CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် COVID-19 တွင် ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိထားကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့သည်ဟု အယ်ဂျာဇီးယားက ယနေ့ (ဇူလိုင် ၂၁ ရက်) ရေးသား ဖော်ပြခဲ့သည်။

သို့သော် ရောဂါ လက္ခဏာမှာ အလွန်ပျော့ပျောင်းကြောင်း၊ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒန်သည် တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်ဟုလည်း အယ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။