CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကိုယ်ဝန်ဖျက်ချပေးသည့်ဆေးခန်းလာသူ၏ တည်နေရာမှတ်တမ်းကို Google ဖျက်ပေးမည်

By CNI
CNI
Category: လူမှုဘဝ
Hits: 2653

CNI International News

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၄

ကိုယ်ဝန်ဖျက်ချပေးသော ဆေးကုခန်းများ၊ အိမ်တွင်းအကြမ်းဖက်မှုမှ ရှောင်တိမ်းသည့်နေရာများ၊ ကိုယ်ရေး ကိုယ်တာအချက်အလက်ရှာဖွေသည့်နေရာများသို့ သွားရောက်ခဲ့ဖူးသော Google သုံးစွဲသူများ၏ တည်နေရာ မှတ်တမ်းများကို Google ကုမ္ပဏီက မှတ်သားသိမ်းဆည်းခြင်းမပြုဘဲ ဖျက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်၌ ကြေညာခဲ့သည်။

“အဲဒီလိုနေရာတွေကို တစ်ယောက်ယောက်က သွားခဲ့ဖူးတယ်လို့ ကျမတို့သိတာနဲ့ မကြာခင်မှာပဲ အဲဒီ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ တည်နေရာမှတ်တမ်းတွေကို ဖျက်ပေးမှာပါ။ အခုအပြောင်းအလဲအစီအစဉ်က လာမယ့်သီတင်းပတ်တွေအတွင်း အသက်ဝင်လာပါလိမ့်မယ်” ဟု Goolge ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဂျန်ဖစ်ဇ် ပက်ထရစ်က ဘလော့ဂ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

အလားတူ တည်နေရာအချက်အလက်များကို Google မှတ်သားသိမ်းဆည်းမည်မဟုတ်သည့် အခြားနေရာများ တွင် သားဖွားမီးယပ်ဌာနများ၊ မူးယစ်/အရက်စသည့် စွဲလန်းမှုကုသရေးဌာနများနှင့် ကိုယ်အလေးချိန်လျှော့ချ ပေးသည့်ဆေးကုခန်းများလည်း ပါဝင်သည်။

အမေရိကန်အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ဖယ်ရှားပစ်ရန် အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်ပြီး ရက်သတ္တတစ်ပတ်အကြာတွင် ယခုကဲ့သို့ Google က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဖြတ်ချခွင့်နှင့်စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက်များကို ပြည်နယ်ပေါင်း ဆယ်ဂဏန်း ခန့်၌ လူအများစုပါဝင်သည့် ဆန္ဒပြပွဲများပြုလုပ်၍ သဘောထားထုတ်ဖော်ခဲ့ကြသည်။

ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအတွက် Google အပါအဝင် အခြား နည်းပညာကုမ္ပဏီများအနေဖြင့် ၎င်းတို့စုစည်းထားသောအချက်အလက်ပမာဏကို ကန့်သတ်ရန်အတွက် တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများက တောင်းဆိုခဲ့ကြသည်။

ဂျန်ဖစ်ဇ်ပက်ထရစ်ကတော့ “မိမိတို့ကုမ္ပဏီအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အလေးအနက် ထားပြီး Google ဝန်ဆောင်မှုသုံးစွဲသူများ လုံခြုံစိတ်ချစေရန် ကြိုးစားနေပါကြောင်း” ပြောကြားခဲ့သည်။

“Googel ဆီမှာ တရားဥပဒေစိုးမိုးရေးရဲ့ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုချက်တွေအရ ဆိုင်းငံ့ပေးလိုက်တဲ့ မှတ်တမ်းရှည်ရှိပါတယ်။ အဲဒီအထဲမှာ တောင်းဆိုချက်တချို့ကို လုံးဝကန့်ကွက်တာမျိုးလည်း ပါပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ကျမတို့ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို သုံးစွဲသူတွေရဲ့ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးကို ထည့်စဉ်းစားပြီးတော့ အစိုးရရဲ့ညွှန်ကြားချက်ကို လိုက်နာရတဲ့အခါမှာ သုံးစွဲသူတွေကို အသိပေးပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ရှေးရိုးဆန်သည့် အမေရိကန်ပြည်နယ်အချို့တွင် ကိုယ်ဝန်ဖျက်ချပေးသည့် ဆရာဝန် များကို လူမှုရေးအသင်းအဖွဲ့ဝင်များ (သို့မဟုတ်) ၎င်းတို့ကို အားပေးကူညီသူများက တရားစွဲဆိုပိုင်ခွင့်ရှိသည့် ဥပဒေများကို အတည်ပြုခဲ့ကြသည်။ သို့ဖြစ်၍ တရားရုံးစီရင်ချက်မချမီ စမတ်ဖုန်းပါ အချက်အလက်များ၊ မျိုးဆက်ပွားဆိုင်ရာအခွင့်အရေးများအပေါ် စိုးရိမ်စရာများ ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်မေလတွင် ဒီမိုကရက်တစ်ပါတီမှ ထိပ်တန်းလွှတ်တော်အမတ်များအဖွဲ့က Google အမှုဆောင်အရာရှိ ချုပ် ဆန်ဒါပီချိုင်းထံသို့ စာတစ်စောင် ရေးသားပေးပို့၍ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု လိုလားသူများကို နှိမ်နင်းရန် လက်ယာအစွန်းရောက်ဝါဒီများအတွက် Google သည် အသုံးချစရာကိရိယာတစ်ခု ဖြစ်လာမည့်အရေး စိုးရိမ်မိကြောင်း၊ သို့ဖြစ်၍ စမတ်ဖုန်းတည်နေရာ အချက်အလက်စုဆောင်းခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။

Source: AFP, Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေ

By CNI
CNI
Category: Watch TV
Hits: 1858

Share
Tweet
Share
Share
powered by social2s
မွန်ပြည်နယ်က ဒေသခံများ သွေးလွန်တုပ်ကွေး ကုသနေစဉ်

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်နေ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2819

CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ယခုရက်ပိုင်း၌ ပိုမိုဖြစ်ပွားလာနေကြောင်း မွန်ပြည်နယ် ဒေသခံ များနှင့် ပရဟိတ လုပ်ကိုင်သူများက ပြောသည်။

ရာသီတုပ်ကွေး ရောဂါနှင့် ပြင်းထန် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုသည် ယခုလအတွင်း မြင့်တက်နေသည့် အခြေအနေ တွေ့ရကြောင်း၊ ဆေးရုံတက်ရောက် ကုသနေရသည့် ကလေးသူငယ် အများအပြား ရှိနေကြောင်း မော်လမြိုင်မြို့ ပရဟိတ လုပ်ငန်းလုပ်ကိုင်သူ ကိုမင်းမင်းဘိုက CNI သတင်းဌာနသို့ ပြောသည်။

ကိုမင်းမင်းဘိုက “သွေးလွန်တုပ်ကွေးက ဖြစ်ပွားမှုနှုန်းကတော့ တက်နေတယ်ဗျ။ ရာသီတုပ်ကွေးလည်း ပုံမှန် အနေအထား မျိုးပေါ့နော်။

သွေးလွန်တုပ်ကွေးကတော့ နည်းနည်း အဖြစ်များနေတာ‌ပေါ့၊ ကလေး သူငယ်တွေမှာ။ ဒီရာသီက ကျနော်တို့ ပုံမှန်ပေါ့ သွေးလွန်တုပ်ကွေးရာသီ ဖြစ်တဲ့အတွက် ပုံမှန်အားဖြင့်တော့ ပုံမှန်ဖြစ်တဲ့ နှုန်းကတော့ သူ့ဟာသူ များနေတာပေါ့ လေ။ အခု ဒီတစ်လ အတွင်းမှာပဲ သူ့ဟာသူ ပုံမှန်နဲ့တော့ တက်တက်လာတာပေါ့။

ဆေးရုံတက်တဲ့သူ ကလေးသူငယ်တွေ လည်း များလာတာပေါ့လေ။ အပြင်ဆေးခန်းတွေမှာလည်း အဲလိုဖြစ်နေတာ များတယ်ပေါ့လေ။ အဲလောက်တော့ ရှိတာပေါ့ သွေးလွန်တုပ်ကွေး ဖြစ်နေတာကတော့” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ ပရဟိတအဖွဲ့များ ခြင်ဆေးများ လိုက်ဖြန်းနေစဉ်

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၀၀၀ နီးပါးခန့် ရှိကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူနာ တစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အသက် (၅) နှစ်မှ (၉) နှစ်ကြား အရွယ် ကလေးငယ်များတွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ အများဆုံးဖြစ်ကြောင်း၊ သေဆုံးခဲ့သည့် ကလေးငယ်မှာလည်း ထိုအသက် အပိုင်းအခြားမှဖြစ်ကြောင်း သိရသည်။

ထို့နောက် သွေးလွန်တုပ်ကွေး ရောဂါသည် ကလေးသူငယ်များတွင် ဖြစ်ပေါ်လေ့ရှိကြောင်း၊ ကလေးမိဘများက သွေးလွန် တုပ်ကွေး ရောဂါ၏ လက္ခဏာကို မသိသည့်အတွက် ပိုမိုဖြစ်ပေါ်နေကြောင်း ကျိုက်မရောဒေသခံ မင်းထောနိုင်က ပြောသည်။

မင်းထောနိုင်က “ကျိုက်မရော ဘက်မှာတော့ တချို့မိဘတွေက ထင်တယ်ပေါ့နော်၊ ကလေးတွေက ဗိုက်အောင့်တယ် ဆိုလို့ရှိ ရင် သန်မချထားလို့။ နေမကောင်းဖြစ်တာပဲ သိတာများတာပေါ့နော်။ ဒါပေမယ့် ဒီသွေးလွန်တုပ်ကွေး ရောဂါနဲ့ လက္ခဏာ ဆင်တူ ဖြစ်နေတာကျတော့ သူတို့မသိဘူး။ အဲဒါကြောင့် ကလေးတွေက ပိုပြီးတော့ ဖြစ်တာများတယ် ကျိုက်မရောမှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်း နှစ်စဉ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရှိသော်လည်း မွန်ပြည်နယ်သည် အဖြစ်များသည့် ဒေသတွင် ပါဝင် ကြောင်း သိရသည်။
ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စာသင်ကျောင်းများရှိ ကျောင်းသားများမှတဆင့် မိဘများဆီ သို့ ရောက်ရှိအောင် ပညာပေး အစီအစဉ်များ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန

လက်ရှိ ဖြစ်ပေါ်နေသည့် သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများသည် ဝမ်းသွားခြင်း၊ အပြင်းဖျားခြင်းများ ဖြစ်ကြသည်ကို တွေ့ရှိရသည်ဟု မော်လမြိုင်မြို့နယ် ဆေးခန်းဖွင့်လှစ်ထားသည့် ဒေါက်တာလှဦးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာလှဦးက “တစ်ရက်လောက် အပြင်းဖျားပြီး ဗိုက်မသက်သာဘူး၊ ကလေးအီနေတယ် ဗိုက်နာတယ်ဆိုရင် ကလေး အထူးကုကို ပို့ပေးတယ်။ သူတို့လည်း သူတို့ဟာသူတို့ လစ်တာပဲ။ တချို့ဆို လာတောင်မလာဘူး။ နည်းနည်းပါးပါးလောက်ပဲ ကိုယ့်ဆီလာတာပေါ့။ ရိုးရိုး ဝမ်းသွားတာလောက်၊ အခုဖျားနေတယ်၊ ဝမ်းသွားနေတယ်က ဆက်ဆက်နေကြတယ် အခု ဖျား တာ ကလေ။ လာလိုက်ရင် ဝမ်းတွေသွား၊ အဖျားတွေတက်၊ အဲလိုဖြစ်နေကြတာပဲ။ နောက်ပြီး နေပြန်ကောင်းကြတာပဲ လူ တိုင်း လိုလိုလေ” ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်ရှိ ပရဟိတ အဖွဲ့အစည်းများက သွေးလွန်တုပ်ကွေး ကာကွယ်နိုင်ရန်အတွက် ခြင်နှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု အများဆုံး မြို့နယ်ဖြစ်ပြီး သံဖြူဇရပ်မြို့နယ်မှာ ဒုတိယအများဆုံးနှင့် ကျိုက်မရောမြို့နယ်မှာ တတိယအများဆုံး ဖြစ်ပွားကြသည်ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မျောက်တံငါများကို ဖမ်း၍ စစ်ဆေးနေစဉ်

ထိုင်းပြည်တွင်းရှိ မျောက်တံငါများကို မျောက်ကျောက်ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေး

By CNI
CNI
Category: ကျန်းမာရေး
Hits: 2735

ထိုင်းပြည်တွင်းရှိ မျောက်တံငါများကို မျောက်ကျောက်ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေး

CNI International News

ဘန်ကောက်၊ ဇွန်လ ၂၂

ထိုင်းနိုင်ငံအောက်ပိုင်း ပြည်နယ်များတွင် လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ လှုပ်ရှားမှုအတွင်း တောရိုင်းမျောက်တံငါ (Wild macaques) များကို မျောက်ကျောက်ရောဂါ စမ်းသပ် စစ်ဆေးခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။

ကျောက်တာကိပ်နှင့် ကျောက်ဟင်လက် ဖိုင်တောင်များပေါ်တွင် ကျင်လည် ကျက်စားနေသည့် မျောက် အကောင်ရေ ၆၀၀ ခန့်ကို ပစ်မှတ်ထား ဖမ်းဆီးပြီး ရောဂါ စစ်ဆေးပေးရန် စစ်ဆင်ရေး လုပ်ဆောင်ချက်ကို ဇွန်လ ၁ ရက်က စတင်ခဲ့ကြောင်း ပတ်ချာဘူရီအခြေစိုက် သဘာဝထိန်းသိမ်းရေးနယ်မြေ ရုံးအမှတ် ၃ မှ ညွှန်ကြားရေးမှူး ဝမ်ချိုင်စင်တိုက ပြောသည်။

ယခုအချိန် မျောက်အကောင်ရေ ၂၀၀ ခန့် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီဟု သိရသည်။

ထိုင်းနိုင်ငံက Monkey Zone 

အဆိုပါ မျောက်အများစုတွင် ရောဂါပိုး မတွေ့ရဘဲ အားလုံးမှာ မျောက်ကျောက်ရောဂါ ကင်းစင်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ ရသည်။

သန့်ရှင်းရေး မလုပ်ရသေးသည့် မျောက်တံငါများကို ထိုင်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီး ဌာနမှ တိရစ္ဆာန်ဆေးကုဆရာဝန်များက ပိုးသတ်ပေးမည် ဖြစ်သည်။

ဟွာဟင်၊ ပရာချက်ခီရိခန်း ဒေသများရှိ မျောက်အားလုံးတွင် မျောက်ကျောက်ရောဂါ ကင်းစင်နေကြောင်း၊ ၎င်းမျောက်များ သည် ခရီးသွားများနှင့် ထိတွေ့မှုရှိ၍ ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း မစ္စတာဝမ်ချိုင်က ရှင်းပြသည်။

ရည်မှန်းချက် လျာထားသည့်အတိုင်း မပြည့်မီမချင်း ရောဂါဆိုင်ရာ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရာချက်ခီရိခန်း ဒေသတွင် မျောက်ကောင်ရေ များပြားလာမှုမှာ နှေးကွေးနေဆဲရှိကြောင်း ဝမ်ချိုင်က အသိပေး ပြောကြားခဲ့ သည်။

Source: Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s
ဗီယက်နမ် အာဏာပိုင်များ (Reuters)

ကိုဗစ်အမှုဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီးနှင့်မြို့တော်ဝန်ကို ဖမ်းဆီး

By CNI
CNI
Category: ကျန်းမာရေး
Hits: 2632

CNI International News

ဟနွိုင်း၊ ဇွန်လ ၈

အမေရိကန်ဒေါ်လာ သန်း ၁၇၀ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာအမှု အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခြင်း ကြောင့် ကျန်းမာရေးဝန်ကြီးနှင့် ဟနွိုင်းမြို့တော်ဝန်တို့ကို ဗီယက်နမ်ရဲများက ဖမ်းဆီးလိုက်ကြောင်း ဗီယက်နမ်အစိုးရ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။

Viet A ဟု အမည်ပေးထားသော ပြည်တွင်း အရှုပ်တော်ပုံ တစ်ခုအပြီးတွင် ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်တွင် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အရှိန်မြှင့်ခဲ့ရာ ဆေးရုံများသို့ တန်ဖိုးအလွန်မြင့်မားသည့် Covid-19 စမ်းသပ်ကိရိယာ ပံ့ပိုး ရသည့်ကိစ္စ၌ လာဘ်ပေးလာဘ်ယူ အမှုများကို ဗီယက်နမ်အစိုးရ တာဝန်ရှိသူများက ဖော်ထုတ်ခဲ့ကြသည်။

“နိုင်ငံပိုင်ပစ္စည်းများ စီမံခန့်ခွဲရေးနှင့် အသုံးချရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်သည်”ဟူသော စွပ်စွဲချက်ဖြင့် ဗီယက်နမ် ကျန်းမာရေးဝန်ကြီး နော့အမ်း (Ngoc Anh) ကို ဇွန်လ ၇ ရက်နှောင်းပိုင်းက ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဖမ်းဝရမ်း ထုတ်ခဲ့သည်။

၎င်းသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း ဆုံးရှုံးလေလွင့်ခြင်း ဖြစ်ပေါ်စေခဲ့ဖူးကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ငုယင်သန့်လောင်နဲ့ နော့အမ်း (GETTY IMAGES)

အလားတူ ဟနွိုင်မြို့တော်ဝန် ငုယင်သန့်လောင် (Nguyen Thanh Long) ကိုလည်း အစိုးရတာဝန် ထမ်းဆောင် နေစဉ် အတွင်း ရာထူးနှင့်လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှု ဖမ်းဝရမ်းထုတ်ခဲ့သည်။

“ပြည်သူ့လုံခြုံရေးကောင်စီက အတည်ပြုပြီးနောက် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အနေဖြင့် ဆုံးဖြတ်ချက်များနှင့် အမိန့် များကို ဥပဒေနှင့်အညီ အကောင်အထည် ဖော်ခဲ့ကြောင်း” ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးခြင်း မပြုမီ တစ်ရက်အလို ဇွန်လ ၆ ရက်တွင် ဗီယက်နမ် ပါတီဝင်များအဖြစ် အာဏာပိုင်များက ထုတ်ပယ်ခဲ့ပြီး ဖြစ်သည်။

Viet A ၏ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းတို့ ပါဝင်ပတ်သက်ခဲ့ကြသည့် ပြည်နယ် အသီးသီး၌ ကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ အရာရှိများကိုလည်း မကြာသေးမီ လများအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

Viet A ၏ ညွှန်ကြားရေးမှူးချုပ် ဖန်ကွတ်ဗီယက် (Phan Quoc Viet) သည် ဆေးရုံများနှင့် ထိန်းချုပ်ရေးစင်တာများသို့ မူလ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် အစိုးရအရာရှိများကို လာဘ်ထိုးမှု စွဲချက်ဖြင့် လတ်တလော ရင်ဆိုင်နေရသည်။

Viet A အရှုပ်တော်မှ ပေါ်ပေါက်လာသော အသားတင် ငွေကြေးပမာဏမှာ ဒေါ်လာ ၁၇၂ သနးဖြစ်ပြီး ယခု အဂတိလိုက်စားမှု စစ်ဆေးဖော်ထုတ်အရ ဒေါ်လာ ၃၄ သန်း ပြန်လည်ထွက်ပေါ်လာကြောင်း သိရသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

မျောက်ကျောက်ရောဂါကို မြန်မာနိုင်ငံတွင် စမ်းသပ်စစ်ဆေးနိုင်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 2008

Share
Tweet
Share
Share
powered by social2s

ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါ ပိုဖြစ်မည်ဟု WHO ထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 1153

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယား Covid သံသယလူနာ ၂ သန်းအထိရှိလာ

By CNI
CNI
Category: Watch TV
Hits: 1167

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ကူးစက်မှုတိုးလာ၍ မြောက်ကိုရီးယား အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

By CNI
CNI
Category: Watch TV
Hits: 1111

Share
Tweet
Share
Share
powered by social2s
ကိုဗစ် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် မြောက်ကိုရီးယား(KCNA)

ကိုဗစ်ကူးစက်မှုတိုးလာ၍ မြောက်ကိုရီးယား အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

By CNI
CNI
Category: ကျန်းမာရေး
Hits: 2353

CNI International News

ပြုံယမ်း၊ မေလ ၁၈

နိုင်ငံတကာ အကူအညီရှောင်၍ ဆယ်စုနှစ် တစ်ခုကျော်ကြာ တိုင်းပြည်ကို ကိုယ့်အားကိုယ်ကိုး အုပ်ချုပ်နေခဲ့သော မြောက် ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ယခုအခါ Covid-19 ကူးစက်ခံရသည်ဟု သံသယရှိသော ဖျားနာသူအရေအတွက် တိုးလာနေ၍ ၎င်းအတွက် အရေးကြီးသည့် လမ်းဆုံလမ်းခွ ရောက်နေကြောင်း အေပီသတင်းအရ သိရသည်။

ကင်မ်အနေဖြင့် ၎င်း၏မာနကို ခဝါချ၍ နိုင်ငံတကာ အကူအညီ ယူသည်ဖြစ်စေ၊ တစ်ကိုယ်တည်း ရှေ့ဆက်တိုးလျှင် ဖြစ်စေ အုပ်ချုပ်ရေး ပျက်ပြားသွားစေနိုင်သည့် လူအမြောက်အမြား သေကြေပျက်စီးမှုကို ရင်ဆိုင်ရဖို့ နီးကပ်လာခဲ့သည်။

“ကင်မ်ဂျုံအန်း အကျပ်ရိုက်နေပါတယ်။ တကယ့်ကို ကြီးကြီးမားမား အကျပ်အတည်းနဲ့ ရပ်ဆိုင်နေရပါပြီ” ဟု ဆိုးလ်မြို့ရှိ ကျောင်နန်တက္ကသိုလ်၊ ကမ္ဘာ့အရှေ့ဖျား လေ့လာရေးသိပ္ပံမှ ပါမောက္ခ လင်အော်ချွဲ (Lim Eul-chul) က ပြောကြားခဲ့သည်။

“တကယ်လို့ သူဟာ အမေရိကန် ဒါမှမဟုတ် အနောက်အုပ်စုနိုင်ငံတွေရဲ့ အကူအညီ လက်ခံလိုက်မယ်ဆိုရင် သူ အခိုင်အမာ ထိန်းထားတဲ့ မိမိကိုယ်ကို အားကိုးတဲ့ ရပ်တည်ချက်ကို လှုပ်ခတ်သွားပြီးတော့ သူ့အပေါ် လူထုယုံကြည်မှု ကျဆင်းသွားနိုင်ပါ တယ်”ဟု ၎င်းက သုံးသပ်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း(KCNA)

ပြီးခဲ့သည့် သီတင်းပတ်၌ Covid-19 ဖြစ်ပွားမှု အတည်ပြု ကြေညာပြီးကတည်းက မြောက်ကိုရီးယားနိုင်ငံတွင် အပြင်းအထန် ဖျားနာမှုများကြောင့် လူ ၅၆ ဦး သေဆုံးပြီး ဖျားနာသူ အရေအတွက် ၁ ဒသမ ၅ သန်းခန့်အထိ ရှိခဲ့ကြောင်း တရားဝင် ထုတ် ပြန်ချက်များအရ သိရသည်။

ပြည်ပ အကဲခတ် စောင့်ကြည့်သူများ၏ အဆိုအရ ထိုသို့ ဖျားနာမှုများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်း သံသယ ရှိနေကြသည်။
အဆိုပါ ဖျားနာနေသူများနှင့် ပတ်သက်၍ မြောက်ကိုရီးယား အစိုးရမီဒီယာမှ မည်သို့ပင် ထုတ်လွှင့်စေကာမူ ရောဂါကူးစက်မှု အခြေအနေ အဆပေါင်းများစွာ တိုးလာနိုင်ကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံတွင် လုံလောက်သော Covid-19 စမ်းသပ်စစ်ဆေးမှု ကင်းမဲ့နေဆဲဖြစ်ပြီး ကင်မ်ဂျုံအန်းကို နိုင်ငံရေးအရ ထိခိုက်စေနိုင်သော လူထု မငြိမ်မသက်မှုများကို ရှောင်ရှားရန် သေဆုံးသူ အရေအတွက် သိသိသာသာ လျှော့ချ ပြောဆိုခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

လူဦးရေ ၂၆ သန်း၌ အများစုမှာ ကာကွယ်ဆေး မထိုးရသေးဘဲ ဆေးဝါးပြတ်လပ်နေသော နိုင်ငံအတွက် ထုတ်ပြန်လာသော သေဆုံးသူဦးရေမှာ အရေအတွက် နည်းပါးနေသေးကြောင်း ကျွမ်းကျင်သူများက ကောက်ချက်ချကြသည်။

ကင်မ်ဂျုံအန်း အစိုးရအတွက် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးနှင့် အကြီးမားဆုံး အကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် သေဆုံးသူ အရေအတွက် လျှော့ချပြောဆိုခြင်းမှာ ကင်မ်၏အာဏာကို ခုခံကာကွယ်ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း ကိုရီးယား တက္ကသိုလ်မှ ပါမောက္ခ နန်ဆောင်ဝစ် (Nam Sung-wook) က မှတ်ချက်ချခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကိုဗစ်ဆေးဝါး တည်ငြိမ်စွာဖြန့်ဖြူးသွားရန် မြောက်ကိုရီးယားစစ်တပ်ကို ကင်မ်အမိန့်ပေး

By CNI
CNI
Category: Watch TV
Hits: 1285

Share
Tweet
Share
Share
powered by social2s

တရုတ်နိုင်ငံတွင်း ကိုဗစ်ကူးစက်မှုမြင့်တက်၊ အာရှအားကစားပွဲ ရွှေ့ဆိုင်း

By CNI
CNI
Category: Watch TV
Hits: 1253

Share
Tweet
Share
Share
powered by social2s
မလေးရှားက မြန်မာကို လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး လက်ခံရယူနေစဉ်

မလေးရှားက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၅ သိန်း လှူဒါန်း

By CNI News
CNI News
Category: ကျန်းမာရေး
Hits: 2566

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံကို Astrazeneca အမျိုးအစား ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သိန်းကို လှူဒါန်းခဲ့ပြီး ယနေ့(ဧပြီ ၂၀ ရက်)ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Astrazeneca ကိုဗစ်ကာကွယ်ဆေးသည် ဆေးတစ်လုံးလျှင် လူ ၁၀ ဦးထိုးနှံနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာသော Astrazeneca ကိုဗစ်ကာကွယ်ဆေး ၅ သိန်းကို မြန်မာနိုင်ငံဆိုင်ရာမလေးရှားသံရုံး မှ Counsellor ဖြစ်သူ Mr.Muhammad Syukri Bin Azmi က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦး စီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို Astrazeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပြတ် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ဦးတည်အုပ်စုအလိုက် ပြည်သူ့ဆေးရုံများနှင့်ကာကွယ်ဆေးထိုးစုရပ်များတွင် National Deployment Plan အရ ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s

လူစုလူဝေး ကန့်သတ်ချက် ဧပြီ ၁၇ ရက်မှ စတင်ပယ်ဖျက်

By CNI News
CNI News
Category: ကျန်းမာရေး
Hits: 2806

CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၄

ကိုဗစ် လူနာများ သိသာစွာ ကျဆင်းလာခြင်းကြောင့် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)မှ စတင်၍ လူစုလူဝေး ကန့်သတ်ချက်ကို ပယ်ဖျက်ကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့(ဧပြီ ၁၄ ရက်)ထုတ်ပြန် ကြေညာခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကို တွေ့ရစဉ်

စင်ကာပူသို့ ကွာရန်တင်း ဝင်စရာမလိုပဲ လာနိုင်ဟု ဝန်ကြီးချုပ်ပြော

By CNI
CNI
Category: စီးပွားရေး
Hits: 2176

CNI News

၂၀၂၂ ခုနှစ်၊ မတ် ၂၄

စင်ကာပူနိုင်ငံသို့ အလည်အပတ်လာလိုသော ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားခရီးသွားများအားလုံး ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကွာရန်တင်း ဝင်စရာမလိုပဲ လာရောက်နိုင်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောသည်။

ယနေ့ (မတ်လ ၂၄ ရက်)တွင် ပြုလုပ်သည့် စင်ကာပူနိုင်ငံ၏ နောက်ဆုံးရ ကိုဗစ် အခြေအနေဆိုင်ရာ မိန့်ခွန်းတွင် လီရှန်လွန်း က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြို့တော်၏ နယ်နိမိတ်များကို အပြည့်အဝ ပြန်ဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ ခရီးသွားပမာဏ ပြန်လည် ဝင်ရောက် လာမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။

ကိုဗစ်နှင့်အတူ နေထိုင်နိုင်ရန် ပြတ်ပြတ်သားသား ခြေလှမ်းပြင်နေကြောင်း၊ အိုမီခရွန် လှိုင်းလုံးကြီးထလာသော်လည်း ယခုအခါတွင် လျော့သွားပြီဖြစ်ကြောင်း၊ ကူးစက်သူနှင့်သေဆုံးသူ အရေအတွက်မှာလည်း ကျဆင်းသွားကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

စင်ကာပူ ဝန်ကြီးချုပ်လီက “Mask (နှာခေါင်းစည်း)တပ်ခြင်းသည် နေအိမ်တွင် မဖြစ်မနေ တပ်ဆင်ရန်လိုအပ်ကာ အပြင်တွင် စိတ်ကြိုက်လုပ်ဆောင်နိုင်သည်”ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

စင်ကာပူ ခရီးသွားများကိုတွေ့ရစဉ်

ထို့နောက် ခွင့်ပြုထားသည့် လူစုလူဝေး ပြုလုပ်ခြင်းအား နှစ်ဆတိုး ခွင့်ပြုလိုက်ကြောင်း၊ အလားတူ ကုမ္ပဏီများ၊ ရုံးများတွင် ၇၅ ရာခိုင်နှုန်းအထိ ဝန်ထမ်းများအား လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

ည ၁၀ နာရီခွဲ နောက်ပိုင်းတွင် အဖျော်ယမကာသောက်သုံးနိုင်ကြောင်း၊ အစားအသောက်နှင့် အဖျော်ယမကာဆိုင်များတွင် ကာကွယ်ဆေးထိုးထားပါက လူ ၁၀ ဦးအထိ အတူတကွ စားသောက်နိုင်ကြောင်း၊ ဖျော်ဖြေပွဲများ သီဆိုဖျော်ဖြေခြင်းကိုလည်း ခွင့်ပြုလိုက်ကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံတွင်လည်း ဧပြီ ၁ ရက်မှ စတင်ကာ ခရီးသွားလာမှုဆိုင်ရာ အစီအမံများအား ပြုပြင်ပြောင်းလဲသွားရန် ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံခြားသား ခရီးသွားများအား ကွာရန်တင်း ၅ ရက်သာ ထားရှိတော့မည် ဖြစ်သည်။

ထိုင်းအစိုးရမှ ယခုနှစ် မေလကုန်မှ ဇွန်လအထိ ကိုဗစ်-၁၉ ရောဂါအခြေအနေ ကျဆင်းလာမည်ဟု ခန့်မှန်းထားကြောင်း၊ ဇူလိုင်လ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံ၏ ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေသည် ပြီးဆုံးမှုအဆင့်သို့ ရောက်ရှိသွားနိုင် သည်ဟုလည်း ထိုင်းအစိုးရက မျှော်လင့်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5

Page 5 of 5

  1. You are here:  
  2. Home
  3. ကျန်းမာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar