- By CNI
- Category: ဖျော်ဖြေရေး
- Hits: 333
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ခိုင်နှင်းဝေ ရရှိသွားခဲ့သည်။
၂၀၂၅ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ထူးချွန်းဆုပေးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်မှာ ကျင်းပသည်။
ထိုအခမ်းအနားတွင် ခိုင်နှင်းဝေက မောင့်မိဖုရား ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 541
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင်က ရရှိသွားခဲ့သည်။
၂၀၂၅ ခုနှစ် ရုပ်ရှင်အကယ်ဒမီ ထူးချွန်းဆုပေးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်မှာ ကျင်းပသည်။
ထိုအခမ်းအနားတွင် နေမျိုးအောင်က မြစ်လက်တက်ပေမဲ့ရေစီးကကြမ်းတယ် ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 383
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ
၂၀၂၅ ခုနှစ် ရုပ်ရှင်အကယ်ဒမီထူးချွန်းဆုပေးပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်မှာ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် အနုပညာရှင်များအနက် နေတိုး၊ မေသန်းနု၊ ရတနာဗို၊ ကောင်းထက်စံ တို့သည် အမျိုးသား/အမျိုးသမီး ဝတ်စားဆင်ယင်မှုဆုများကို ရရှိခဲ့ကြသည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 411
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်းဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်မှာ ကျင်းပသည်။
အဆိုပါ အကယ်ဒမီဆုပေးပွဲတွင် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ကိုသားကျော်က နှင်းပွင့်စေရာ ဇာတ်ကားဖြင့် ရရှိသွားခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 368
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်းဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က နေပြည်တော်မှာ ကျင်းပသည်။
အဆိုပါ ရုပ်ရှင်အကယ်ဒမီပေးပွဲတွင် ရုပ်ရှင်တစ်သက်တာဆုရှင် ၃ ဦး ရရှိခဲ့သည်။
ထိုဆုရှင်များမှာ ဦးကြည်စိုးထွန်း၊ ဦးဋ္ဌေးအောင်၊ ဒေါ်ခင်လေးဆွေတို့ ဖြစ်သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 911
CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆
Myanmar Star က ကမကထပြု၍ အဆိုပြိုင်ပွဲ အစီအစဉ်တွင် MC အနေဖြင့် ပါဝင်ခဲ့သော တေးသံရှင် အောင်ခန့်ပိုင်ကို ကျင့်ဝတ်စည်းကမ်းများ လိုက်နာမှုမရှိဘဲ လက်လွတ်စပယ် စကားများ ပြောဆိုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၌ ခေါ်ယူဆွေးနွေးခဲ့သည်။
ထို့နောက် တေးသံရှင် အောင်ခန့်ပိုင်ကို ခံဝန်ကတိ ထိုးခိုင်းခဲ့ကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1302
CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီး ထိန်းသိမ်း ကြရမည့် အမွေအနှစ်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အမျိုးသားယဥ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု မြင့်မားလေ လေ၊ နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ် တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုယ်တန်ဖိုးနှင့် အဆင့်အ တန်းတို့ကို အမျိုးသားယဉ်ကျေးမှုကတဆင့်သာ ဖော်ညွှန်း ပြဆိုကြရခြင်းဖြစ်သည်”ဟု ပြောသည်။

၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ၅၉ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၇ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၃ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဆု၊ မွန်ပြည်နယ်မှ ၂၁ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ဆု၊ ကယားပြည်နယ်မှ ၁၇ ဆု၊ ရှမ်းပြည်နယ်မှ ၁၃ ဆု၊ ရခိုင်ပြည်နယ်မှ ၁၀ ဆု၊ ကရင်ပြည်နယ်မှ ၁၂ ဆု၊ တနင်္သာ ရီတိုင်းဒေသကြီးမှ ၁၃ ဆု၊ ချင်းပြည်နယ်မှ ၁၀ ဆု၊ ကချင်ပြည်နယ်မှ ၅ ဆု စသဖြင့် အသီးသီး ဆုရရှိခဲ့ကြသည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 3342
CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂၃
စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး၏ စာပေအနုပညာ အကြောင်းအရာကို အဓိက ဟောပြောမည့် “Jayatu Bharatam” lecuture series ဟောပြောပွဲ အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်က ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာတွင် ကျင်းပခဲ့သည်။
ထိုဟောပြောပွဲ အစီအစဉ်အား အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့၏ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဌာနနှင့်မြန်မာနိုင်ငံ တဂိုးအသင်းတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Abhay Thakur၊ Tagore Society Myanmar မှ ကိုယ်စားလှယ် Mr. T.K. Paul၊ Mrs. Aalo Dass နှင့် Tagore Society မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ အကြီးအကဲမစ္စတာ မာရီမုသုတို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် Pracharak Sanatan Dharma Swamsevak Sangh နှင့် PravasiBharatiya Samman Awardee ဒေါက်တာ Ram Niwas နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးမှ အကြီးအကဲများ၊ လူမှုအသိုက်အဝန်းမှ ခေါင်းဆောင်များလည်း ပါဝင်သည်။
ယခုဟောပြောပွဲ အစီအစဉ်တွင် စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး၏ အတွေးအခေါ်များ၊ ရသမြောက် စာပေအနုလက်ရာ ပေါင်းများစွာကိုလည်း သိရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် ဟောပြောပွဲသည် နှစ်နိုင်ငံကြား အသိပညာ၊ သဟဇာတဖြစ်မှုနှင့် ယဉ်ကျေးမှုတံတားတို့ကို ပိုမိုခိုင်မာ စေမည်ဖြစ်ကြောင်း သံအမတ်ကြီးက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
“Jayatu Bharatam” ဟောပြောပွဲ စီးရီးသည် ယမန်နှစ်တွင် အောင်မြင်သော Ramayan Vyakhyanmala စီးရီး ပြီးနောက် ဆက်လက် ကျင်းပခြင်းဖြစ်သည်။

ပြီးခဲ့သည့် အစီအစဉ်တွင် ဟောပြောပွဲ ၅ ခုအား မတူကွဲပြားသော မြို့များတွင် ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့တွင် နှစ်ကြိမ်၊ မန္တလေး၊ ဇေယျဝတီနှင့် ကျောက်တံခါးတို့၌ တစ်ကြိမ်စီ ဖြစ်သည်။
ယခု “Jayatu Bharatam” lecuture series ကိုလည်း ရန်ကုန်မြို့အပြင် ဇေယျာဝတီ၊ ကျောက်တံခါးနှင့် မော်လမြိုင် စသည့် မြို့ကြီးများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2700
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၄
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် မြို့တော်ခန်းမ (ဆူးလေး)ရှေ့မှာ လမ်းလျှောက်သင်္ကြန် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် လူပေါင်း ထောင်ချီသေဆုံး၊ ထိခိုက် ဒဏ်ရာရခဲ့သလို အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြခြင်းကြောင့် သင်္ကြန်ကို အဆို၊အကနှင့် ဆူညံ့သော ပျော်ရွှင်မှုများ အစား အေးသင်္ကြန်အဖြစ် ပြောင်းလဲ ကျင်းပရန် စီစဉ်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များ ပြန်လည်ဖြိုဖျက်ခဲ့၍ ရန်ကုန်သင်္ကြန်မှာခြောက်ကပ်သွားခဲ့သည်။
သို့သော် ရန်ကုန်မြို့မှာ ပြည်သူ့ရင်ပြင်နှင့် မြို့တော်ခန်းမရှေ့မှာ လမ်းလျှောက်သင်္ကြန်ကို ကျင်းပသွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် စီစဉ်ခဲ့သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2515
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၄
ယခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန်ရေကစားပွဲတော်ကို အဆို-အက-အခုန်နှင့် အပျော်အပါးများ မပါသည့် အေးသင်္ကြန်ကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်ထိ နေပြည်တော်မှာ ကျင်းပလျက်ရှိသည်။
အဆိုပါ အေသင်္ကြန်ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ အပါအဝင် နစက အဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများလည်း တက်ရောက်ခဲ့သည်။
နေပြည်တော်မှာ ကျင်းပနေသည့် အေးသင်္ကြန်တွင် ပုဂံခေတ်၊ အင်းဝခေတ်၊ ပျူခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာ ပုံခေတ် စသည့် ခေတ်များကို သရုပ်ဖော် တင်ဆက်မှုများ တင်ဆက်ခဲ့သည်။
မူလက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပရန် ပြင်ဆင်ထားသော်လည်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ထောင်ချီ အသက်ဆုံးရှုံးခဲ့သလို လူပေါင်းထောင်ချီ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဟိုတယ်များ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ လမ်းတံတားများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ အင်တာနက်လိုင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ ပြိုကျ ပျက်စီးခဲ့သည်။
ထို့ကြောင့် သင်္ကြန်ကို အေးသင်္ကြန်အဖြစ် ကျင်းပရန် နစက-က ပြောင်းလဲ စီစဉ်ခဲ့ခြင်း ဖြစ်သည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2266
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃
မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယကို ကြိုဆိုသည့်အနေဖြင့် မြန်မာပြည်သူများ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိပြောကြားလိုသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ထုတ်ပြန်ခဲ့သည်။
သင်္ကြန်ဆိုသည်မှာ အတိတ်ကို ပြန်ပြောင်း ဆင်ခြင်ပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်ကို မျှော်လင့်ကြသည့် ကာလတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် မတ်လ ၂၈ ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေပါသည်ဟု ၎င်းက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက “ ဤခက်ခဲသော ကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန် ပြည်ထောင်စုက တစ်သားတည်း ရပ်တည်နေပါသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်း စာနာထောက် ထားမှု အကူအညီများ ပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံ တကာ အသိုက်အဝန်းနှင့် မိမိတို့ ဆက်လက် ပူးပေါင်းသွားပါမည်” ဟု ပြောသည်။
ထို့နောက် ယခုကဲ့သို့ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့်သဒ္ဓါတရားတို့မှာ ယခင် ထက်ပင် ပိုမိုထင်းရှားပေါ်လွင်လှပါကြောင်း၊ အသစ်တဖန် ဖြစ်တည်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် မနက်ဖြန် အတွက် မျှော်လင့်ချက်များကို သင်္ကြန်က မိမိတို့ကို ဆင်ခြင်မိစေပါသည်ဟု ၎င်းက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက “မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက် သံန္နိဋ္ဌာန်ချထားပြီးဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးတို့အတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုသင်္ကြန် အခါသမယနှင့်အတူ နှစ်သစ်တွင် မြန်မာပြည်သူများ အားလုံးအတွက် မျှော်လင့်ချက်နှင့် သတ္တိခွန်အားများ သယ်ဆောင်လာပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ မြန်မာနှစ်သစ်ကူး သင်္ကြန်ရေကစားပွဲတော်ကာလဖြစ်သည်။
အဆိုပါ နှစ်သစ်ကူး သင်္ကြန်ရေကစားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော်လည်း ယခုနှစ်(၂၀၂၅ ခုနှစ်) မတ်လ ၂၈ ရက်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ခံစားခဲ့ရခြင်းကြောင့် အဆို၊ အကများ မပါသည့် အေးချမ်းသင်္ကြန်ကို ကျင်းပလျက်ရှိသည်။
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 2169
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
ငလျင်ဘေးဒဏ်သင့်ခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း သတ်မှတ်ခဲ့ခြင်းများ ရှိသည့် အတွက် အပျော်အပါး သီဆိုကခုန်မှုများ မပါဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ကို ကျင်းပသွားမည်ဟု နစက-က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိကြုံ တွေ့နေရသော ပြင်းထန်သည့် ငလျင်ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း ၌ ပြည်သူအချို့ သေဆုံးဒဏ်ရာရ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
ထိုကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်ထိ လှုပ်ခတ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လူပေါင်း ၂၇၀၀ ကျော် သေဆုံးပြီး ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် လူနေအိမ်၊ ဟိုတယ်၊ လမ်းတံတား၊ ဘာသာရေး အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြသည်။
လက်ရှိမှာလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လက်ဆက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
