CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ပြင်သစ် အသင်းသားများနဲ့ နည်းပြ ဒက်ချမ့်ပ်စ်ကို တွေ့ရစဉ် ( Sports Brief)

ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ပြင်သစ်လူစာရင်းမှာ တတိယမြောက် ဖျားနာမှုဖြစ်ပွား

By CNI
CNI
Category: အားကစား
Hits: 1156

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ကစားသမား ကိုးမန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းရဲ့ တတိယမြောက် ဖျားနာတဲ့သူ ဖြစ်လာခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။

ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဒီလေ့ကျင့်ရေး အစီအစဉ်မှာ ကိုးမန်း မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာလည်း ရာဘီယော့နဲ့ အူပါမီကာနိုတို့ဟာ ဖျားနာနေတာကြောင့် လေ့ကျင့်ရေး အစီအစဉ် မှာ မပါဝင်နိုင်ခဲ့တာပါ။ သူတို့ ၂ ဦးဟာ ကာတာနိုင်ငံရဲ့ လေအေးပေးစက်တွေကြောင့် ဖျားနာခဲ့တာဖြစ်ပြီး မော်ရိုကို နဲ့ပွဲမှာ အရန်စာရင်းမှာ ပါခဲ့ပေမယ့် အသုံးမပြုခဲ့ပါဘူး။

L’Equipe က ကိုးမန်းဟာ တုပ်ကွေးလက္ခဏာတွေ ခံစားရပြီးနောက် ဖျားနာသွားပြီလို့ အတည်ပြုပါတယ်။

ပြင်သစ်အသင်း ကစားသမားများကိုတွေ့ရစဉ် (News In France)

ဘိုင်ယန်မြူးနစ် ကစားသမားဟာ ဒီအခြေအနေကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်၊ အသင်းဖော်တွေနဲ့ နေ့လည်စာ စားသောက်မှုမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရာဘီယော့နဲ့ အူပါမီကာနိုတို့ကတော့ ဖျားနာမှုကနေ ပြန်လည် ကောင်းမွန်လာတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂရစ်ဇ်မန်း၊ ဂီရော့ဒ်နဲ့ ဘတ်ပီတို့ဟာ မော်ရိုကိုနဲ့ပွဲမှာ အသေးစား ဒဏ်ရာရခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဒဏ်ရာပြဿနာ မရှိဘဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ဒက်ချမ့်ပ်စ်က “ ကိုးမန်းက ဒီမနက်မှာ အဖျားရှိလာခဲ့ပါတယ်။ ဒိုဟာမှာ အပူချိန်အနည်းငယ် ကျသွားခဲ့ပေမယ့် လေအေးပေးစက်ကတော့ အချိန်တိုင်းကို ရှိနေတာပါ။ ကျနော်တို့မှာ တုပ်ကွေးလို လက္ခဏာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ဒါကို မပြန့်ပွားနိုင်အောင် သတိထားပြီး ကြိုးစားနေရပါတယ်။ ကစားသမားတွေဟာ ကွင်းထဲမှာ ပြင်းပြင်းထန်ထန် အားထုတ်ရလို့ သူတို့ရဲ့ ခုခံအားစနစ်တွေ ဆိုးရွားနေတယ်ဆိုတာကို သိပါတယ်”လို့ ပြောခဲ့ပါ တယ်။

ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ၂ ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်က ကျန်းမာရေး ၀န်ထမ်း တစ်ဦးနဲ့ တရုတ်အမျိုးသမီး နှစ်ဦးကိုတွေ့ရစဉ် (AP)

တရုတ်အစိုးရက ကိုဗစ် တင်းကြပ်မှုတချို့ကို ဖြေလျော့ပေး

By CNI
CNI
Category: ကျန်းမာရေး
Hits: 2974

CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၅

တရုတ်နိုင်ငံသည် ကမ္ဘာ့အတင်းကြပ်ဆုံး ဗိုင်ရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေး စည်းကမ်းတချို့ကို ဖြေလျော့ပေးခဲ့ပြီး မူကွဲများသည် ပို၍အားပျော့လာပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

သို့သော် လူသန်းပေါင်းများစွာကို နေအိမ်တွင်း ပိတ်လှောင်မှု ဖြစ်စေပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့သည့် Zero-COVID မဟာဗျူဟာကို အဆုံးသတ် လိုက်တော့မည်လား ဆိုသည်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။

တနင်္လာနေ့(ဒီဇင်ဘာ ၅ ရက်)က ဘေဂျင်းနှင့် ကျန်မြို့ အနည်းဆုံး ၁၆ မြို့မှ ခရီးသွားလာသူများသည် လပေါင်း များစွာအတွင်း ပထမဆုံးအဖြစ် လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဗိုင်းရပ်စ်နှင့်ပတ်သတ်သော စစ်ဆေးမှု တစ်စုံ တစ်ရာမရှိဘဲ ဘတ်စ်ကားများနှင့် မြေအောက်ရထားများကို ပြန်လည် စီးနင်းခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

ဂွမ်ဇူး အပါအဝင် စီးပွားရေး အချက်အချာ နေရာများ၌ ဈေးကွက်များနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကူးစက်မှုရှိနေသည့် နေရာတချို့မှလွဲ၍ ကျန်နေရာများတွင် ထိန်းချုပ်ထားမှုများကို ဖြေလျော့ ပေးခဲ့ပြီ ဖြစ်သည်။

တရုတ် မြို့ပြအတွင်းက အမျိုးသမီး တစ်ဦး လမ်းလျှောက်သွားနေစဉ် (AP)

ပြီးခဲ့သည့် သီတင်းပတ်တွင် တရုတ်အစိုးရက အသက် ၇၀ နှင့် ၈၀ ကျော် လူဦးရေး သန်းပေါင်းများစွာကို ကာကွယ်ဆေး ထိုးပေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

၎င်းက zero-COVID ဆိုင်ရာ တင်းကြပ်မှုများကို အဆုံးသတ်နိုင်ရေး အခြေအနေ တစ်ခုဖြစ်သော်လည်း နိုင်ငံတွင်း ခရီးသွား ဝင်ရောက်မှုအပြင် ကုန်ထုတ်လုပ်မှုနှင့် ကမ္ဘာ့ကုန်သွယ်ရေးတို့ကို ထိခိုက်စေခဲ့သည်။

သို့သော် ကာကွယ်ဆေးထိုးနှံခြင်းက zero-COVID လျှင်လျှင်မြန်မြန် အဆုံးသတ်ရေးအတွက် မျှော်လင့်ချက်များကို ရှင်သန်စေခဲ့သော်လည်း ကျန်းမာရေးနှင့်စီးပွားရေး ပညာရှင်များက ထိုသို့ ဖြစ်လာနိုင်ရန် ခက်ခဲဦးမည်ဟု သုံးသပ်သည်။

ကာကွယ်ဆေး ထိုးနှံမှု အရေအတွက် လုံလုံလောက်လောက် ရှိရန်နှင့် အလျင်အမြန် ရောဂါကူးစက်ခြင်းကို ကိုင်တွယ်ရန် ဆေးရုံများကို ပြင်ဆင်ထားရခြင်းမှာ ၂၀၂၃ ခုနှစ် အလယ်ပိုင်းနှင့် ၂၀၂၄ ခုနှစ်အတွင်းမှာ ဖြစ်လာနိုင် သည်ဟု သတိပေးသည်။

 တရုတ် ကိုဗစ် စစ်ဆေးနေစဉ် (AP)

အာဏာပိုင်များဘက်မှ ယခုကဲ့သို့ အလျော့ပေး လာရခြင်းမှာ ပြည်သူများ၏ zero COVID အဆုံးသတ်ရေး ဆန္ဒပြ တောင်းဆိုမှုများ နောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တရုတ်ပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှုများကြောင့် ကွာရန်တင်းနှင့် အခြားသော တင်းကြပ်မှုများကို ဖြေလျော့ ခြင်းဖြင့် မတည်ငြိမ်မှုများကို အဆုံးသတ်သွားမည်ဟု ကွန်မြူနစ်ပါတီဘက်က အစောပိုင်းတွင် ကတိပြုခဲ့သည်။ ယခုကဲ့သို့ အာဏာပိုင်များဘက်မှ သဘောထား ပျော့ပြောင်း လာရခြင်းမှာ ပြည်သူများ၏ အမျက်ဒေါသကို ဖြေလျော့ရန် ကြိုးပမ်းမှု ဖြစ်သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ဖြေလျော့မှုများနှင့် ဆန္ဒပြပွဲများအကြား ဆက်စပ်နေမှုကို ဖော်ပြသည့် ထင်ရှားသော ညွှန်းဆိုချက်မျိုးကိုတော့ မတွေ့ရသေးပေ။

တရုတ်နိုင်ငံသည် ကိုဗစ် အခြေအနေများမှ ရုန်းထွက်ရန် ကြိုးပမ်းနေရဆဲဖြစ်သည့် တစ်ခုတည်းသော ကမ္ဘာ့ အင်အားကြီး နိုင်ငံလည်း ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်က လူနာတင်ယာဉ်ဝန်ထမ်းများနဲ့ ကားများကိုတွေ့ရစဉ် (GETTY IMAGES)

ဗြိတိန်တွင် လူနာတင်ယာဉ်ဝန်ထမ်းများ သပိတ်မှောက်ရန် ပြင်ဆင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1028

CNI International News

လန်ဒန်၊ ဒီဇင်ဘာ ၁

မတူညီသည့် ကျန်းမာရေးသမဂ္ဂ ၃ ခုကို ကိုယ်စားပြုသော လူနာတင်ယာဉ်ဝန်ထမ်း ထောင်ပေါင်းများစွာက သပိတ်မှောက်ရန် ပြင်ဆင်နေကြောင်း CNA သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့မှုကြောင့် ဗြိတန်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ဒီဇင်ဘာလ တွင် အခက်အခဲများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

လစာနှင့်လုပ်ငန်းခွင် အခြေအနေများအပေါ် မကျေနပ်မှုများကြောင့် ဝန်ထမ်းများဘက်က သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သပိတ်မှောက်ရန်အဆိုကို အင်္ဂလန်နှင့်ဝေလနယ်များမှ လူနာတင်ယာဉ် ဝန်ထမ်း ၁၀၀၀၀ ကျော်တို့က ထောက်ခံ ခဲ့သည်ဟု GMB သမဂ္ဂက ထုတ်ပြန်ခဲ့သလို Unite နှင့် Unison သမဂ္ဂအဖွဲ့ဝင်များကလည်း သပိတ်မှောက်ရန် အဆိုကို လက်ခံသည်။

ဗြိတိန်နိုင်ငံ၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု(NHS)သည် ယခု ဆောင်းရာသီ ကာလတွင် မမျှော်လင့်ထား သော သပိတ်မှောက် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရဖို့ရှိနေပြီး သူနာပြုပေါင်း ၁၀၀၀၀၀ နီးပါးက ဒီဇင်ဘာ ၁၅ ရက် နှင့် ၂၀ ရက်တို့တွင် သပိတ်မှောက်ရန် စီစဉ်ထားသည်။

 ဗြိတိန်က လူနာတင်ယာဉ်များဘေးက အမျိုးသားတစ်ဦးကိုတွေ့ရစဉ် (Reuters)

အဆိုပါ သပိတ်မှောက်မည့် အခြေအနေသည် နှစ်ပေါင်း ၁၀၀ သမိုင်းကြောင်းအတွင်း ပထမဆုံး အကြိမ်လဲ ဖြစ်သည်။

“အဖွဲ့ဝင်တိုင်းက ဒီကိစ္စကို အလေးအနက် ထားကြပါတယ်။ ဒါဟာသူတို့ လက်ရှိ အခြေအနေတွေအပေါ် ဘယ်လောက် စိတ်ပျက်နေလဲဆိုတာ မြင်သာပါတယ်။ ဒါဟာ ဝန်ထမ်းတွေ၊ လူနာတွေရဲ့ ဘေးကင်းရေးအပြင် အကျိုးခံစားခွင့်နဲ့လည်း သက်ဆိုင်နေပါတယ်။ ကျနော်တို့ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်ပြီး ဒီလိုမှ မဟုတ်ရင် အားလုံးပျက်စီးသွားပါလိမ့်မယ်” လို့ GMB သမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်သူ ရေချယ်ဟယ်ရစ်ဆင်က ပြောသည်။

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ် ပေါ်ပေါက်နေချိန်တွင် ဗြိတိန်နိုင်ငံအတွင်း ယခုနှစ်၌ ငွေကြေး ဖောင်းပွမှု နှုန်း မြင့်တက်လာကာ လူနေမှု ကုန်ကျစရိတ်ဆိုင်ရာ ပြဿနာများ ရှိလာသည်။

ခရစ္စမတ် မတိုင်ခင် သပိတ်မှောက်မည့်နေ့ကို လာမည့် ရက်များအတွင်း သတ်မှတ်သွားမည်ဟု GMB က ပြော သည်။

ဗြိတိန်က NHS ကိုတွေ့ရစဉ် (GETTY IMAGES)

၁၉၄၈ ခုနှစ်မှ စတင်ကာ ဗြိတိန်တွင် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သော NHS သည် ကိုဗစ်ဖြစ်စဉ် ကြောင့် စံချိန်တင် လူနာ အရေအတွက် မြင့်တက်မှုနှင့်ရင်ဆိုင်ခဲ့ရသလို ဝန်ထမ်းများ၏ သပိတ်မှောက်မှုကြောင့် ရာထူး လစ်လပ်မှုများနှင့်လည်း ကြုံတွေ့နေရသည်။

သပိတ်မှောက်မှုတွင် ပါဝင်ရန် သမဂ္ဂအဖွဲ့ဝင် ဆေးဘက်ဝန်ထမ်းများ၊ အရေးပေါ် ဖုန်းလက်ခံ ဖြေဆိုသူများနှင့် လူနာတင်ယာဉ် ဝန်ထမ်းများပါ သဘောတူထားသည်ဟု Unison နှင့် Unite သမဂ္ဂများကလည်း အသီးသီး ထုတ်ပြန် ထားသည်။

တိုင်းပြည်အနေနှင့် စိန်ခေါ်မှုများသော ဆောင်းရာသီ ကာလနှင့် နီးကပ်လာချိန်တွင် ဝန်ထမ်းများမှ သပိတ်မှောက် ရန် ပြင်ဆင်နေမှုအတွက် စိတ်မကောင်း ဖြစ်မိသည်ဟု ဗြိတိန် ကျန်းမာရေးနှင့်လူမှုစောင့်ရှောက်ရေးဝန်ကြီး စတိဗ်ဘာကလေက ပြောသည်။

“ဘယ်လို အခြေအနေမျိုးမဆို လူနာတွေရဲ့ ဘေးကင်းရေးကို ထိန်းသိမ်းထားဖို့က ကျနော်တို့ရဲ့ ပထမဦးစားပေး အခြေအနေပါ။ NHS အနေနဲ့ ထိခိုက်မှုတွေကို လျှော့ချဖို့နဲ့ အရေးပေါ် ဝန်ဆောင်မှုတွေကို ဆက်လက် လုပ်ဆောင် သွားဖို့အတွက် ကြိုးစား ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက ပြောသည်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပီလီကိုတွေ့ရစဉ် (talkSPORT)

ပီလီဆေးရုံတက်နေရပေမယ့် အရေးပေါ်မဟုတ်ဘူးလို့ သမီးဖြစ်သူပြော

By CNI
CNI
Category: အားကစား
Hits: 1055

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁

ဘရာဇီးလ်ဂန္တဝင် ကစားသမား ပီလီဟာ ဆေးရုံတင်ထားရပေမယ့် အရေးပေါ် အခြေအနေမဟုတ်ဘူးလို့ သမီးဖြစ်သူက အတည်ပြု ပြောကြားလိုက်ပါတယ်။

နာစီမန်တိုက “ အဖေ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မီဒီယာမှာ အချက်ပေးသံတွေ အများကြီး ထွက်ပေါ်နေပါ တယ်။ သူ့ရဲ့ ဆေးဝါးကို ထိန်းညှိနိုင်ဖို့အတွက် ဆေးရုံတက်နေရပါတယ်။ အရေးပေါ် အခြေအနေ ဒါမှမဟုတ် ဆိုးရွားတဲ့ ခန့်မှန်းချက် အသစ်တွေတော့ မရှိပါဘူး။ နှစ်သစ်ကူးအတွက် ပုံတချို့ တင်မယ်ဆိုပြီး ကတိ ပေးထား ပါတယ်”လို့ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ESPN Brazil က ပီလီကို အထွေထွေရောင်ရမ်းမှုနဲ့အတူ ဆော်ပေါ်လိုရှိ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပီလီဟာ အခုနောက်ပိုင်းနှစ်တွေမှာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတုန်းက သူ့ရဲ့ အူမကြီးမှာရှိတဲ့ အကျိတ်တခုကို ဖယ်ရှားခဲ့တာပါ။ အဲ့ဒီကတည်းက ပီလီဟာ ဆေးရုံမှာ ပုံမှန် ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်း ကမ္ဘာ့ဖလား ရစဉ်က ပီလီကိုတွေ့ရစဉ်(talkSPORT)

အသက် ၈၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ပီလီဟာ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေရှိနေပြီး သူ့ရဲ့ ဓာတုကုထုံး ကုသမှုဟာ မျှော်လင့်ထားတဲ့ အာနိသင် မရှိတာကြောင့် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ESPN Brazil က ဖော်ပြခဲ့တာပါ။

ပီလီဟာ ဘရာဇီးလ်လက်ရွေးစင်အတွက် ၁၉၅၇ ကနေ ၁၉၇၁ အထိ ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၇၇ ဂိုး သွင်းယူကာ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ပီလီဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ် ရယူထားနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်း ဆုံး ကစားသမားတွေထဲက တဦးအဖြစ် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတာပါ။

လက်ရှိ ကျင်းပနေတဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း နောက်ထပ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ထပ်မံရယူဖို့ ပီလီက မျှော်လင့်ထားကြောင်း မကြားသေးခင်ကမှ ပြောထားပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၅ ကြိမ် ရရှိထားတဲ့ ဘရာဇီးလ်အသင်းဟာ ဆုဖလားကို ၂၀၀၂ က နောက်ဆုံး ရယူနိုင်ခဲ့ တာဖြစ်ပြီး လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆုဖလားရယူဖို့ ပစ်မှတ်ထားနေပါတယ်။

အခုအချိန်မှာတော့ ဘရာဇီးလ်အသင်းဟာ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်သို့ ဆေးဝါးတင်သွင်းခွင့် မရသေး

By CNI
CNI
Category: Watch TV
Hits: 820

Share
Tweet
Share
Share
powered by social2s

ရခိုင်ပြည်နယ်တွင် ဆေးဝါးပြတ်လပ်လာနေ

By CNI
CNI
Category: Watch TV
Hits: 797

Share
Tweet
Share
Share
powered by social2s
ဆေးဝါးများ ဝယ်ယူနေကြစဉ်

ရခိုင်ပြည်နယ်တွင် ဆေးဝါးပြတ်လပ်လာနေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 3346

CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်သို့ ဆေးဝါးသယ်ဆောင်ခွင့်များကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တားမြစ်ထားခြင်းကြောင့် ဆေးဝါးလက်ကျန်များ နည်းပါးလာနေသလို တချို့သော ဆေးဝါးများသည် ပြတ်လပ်နေပြီဖြစ်ကြောင်း ရခိုင်ဒေသခံများ၊ ဆေးဝါးကုမ္ပဏီများနှင့် ဆေးဝါးတင်သွင်းသည့် ကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်သို့ မည်သည့် ဆေးအမျိုးအစားမှ တင်သွင်းခွင့် မရသည့်အတွက် လက်ကျန်ဆေးဝါးများကို ထိန်း၍ သောက်သုံးနေရကြောင်း၊ ငွေကြေးတတ်နိုင်သူများအနေဖြင့် ရေရှည်သောက်သုံး နေရသည့် ဆေးဝါးများကို ရန်ကုန်မြို့မှတဆင့် ဈေးနှုန်းကြီး ပေးဝယ်နေကြရကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အကုန်လုံးကတော့ ပစ္စည်းပြတ်တဲ့ ဆေးဝါးတွေလည်း တော်တော်လေး များလာပြီပေါ့နော်။ လက်ကျန် ဆေးဝါးတွေနဲ့ပဲ ထိန်းထိန်းပြီးတော့ သုံးနေရတော့ တော်တော်လေး ပြတ်နေပြီဆိုတဲ့ အနေအထားတွေတော့ ရှိနေပါပြီ။ သက်ကြီးပိုင်းတွေ သောက်သုံးနေတဲ့ နှလုံးဆေးတို့၊ ဆီးချိုဆေးတို့၊ သွေးတိုးဆေးတို့ ဆိုရင်လည်း မရှိမဖြစ် တဲ့ အရာတွေဆိုတော့ တချို့တတ်နိုင်တဲ့ သူတွေကျတော့ သူ့ဟာသူ ရန်ကုန်ကနေ သူတို့အစီအစဉ်နဲ့ သူတို့ မှာကြ ပြီးတော့ ဒီလိုပဲ သူတို့မှာပြီးတော့ သောက်နေရတယ်။ ဈေးကြီး ပေးနေရတာပေါ့လေ” ဟု ပြောသည်။

ဆေးဆိုင် တစ်ဆိုင်တွင် ဆေးဝါးများ ဝယ်ယူနေကြစဉ်

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က ရခိုင်ပြည်နယ်အတွင်း ဆေးဝါးလက်ကျန် နည်းပါးနေခြင်းကြောင့် ရခိုင်ပြည်နယ် ကုန်သည်ကြီးများအသင်းချုပ်မှတဆင့် ဆေးဝါးများ တင်သွင်းပြီး ဖြန့်ဖြူးပေးရန် ရခိုင်ပြည်နယ်မှ ဆေးကုမ္ပဏီများနှင့် ဆေးကုန်သည်များက တင်ပြတောင်းဆိုခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်ထိ ပြည်နယ် ကောင်စီထံမှ အကြောင်းကြားချက် မရရှိသေးကြောင်း ဆေးဝါးကုန်သည်များက ပြောသည်။

နေ့စဉ်သောက်သုံး နေရသည့် ဆေးဝါးများသာမက ရေရှည်သောက်သုံးနေရသည့် တီဘီဆေးများ၊ HIV ပိုးရှိသော လူနာများ သောက်သုံးနေရသည့် ဆေးဝါးများ ပြတ်လပ်နေကြောင်း၊ ထို့ပြင် ဆေးရုံများနှင့် ဆေးခန်များတွင် အသုံးပြုနေသည့် ပိုးသတ်ဆေးများလည်း ပြတ်လပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆေးဝါးများ ပြတ်လပ်ခြင်းနှင့် ဆေးလက်ကျန်များ နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ ၂ ဆခန့် မြင့်တက်လာကြောင်း ကျောက်တော်မြို့နယ်မှ ဒေသခံ မမြမြသိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဆေးဝါးက ပြတ်တဲ့နေရာမှာ ပြတ်တာပေါ့လေ။ ဆေးဝါးက သယ်ခွင့်မှ မရှိတာ။ ၂ ဆလောက် တက်သွား တာပေါ့။ ဥပမာ ၅၀၀ နဲ့ ဝယ်နေရတဲ့ဟာဆိုရင် ၁၀၀၀ ပေါ့။ ၁၀၀၀ နဲ့ ဝယ်နေရတဲ့ဟာဆိုရင် ၂၀၀၀ ပေါ့ အဲလိုမျိုး ပေါ့။ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေတောင်မှ မေးခိုင်ကာကွယ်ဆေးတွေ ဘာတွေ မထိုးရဘူးလေ။ တီဘီဆေးတွေ ဆိုလည်း ပေးမသယ်ဘူးလေ။ ဆေးဆို ဘာမှ ပေးမသယ်ဘူး” ဟု ပြောသည်။

အေအေတပ်ဖွဲ့ကိုတွေ့ရစဉ် 

ပြည်သူများ အဆင်ပြေစေရန်အတွက် အရေးကြီးသည့် ဆေးဝါးများကို အုပ်စုလိုက် ခွဲခြား၍ ခွင့်ပြုချက်ဖြင့် တင်သွင်းခွင့် ပြုပေးစေလိုကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူတိုင်း အသုံးပြုနေကြရတဲ့ ဆေးဝါးတွေလည်း ရှိတယ်။ ပြီးရင် ကလေးတွေ သောက်သုံးနေတဲ့ ကလေး တွေအတွက် ဆေးတွေ ရှိတယ်။ ဆိုတော့ ဒီဆေးတွေအပေါ်မှာ တာဝန်ရှိတဲ့ သူတွေကတော့ စဉ်းစားပြီးတော့ ဒီဆေးတွေကတော့ ခွင့်ပြုချက်နဲ့ သွားပါ။ ဒီဆေးတွေကတော့ ခွင့်ပြုချက်မလိုဘဲ သွားပါ အဲလိုမျိုးလေးတွေ ကျနော်တို့ အုပ်စုလိုက် ခွဲပြီးတော့ ခွင့်ပြုပေးနိုင်မယ်ဆိုရင်တော့ တော်တော်လေး ပြည်သူတွေရော၊ ပြောမယ်ဆို ရင် ဒီဘက် ကုန်သည်တွေအတွက်ပါ တော်တော်လေး အဆင်ပြေသွားနိုင်တဲ့ အနေအထားတော့ ရှိပါတယ်ဗျ” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှ မြောက်ပိုင်းသို့ သွားရောက်သည် ရေလမ်း၊ ကုန်းလမ်းများကို ဖြတ်သန်း သွားလာခွင့် ကန့်သတ်ထားကြောင်း၊ အလားတူ ဆေးဝါးများ လွယ်လင့်တကူ သယ်ဆောင်ခွင့်ကိုလည်း ကန့်သတ် ထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်တွင် ဆေးဝါးလက်ကျန်နည်းနေ၊ သယ်ဆောင်ခွင့်ရရန် တောင်းခံထား

By CNI
CNI
Category: Watch TV
Hits: 1042

Share
Tweet
Share
Share
powered by social2s
ရန်ကုန်မြို့တွင် ဆေးဝါးပစ္စည်းများ ရောင်းချပေးနေစဉ်(ဓါတ်ပုံ-CNI/ပုံဟောင်း)

ရခိုင်တွင် ဆေးဝါးလက်ကျန်နည်းနေ၊ သယ်ဆောင်ခွင့်ရရန် တောင်းခံထား

By CNI
CNI
Category: ကျန်းမာရေး
Hits: 2385

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်အတွင်း ဆေးဝါးသယ်ဆောင်ခွင့်များကို ကန့်သတ်ထားခြင်းကြောင့် မြို့နယ်အများစုရှိ ဆေးဆိုင် များနှင့် ဆေးကုန်သည်များတွင် ဆေးဝါးလက်ကျန် အနည်းငယ်သာကျန်ရှိတော့သည့်အတွက် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတဆင့် ဆေးဝါးများကို သယ်ဆောင်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းခံထားသည်ဟု ကုန်သည်များထံမှ သိရသည်။

ယခုလက်ရှိတွင် ရေရှည်သောက်သုံးနေရသည့် ဆီးချို၊ သွေးချို၊ သွေးတိုးကဲ့သို့ ဆေးဝါးများမှာ ပြတ်လပ်နေသည် ဟု ရခိုင်မှ ဆေးဝါးကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့မှာလေ ဆေးက အရင်တုန်းက ပြည်နယ်ဝန်ကြီးဆီက စာမိန့်နဲ့ဆေးတွေ သယ်ယူခွင့်ပေးတယ်။ ကုမ္ပဏီက တရားဝင်ယူတဲ့ စာရှိတယ်ပေါ့နော်။ အခုနောက်ပိုင်းက အဲဒါတွေကို ကန့်သတ်လိုက်တဲ့အခါကျတော့ ကျနော်တို့ သယ်ယူလို့မရတော့ဘူးပေါ့။ အဲလိုဖြစ်နေတဲ့အခါကျတော့ အခုက ဆေးတွေကတော့ နည်းလာပြီ။ တချို့ဆေးတွေဆိုလို့ရှိရင် ဆီးချို၊ သွေးချိုပေါ့နော် ပြီးရင် သွေးတိုးဆေးတွေ long time သောက်ရတဲ့ဆေးတွေ ဆိုရင် ပြတ်လပ်သွားပြီ မရှိတော့ဘူး။ မရှိတော့တဲ့အခါကျတော့ စားသုံးသူတွေနဲ့တဆင့် ဆေးဆိုင်တွေမှာလည်း နည်းလာပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဆေးတွေကို ထပ်အော်ဒါတင်တဲ့အခါကျတော့ ကျနော်တို့က မပေး နိုင်တော့ဘူး။ ဒီအချိန်မှာ မပေးနိုင်တော့ အဲဒါတွေက ကန့်သတ်ထားတဲ့ဟာတွေ ဆိုတော့ ကျနော်တို့က ပါမစ်နဲ့ များ လုပ်လို့ရမလားဆိုပြီးတော့ ကြည့်တဲ့အခါကျတော့ ကျနော်တို့နဲ့ ရခိုင်ဆေးလုပ်ငန်းရှင်တွေက ကုန်သည်စက်မှု အသင်းကို သွားပြီးတော့ အကူအညီတောင်းခံလိုက်တယ်။ ကျနော်တို့ဆီမှာ ရေရှည်သောက်နေရတဲ့ဆေးတွေ နည်းလာပြီ၊ တချို့ဆေးတွေက ပြတ်လပ်နေပြီဖြစ်တဲ့အတွက်ကြောင့် အရင်လိုပေါ့နော် တရားဝင်ပါမစ်နဲ့သော် လည်းကောင်း သယ်ယူခွင့်ရရှိဖို့အတွက်ကို ကူညီဆောင်ရွက်ပေးပါရန် ဆိုပြီးတော့ ကုန်သည်စက်မှုအသင်းကို အကြောင်းကြားစာလေးနဲ့ အကူအညီတောင်းခံထားပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့မှတဆင့် ဆေးဝါးများသည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဝင်ရောက်ပြီး စစ်တွေမြို့မှတဆင့် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိသည့် မြို့များကို ဆက်လက် ဖြန့်ဖြူးကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဆေးဆိုင်တစ်ခု(ဓါတ်ပုံ-CNI)

လက်ရှိတွင် စစ်တွေမြို့သို့ ဝင်ရောက်မည့် ဆေးဝါးများကို ကန့်သတ်ထားသည့်အပြင် ကျန်ရှိသည့် မြို့နယ်များကို လည်း ဖြန့်ဝေခွင့်မရကြောင်း ဆေးဆိုင်များ၊ ဆေးကုန်သည်များနှင့် ဆေးလုပ်ငန်းရှင်များက ပြောသည်။

ဆေးကုန်သည်များနှင့် ဆေးဆိုင်ကြီးများက တင်သွင်းသည့် စာများ ရောက်ရှိသည့်အချိန်တွင် မြေပြင် အချက် အလက်များကို သေချာစစ်ဆေးပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

“ဆေးဝါးတွေကတော့ လက်ရှိ ဆေးဝါးဖြန့်ချိရေးတွေလုပ်နေတဲ့ ကုမ္ပဏီရယ်၊ နောက်ပြီးတော့ ဆေးဆိုင်အကြီး တွေပေါ့လေ ဆေးဆိုင်အကြီးတွေကနေပြီးတော့ သူတို့ဆီမှာ ဆေးလက်ကျန်တွေက နည်းလာပြီဆိုပြီးတော့ ပြီးခဲ့တဲ့အပတ်ကတော့ ကျနော့်ကို နှုတ်အားဖြင့် လာပြီးတော့ ပြောကြတာရှိပါတယ်။ ဒါပေမယ့် ကျနော်သိထား သလောက်ကတော့ ဒီနေ့တော့ သူတို့ရဲ့စာတွေ အကုန်လုံး စုပြီးတော့ ကျနော်တို့အသင်းကို ဆေးဝါးသယ်ယူရေး ကိစ္စတွေမှာ အခက်အခဲရှိတဲ့ဟာလေးတွေကို ကူညီပေးပါဆိုပြီးတော့ ဒီနေ့တော့ စာတင်မယ်လို့တော့ ပြောပါ တယ်။လက်ရှိအချိန်ကတော့ သူတို့စာရောက်ပြီဆိုတော့မှပဲ ကျနော်တို့ကတော့ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် တွေဆီ ကျနော်တို့ အသင်းကနေတဆင့် ဒီဟာတွေကို ကျနော်တို့က အမှန်ကတယ် ဟုတ်ကောဟုတ်ရဲ့လား ဆိုတာကိုလည်း ကျနော်တို့ဘက်ကတော့ ပြန်ပြီးတော့ စစ်ဆေးရအုံးမှာ ကျနော်တို့အသင်းအနေနဲ့ကတော့။ သေချာပြီဆိုတော့မှ ကျနော်တို့ကလည်း အမြန်ဆုံး တစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ဆက်လက်ပြီးတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆီကို ကျနော်တို့က ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကူညီပေးဖို့အတွက် သူတို့ကို ဆက်ပြီးတော့ တင်ပြသွားမယ့် အစီအစဉ်လေးတွေတော့ ရှိပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်ချက်များကြောင့် ဆေးရုံသုံး ဆေးဝါးများအတွက် တင်ဒါအောင်ထားသည့် ကုမ္ပဏီများသည်လည်း ရခိုင်ပြည်နယ်သို့ အချိန်မီပို့ဆောင်ရန် အခက်အခဲဖြစ်နေကြောင်း၊ ပိုးသတ်ရန်အတွက် အသုံးပြုသည့် ဆေးဝါးများသည်လည်း ပြတ်လပ်နေကြောင်း သိရသည်။

ထို့နောက် တချို့သော ဆေးဝါးများသည် ဆေးလက်ကျန်နည်းပါးနေခြင်းကြောင့် ဈေးမြှင့်တင်ရောင်းချမှုများ မရှိစေရန် လိုသလောက် ရောင်းချခြင်းမပြုဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချနေရသည်ဟု ဆေးအရောင်း ဆိုင်များထံမှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်း ကိုဗစ်ကန့်သတ်ချက် ပြန်ရုပ်သိမ်းခြင်းက မြန်မာရွှေ့ပြောင်းများအတွက် ကောင်းမွန်

By CNI
CNI
Category: Watch TV
Hits: 1032

Share
Tweet
Share
Share
powered by social2s
ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ နယ်စပ်ဂိတ်ပေါက်အဝင်နှင့် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်များ

ထိုင်း ကိုဗစ်ကန့်သတ်ချက် ပြန်ရုပ်သိမ်းခြင်းက မြန်မာရွှေ့ပြောင်းများအတွက် ကောင်းမွန်

By CNI
CNI
Category: ကျန်းမာရေး
Hits: 2559

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆

ထိုင်းနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားစဉ်ကာလကတည်းက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ကန့်သတ် ချက်များအား ပြန်လည်ရုပ်သိမ်းလိုက်ခြင်းသည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ကောင်းမွန်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက ကိုဗစ်နှင့်ပတ်သက်၍ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ ကန့်သတ်ချက်များကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက “အရင်ထက်စာရင် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအတွက် တစ်မြို့နဲ့တစ်မြို့ သွားလာရတာ လွယ်ကူတာပေါ့။ ကိုဗစ်ကာကွယ်ဆေးထိုးတာတွေ ပြစရာမလိုတော့ဘူး။ ကိုဗစ် စစ်တာတွေ လုပ်စရာမလိုတော့ဘူး။ အရင်ဆိုရင် ကျနော်တို့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတစ်ယောက်အနေနဲ့ တစ်မြို့က တစ်မြို့ခရီးသွားမယ်ဆိုရင် ၂၄ နာရီအတွင်းမှာ ကိုဗစ်စစ်ထားတဲ့ စာရွက်တွေပါဖို့လိုတယ်။ နောက်ပြီး တော့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ စာရွက်တွေပါမှသာ ခရီးသွားလာလို့ရတယ်။ အခုလို ရုပ်သိမ်းလိုက်တဲ့ အခါ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ အတွက် သွားလာရတာ အရင်ထက်ပိုပြီး အများကြီးလွယ်ကူမှုရှိတယ်။ အရင်ထက်ပိုပြီး အကျိူးရှိပါတယ်။ တစ်မြို့နဲ့ တစ်မြို့လည်း သွားလာရတာအဆင်ပြေတယ်။ လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ အလုပ်တွေ သတ်မှတ်တာလည်း အရင်ထက်စာရင် အများကြီး အဆင်ပြေလွယ်ကူမှုရှိသွားပါတယ်” ဟု CNI သို့ ပြောသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုမြင်ကွင်း

ယခင်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြို့နယ်တစ်ခုမှ တစ်ခုသို့ သွားသည့်အခါတွင် အခက်အခဲများဖြစ်သည့်အပြင် ကိုဗစ်စည်းမျဉ်းများအား ခုတုံးလုပ်၍ ထိုင်းရဲတို့၏ ငွေညှစ်ခံရခြင်းများလည်း ကြုံတွေ့ခဲ့ကြသဖြင့် ယခုကဲ့သို့ ကိုဗစ်ကန့်သတ်ချက်များအား ပြန်လည်ရုတ်သိမ်းလိုက်ခြင်းကြောင့် အဆိုပါ ကိစ္စရပ်များ လျော့နည်းသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ရွှေ့‌ပြောင်းလုပ်သားများအနေဖြင့် လုပ်ငန်းခွင်ပြောင်းခြင်း၊ အလုပ်ရှင် ပြောင်းလဲခြင်းများ လုပ်ဆောင် သည့်အခါတွင် ယခင်ထက် ပို၍ လွယ်ကူသွားကြောင်းနှင့် လက်ရှိ ခရီးသွားလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာကြောင်း သိရသည်။

FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ထိုင်းကသူက စီးပွားရေးပြန်ပြီးတော့ဖွင့်တဲ့အခါကျတော့ အလုပ် အကိုင်အခွင့်အလမ်းက ပြန်ပြီးများလာတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် ခရီးသွားရာသီက ဒီ အောက်တိုဘာ မှ စတာကို ထိုင်းက သူ့ရဲ့ ၁ ဘီလီယံလို့ခေါ်တဲ့ ဒီနှစ်ကုန်မှာ ခရီးသွားရရမယ်ဆိုပြီး target ထားတယ်လေ။ အခု လောလောဆယ် ၆ သန်းလောက်ရနေပြီဆိုတော့ ကြိုးစားပြီးတော့လုပ်နေတယ်။ အဲဒီတော့ အဲဒီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေက အများကြီးဖြစ်လာတာပေါ့။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ရွှေ့ပြောင်း အလုပ် သမားတွေအတွက်တော့ အလုပ်အကိုင်ရနိုင်တယ်။ နောက်ပြီးတော့ အခုလိုမျိုး ဖြေလျှော့ပေးလိုက်တဲ့အခါ ကျတော့ ပိုပြီးလွယ်ကူတာပေါ့။ လျှောက်ရပြုရတဲ့အခါမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွှားပြီးလုပ်လို့ရတဲ့အခါကျတော့ ဒါက အလုပ်သမားတွေအတွက်တော့ အရင်ကထက်စာရင် ကောင်းပါတယ်။ အလုပ်ရဖို့ အခွင့်အလမ်းပိုရတယ်” ဟု CNI သို့ ပြောသည်။

ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကန့်သတ်ချက်များအား ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း နေရပ်ပြန်ချင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် နယ်စပ်ဂိတ်များ မဖွင့်သေးသည့်အတွက် နေရပ်ပြန်၍ မရသေးကြောင်း သိရသည်။

 ထိုင်းလဝကအဝင် ပတ်စ်စပို့စစ်ဆေးနေစဉ်

လေကြောင်းဖြင့်ပြန်မည်ဆိုပါက ပတ်စပို့သက်တမ်း ၆ လခန့်ကျန်ရှိသေးသည့် သူများသာလျှင် ပြန်၍ရပြီး ပတ်စပို့သက်တမ်း ၆ လအောက် ကျန်ရှိသူများအနေဖြင့် လေကြောင်းလိုင်းဖြင့် နေရပ်ပြန်၍မရကြောင်းလည်း သိရသည်။

ထို့ကြောင့် နေရပ်ပြန်ချင်သဖြင့် တမင်အဖမ်းအဆီးခံပြီး ပြစ်ဒဏ်ကျခံကာ ငွေကြေးများပေး၍ နေရပ်ပြန်ပို့မည့် စာရင်းထဲသို့ ထည့်ခိုင်း၍ နေရပ်ပြန်ခြင်းနှင့် သောင်ရင်းမြစ်မှ လှေများဖြင့် ခိုး၍ နေရပ်ပြန်ကြခြင်းများ ရှိခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းကဲ့သို့ နေရပ်ပြန်နေသည့် မြန်မာများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသည့် ကိုသားကြီးက “အဓိကက သူတို့ ပိုင်ရာဆိုင်ရာတွေ၊ ဒီဘက်က လူတွေကလည်း ပိုက်ဆံယူတယ်။ ဟိုဘက်ကလူလည်း ပိုက်ဆံယူတာပေါ့။ အဓိကကတော့ ကယ်ရီချိတ်တာပေါ့။ ကယ်ရီချိတ်ပြီး လူတစ်ယောက်ကို ဘတ် ၃ ထောင်(မြန်မာငွေ ၂သိန်း ခုနှစ်သောင်းခန့်) ၄၅၀၀ အထိ ပေးပြီးတော့ ဟိုဘက်ကမ်းကို ကူးရတယ်။ အရင်တုန်းကဆိုရင် ဒီလိုကမ်းကူးတာက တရားဝင်ကူးတဲ့အချိန်တုန်းကဆိုရင် ဒါ ခွင့်ပြုတဲ့အချိန်တုန်းကဆို ဘတ် ၂၀ လောက်နဲ့ ကူးကြတာ။ သောင်းရင်းမြစ်က ခိုးပြန်တာများတယ်။ သောင်းရင်း မြစ်က ခိုးပြန်ရင် ဟိုဘက်ရောက်တာနဲ့ ကိုယ့်အိမ်ကိုယ်ပြန်လို့ရတယ်။ အဖမ်းခံပြီး ပြန်တဲ့အခါကျရင် ဟိုဘက်မှာ လည်း တစ်ရက်ကြာတာမျိုး၊ ၃ ရက် ကြာတာမျိုးပေါ့နော်။ ကိုဗစ်ကြောင့် မြန်မာနိုင်ငံဘက်က စောင့်ကြည့်တာမျိုး ကိုဗစ်စင်တာ ပို့လိုက်တာမျိုးတွေရှိတယ်” ဟု CNI သို့ ပြောသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ ကိုဗစ်ကန့်သတ်ချက်များအား ပြန်လည် ရုပ် သိမ်းလိုက်သည့် အတွက် လာရောက်လုပ်ကိုင်မည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် တရားမဝင်လမ်းကြောင်းအစား တရားဝင်လမ်းကြောင်းမှသာ လာရောက်ကြရန်လည်း အလုပ်သမားအရေးဆောင်ရွက်နေသူများက တိုက်တွန်း ပြောဆိုသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နာတာရှည်ရောဂါခံစားနေရသူများ ငွေကြေးနှင့်ဆေးဝါးအခက်အခဲကြုံနေ

By CNI
CNI
Category: Watch TV
Hits: 1107

Share
Tweet
Share
Share
powered by social2s

ကာကွယ်ဆေးမထိုးထားသူအပြင် ထိုးနှံပြီးသူများလည်း ကိုဗစ်ပြန်လည်ဖြစ်ပွားနေ

By CNI
CNI
Category: Watch TV
Hits: 1130

Share
Tweet
Share
Share
powered by social2s
ပရဟိတသမားများက ကျန်းမာရေးကူညီပေးနေစဉ် (မြန်မာမွတ်စလင်ပရဟိတအသင်း)

ကာကွယ်ဆေးမထိုးထားသူအပြင် ထိုးနှံပြီးသူများလည်း ကိုဗစ်ပြန်လည်ဖြစ်ပွားနေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2157

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပြီး နေ့စဉ် လူနာအရေ အတွက်၂၀၀ မှ ၃၀၀ အထိစစ်ဆေးတွေ့ရှိနေရကာ ကာကွယ်ဆေး မထိုးထားသူအပါအဝင် ကာကွယ်ဆေး ထိုးထားပြီးသူများလည်း ပါဝင်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် ထပ်ဆောင်းကာကွယ်ဆေး Booster ထိုးနှံထားပါက ဖြစ်ပွားနိုင်ခြေ နည်းပါးသည့်အတွက် Booster ထိုးနှံကြရန်အတွက် တိုက်တွန်းနေရခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ကျန်းမာရေး အသိပညာ မြှင့်တင် ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

“ဖြစ်ပြီးသားလူလည်း ဖြစ်တယ်။ ဆေးထိုးထားတဲ့သူလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ထိုးထားတဲ့သူတွေနဲ့ မထိုး ထားတဲ့သူတွေနဲ့ Booster မထိုးထားတဲ့ သူတွေမှာ အများဆုံးဖြစ်နေတာ။ သေဆုံးတဲ့ သူတွေလည်း အဲဒီအထဲမှာ အများဆုံး ဖြစ်နေတာ။ ဒါကြောင့်မို့လို့ ဆေးထိုးပါလို့ ပြောနေတာ ဒီအချိန်မှာ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကြောင့် သေဆုံးသူ အများစုသည် နှလုံး၊ သွေးတိုး ၊ ဆီးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် စသည့် ရောဂါ များကို ခံစားနေရသည့် ရောဂါအခံ ရှိကြသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုဗစ်ဆေးထိုးနေစဉ် (GETTY IMAGES)

ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေကြသူများကတော့ ပြီးခဲ့သည့် ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းများ တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖူးသူများလည်း ပြန်လည် ဖြစ်ပွားကြသည်ကို တွေ့ရှိရကြောင်း ပြောသည်။

စေတနာရှင် ပရဟိတမှ ကိုဝေဖြိုးက “First wave မှာဖြစ်ဖြစ်၊ second wave မှာဖြစ်ဖြစ်၊ third wave မှာဖြစ်ဖြစ် သူက ကိုဗစ်ဖြစ်ပြီးတဲ့ လူတော်တော်များများက ကိုဗစ်လက္ခဏာ ပြန်ပြတယ်။ တချို့ဆို အရင်လက္ခဏာ အဟောင်းမျိုး ပြန်ပြတယ်။ အနံ့ပျောက်သွားတာတို့၊ ခံတွင်းပျောက်သွားတာတို့၊ အရသာ ပျောက်သွားတာတို့ အဲလိုမျိုးလည်း တွေ့ရတယ်။ ချောင်းဆိုးရုံလောက်နဲ့လည်း Positive ထွက်သွားတယ်။ သူ့ကို ကျနော်တို့ မေးလိုက်တယ်ပေါ့နော်၊ အရင်က ကိုဗစ်ဖြစ်ဖူးလားလို့ မေးလိုက်တော့မှ သူက ကိုဗစ်ဖြစ်ဖူးတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကိုဗစ်ဓာတ်ခွဲ နမူနာ စုစုပေါင်း ၁၂,၂၃၆ ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၄၀၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁ ဦး ရှိခဲ့သည်ကို တွေ့ရသည်။

သို့သော် လက်ရှိတွင် ကိုဗစ် - ၁၉ ကူးစက်ပျံ့ပွားမှုနှင့် ပတ်သက်ပြီး ကွာရတင်းစင်တာများကို ထားရှိပေးထားခြင်း မရှိသေးကြောင်း၊ ရောဂါအခံ ရှိသူများအတွက် ကုသရေးစင်တာကိုသာ လုပ်ဆောင်ပေးထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ကိုဗစ်ဆေးထိုးနေစဉ် (GETTY IMAGES)

၎င်းက “ကျနော်တို့မှာ အဲလိုမျိုး Q စင်တာထဲ ထည့်တာ မရှိဘူး။ နောက်ပြီးတော့ Home isolation တွေပဲ အများ ဆုံး ပေးတာပေါ့နော်။ လူငယ်လူရွယ်တွေ နောက် ရောဂါအခံ မရှိတဲ့သူတွေ သူတို့က Request လုပ်ရင်တော့ ကုသ ရေးစင်တာ ပို့တယ်။ နောက်ပြီးတော့ သူတို့မှာ ကိုယ်ဝန်ဆောင်လည်း ရှိတယ်။ နောက်ပြီးတော့ HIV ရှိတယ်၊ အဲလို ပေါ့ ရောဂါအများကြီးပေါ့။ နှလုံးသွေးကြော ပိတ်တာတို့၊ အဲလိုလူတွေလောက်ပဲ ကုသရေးစင်တာ ထားတာပေါ့ နော်”ဟု ပြောသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်ပျံ့ပွားမှုကို ထိန်းချုပ်ရန်အတွက် ပြည်ပမှ ဝင်ရောက်လာသူများ ကို တောင်ဒဂုံမြို့နယ်ရှိ ရိုးမရိပ်သာ ကွာရန်တင်းစင်တာမှာ ထားရှိပြီး ကိုဗစ်ပိုး မတွေ့ရှိမှသာ နေအိမ်သို့ ပြန်လွှတ် ကြောင်း သိရသည်။

ထို့ပြင် ကုသရေးစင်တာ အနေဖြင့် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာပ မြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့တွင် ကုသပေးလျက် ရှိကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကျန်းမာရေးအခြေအနေဆိုးရွားနေကြောင်း မိုက်တိုင်ဆန် ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1675


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၀

ဟဲဗီးဝိတ်လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်က တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကို ခံစားနေရပြီး တစ်ခါတစ်ရံမှာ စကားတောင်မပြောနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောပါတယ်။

မိုက်တိုင်ဆန်က “ကျနော်မကြာခဏဆိုသလို တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ကျနော်စကားတောင်မပြောနိုင်တော့ပါဘူး။ဒါက ကျနော့်မှာတစ်ခုတည်းသော ကျန်းမာရေးပြဿနာဖြစ်လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ကျနော့်အိမ်မှာရှိတဲ့သူတိုင်းက တကယ်ကို ကောင်းချီးပေးကြပါတယ်။ကျနော့်မှာ ရှိတဲ့အရာတွေအတွက်လည်း အားလုံးကို ကျေးဇူး တင်ပါတယ်”လို့ Newsmax TV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အသက် ၅၆ နှစ်အရွယ်ရှိ မိုက်တိုင်ဆန်ကို ပြီးခဲ့တဲ့လက လေဆိပ်မှာ ဘီးတပ်ကုလားထိုင်နဲ့ တွေ့မြင် ခဲ့ရတာ ဖြစ်ပါတယ်။တုတ်ချောင်းကို အကူအညီယူပြီး လမ်းလျှောက်လာတာကိုလည်း တွေ့မြင်ခဲ့ရကာ မိုက်တိုင်ဆန်ကတော့ တင်ပါးကြောကိုက်ခဲတဲ့ ဝေဒနာကြောင့်လို့ ပြောခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ကျောကို ထိခိုက်နေပုံရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ မိုက်တိုင်ဆန်ဟာ ကစားသမားဘဝ ကုန်ခါနီးမှာ ဒူးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၀၅ မှာ နောက်ကျော ပြဿနာကြောင့် ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ မှာတော့ မိုက်တိုင်ဆန်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ရွိုင်ဂျူံးစ်ဂျူနီယာနဲ့ သရုပ်ပြပွဲထိုးသတ်ခဲ့တာပါ။ဒါပေမယ့် သူဟာ မကြာခင်မှာ သေဆုံးတော့မယ်ဆိုပြီး ပြောခဲ့တာကြောင့် မိုက်တိုင်ဆန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ အားလုံးဟာ တစ်နေ့ သေကြရမှာပါ။မှန်ထဲမှာ ကြည့်လိုက်တော့ ကျနော့်မျက်နှာပေါ်မှာ အစက်အပြောင်လေးတွေကို တွေ့ခဲ့ရပါတယ်။ဒါဟာ ကျနော့်ရဲ့ သက်တမ်း မကြာခင်မှာ ကုန်ဆုံးဖို့ နီးလာပြီကို ဆိုလိုတာ”လို့ မိုက်တိုင်ဆန်က ပြောခဲ့တာပါ။

သံမဏိမိုက်ဆိုပြီး နာမည်ပြောင်ရထားတဲ့ မိုက်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှာ ပွဲပေါင်း ၅၈ ပွဲထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၅၀ အနိုင်ရကာ ၆ ပွဲရှုံးပြီး ၂ ပွဲက ရလဒ်မထွက်ပေါ်ခဲ့တာ ဖြစ်ပါ တယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်ဘုရင်မကြီး Elizabeth II

အင်္ဂလန်ဘုရင်မကြီး Elizabeth II ကွယ်လွန်

By CNI News
CNI News
Category: ကျန်းမာရေး
Hits: 3695

 

CNI International News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

အင်္ဂလန်ဘုရင်မကြီး Elizabeth II ဟာ အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဘုရင်မကြီး Elizabeth II ဟာ ဒီနေ့ အင်္ဂလန်စံတော်ချိန် နေ့လယ်ပိုင်း Balmoral မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာ သူ့ရဲ့ ရုပ်ကလာပ်ကို လန်ဒန်ကို သယ်ဆောင်မယ်လို့ သိရပါတယ်။

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5

Page 3 of 5

  1. You are here:  
  2. Home
  3. ကျန်းမာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar