CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၇

ယူကရိန်း အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်ကစားဖို့အတွက် ဆလိုဗေးနီးယားနိုင်ငံမှာ လေ့ကျင့် ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ယူကရိန်း အသင်းဟာ ပလေးအောဖ့် အကြိုဗိုလ်လုပွဲအဖြစ် စကော့တလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ယူကရိန်းနည်းပြ ပီထရာကော့ဗ် ဟာ နိုင်ငံအတွင်းမှာရှိတဲ့ ကလပ်အသင်းတွေက ကစားသမား ၂၃ ဦး ခေါ်ယူခဲ့ပြီး ရာသီကုန် ချိန်မှာ ဥရောပမှာရှိတဲ့ ကစားသမားတွေ လာရောက် ပူးပေါင်းမယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ယူကရိန်း ကစားသမားတွေဟာ ဆလိုဗေးနိးယားနိုင်ငံကို ရောက်ရှိပြီးကတည်းက တစ်ရက်ကို ၂ ကြိမ် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ ကြတာပါ။ စတီပါနန်ကို ကတော့ သူတို့နိုင်ငံကို ရုရှားက ကျုးကျော်တဲ့ အချိန်ကစပြီး သူဟာ ဘောလုံးကွင်းနဲ့ တစ်လကျော်ကြာ လေ့ကျင့်မှု မပြုလုပ်ဘဲ ဝေးကွာနေခဲ့ပေမယ့် သူနဲ့ သူ့ရဲ့ အသင်းဖော်တွေဟာ ပုံစံကောင်း ပြန်ရနေပြီလို့ ပြောခဲ့ပါတယ်။

စတီပါနန်ကို က “ဒါဟာ ဘောလုံးပွဲ တစ်ခုတင်မကပါဘူး။ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်တွေ၊ နှလုံးသားတွေနဲ့ ကစားရမှာပါ။ ကျနော်တို့ စစ်သားတွေဆီက မက်ဆေ့ချ်တွေ ရခဲ့ပါတယ်။ သူတို့မှာ တောင်းဆိုချက်တစ်ခုပဲ ရှိပါတယ်။ ကမ္ဘာ့ဖလားကို သွားနိုင်ဖို့ တက်နိုင်သမျှ ကြိုးစားကြပါဆိုပြီးတော့ပေါ့။ အသင်းအနေနဲ့ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တယ်ဆိုရင် နိုင်ငံအတွက် ဂုဏ်ပြုပွဲဖြစ်မှာပါ။ နိုင်ငံအတွက် စစ်သားတွေအတွက် ဒါဟာ မျှော်လင့်ချက် တစ်ခုပါပဲ”လို့ ပြောခဲ့တာပါ။

စတီပါနန်ကို (CNA)

ယူကရိန်း အသင်းဟာ စကော့တလန်နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင်မှာ ခြေစမ်းပွဲအဖြစ် မေလ ၁၁ ရက်မှာ ဘွန်ဒစ်လီဂါကလပ် မိုချန်ဂလာဘတ် အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ် ဟာ နောက်ထပ် ခြေစမ်းပွဲတွေ ကစားဖို့ ညှိနှိုင်းနေတယ်လို့ နည်းပြဖြစ်သူ ပီထရာကော့ဗ် က ပြောခဲ့တာပါ။ ရုရှားရဲ့ ကျုးကျော်မှုကြောင့် မတ်လ ၂၄ ရက်မှာ ကစားမယ့် စကော့တလန်နဲ့ပွဲကို ရွှေ့ဆိုင်းပေးဖို့ ယူကရိန်းက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဖီဖာက ဇွန်လ ၁ ရက်မှာ ပြောင်းလဲကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ဝေးလ်စ် အသင်းနဲ့ ဇွန်လ ၅ ရက် ကာဒစ်ဖ်မှာ ကမ္ဘာ့ဖလားဝင်ခွင့် နေရာအတွက် ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပါတယ်။

Source: Besoccer