့ ကလေးတွေ လုံခြုံပြီး အန္တရာယ်ကင်းလား ဆိုတာတောင် မသိဘဲ ကျနော်တို့ ဇနီးမောင်နှံဟာ အိမ်ကိုပြန်ခဲ့ကြရပါတယ်။ ဖခင်တစ်ဦး အနေနဲ့ ကိုယ့်ကလေးတွေကို ကာကွယ်မပေးနိုင်တာထက် ဒီကမ္ဘာမှာ ပိုဆိုးတဲ့ ခံစားချက် မရှိပါဘူး။ ကျနော်ခံစားရသလို ဘယ်သူမှ မခံစားရဖို့ မျှော်လင့် ကြောင်း”ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ယူနဲ့အသလက်တီကို ယှဉ်ပြိုင်နေစဉ်(G3 Football)

အဖိုးတန်ပစ္စည်းတွေ ပါသွားတဲ့အတွက် ပေါ့ဘာက “ကျနော်တို့ကို ကူညီနိုင်ဖို့ သဲလွန်စရှိသူ ဘယ်သူ့ကိုမဆို ဆုချသွားမယ်” လို့ လည်း ပြောခဲ့တာပါ။
ပေါ့ဘာဟာ ၂၀၁၆ က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်စ်ကနေ မန်ချက်စတာ ယူနိုက် တက်ကို ပြန်လည် ရောက်ရှိလာခဲ့တာပါ။ ပေါ့ဘာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မန်စီးတီး ကစားသမားဖြစ်တဲ့ ကန်ဆယ်လိုကလည်း ခရစ္စမတ်ကာလအတွင်းမှာ ဖောက်ထွင်း ဝင်ရောက်လာတဲ့ သူတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ လင်ဂတ်တို့ရဲ့ နေအိမ်တွေလည်း အခုနှစ်ထဲမှာပဲ ဖောက် ထွင်း ခံခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ အိမ်တွင်းလုံခြုံရေးပိုင်းကို အခုလို ထပ်မဖြစ်အောင် သူတို့ရဲ့ ကစားသမားတွေ အားလုံးနဲ့အတူ ပြန်လည်သုံးသပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲကြို

By CNI
CNI
Category: အားကစား
Hits: 2562

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်တွေယှဉ်ပြိုင်ဖို့ရောက်ရှိလာပြီဖြစ်ပါတယ်။ ကွာတားဖိုင်နယ်တက်ရောက်မယ့် (၈)သင်းအပြည့်အစုံကို မနက်ဖြန်မနက်ပိုင်းမှာ ယှဉ်ပြိုင်မယ့် ပွဲတွေ အပြီးမှာ သိရတော့မှာပါ။လက်ရှိအချိန်ထိ ကွာတားဖိုင်နယ်ကို(၆)သင်းတက်ရောက်ထားပြီဖြစ်ပါတယ်။ မနက်ဖြန်မနက်ပိုင်းမှာ လိုင်လီနဲ့ ချယ်လ်ဆီး၊ဂျုဗင်တပ်စ်နဲ့ ဗီလာရီးရယ်လ်တို့ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

လိုင်လီနဲ့ ချယ်လ်ဆီး
****************
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ချယ်လ်ဆီး အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ချယ်လ်ဆီး အသင်းဟာ နောက်တစ်ဆင့်တက်နိုင်ဖို့ ခြေလှမ်းလှမ်းနိုင်ပြီလို့တောင် ပြောလို့ရတာပါ။ လိုင်လီ အသင်း အနေနဲ့ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ချယ်လ်ဆီး အသင်းကို ပွဲအစကတည်းက ဖိအားပေးပြီး ဂိုးတွေရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

လိုင်လီ အသင်းမှာ ရီနာတိုဆန်းချက်စ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘဲ ချယ်လ်ဆီး အသင်းမှာတော့ ဘန်ချီဝဲလ်နဲ့ ရီစီဂျိမ်းစ်တို့ဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ပါဘူး။ ဒီပွဲအတွက် လိုင်လီ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျာဒင်မ်၊ ဆီလစ်ခ်၊ဘော့ဒ်မန်း၊ဖွန်တီ၊ဒီဂျာလို၊ဝီယာ့၊အန်ဒီရီ၊ဇီခါ၊ဘမ်ဘာ၊ဘန်အာဖာနဲ့ ဒါဗစ်တို့ ပွဲထွက်လာနိုင်ပါတယ်။

ချယ်လ်ဆီး အသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ မန်ဒီ၊ချာလိုဘတ်ချ်၊ဆေးလ်ဗား၊ရူဒီဂါ၊အက်စ်ပီလီကွီတာ၊ ကန်တီ၊ကိုဗာဆစ်၊အလွန်ဆို၊မေဆန်မောင့်၊ဟာဗတ်စ်နဲ့ လူကာကူတို့ ပွဲထွက်လာနိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းလုံးဟာ ရလဒ်တွေကောင်းမွန်နေတာပါ။

ချယ်လ်ဆီး အသင်းကတော့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက် ပထမဆုံးကစားရမယ့် ဥရောပအဝေးကွင်းပွဲစဉ်လည်း ဖြစ်ပါ တယ်။

ပရိသတ်အကြိုက် ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်ပြီး အနိုင်ဆိုရင်တော့ ဧည့်သည်ချယ်လ်ဆီးကိုပဲ ရွေးချယ်ချင်ပါတယ်။

ဂျုဗင်တပ်စ်နဲ့ ဗီလာရီးရယ်လ်
*********************
ပထမအကျော့ ကစားခဲ့တုန်းက တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ဒီပွဲဟာ နှစ်သင်းလုံးအတွက် နောက် တဆင့်တက်နိုင်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ ဂျုဗင်တပ်စ် အသင်းနဲ့ ဗီလာရီးရယ်လ် အသင်းတို့ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွေမှာ နိုင်ပွဲကိုယ်စီ ရယူထားတာပါ။

ဂျုဗင်တပ်စ် အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ချီဆာ၊မက်ကန်နီး၊ဘိုနူချီ၊ဇာခါရီယာနဲ့ ဆန်ဒရို တို့ဟာ ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ဗီလာရီးရယ်လ် အသင်းမှာတော့ မိုရီနို ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အိမ်ရှင် ဂျုဗင်တပ်စ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဆက်ဇနီ၊ဒါနီလို၊ရူဂါနီ၊ ဒီလိုက်၊ဒီစီဂလီယို၊ကွာဒရာဒို၊လိုကာတယ်လီ၊အာသာ၊ရာဘီယော့၊မိုရာတာနဲ့ ဗလာဟိုဗစ်တို့ ပါဝင်နိုင်ဖွယ် ရှိနေ တာပါ။

ဗီလာရီးရယ်လ် အသင်းမှာတော့ ရူလီ၊ဂျုအန်ဖို့ချ်၊အယ်ဘီယို၊ ပေါလ်တောရက်စ်၊ပီဒရာဇာ၊ချုကွီဇီ၊ကာပိုး၊ပါရီဂျို၊ ယီရီမီ၊လိုဆယ်လ်ဆိုနဲ့ ဒန်ဂျုးမား တို့ ပွဲထွက်လာဖို့ ရှိနေတာဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ နည်းပြတွေကတော့ သူတို့အသင်းတွေအနိုင်ရပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ ယုံကြည်မှုရှိနေတယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နောက်တစ်ဆင့်တက်ဖို့ နှစ်သင်းလုံး မျှော်လင့်ခွင့်ရှိနေတဲ့ ဒီပွဲမှာတော့ အိမ်ရှင် ဂျုဗင်တပ်စ် အသင်းက အနိုင်ရပြီး နောက်တစ်ဆင့်တက်သွားမယ်လို့ ထင်မြင်မိပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အဲရစ်ဆင်ကိုတွေ့ရစဉ်(Eurosport)

ယူရို ၂၀၂၀ ပြိုင်ပွဲနောက်ပိုင်း ဒိန်းမတ်အသင်းမှာ ပထမဆုံးအကြိမ်ပြန်ပါလာတဲ့ အဲရစ်ဆင်

By CNI
CNI
Category: အားကစား
Hits: 1554

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

ပြီးခဲ့တဲ့ နွေရာသီက ကျင်းပခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရပ်သွားခဲ့တဲ့ အဲရစ်ဆင်ဟာ အဲ့ဒီလိုဖြစ်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဒိန်းမတ်လက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ နှလုံးရပ်ပြီး လဲကျသွားခဲ့တာကြောင့် နှလုံးခုန်နှုန်းထိန်းစက် (ICD)ကို တပ်ဆင်ထားရသူပါ။

ဒီနောက်မှာတော့ အဲရစ်ဆင်ဟာ အင်တာမီလန် အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီက ပရီးမီးယားလိဂ်ကလပ် ဘရန်ဖို့ဒ်အသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒိန်းမတ် အသင်းဟာ မတ်လ ၂၆ ရက် မှာ နယ်သာလန်၊ နောက်(၃)ရက်အကြာမှာ ဆားဘီးယား အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ရမှာပါ။

အဲရစ်ဆင်ဟာ ဒီခြေစမ်းပွဲ (၂)ပွဲ မကစားခင် စပိန်မှာ လေ့ကျင့်ခန်းဆင်းဖို့ လက်ရွေးစင် အသင်းဖော်တွေနဲ့ ပူးပေါင်းမှာ ဖြစ်ပါ တယ်။
ဘရန်ဖို့ဒ် အသင်းကို (၆)လစာချုပ်နဲ့ ရောက်ရှိလာတဲ့ အဲရစ်ဆင်ဟာ ဖေဖော်ဝါရီ ၂၆ ရက်က နယူးကာဆယ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။

အဲရစ်ဆင်ကို တွေ့ရစဉ်(TALKSPORT)

အဲရစ်ဆင်ဟာ နော်ဝစ်ချ်နဲ့ ဘန်လေ အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဘရန်ဖို့ဒ် အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ဘန်လေအသင်းကို အနိုင်ရတဲ့ပွဲမှာ တိုနေး သွင်းယူခဲ့တဲ့ ဂိုးကို အဲရစ်ဆင်က ဖန်တီးပေးခဲ့တာ ပါ။

အဲရစ်ဆင်ဟာဆိုရင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒိန်းမတ်လက်ရွေးစင် အသင်းနဲ့ ပါဝင်ကစားခွင့်ရဖို့က သူ့ရဲ့ အိမ်မက်ဖြစ် တယ်လို့ အင်တာဗျူးတွေမှာ ပြောထားပါတယ်။ ဒါကြောင့် သူ့ရဲ့ အိမ်မက်တွေ ပြည့်ဝဖို့ နီးစပ်လာပြီလည်း ဖြစ်ပါတယ်။

ဒိန်းမတ် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု အဆင့်မှာ ၁၀ ပွဲကစားပြီး ရမှတ် ၂၇ မှတ်နဲ့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင် ထားတာပါ။
၂၀၁၀ ကတည်းက ဒိန်းမတ် လက်ရွေးစင် အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အဲရစ်ဆင်ဟာ ပွဲပေါင်း ၁၀၉ ပွဲ ပါဝင် ကစားထား ပြီး ၃၆ ဂိုး သွင်းယူထားပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ယှဉ်ပြိုင်မယ့်အသင်းများ

CNI ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲကြို

By CNI
CNI
Category: အားကစား
Hits: 2882

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ယှဉ်ပြိုင်ဖို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ် က ကစားခဲ့တဲ့ ပွဲတွေအပြီးမှာ ကွာတားဖိုင်နယ် အဆင့်ကို ရီးရယ်လ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

မနက်ဖြန် မနက်ပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အသလက်တီကို၊ အေဂျတ်စ်နဲ့ ဘင်ဖီကာတို့ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။ ဒီပွဲတွေရဲ့ ပွဲကြိုအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အသလက်တီကို
********************************
ပထမအကျော့အဖြစ် ကစားခဲ့တုန်းက တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာလည်း ဖြစ်ပါတယ်။ (၂)သင်းလုံးဟာ နောက်ဆုံးကစားတဲ့ ပြည်တွင်းပြိုင်ပွဲတွေမှာ နိုင်ပွဲကိုယ်စီ ရယူထားတာပါ။ ချန်ပီယံလိဂ်ဖလားဟာ (၂)သင်းလုံး အတွက် ဒီရာသီမှာ မျှော်လင့်စရာ တစ်ခုတည်းသော ဖလားလည်း ဖြစ်ပါတယ်။ ဒါကြောင့် အမှားအယွင်းခံလို့ မရဘဲ အမှားအယွင်း လုပ်မိတဲ့အသင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းမှာ ပြီးခဲ့တဲ့ စပါးနဲ့ပွဲစဉ်က မပါဝင်ခဲ့တဲ့ ဘရူနိုဖာနန်ဒတ်စ်နဲ့ လုပ်ခ်ရှောတို့ဟာ ဒီပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့ ရှိနေပါတယ်။ ပွဲပယ်လည်း မရှိတာကြောင့် လူစာရင်းအပြည့်နဲ့ ဒီပွဲကို ကစားသွားမှာ ဖြစ်ပါတယ်။

အသလက်တီကို အသင်းမှာတော့ ကာရက်စကို၊ ကွန်ဟာ၊ ဟာမိုဆိုနဲ့ ဝက်စ်တို့ ပါဝင်နိုင်မှာ မဟုတ်ဘဲ ကစား သမား တချို့ကလည်း ပါဝင်နိုင်ဖို့ အလားအလာ နည်းနေပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အသလက်တီကို (AA)

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာတော့ ဒီဂီယာ၊ ဝမ်ဘစ်စကာ၊ မက်ဂွဲယား၊ ဗာရန် ၊လုပ်ခ်ရှော၊ ဖရက်ဒ်၊ တိုမီနေး၊ အီလန်ဂါ၊ ဘရူနိုဖာနန်ဒတ်စ်၊ ဆန်ချိုနဲ့ ရော်နယ်ဒိုတို့ ဖြစ်ပါတယ်။

အသလက်တီကို အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ အိုဘလက်ခ်၊ ဆာဗစ်၊ ဂျီမီနတ်စ်၊ ရီနယ်လ်ဒို၊ လော်ရန်တေး၊ ဟာရဲရား၊ ကိုကီ၊ ဒီပေါလ်၊ လိုဒီ၊ ဂျာအိုဖိလစ်နဲ့ ဂရစ်ဇ်မန်းတို့ ဖြစ်ပါတယ်။

ဒီပွဲဟာ (၂)သင်းလုံးအတွက် အလွန် အရေးပါတဲ့ပွဲလည်း ဖြစ်ပါတယ်။ အသလက်တီကိုနဲ့ တွေ့တိုင်း ဂိုးမြူးတက်တဲ့ ရော်နယ်ဒိုဟာ ဒီပွဲမတိုင်ခင် စပါးနဲ့ပွဲမှာ ဟတ်ထရစ် ဂိုးသွင်းယူထားပါတယ်။ အဲ့ဒါကြောင့် အိုးထရက်ဖိုဒ့်မှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့ မန်ချက်စတာယူနိုက်တက် အသင်းပဲ နောက်တစ်ဆင့် တက်သွားမယ်လို့ ထင်မြင်မိပါ တယ်။

အေဂျတ်စ်နဲ့ ဘင်ဖီကာ
*****************
ပထမအကျော့က အပြန်အလှန် သွင်းဂိုးတွေနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ခြေညီတဲ့ အသင်းတွေ ဖြစ်တာကြောင့် ဒီပွဲကလည်း (၂)သင်းလုံးအတွက် အကြိတ်အနယ် ရှိမယ့်ပွဲပါ။ အေဂျတ်စ် အသင်းဟာ ပြည်တွင်းလိဂ်မှာ ဦးဆောင်နေပြီး ဘင်ဖီကာ အသင်းကတော့ ပြည်တွင်းလိဂ်ရဲ့ အမှတ်ပေးဇယား အဆင့်(၃) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အေဂျတ်စ်အသင်းမှာ ပတ်ဗီရာ၊ ကာလိုင်ဘာ၊ စကီတန်လန်ဘတ်၊ အိုင်ဟတ်တာလန်တို့ကတော့ ဒီပွဲကို ပါဝင်နိုင် မှာ မဟုတ်ပါဘူး။ ဘင်ဖီကာ အသင်းမှာ စတီဖာရိုဗစ် တစ်ဦးတည်းသာ ဒီပွဲကို လွဲချော်မှာပါ။

ဒီပွဲအတွက် အေဂျတ်စ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်းကတော့ အိုနာနာ၊ ရမ်ဆက်ချ်၊ မာတီးနတ်စ်၊ ဘလိုင်း၊ အယ်လ်ဗားရတ်၊ ဘာဟူရစ်၊ ဂရာဗန်ဘတ်ချ်၊ အန်တိုနီ၊ ဟော်လာနဲ့ တာဒစ်တို့ ပါဝင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

အေဂျတ်စ်နဲ့ ဘင်ဖီကာ (NOS)

ဘင်ဖီကာ အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ ဗယ်လ်ချိုဒီမို့စ်၊ ဂီလ်ဘာတို၊ အော်တာမန်ဒီ၊ ဗာတွန်ဂန်၊ ဂရီမယ်လ်ဒို၊ ဝီဂဲလ်၊ တာရာဘတ်၊ အဲဗာတန်၊ ရာမို့စ်၊ ရာဖာဆေးလ်ဗားနဲ့ ဒါဝင်နူနက်စ်တို့ ပါဝင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဝေးဂိုး စည်းမျဉ်း မရှိတော့တာကြောင့် ဒီပွဲကလည်း အမှားအယွင်းလုပ်တဲ့ အသင်းဟာ (၁၆)သင်း အဆင့်ကနေ လှည့်ပြန်ရမှာပါ။ ဒီပွဲမှာတော့ ချန်ပီယံလိဂ် အတွေ့အကြုံ ပိုရှိပြီး အိမ်ကွင်း အားသာချက်လည်းရှိတဲ့ အေဂျတ်စ် အသင်းကပဲ နောက်တစ်ဆင့် တက်သွားမယ်လို့ သုံးသပ်မိပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
-ချယ်လ်ဆီးအသင်းကို ဝယ်ယူနိုင်ဖို့ကြိုပမ်းနေတဲ့ ဆော်ဒီမီယာဦးဆောင်သူ အယ်လ်ခီရီဂျီကိုတွေ့ရစဉ်(The Sun)

ချယ်လ်ဆီးကို ဝယ်ယူဖို့ ပေါင်(၂.၇)ဘီလီယံနဲ့ ကမ်းလှမ်းထားတဲ့ ဆော်ဒီမီဒီယာ

By CNI
CNI
Category: အားကစား
Hits: 2355

CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

Saudi Media Group ဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါင်(၂.၇)ဘီလီယံနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထား တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းကို အမြန်ဆုံးရောင်းချဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Saudi Media Group ဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီလို့ CBS Sports ရဲ့ ဘန်ဂျာကော့ဘ်က ပြောခဲ့တာပါ။ Saudi Media Group ကို ဦးဆောင်နေတဲ့ အယ်လ်ခီရီဂျီဟာ ချယ်လ်ဆီးအသင်းရဲ့ အမာခံ ပရိသတ်ဖြစ်ပြီး အသင်းကို ဝယ်ယူဖို့ ပေါင်(၂.၇)ဘီလီယံနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Saudi Media Group ဟာ ဆော်ဒီအစိုးရနဲ့ ပတ်သက်မှု မရှိဘူးလို့လည်း သိရပါတယ်။ အယ်လ်ခီရီဂျီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ က စတမ်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျတဲ့ပွဲကို တက်ရောက် ကြည့်ရှုခဲ့ပါသေးတယ်။

ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်(The Chelsea)

သူဟာ အရင်က ဗြိတိန်မှာ နေထိုင်ခဲ့ပြီး လန်ဒန်မှာရှိတဲ့ Cass Business School မှာ တက်ရောက်ခဲ့ပါတယ်။ အယ်လ်ခီရီဂျီ ဟာ ဆော်ဒီဘောလုံး ကလပ်တွေဖြစ်တဲ့ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်လ် တို့နဲ့လည်း အဆက်အသွယ်ရှိပါတယ်။

Saudi Media Group ဟာ ကော့ဘ်ဟမ်း စင်တာမှာရှိတဲ့ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီနဲ့ အမျိုးသမီး အသင်းကိုလည်း ကြီးကြီးမားမား ရင်းနှီးမြုပ်နှံဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းကတော့ နိုင်ငံရေးအရ ထိလွယ်ရှလွယ် ဖြစ်တဲ့ ပိုင်ရှင်အသစ်တွေ အသင်းထံ ရောက်လာမှာကို ရှောင်လွှားဖို့ ဥရောပနဲ့ အမေရိကန်တို့က ကမ်းလှမ်းမှုတွေကိုသာ စိတ်အား ထက်သန်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Saudi Media Group ကတော့ သူတို့ဟာ နယူးကာဆယ်အသင်းကို ပိုင်တဲ့ ပိုင်ရှင်အစုအဖွဲထဲမှာ မပါဝင်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ချယ်လ်ဆီးကို ဝယ်ယူချင်နေတဲ့ ရင်းနှီးမြုပ်နှံသူပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။ ချယ်လ်ဆီးကို ဝယ်ယူဖို့ ဗြိတိန်ဘီလျံနာ နစ်ခ်ကမ်တီ၊ တူရကီ ဘီလျံနာ မူဆင်ဘေရတ်ခ် အပါအဝင် အခြားလုပ်ငန်းရှင်တွေ အများအပြားက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပတ်ကွေအို ဂျူနီယာကိုတွေ့ရစဉ်(The Sun)

လက်ဝှေ့သမားဘဝကို ပြီးပြည့်စုံတဲ့ နိုင်ပွဲနဲ့ စတင်ခဲ့တဲ့ ပတ်ကွေအိုရဲ့သား

By CNI News
CNI News
Category: အားကစား
Hits: 4275

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

ဖိလစ်ပိုင် လက်ဝှေ့ အကျော်အမော် ပတ်ကွေအိုရဲ့သားဖြစ်သူ ပတ်ကွေအို ဂျူနီယာဟာ ဖခင်ဖြစ်သူ လက်ဝှေ့လောက ကနေ အနားယူပြီး (၆)လအကြာမှာ အပျော်တမ်းပွဲဦးထွက်ကို ပြီးပြည့်စုံတဲ့ နိုင်ပွဲနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဂျီမူရယ်လ်လို့ ခေါ်တဲ့ ပတ်ကွေအိုဂျူနီယာဟာ စနေနေ့က ဆန်ဒီယေဂိုမှာ ရိုဆေးလ်နဲ့ အပျော်တမ်းလက်ဝှေ့ပွဲ ထိုးသတ်ခဲ့ တာပါ။ ပတ်ကွေအိုဂျူနီယာဟာ ရိုဆေးလ်ကို အကောင်းဆုံး ထိုးသတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် အလဲထိုးနိုင်ခဲ့ခြင်းတော့ မရှိပါ ဘူး။

ပြိုင်ပွဲပြီးဆုံးချိန်မှာ ဒိုင်လူကြီးတွေက ပတ်ကွေအိုရဲ့ သားဖြစ်သူကို အနိုင်ရရှိတဲ့သူအဖြစ် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အမှတ် ဘယ်လောက် ရရှိခဲ့လဲဆိုတာတော့ ကြေညာခဲ့ခြင်း မရှိပါဘူး။

ပတ်ကွေအို ကတော့ နိုင်ပွဲရခဲ့တဲ့ သားဖြစ်သူကို ဂုဏ်ယူတယ်လို့ ဒီပွဲအပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ ပတ်ကွေအိုဂျူနီယာရဲ့ အပျော်တမ်း ပွဲဦးထွက်ပွဲကို ဖခင်ဖြစ်သူရဲ့ လက်ထောက်ဟောင်း ဆိုမိုဒီယိုက နည်းပြအဖြစ် ဆောင် ရွက်ခဲ့တာပါ။

ပတ်ကွေအိုနဲ့ သားဖြစ်သူ ပတ်ကွေအို ဂျူနီယာကိုတွေ့ရစဉ်(Sports News)

ဆိုမိုဒီယိုကတော့ ပတ်ကွေအိုဂျူနီယာရဲ့ စွမ်းဆောင်ရည်ကို သဘောကျနှစ်သက်နေပြီး တိုးတက်ဖို့ အများကြီး ရှိမယ်လို့ လည်း ယုံကြည်နေပါတယ်။

ဆိုမိုဒီယိုက “ဒါဟာ သူ့ရဲ့ ပထမဆုံး အပျော်တမ်း ထိုးသတ်မှုဖြစ်ပေမယ့် သူ့မှာ နှလုံးသား ရှိတယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူဟာ ပိုကောင်းလာပြီး သန်မာလာဦးမှာပါ”လို့ ပြောခဲ့တာပါ။

ပတ်ကွေအိုဂျူနီယာဟာ မော်ဒယ်တစ်ဦးနဲ့ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးသူဖြစ်အောင် လုပ်ခဲ့ပြီးနောက် လက်ဝှေ့ပွဲထိုးတာ ဖြစ်ပါ တယ်။ ဖိလစ်ပိုင်ဂုဏ်ဆောင် ပတ်ကွေအိုက ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ “ကျနော်တို့က လက်ဝှေ့ ပွဲမှာ သူ့ကို တကယ်ကို စိတ်ပျက်နေတာပါ။ ကျနော်တို့ အိမ်မှာ လက်အိတ်တွေ၊ လက်ဝှေ့နဲ့ ပတ်သက်တဲ့ ကရိယာတွေ မရှိပါဘူး။ ကျနော်တို့မှာ ဘတ်စကတ်ဘောကွင်းပဲ ရှိတယ်”လို့ သားဖြစ်သူနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ဒါပေမယ့် ပတ်ကွေအို ဂျူနီယာကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာအတိုင်း လိုက်နင်းနေတာ ဖြစ်ပါတယ်။ ပတ်ကွေအိုဟာ ဝိတ်တန်း (၈)ခုရဲ့ ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်ပြီး ပွဲပေါင်း ၇၂ ပွဲမှာ ၆၂ ပွဲ အနိုင်ရကာ ၈ ပွဲရှုံးပြီး ၂ ပွဲ သရေကျခဲ့တာ ဖြစ်ပါ တယ်။

Source: The Sun

 

Share
Tweet
Share
Share
powered by social2s
ဂိုးသွင်းပြီးနောက် ယာမိုလန်ကိုအား တွေ့ရစဉ် (West Ham United)

ဗီလာဘက်ကို ဂိုးသွင်းပြီးနောက် ခံစားချက်တွေမထိန်းနိုင်ဘဲ ငိုကြွေးခဲ့တဲ့ ယာမိုလန်ကို

By CNI
CNI
Category: အားကစား
Hits: 4505

CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

ဝက်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ ယူကရိန်းလက်ရွေးစင် ကစားသမား ယာမိုလန်ကိုဟာ အက်စတွန်ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းယူပြီးနောက် ငိုကြွေးနေခဲ့ပါတယ်။

ဒီပွဲဟာ ယာမိုလန်ကို အတွက်တော့ သူ့ရဲ့နိုင်ငံ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ယာမိုလန်ကိုဟာ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ တိုက်စစ်မှူး အန်တိုနီယိုရဲ့ နေရာမှာ လူစားဝင် လာခဲ့တာဖြစ်ပြီး ဂိုးသွင်း ယူပြီးနောက် ဒူးထောက်အောင်ပွဲခံကာ ငိုကြွေးနေခဲ့တာပါ။

ယာမိုလန်ကိုဟာ နှစ်ဖက်အသင်း ပရိသတ်တွေရဲ့ နွေးထွေးစွာ ကြိုဆိုခြင်းကို ခံခဲ့ရပြီး သူဂိုးသွင်းတဲ့အချိန်မှာ အက်စတွန် ဗီလာအသင်း ပရိသတ်အချို့ကတောင် ချီးကျုးဂုဏ်ပြုခဲ့ပါသေးတယ်။

ယာမိုလန်ကိုက “ကွင်းထဲမှာ အရာအားလုံး ပေးဆပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ကျနော့်ရဲ့နိုင်ငံ အခြေအနေကြောင့် စိတ် ခံစားမှုတွေ အလွန်ဖြစ်ခဲ့ပါတယ်။ ရုရှားစစ်တပ်က ယူကရိန်းပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေတာကြောင့် အခုအချိန်မှာ ဘောလုံးအကြောင်း စဉ်းစားရတာ အလွန်ခက်ခဲ့ပါတယ်။ ကျနော့်ကို အချိန်တိုင်း၊ နေ့တိုင်း အားပေးခဲ့ကြတဲ့ အသင်းဖော်တွေ ကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ ဝက်စ်ဟမ်း ပရိသတ်တွေ အနေနဲ့ ကျနော်နဲ့ ယူကရိန်း ပြည်သူတွေ အပြင် ဗြိတိန်ပြည်သူတွေကိုပါ အားပေးထောက်ခံတယ်လို့ ခံစားရပါတယ်”လို့ ပြောခဲ့ပါတယ်။

ယာမိုလန်ကိုတွေ့ရစဉ်(Borehamwood)

ဒါ့အပြင် ယာမိုလန်ကိုက “ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့ပြီး ကွင်းထဲမှာလည်း အရာအားလုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။ ဒီပွဲက အသင်းအတွက် ဘယ်လောက် အရေးပါလဲဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်ဟာ ရာနှုန်းပြည့် အဆင် သင့် မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ နှစ်ပတ်မှာ (၃)၊ (၄)ကြိမ်လောက်ပဲ လေ့ကျင့်ခဲ့ရလို့ပါ။ ဖေဖော်ဝါရီ ၂၆ ရက် ကတည်းက လေ့ကျင့်ဖို့ မဖြစ်နိုင်လို့ ၄ ရက်လောက် အနားယူခဲ့ရပါတယ်။ ကျနော့်မိသားစုနဲ့ ကျနော့်လူတွေ အကြောင်းပဲ တွေးနေမိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ အက်စတွန်ဗီလာ အသင်းကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၆) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေသေးတာပါ။ ဝက်စ်ဟမ်း အသင်းဟာ ကြားရက်မှာ ဆီဗီလာ အသင်းနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ဆီဗီလာ အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82

Page 82 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar