CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲ တက်တဲ့အကြိမ်တိုင်း ဗိုလ်စွဲခဲ့တဲ့ မော်ရင်ဟို

By CNI
CNI
Category: Watch TV
Hits: 926

Share
Tweet
Share
Share
powered by social2s

ငယ်ချစ်နဲ့ စေ့စပ်ပြီး လက်ထပ်ခွင့်ပါတောင်းခဲ့တဲ့ ရက်ရှ်ဖိုဒ့်

By CNI
CNI
Category: Watch TV
Hits: 803

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကို အမှိုက်လို့ ရေးသားခဲ့လို့ ဘီဘီစီ ပြန်တောင်းပန်ခဲ့ရ

By CNI
CNI
Category: Watch TV
Hits: 892

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားသို့ အပြန် သူရဲကောင်းသဖွယ်ကြိုဆိုခံခဲ့ရတဲ့ ဆွန်ဟောင်မင်

By CNI
CNI
Category: Watch TV
Hits: 798

Share
Tweet
Share
Share
powered by social2s
အကောင်းဆုံးနည်းပြဆု လက်ခံရယူနေတဲ့ လီဗာပူးလ် နည်းပြ ကလော့ပ် (အလယ်ကလူ)

LMA နဲ့ EPL တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ကလော့ပ် ရရှိ

By CNI
CNI
Category: အားကစား
Hits: 1998

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၅

လီဗာပူးလ် နည်းပြ ကလော့ပ် ဟာ လိဂ်မန်နေဂျာများ အစည်းအရုံး(LMA)က ပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိသွားခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးပြိုင်ပွဲမှာရှိတဲ့ အတန်းအားလုံးရဲ့ နည်းပြတွေက ဒီဆုကို မဲပေး ရွေးချယ်ရတာ ဖြစ်ပါ တယ်။

အသက် ၅၄ နှစ်အရွယ်ရှိ ဂျာမန်လူမျိုး နည်းပြကတော့ အခုနှစ်အတွက် ပေးအပ်တဲ့ ဒီဆုကို ရယူနိုင်ခဲ့တာပါ။ လီဗာပူးလ် အသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီး အသင်းထက် ၁ မှတ် လျော့နည်းပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကလော့ပ် ကတော့ ဒီဆုအပြင် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ချယ်လ်ဆီး အမျိုးသမီးအသင်းနည်းပြ အမ်မာဟေးရတ်စ် ဟာ အမျိုးသမီးစူပါလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီး အမျိုးသမီးအသင်းဟာ ၃ နှစ်ဆက်တိုက် အမျိုးသမီး စူပါလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း မန်စီးတီး ကို အနိုင်ရကာ ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။ လီဗာပူးလ်နည်းပြ ကလော့ပ် ကလည်း အခုနှစ် ရာသီမှာ အသင်းနဲ့အတူ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားကို ရယူထားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ရီးရယ်လ် အသင်းနဲ့ ကစားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရယူနိုင်မှာပါ။

ကလော့ပ် က “ ဒါဟာ ဂုဏ်ယူစရာကောင်းပြီး ရူးသွပ်တဲ့ရာသီပါ။ ဒါဟာ ကျနော်တို့အတွက် အကောင်းဆုံး မဖြစ်ခဲ့ပေမယ့် ကျနော်တို့ ဒါကို ကျော်လွန်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုးဆုရတဲ့ အခါမှာ ခင်ဗျားဟာ ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်ဖြစ် ခင်ဗျားဆီ မှာ ကမ္ဘာ့အကောင်းဆုံး နည်းပြ ဝန်ထမ်းတွေ ရှိပါတယ်။ ကျနော်ကတော့ နည်းပြအဖွဲ့ဝင် အားလုံးနဲ့ အတူတူရှိနေပါတယ်။ သူတို့ကို ကျနော် ဘယ်လောက် လေးစားလဲဆိုတာ သူတို့သိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် ဟာ လီဗာပူးလ် အသင်းကို ၂၀၁၅ ခုနှစ်က စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ အသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတို့ကို ၁ ကြိမ်စီ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးကို လွှဲပြောင်းရယူဖို့ တောဒ့်ဘိုလီကို မီးစိမ်းပြခဲ့တဲ့ ပရီးမီးယားလိဂ်

By CNI
CNI
Category: အားကစား
Hits: 2257

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၅

ပရီးမီးယားလိဂ်ဟာ ချယ်လ်ဆီးအသင်းကို လွှဲပြောင်းရယူဖို့အတွက် တောဒ့်ဘိုလီရဲ့ အဆိုပြုချက်ကို အတည်ပြု ပေးလိုက်ပြီဖြစ်ပါတယ်။

LA Dodgers ပူးတွဲပိုင်ရှင် တောဒ့်ဘိုလီ ဦးဆောင်တဲ့ လုပ်ငန်းအစုအဖွဲ့ဟာ ပရီးမီးယားလိဂ်ပိုင်ရှင်နဲ့ ဒါရိုက်တာ တွေရဲ့စမ်းသပ်မှုမှာလည်း အောင်မြင်ထားပြီးသားဖြစ်ပါတယ်။အခုအချိန်မှာ ပရီးမီးယားလိဂ်က မီးစိမ်းပြလိုက်တဲ့ အတွက် ပေါင် ၄.၂၅ ဘီလီယံ သဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ နီးစပ်လာခဲ့တာပါ။

အပြီးသတ် ဝယ်ယူ နိုင်ဖို့အတွက် ဗြိတိန်အစိုးရဆီက ခွင့်ပြုချက်လိုအပ်နေသေးပြီး အဲဒါမှလည်း လိုအပ်နေတဲ့ ရောင်းချခွင့်လိုင်စင်ကို ရရှိမှာဖြစ်ပါတယ်။

အဲဒီနောက်မှာ အရောင်းအဝယ်ပြုလုပ်ဖို့ နောက်ဆုံးအဆင့်ကို အပြီးသတ်ရမှာပါ။ဗြိတိန်အစိုးရဟာ ရောင်းချတာ ကနေ ရရှိတဲ့ အမြတ်ငွေတွေကို အေဘရာမိုဗစ်ချ်ထံ မရောက်စေချင်ပေမယ့် အရင်းအမြစ်တွေကတော့ အပြီးသတ် သဘောတူညီနိုင်ဖို့ကို အကောင်းမြင်နေကြတာဖြစ်ပါတယ်။အတွင်းလူတစ်ဦးက “လူတိုင်းလိုအပ်တဲ့ လိုင်စင်ထုတ် ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ပါတယ်။နောက်ဆုံးကျန်ရှိနေတဲ့ အတားအဆီးတစ်ခုက ကလပ်နဲ့ဆွေးနွေး နေတဲ့ နောက်ဆုံးနည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်တွေအထိ အကျုံးဝင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းက ချယ်လ်ဆီးအသင်းကို ရောင်းချမယ့် သဘောတူညီချက် ပျက်ပြယ်သွားမှာကို စိုးရိမ်မှုတွေ ရှိခဲ့ကြတာပါ။အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးအသင်းကို ပေးထားတဲ့ ပေါင် ၁.၅ ဘီလီယံကို ရောင်းချတဲ့အချိန်မှာ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ရုရှားဘီလျံနာက အဆိုပါ သတင်းတွေ ကို ငြင်းဆန်သွားခဲ့တာပါ။ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ လုပ်ငန်းစု အများအပြားက စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပေမယ့် တော့ဒ်ဘိုလီ  ဦးဆောင်တဲ့လုပ်ငန်းအစုအဖွဲ့ကို ရောင်းချဖို့ မေလအစောပိုင်းက သဘောတူညီခဲ့တာ ဖြစ်ပါ တယ်။

အဆိုပါအစုအဖွဲ့မှာ အမေရိကန် ဘီလျံနာ မာခ့်ဝေါ်လ်တာ၊ဆွစ်ဇာလန် ဘီလျံနာ ဝပ်စ် တို့ ပါဝင်ကြတာပါ။ချယ်လ်ဆီးအသင်းကို ဗြိတိန်အစိုးရက အထူးလိုင်စင်နဲ့ ဆက်လက်လည်ပတ်ဖို့ ခွင့်ပြုထားတာ ဖြစ်ပြီး မေလ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားသို့ အပြန် သူရဲကောင်းသဖွယ်ကြိုဆိုခံခဲ့ရတဲ့ ဆွန်ဟောင်မင်

By CNI
CNI
Category: အားကစား
Hits: 2168

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၅

စပါးအသင်း ကစားသမား ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့တောင်ကိုရီးယားသို့ အပြန်မှာ သူရဲကောင်းသဖွယ်ကြိုဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းပြီး ၂၃ ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ဆာလတ်နဲ့ ပူးတွဲရရှိခဲ့တာပါ။ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက်လာခဲ့တာမှာ လေဆိပ်အတွင်း ပရိသတ်တွေအများအပြားက ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

စပါးအသင်း တိုက်စစ်မှူးဟာ ရွှေဖိနပ်ဆုကို ပရိသတ်တွေကို ပြသခဲ့ပြီး ဓါတ်ပုံအရိုက်ခံခဲ့တာပါ။ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရတဲ့ ပထမဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ လုံခြုံရေးအစောင့်အရှောက်တွေနဲ့အတူ ပရိသတ်တွေကို ပြုံးရွှင်စွာ နှုတ်ဆက်ခဲ့ပြီး အင်ချွန်းလေဆိပ်မှာ ပရိသတ်တွေကို အကြိမ်ကြိမ်ဦးညွှတ်ကာ လေးစားမှုပြသခဲ့တာဖြစ်ပါတယ်။ဆွန်ဟောင်မင် ဟာ တောင်ကိုရီးယား သမ္မတ ရဲ့ ချီးကျူးဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရတာပါ။

 

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲ က “ ဒါဟာ အာရှဘောလုံးအသိုက်အဝန်းတစ်ရပ်လုံးက ဂုဏ်ပြုရမယ့် ကြည်နူးစရာအချိန်လည်းဖြစ်ပါတယ်။ဒီဆုဟာ မင်းရဲ့အသင်းအတွက် မင်းကိုယ်တိုင် တစ်ရာသီလုံးမြှုပ်နှံပြီး အလုပ်တွေလုပ်ဆောင်ပေးခဲ့ပြီးနောက် မင်းရဲ့ စိတ်အားထက်သန်မှုရလဒ်လို့ ငါယုံကြည်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ လာမယ့်ရာသီသစ်မတိုင်ခင် ရာသီကြိုခြေစမ်းပွဲအဖြစ် တောင်ကိုရီးယားနိုင်ငံမှာ ကစားဖို့ ရှိနေတာပါ။ဇူလိုင် ၁၃ ရက်မှာ ကေလိဂ်အသင်း၊ ၁၆ ရက်မှာ ဆီဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ကာ စပါး အသင်းဟာ တောင်ကိုရီးယားနိုင်ငံကို တတိယအကြိမ်မြောက်လာရောက် ခြေစမ်းပွဲကစားတာလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားမှာ ရက်အတော်ကြာကြာ နေထိုင်ရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စပါးအသင်းဟာ အဆင့် ၄ နေရာ ရပ်တည်နိုင်ခဲ့တဲ့အတွက် လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မုဒိန်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံနေရတဲ့ မန်ဒီ တရားရုံးသို့အလာတွေ့ရစဉ်(MARCA)

မုဒိမ်းမှုမှာ အပြစ်မရှိဘူးလို့ မန်စီးတီးနောက်ခံလူ မန်ဒီ ပြော

By CNI News
CNI News
Category: အားကစား
Hits: 1392

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

အမျိုးသမီး ၆ ဦးအား လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြုလုပ်သည်ဟုဆိုကာ ပြစ်မှု ၉ မှုနဲ့ စွဲချက်တင်တာမှာ အပြစ်မရှိဘူးလို့ မန်စီးတီး အသင်းနောက်ခံလူ မန်ဒီ က ပြောကြားလိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ မန်ဒီ ဟာ ချက်စတာခရောင်း တရားရုံးမှာ မုဒိမ်းမှု ၇ မှု အပါအဝင် စွဲချက်တွေ အားလုံးကို ငြင်းဆန် သွားခဲ့တာပါ။ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းကျင့်ဖို့အတွက် ကြိုးပမ်းမှုတို့နဲ့ စွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်။

အဆိုပါ ပြစ်မှုတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ကနေ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း မန်ဒီ ရဲ့ နေအိမ်မှာ ဖြစ်ခဲ့တာလို့ စွပ်စွဲထားတာပါ။ မန်ဒီ ဟာ ဇူလိုင် ၂၅ ရက် တရားရုံးမှာ ရုံးတင် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

မန်ဒီ ဟာ ရုံးတင် စစ်ဆေးမခံရခင် အချိန်ထိ အာမခံနဲ့ နေရာမှာပါ။ မန်ဒီဟာ မန်စီးတီး အသင်းကနေ ဆိုင်းငံ့ခြင်း ခံထားရတဲ့ အတွက် အသင်းက ဆုဖလားနဲ့ အောင်ပွဲခံချိန်မှာ သူကတော့ တရားရုံးကို လာခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း နောက်ခံလူ မန်ဒီ (Sky News)

မန်ဒီ ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖမ်းဆီးခံခဲ့ရပြီးနောက် ၁၃၄ ရက်ကြာ ချုပ်နှောင်ခံခဲ့ရကာ ဇန်နဝါရီလမှ အာမခံ ရခဲ့တာ ပါ။ မန်စီးတီး နောက်ခံလူဟာ အချုပ်အနှောင်ကနေ လွတ်မြောက်လာခဲ့ပေမယ့် တင်းကြပ်တဲ့ အခြေအနေတွေနဲ့ နေခဲ့ရတာ ဖြစ်ပါတယ်။

မန်ဒီ ဟာ ချက်ရှိုင်းယားရှိ ပေါင် ၄.၈ သန်းတန် နေအိမ်မှာ နေထိုင်နေပေမယ့် တရားဝင် အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ တွေ့ခွင့်ရှိပါတယ်။ တွဲဖက်တရားခံဖြစ်သူ လူးဝစ်ဆာဟာမက်တူရီ ကလည်း စွဲချက် ၁၂ မှုမှာ အပြစ်မရှိကြောင်း လျှောက်လဲ ချက် ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ်ရှိ သူဟာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်ကနေ ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း အမျိုးသမီး ၈ ဦး အပေါ်မှာ တိုက်ခိုက် မှုတွေနဲ့ ဆက်စပ်ပြီး မူဒိမ်းမှု ၈ မှု ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၄ မှု တို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တာပါ။

မန်ဒီ ဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပေါင်သန်း ၅၀ နီးပါးနဲ့ ရောက်ရှိ လာခဲ့တာဖြစ်ပြီး စပါးအသင်းကို အရေး နိမ့်ခဲ့တဲ့ ရာသီအစပွဲမှာ မန်စီးတီး အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ မန်ဒီ ဟာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source: BBC/The Sun

 

Share
Tweet
Share
Share
powered by social2s

ပရီးမီးယားလိဂ် ရွှေဖိနပ်ရ ပထမဆုံး အာရှသားဖြစ်ခဲ့တဲ့ ဆွန်ဟောင်မင်

By CNI
CNI
Category: Watch TV
Hits: 877

Share
Tweet
Share
Share
powered by social2s

အေစီမီလန် ရဲ့ စီးရီးအေအောင်ပွဲမှာ ဆေးပြင်းလိပ်ကြီးခဲနေခဲ့တဲ့ ဇလာတန်

By CNI
CNI
Category: Watch TV
Hits: 880

Share
Tweet
Share
Share
powered by social2s
ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်လိုက်တဲ့ ဘတ်ပီ

ဘောလုံးလောကကို ပီအက်စ်ဂျီ စော်ကားလိုက်တာလို့ လာလီဂါ ဥက္ကဋ္ဌ ပြော

By CNI News
CNI News
Category: အားကစား
Hits: 1740

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၂၂

ဘတ်ပီ ဟာ ရီးရယ်လ် အသင်းကို လာရောက်ဖို့ ငြင်းပယ်ခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်းဟာ ဘောလုံးလောကကို စော်ကား လိုက်တာလို့ လာလီဂါ ဥက္ကဋ္ဌ တီဘတ်စ် က ပြောလိုက်ပါတယ်။

ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ ဘတ်ပီ ဟာ နောက်ဆုံးမှာ ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ လက်မှတ်ထိုးကြေး ယူရိုသန်း ၃၀၀ ၊ တစ်ပတ်လုပ်ခ ယူရို ၁ သန်းနီးပါး ရရှိမှာပါ။

ဒါ့အပြင် အခြား ခံစားခွင့်တွေနဲ့ အသင်းကို ချုပ်ကိုင်ခွင့်ရမယ့် အခွင့်အာဏာတွေပါ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရီးရယ်လ် အသင်းအတွက်တော့ ဘတ်ပီ ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် နောက်ဆုံးမှာ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတာပါ။ လာလီဂါ ဥက္ကဋ္ဌ ကတော့ ဒီအဖြစ်အပျက်ကို ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။

တီဘတ်စ်တို့နဲ့ ဘတ်ပီကို တွေ့ရစဉ်

တီဘတ်စ် က "ပြီးခဲ့တဲ့ ရာသီအတွင်းမှာ ယူရိုသန်း ၇၀၀ အရှုံးပေါ်ခဲ့ပြီး လစာငွေကလည်း ယူရိုသန်း ၆၀၀ ကျော်ရှိတဲ့ ပီအက်စ်ဂျီ အသင်းအနေနဲ့ ဘတ်ပီ ကို ငွေကြေး အများအပြားနဲ့ စာချုပ်သစ် ချုပ်လိုက်တာက ဘောလုံးလောကကို စော်ကားလိုက်တာပါပဲ။ သူတို့ဟာ စူပါလိဂ်လိုပဲ အန္တရာယ်များ လွန်းပါတယ်" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီ ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ခွင့်ရလို့ ပျော်ရွှင်နေပြီး မတ်စ်ကို ၅ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရတဲ့ ပွဲမှာ ၃ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro

 

 

Share
Tweet
Share
Share
powered by social2s

မန်စီးတီးအသင်းဆီက အမှတ်ရအောင်ယူမှာလို့ ဂျရတ်ပြော

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s

ရီးရယ်လ်၊ပီအက်စ်ဂျီတို့နဲ့ ဘတ်ပီ သဘောတူညီမှုရရှိထားတယ်လို့ မိခင်ဖြစ်သူပြော

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

၄၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲမှာ ချန်ပီယံဆုရယူခဲ့တဲ့ ဖရန့်ဖတ်

By CNI
CNI
Category: Watch TV
Hits: 881

Share
Tweet
Share
Share
powered by social2s

ဂါဘွန်လက်ရွေးစင်အသင်းကနေ အနားယူပြီလို့ အူဘာမီယန်း ကြေညာ

By CNI
CNI
Category: Watch TV
Hits: 817

Share
Tweet
Share
Share
powered by social2s

ဘီလီရှက်ပ်ကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိ

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s
  • 70
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79

Page 75 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar