CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တရုတ်တွင် မှောင်ခိုဈေးကွက်မှ အိန္ဒိယထုတ် ကိုဗစ်ဆေးဝါးများကို ဝယ်ယူနေကြ

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s
တရုတ်-မြန်မာ နယ်စပ်ကိုတွေ့ရစဉ်

ဇန်နဝါရီ ၈ ရက်တွင် တရုတ်က နယ်စပ်များကို ပြန်ဖွင့်မည်

By CNI
CNI
Category: ကျန်းမာရေး
Hits: 3851


CNI International News

ဘေဂျင်း၊ဒီဇင်ဘာ ၂၇

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ၎င်းတို့၏ သတ်မှတ်ချက်ကို ဇန်နဝါရီ ၈ ရက်မှ စ၍ လျော့ချလိုက်မည်ဖြစ်၍ နယ်စပ်များပါ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း South China Morning Post က ပြောသည်။

ထို့နောက် ကွာရန်တင်း ဝင်ရောက်ခြင်းကိုပါ ဖျက်သိမ်းမည် ဖြစ်သည်။

၎င်းက နိုင်ငံ၏ သုံးနှစ်ကြာ zero-Covid မူဝါဒကို ဖယ်ရှားရန် အပြင် ဗိုင်းရပ်စ်ပိုးနှင့် အတူတကွ ရှင်သန်နိုင်ရေး ကြိုးစားမှု၏ နောက်ဆုံး တစ်ခုလည်း ဖြစ်သည်။

တရုတ်တွင် ကိုဗစ်-၁၉ ကို ၂၀၂၀ ခုနှစ်မှ စတင်ကာ အေ(A)အဆင့်ရှိ ထိပ်တန်း ကူးစက်ရောဂါ တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

လျော့ချရန် ကြေညာခဲ့ပြီးနောက် အဆိုပါကိစ္စများကို နိုင်ငံ၏ Frontier Health and Quarantine ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု အာဏာပိုင်များက ပြောသည်။

တရုတ် ကိုဗစ်လူနာကိုတွေ့ရစဉ်

တရုတ်နိုင်ငံ၏ ဥပဒေများအရ အေအဆင့်ရှိ ရောဂါများကို ထိန်းသိမ်ရန်အတွက် တာဝန်ရှိသူများသည် ကွာရန်တင်းနှင့် သီးသန့်ခွဲခြား နေထိုင်ခြင်း စသော တင်းကြပ်သည့် စည်းမျဉ်းများကို ချမှတ်နိုင်သည့် အပြင် တစ်မြို့လုံး လော့ဒေါင်း ပြုလုပ်ခြင်းကိုလည်း လုပ်ပိုင်ခွင့်ရှိသည်။

နယ်စပ်ဒေသများတွင်လည်း ကူးစက်ခံရသူ သို့မဟုတ် ကူးစက်သူဟု သံသယရှိ သူများသည် ရောဂါကူးစက်ခံမှု အချိန်ပေါ် မူတည်၍ ကွာရန်တင်း ဝင်ရောက်ရမည် ဖြစ်သည်။

ဇန်နဝါရီ ၈ ရက်မှ စတင်ကာ ဘီအဆင့်ရှိ ရောဂါစီမံခန့်ခွဲမှုသို့ အဆင့်လျော့ချနိုင်ရေး ကြိုတင် ပြင်ဆင်ထားရန် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က တနင်္ဂနွေနေ့တွင် အသိပေးခဲ့သည်ဟု ကွမ်တုန် (Guangdong)၊ ဖုဂျွင်း (Fujian) နှင့် ဂျန်းဆု (Jiangsu) တို့မှ ပြည်နယ်အဆင့် ကျန်းမာရေးအရာရှိသုံးဦးက ပြောသည်။

ထိုသို့ အဆင့်ပြောင်းလဲ သတ်မှတ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါအတွက် လိုအပ်သော ကုသမှုများနှင့် ရောဂါ ပျံ့ပွားမှုကို တားဆီးရန် ဆောင်ရွက်ချက်များသာ လိုအပ်တော့မည် ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ကိုတွေ့ရစဉ်

ဘီအဆင့်ရောဂါ သတ်မှတ်ချက်တွင် မဖြစ်မနေ လုပ်ဆောင်ရမည်ဆိုသည့် သတ်မှတ်ချက် ပါရှိမနေခြင်းကြောင့် ဇန်နဝါရီ ၈ ရက်မှစတင်ကာ တရုတ်သို့ ဝင်ရောက်လာသည့် ဧည့်သည်များသည်လည်း မဖြစ်မနေ ကွာရန်တင်း ဝင်ရောက် ရမည့် အခြေအနေမှ ကင်းလွတ်ခွင့် ရရှိမည်လည်း ဖြစ်သည်။

ဗိုင်းရပ်စ်ပိုးနှင့် အတူတကွ ရှင်သန်နိုင်ရေး ဗဟိုပြုမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို တရုတ်ဘက်က လုပ်ဆောင် ခြင်း အနေဖြင့် PCR စမ်းသပ်မှုများသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေအနေတွင် မရှိတော့ဘဲ ကိုဗစ် ၁၉ တုန့်ပြန်ရေးအတွက် တာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ် ဆန်ချွန်လန် (Sun Chunlan) ကလည်း ရောဂါ ကူးစက်မှုထက် ကာကွယ်မှုကို ပိုမိုအာရုံစိုက်ရန် တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။

ဇန်နဝါရီ ၈ ရက်နေ့မှ စတင်ကာ တရုတ်အာဏာပိုင်များသည် ကိုဗစ် ၁၉ ရောဂါကို အဆုတ်ရောင် ရောဂါပုံစံ တစ်မျိုးအဖြစ် ရည်ညွှန်းပြောဆိုမှု လုပ်ဆောင်တော့မည် မဟုတ်ပေ။

Source: SCMP

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်တွင် တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၇ သန်းအထိရှိ

By CNI
CNI
Category: Watch TV
Hits: 876

Share
Tweet
Share
Share
powered by social2s
တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ဆေးရုံတစ်ရုံမြင်ကွင်း(ဓါတ်ပုံ-ရိုက်တာ)

တရုတ်တွင် တစ်ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၇ သန်းအထိရှိ

By CNI
CNI
Category: ကျန်းမာရေး
Hits: 3566

CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၂၄

တရုတ်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၇ သန်းနီးပါးရှိသည်ဟု Bloomberg သတင်းတွင်ဖော်ပြထားသည်။ ဗုဒ္ဓဟူးနေ့တွင်ကျင်းပခဲ့သော တရုတ်အမျိုးသားကျန်းမာရေး ကော်မရှင်၏ အစည်းအဝေးမှတ်တမ်းများကို အခြေခံကာ ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သောကြာနေ့တွင်ထုတ်ပြန်ခဲ့သောသတင်းတွင် တရုတ်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းဖြစ်သော လူ ၂၄၈ သန်းသည် ဒီဇင်ဘာလ ပထမ ရက် ၂၀ အတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်ဟု ရေးသားထားသည်။ နိုင်ငံအနှံ့ ကန့်ကွက် ဆန္ဒပြမှုများကြောင့် တရုတ်အစိုးရသည် ၎င်းတို့၏တင်းကြပ်သော ကိုဗစ်တားဆီးရေး သတ်မှတ်ချက်များကို ဖြေလျော့ပေးခဲ့ရသည်။

ထိုသို့ဖြေလျော့ပေးပြီးနောက် နိုင်ငံတွင်းဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ သိသိသာသာမြင့်တက်လာသည်ကိုတွေ့ရသည်။ နိုင်ငံ၏ Zero-COVID မူဝါဒတွင် ရောဂါကူးစက်မှုအနည်း ငယ်ရှိသည်နှင့်ပင် မြို့ကြီးများအပါအဝင်မြို့တစ်ခုလုံးကို လုံးဝပိတ်ပစ်ခဲ့သည်။

သို့သော်လက်ရှိအချိန်တွင် ထိုသို့သော ကန့်သတ်ချက်များအများစုကို လျော့ပေါ့ပေးခဲ့ပြီဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံသည် လူအစုလိုက် အပြုံလိုက်ကို စစ်ဆေးခြင်းမူဝါဒကိုလည်း ရပ်တန့်ခဲ့ကာ နိုင်ငံတွင်း ရောဂါ လက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရသည်ဆိုခြင်းမျိုးလည်း မရှိတော့ပေ။

 ဒီဇင်ဘာလ ၂၃ ရက်နေ့က ရှန်ဟိုင်းမြို့ Changning ခရိုင်ရှိ ဆေးရုံတစ်ခု၏ Fever Clinic ဧရိယာတွင် လူများ ဆေးကုသမှုခံယူနေစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ယင်းကြောင့် အဆိုပါအခြေအနေများမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးနှင့် လုံးဝမထိတွေ့ရသေးသူများတွင် ရောဂါကူးစက် ခြင်းမျိုးပေါ်ပေါက်လာခြင်းနှင့် ပြီးခဲ့သည့်လအတန်ကြာကတည်းက ထိုးထားသော ကာကွယ်ဆေး၏ အာနိသင် လျော့ပါးမှုဖြစ်လာနိုင်ခြင်းစသည်တို့နှင့်ပတ်သက်၍ စိုးရိမ်မှုများလည်းရှိလာသည်။ ထို့အပြင် နိုင်ငံ၏ကျန်းမာရေး စနစ်သည် အစိုးရ၏ မျှော်လင့်မထားသော မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်၍ စနစ်တကျ ပြင်ဆင်ထားခြင်း မရှိ သောကြောင့် ဆေးရုံများနှင့်ကျန်းမာရေးဌာနများသည် ထိုအခြေအနေကို ထိန်းချုပ်ရန် ရုန်းကန်ရနိုင်ဖွယ် ရှိနေသည်။

ကျန်းမာရေးဆိုင်ရာအချက်အလက်များကောက်ယူသော ကုမ္ပဏီတစ်ခုဖြစ်သည့် Airfinity က လက်ရှိ တရုတ်နိုင်ငံ တွင် နေ့စဉ်လူ ၅၀၀၀ ခန့် ကိုဗစ်ကြောင့်သေဆုံးနေကာ အများဆုံး တစ်သန်းနီးပါ နေ့စဉ် ရောဂါပိုးကူးစက်ခံနေရ သည်ဟု ခန့်မှန်းထားသည်။

ယခုတစ်ကြိမ် ဗိုင်းရပ်စ်ပျံ့ပွားမှုတွင်လူပေါင်း ၁ ဒသမ ၃ သန်းမှ ၂ ဒသမ ၁ သန်းအထိ သေဆုံးနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်းလည်း Airfinity ကပြောသည်။ Airfinity ကကြာသပတေးနေ့တွင် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယင်းနှင့်တစ်ရက်တည်းတွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ အချက်အလက်များတွင်မူ ကူးစက်မှုအရေအတွက်မှာ ၄၀၀၀ အောက်သာရှိပြီး တစ်နိုင်ငံလုံးတွင် ကိုဗစ်ကြောင့်လူသေဆုံးမှု လုံးဝမရှိဟု ဖော်ပြထားသည်။

Soure:Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

နှလုံးရောဂါကြောင့် ထိုင်းမင်းသမီး ဆေးရုံတက်နေရ

By CNI
CNI
Category: Watch TV
Hits: 1038

Share
Tweet
Share
Share
powered by social2s
ပြင်သစ် အသင်းသားများနဲ့ နည်းပြ ဒက်ချမ့်ပ်စ်ကို တွေ့ရစဉ် ( Sports Brief)

ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ပြင်သစ်လူစာရင်းမှာ တတိယမြောက် ဖျားနာမှုဖြစ်ပွား

By CNI
CNI
Category: အားကစား
Hits: 1614

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ကစားသမား ကိုးမန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းရဲ့ တတိယမြောက် ဖျားနာတဲ့သူ ဖြစ်လာခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။

ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဒီလေ့ကျင့်ရေး အစီအစဉ်မှာ ကိုးမန်း မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာလည်း ရာဘီယော့နဲ့ အူပါမီကာနိုတို့ဟာ ဖျားနာနေတာကြောင့် လေ့ကျင့်ရေး အစီအစဉ် မှာ မပါဝင်နိုင်ခဲ့တာပါ။ သူတို့ ၂ ဦးဟာ ကာတာနိုင်ငံရဲ့ လေအေးပေးစက်တွေကြောင့် ဖျားနာခဲ့တာဖြစ်ပြီး မော်ရိုကို နဲ့ပွဲမှာ အရန်စာရင်းမှာ ပါခဲ့ပေမယ့် အသုံးမပြုခဲ့ပါဘူး။

L’Equipe က ကိုးမန်းဟာ တုပ်ကွေးလက္ခဏာတွေ ခံစားရပြီးနောက် ဖျားနာသွားပြီလို့ အတည်ပြုပါတယ်။

ပြင်သစ်အသင်း ကစားသမားများကိုတွေ့ရစဉ် (News In France)

ဘိုင်ယန်မြူးနစ် ကစားသမားဟာ ဒီအခြေအနေကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်၊ အသင်းဖော်တွေနဲ့ နေ့လည်စာ စားသောက်မှုမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရာဘီယော့နဲ့ အူပါမီကာနိုတို့ကတော့ ဖျားနာမှုကနေ ပြန်လည် ကောင်းမွန်လာတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂရစ်ဇ်မန်း၊ ဂီရော့ဒ်နဲ့ ဘတ်ပီတို့ဟာ မော်ရိုကိုနဲ့ပွဲမှာ အသေးစား ဒဏ်ရာရခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဒဏ်ရာပြဿနာ မရှိဘဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ဒက်ချမ့်ပ်စ်က “ ကိုးမန်းက ဒီမနက်မှာ အဖျားရှိလာခဲ့ပါတယ်။ ဒိုဟာမှာ အပူချိန်အနည်းငယ် ကျသွားခဲ့ပေမယ့် လေအေးပေးစက်ကတော့ အချိန်တိုင်းကို ရှိနေတာပါ။ ကျနော်တို့မှာ တုပ်ကွေးလို လက္ခဏာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ဒါကို မပြန့်ပွားနိုင်အောင် သတိထားပြီး ကြိုးစားနေရပါတယ်။ ကစားသမားတွေဟာ ကွင်းထဲမှာ ပြင်းပြင်းထန်ထန် အားထုတ်ရလို့ သူတို့ရဲ့ ခုခံအားစနစ်တွေ ဆိုးရွားနေတယ်ဆိုတာကို သိပါတယ်”လို့ ပြောခဲ့ပါ တယ်။

ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ၂ ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်က ကျန်းမာရေး ၀န်ထမ်း တစ်ဦးနဲ့ တရုတ်အမျိုးသမီး နှစ်ဦးကိုတွေ့ရစဉ် (AP)

တရုတ်အစိုးရက ကိုဗစ် တင်းကြပ်မှုတချို့ကို ဖြေလျော့ပေး

By CNI
CNI
Category: ကျန်းမာရေး
Hits: 3347

CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၅

တရုတ်နိုင်ငံသည် ကမ္ဘာ့အတင်းကြပ်ဆုံး ဗိုင်ရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေး စည်းကမ်းတချို့ကို ဖြေလျော့ပေးခဲ့ပြီး မူကွဲများသည် ပို၍အားပျော့လာပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

သို့သော် လူသန်းပေါင်းများစွာကို နေအိမ်တွင်း ပိတ်လှောင်မှု ဖြစ်စေပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့သည့် Zero-COVID မဟာဗျူဟာကို အဆုံးသတ် လိုက်တော့မည်လား ဆိုသည်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။

တနင်္လာနေ့(ဒီဇင်ဘာ ၅ ရက်)က ဘေဂျင်းနှင့် ကျန်မြို့ အနည်းဆုံး ၁၆ မြို့မှ ခရီးသွားလာသူများသည် လပေါင်း များစွာအတွင်း ပထမဆုံးအဖြစ် လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဗိုင်းရပ်စ်နှင့်ပတ်သတ်သော စစ်ဆေးမှု တစ်စုံ တစ်ရာမရှိဘဲ ဘတ်စ်ကားများနှင့် မြေအောက်ရထားများကို ပြန်လည် စီးနင်းခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ဂွမ်ဇူး အပါအဝင် စီးပွားရေး အချက်အချာ နေရာများ၌ ဈေးကွက်များနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကူးစက်မှုရှိနေသည့် နေရာတချို့မှလွဲ၍ ကျန်နေရာများတွင် ထိန်းချုပ်ထားမှုများကို ဖြေလျော့ ပေးခဲ့ပြီ ဖြစ်သည်။

တရုတ် မြို့ပြအတွင်းက အမျိုးသမီး တစ်ဦး လမ်းလျှောက်သွားနေစဉ် (AP)

ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်အစိုးရက အသက် ၇၀ နှင့် ၈၀ ကျော် လူဦးရေး သန်းပေါင်းများစွာကို ကာကွယ်ဆေး ထိုးပေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

၎င်းက zero-COVID ဆိုင်ရာ တင်းကြပ်မှုများကို အဆုံးသတ်နိုင်ရေး အခြေအနေ တစ်ခုဖြစ်သော်လည်း နိုင်ငံတွင်း ခရီးသွား ဝင်ရောက်မှုအပြင် ကုန်ထုတ်လုပ်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးတို့ကို ထိခိုက်စေခဲ့သည်။

သို့သော် ကာကွယ်ဆေးထိုးနှံခြင်းက zero-COVID လျှင်လျှင်မြန်မြန် အဆုံးသတ်ရေးအတွက် မျှော်လင့်ချက်များကို ရှင်သန်စေခဲ့သော်လည်း ကျန်းမာရေးနှင့်စီးပွားရေး ပညာရှင်များက ထိုသို့ ဖြစ်လာနိုင်ရန် ခက်ခဲဦးမည်ဟု သုံးသပ်သည်။

ကာကွယ်ဆေး ထိုးနှံမှု အရေအတွက် လုံလုံလောက်လောက် ရှိရန်နှင့် အလျင်အမြန် ရောဂါကူးစက်ခြင်းကို ကိုင်တွယ်ရန် ဆေးရုံများကို ပြင်ဆင်ထားရခြင်းမှာ ၂၀၂၃ ခုနှစ် အလယ်ပိုင်းနှင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ဖြစ်လာနိုင် သည်ဟု သတိပေးသည်။

 တရုတ် ကိုဗစ် စစ်ဆေးနေစဉ် (AP)

အာဏာပိုင်များဘက်မှ ယခုကဲ့သို့ အလျော့ပေး လာရခြင်းမှာ ပြည်သူများ၏ zero COVID အဆုံးသတ်ရေး ဆန္ဒပြ တောင်းဆိုမှုများ နောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်ပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှုများကြောင့် ကွာရန်တင်းနှင့် အခြားသော တင်းကြပ်မှုများကို ဖြေလျော့ ခြင်းဖြင့် မတည်ငြိမ်မှုများကို အဆုံးသတ်သွားမည်ဟု ကွန်မြူနစ်ပါတီဘက်က အစောပိုင်းတွင် ကတိပြုခဲ့သည်။ ယခုကဲ့သို့ အာဏာပိုင်များဘက်မှ သဘောထား ပျော့ပြောင်း လာရခြင်းမှာ ပြည်သူများ၏ အမျက်ဒေါသကို ဖြေလျော့ရန် ကြိုးပမ်းမှု ဖြစ်သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ဖြေလျော့မှုများနှင့် ဆန္ဒပြပွဲများအကြား ဆက်စပ်နေမှုကို ဖော်ပြသည့် ထင်ရှားသော ညွှန်းဆိုချက်မျိုးကိုတော့ မတွေ့ရသေးပေ။

တရုတ်နိုင်ငံသည် ကိုဗစ် အခြေအနေများမှ ရုန်းထွက်ရန် ကြိုးပမ်းနေရဆဲဖြစ်သည့် တစ်ခုတည်းသော ကမ္ဘာ့ အင်အားကြီး နိုင်ငံလည်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်က လူနာတင်ယာဉ်ဝန်ထမ်းများနဲ့ ကားများကိုတွေ့ရစဉ် (GETTY IMAGES)

ဗြိတိန်တွင် လူနာတင်ယာဉ်ဝန်ထမ်းများ သပိတ်မှောက်ရန် ပြင်ဆင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1405

CNI International News

လန်ဒန်၊ ဒီဇင်ဘာ ၁

မတူညီသည့် ကျန်းမာရေးသမဂ္ဂ ၃ ခုကို ကိုယ်စားပြုသော လူနာတင်ယာဉ်ဝန်ထမ်း ထောင်ပေါင်းများစွာက သပိတ်မှောက်ရန် ပြင်ဆင်နေကြောင်း CNA သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် ဗြိတန်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ဒီဇင်ဘာလ တွင် အခက်အခဲများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လစာနှင့်လုပ်ငန်းခွင် အခြေအနေများအပေါ် မကျေနပ်မှုများကြောင့် ဝန်ထမ်းများဘက်က သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သပိတ်မှောက်ရန်အဆိုကို အင်္ဂလန်နှင့်ဝေလနယ်များမှ လူနာတင်ယာဉ် ဝန်ထမ်း ၁၀၀၀၀ ကျော်တို့က ထောက်ခံ ခဲ့သည်ဟု GMB သမဂ္ဂက ထုတ်ပြန်ခဲ့သလို Unite နှင့် Unison သမဂ္ဂအဖွဲ့ဝင်များကလည်း သပိတ်မှောက်ရန် အဆိုကို လက်ခံသည်။

ဗြိတိန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု(NHS)သည် ယခု ဆောင်းရာသီ ကာလတွင် မမျှော်လင့်ထား သော သပိတ်မှောက် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရဖို့ရှိနေပြီး သူနာပြုပေါင်း ၁၀၀၀၀၀ နီးပါးက ဒီဇင်ဘာ ၁၅ ရက် နှင့် ၂၀ ရက်တို့တွင် သပိတ်မှောက်ရန် စီစဉ်ထားသည်။

 ဗြိတိန်က လူနာတင်ယာဉ်များဘေးက အမျိုးသားတစ်ဦးကိုတွေ့ရစဉ် (Reuters)

အဆိုပါ သပိတ်မှောက်မည့် အခြေအနေသည် နှစ်ပေါင်း ၁၀၀ သမိုင်းကြောင်းအတွင်း ပထမဆုံး အကြိမ်လဲ ဖြစ်သည်။

“အဖွဲ့ဝင်တိုင်းက ဒီကိစ္စကို အလေးအနက် ထားကြပါတယ်။ ဒါဟာသူတို့ လက်ရှိ အခြေအနေတွေအပေါ် ဘယ်လောက် စိတ်ပျက်နေလဲဆိုတာ မြင်သာပါတယ်။ ဒါဟာ ဝန်ထမ်းတွေ၊ လူနာတွေရဲ့ ဘေးကင်းရေးအပြင် အကျိုးခံစားခွင့်နဲ့လည်း သက်ဆိုင်နေပါတယ်။ ကျနော်တို့ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်ပြီး ဒီလိုမှ မဟုတ်ရင် အားလုံးပျက်စီးသွားပါလိမ့်မယ်” လို့ GMB သမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်သူ ရေချယ်ဟယ်ရစ်ဆင်က ပြောသည်။

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ် ပေါ်ပေါက်နေချိန်တွင် ဗြိတိန်နိုင်ငံအတွင်း ယခုနှစ်၌ ငွေကြေး ဖောင်းပွမှု နှုန်း မြင့်တက်လာကာ လူနေမှု ကုန်ကျစရိတ်ဆိုင်ရာ ပြဿနာများ ရှိလာသည်။

ခရစ္စမတ် မတိုင်ခင် သပိတ်မှောက်မည့်နေ့ကို လာမည့် ရက်များအတွင်း သတ်မှတ်သွားမည်ဟု GMB က ပြော သည်။

ဗြိတိန်က NHS ကိုတွေ့ရစဉ် (GETTY IMAGES)

၁၉၄၈ ခုနှစ်မှ စတင်ကာ ဗြိတိန်တွင် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သော NHS သည် ကိုဗစ်ဖြစ်စဉ် ကြောင့် စံချိန်တင် လူနာ အရေအတွက် မြင့်တက်မှုနှင့်ရင်ဆိုင်ခဲ့ရသလို ဝန်ထမ်းများ၏ သပိတ်မှောက်မှုကြောင့် ရာထူး လစ်လပ်မှုများနှင့်လည်း ကြုံတွေ့နေရသည်။

သပိတ်မှောက်မှုတွင် ပါဝင်ရန် သမဂ္ဂအဖွဲ့ဝင် ဆေးဘက်ဝန်ထမ်းများ၊ အရေးပေါ် ဖုန်းလက်ခံ ဖြေဆိုသူများနှင့် လူနာတင်ယာဉ် ဝန်ထမ်းများပါ သဘောတူထားသည်ဟု Unison နှင့် Unite သမဂ္ဂများကလည်း အသီးသီး ထုတ်ပြန် ထားသည်။

တိုင်းပြည်အနေနှင့် စိန်ခေါ်မှုများသော ဆောင်းရာသီ ကာလနှင့် နီးကပ်လာချိန်တွင် ဝန်ထမ်းများမှ သပိတ်မှောက် ရန် ပြင်ဆင်နေမှုအတွက် စိတ်မကောင်း ဖြစ်မိသည်ဟု ဗြိတိန် ကျန်းမာရေးနှင့်လူမှုစောင့်ရှောက်ရေးဝန်ကြီး စတိဗ်ဘာကလေက ပြောသည်။

“ဘယ်လို အခြေအနေမျိုးမဆို လူနာတွေရဲ့ ဘေးကင်းရေးကို ထိန်းသိမ်းထားဖို့က ကျနော်တို့ရဲ့ ပထမဦးစားပေး အခြေအနေပါ။ NHS အနေနဲ့ ထိခိုက်မှုတွေကို လျှော့ချဖို့နဲ့ အရေးပေါ် ဝန်ဆောင်မှုတွေကို ဆက်လက် လုပ်ဆောင် သွားဖို့အတွက် ကြိုးစား ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ပြောသည်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပီလီကိုတွေ့ရစဉ် (talkSPORT)

ပီလီဆေးရုံတက်နေရပေမယ့် အရေးပေါ်မဟုတ်ဘူးလို့ သမီးဖြစ်သူပြော

By CNI
CNI
Category: အားကစား
Hits: 1504

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

ဘရာဇီးလ်ဂန္တဝင် ကစားသမား ပီလီဟာ ဆေးရုံတင်ထားရပေမယ့် အရေးပေါ် အခြေအနေမဟုတ်ဘူးလို့ သမီးဖြစ်သူက အတည်ပြု ပြောကြားလိုက်ပါတယ်။

နာစီမန်တိုက “ အဖေ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မီဒီယာမှာ အချက်ပေးသံတွေ အများကြီး ထွက်ပေါ်နေပါ တယ်။ သူ့ရဲ့ ဆေးဝါးကို ထိန်းညှိနိုင်ဖို့အတွက် ဆေးရုံတက်နေရပါတယ်။ အရေးပေါ် အခြေအနေ ဒါမှမဟုတ် ဆိုးရွားတဲ့ ခန့်မှန်းချက် အသစ်တွေတော့ မရှိပါဘူး။ နှစ်သစ်ကူးအတွက် ပုံတချို့ တင်မယ်ဆိုပြီး ကတိ ပေးထား ပါတယ်”လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ESPN Brazil က ပီလီကို အထွေထွေရောင်ရမ်းမှုနဲ့အတူ ဆော်ပေါ်လိုရှိ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ အခုနောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက သူ့ရဲ့ အူမကြီးမှာရှိတဲ့ အကျိတ်တခုကို ဖယ်ရှားခဲ့တာပါ။ အဲ့ဒီကတည်းက ပီလီဟာ ဆေးရုံမှာ ပုံမှန် ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလား ရစဉ်က ပီလီကိုတွေ့ရစဉ်(talkSPORT)

အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပီလီဟာ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေရှိနေပြီး သူ့ရဲ့ ဓာတုကုထုံး ကုသမှုဟာ မျှော်လင့်ထားတဲ့ အာနိသင် မရှိတာကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ESPN Brazil က ဖော်ပြခဲ့တာပါ။

ပီလီဟာ ဘရာဇီးလ်လက်ရွေးစင်အတွက် ၁၉၅၇ ကနေ ၁၉၇၁ အထိ ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၇၇ ဂိုး သွင်းယူကာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ပီလီဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူထားနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်း ဆုံး ကစားသမားတွေထဲက တဦးအဖြစ် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတာပါ။

လက်ရှိ ကျင်းပနေတဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း နောက်ထပ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ထပ်မံရယူဖို့ ပီလီက မျှော်လင့်ထားကြောင်း မကြားသေးခင်ကမှ ပြောထားပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ဆုဖလားကို ၂၀၀၂ က နောက်ဆုံး ရယူနိုင်ခဲ့ တာဖြစ်ပြီး လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရယူဖို့ ပစ်မှတ်ထားနေပါတယ်။

အခုအချိန်မှာတော့ ဘရာဇီးလ်အသင်းဟာ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်သို့ ဆေးဝါးတင်သွင်းခွင့် မရသေး

By CNI
CNI
Category: Watch TV
Hits: 1106

Share
Tweet
Share
Share
powered by social2s

ရခိုင်ပြည်နယ်တွင် ဆေးဝါးပြတ်လပ်လာနေ

By CNI
CNI
Category: Watch TV
Hits: 1096

Share
Tweet
Share
Share
powered by social2s
ဆေးဝါးများ ဝယ်ယူနေကြစဉ်

ရခိုင်ပြည်နယ်တွင် ဆေးဝါးပြတ်လပ်လာနေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 3734

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်သို့ ဆေးဝါးသယ်ဆောင်ခွင့်များကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တားမြစ်ထားခြင်းကြောင့် ဆေးဝါးလက်ကျန်များ နည်းပါးလာနေသလို တချို့သော ဆေးဝါးများသည် ပြတ်လပ်နေပြီဖြစ်ကြောင်း ရခိုင်ဒေသခံများ၊ ဆေးဝါးကုမ္ပဏီများနှင့် ဆေးဝါးတင်သွင်းသည့် ကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်သို့ မည်သည့် ဆေးအမျိုးအစားမှ တင်သွင်းခွင့် မရသည့်အတွက် လက်ကျန်ဆေးဝါးများကို ထိန်း၍ သောက်သုံးနေရကြောင်း၊ ငွေကြေးတတ်နိုင်သူများအနေဖြင့် ရေရှည်သောက်သုံး နေရသည့် ဆေးဝါးများကို ရန်ကုန်မြို့မှတဆင့် ဈေးနှုန်းကြီး ပေးဝယ်နေကြရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အကုန်လုံးကတော့ ပစ္စည်းပြတ်တဲ့ ဆေးဝါးတွေလည်း တော်တော်လေး များလာပြီပေါ့နော်။ လက်ကျန် ဆေးဝါးတွေနဲ့ပဲ ထိန်းထိန်းပြီးတော့ သုံးနေရတော့ တော်တော်လေး ပြတ်နေပြီဆိုတဲ့ အနေအထားတွေတော့ ရှိနေပါပြီ။ သက်ကြီးပိုင်းတွေ သောက်သုံးနေတဲ့ နှလုံးဆေးတို့၊ ဆီးချိုဆေးတို့၊ သွေးတိုးဆေးတို့ ဆိုရင်လည်း မရှိမဖြစ် တဲ့ အရာတွေဆိုတော့ တချို့တတ်နိုင်တဲ့ သူတွေကျတော့ သူ့ဟာသူ ရန်ကုန်ကနေ သူတို့အစီအစဉ်နဲ့ သူတို့ မှာကြ ပြီးတော့ ဒီလိုပဲ သူတို့မှာပြီးတော့ သောက်နေရတယ်။ ဈေးကြီး ပေးနေရတာပေါ့လေ” ဟု ပြောသည်။

ဆေးဆိုင် တစ်ဆိုင်တွင် ဆေးဝါးများ ဝယ်ယူနေကြစဉ်

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ရခိုင်ပြည်နယ်အတွင်း ဆေးဝါးလက်ကျန် နည်းပါးနေခြင်းကြောင့် ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းချုပ်မှတဆင့် ဆေးဝါးများ တင်သွင်းပြီး ဖြန့်ဖြူးပေးရန် ရခိုင်ပြည်နယ်မှ ဆေးကုမ္ပဏီများနှင့် ဆေးကုန်သည်များက တင်ပြတောင်းဆိုခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်ထိ ပြည်နယ် ကောင်စီထံမှ အကြောင်းကြားချက် မရရှိသေးကြောင်း ဆေးဝါးကုန်သည်များက ပြောသည်။

နေ့စဉ်သောက်သုံး နေရသည့် ဆေးဝါးများသာမက ရေရှည်သောက်သုံးနေရသည့် တီဘီဆေးများ၊ HIV ပိုးရှိသော လူနာများ သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်နေကြောင်း၊ ထို့ပြင် ဆေးရုံများနှင့် ဆေးခန်များတွင် အသုံးပြုနေသည့် ပိုးသတ်ဆေးများလည်း ပြတ်လပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးဝါးများ ပြတ်လပ်ခြင်းနှင့် ဆေးလက်ကျန်များ နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်လာကြောင်း ကျောက်တော်မြို့နယ်မှ ဒေသခံ မမြမြသိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆေးဝါးက ပြတ်တဲ့နေရာမှာ ပြတ်တာပေါ့လေ။ ဆေးဝါးက သယ်ခွင့်မှ မရှိတာ။ ၂ ဆလောက် တက်သွား တာပေါ့။ ဥပမာ ၅၀၀ နဲ့ ဝယ်နေရတဲ့ဟာဆိုရင် ၁၀၀၀ ပေါ့။ ၁၀၀၀ နဲ့ ဝယ်နေရတဲ့ဟာဆိုရင် ၂၀၀၀ ပေါ့ အဲလိုမျိုး ပေါ့။ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေတောင်မှ မေးခိုင်ကာကွယ်ဆေးတွေ ဘာတွေ မထိုးရဘူးလေ။ တီဘီဆေးတွေ ဆိုလည်း ပေးမသယ်ဘူးလေ။ ဆေးဆို ဘာမှ ပေးမသယ်ဘူး” ဟု ပြောသည်။

အေအေတပ်ဖွဲ့ကိုတွေ့ရစဉ် 

ပြည်သူများ အဆင်ပြေစေရန်အတွက် အရေးကြီးသည့် ဆေးဝါးများကို အုပ်စုလိုက် ခွဲခြား၍ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့် ပြုပေးစေလိုကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူတိုင်း အသုံးပြုနေကြရတဲ့ ဆေးဝါးတွေလည်း ရှိတယ်။ ပြီးရင် ကလေးတွေ သောက်သုံးနေတဲ့ ကလေး တွေအတွက် ဆေးတွေ ရှိတယ်။ ဆိုတော့ ဒီဆေးတွေအပေါ်မှာ တာဝန်ရှိတဲ့ သူတွေကတော့ စဉ်းစားပြီးတော့ ဒီဆေးတွေကတော့ ခွင့်ပြုချက်နဲ့ သွားပါ။ ဒီဆေးတွေကတော့ ခွင့်ပြုချက်မလိုဘဲ သွားပါ အဲလိုမျိုးလေးတွေ ကျနော်တို့ အုပ်စုလိုက် ခွဲပြီးတော့ ခွင့်ပြုပေးနိုင်မယ်ဆိုရင်တော့ တော်တော်လေး ပြည်သူတွေရော၊ ပြောမယ်ဆို ရင် ဒီဘက် ကုန်သည်တွေအတွက်ပါ တော်တော်လေး အဆင်ပြေသွားနိုင်တဲ့ အနေအထားတော့ ရှိပါတယ်ဗျ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းသို့ သွားရောက်သည် ရေလမ်း၊ ကုန်းလမ်းများကို ဖြတ်သန်း သွားလာခွင့် ကန့်သတ်ထားကြောင်း၊ အလားတူ ဆေးဝါးများ လွယ်လင့်တကူ သယ်ဆောင်ခွင့်ကိုလည်း ကန့်သတ် ထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်တွင် ဆေးဝါးလက်ကျန်နည်းနေ၊ သယ်ဆောင်ခွင့်ရရန် တောင်းခံထား

By CNI
CNI
Category: Watch TV
Hits: 1372

Share
Tweet
Share
Share
powered by social2s
ရန်ကုန်မြို့တွင် ဆေးဝါးပစ္စည်းများ ရောင်းချပေးနေစဉ်(ဓါတ်ပုံ-CNI/ပုံဟောင်း)

ရခိုင်တွင် ဆေးဝါးလက်ကျန်နည်းနေ၊ သယ်ဆောင်ခွင့်ရရန် တောင်းခံထား

By CNI
CNI
Category: ကျန်းမာရေး
Hits: 2795

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်အတွင်း ဆေးဝါးသယ်ဆောင်ခွင့်များကို ကန့်သတ်ထားခြင်းကြောင့် မြို့နယ်အများစုရှိ ဆေးဆိုင် များနှင့် ဆေးကုန်သည်များတွင် ဆေးဝါးလက်ကျန် အနည်းငယ်သာကျန်ရှိတော့သည့်အတွက် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတဆင့် ဆေးဝါးများကို သယ်ဆောင်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းခံထားသည်ဟု ကုန်သည်များထံမှ သိရသည်။

ယခုလက်ရှိတွင် ရေရှည်သောက်သုံးနေရသည့် ဆီးချို၊ သွေးချို၊ သွေးတိုးကဲ့သို့ ဆေးဝါးများမှာ ပြတ်လပ်နေသည် ဟု ရခိုင်မှ ဆေးဝါးကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့မှာလေ ဆေးက အရင်တုန်းက ပြည်နယ်ဝန်ကြီးဆီက စာမိန့်နဲ့ဆေးတွေ သယ်ယူခွင့်ပေးတယ်။ ကုမ္ပဏီက တရားဝင်ယူတဲ့ စာရှိတယ်ပေါ့နော်။ အခုနောက်ပိုင်းက အဲဒါတွေကို ကန့်သတ်လိုက်တဲ့အခါကျတော့ ကျနော်တို့ သယ်ယူလို့မရတော့ဘူးပေါ့။ အဲလိုဖြစ်နေတဲ့အခါကျတော့ အခုက ဆေးတွေကတော့ နည်းလာပြီ။ တချို့ဆေးတွေဆိုလို့ရှိရင် ဆီးချို၊ သွေးချိုပေါ့နော် ပြီးရင် သွေးတိုးဆေးတွေ long time သောက်ရတဲ့ဆေးတွေ ဆိုရင် ပြတ်လပ်သွားပြီ မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့ စားသုံးသူတွေနဲ့တဆင့် ဆေးဆိုင်တွေမှာလည်း နည်းလာပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဆေးတွေကို ထပ်အော်ဒါတင်တဲ့အခါကျတော့ ကျနော်တို့က မပေး နိုင်တော့ဘူး။ ဒီအချိန်မှာ မပေးနိုင်တော့ အဲဒါတွေက ကန့်သတ်ထားတဲ့ဟာတွေ ဆိုတော့ ကျနော်တို့က ပါမစ်နဲ့ များ လုပ်လို့ရမလားဆိုပြီးတော့ ကြည့်တဲ့အခါကျတော့ ကျနော်တို့နဲ့ ရခိုင်ဆေးလုပ်ငန်းရှင်တွေက ကုန်သည်စက်မှု အသင်းကို သွားပြီးတော့ အကူအညီတောင်းခံလိုက်တယ်။ ကျနော်တို့ဆီမှာ ရေရှည်သောက်နေရတဲ့ဆေးတွေ နည်းလာပြီ၊ တချို့ဆေးတွေက ပြတ်လပ်နေပြီဖြစ်တဲ့အတွက်ကြောင့် အရင်လိုပေါ့နော် တရားဝင်ပါမစ်နဲ့သော် လည်းကောင်း သယ်ယူခွင့်ရရှိဖို့အတွက်ကို ကူညီဆောင်ရွက်ပေးပါရန် ဆိုပြီးတော့ ကုန်သည်စက်မှုအသင်းကို အကြောင်းကြားစာလေးနဲ့ အကူအညီတောင်းခံထားပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့မှတဆင့် ဆေးဝါးများသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဝင်ရောက်ပြီး စစ်တွေမြို့မှတဆင့် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိသည့် မြို့များကို ဆက်လက် ဖြန့်ဖြူးကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ခု(ဓါတ်ပုံ-CNI)

လက်ရှိတွင် စစ်တွေမြို့သို့ ဝင်ရောက်မည့် ဆေးဝါးများကို ကန့်သတ်ထားသည့်အပြင် ကျန်ရှိသည့် မြို့နယ်များကို လည်း ဖြန့်ဝေခွင့်မရကြောင်း ဆေးဆိုင်များ၊ ဆေးကုန်သည်များနှင့် ဆေးလုပ်ငန်းရှင်များက ပြောသည်။

ဆေးကုန်သည်များနှင့် ဆေးဆိုင်ကြီးများက တင်သွင်းသည့် စာများ ရောက်ရှိသည့်အချိန်တွင် မြေပြင် အချက် အလက်များကို သေချာစစ်ဆေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“ဆေးဝါးတွေကတော့ လက်ရှိ ဆေးဝါးဖြန့်ချိရေးတွေလုပ်နေတဲ့ ကုမ္ပဏီရယ်၊ နောက်ပြီးတော့ ဆေးဆိုင်အကြီး တွေပေါ့လေ ဆေးဆိုင်အကြီးတွေကနေပြီးတော့ သူတို့ဆီမှာ ဆေးလက်ကျန်တွေက နည်းလာပြီဆိုပြီးတော့ ပြီးခဲ့တဲ့အပတ်ကတော့ ကျနော့်ကို နှုတ်အားဖြင့် လာပြီးတော့ ပြောကြတာရှိပါတယ်။ ဒါပေမယ့် ကျနော်သိထား သလောက်ကတော့ ဒီနေ့တော့ သူတို့ရဲ့စာတွေ အကုန်လုံး စုပြီးတော့ ကျနော်တို့အသင်းကို ဆေးဝါးသယ်ယူရေး ကိစ္စတွေမှာ အခက်အခဲရှိတဲ့ဟာလေးတွေကို ကူညီပေးပါဆိုပြီးတော့ ဒီနေ့တော့ စာတင်မယ်လို့တော့ ပြောပါ တယ်။လက်ရှိအချိန်ကတော့ သူတို့စာရောက်ပြီဆိုတော့မှပဲ ကျနော်တို့ကတော့ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် တွေဆီ ကျနော်တို့ အသင်းကနေတဆင့် ဒီဟာတွေကို ကျနော်တို့က အမှန်ကတယ် ဟုတ်ကောဟုတ်ရဲ့လား ဆိုတာကိုလည်း ကျနော်တို့ဘက်ကတော့ ပြန်ပြီးတော့ စစ်ဆေးရအုံးမှာ ကျနော်တို့အသင်းအနေနဲ့ကတော့။ သေချာပြီဆိုတော့မှ ကျနော်တို့ကလည်း အမြန်ဆုံး တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ဆက်လက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆီကို ကျနော်တို့က ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကူညီပေးဖို့အတွက် သူတို့ကို ဆက်ပြီးတော့ တင်ပြသွားမယ့် အစီအစဉ်လေးတွေတော့ ရှိပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်ချက်များကြောင့် ဆေးရုံသုံး ဆေးဝါးများအတွက် တင်ဒါအောင်ထားသည့် ကုမ္ပဏီများသည်လည်း ရခိုင်ပြည်နယ်သို့ အချိန်မီပို့ဆောင်ရန် အခက်အခဲဖြစ်နေကြောင်း၊ ပိုးသတ်ရန်အတွက် အသုံးပြုသည့် ဆေးဝါးများသည်လည်း ပြတ်လပ်နေကြောင်း သိရသည်။

ထို့နောက် တချို့သော ဆေးဝါးများသည် ဆေးလက်ကျန်နည်းပါးနေခြင်းကြောင့် ဈေးမြှင့်တင်ရောင်းချမှုများ မရှိစေရန် လိုသလောက် ရောင်းချခြင်းမပြုဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေရသည်ဟု ဆေးအရောင်း ဆိုင်များထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်း ကိုဗစ်ကန့်သတ်ချက် ပြန်ရုပ်သိမ်းခြင်းက မြန်မာရွှေ့ပြောင်းများအတွက် ကောင်းမွန်

By CNI
CNI
Category: Watch TV
Hits: 1336

Share
Tweet
Share
Share
powered by social2s
ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်ဂိတ်ပေါက်အဝင်နှင့် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များ

ထိုင်း ကိုဗစ်ကန့်သတ်ချက် ပြန်ရုပ်သိမ်းခြင်းက မြန်မာရွှေ့ပြောင်းများအတွက် ကောင်းမွန်

By CNI
CNI
Category: ကျန်းမာရေး
Hits: 3121

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

ထိုင်းနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားစဉ်ကာလကတည်းက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ကန့်သတ် ချက်များအား ပြန်လည်ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက ကိုဗစ်နှင့်ပတ်သက်၍ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ ကန့်သတ်ချက်များကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “အရင်ထက်စာရင် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအတွက် တစ်မြို့နဲ့တစ်မြို့ သွားလာရတာ လွယ်ကူတာပေါ့။ ကိုဗစ်ကာကွယ်ဆေးထိုးတာတွေ ပြစရာမလိုတော့ဘူး။ ကိုဗစ် စစ်တာတွေ လုပ်စရာမလိုတော့ဘူး။ အရင်ဆိုရင် ကျနော်တို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတစ်ယောက်အနေနဲ့ တစ်မြို့က တစ်မြို့ခရီးသွားမယ်ဆိုရင် ၂၄ နာရီအတွင်းမှာ ကိုဗစ်စစ်ထားတဲ့ စာရွက်တွေပါဖို့လိုတယ်။ နောက်ပြီး တော့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ စာရွက်တွေပါမှသာ ခရီးသွားလာလို့ရတယ်။ အခုလို ရုပ်သိမ်းလိုက်တဲ့ အခါ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အတွက် သွားလာရတာ အရင်ထက်ပိုပြီး အများကြီးလွယ်ကူမှုရှိတယ်။ အရင်ထက်ပိုပြီး အကျိူးရှိပါတယ်။ တစ်မြို့နဲ့ တစ်မြို့လည်း သွားလာရတာအဆင်ပြေတယ်။ လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ အလုပ်တွေ သတ်မှတ်တာလည်း အရင်ထက်စာရင် အများကြီး အဆင်ပြေလွယ်ကူမှုရှိသွားပါတယ်” ဟု CNI သို့ ပြောသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုမြင်ကွင်း

ယခင်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြို့နယ်တစ်ခုမှ တစ်ခုသို့ သွားသည့်အခါတွင် အခက်အခဲများဖြစ်သည့်အပြင် ကိုဗစ်စည်းမျဉ်းများအား ခုတုံးလုပ်၍ ထိုင်းရဲတို့၏ ငွေညှစ်ခံရခြင်းများလည်း ကြုံတွေ့ခဲ့ကြသဖြင့် ယခုကဲ့သို့ ကိုဗစ်ကန့်သတ်ချက်များအား ပြန်လည်ရုတ်သိမ်းလိုက်ခြင်းကြောင့် အဆိုပါ ကိစ္စရပ်များ လျော့နည်းသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ရွှေ့‌ပြောင်းလုပ်သားများအနေဖြင့် လုပ်ငန်းခွင်ပြောင်းခြင်း၊ အလုပ်ရှင် ပြောင်းလဲခြင်းများ လုပ်ဆောင် သည့်အခါတွင် ယခင်ထက် ပို၍ လွယ်ကူသွားကြောင်းနှင့် လက်ရှိ ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ထိုင်းကသူက စီးပွားရေးပြန်ပြီးတော့ဖွင့်တဲ့အခါကျတော့ အလုပ် အကိုင်အခွင့်အလမ်းက ပြန်ပြီးများလာတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် ခရီးသွားရာသီက ဒီ အောက်တိုဘာ မှ စတာကို ထိုင်းက သူ့ရဲ့ ၁ ဘီလီယံလို့ခေါ်တဲ့ ဒီနှစ်ကုန်မှာ ခရီးသွားရရမယ်ဆိုပြီး target ထားတယ်လေ။ အခု လောလောဆယ် ၆ သန်းလောက်ရနေပြီဆိုတော့ ကြိုးစားပြီးတော့လုပ်နေတယ်။ အဲဒီတော့ အဲဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေက အများကြီးဖြစ်လာတာပေါ့။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရွှေ့ပြောင်း အလုပ် သမားတွေအတွက်တော့ အလုပ်အကိုင်ရနိုင်တယ်။ နောက်ပြီးတော့ အခုလိုမျိုး ဖြေလျှော့ပေးလိုက်တဲ့အခါ ကျတော့ ပိုပြီးလွယ်ကူတာပေါ့။ လျှောက်ရပြုရတဲ့အခါမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွှားပြီးလုပ်လို့ရတဲ့အခါကျတော့ ဒါက အလုပ်သမားတွေအတွက်တော့ အရင်ကထက်စာရင် ကောင်းပါတယ်။ အလုပ်ရဖို့ အခွင့်အလမ်းပိုရတယ်” ဟု CNI သို့ ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကန့်သတ်ချက်များအား ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နယ်စပ်ဂိတ်များ မဖွင့်သေးသည့်အတွက် နေရပ်ပြန်၍ မရသေးကြောင်း သိရသည်။

 ထိုင်းလဝကအဝင် ပတ်စ်စပို့စစ်ဆေးနေစဉ်

လေကြောင်းဖြင့်ပြန်မည်ဆိုပါက ပတ်စပို့သက်တမ်း ၆ လခန့်ကျန်ရှိသေးသည့် သူများသာလျှင် ပြန်၍ရပြီး ပတ်စပို့သက်တမ်း ၆ လအောက် ကျန်ရှိသူများအနေဖြင့် လေကြောင်းလိုင်းဖြင့် နေရပ်ပြန်၍မရကြောင်းလည်း သိရသည်။

ထို့ကြောင့် နေရပ်ပြန်ချင်သဖြင့် တမင်အဖမ်းအဆီးခံပြီး ပြစ်ဒဏ်ကျခံကာ ငွေကြေးများပေး၍ နေရပ်ပြန်ပို့မည့် စာရင်းထဲသို့ ထည့်ခိုင်း၍ နေရပ်ပြန်ခြင်းနှင့် သောင်ရင်းမြစ်မှ လှေများဖြင့် ခိုး၍ နေရပ်ပြန်ကြခြင်းများ ရှိခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းကဲ့သို့ နေရပ်ပြန်နေသည့် မြန်မာများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက “အဓိကက သူတို့ ပိုင်ရာဆိုင်ရာတွေ၊ ဒီဘက်က လူတွေကလည်း ပိုက်ဆံယူတယ်။ ဟိုဘက်ကလူလည်း ပိုက်ဆံယူတာပေါ့။ အဓိကကတော့ ကယ်ရီချိတ်တာပေါ့။ ကယ်ရီချိတ်ပြီး လူတစ်ယောက်ကို ဘတ် ၃ ထောင်(မြန်မာငွေ ၂သိန်း ခုနှစ်သောင်းခန့်) ၄၅၀၀ အထိ ပေးပြီးတော့ ဟိုဘက်ကမ်းကို ကူးရတယ်။ အရင်တုန်းကဆိုရင် ဒီလိုကမ်းကူးတာက တရားဝင်ကူးတဲ့အချိန်တုန်းကဆိုရင် ဒါ ခွင့်ပြုတဲ့အချိန်တုန်းကဆို ဘတ် ၂၀ လောက်နဲ့ ကူးကြတာ။ သောင်းရင်းမြစ်က ခိုးပြန်တာများတယ်။ သောင်းရင်း မြစ်က ခိုးပြန်ရင် ဟိုဘက်ရောက်တာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်။ အဖမ်းခံပြီး ပြန်တဲ့အခါကျရင် ဟိုဘက်မှာ လည်း တစ်ရက်ကြာတာမျိုး၊ ၃ ရက် ကြာတာမျိုးပေါ့နော်။ ကိုဗစ်ကြောင့် မြန်မာနိုင်ငံဘက်က စောင့်ကြည့်တာမျိုး ကိုဗစ်စင်တာ ပို့လိုက်တာမျိုးတွေရှိတယ်” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ ကိုဗစ်ကန့်သတ်ချက်များအား ပြန်လည် ရုပ် သိမ်းလိုက်သည့် အတွက် လာရောက်လုပ်ကိုင်မည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် တရားမဝင်လမ်းကြောင်းအစား တရားဝင်လမ်းကြောင်းမှသာ လာရောက်ကြရန်လည်း အလုပ်သမားအရေးဆောင်ရွက်နေသူများက တိုက်တွန်း ပြောဆိုသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5
  • 6

Page 3 of 6

  1. You are here:  
  2. Home
  3. ကျန်းမာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar