- By CNI News
- Category: အားကစား
- Hits: 1509
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၂၂
ဘတ်ပီ ဟာ ရီးရယ်လ် အသင်းကို လာရောက်ဖို့ ငြင်းပယ်ခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်းဟာ ဘောလုံးလောကကို စော်ကား လိုက်တာလို့ လာလီဂါ ဥက္ကဋ္ဌ တီဘတ်စ် က ပြောလိုက်ပါတယ်။
ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ ဘတ်ပီ ဟာ နောက်ဆုံးမှာ ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီ ဟာ ပီအက်စ်ဂျီ အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ လက်မှတ်ထိုးကြေး ယူရိုသန်း ၃၀၀ ၊ တစ်ပတ်လုပ်ခ ယူရို ၁ သန်းနီးပါး ရရှိမှာပါ။
ဒါ့အပြင် အခြား ခံစားခွင့်တွေနဲ့ အသင်းကို ချုပ်ကိုင်ခွင့်ရမယ့် အခွင့်အာဏာတွေပါ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရီးရယ်လ် အသင်းအတွက်တော့ ဘတ်ပီ ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် နောက်ဆုံးမှာ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတာပါ။ လာလီဂါ ဥက္ကဋ္ဌ ကတော့ ဒီအဖြစ်အပျက်ကို ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။
တီဘတ်စ်တို့နဲ့ ဘတ်ပီကို တွေ့ရစဉ်
တီဘတ်စ် က "ပြီးခဲ့တဲ့ ရာသီအတွင်းမှာ ယူရိုသန်း ၇၀၀ အရှုံးပေါ်ခဲ့ပြီး လစာငွေကလည်း ယူရိုသန်း ၆၀၀ ကျော်ရှိတဲ့ ပီအက်စ်ဂျီ အသင်းအနေနဲ့ ဘတ်ပီ ကို ငွေကြေး အများအပြားနဲ့ စာချုပ်သစ် ချုပ်လိုက်တာက ဘောလုံးလောကကို စော်ကားလိုက်တာပါပဲ။ သူတို့ဟာ စူပါလိဂ်လိုပဲ အန္တရာယ်များ လွန်းပါတယ်" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဘတ်ပီ ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ခွင့်ရလို့ ပျော်ရွှင်နေပြီး မတ်စ်ကို ၅ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရတဲ့ ပွဲမှာ ၃ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: Watch TV
- Hits: 594
- By CNI
- Category: Watch TV
- Hits: 707
- By CNI
- Category: Watch TV
- Hits: 643
- By CNI News
- Category: အားကစား
- Hits: 1231
- By CNI News
- Category: အားကစား
- Hits: 1389
- By CNI
- Category: Watch TV
- Hits: 607
- By CNI
- Category: Watch TV
- Hits: 602
- By CNI
- Category: Watch TV
- Hits: 725
- By CNI
- Category: အားကစား
- Hits: 1660
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၆
ဆီးဂိမ်းစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံး အသင်းကို နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁ သိန်း ထပ်ဆောင်းချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က မြန်မာအမျိုးသမီး အသင်း တည်းခိုရာ ဟိုတယ်ကို လာရောက်ပြီး နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။မြန်မာအသင်းဟာ ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးဘောလုံး အသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၅ ရက်က စင်ကာပူ အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ မြန်မာ အသင်းဟာ ဒီပွဲချိန် တစ်လျှောက်လုံး စင်ကာပူ အသင်းဘက်ကို ဖိအားပေး တိုက်စစ်ဆင် ခဲ့ပေ မယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့တဲ့အတွက် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ရောက်မှသာ အဖိုးတန် အနိုင်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးကို ဝင်းသိင်္ဂီထွန်းက သွင်းယူခဲ့တာပါ။
မြန်မာ အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တဲ့အတွက် အုပ်စုထိပ်ဆုံးနေရာက ထိုင်းအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြား ချက်ကြောင့် ဒုတိယ နဲ့ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စု ဒုတိယရခဲ့တဲ့အတွက် တစ်ဖက်အုပ်စုက ထိပ်ဆုံး နေရာမှာ ရပ်တည်ခဲ့တဲ့ အိမ်ရှင် ဗီယက်နမ်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာပါ။
မြန်မာအမျိုးသမီးအသင်းကိုတွေ့ရစဉ်(MFF)
နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ထိုင်းအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးဘောလုံး အသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က “ စင်ကာပူ အသင်းက ခံစစ် ဦးစားပေး ကစားခဲ့သလို ကျနော်တို့ အသင်း တိုက်စစ်သွားတဲ့ နေရာမှာလည်း အားနည်းချက်တွေရှိခဲ့လို့ ဂိုးရဖို့အတွက် ခက်ခဲခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင် ရလဒ်ရတဲ့အထိ ကြိုးစားခဲ့လို့ ကစားသမားတွေကို ချီးကျူးချင်ပါတယ်။ ဆီမီးဖိုင်နယ် ပွဲအဆင့်မှာ အကောင်းဆုံး ယှဉ်ပြိုင် သွားမှာပါ” လို့ ပြောခဲ့တာပါ။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို မေလ ၁၈ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းနဲ့ မြန်မာ အသင်းတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက အမျိုးသမီး အာရှဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ တွေ့ခဲ့ကြပြီး အဲ့ဒီတုန်းက ၂ ဂိုးစီ သရေကျခဲ့တာပါ။
မြန်မာ အမျိုးသမီး အသင်းဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ် ပြိုင်ပွဲ (၅)ကြိမ်လုံး ကြေးတံဆိပ် ဆုတွေနဲ့သာ ကျေနပ်ခဲ့ ရတာ ဖြစ်ပါတယ်။
- By CNI News
- Category: အားကစား
- Hits: 1458
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၅
ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ (၃၁)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၄ ခုအထိ ရယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၄ ရက်ထိ ရွှေတံဆိပ် ၃ ခု ရယူထား နိုင်ခဲ့တာဖြစ်ပြီး ယနေ့(မေလ ၁၅ ရက်) မနက်ပိုင်းမှာ နောက်ထပ် ရွှေတံဆိပ်တစ်ခု ထပ်မံရယူနိုင်ခဲ့တာပါ။ မေလ ၁၅ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဝူရှူး ထောက်လု(နန်းချွန်) ပြိုင်ပွဲမှာ သိန်းသန်းဦးက ရွှေတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကာယအလှအားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့တဲ့ ရဲထွန်းနောင်
မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးထားတဲ့ သူတွေကတော့ ကာယဗလ ကာယအလှအားကစားပြိုင်ပွဲက ရဲထွန်းနောင်၊ ပီတန်း အားကစားမယ် ခင်ချယ်ရီသက်နဲ့ Kurash အားကစားမယ် အေးအေးအောင်တို့ ဖြစ်ပါတယ်။
ပီတန်း အားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့သူ ခင်ချယ်ရီသက်
မြန်မာအားကစားအဖွဲ့ဟာ လက်ရှိအချိန်ထိ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု စုစုပေါင်း ၁၇ ခု ရရှိထားတာ ဖြစ်ပါတယ်။
Kurash အားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့သူ အေးအေးအောင်
Page 75 of 81
