CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
KIA က နယ်စပ်ဂိတ်ကို ဖယ်ရှားနေစဉ်

KIA မှ တပ်မတော်အပေါ် လိုက်လျောရမည့် ကိစ္စရပ်များရှိလာနိုင် 

By CNI
CNI
Category: စီးပွားရေး
Hits: 1228

CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၈

ကချင်ပြည်နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များကို ပြန်ဖွင့်မည်ဟု တရုတ်နှင့် KIA ကြား သဘောတူညီ ခဲ့သော်လည်း KIA အနေဖြင့် တပ်မတော်အပေါ် လိုက်လျောရမည့် ကိစ္စရပ်များရှိလာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံ ရေးအကဲခတ်များက သုံးသပ်နေကြသည်။ 

ကချင်ပြည်နယ်အတွင်းရှိ လိုင်ဇာ၊ မိုင်ဂျာရယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီ စသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် တရုတ်နိုင်ငံမှ လူသုံးကုန်များနှင့် စားသုံးကုန်များသာ သီးသန့် တင်သွင်းခွင့် ပြုခဲ့သည်။

တရုတ်အာဏာပိုင်များ နယ်စပ်ဂိတ်များ ဖွင့်ပေးလျှင် KIA အနေနှင့်လည်း တပ်မတော်အပေါ် လိုက်လျောရမည့် ကိစ္စရပ်များ ရှိလာနိုင်သည်ဟု တရုတ်-မြန်မာအ‌ရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကို တွေ့ရစဉ်

၎င်းက “တရုတ်က အ‌ပေးအယူ တစ်ခုခုလုပ်တာ ဖြစ်ပါလိမ့်မယ်။ KIA ကို ဒါတွေ ဖွင့်ထားပြီးရင် KIA က ပြန်ပြီး တော့ စစ်ကောင်စီကို လိုက်လျောရတဲ့ကိစ္စတွေ ဘာတွေ ဖြစ်မယ်ထင်တယ်။ MNDAA တုန်းကလည်း ဒီလိုပဲလေ။ တချို့မြို့တွေ ပြန်ပေးလိုက်ရပြီးတော့ ဟိုဒင်းတွေ ဖွင့်ပေးလိုက်ရတာ။ ဖွင့်ပေးလိုက်လို့ရှိရင်တော့ ဘာပဲဖြစ်ဖြစ် ကုန်စည်စီးဆင်းမှုတွေကတော့ အတော်သက်သာ သွားတာပဲလေ။ MNDAA ကို ဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ် တအာင်းကို ဖွင့်ပေးလိုက်တာပဲဖြစ်ဖြစ် ကုန်စည်စီးဆင်းမှုက အခု တရုတ်နယ်စပ်မှာတောင် ပြန်စည်ကားလာတာ မျိုး တွေ့ရတယ်ပေါ့။ အဲ့ဒါဟာ မြန်မာပြည်သူတွေအတွက်လည်း တစ်စုံတစ်ရာ အကျိုးရှိတာ‌ပေါ့။ စစ်ကောင်စီ ဘက်ကိုလည်း တစ်စုံတစ်ရာ ဖိအားပေး၊ တိုင်းရင်းသားတွေဘက်လည်း တစ်စုံတစ်ရာ ဖိအား ပေးပြီးတော့ တရုတ် ရဲ့မူက ဒီလိုဗျ၊ အာရှတိုက် တစ်ခုလုံးနဲ့လေ အာရှ မဟုတ်ပါဘူးလေ။ Asian တစ်ခုလုံးနဲ့ တရုတ်နဲ့ ပူးပေါင်းထားတဲ့ လွတ်လပ်တဲ့ စျေးကွက်ကြီးကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ လည်ပတ်ဖို့ပဲလေ အဲ့တော့ နည်းလမ်းပေါင်းစုံ သုံးမှာ ပဲ။ အဲ့ဒီ မဟာဗျူဟာအောက်မှာ မြန်မာပြည်ရဲ့ နယ်စပ်ကိစ္စတွေ ဖြေရှင်းနေ တာပေါ့။ အဲ့တော့ အဲဒီ မဟာဗျူဟာ ကြီး အောက်မှာ‌တော့ နယ်စပ်ဂိတ်တွေဟာ တဖြေးဖြေး ပြန်ပွင့်လာလိမ့်မယ်။ တဖြေးဖြေး ကုန်စည်စီးဆင်းမှုတွေ ပြန်ဖြစ်လာလိမ့်မယ်” ဟု ပြောသည်။ 

တစ်ဖက်တွင်လည်း ပြည်သူလူထု အနေဖြင့် တိုင်းပြည် အခြေအနေ၊ စစ်ရေး အခြေအနေကြောင့် အဖက်ဖက်၌ စီးပွားရှာရ ခက်လာသည့်အပြင် အစစအရာရာ ကုန်စျေးနှုန်းများ တက်လာ၍ ဒုက္ခများစွာ ရင်ဆိုင်နေရသည်ဟု ထောက်ပြကြသည်။ 

KIA က နယ်စပ်ဂိတ်ကို ဖယ်ရှားနေစဉ်

ထို့ကြောင့် တရုတ်အစိုးရဘက်မှ လူသားချင်း စာနာထောက်ထားသည့် သဘောဖြင့်သာ ဖွင့်ပေးလိုက်ခြင်း ဖြစ်နိုင် သည်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖိအားပေးမှု လျော့နည်းလာတယ်လို့လည်း ပြောလို့ရတာ‌ပေါ့။ ပြီးရင် နောက်တစ်ခုကတော့ ခုနက လူသားချင်း စာနာတဲ့ဟာပေါ့၊ ကျနော်တို့ကသာ ဒီဘက် ရန်ကုန်မှာ နေနေတော့ မသိသာတာလေ။ တကယ့်ကို တကယ့် အောက်ခြေက ပြည်သူလူထုက ဒီစစ်နဲ့ ဘာမှ မပတ်သက်တဲ့ ပြည်သူလူထုက အဓိကထားပြီး ခါးစည်းခံရ တာကို။ ခါးစည်းခံရတဲ့ အခါကျတော့ အဲ့နေရာတွေမှာ အစစအရာရာပေါ့။ ကုန်စည် အစစအရာရာ ဘယ်လောက် တောင် တက်နေမလဲပေါ့။ ခေတ်ကြီးပျက်ပြီးတော့ စီးပွားရှာရခက် စီးပွားရှာရခက်တဲ့ အပြင်မှာ အကုန်လုံး အစစ အရာရာ စျေးနှုန်းတွေက တက်ဆိုတဲ့ အခါကျတော့ လူထုက နှစ်ဆ၊ သုံးဆ တိုးတာပေါ့‌‌လေ။ အဲ့လိုအတွက်ကြောင့် မို့လို့ ဒီဒုက္ခတွေ တအားကြီး သွားပြီဆိုတဲ့ အတွက်ကြောင့်မို့လို့ ဖွင့်ပေးတဲ့ဟာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ဖိအား လျှော့တာမျိုးထက် စာရင်‌ပေါ့။ ဒါကတော့ ကျနော်တို့ မြင်ရတဲ့ဟာကတော့ လူထုက တအား ထိခိုက်နစ်နာမှု များ သွားတဲ့ အတွက်ကြောင့်မို့လို့ လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ ဖွင့်ပေးတယ်လို့ပဲ ယူဆပါတယ်” ဟု ပြောသည်။ 

လက်ရှိတွင် တရုတ်-ကချင် နယ်စပ်ဂိတ် ၄ ခုကို ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း မံစီမြို့နယ်ထဲက မန့်ဝိန်းကြီး ဂိတ်နှင့် ပန်ဝါနယ်စပ်ဂိတ်များကိုတော့ ပိတ်ထားဆဲဖြစ်သည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

တိုက်ပွဲရှောင်များကို SNA က ကျန်းမာရေးစောင့်ရှောက်ပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 268

 

CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း KIA-PDF-ကဒူးတပ်ဖွဲ့များ၏ မြို့သိမ်း တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် တိုက်ပွဲရှောင်များကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က ကျန်းမာ ရေးစောင့်ရှောက်မှုပေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် SNA သည် ၎င်းတို့ထိန်းချုပ်ထားသော ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းသို့ တိုက်ပွဲရှောင်လာကြ သည့် ခိုပြင်ရွာနှင့် ပင်းမန (ခေါ်) ညောသာယာရွာတို့မှ ဒေသခံ ၁၆၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးထား သည်။

SNA ထိန်းချုပ် နယ်မြေအတွင်း တိုက်ပွဲရှောင်လာသူများအနက် ခိုပြင်ကျေးရွာမှ မူလအိမ်ထောင်စု ၅၀ စုထဲမှ အိမ် ထောင်စု ၃၁ စု၊ လူဦးရေ ၁၁၃ ဦး(ကျား ၄၆ ဦး/မ ၆၇ ဦး၊ ကျောင်းနေအရွယ် ကလေး ၂၁ ဦးပါဝင်)၊ ပင်းမန (ခေါ်) ညောင်သာယာကျေးရွာမှ မူလအိမ်ထောင်စု ၃၅ စုမှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၅ ဦး (ကျား ၂၄ ဦး/မ ၃၁ ဦး၊ ကျောင်းနေ အရွယ်ကလေး ၁၅ ဦး ပါဝင်)၊ စုစုပေါင်း ၁၆၈ ဦး တိုက်ပွဲရှောင်လာခဲ့ကြသည်။

တိုက်ပွဲရှောင်တစ်ဦးက “ဘေးလွတ်ရာရောက် ကျေးရွာသားတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးထားတယ်၊ ပြီးရင် ကျနော်တို့ စားသောက်ဖို့ဆိုပြီးတော့ ဆန်၊ ဆီ၊ ဆား ကို SNA တပ်မဟာ ၆၁၄ က ကူညီထောက်ပံ့ပေးထား ပါတယ်”ဟု ပြောသည်။

ထို့ပြင် SNA တပ်ဖွဲ့က မံအင်မင်းကုန်းတွင် တိုက်ပွဲရှောင် ပညာရေးဝန်ထမ်း ၁၆၄ ဦးကိုလည်း ‌ကူညီစောင့်ရှောက် ပေးထားကြောင်း ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့ကို KIA-PDF-ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ကာ အောက်တိုဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့ပေါ်နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော်သည် SNA ထိန်းချုပ်ထားသော ဗန်းမောက်မြို့ အနောက်ဘက်ခြမ်း ဒေသသို့ တိမ်းရှောင်လာခဲ့ကြသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်၊ SNA တို့သည် ဗန်းမောက်မြို့ အနောက်ခြမ်းရှိ ခိုပြင်၊ ပင်းမန (ခေါ်) ညောင်သာယာရွာတို့အား စက်တင်ဘာ ၂၉ ရက်က ပြန်လည် ထိန်းချုပ်ခဲ့သလို ဗန်းမောက်မြို့ ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံ့ဝန်ထမ်းများနှင့်အငြိမ်းစားများ အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြု

By CNI
CNI
Category: စီးပွားရေး
Hits: 504

 

CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်း များအတွက် အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပထမအကြိမ် ထောက်ပံ့ပေးခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်အဖြစ် အပိုထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးခဲ့သည်။

ယခုအခါ လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုလိုက်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများကိုလည်း လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၆၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့် ပြုလိုက်သည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ နေ့စားဝန်ထမ်းများနှင့် နေ့စား အလုပ်သမားများကိုလည်း လက်ရှိ ထောက်ပံ့လျက်ရှိသည့် အပိုထောက် ပံ့ကြေး ကျပ် ၂၀၀၀ အပြင် ထပ်မံ၍ ကျပ် ၁၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ခံစားခွင့်ပြုရန်နှင့် နေ့စား အလုပ်သမားများအား နေ့စဉ် လုပ်ခ ကျပ် ၇၈၀၀ ကို ခွင့်ပြုရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

ထို့နောက် အငြိမ်းစားဝန်ထမ်းများကိုလည်း လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုကြောင်း ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Share
Tweet
Share
Share
powered by social2s

ရှမ်းနီလူမျိုး ဖလောရင့်နိုက်တင်ဂေးဆုရှင် ဒေါ်သိန်းရည် ကွယ်လွန်

By CNI
CNI
Category: လူမှုဘဝ
Hits: 737

 

CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် နေထိုင်သော ရှမ်းနီတိုင်းရင်းသူ ဖလောရင့်နိုက်တင်ဂေးဆုရှင် သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ကွယ်လွန် သွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေါ်သိန်းရည်သည် ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီး ဖြစ်သည်။ 

ဖလောရင့်နိုက်တင်ဂေးဆုရှင် သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြကျေးရွာနေ အဖ ဦးထွန်းစိန်နှင့် အမိ ဒေါ်နန်းလိတ်တို့က ၁၉၅၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် မွေးဖွားခဲ့သည်။

ထို့နောက် ကွယ်လွန်ချိန်ထိ သောင်သွပ်စံပြကျေးရွာမှာ‌ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ 

သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် မြန်မာနိုင်ငံမှာ ဖလောရင့်နိုက်တက်ဂေးဆုကို ရရှိသည့် ၃ ဦးထဲက တစ်ဦး ဖြစ်သည်။ 

ဒေါ်သိန်းရည်သည် မီးလောင်နေသည့် နေအိမ်တစ်အိမ်အတွင်းက အသက် ၈ နှစ်အရွယ် ကလေးငယ်ကို အသက် စွန့်၍ ကြိုးပမ်းကယ်ထုတ်ခဲ့ခြင်းကြောင့် ၂၀၀၁ ခုနှစ်တွင် ဖလောရင့်နိုက်တင်ဂေးဆုကို ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s
ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီ ဆေးရုံကနေဆင်းပြီလို့ ရီးရယ်လ်အသင်း ထုတ်ပြန် 

By CNI
CNI
Category: အားကစား
Hits: 766

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀

ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းနေတဲ့အတွက် ကုသမှု ခံယူပြီးနောက် ဆေးရုံကနေဆင်းပြီလို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ 

ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီဟာ အဖျားရောဂါ ခံစားခဲ့ရတာကြောင့် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ရီးရယ်လ် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပြီး အယ်လ်ဟီလယ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ရီးရယ်လ်အသင်းက ဘတ်ပီဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းနေတဲ့အတွက် ဆေးရုံတက် ကုသမှု ခံယူခဲ့ရတယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာ သူဟာ ဆေးရုံကနေ ဆင်းခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းရဲ့ အုပ်စုဒုတိယမြောက် ပွဲစဉ်ဖြစ်တဲ့ ပါချူကာအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာ သေးပေမယ့် ဆဲလ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ ပါဝင်နိုင်ဖို့ရှိနေတာပါ။ 

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ ရီးရယ်လ်အသင်း ကစားသမားဘဝ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားထားပြီး ၄၃ ဂိုးသွင်းယူ ကာ လာလီဂါရဲ့ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတွေကို ရယူနိုင်ခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ၂၀၂၄-၂၅ ရာသီမှာ ဥရောပစူပါဖလားနဲ့ ဖီဖာတိုက်ကြီးများ ဖလားတွေမှာသာ ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ပြည်တွင်းပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာခဲ့တာပါ။ 

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ ရာသီကုန်ချိန်မှာ ထွက်ခွာခဲ့တဲ့ နည်းပြအန်ဆယ်လော့တီရဲ့ နေရာမှာ ကစားသမားဟောင်း ဇာဘီအလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

Source: BBC

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘင်္ဂလားဒေ့ရှ်က ဆေးရုံတစ်ခုကို တွေ့ရစဉ်

တရုတ်က ဘင်္ဂလားဒေ့ရှ်၏ ကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 942

CNI International News

ဘေဂျင်း၊ မေလ ၆

တရုတ်သည် ဘင်္ဂလားဒေ့ရှ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သိသိသာသာ တိုးမြှင့်နေပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေးမြင့်တက်မှုကို ထင်ဟပ်စေခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့ သည်။

ဘင်္ဂလားဒေ့ရှ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် တရုတ်၏ ပါဝင်ပတ်သက်မှုအနက် သိသာသည့် စီမံကိန်း တစ်ခုမှာ ဘင်္ဂလားဒေ့ရှ်-တရုတ် ချစ်ကြည်ရေးဆေးရုံ (Bangladesh-China Friendship Hospital) တည်ဆောက် ရေးဖြစ်သည်။

ဒါကာမြို့တော်တွင် ထူထောင်မည့် ခုတင် ၁၀၀၀ ဆန့်သည့် ထိုဆေးရုံ တည်ဆောက်ရေး အစီအစဉ်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘင်္ဂလားဒေ့ရှ်၏ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအား တိုးတက်စေရန် ဖြစ်သည်။

ထို့ပြင် တရုတ်သည် ဘင်္ဂလားဒေ့ရှ်တွင် အကျိုးတူးပူးပေါင်းသည့် လုပ်ငန်းစုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ဆေးရုံပေါင်း ၆၄ ရုံ တည်ဆောက်ရန် စီစဉ်ထားသည်။

တရုတ်နဲ့ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေးကို ပြထားစဉ်

ဘင်္ဂလားဒေ့ရှ်၏ မြို့များနှင့် မြို့နယ်များတွင် ထိုဆေးရုံများ တည်ဆောက်ပြီးစီးမည်ဆိုပါက လူနာ ခုတင်ပေါင်း ၅၀,၀၀၀ ခန့် ပိုမိုများပြား လာမည်ဖြစ်ပြီး ခေတ်သစ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်ထားသည်။

ထို့ပြင် တရုတ်သည် သွေးလွန်တုပ်ကွေး တိုက်ဖျက်သည့် ဆေးဘက်ဆိုင်ရာ အကူအညီများနှင့် အရေးပေါ် အကူအညီများကိုလည်း ဘင်္ဂလားဒေ့ရှ်အား ထောက်ပံ့ပေးနေသည်။

ထိုအကူအညီများထဲတွင် သွေးအစိတ်အပိုင်းများကို ခွဲခြားလေ့လာသည့် စက်များ၊ သွေးလွန်တုပ်ကွေး စစ်ဆေး သည့် ကိရိယာများ ပါဝင်သည်။

ထို့ပြင် တရုတ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆေးဝါးအကူအညီနှင့် ဒဏ်ရာများ ကုသရာတွင် အကူအညီပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်သို့ အမျိုးသားအရေးပေါ် ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။

စစ်တကောင်း ဆေးကောလိပ် ဆေးရုံ (Chittagong Medical College Hospital) တွင်လည်း တရုတ်သည် မီးလောင်ကျွမ်းမှုကြောင့် ရရှိသည့် ဒဏ်ရာများကို ကုသရန် Burn Unit အမည်ရှိ ကုသဆောင်တစ်ခု ထူထောင် ကာ ဆေးဝါးကုသမှုများကို ထောက်ပံ့ပေးလျက်ရှိသည်။

Source: Nikkei Asia

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
နျူကလီးယားပေါက်ကွဲမှုကို ပြသထားစဉ်

နျူကလီးယားသင့်လျှင် အသက်ရှင်နိုင်မည့် ကုထုံး တရုတ်တီထွင် 

By CNI
CNI
Category: နိုင်ငံရေး
Hits: 1257

CNI International News

ဘေကျင်း၊ ဖေဖော်ဝါရီ ၂၁

နျူကလီးယားစစ်ပွဲဖြစ်ပွားပါက အသက်ရှင်သန်နိုင်စွမ်းကို မြင့်တက်စေရန် မျှော်လင့်ချက်ဖြစ်စေသော ကုထုံး တစ်ခုကို တရုတ်သိပ္ပံပညာရှင်များက တီထွင်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်သိပ္ပံပညာရှင်များက ဆိုးရွားသည့် ရေဒီယိုဓာတ်သတ္တိကြွမှုနှင့် ထိတွေ့ထားသော ကြွက်များ၏ အသက် ရှင်သန်နိုင်စွမ်းကို မြင့်တက်စေနိုင်သည့် ကုထုံးတစ်ခုကို တီထွင်ခဲ့သည်။

ထိုကုထုံးသည် ကင်ဆာရောဂါကို ဘေးကင်းစွာ ကုသနိုင်ရန် သို့မဟုတ် နျူကလီးယားစစ်ပွဲ ဖြစ်ပွားပါက အသက် ရှင်သန်နိုင်စွမ်းကို မြင့်တက်စေရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။

လေ့လာချက်အရ ကင်ဆာဆဲများ သို့မဟုတ် ဗိုင်းရပ်စ်များကို ခံနိုင်ရည်ရှိသည့် ကိုယ်ခံအား စနစ်အတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသည့် ပရိုတိန်းများသည် ရေဒီယိုသတ္တိကြွမှုကြောင့် ဖြစ်ပွားသော ထိခိုက်မှုကို ကာကွယ်နိုင်သည်။

တရုတ် ကျန်းမာရေးပညာရှင်များကို တွေ့ရစဉ်

အလားတူ ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှုနှင့် လိုက်လျောညီထွေရှိစေရန် အထောက်အကူပြုကြောင်းလည်း လေ့လာတွေ့ရှိရသည်။

နျူကလီးယား ပေါက်ကွဲမှုများ သို့မဟုတ် နျူကလီးယား မတော်တဆဖြစ်မှုများကြောင့် ထွက်ပေါ်လာသည့် ရေဒီယိုဓာတ်သတ္တိကြွရောင်ခြည်များနှင့် ကင်ဆာရောဂါကို ကုသရန် ဓာတ်ရောင်ခြည် ကုထုံးများသည် လူ့ခန္ဓာကိုယ်၏ DNA ကို ပျက်စီးစေပြီး ဆဲလ်အများအပြားကို သေဆုံးစေနိုင်သည်။

နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွ ရောင်ခြည်သည် မျိုးဗီဇကို ထိခိုက်စေပြီး ကင်ဆာရောဂါသည်များ သည်လည်း ဓာတ်ရောင်ခြည် ကုထုံးကြောင့် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါများဖြင့် သေဆုံးလေ့ရှိသည်။

ဒုတိယကမ္ဘာစစ်က ဟီရိုရှီးမား (Hiroshima) နှင့် နာဂါဆာကီ (Nagasaki) မြို့များတွင် ကြဲချခံရသည့် နျူကလီးယားဗုံးများ ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း (Chernobyl) နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုကြောင့် လူပေါင်း ၄၀၀၀ ခန့် သေဆုံးခဲ့ကြောင်း နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ထုတ်ပြန်ခဲ့သည်။

ထိုနျူကလီးယား ဖြစ်စဉ်များတွင် သေဆုံးသူ အများစုသည် ရေဒီယို ဓာတ်သတ္တိကြွသည့် ရောင်ခြည်များ သင့်မှု ကြောင့် ကင်ဆာရောဂါများဖြင့် နှစ်အနည်းငယ်အကြာတွင် သေဆုံးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကို ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများ မရှိသေးပေ။

တရုတ်ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ်

သို့သော် ကွမ်ကျိုး ဇီဝဆေးပညာနှင့် ကျန်းမာရေး အင်စတီကျု (Guangzhou Institutes of Biomedicine and Health) မှ တွဲဖက်သုတေသီ ဆွန်းယိရွန် (Sun Yirong) ဦးဆောင်သည့် သုတေသီအဖွဲ့သည် ကိုယ်တွင်းသို့ ရောဂါ ဗိုင်းရပ်ပိုးများ ဝင်ရောက်မှုကို ဟန့်တားကာကွယ်သည့် သွေးဖြူဥကဲ့သို့သော ခန္ဓာတွင်း ဆဲလ်အချို့က ထုတ်လုပ် ပေးသော ဒြပ်တစ်မျိုးကို လှုံ့ဆော်ပေးသည့် Sting ဟု လူသိများသည့် ပရိုတိန်းကို ကြွက်များတွင်ထည့်၍ စမ်းသပ်ကြည့်ခဲ့ကြသည်။

အဆိုပါ စမ်းသပ်မှုတွင် ထိုကြွက်များသည် ရေဒီယို ဓာတ်ရောင်ခြည် သင့်ခံရချိန်၌ အသက်ရှင်သန်နိုင်စွမ်းသည် ၁၁ ရာခိုင်နှုန်းမှ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ရေဒီယို ဓာတ်ရောင်ခြည် သင့်ခံရသည့် သာမန်ကြွက်များမှာမူ Sting ပရိုတိန်းရှိသည့် ကြွက်များနှင့်နှိုင်းယှဉ်ပါက ဝမ်းဗိုက်ဒဏ်ရာများ ပိုမိုဆိုးရွား ပြင်းထန်စွာ ခံရသည်ကို လေ့လာတွေ့ရှိခဲ့သည်။

ထို့ကြောင့် Sting ပရိုတိန်းကို တွေ့ရှိမှုသည် အနာဂတ်တွင် ကင်ဆာရောဂါကို ကုသမှု၊ ရေဒီယို ဓာတ်ရောင်ခြည် သင့်မှုတို့ကို ကုသမှုများအတွက် အထောက်အကူ ဖြစ်လာနိုင်သည်ဟု ဆွန်းက ပြောကြားခဲ့သည်။

Source: South China Morning Post

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရန်ကုန်မြို့ပြမြင်ကွင်း

ငွေပြန်ဖော်ရမလွယ်၍ ရန်ကုန် အိမ်ခြံမြေဈေးကွက် အေးနေ

By CNI
CNI
Category: စီးပွားရေး
Hits: 3060

CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇

ယခင်က ကျပ်ငွေတန်ဖိုးကျဆင်းသည့်အခါတွင် ရန်ကုန်ရှိ အိမ်ခြံမြေလုပ်ငန်းများမှာ အရောင်းအဝယ် အများ အပြား ဖြစ်ခဲ့သော်လည်း လက်ရှိကာလတွင် ငွေပြန်ဖော်ရမလွယ်ကူသဖြင့် အရောင်းအဝယ် အေးနေကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြောသည်။

ပုံမှန်အားဖြင့် မြေကွက်တစ်ကွက်၊ နှစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်နေတာမျိုးတွေ့ရပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဆိုင်ခန်း အများအပြားဖွင့်လာသည်ကို ထူးခြားစွာတွေ့ရကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူ ကိုမင်းမင်းက CNI သတင်းဌာနသို့ ပြောသည်။

“အခုက အဲဒီလိုမျိုး အိမ်ခြံမြေဘက်ကို အရမ်းကြီး သွားနေတာမျိုး ပြိုဆင်းလာတာမျိုးတော့ အရမ်းမများနေဘူး။ အိမ်ခြံမြေကတော့ ကျနော်တို့ ငွေပြန်ဖော်ရတာများတဲ့ဘက်တွေ လွယ်တဲ့ဘက်တွေ သူတို့ သွားနေကြတာမျိုး တွေ့ရတယ်။ လောဆယ်တော့ ‌ရောင်းချင်တဲ့သူတွေရှိတာတောင် ဝယ်လက် အဝယ်အားနည်းနေတော့ သူတို့ အချင်းချင်း ငွေဖော်ဖို့မလွယ်တော့ invest က အထူးသဖြင့် ရတဲ့ ရွှေဝယ်တယ်၊ ဒေါ်လာဝယ်တယ် ဒီလိုပုံစံမျိုးမှာ ရှိနေတာပဲတွေ့ရတယ်။ အိမ်ခြံမြေကတော့ အခု အရမ်းကြီးတော့ သိပ်မထူးခြားလှပါဘူး။ ပြီးခဲ့တဲ့ လတွေအတိုင်း ပါပဲ အရောင်းအဝယ်က အေးနေတာပဲရှိပါတယ်။ အဝယ်က အရမ်းကြီးများနေတဲ့ ပုံစံမျိုးမရှိဘူး။ ပေါက်ဈေးထက် အများကြီးလျှော့ရောင်းနေတာမျိုးမရှိဘူး။ အရောင်းသမားကလည်း ကြိုက်ဈေးရမှရောင်းမယ်  အဝယ်သမားက လည်း ချိန်ကြည့်နေတဲ့ ပုံစံမျိုးပဲရှိတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-ပဲခူးလမ်းနှင့်မြို့ပတ်လမ်းထောင့်ရှိ တြိဂံပုံကျွန်းနေရာတွင် တည်ဆောက်ထားသည့် ရန်ကုန်မြို့အဝင်ဆိုင်းဘုတ်

လက်ရှိတွင် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ထက် အငှားဈေးကွက်မှာ ပိုမိုအလုပ်ဖြစ်နေပြီး တာမွေ၊ ကျောက်မြောင်း၊ သာကေတ၊ မင်္ဂလာတောင်ညွန့်ဘက်များတွင် အိမ်ခန်း၊ တိုက်ခန်း အငှားများ ပိုမို အလုပ်ဖြစ်နေ ကြောင်းလည်း သိရသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းသည့်အခါတိုင်း အိမ်ခြံမြေများကို အဝယ်လိုက်လာကြသလို မည်သည့်ကာလတွင် အဆိုပါ အနေအထားအတိုင်း အရောင်းအဝယ် ပြန်ဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်းလည်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ များက သုံးသပ်သည်။

ဒလတွင် အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “ဒလကတော့ အခြေအနေ ၂ မျိုးရှိတာပေါ့။ ပထမတစ်မျိုး ကတော့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ အကြောင်းပေါ့။ အဓိက ငွေဈေးတည်ငြိမ်လာမယ်။ ငွေဈေးတည်ငြိမ်ပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေက အိမ်ခြံမြေဘက်ကို ပြန်ရောက်လာမယ်။ ဒါကတစ်ပိုင်းပေါ့။ နောက် ဒလတံတားရဲ့ အရင် ထက်ပိုပြီးတော့ မြန်မြန်လေးလုပ်နေတယ်။ နောက်ပြီး မြို့ထဲ development infrastructure လမ်းတွေ လမ်းတွေပေ့ါလေ သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်ဆန်ဆန် လုပ်နေတာမျိုးတွေ့တော့ တံတားရဲ့ တိုးတက်မှုရာခိုင်နှုန်း ကောင်းလာလေလေ ဒလမှာ အိမ်ခြံမြေ ဈေးကွက် စိတ်ဝင်စားမှု ပြန်မြင့်လာလိမ့်မယ်လို့ သုံးသပ်မိတယ်” ဟု ၎င်းက ပြောသည်။

အချို့ငွေလိုအပ်သူများအနေဖြင့် အိမ်ခြံမြေများအား ကာလပေါက်ဈေးထက် သိန်းရာချီ လျှော့ပေါ့၍ ထုတ်ရောင်း ကြသော်လည်း ဝယ်ယူမည့်သူမှာ မရှိသလောက်နည်းပါးနေကြောင်း၊ နေရာကောင်း ရပ်ကွက်ကောင်းဖြစ်ပါက ဝယ်ယူမှုများရှိသော်လည်း ယခင်ထက် ပိုမို နည်းပါးကြောင်း သိရသည်။

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
သက်ဆင်ကို တွေ့ရစဉ်

ထိုင်းတရားရုံးက သက်ဆင်ကို ဒူဘိုင်းသို့ သွားခွင့်ပိတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2345

CNI International News

ဘန်ကောက်၊ သြဂုတ် ၂

ထိုင်းပြစ်မှုဆိုင်ရာတရားရုံးက ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများ ရယူရန်အတွက် လာမည့်သီတင်းပတ် တွင် ဒူဘိုင်းသို့ သွားရောက်လိုသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ၏ ခရီးသွားခွင့် တောင်းဆိုချက်ကို ငြင်းဆိုခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် ဒူဘိုင်းသို့ သွားရန် ဇူလိုင် ၂၇ ရက်က တရားရုံးတွင် ခွင့်ပြုချက်တောင်းခံခဲ့သည်။

သူ(သက်ဆင်)သည် ဒူဘိုင်းတွင် သြဂုတ် ၁ ရက်မှ ၁၆ ရက်အထိ နေထိုင်မည်ဖြစ်ကာ အရေးကြီးပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

သက်ဆင်က သူသည် ဒူဘိုင်း၌ ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ချိန်က သူ့ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ နှလုံသွေးကြောရောဂါ၊ ပုခုံးအရွတ်စုတ်ပြဲမှုရောဂါ၊ နာတာရှည် အဆုတ်ရောင်ရောဂါများကို  ဒူဘိုင်းရှိ ဆရာဝန်များထံမှ ဆေးဝါးကုသမှု ခံယူခဲ့သည်ဟု ပြောသည်။

တရားရုံးအနေဖြင့် ခရီးသွားခွင့်ပြုမည်ဆိုပါက သြဂုတ် ၂ ရက်မှ ၈ ရက်အတွင်း ထိုဆရာဝန်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သက်ဆင်က ပြောကြားခဲ့သော်လည်း တရားရုံးကမူ ထိုင်းဆရာဝန်များသည်လည်း သက်ဆင် ကို ဆေးဝါးကုသပေးရန် အရည်အချင်းပြည့်မီကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သက်ဆင်က ဒူဘိုင်းတွင် ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် အရေးကြီး ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု တောင်းဆိုချက်မှာ ထည့်သွင်းဖော်ပြခဲ့သည်။

ထိုင်းတရားရုံးကို တွေ့ရစဉ်

ထို့နောက် သြဂုတ် ၁၉ ရက်တွင် စစ်ဆေးကြားနာမည့် အမှုအခင်းအတွက် သက်သေများကို ပြန်လည်စိစစ်မှုဖို့ တရားရုံး၏ ရုံးချိန်းကို တက်ရောက်ရန် ထိုင်းသို့ အချိန်မီပြန်လာမည်ဟု သက်ဆင်က ပြောကြားခဲ့သည်။

ထိုင်းဘုရင်ကို ဝေဖန်မှု၊ ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေကို ချိုးဖောက်မှုတို့ဖြင့် အမှုရင်ဆိုင်ရမည့် သက်ဆင်က ဒူဘိုင်းသို့ သွားရောက်ခွင့်ပြုရန် တောင်းဆိုချက်နှင့်အတူ ၎င်း၏ ဆေးဘက်ဆိုင်ရာ အချက်အလက်များကိုလည်း တင်သွင်းခဲ့သည်။

သို့သော် သက်ဆင်၏ ကျန်းမာရေးအခြေအနေသည် သာမန်ဖျားနာခြင်းသာဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး ထိုဖျားနာ မှုကို ထိုင်းနိုင်ငံအတွင်းရှိ ဆရာဝန်များက ကုသနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သက်ဆင် ထိုင်းသို့ ပြန်လာမည့်ရက်သည် အမှုကို ကြားနာစစ်ဆေးမည့်ရက်စွဲနှင့် အလွန်နီးကပ်နေသဖြင့် ဒူဘိုင်းသို့ သွားရောက်ခွင့်ကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးက ပြောကြားခဲ့သည်။

Source: Thai PBS World

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တောင်သူများကို တွေ့ရစဉ်

ပြည်ပထွက်ခွာမှုများကြောင့် လယ်လုပ်သားရှားပါးမှု ယခင်ထက် ပိုကြုံတွေ့လာ

By CNI
CNI
Category: စီးပွားရေး
Hits: 2612

CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁

မြန်မာနိုင်ငံတွင် ပြည်ပထွက်ခွာသူဦးရေ ပိုမိုများပြားလာနေသဖြင့် လယ်ယာလုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှု ဒဏ်ကို ပိုမိုကြုံတွေ့ ခံစားလာနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများက CNI သတင်းဌာနသို့ ပြော သည်။

လယ်ယာလုပ်ငန်းခွင်များ၌ လုပ်သားရှားပါးမှုသည် ယခင်ကတည်းက တွေ့ကြုံနေရခြင်း ဖြစ်သော်လည်း ယခု အခါတွင် ပိုမိုများပြားလာခြင်းဖြစ်ကြောင်း၊ လူငယ်လူရွယ်များ အနေဖြင့်လည်း လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်း ထက် ပြည်ပထွက် အလုပ်လုပ်ကာ ဝင်ငွေ အများအပြား ရှာချင်လာကြခြင်းဖြစ်ကြောင်း တောင်သူ ဦးအောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုပိုပြီးတော့ ရှားလာတဲ့ သဘောပါ။ လုပ်သားရှားပါးမှု အဲဒီစိန်ခေါ်မှုကတော့ ရင်ဆိုင်နေရတယ်။ တကယ့်ကို ကျနော်တို့ ငယ်ငယ်တုန်းကလို လယ်ယာ လုပ်ငန်း လုပ်တဲ့သူတွေက လူလတ်ပိုင်းတွေ၊ လူငယ်ပိုင်း တွေ၊ လုပ်နိုင် ကိုင်နိုင်တဲ့ အရွယ်ကောင်းတွေ လုပ်ကြတာ။ အခုကျနော်တို့ ကွင်းတစ်ခုလုံးကို ပတ်ကြည့်လိုက် တော့ တောင်သူဆိုလို့ ကျနော်တို့လို အသက် ၆၀၊ ၆၀ ကျော် ပုဂ္ဂိုလ်တွေပဲ ရှိတယ်။ အသက်ကြီးတွေပဲ ကွင်းထဲ ရောက်နေတယ်။ ပြည်ပထွက်တဲ့ အများဆုံးကတော့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့အခါမှာ လုပ်ရင်း လုပ်ရင်းနဲ့ စားရေး သောက်ရေး အဆင်မပြေ၊ တချို့တွေဆို ဆင်းရဲမွဲတေလာတာ။ အဲဒီလို အခြေအနေမျိုးမှာ တကယ့်ကို လယ်ပိုင်ယာပိုင် သားသမီးတွေကအစ ဒီထဲမှာ စိတ်ဝင်စားမှု မရှိတော့ဘဲ ပြည်ပကို အလုပ်အကိုင် ရှာဖွေပြီးတော့ လုပ်ကိုင်တဲ့ အဲဒီလူတချို့ရဲ့ အဆင်ပြေမှုတွေကို အားကျပြီးတော့ ထွက်သွားတာဖြစ်တယ်။ အဲဒီလိုထွက်သွားတိုင်း အဆင်ပြေတဲ့သူလည်း ပြေတယ်၊ မပြေတဲ့သူလည်း မပြေဘူး” ဟု ပြောသည်။

ကောက်စိုက်နေကြစဉ်

စပါးရိတ်သိမ်းသည့် အခါတွင် စက်သုံးဆီဈေး ကြီးမြင့်မှုများကြောင့် လုပ်သားအသုံးပြု၍ ရိတ်သိမ်းရန် လုပ်ဆောင် ရာ၌ လုပ်သားရှားပါးမှု ပြဿနာကြောင့် စပါးအလေအလွင့် ဖြစ်သွားခဲ့ရခြင်းများရှိကြောင်း ၎င်းက ပြောသည်။

လယ်ယာလုပ်ငန်းသည် ယခင်ကတည်းက လုပ်ခလစာ နည်းပါးခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် လူငယ်လူရွယ်များ၏ စိတ်ပါဝင်စားမှု နည်းပါးနေကြသည့်အတွက် လုပ်သားရှားပါးမှုအား ကြုံတွေ့နေရခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိတွင် ပြည်ပထွက်ခွာမှုများကြောင့် အဓိက လုပ်သားရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေရသည့် လုပ်ငန်းများထဲ၌ စိုက်ပျိုးရေးလုပ်ငန်းမှာ အဆိုးဆုံးဖြစ်ကြောင်း၊ လုပ်သားရှားပါးမှု၏ နောက်ဆက်တွဲ အကျိုး ဆက်မှာ ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

တောင်သူများကို တွေ့ရစဉ်

၎င်းက “အဲဒီမှာ white collar နဲ့ blue collar ခွဲပြီး ပြောလို့ရသေးတယ်။ white collar ကတော့ ပညာတတ် အုပ်စုပေါ့။ blue collar ကတော့ အောက်ခြေအဆင့်ပေါ့။ အဲဒီမှာ ၂ မျိုးလုံးက တော်တော်လေးကို ရှားပါးတဲ့ ပြဿနာ ဖြစ်လာပြီ။ စိုက်ပျိုးရေးကဏ္ဍက နဂိုကတည်းကကို အားနည်းတယ်။ အလုပ်သမား ရှားပါးမှုပြဿနာ ပိုပြီး ရင်ဆိုင်ရတာ အခုအချိန်မှာ လုံးဝကို အဆိုးရွားဆုံး အနေထားတစ်ခုထိတောင် ‌ရောက်နေတယ်လို့ ပြောလို့ ရတာပေါ့။ အဓိကကတော့ လုပ်သားရှားပါးတဲ့ ပြဿနာတွေက ဘာကြောင့် ဖြစ်တာလဲဆိုတာကို အဖြေရှာဖို့ လိုတာပေါ့။ လုပ်သားတွေ ဘာကြောင့် ရှားပါးလာတာလဲ။ ဘာကြောင့် နိုင်ငံခြားကို သွားကြတာလဲ။ အဲဒီဟာတွေ က ဘာကြောင့် ဖြစ်နေတာလဲဆိုတာ ဖော်ထုတ်ပြီးတော့မှ အဲဒီဟာတွေကို ဖြေရှင်းဖို့လိုတာပေါ့။ မူဝါဒပိုင်းဆိုင်ရာ တချို့မှာ တင်းကြပ်လိုက်တာကြောင့် ဒီလိုတွေ ဖြစ်တာလား။ ဒါဆိုရင် မူဝါဒကို ပြန်လျှော့ပေါ့မလားဆိုတာ policy maker တွေကပဲ အဓိက ဆုံးဖြတ်ရမှာပေါ့။ အဓိကကတော့ ကိုင်တွယ်ဖြေရှင်းဖို့ပဲ လိုအပ်နေတာပါ” ဟု ပြော သည်။

လုပ်သားရှားပါးနေသည့်ကြားမှ စိုက်ပျိုးရေး လုပ်ကိုင်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် တိုက်ပွဲ များ ဖြစ်ပွားနေသည့်အတွက် လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တို့တွင်သာ လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်ဖြစ်နေကြကြောင်း သိရသည်။

ထို့အပြင် လက်ရှိတွင် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှု၊ သွင်းအားစုစရိတ် ကြီးမြင့်မှုများမှာလည်း ယခင်ကထက် ပိုများပြားလာပြီး နယ်မြေဒေသအပေါ် မူတည်ကာ လမ်းပန်းဆက်သွယ်ရေးများကြောင့် နှုန်းထား ပို၍ကြီးမြင့်နေ ကြောင်းလည်း သိရသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရီးရယ်လ် ဂိုးသမား လူနင်ကိုတွေ့ရစဉ်

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်နိုင်ဖွယ် မရှိဘူးလို့ လူနင်ပြော 

By CNI
CNI
Category: အားကစား
Hits: 3157

CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၁

ရီးရယ်လ်အသင်း ဂိုးသမား လူနင်ဟာ ဖျားနာနေတာကြောင့် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိတဲ့အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောလိုက်ပါတယ်။

လူနင်က “ရာသီရဲ့ အရေးကြီးဆုံးပွဲနဲ့ ကျနော့်ဘဝရဲ့ အရေးကြီးဆုံးပွဲအတွက် အသင်းနဲ့အတူ ပြင်ဆင်မှု ပြုလုပ်နိုင် ခဲ့ခြင်းမရှိလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ခင်ဗျားတို့ရဲ့ မက်ဆေ့ချ်တွေ၊ ပံ့ပိုးမှုတွေ၊ အားပေးမှုတွေအတွက် ကျေးဇူး တင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားတာပါ။

ဒီရာသီ ရီးရယ်လ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် လက်စွမ်းပြသနေတဲ့ လူနင်ဟာ ဒီရက်သတ္တပတ်ထဲမှာ တုပ်ကွေးရောဂါ ခံစားခဲ့ရတာကြောင့် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဒါအပြင် လူနင်ဟာ ရီးရယ်လ်အသင်း ဖော်တွေနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားမယ့် လန်ဒန်ကို လိုက်ပါ လာခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ လူနင်ဟာ ဗိုလ်လုပွဲ မစတင်ခင် ဒါမှမဟုတ် ဒီထက်စောပြီး သူတစ်ဦးတည်း လန်ဒန်ကို လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အဲဒါကြောင့် လူနင်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပါဝင်ကစားနိုင်ဖို့ အခွင့်အရေး နည်းလာခဲ့တာ ဖြစ်ပါတယ်။ 

ရီးရယ်လ် ဂိုးသမားကို တွေ့ရစဉ်

အခုအချိန်မှာတော့ လူနင် ကိုယ်တိုင်က ဒီပွဲမှာ သူပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောလာခဲ့တာပါ။

လူနင်ဟာ အဓိကဂိုးသမား ကော့တွိုက်စ် ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဒီရာသီ ရီးရယ်လ်အသင်းရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပြီး လာလီဂါ ဆုဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါအပြင် လူနင်ဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ ၂ လုံး ကာကွယ်ပေးခဲ့ပြီး အသင်းကို ဆီမီးဖိုင်နယ်တက်စေခဲ့တာပါ။

လက်ရှိအချိန်မှာ ကော့တွိုက်စ်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီဖြစ်ပေမယ့် အားလုံးက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လူနင်ကို ဆက်ပြီး အသုံးပြုစေချင်နေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် လူနင်ကိုယ်တိုင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်နိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့တာကြောင့် နည်းပြ အန်ဆယ်လော့တီဟာ ကော့တွိုက်စ်ကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုတော့မှာပါ။

ကော့တွိုက်စ်ဟာ လီဗာပူးလ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရယ်လ် အသင်းကို ချန်ပီယံဆုရရှိအောင် လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယရဲ့ ဆေးဝါးတင်ပို့ကိုတွေ့ရစဉ်

အိန္ဒိယက ဆေးဝါးလုပ်ငန်းကို ဒေါ်လာ ၁၃၀ ဘီလျံအထိ ရောက်ရန်မျှော်လင့်

By CNI
CNI
Category: စီးပွားရေး
Hits: 2983

CNI International News

နယူးဒေလီ၊ မေလ ၂၅

အိန္ဒိယဆေးဝါးလုပ်ငန်းကဏ္ဍသည် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၃၀ ဘီလျံ တန်ဖိုးအထိ ရှိလာစေရန် မျှော်မှန်း ထားသည်ဟု အိန္ဒိယဆေးဝါးလုပ်ငန်း၏ အကြီးအကဲတစ်ဦးက CPHI & PMEC India ကုန်စည်ပြပွဲ၌ ပြောကြားခဲ့ ကြောင်း wionews မှ ဖော်ပြခဲ့သည်။

“အိန္ဒိယဆေးဝါးလုပ်ငန်းကဏ္ဍဟာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်မှာ ရှိနေပါ တယ်။ နှစ်အလိုက် ပို့ကုန်ကဏ္ဍဟာ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တစ်လထဲမှာပဲ ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ကျယ်ပြန့်လာတဲ့ စျေးကွက် အခွင့်အလမ်းတွေ၊ အမေရိကန်ရဲ့ ဝယ်လိုအား မြင့်တက်မှုတွေ၊ အမေရိကန်နဲ့ ဥရောပမှာ ဆေးဝါးပြတ်လပ်မှုတွေကြောင့် အဲဒီလို မြင့်တက်လာခဲ့တာပါ”ဟု အိန္ဒိယဆေးဝါး ပို့ကုန်မြှင့်တင်ရေးကောင်စီ (Pharmexcil) ၏ ဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာ ဗီရာမာနီ အက်စ်ဗွီ (Veeramani S.V.) က ပြောကြားခဲ့သည်။

ဓနသဟာယအဖွဲ့ဝင်နိုင်ငံများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် အိန္ဒိယ၏ ဆေးဝါးတင်ပို့မှုကဏ္ဍသည် တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိန္ဒိယရဲ့ ဆေးဝါးထုတ်လုပ်မှုကို တွေ့ရစဉ်

“ပြည်တွင်းစျေးကွက်ဟာ အထင်ကြီးလောက်စရာကောင်းအောင် တိုးတက်ခဲ့ပြီး ဒီအရှိန်အဟုန်နဲ့အတူ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာဆိုရင် ဒေါ်လာ ၁၃၀ အထိ ရှိလာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်”ဟု ဗီရာမာနီက ပြောသည်။

အိန္ဒိယဆေးဝါး ထုတ်လုပ်သူများအဖွဲ့ (OPPI) ၏ ညွှန်ကြားရေးမှူးချုပ် အန်နီ မာတိုင် (Anil Matai) ကလည်း ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယ၏ ဆေးဝါးလုပ်ငန်း အခင်းအကျင်းသည် တိုးတက်ပြောင်းလဲလာမည်ဖြစ်၍ မိမိတို့၏ ဆေးဝါးကဏ္ဍကို အမြော်အမြင်ရှိရှိဖြင့် ၂၀၄၇ ခုနှစ်အထိ မျှော်မှန်းချက်များထားရှိရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မျှော်မှန်းထားတဲ့ ဒေါ်လာ ၁၃၀ ဘီလျံထက် ကျော်လွန်ပြီး ဆေးဝါးဌာန (DOP) ဟာ ဒေါ်လာ ၂၀၀ ဘီလျံအထိ ရရှိဖို့ ရည်မှန်းထားပါတယ်။ ဆေးဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့၊ လူနာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ ဆန်းသစ်တီထွင်မှု တွေကို သိရှိနားလည်ပြီး ကပ်ရောဂါကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေနဲ့အတူ ရည်မှန်းချက်ကို အကောင်အထည် ဖော်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆေးဝါးလုပ်ငန်းကဏ္ဍ၏ အလားအလာနှင့် စပ်လျဉ်းပြီး မိမိတို့သည် ၁၃ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းခန့် တိုးတက်မှု ကို တည်ငြိမ်စွာ ထိန်းသိမ်းပြီး ခိုင်မာသည့် မူဝါဒများဖြင့် ဆက်လက် လုပ်ဆောင်ရမည်ဟုလည်း မာတိုင်က ပြော ကြားခဲ့သည်။

အိန္ဒိယရဲ့ ဆေးဝါးကို တွေ့ရစဉ်

အိန္ဒိယသည် အဓိက ဆေးဝါးတင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်သို့ အိန္ဒိယနိုင်ငံလုပ် ဆေးဝါးများကို တင်ပို့ရောင်းချခဲ့သည်။

အိန္ဒိယသည် အာဖရိက၏ ဆေးဝါးလိုအပ်မှု၏ ၅၀ ရာခိုင်နှုန်း၊ အအမေရိကန်၏ ဆေးဝါးဝယ်လိုအား၏ ၄၀ ရာခိုင်နှုန်းနှင့် ဗြိတိန်၏ ဆေးဝါးဝယ်လိုအား၏၂၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးထားသည်။

ထို့ပြင် အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးများ ဝယ်လိုအား၏ ၆၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေပြီး ဆုံဆို့နာကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေးနှင့် ငှက်ဖျားကာကွယ်ဆေးများကို အဓိက တင်ပို့ရောင်းချပေးနေ ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဓိက ကာကွယ်ဆေး စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် အိန္ဒိယမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများဖြစ်သည်။

Source: winnows

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အဂွေရိုကို တွေ့ရစဉ်

အင်ဒီပန်ဒီယန်တီနဲ့ လေ့ကျင့်မယ့် သတင်းတွေကို အဂွေရိုငြင်း

By CNI
CNI
Category: အားကစား
Hits: 1946

CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

မန်စီးတီးနဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း အဂွေရိုဟာ အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တီ အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းခဲ့ပါတယ်။

အဂွေရိုက “ဒါတွေက အလိမ်အညာတွေပါ။ ကျနော် အင်ဒီပန်ဒီယန်တီအသင်းနဲ့ လေ့ကျင့်မှာ မဟုတ်ပါဘူး။ နှလုံး အထူးကုဆရာကြီးက ကျနော် နေကောင်းနေပြီလို့ ပြောခဲ့သလို ကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပထမတန်းအဆင့်ရှိတဲ့ အသင်းတွေမှာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ဖို့ အတွက်ဆိုရင် စမ်းသပ်မှုတွေ အများကြီးလုပ်ရဦးမှာပါ”လို့ ပြောခဲ့တာပါ။

အာဂျင်တီးနား ကစားသမားဟောင်းဟာ ဘာစီလိုနာအသင်းမှာ ကစားချိန် နှလုံးရောဂါ ခံစားခဲ့ရတာကြောင့် အသက် ၃၃ နှစ်အရွယ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် အဂွေရိုဟာ အင်ဒီပန်ဒီယန်တီအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာ ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ အသလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

အဂွေရိုဟာ မကြာသေးခင်က သူ့ရဲ့ Twitch မှာ အင်ဒီပန်ဒီယန်တီ အသင်းနည်းပြ ကားလို့စ်တီဗက်ဇ်က သူ့ကို ခေါ်ခဲ့ရင် သူ့ရဲ့နှလုံး အထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ရမယ်လို့ ပြောခဲ့ပါတယ်။

 အဂွေရိုကို တွေ့ရစဉ်

အဲဒါကြောင့် ကားလို့စ်တီဗက်ဇ်က အဂွေရိုအသင်းထံ လာရင်ကြိုဆိုသွားမယ်လို့ ပြန်တုန့်ပြန်ခဲ့တာပါ။ 

ဒါပေမယ့် အဂွေရိုကတော့ သူအနားယူတာကနေ ပြန်လာပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

အဂွေရိုဟာ အင်ဒီပန်ဒီယန်တီအသင်းမှာ အောင်မြင်မှု မရခဲ့ပေမယ့် အသလက်တီကိုနဲ့ မန်စီးတီးအသင်းတွေမှာ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာပါ။

အဂွေရိုဟာ အသလက်တီကို အသင်းနဲ့အတူ ယူရိုပါလိဂ်၊ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ကာရာဘောင်းဖလား ၆ ကြိမ်၊ FA ဖလား ၁ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ အဂွေရိုဟာ အာဂျင်တီးနားအသင်းအတွက် ၁၀၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၄၁ ဂိုးသွင်းယူကာ ကိုပါအမေရိကဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: ESPN

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အာတီတာကို တွေ့ရစဉ်

ဘာစီလိုနာနဲ့ ချိတ်ဆက်မှုတွေက လုံးဝမမှန်ဘူးလို့ အာတီတာပြော 

By CNI
CNI
Category: အားကစား
Hits: 1811

CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀

ဘာစီလိုနာနည်းပြ ဇာဗီ နေရာကို ဆက်ခံဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေဟာ လုံးဝမမှန်ဘူးလို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောကြားလိုက်ပါတယ်။

အာတီတာက “ထွက်ပေါ်နေတဲ့ သတင်းတွေဟာ လုံးဝ အတုအယောင်တွေပါ။ ဒါတွေက ကျနော့်ကို စိတ်ပျက်စေ ပါတယ်။ ဒီလိုသတင်းတွေ ထွက်လာတာကို ကျနော် မယုံနိုင်ခဲ့သလို တိကျတဲ့ သတင်းရင်းမြစ်လည်း မရှိပါဘူး။ ကျနော်ဟာ မှန်ကန်တဲ့လူတွေနဲ့ နေရာမှန်ကို ရောက်ရှိနေပြီး ဒါက တကယ်ကို ကောင်းမွန်တယ်လို့ ခံစားရပါ တယ်။ ကျနော်ဟာ ကလပ်အသင်းနဲ့ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးပြီး အာဆင်နယ် ဘုတ်အဖွဲ့နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် မှာ စပိန်သတင်းစာ SPORT က အာတီတာဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့အတွက် အာဆင်နယ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းနည်းပြ ဇာဗီနဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာကို တွေ့ရစဉ်

ဘာစီလိုနာလူငယ် စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အာတီတာဟာ ဘာစီလိုနာအသင်းကြီးအတွက် မကစားခဲ့ရ ဘဲ ဘီအသင်းအတွက်သာ ကစားခဲ့ပြီး အသင်းပြောင်းရွှေ့ခဲ့တာပါ။

အာတီတာဟာ ကစားသမားဘဝက အနားယူပြီးနောက် မန်စီးတီးအသင်းမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အဖြစ် ဆောင်ရွက်ကာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းနဲ့ အာတီတာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာပါ။ 

အာတီတာဟာ အာဆင်နယ်အသင်းကို ၂၀၂၀ ခုနှစ်က FA ဖလားရယူပေးနိုင်ခဲ့ပြီး မနှစ်ကရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယနေရာရရှိအောင် ကိုင်တွယ်ပေးထားပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
သက်ဆင်နဲ့ သမီးဖြစ်သူ ပေတုန်တန်ကိုတွေ့ရစဉ်

သက်ဆင်သည် ပြစ်ဒဏ်မစေ့မီ လွတ်ငြိမ်းပေးရန် လျှောက်ထားနိုင် 

By CNI
CNI
Category: နိုင်ငံရေး
Hits: 1873

CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၈ 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ဆက်ရှိနေဆဲဖြစ်ကြောင်းနှင့် ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ရန် လျှောက်ထား နိုင်ကြောင်း တရားရေးအာဏာပိုင်များက ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။ 

သက်ဆင်သည် အမှန်တကယ် နာမကျန်းဖြစ်နေခြင်း ဟုတ်/မဟုတ်နှင့် ဆေးရုံ၏ ဆေးကုသဆောင်တွင် တကယ် ရှိ/မရှိ အတည်ပြုရန် နိုင်ငံရေးပါတီများက ကြိုးပမ်းနေချိန်တွင် တရားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဆွမ်ဘွန် မူအန်ကလမ် (Somboon Muangklum) က တရားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အစိုးရဌာနများအပေါ် မကျေနပ်ချက်များကို စုံစမ်းတင်ပြရန် အစိုးရက ခန့်ထားသည့် အရာရှိ (ombudsman)၏ ကိုယ်စားလှယ်တစ်ဦးသည် ရဲတပ်ဖွဲ့ အထွေထွေဆေးရုံသို့ လာရောက်ခဲ့ပြီး ဆေးရုံဝင်းအတွင်းရှိ မဟာ ဘူမီဘော ရာချာနူဆွန်း ၈၈ ပန်ဆာ အဆောက်အအုံ (Maha Bhumibol Rachanusorn 88 Phansa Building) ၏ ၁၄ လွှာ တွင် သက်ဆင်နှင့် တွေ့ဆုံခဲ့ကြောင်း ဆွမ်ဘွန်က ပြောကြားခဲ့သည်။

သက်ဆင်နဲ့ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲကိုတွေ့ရစဉ်

သက်ဆင်သည် ဆေးရုံတွင် ဆက်ရှိနေပြီး အခြားသူများ ထင်နေသကဲ့သို့ လူနေတိုက်ခန်းထဲတွင် နေထိုင်နေခြင်း မဟုတ်ကြောင်း မစ္စတာဆွမ်ဘွန်က ပြောသည်။

အကျဉ်းသားများ အကျင့်စာရိတ္တ ပြန်လည်ထူထောင်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးချုပ် စစ်သီ သုတိဗွန် (Sitthi Sutivong) လည်း ထိုသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး သက်ဆင်သည် အသက်အရွယ် ကြီးရင့်ပြီး နာမကျန်းဖြစ်နေ၍ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ရန် လျှောက်ထားခွင့်ရှိကြောင်း သတင်းထောက် များကို ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ အကျဉ်းသားများသည် ၎င်းတို့ကိုယ်တိုင် ခံဝန်ဖြင့် လွတ်မြောက်ရန် လုပ်ဆောင်ခွင့်မရှိသဖြင့် အကျဉ်းသားများကို ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် အကျဉ်းထောင် အုပ်ချုပ်ရေးမှူး၏ ခံဝန်လျှောက်ထားပေးမှုကို လိုအပ်ကြောင်း စစ်သီက ပြောကြားခဲ့သည်။

သက်ဆင်နဲ့ သမီး ၂ ဦးကိုတွေ့ရစဉ်

သက်ဆင်ကို အကျဉ်းချခဲ့သည့် ဘန်ကောက် ရမန်အကျဉ်းထောင်၏ အုပ်ချုပ်ရေးမှူးသည် လက်ရှိအချိန်အထိ သက်ဆင်ကို ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် တောင်းဆိုခြင်းမရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၂ ရက်က ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ ပြီးနောက် အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးမှုများဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။ 

သို့သော် သက်ဆင်က ထိုင်းဘုရင်ထံတွင် အသနားခံစာတင်ခဲ့ပြီးနောက် ထိုင်းဘုရင်က ၎င်း၏ ထောင်ဒဏ်ကို ၁ နှစ်အထိ လျှော့ချပေးခဲ့သည်။

ထိုင်းအထက်လွှတ်တော် အမတ်တစ်ဦးကမူ သက်ဆင်သည် လာမည့်လတွင် ပြန်လည်လွတ်မြောက် လာနိုင် ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ 

Source: ဘန်ကောက်ပို့စ်

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျပန်လွှတ်တော် ကျင်းပနေစဉ်

ဂျပန်တွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ အသုံးပြုခွင့်ပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1938

CNI International News

တိုကျို၊ ဒီဇင်ဘာ ၁၄

ဂျပန်နိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးကုသမှုခံယူရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့်ပေးခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။ 

ဆေးခြောက်သည် ကျန်းမာရေးကို ထိခိုက်စေပြီး ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသည့် အရာတစ်ခုအဖြစ် ဂျပန်တွင် အဆိုးဘက်မှ ရှုမြင်ခံထားရသော်လည်း မကြာသေးမီက ဆေးခြောက်၏ ကောင်းမွန်သော အကျိုး သက်ရောက်မှုများကြောင့် ဂျပန်လူထု၏ အမြင်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ဂျပန်အစိုးရသည် ဒီဇင်ဘာလ အစောပိုင်းက ပြန်လည်ပြုပြင်ထားသည့် ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဆေးခြောက်တွင် ပါဝင်သော ဒြပ်ပစ္စည်းများအား ဆေးဝါးကုသရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့် ပေးခဲ့သည်။

 Epidiolex ဆေးကို တွေ့ရစဉ်

ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် လူနာများအတွက် လက်ရှိအသုံးပြုနေသော ဆေးဝါးများသည် ထိရောက်မှု သိပ်မရှိသဖြင့် ထိုလူနာများသည် ဗြိတိန် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့သည့် Epidiolex ဆေးဖြင့် ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်။

Epidiolex ဆေး၏ အဓိကပါဝင်ပစ္စည်းသည် ဆေးခြောက်ပင်များမှ ထုတ်ယူထားသည့် cannabidiol (CBD) ဖြစ်သည်။ 

အမေရိကန်နိုင်ငံတွင် ထိုဆေးဝါးကို ဝက်ရူးပြန်ရောဂါ ကုထုံးတစ်ခုအဖြစ် အတည်ပြုခဲ့သည်။

ဂျပန်နိုင်ငံတွင် Epidiolex ဆေးကို ဓာတ်ခွဲခန်း၌ စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်နေပြီး ပြန်လည် ပြုပြင်ထားသည့် ဆေးခြောက်ထိန်းချုပ်ရေးဥပဒေကို မပြဋ္ဌာန်းမီအချိန်အထိ ထိုဆေးဝါးအား အသုံးပြုခဲ့ခြင်း မရှိပေ။

ထိုဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီး ဈေးကွက်တွင် ရောင်းချခဲ့မည်ဆိုပါက ဂျပန်နိုင်ငံအတွင်း ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် လူနာပေါင်း ၂၀၀၀၀ ခန့်အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

"အဲဒီဆေးကိုသာ အမြန်ဆုံး ရရှိနိုင်မယ်ဆိုရင်တော့ ကျမတို့ ဘဝတွေ အရမ်းကောင်းမွန် လာပါလိမ့်မယ်" ဟု ဝက်ရူးပြန် ရောဂါကို ခံစားနေရသည့်် အသက် ၂၉ နှစ်အရွယ် သားတစ်ဦး၏ မိခင်က ပြောကြားခဲ့သည်။ 

Source: Japan Times

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5

Page 1 of 5

  1. You are here:  
  2. Home
  3. ကျန်းမာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar