CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နာတာရှည်ရောဂါခံစားနေရသူများ ငွေကြေးနှင့်ဆေးဝါးအခက်အခဲကြုံနေ

By CNI
CNI
Category: Watch TV
Hits: 1359

Share
Tweet
Share
Share
powered by social2s

ကာကွယ်ဆေးမထိုးထားသူအပြင် ထိုးနှံပြီးသူများလည်း ကိုဗစ်ပြန်လည်ဖြစ်ပွားနေ

By CNI
CNI
Category: Watch TV
Hits: 1457

Share
Tweet
Share
Share
powered by social2s
ပရဟိတသမားများက ကျန်းမာရေးကူညီပေးနေစဉ် (မြန်မာမွတ်စလင်ပရဟိတအသင်း)

ကာကွယ်ဆေးမထိုးထားသူအပြင် ထိုးနှံပြီးသူများလည်း ကိုဗစ်ပြန်လည်ဖြစ်ပွားနေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2505

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပြီး နေ့စဉ် လူနာအရေ အတွက်၂၀၀ မှ ၃၀၀ အထိစစ်ဆေးတွေ့ရှိနေရကာ ကာကွယ်ဆေး မထိုးထားသူအပါအဝင် ကာကွယ်ဆေး ထိုးထားပြီးသူများလည်း ပါဝင်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံထားပါက ဖြစ်ပွားနိုင်ခြေ နည်းပါးသည့်အတွက် Booster ထိုးနှံကြရန်အတွက် တိုက်တွန်းနေရခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေး အသိပညာ မြှင့်တင် ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

“ဖြစ်ပြီးသားလူလည်း ဖြစ်တယ်။ ဆေးထိုးထားတဲ့သူလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ထိုးထားတဲ့သူတွေနဲ့ မထိုး ထားတဲ့သူတွေနဲ့ Booster မထိုးထားတဲ့ သူတွေမှာ အများဆုံးဖြစ်နေတာ။ သေဆုံးတဲ့ သူတွေလည်း အဲဒီအထဲမှာ အများဆုံး ဖြစ်နေတာ။ ဒါကြောင့်မို့လို့ ဆေးထိုးပါလို့ ပြောနေတာ ဒီအချိန်မှာ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကြောင့် သေဆုံးသူ အများစုသည် နှလုံး၊ သွေးတိုး ၊ ဆီးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် စသည့် ရောဂါ များကို ခံစားနေရသည့် ရောဂါအခံ ရှိကြသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုဗစ်ဆေးထိုးနေစဉ် (GETTY IMAGES)

ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေကြသူများကတော့ ပြီးခဲ့သည့် ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းများ တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖူးသူများလည်း ပြန်လည် ဖြစ်ပွားကြသည်ကို တွေ့ရှိရကြောင်း ပြောသည်။

စေတနာရှင် ပရဟိတမှ ကိုဝေဖြိုးက “First wave မှာဖြစ်ဖြစ်၊ second wave မှာဖြစ်ဖြစ်၊ third wave မှာဖြစ်ဖြစ် သူက ကိုဗစ်ဖြစ်ပြီးတဲ့ လူတော်တော်များများက ကိုဗစ်လက္ခဏာ ပြန်ပြတယ်။ တချို့ဆို အရင်လက္ခဏာ အဟောင်းမျိုး ပြန်ပြတယ်။ အနံ့ပျောက်သွားတာတို့၊ ခံတွင်းပျောက်သွားတာတို့၊ အရသာ ပျောက်သွားတာတို့ အဲလိုမျိုးလည်း တွေ့ရတယ်။ ချောင်းဆိုးရုံလောက်နဲ့လည်း Positive ထွက်သွားတယ်။ သူ့ကို ကျနော်တို့ မေးလိုက်တယ်ပေါ့နော်၊ အရင်က ကိုဗစ်ဖြစ်ဖူးလားလို့ မေးလိုက်တော့မှ သူက ကိုဗစ်ဖြစ်ဖူးတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ဓာတ်ခွဲ နမူနာ စုစုပေါင်း ၁၂,၂၃၆ ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၄၀၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိခဲ့သည်ကို တွေ့ရသည်။

သို့သော် လက်ရှိတွင် ကိုဗစ် - ၁၉ ကူးစက်ပျံ့ပွားမှုနှင့် ပတ်သက်ပြီး ကွာရတင်းစင်တာများကို ထားရှိပေးထားခြင်း မရှိသေးကြောင်း၊ ရောဂါအခံ ရှိသူများအတွက် ကုသရေးစင်တာကိုသာ လုပ်ဆောင်ပေးထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ဆေးထိုးနေစဉ် (GETTY IMAGES)

၎င်းက “ကျနော်တို့မှာ အဲလိုမျိုး Q စင်တာထဲ ထည့်တာ မရှိဘူး။ နောက်ပြီးတော့ Home isolation တွေပဲ အများ ဆုံး ပေးတာပေါ့နော်။ လူငယ်လူရွယ်တွေ နောက် ရောဂါအခံ မရှိတဲ့သူတွေ သူတို့က Request လုပ်ရင်တော့ ကုသ ရေးစင်တာ ပို့တယ်။ နောက်ပြီးတော့ သူတို့မှာ ကိုယ်ဝန်ဆောင်လည်း ရှိတယ်။ နောက်ပြီးတော့ HIV ရှိတယ်၊ အဲလို ပေါ့ ရောဂါအများကြီးပေါ့။ နှလုံးသွေးကြော ပိတ်တာတို့၊ အဲလိုလူတွေလောက်ပဲ ကုသရေးစင်တာ ထားတာပေါ့ နော်”ဟု ပြောသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် ပြည်ပမှ ဝင်ရောက်လာသူများ ကို တောင်ဒဂုံမြို့နယ်ရှိ ရိုးမရိပ်သာ ကွာရန်တင်းစင်တာမှာ ထားရှိပြီး ကိုဗစ်ပိုး မတွေ့ရှိမှသာ နေအိမ်သို့ ပြန်လွှတ် ကြောင်း သိရသည်။

ထို့ပြင် ကုသရေးစင်တာ အနေဖြင့် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် ကုသပေးလျက် ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း မိုက်တိုင်ဆန် ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 2250


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်က တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရပြီး တစ်ခါတစ်ရံမှာ စကားတောင်မပြောနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။

မိုက်တိုင်ဆန်က “ကျနော်မကြာခဏဆိုသလို တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကျနော်စကားတောင်မပြောနိုင်တော့ပါဘူး။ဒါက ကျနော့်မှာတစ်ခုတည်းသော ကျန်းမာရေးပြဿနာဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ကျနော့်အိမ်မှာရှိတဲ့သူတိုင်းက တကယ်ကို ကောင်းချီးပေးကြပါတယ်။ကျနော့်မှာ ရှိတဲ့အရာတွေအတွက်လည်း အားလုံးကို ကျေးဇူး တင်ပါတယ်”လို့ Newsmax TV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ်ရှိ မိုက်တိုင်ဆန်ကို ပြီးခဲ့တဲ့လက လေဆိပ်မှာ ဘီးတပ်ကုလားထိုင်နဲ့ တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။တုတ်ချောင်းကို အကူအညီယူပြီး လမ်းလျှောက်လာတာကိုလည်း တွေ့မြင်ခဲ့ရကာ မိုက်တိုင်ဆန်ကတော့ တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ကျောကို ထိခိုက်နေပုံရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ မိုက်တိုင်ဆန်ဟာ ကစားသမားဘဝ ကုန်ခါနီးမှာ ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၀၅ မှာ နောက်ကျော ပြဿနာကြောင့် ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ မှာတော့ မိုက်တိုင်ဆန်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရွိုင်ဂျူံးစ်ဂျူနီယာနဲ့ သရုပ်ပြပွဲထိုးသတ်ခဲ့တာပါ။ဒါပေမယ့် သူဟာ မကြာခင်မှာ သေဆုံးတော့မယ်ဆိုပြီး ပြောခဲ့တာကြောင့် မိုက်တိုင်ဆန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အားလုံးဟာ တစ်နေ့ သေကြရမှာပါ။မှန်ထဲမှာ ကြည့်လိုက်တော့ ကျနော့်မျက်နှာပေါ်မှာ အစက်အပြောင်လေးတွေကို တွေ့ခဲ့ရပါတယ်။ဒါဟာ ကျနော့်ရဲ့ သက်တမ်း မကြာခင်မှာ ကုန်ဆုံးဖို့ နီးလာပြီကို ဆိုလိုတာ”လို့ မိုက်တိုင်ဆန်က ပြောခဲ့တာပါ။

သံမဏိမိုက်ဆိုပြီး နာမည်ပြောင်ရထားတဲ့ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၅၈ ပွဲထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၅၀ အနိုင်ရကာ ၆ ပွဲရှုံးပြီး ၂ ပွဲက ရလဒ်မထွက်ပေါ်ခဲ့တာ ဖြစ်ပါ တယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်ဘုရင်မကြီး Elizabeth II

အင်္ဂလန်ဘုရင်မကြီး Elizabeth II ကွယ်လွန်

By CNI News
CNI News
Category: ကျန်းမာရေး
Hits: 4294

 

CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

အင်္ဂလန်ဘုရင်မကြီး Elizabeth II ဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဘုရင်မကြီး Elizabeth II ဟာ ဒီနေ့ အင်္ဂလန်စံတော်ချိန် နေ့လယ်ပိုင်း Balmoral မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ သူ့ရဲ့ ရုပ်ကလာပ်ကို လန်ဒန်ကို သယ်ဆောင်မယ်လို့ သိရပါတယ်။

Share
Tweet
Share
Share
powered by social2s

မြစ်ကြီးနားမြို့က ရွာများတွင် ကြွက်ဘေးကျရောက်မှု ကျန်းမာရေးဆိုးကျိုးများရှိလာနိုင်

By CNI
CNI
Category: Watch TV
Hits: 1646

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ကူးစက်နှုန်း မြင့်တက်လာမှုကို ကူညီရန် အဆင့်သင့်လုပ်ဆောင်ထားဟု ဆို

By CNI
CNI
Category: Watch TV
Hits: 1446

Share
Tweet
Share
Share
powered by social2s
ဝေဠုကျော်ဖောင်ဒေးရှင်းမှ ပရဟိတလူငယ်များကို တွေ့ရစဉ်

ကိုဗစ်ကူးစက်နှုန်း မြင့်တက်လာမှုကို ကူညီရန် အဆင့်သင့်လုပ်ဆောင်ထားဟု ဆို

By CNI
CNI
Category: ကျန်းမာရေး
Hits: 1896

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ည ၈ နာရီ ထုတ်ပြန်ချက်များတွင် ဖော်ပြလာပြီး စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန် ချက်များအရ ဓာတ်ခွဲအတည်ပြု လူနာ ၇၀ ရှိသည်ကို တွေ့ရသည်။

ထိုအထဲတွင် ပြည်တွင်းကူးစက်မှုသည် ၆၈ ဦးနှင့် ပြည်ပမှ ဝင်ရောက်လာသူများထဲမှ ၂ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိ ပြန်လည်ဖြစ်ပေါ်လာနေသည့် ကိုဗစ်ကူးစက်မှုများနှင့်ပတ်သက်ပြီး ကူညီပေးရန်အတွက် အဆင်သင့် ပြင်ဆင်ထားကြောင်း စေတနာရှင်ပရဟိတမှ ကိုဝေဖြိုးက CNI သတင်းဌာနသို့ ပြောသည်။

“လက်ရှိမှာတော့ MOHS က စစ်တဲ့ အစိတ်အပိုင်းမှာတော့ ကိုဗစ်တိုးလာတဲ့ လူနာတွေပေါ့ ပြည်တွင်း ပျံ့ပွားမှုတွေလည်း ရှိလာတယ်ပေါ့။ ဒါပေမယ့် သိပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့တာတော့ မတွေ့ သေးဘူးပေါ့နော်။ လက်ရှိမှာတော့ ကျနော်တို့ဘက်ကတော့ ကိုဗစ်ဖြစ်လာခဲ့လို့ရှိရင် ကူညီပေးဖို့အတွက် တော့ အသင့်ရှိပါတယ်။ ကျနော်တို့ဆီမှာ ကိုဗစ်စစ်တာတို့၊ ကိုဗစ်စစ်တဲ့ swab တွေ ဘာတွေ အကုန် ရှိပါတယ်ခင်ဗျ။ အောက်ဆီဂျင်စက်တွေ၊ အောက်ဆီဂျင်အိုးတွေရော အကုန်လုံးအသင့်ရှိပါတယ်ခင်ဗျ။ ကိုဗစ်နဲ့ပတ်သက်တဲ့လူနာရယ်လို့တော့ သံသယရှိတဲ့ လူနာရယ်ပဲ ရှိပါတယ်။ ကိုဗစ် positive လို့ ပို့ဆောင်ရတဲ့လူနာ ကျနော်တို့ ဒဂုံအရှေ့မှာ မရှိသေးဘူးခင်ဗျ” ဟု ပြောသည်။

လက်ရှိ ကိုဗစ်ဖြစ်ပွားမှုနှင့် သေဆုံးမှုသည် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးတွေ့ရှိရပြီး အသက် ၃၀ မှ အသက် ၉၀ ကြားတွင် ဖြစ်ပွားမှု ပိုများကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကိုဗစ်လူနာများအတွက် လက်ရှိတွင် လူနာကို ပို့ဆောင်ရမည့် လမ်းကြောင်း၊ လိုအပ်သည့်အောက်ဆီဂျင်များနှင့် လူနာထားရှိရမည့် နေရာများကိုလည်း ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်ထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းရေးအသိပညာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သို့ ပြောသည်။

အောက်ဆီဂျင်များ ပေးဝေသည့် နေရာတစ်ခုကို တွေ့ရစဉ်

“လူနာက positive အနေအထား ဖြစ်သွားပြီဆိုလို့ရှိရင် လူနာရဲ့ အနေအထားပေါ် မူတည်ပြီးတော့ မိမိ အိမ်မှာနေတဲ့အဆင့်ကနေ ရန်ကုန်ဆေးရုံကြီးတို့လို တကယ့်အထူးကုဆေးရုံကြီးတို့ တင်ပို့နိုင်မယ့် လမ်းကြောင်းပေါ့။ အောက်ဆီဂျင် လိုအပ်ချက်ဆိုရင် တတိယလှိုင်းကာလမှာ အမြင့်ဆုံးရှိခဲ့တဲ့ အနေအထားထက်စက်တွေက ပိုတောင်ထုတ်နိုင်သေးတယ်။ ဆေးရုံမှာ တင်ထားတဲ့ အောက်ဆီဂျင် ကွန်ဆန်ထရိတ်တာဆိုရင် လက်ရှိမှာကို ၆၀၀၀ ကျော်ရှိနေပြီ။ နောက်ထပ်လည်း လှူဒါန်းတဲ့ အစီအစဉ်ရော၊ နိုင်ငံတော် အစီအစဉ်နဲ့ ဝယ်တဲ့ဟာတွေရော အများကြီးပါပဲ။ တချို့ကျတော့ ရောဂါပိုးရှိပေမယ့် အိမ်မပြန်ချင်ဘူး။ ဘာလို့ဆို အိမ်မှာ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ အတူနေရလို့။ အဲလိုလူတွေအတွက်ကိုလည်း နေထိုင် နိုင်မယ့် စင်တာလေးတွေပေါ့နော် ဒါမျိုးလေးတွေ ကျနော်တို့ ကြိုတင်ပြင်ဆင်တာလေးရှိတယ်။ ဥပမာ ရန်ကုန်မှာဆိုရင် ဆေးရုံကြီးတွေအနေနဲ့ ဆေးရုံကြီးကတော့ ကျနော်တို့ ဦးစားပေးထားမှာပေါ့နော်။ ဆေးရုံကြီး တွေမှာ ဦးစားပေးထားပြီးတော့ လိုအပ်လာရင် ထပ်ပြီးတော့ တိုးချဲ့ရမယ့်နေရာ မန္တလေးမှာဆို ကန်တော်နဒီ ဆေးရုံလို၊ တိုင်းရင်းဆေးရုံလိုဟာမျိုး၊ ရန်ကုန်မှာဆိုလည်း ရန်ကုန်မှာရှိတဲ့ ဝေဘာဂီဆေးရုံလိုဟာမျိုးပေါ့။ ဒါတွေ ပြည့်သွားခဲ့ရင် ရိုးမစင်တာလို ဟာမျိုးလေးတွေ ဒါမျိုးလေးတွေအထိ ကျနော်တို့ ကြိုတင်ပြင်ဆင် ထားတာလေးတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ဩဂုတ်လမှစတင်၍ ကိုဗစ်ဖြစ်ပွားပြီးနောက် ရောဂါအခံရှိသူများ ပြန်လည်သေဆုံးမှုများလည်း ရှိနေပြီး ဩဂုတ်လ ၁၁ ရက်နေ့မှ ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့အထိ သေဆုံးသူ ၆ ဦးအထိ ရှိလာပြီ ဖြစ်သည်။

ယခု တကျော့ပြန် ဖြစ်ပွားလာသော ကိုဗစ်ရောဂါပိုးသည် ကာကွယ်ဆေး မထိုးထားသည့်သူများအနေ ဖြင့် ပြင်းထန်သောရောဂါလက္ခဏာများ ခံစားရပြီး ကာကွယ်ဆေးထိုးထားပါက ရောဂါလက္ခဏာ ပြင်းထန်မှု နည်းပါးသည်ဟု သိရသည်။

ဒါ့အပြင် ရာသီတုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာတူသော်လည်း ရက်ရှည် ဆက်တိုက်ဖြစ်ပေါ်နေခြင်းနှင့် နေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် ယင်းကဲ့သို့ ရောဂါလက္ခဏာများ တွေ့ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများသို့ ပြသရန် လိုအပ်သည်ဟု ပြောသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆေးဝါးများ ဈေးတက်၍ နာတာရှည်ရောဂါ ခံစားနေရသူများ ပိုအခက်တွေ့

By CNI
CNI
Category: Watch TV
Hits: 1417

Share
Tweet
Share
Share
powered by social2s

ကပ်ရောဂါနှိမ်နင်းရေးအောင်မြင်မှု မြောက်ကိုရီးယားကြေညာခြင်းမှာ အငြင်းပွားစရာဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 1720

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုဗစ် ထိန်းချုပ်နိုင်ကြောင်း ကြေညာနေစဉ် (KCNA)

ကပ်ရောဂါနှိမ်နင်းရေးအောင်မြင်မှု မြောက်ကိုရီးယားကြေညာခြင်းမှာ အငြင်းပွားစရာဖြစ်နေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2903

CNI Intetnational News

ပြုံယမ်း၊ ဩဂုတ် ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် Covid-19 ပြည်တွင်းဖြစ်ပွားမှုကို ကြေညာပြီး နောက် ၃ လအကြာ ကပ်ရောဂါကာကွယ်မှု အစီအမံများကို ဖြေလျှော့ရန် အမိန့်ပေးခဲ့ခြင်းက အငြင်းပွားစရာဖြစ်နေသည်ဟု အေပီသတင်းက ရေးသား ဖော်ပြသည်။

ထိုသို့ ကူးစက်မှု ဖြေရှင်းခြင်း အောင်မြင်မှုကို အခိုင်အမာ ပြောကြားလာခြင်းသည် ကမ္ဘာ့ကျန်းမာရေး လောကအတွက် အံ့အားသင့်စရာ၊ အငြင်းပွားစရာ တစ်ခုအဖြစ် အသိအမှတ်ပြု ခံရဖွယ်ရှိကြောင်း အေပီက ဆက်လက် ရေးသားခဲ့သည်။

အစ်ကိုဖြစ်သူ ကင်မ်ဂျုံအန်းသည် ကူးစက်ခံရပြီး ဖျားနာခဲ့ရာ တောင်ကိုရီးယားနယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသော လက်ကမ်း စာစောင်များတွင် ရောဂါကပ်ငြိပါလာနိုင်၍ ကင်မ်ဂျုံအန်း၏ညီမက တောင်ကိုရီးယားကို အပြစ်တင်ခဲ့ကြောင်း၊ သေစေနိုင်လောက်သော လက်တုံ့ပြန်မှုဟု သတိပေးခဲ့ကြောင်း မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနဖြစ်သော KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် စီးပွားရေး အကျပ်အတည်း ရှိနေချိန်၌ ကင်မ်ဂျုံအန်း၏ အကြွင်းမဲ့အာဏာကို ထိန်းချုပ်ထားနိုင်ရန် အတွက် ရောဂါဖြစ်ပွားမှု အတိုင်းအတာကို လိုသလို ကြိုးကိုင်ခဲ့ပုံရသည်ဟု ကျွမ်းကျင်ပညာရှင်များက ယုံကြည်ထားကြ သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ (KCNA)

ကပ်ရောဂါ နှိမ်နင်းရေး အောင်ပွဲခံမှုသည် ကင်မ်၏ အခြားဦးစားပေး ရည်မှန်းချက်များထံသို့ အာရုံလွှဲရန် အချက်ပြသည်ဟု ၎င်းတို့ပညာရှင်များက ယုံကြည်ထားသော်လည်း ကင်မ်၏ညီမဖြစ်သူထံမှ ထွက်ပေါ်လာသော သဘောထား မှတ်ချက်ကြောင့် ဒေါသစိတ်ကို ပုံဖော်မည့်အရေး စိုးရိမ်နေကြသည်။

ကိုရီးယား နှစ်နိုင်ငံ အရေးကိစ္စများကို ကိုင်တွယ်နေသည့် တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး ကင်မ်ဂျုံအန်း ကူးစက်ခံရပုံ အရင်းအမြစ်နှင့်ပတ်သက်၍ ရယ်စရာကောင်းသည့် ပြောဆိုမှုများအပေါ် အခြေခံကြောင်း၊ မြောက်ကိုရီးယား၏ မခန့်လေးစားနှင့် ခြိမ်းခြောက်သည့် သဘောထား မှတ်ချက်များ အပေါ် အလွန်အမင်း ဝမ်းနည်းမိကြောင်း တုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် မေလတွင် အိုမိုက်ခရွန်ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ထုတ်ဖော် ဝန်ခံခဲ့ကတည်းက ၎င်း၏ လူဦးရေ ၂၆ သန်းတွင် ကူးစက်ဖြစ်ပွားမှုပေါင်း ၄ ဒသမ ၈ သန်းရှိကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ဖြစ်ပွားမှုနှုန်း၏ တစိတ်တပိုင်းသာ ရှိခဲ့သည်။

ယခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုနှုန်း နှေးကွေးလာသဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်း သေဆုံးသူ ၇၄ ဦးသာရှိ ကြောင်း ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

မျောက်ကျောက်ကူးစက်ရောဂါ အရေးပေါ်အခြေအနေ အမေရိကန် ကြေညာ

By CNI
CNI
Category: Watch TV
Hits: 1483

Share
Tweet
Share
Share
powered by social2s

မျောက်ကျောက်ကူးစက်ရောဂါ အရေးပေါ်အခြေအနေ အမေရိကန် ကြေညာ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2302

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၅

အမေရိကန်နိုင်ငံသား ၇,၁၀၀ ကျော်ကို ကူးစက်ခဲ့သည့် မျောက်ကျောက် ရောဂါဖြစ်ပွားမှု တုံ့ပြန်ရေး အားကောင်း စေဖို့ ဖက်ဒရယ်အစိုးရက ဩဂုတ် ၄ ရက်နေ့တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာလိုက် ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ကြေညာချက်အရ ကူးစက်ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ငွေကြေးနှင့် အခြား အရင်းအမြစ်များကို အခမဲ့ ထုတ်ပေးမည် ဖြစ်သည်။ ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်းနှင့် ခန္ဓာကိုယ် အနှံ့အပြား ဝက်ခြံကဲ့သို့ အဖုအထစ် ပေါက်လာခြင်းတို့ ဖြစ်လာနိုင်သည်ဟု သိရသည်။

“ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ နောက်တစ်ဆင့်တက်လှမ်းဖို့ ကျနော်တို့ အသင့်ပြင်ဆင်ထားပါတယ်။ အမေရိကန်နိုင်ငံတိုင်း မျောက်ကျောက်ရောဂါကို အလေးအနက် ဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်” ဟု အမေရိကန်အစိုးရ၊ ကျန်းမာရေးနှင့်လူမှုဝန်ထမ်းဌာနအကြီးအကဲ ဇီဗီယားဘက်ဆယ်ရာ (Xavier Becerra) က ပြောကြားခဲ့သည်။

ဘိုင်ဒန်အစိုးရသည် မျောက်ကျောက်ရောဂါ ကာကွယ်ဆေး ရရှိရေးအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ကျန်းမာရေးဌာနမှ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုကဲ့သို့ မြို့ကြီးများတွင် ဆေးပေးခန်းများအနေဖြင့် နှစ်ကြိမ်ထိုးကာကွယ်ဆေးများ အလုံအလောက်မရခဲ့ကြောင်း ပြောဆိုနေကြပြီး အချို့ကတော့ ပထမတစ်ကြိမ် ဆေးရရှိရေးဦးစားပေးရသဖြင့် ဒုတိယအကြိမ်အတွက် ထိုးဆေးကို ဆိုင်းငံ့ရခြင်းများ ရှိခဲ့ရသည်။

အဆိုပါဆေးပမာဏ ၁ ဒသမ ၁ သန်းကျော်အထိ ရရှိနိုင်ပြီး တစ်ပတ်လျှင် ရောဂါရှိ/မရှိ စမ်းသပ်စစ်ဆေးမှု ၈ သောင်းနှုန်းဖြင့် ပြည်တွင်းရောဂါရှာဖွေနိုင်စွမ်းကို မြှင့်တင်ဆောင်ရွက်ပေးနေကြောင်း အိမ်ဖြူတော်က ပြောကြား ခဲ့သည်။

မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်း ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်းအပြင် အိပ်ရာ၊ မျက်နှာသုတ်ပုဝါနှင့် အဝတ်အစားမျှဝေသုံးစွဲမှုတို့အပါအဝင် အရေပြားနှင့် ကြာရှည်စွာ ထိတွေ့ခြင်းတို့မှတဆင့် ပျံ့နှံ့သည်။

ယခုအချိန်အထိ အဖြစ်အများဆုံးမှာ အမျိုးသားအချင်းချင်း လိင်ဆက်ဆံကြသော အမျိုးသားများထံတွင်သာ တွေ့ရသည်။ သို့သော် ဗိုင်းရပ်စ်အနေဖြင့် မည်သူ့ကိုမဆို ကူးစက်နိုင်ကြောင်း အလေးထားကြရန် ကျန်းမာရေး အရာရှိများက တိုက်တွန်းထားသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျိုးဘိုင်ဒန် ကိုဗစ်ကူးစက်ခံထားရဟု အိမ်ဖြူတော်ပြော

By CNI News
CNI News
Category: ကျန်းမာရေး
Hits: 2241

 

CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် COVID-19 တွင် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိထားကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်ဟု အယ်ဂျာဇီးယားက ယနေ့ (ဇူလိုင် ၂၁ ရက်) ရေးသား ဖော်ပြခဲ့သည်။

သို့သော် ရောဂါ လက္ခဏာမှာ အလွန်ပျော့ပျောင်းကြောင်း၊ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒန်သည် တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်ဟုလည်း အယ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။

 

Share
Tweet
Share
Share
powered by social2s
ပူတင်ကိုတွေ့ရစဉ် (EPA)

ပူတင်၏ ကျန်းမာရေးအခြေအနေ ထောက်လှမ်းရေးသတင်းမရဟု CIA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1955

CNI International News

ဒန်ဗား (ကော်လိုရာဒို)၊ ဇူလိုင် ၂၁

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ မိမိတို့ ထောက်လှမ်းရေး သတင်းများ မသိရှိရ ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ် (William Burns) က ပြောကြားခဲ့ သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း၌ ရေးသားဖော်ပြထားသည်။

ယခုနှစ် အသက် ၇၀ ပြည့်သည့် ပူတင်သည် ကျန်းမာရေးမကောင်းဘဲ ကင်ဆာဖြစ်နိုင်ခြေရှိသည်ဟု အတည်မပြုသော ထင်ကြေးများမှာ မီဒီယာစာမျက်နှာများထက်တွင် ပျံ့နှံ့နေခဲ့သည်။

ထိုသို့ ထင်ကြေးများကို အတည်ပြုရန် မိမိထံတွင် သက်သေ အထောက်အထား မရှိကြောင်း၊ ပူတင် ကျန်းမာ ကောင်းမွန် နေလွန်းနေသည်ဟုပဲ မှတ်ယူကြောင်း ဝီလျံဘန့်စ်က ဟာသနှော၍ ပြောကြားခဲ့သည်။

ယူကရိန်းထံသို့ တာဝေးပစ် လက်နက်များ ပိုမိုပေးအပ်မည်ဟု အမေရိကန် ကြေညာလိုက်ချိန်၌ ၎င်း၏မှတ်ချက်များ ယခု ကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

အနောက်နိုင်ငံများက လက်နက် အသစ်အဆန်းများ ပေးအပ်ခဲ့ပြီးနောက် ယူကရိန်းတွင် ရုရှားစစ်ရေး အာရုံစိုက်မှုသည် အရှေ့ဘက်ခြမ်း တစ်ခုတည်း မဟုတ်တော့ဘဲ မော်စကို၏ ဗျူဟာပြောင်းလဲလိုက်ကြောင်း အစောပိုင်းတွင် ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျေလာဗရော့က ပြောကြားခဲ့သည်။

ဝီလျံဘန့်စ်ကို တွေ့ရစဉ်(GETTY IMAGES)

“သမ္မတပူတင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကောလာဟလတွေ အများကြီး ထွက်နေပါတယ်။ တကယ်တမ်း သူက တော့ လုံးဝ ကျန်းမာ လွန်းပါတယ်ဗျာ” ဟု အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်ရှိ အက်စ်ပန် လုံခြုံရေးဖိုရမ်သို့ တက် ရောက်စဉ် ဝီလျံဘန့်စ်က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဟာသနှော၍ ရယ်ရယ်မောမော ပြောကြားခဲ့သော်လည်း ၎င်းအနေဖြင့် တရားဝင် ထောက်လှမ်းရေး အစီရင်ခံချက် ရရှိ၍ မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

မော်စကိုမြို့တွင် အမေရိကန် သံအမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဝီလျံဘန့်စ်သည် ဆယ်စုနှစ် နှစ်ခုကျော်ကြာ ရုရှားသမ္မတနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးပြီး စောင့်ကြည့်ခဲ့ဖူးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ပူတင်သည် ထိန်းချုပ်မှု၊ ခြိမ်းခြောက်မှုနှင့် မျှတမှုတို့ကို ယုံကြည်လက်ခံသူ ဖြစ်ကြောင်း၊ ၎င်း၏အကြံပေးအဖွဲ့များ ကျုံ့ဝင် သွားသည့်အတွက် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အဆိုပါ စရိုက်လက္ခဏာများသည် ပူတင်ထံတွင် ပိုမိုခိုင်မာလာကြောင်း CIA ညွှန်ကြားရေးမှူး ဘန့်စ်က သုံးသပ်ပြသည်။

“ရုရှား ခေါင်းဆောင်အဖြစ်နဲ့ သူ့ကံကြမ္မာက ရုရှားကို ကြီးကျယ်ပြီး အင်အားကောင်းဖို့ ပြန်ထူထောင်နိုင်မယ်ဆိုတဲ့ ယုံကြည် ရှိထားပါတယ်။ အဲဒါကြောင့် ရုရှားနဲ့ အနီးပတ်ဝန်းကျင်မှာ ဩဇာလွှမ်းမိုးမှုနယ်ပယ် ပြန်ဖန်တီးနိုင်ဖို့ရာက ယူကရိန်းကို မထိန်းချုပ်နိုင်ဘဲ သူ ရှေ့ဆက်လှမ်းလို့ မရဘူးလေ” ဟု ၎င်းက ကောက်ချက်ချသည်။

ရုရှား၏ အစီအမံများအကြောင်း အမေရိကန် ထောက်လှမ်းရေး သတင်းများကို ဘန့်စ်က စုဆောင်းခဲ့ပြီး ယူကရိန်းကို ကျူးကျော်လျှင် ဆိုးဝါးသည့် အကျိုးဆက်များ ရှိလာမည့်အကြောင်း သတိပေးရန် ယမန်နှစ် နိုဝင်ဘာလ၌ မော်စကိုမြို့သို့ သွားရောက်ခဲ့သေးသည်။ သို့သော် ၎င်းရောက်ရှိချိန်တွင် ပိုမိုစိတ်ရှုပ်ခဲ့ရကြောင်း ဘန့်စ်က ဖွင့်ဟပြောကြားခဲ့သည်။

 ယူကရိန်းနဲ့ရုရှား မြေပုံ (BBC)

ရုရှားသမ္မတ၏ အစီအစဉ်များသည် အလွန်အားနည်းချက် ရှိနေသော ယူဆချက်များ ပါဝင်ခဲ့ကြောင်း၊ အထူးသဖြင့် ယူကရိန်း နှင့်ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်နေမှုများကို တွန်းလှန်လိုသည့် ဆန္ဒများအပေါ် အခြေခံထားကြောင်း ဘန့်စ်က ပြော ကြားခဲ့သည်။

“ပူတင်က သူ့စကားတွေကို တကယ့် ယုံကြည်ချက်နဲ့ ပြောတာဗျ။ ယူကရိန်းဟာ တကယ်တော့ သီးခြားနိုင်ငံ မဟုတ်ဘူးလို့ နှစ်အတန်ကြာအောင် သူပြောလာခဲ့တာ ကျနော်ကြားခဲ့ရပါတယ်။ ကောင်းပါပြီ … အခုတော့ ယူကရိန်းက တကယ့်နိုင်ငံ တစ်နိုင်ငံအနေနဲ့ သူ့ကို ပြန်တိုက်နေတယ်။ ယူကရိန်းက ဒါကိုပဲ ပြန်လုပ်ပြတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှား အသေအပျောက်မှာ ယခုချိန်အထိ တပ်ဖွဲ့ဝင်အင်အား ၁၅,၀၀၀ သေဆုံးပြီး ၄၅,၀၀၀ ခန့် ဒဏ်ရာရသည် ဟု အမေရိကန် ခန့်မှန်းကြောင်း ဘန့်စ်က ထပ်လောင်း ပြောကြားခဲ့သည်။ ယူကရိန်းဆုံးရှုံးမှုမှာ ထိုကိန်းဂဏန်းထက် လျော့ နည်းကြောင်း ဘန့်စ်၏ ပြောကြားချက်ကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ် မျိုးကွဲသစ် BA.4 နဲ့ BA.5 ကို ဘယ်လို ရင်ဆိုင်ကျော်လွှားမလဲ

By CNI
CNI
Category: Watch TV
Hits: 1484

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6

Page 4 of 6

  1. You are here:  
  2. Home
  3. ကျန်းမာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar