CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၄

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အတွင်း Covid-19 ဖြစ်ပွားမှု တိုးလာခြင်းကြောင့် ၎င်း အတွက် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို ကန့်သတ်ထားရန် ကြိုးစားသွားမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

သမ္မတသည် ဇူလိုင် ၁၃ ရက်တွင် အစ္စရေးနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။

ထို့နောက် ၎င်းသည် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) နှင့် ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ယာဟု တို့ကို လက်ဆွဲ နှုတ်ဆက်ခဲ့သေးသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် ဘိုင်ဒန်နှင့် အခြား ခေါင်းဆောင်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ လှုပ်လှုပ်ခတ်ခတ် ထင်ကြေးပေးနေ ကြချိန်၌ ယခုကဲ့သို့ Covid-19 စည်းမျဉ်းနှင့်အညီ ထိတွေ့မှု ကန့်သတ်ရန် ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ထင်ကြေးမှာ အိမ်ရှေ့ မင်းသား မိုဟာမက် ဘင်စလန်နှင့် တွေ့သည့်အခါ ဘိုင်ဒန် လက်ဆွဲ နှုတ်ဆက်မှာလားဆိုသည့် ထင်ကြေး ဖြစ်သည်။

အိမ်ရှေ့မင်းသားသည် ၎င်းအား ဝေဖန်သူတစ်ဦးကို သတ်ဖြတ်စီရင်စေခဲ့သဖြင့် အမေရိကန်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ ထားဖွယ်ရာ ရှိသည်ဟုလည်း အမေရိကန် ထောက်လှမ်းရေး အရာရှိများက ပြောကြားနေ ကြသည်။

တိကျသည့် Covid-19 စည်းမျဉ်းသည် အိမ်ရှေ့မင်းသားနှင့် ကတောက်ကဆ ဖြစ်နိုင်သည့် အလားအလာမျိုးကို ဘိုင်ဒန် ရှောင်ရှားရန် အကြောင်းပြစရာ ဖြစ်လာနိုင်သည်ဟု အေပီသတင်းတွင် ရေးသားထားသည်။

ဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ယာဟု (AP)

ဆော်ဒီအာဗျတွင် ကျင်းပမည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် ၎င်း၏ ခရီးစဉ်အတွင်း အစ္စရေး၊ ပါလက်စတိုင်းနှင့် အာရပ်ခေါင်းဆောင်များအား ဘိုင်ဒန်က မည်သို့ နှုတ်ဆက်မည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

ဇူလိုင် ၁၃ ရက် နှောင်းပိုင်းတွင် ဂျေရုဆလင်မြို့သို့ အသက် ၈၆ နှစ်အရွယ်ရှိ ဘိုင်ဒန် ရောက်ရှိစဉ် မီးလောင်တိုက် အသွင်းခံ ရသူများအတွက် အစ္စရေး၏ အောက်မေ့ဖွယ်ရာ နေရာဖြစ်သော ယာ့ဘက်ရှန် (Yad Vashem) နေရာ၌ အသက် ၉၅ အရွယ်ရှိ ဂျီစီလီဆိုင်ကိုဝစ်ဇ် ဆိုသူအား ပွေ့ဖက်နမ်းရှုံ့၍ နှုတ်ဆက်ခဲ့သည်။ ဂျီစီလီဆိုင်ကိုဝစ်ဇ်သည် မီးလောင်တိုက် အသွင်းခံရစဉ်က အသက်ရှင် ကျန်ရစ်သူ ဖြစ်သည်။

“သမ္မတနဲ့ တခြားသူတွေ ထိတွေ့တာမျိုး ကျမတို့ တတ်နိုင်သမျှ လျှော့ချဖို့ ကြိုးစားနေပါတယ်” ဟု သမ္မတ၏ Air Force One လေကြောင်းခရီးစဉ်နှင့်အတူ လိုက်ပါလာသော သတင်းထောက်များကို အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းဝန် ကရင်း ဂျင်ပီယာက ပြောကြားခဲ့သည်။

သို့သော် ဘိုင်ဒန်သည် အရှေ့အလယ်ပိုင်းသို့ မထွက်ခွာမီ ဇူလိုင် ၁၂ ရက်တွင် အိမ်ဖြူတော်၌ ပျော်ပျော်ပါးပါး စားသောက်ကြ သည့် အစီအစဉ်၌ ကွန်ဂရက် လွှတ်တော်အမတ်များနှင့် ရောနှောနေခဲ့ပြီး Covid-19 စည်းမျဉ်းအရ အကာအကွယ် မယူခဲ့ပေ။

Covid-19 ရောဂါပိုးသည် လူလူချင်း အထိအတွေ့ တစ်ခုတည်းမှ ကူးစက်ခြင်းသာမက လေထဲမှလည်း ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်ကြောင်း သိရသည်။

Source: AP