CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃
အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီး ထိန်းသိမ်း ကြရမည့် အမွေအနှစ်ဖြစ်သည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အမျိုးသားယဥ်ကျေးမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတို့၏ အသက်တမျှ အရေးကြီးထိန်းသိမ်းကြရမည့် အမွေအနှစ်များပင်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှု မြင့်မားလေ လေ၊ နိုင်ငံနှင့် လူမျိုး၏ အဆင့်အတန်းသည်လည်း မြင့်မားလေလေဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ် တည်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေး ဝိသေသလက္ခဏာ၊ ပင်ကိုယ်တန်ဖိုးနှင့် အဆင့်အ တန်းတို့ကို အမျိုးသားယဉ်ကျေးမှုကတဆင့်သာ ဖော်ညွှန်း ပြဆိုကြရခြင်းဖြစ်သည်”ဟု ပြောသည်။
၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးမှ ၅၉ ဆု၊ မန္တလေးတိုင်းဒေသကြီးမှ ၄၇ ဆု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၇ ဆု၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၃ ဆု၊ ပဲခူးတိုင်းဒေသကြီးမှ ၂၂ ဆု၊ မွန်ပြည်နယ်မှ ၂၁ ဆု၊ မကွေးတိုင်းဒေသကြီးမှ ၁၄ ဆု၊ ကယားပြည်နယ်မှ ၁၇ ဆု၊ ရှမ်းပြည်နယ်မှ ၁၃ ဆု၊ ရခိုင်ပြည်နယ်မှ ၁၀ ဆု၊ ကရင်ပြည်နယ်မှ ၁၂ ဆု၊ တနင်္သာ ရီတိုင်းဒေသကြီးမှ ၁၃ ဆု၊ ချင်းပြည်နယ်မှ ၁၀ ဆု၊ ကချင်ပြည်နယ်မှ ၅ ဆု စသဖြင့် အသီးသီး ဆုရရှိခဲ့ကြသည်။