CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၅

ဆော်ဒီနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့က မြန်မာနိုင်ငံသံအမတ်အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်က သံအမတ်ခန့်အပ်လွှာကို အသီးသီး ပေးအပ်ခဲ့သည်။

နီကာရာဂွါသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် H.E.Mr. Segundo Martin Calero Escorcia အား တာဝန်ပေးခဲ့ပြီး ၎င်းက သံအမတ်ခန့်အပ်လွှာကို ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ထံ ပေးအပ်ခဲ့သည်။

နီကာရာဂွါသံအမတ်ကြီးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာပေးအပ်နေစဉ်

အလားတူ ဆော်ဒီနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် H.E.Mr. Maziad Mohammed M Al Howishan အား တာဝန်ပေးခဲ့ပြီး ၎င်းက သံအမတ်ခန့်အပ်လွှာကို ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ သည်။

ထို့နောက် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မကြာမီ ကာလအတွင်း လွှတ်တော် ခေါ်ယူ ဆောင်ရွက်သွားမည့် အခြေအ နေများကို ဆွေးနွေးခဲ့ကြသည်။