CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၈

ဆီးဂိမ်းစ် ပြိုင်ပွဲ အုပ်စု(A) ပွဲစဉ်တစ်ပွဲအဖြစ် မေလ ၈ ရက်က မြန်မာအသင်းနဲ့ တီမောအသင်းတို့ ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ မြန်မာ အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

ပထမပိုင်းမှာ မြန်မာ အသင်းက ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေ တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး- ဂိုး မရှိနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ တီမောအသင်းက ချေပဂိုးရဖို့ ဖိအားပေး ကြိုးစားလာခဲ့တာကြောင့် ချေပဂိုး ၂ ဂိုး ပြန်လည် ရရှိသွားခဲ့ ပါတယ်။

အရှေ့တီမောကို အနိုင်ကစားခဲ့တဲ့ မြန်မာ(AFF)

မြန်မာ ကစားသမားတွေဟာ အနိုင်ဂိုးရဖို့အတွက် တီမော အသင်းဘက်ကို ဆက်တိုက် ဖိကစားခဲ့တာ ဖြစ်ပါတယ်။ မိနစ်(၉၀) ပြည့်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ မြန်မာအသင်း အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကို အောင်ဝဏ္ဏစိုး က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ တီမောအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ (၃) မှတ်စတင် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။