CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

Thai Fight မှာ ပြိုင်ဘက်ကို ပထမအချီမှာတင် အလဲထိုးခဲ့တဲ့ ဘရော်နီကာ

By CNI
CNI
Category: Watch TV
Hits: 990

Share
Tweet
Share
Share
powered by social2s
ဂွာဒီယိုလာကို တွေ့ရစဉ်(SCMP)

ဗြိတိန်မှာ ရှိတဲ့သူတိုင်းက လီဗာပူးလ်ကို ပိုပြီးအားပေးတယ်လို့ ဂွာဒီယိုလာ ပြော

By CNI
CNI
Category: အားကစား
Hits: 1519

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၉

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို (၃) မှတ်အသာနဲ့ ပြန်တက်နိုင်ပြီးနောက် မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ဗြိတိန်မှာရှိတဲ့ သူတိုင်းက မန်စီးတီးထက် လီဗာပူးလ်ကို ပိုပြီး အားပေးတယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးလ် အသင်းဟာ စပါး အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး ရမှတ် လျော့သွားချိန်မှာ မန်စီးတီး အသင်းက နယူးကာဆယ် အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ရီးရယ်လ် အသင်းကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကို နယူးကာဆယ်နဲ့ပွဲမှာ ဂိုးပြတ်သွင်းပြီး ပေါက်ကွဲပြခဲ့တာပါ။ လီဗာပူးလ် အသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

Liverpool confirmed as Premier League champions

လီဗာပူးလ်အသင်း

ဂွာဒီယိုလာက “မီဒီယာ အပါအဝင် ဒီမှာရှိတဲ့ လူတိုင်းအားလုံးက လီဗာပူးလ် အသင်းကို အားပေးကြ ပါတယ်။ ဘာကြောင့်လဲ ဆိုရင် လီဗာပူးလ် အသင်းဟာ ဥရောပပြိုင်ပွဲမှာ မယုံနိုင်စရာ သမိုင်းကြောင်းရှိလို့ပါ။ ပရီးမီးယားလိဂ်မှာတော့ နှစ်ပေါင်း (၃၀) မှ ချန်ပီယံဆုကို (၁) ကြိမ် အနိုင်ရထားလို့ မဟုတ်ပေမယ့် ဒါက ပြဿနာတော့ မရှိပါဘူး”လို့ ပြောခဲ့တာပါ။

မန်စီးတီး အသင်းဟာ နောက်ဆုံး ၅ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ဖလားကို (၄)ကြိမ် ရရှိထားပြီး လီဗာပူးလ် အသင်းက (၁) ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲအဖြစ် ဝုလ်ဗ်စ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူးလ် အသင်းကတော့ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ ဝုလ်ဗ်စ် အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ နယူးကာဆယ် (CNA)

ဂွာဒီယိုလာက “လီဗာပူးလ် အသင်းဟာ ချန်ပီယံဆု၊ သမိုင်း၊ အမွေအနှစ် စတဲ့ များစွာသော အရာတွေမှာ အရေးပါဆုံး အသင်း အဖြစ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ ကလည်း လွန်ခဲ့တဲ့ ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်ကတည်းက ဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ တစ်ခါတစ်ရံမှာ ကျနော်တို့ အဆင်မပြေဖြစ်တာကို သိပါတယ်။ ဒါပေ မယ့် လူတွေက လီဗာပူးလ်ကို ကျနော်တို့ထက် ပိုပြီး အနိုင်ရ စေချင်တာကို ကျနော် ဂရုမစိုက်ပါဘူး။ ဒါက ပြဿနာတစ်ခု တော့ မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ အဓိက နောက်ခံ ကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယတ်စ်၊ ဂျွန်စတုန်းစ်နဲ့ ကိုင်လီဝေါလ်ကာ တို့ဟာ ဒဏ်ရာတွေကြောင့် အခုနှစ် ရာသီအကုန်ထိ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဂွာဒီယိုလာက အတည်ပြု ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
အရှေ့တီမောကို အနိုင်ကစားခဲ့တဲ့ မြန်မာ(AFF)

နောက်ဆုံးမိနစ် သွင်းဂိုးနဲ့ တီမောကို အနိုင်ရခဲ့တဲ့ မြန်မာ

By CNI News
CNI News
Category: အားကစား
Hits: 2239

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၈

ဆီးဂိမ်းစ် ပြိုင်ပွဲ အုပ်စု(A) ပွဲစဉ်တစ်ပွဲအဖြစ် မေလ ၈ ရက်က မြန်မာအသင်းနဲ့ တီမောအသင်းတို့ ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ မြန်မာ အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

ပထမပိုင်းမှာ မြန်မာ အသင်းက ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေ တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး- ဂိုး မရှိနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ တီမောအသင်းက ချေပဂိုးရဖို့ ဖိအားပေး ကြိုးစားလာခဲ့တာကြောင့် ချေပဂိုး ၂ ဂိုး ပြန်လည် ရရှိသွားခဲ့ ပါတယ်။

အရှေ့တီမောကို အနိုင်ကစားခဲ့တဲ့ မြန်မာ(AFF)

မြန်မာ ကစားသမားတွေဟာ အနိုင်ဂိုးရဖို့အတွက် တီမော အသင်းဘက်ကို ဆက်တိုက် ဖိကစားခဲ့တာ ဖြစ်ပါတယ်။ မိနစ်(၉၀) ပြည့်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ မြန်မာအသင်း အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကို အောင်ဝဏ္ဏစိုး က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ တီမောအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ (၃) မှတ်စတင် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီး အသင်းပိုင်ရှင်သစ် ဖြစ်လာတဲ့ တော့ဒ်ဘိုလီ

By CNI
CNI
Category: Watch TV
Hits: 846

Share
Tweet
Share
Share
powered by social2s

ဘောကောက်ကို ဘောလုံးနဲ့ ကန်ခဲ့တဲ့အပေါ် တောင်းပန်ခဲ့တဲ့ မိုယက်စ်

By CNI
CNI
Category: Watch TV
Hits: 884

Share
Tweet
Share
Share
powered by social2s

ရိုးမားကို ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲပို့ဆောင်ပြီးနောက် ငိုကြွေးနေတဲ့ မော်ရင်ဟို

By CNI
CNI
Category: Watch TV
Hits: 859

Share
Tweet
Share
Share
powered by social2s

ရိုးမားကို ယူရိုပါကွန်းဖရန့်စ်လိဂ် ဗိုလ်လုပွဲပို့ဆောင်ပြီးနောက် ငိုကြွေးနေတဲ့ မော်ရင်ဟို

By CNI
CNI
Category: အားကစား
Hits: 2036

CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၆

မော်ရင်ဟို ဟာ ရိုးမား အသင်းကို နှစ်ပေါင်း ၃၁ နှစ်အတွင်း ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိ အောင် ပို့ဆောင်ပေးခဲ့ပြီးနောက် ပွဲအပြီးမှာ ငိုကြွေးနေခဲ့ပါတယ်။

အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ရိုးမား အသင်းဟာ လက်စတာ အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ရိုးမားအတွက် တစ်လုံးတည်းသော သွင်းဂိုးကို အေဘရာဟမ် က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ ရိုးမား အသင်းအနိုင်ရပြီး ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။

ပေါ်တူဂီလူမျိုး နည်းပြအတွက်တော့ ချန်ပီယံလိဂ်၊ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲ (၃) ခုလုံးရဲ့ ဗိုလ်လုပွဲတက်နိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင် မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲ (၃) ခု လုံးမှာ ဗိုလ်စွဲတဲ့ ပထမဆုံးနည်းပြဖြစ်ဖို့ ထပ်မံ အခွင့်အရေး ရှိနေတာပါ။မော်ရင်ဟိုဟာ လက်စတာ အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ သူ့ရဲ့ခံစားချက်ကို မထိန်းနိုင်တော့ဘဲ နည်းပြအဖွဲ့ဝင်တွေနဲ့ ပွေ့ဖက်ပြီး ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

ယူရိုပါကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲဟာ ဒီရာသီမှ စတင်ကျင်းပတာဖြစ်ပြီး ရိုးမားအတွက် ဒီပြိုင်ပွဲရဲ့ ပထမဆုံး ချန်ပီယံဖြစ်ဖို့ အခွင့်အရေးတွေ ရှိနေတာပါ။

မော်ရင်ဟိုက“ ကျနော် ဘာကြောင့် ငိုကြွေးခဲ့ရလဲဆိုရင် သူတို့ခံစားရသလို ကျနော်လည်း ခံစားရလို့ပါ။ ဒီ ကလပ်ဟာ လူမှုရေးအတွက် အရေးပါတဲ့ ဆုဖလားမရှိတဲ့ အသင်းကြီးလိုဖြစ်နေပါတယ်။သူတို့အတွက် ဒါတွေက ဘယ်လောက်ခံစားချက်ရှိလဲဆိုတာကို သိတဲ့အတွက် ကျနော့်ခံစားမှုက သူတို့အတွက်ပါ။ကျနော့် ကောင်လေး တွေက ဒါနဲ့ ထိုက်တန်ပါတယ်။ကျနော်တို့ဟာ ဗိုလ်လုပွဲကို ရောက်ဖို့ အံသြစရာကောင်းတဲ့ လမ်းကြောင်းတစ်ခု ရခဲ့ပါတယ်။ဒါကို အောင်မြင်ဖို့အတွက် စီးရီးအေမှာ အမှတ်တွေလျော့ခဲ့ရပါတယ်။ဒါပေမယ့် အခု ဗိုလ်လုပွဲ ရောက်သွားပြီဖြစ်တဲ့အတွက် အနိုင်ရယူချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဥရောပအောင်မြင်မှုတွေအဖြစ် ပေါ်တိုအသင်းနဲ့ ယူအီးအက်ဖ်အေဖလား၊ ချန်ပီယံလိဂ်၊ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်၊မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။မော်ရင်ဟိုဟာ ဥရောပအဆင့်ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတက်တိုင်း မရှုံးနိမ့်ဖူးတဲ့ မှတ်တမ်းကောင်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားတာပါ။

ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရိုးမားအသင်းဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ ဖီယင်နု အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲကို မေလ(၂၅) ရက် Air Albania အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

စာရင်းရှင်းစရာတွေ ရှိနေပြီလို့ ရီးရယ်လ်ကို ဆာလတ် သတိပေး

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာရဲ့ Hand of God ဂျာစီကို စံချိန်တင် ရောင်းချခဲ့

By CNI
CNI
Category: Watch TV
Hits: 813

Share
Tweet
Share
Share
powered by social2s

ပေါင်သန်း ၂၀၀ တန် EPL တန်းတက်ခွင့် လက်မှတ်ကိုရရှိသွားတဲ့ ဘုန်းမောက်

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s

ရီးရယ်လ် ကို ပြန်လက်စားချေဖို့ UCL ဗိုလ်လုပွဲမှာတွေ့ချင်နေတဲ့ ဆာလတ်

By CNI
CNI
Category: Watch TV
Hits: 833

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက် ကစားသမားဘဝမပြီးဆုံးသေးဘူးလို့ ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 866

Share
Tweet
Share
Share
powered by social2s

အိုင်ဘီဇာ ခရီးစဉ်သွားလို့ ဝေဖန်ခံနေရတဲ့ ဘိုင်ယန်မြူးနစ်အသင်း

By CNI
CNI
Category: Watch TV
Hits: 956

Share
Tweet
Share
Share
powered by social2s

သူ့ရဲ့အောင်ပွဲခံမှုကို ချယ်လ်ဆီးနားလည်ပေးဖို့ လမ်းပတ် မျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 941

Share
Tweet
Share
Share
powered by social2s
ချန်ပီယံဆုနဲ့ အတူတွေ့ရတဲ့ မောင်မောင်လွင်(Lamphun Warriors)

လမ်ပန်ဝါရီယာအသင်းနဲ့ ထိုင်းလိဂ်(၂) ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ မောင်မောင်လွင်

By CNI News
CNI News
Category: အားကစား
Hits: 1310

CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁

လမ်ပန်ဝါရီယာ အသင်းဟာ ထိုင်းလိဂ်(၂) နောက်ဆုံးပွဲစဉ်အဖြစ် ကဆတ်ဆာဒ့် အသင်းနဲ့ ကစားခဲ့ရာ ၃ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရ ပြီး အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လမ်ပန်ဝါရီယာ အသင်းဟာ ဒီပွဲမတိုင်ခင်ကတည်းက ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲမှာ အနိုင် ကစားကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ မောင်မောင်လွင် ကတော့  ပြည်ပထွက် ကစားတဲ့ ပထမဆုံး ရာသီမှာပဲ အမှတ် ပေး ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၂) ချန်ပီယံဆုရ လမ်ပန်ဝါရီယာအသင်း(Lamphun Warriors)

မောင်မောင်လွင်ဟာ ထိုင်းလိဂ်(၂)ကနေ အမှတ်ပေး ချန်ပီယံဆုကို ရယူပြီး ထိုင်းလိဂ်(၁)ကို တက်နိုင်ခဲ့တဲ့ ပထမဆုံး မြန်မာ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လမ်ပန်ဝါရီယာအသင်း ချန်ပီယံဖြစ်တာမှာ အဓိက ခြေစွမ်းပြသနိုင်ခဲ့တဲ့ မောင်မောင် လွင်ဟာ အသင်းအတွက် ၄ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။

လမ်ပန်ဝါရီယာ အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကမှ ထိုင်းလိဂ်(၃)ကနေ ထိုင်းလိဂ်(၂)ကို တန်းတက်နိုင်ခဲ့တာဖြစ်ပြီး တစ်ရာသီ အကြာမှာပဲ ထိုင်းလိဂ်(၁)ကို တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၂) ချန်ပီယံဆုရ လမ်ပန်ဝါရီယာအသင်း(Lamphun Warriors)

အခုနှစ်ရာသီ ထိုင်းလိဂ်(၁) ပြိုင်ပွဲမှာ အောင်သူ ပါဝင်တဲ့ ဘူရီယမ်အသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် မြန်မာ ကစားသမားတွေဟာ ထိုင်းလိဂ်တွေမှာ အောင်မြင်မှု မှတ်တမ်းတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Share
Tweet
Share
Share
powered by social2s

ဘောလုံး ၃ လုံးကန်သွင်းပြခဲ့တဲ့ မက်ဆီရဲ့ ဗီဒီယိုကို အတုလို့ ဝေဖန်နေ

By CNI
CNI
Category: Watch TV
Hits: 976

Share
Tweet
Share
Share
powered by social2s
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82

Page 78 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar