- By CNI
- Category: နိုင်ငံရေး
- Hits: 92
CNI International News
နယူးဒေလီ၊ ဇူလိုင် ၃
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါ (West Bengal) ပြည်နယ်၊ မူရှီဒါဘတ် (Murshidabad) ခရိုင်ရှိ ကျေးရွာများတွင် နေထိုင်သူများသည် အစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်အပေါ် စိုးရိမ်နေကြေကြောင်း The Print သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
ထိုနယ်စပ်အနီးရှိ ကျေးရွာတစ်ရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဂျာလာလူဒင် မွန်ဒယ်လ် (Jalaluddin Mondal) သည် ဇွန်လ မနက်ခင်းတစ်ခုတွင် ၎င်း၏ ဂုန်လျှော်စိုက်ခင်းထဲ၌ အလံဖြူတစ်ထည် စိုက်ထူထားခဲ့သည်။
ထိုအလံဖြူသည် ငြိမ်းချမ်းရေးသင်္ကေတ မဟုတ်ဘဲ မြေယာဆုံးရှုံးမည့် တိုက်ပွဲသစ် တစ်ခုဖြစ်နေသည်။
ဂျာလူလာဒင်သည် နယ်စပ်နှင့် နီးကပ်စွာ နေထိုင်ဖြစ်သဖြင့် ၎င်း၏ ကိုယ်ပိုင် မြေကွက်များအတွက် နယ်နိမိတ် စည်း သတ်မှတ်မှုများသည် တည်မြဲရန် ခက်ခဲကြောင်း ညည်းတွားပြောဆိုခဲ့သည်။
ထို့နောက် မြေယာပြုပြင်ပြောင်းလဲရေးရုံး (BLRO) က ၎င်း၏ စိုက်ခင်းများကို ဖြတ်ပြီး နယ်စပ်ဆူးကြိုး ခြံစည်းရိုး ခတ်မည်ဖြစ်ကြောင်း ဖုန်းဖြင့် အကြောင်းကြားလာခဲ့ပြီး ခြံစည်းရိုး ခတ်ရန်အတွက် ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် (NOC) ပေးရန်လည်း ၎င်းအား ဖိအားပေးခဲ့သည်ဟု ဆိုသည်။
အနောက်ဘန်ဂေါပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကီလိုမီတာ ၂၂၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကီလိုမီတာ ၄၅၀ ကျော်ရှိသည့် နယ်စပ်အပိုင်းသည် ခြံစည်းရိုး ခတ်ရန် ကျန်ရှိနေသေးသည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးခတ်မည့်အပေါ် လယ်သမားတွေ စိုးရိမ်နေစဉ်
ထိုကဲ့သို့ နယ်စပ်ခြံစည်းရိုး ခတ်သည့် ကိစ္စသည် ရွေးကောက်ပွဲ ကာလအတွင်း အငြင်းပွားစရာ ဖြစ်ခဲ့ပြီး အာဏာရ BJP ပါတီက ၎င်းတို့ အနိုင်ရရှိခဲ့မည်ဆိုပါက ခြံစည်းရိုးခတ်သည့်ကိစ္စကို အရှိန်မြှင့် လုပ်ဆောင်မည်ဟု ကတိပြုခဲ့ သည်။
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် မေလ၌ BJP ပါတီမှ ဝန်ကြီးချုပ်သစ် တာဝန်ယူပြီးနောက်ပိုင်း ခြံစည်းရိုး ခတ်ရန် မြေယာသိမ်းဆည်းမှုများ ပိုမိုမြန်ဆန်လာခဲ့သည်။
လက်ရှိတွင် အာဏာပိုင်များသည် ခြံစည်းရိုးခတ်မည့် နယ်မြေတစ်လျှောက် အလံဖြူများစိုက်ထူကာ နစ်နာကြေး အတွက် မြေပိုင်ရှင်များနှင့် ညှိနှိုင်းနေကြသည်။
ဂျာလာလူဒင်ကမူ အမှန်တကယ် နိုင်ငံတကာ နယ်စပ်မျဉ်းသည် ယခုမှတ်သားထားသည့် နေရာနှင့် အနည်းဆုံး ၃ ကီလိုမီတာခန့် ကွာဝေးသေးကြောင်း ရှင်းပြသည်။
နယ်စပ်နှင့် ခြံစည်းရိုးအကြား ကျရောက်သွားမည့် မြေယာများသည် ဒေသခံတောင်သူများအတွက် အသုံးပြုနိုင် တော့မည် မဟုတ်ဘဲ ကျေးရွာများရှိ လူနေအိမ်များကိုပါ လက်လွတ်ဆုံးရှုံးရမည့် အခြေအနေကို ရောက်ရှိစေလိမ့် မည်ဟု ဂျာလာလူဒင်က ပြောကြားခဲ့သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 90
CNI International News
ဟောင်ကောင်၊ ဇူလိုင် ၃
ဟောင်ကောင်ရှိ ကွမ်-ထုံ-မေရီနိုးလ် (Kwun Tong Maryknoll) ကောလိပ်က ကျောင်းဝင်းအတွင်း မိုဘိုင်းလ်ဖုန်း အသုံးပြုမှု စည်းကမ်းချက်များကို တင်းကျပ်တော့မည်ဟု ကြေညာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထို့နောက် ကျောင်းသားအချို့၏ ကန့်ကွက်မှုများကြောင့် စည်းကမ်းချက် အပြောင်းအလဲများကို ခေတ္တ ဆိုင်းငံ့ ထားသည်။
လက်ရှိတွင် ကျောင်းဝင်းအတွင်း ဖုန်းသုံးစွဲခွင့်ကိုသာ ပိတ်ပင်ထားသည့် ထိုကောလိပ်သည် နောက်ပိုင်း၌ ဖုန်းများကို သတ်မှတ်ထားသော Locker များထဲ၌ သိမ်းဆည်းထားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ကျောင်းအဝင်ဝအနီး၌ ဂိမ်းဆော့ခြင်းကိုလည်း ပိတ်ပင်ရန် စီစဉ်ခဲ့ပြီး စည်းကမ်း ဖောက်ဖျက်သူများကို အပြစ်ပေးသည့် အနေဖြင့် အမှတ် ၄ မှတ်အထိ ဒဏ်ရိုက်မည်ဟု ကြေညာခဲ့သည်။
သို့သော် ကျောင်းသားများကမူ ထိုစည်းကမ်းချက်များသည် တင်းကျပ်လွန်းကြောင်း စောဒကတက်ခဲ့ပြီး ထိုစည်းကမ်းချက်များကို ကန့်ကွက်ရန်အတွက် လက်မှတ်ရေးထိုး တောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။

ကွမ်ထုံမေရီနိုးလ် ကောလိပ်မှ ကျောင်းသားတွေ မိုဘိုင်းလ်ဖုန်း သုံးနေစဉ်
အတန်းတစ်ခုတည်းမှ ကျောင်းသား ၁၂၀ ကျော်ကို နေ့လယ်စာ စားချိန်၌ Locker တစ်ခုတည်းမှ ဖုန်းများ ပြန်လည် ထုတ်ယူခိုင်းခြင်းသည် နေ့စဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု ကျောင်းသားများက ပြောကြားခဲ့သည်။
ထို့ပြင် ကျောင်းသားအများစုသည် အွန်လိုင်းမှတစ်ဆင့် နေ့လယ်စာ မှာယူခြင်းနှင့် ငွေပေးချေခြင်းများ ပြုလုပ်ရန် ၎င်းတို့၏ ဖုန်းများကိုသာ အားကိုးနေရကြောင်းလည်း ဂျိမ်းစ်အမည်ရှိ ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။
“အချို့စာသင်ချိန်တွေက ပျင်းစရာကောင်းလို့ အချိန်ဖြုန်းတဲ့ အနေနဲ့ ဖုန်းသုံးနေကြတာပါ” ဟု ၎င်းက ပြောသည်။
၎င်းအနေဖြင့် ပိတ်ရက်မဟုတ်သော နေ့ရက်များတွင် ဖုန်းကို ၆ နာရီခန့် အသုံးပြုပြီး၊ ပိတ်ရက်များတွင် ၈ နာရီ အထိ အသုံးပြုလေ့ရှိကာ သူငယ်ချင်းများနှင့် WhatsApp မှတစ်ဆင့် ဖုန်းခေါ်ဆိုမှု ပြုလုပ်ရာတွင် ပျမ်းမျှ ၅ နာရီ ခန့် အချိန်ကုန်ဆုံးလေ့ရှိကြောင်း ဂျိမ်းစ်က ပြောကြားခဲ့သည်။
၎င်း၏ မိဘများသည် ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားခြင်း မရှိသော်လည်း ကျောင်းသားများ အနေဖြင့် ဖုန်း အသုံးပြုချိန်ကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်ကြောင်းလည်း ဂျိမ်းစ်က ပြောကြားခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 80
CNI International News
မော်စကို၊ ဇူလိုင် ၃
ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ရုရှား၏ စွမ်းအင်အခြေခံ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် စက်သုံးဆီ ပြတ်လပ်မှုများကို လျှော့ချရန် ရုရှားသည် အိန္ဒိယထံမှ စက်သုံးဆီများအား ရေကြောင်းခရီးဖြင့် တင်သွင်းနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ၏ နယ်မြေဒေသများတွင် စက်သုံးဆီ ပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး စက်သုံးဆီကို ခွဲတမ်းစနစ်ဖြင့် ရောင်းချခြင်း၊ ဆီဆိုင်များတွင် တန်းစီ စောင့်ဆိုင်းရခြင်းများနှင့် ဓာတ်ဆီဈေးနှုန်းများ စံချိန်တင် မြင့်တက်ခြင်းတို့ ဖြစ်ပေါ်နေသည်။
ရုရှားနိုင်ငံ အနေဖြင့် အခြားနိုင်ငံများနှင့်လည်း ဆက်သွယ် ဆောင်ရွက်နေပြီး သင့်တော်သည့် ဈေးနှုန်းများဖြင့် စက်သုံးဆီ တင်သွင်းနိုင်ရန် ဆွေးနွေးနေကြောင်း ကရင်မလင်နန်းတော်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ ရေနံဝန်ကြီးဌာနတို့ကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။
အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့ စက်သုံးဆီ မက်ထရစ်တန်ချိန် ၆၀,၀၀၀ ပေးပို့ထားပြီးဖြစ်ကြောင်း သတင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် ပူတင်ကို တွေ့ရစဉ်
အခြား သတင်းမြစ် တစ်ခုကမူ တန်ချိန် ၃၀,၀၀၀ မှ ၄၀,၀၀၀ စီ အသီးသီး ဝင်ဆံ့သည့် လောင်စာဆီတင် သင်္ဘော နှစ်စင်းကို စေလွှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
တတိယသတင်းမြစ် တစ်ခု၏ အဆိုအရ ရုရှားနိုင်ငံသို့ စက်သုံးဆီများ တင်ပို့ပေးနေသည့် အိမ်နီးချင်း ဘယ်လာရုစ် နိုင်ငံ အပါအဝင် နိုင်ငံအသီးသီးမှ စက်သုံးဆီ မက်ထရစ်တန်ချိန် စုစုပေါင်း ၄၀၀,၀၀၀ ကို လစဉ် တင်သွင်းရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် စက်သုံးဆီ လိုအပ်ချက် မြင့်မားသည့် နွေရာသီကာလ၌ နေ့စဉ် စက်သုံးဆီ သုံးစွဲမှု ပမာဏမှာ အနည်းဆုံး တန်ချိန် ၁၁၀,၀၀၀ ရှိသည်။
ရုရှားသမ္မတ ပူတင် (Vladimir Putinacknowledged) က ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အချို့ ဒေသများတွင် ရေနံချက်စက်ရုံများ ထိခိုက်ပြီး စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရဝန်ကြီးများ၊ အရာရှိများနှင့် ဇွန်လ ၂၈ ရက်က ပြုလုပ်သည့် အစည်းအဝေး၌ ဝန်ခံပြောကြားခဲ့သည်။
သို့သော် ရုရှားအနေဖြင့် စက်သုံးဆီ ပြတ်လပ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်း နေပြီဖြစ်ကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 102
CNI International News
အင်ဖာ၊ ဇူလိုင် ၂
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ လူမျိုးစုများ ကြား ပြန့်နှံ့နေသည့် လက်နက်များအားလုံးကို ဖြုတ်သိမ်းရေးဖြစ်သည်ဟု The Print သတင်းဝက်ဘ်ဆိုက်က အကြံပြုရေးသားထားသည်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် မဏိပူရပြည်နယ် Kangpokpi ခရိုင်ရှိ Leilon Vaiphei ကျေးရွာမှ နာဂ အရပ်သား ၆ ဦး ပြန်ပေးဆွဲခံခဲ့ရပြီးနောက် နှိပ်စက်ညှင်းပန်း ခံထားရသည့် ၎င်းတို့၏ ရုပ်အလောင်းများကို ဇွန်လ ၁၀ ရက်နေ့တွင် အနီးနားရှိ တောအုပ်တစ်ခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရက်ပေါင်းများစွာ အသံတိတ်နေခဲ့ပြီးနောက် ကူကီး-ဇို ကောင်စီ (Kuki-Zo Council) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုလူသတ်မှုများသည် စိတ်လှုပ်ရှားသွားသည့် အခိုက်အတန့်တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် အမှားတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့ကာ လူထုကိုယ်စား တောင်းပန်ခဲ့သည်။
နာရီပိုင်းအတွင်းမှာပင် နာဂကျောင်းသားများအဖွဲ့ချုပ် (ANSAM) က ကူကီး-ဇို ကောင်စီ၏ တောင်းပန်မှုကို မရိုးသားကြောင်းပြောကာ ပယ်ချခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးပေးရန် တောင်းဆိုခဲ့သည်။
လူသတ်သမားများကို လွတ်လပ်စွာ လွှတ်ထားပြီး မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်း မရှိသရွေ့ ပြန်လည် သင့်မြတ်ရေး အစီအစဉ်များ စတင်နိုင်မည် မဟုတ်ကြောင်း ANSAM က ပြောကြားခဲ့သည်။

မဏိပူရပြည်နယ်၊ အင်ဖာမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကိုတွေ့ရစဉ်
ထိုကိစ္စ၏ နောက်ကွယ်တွင် အလွန်ရှုပ်ထွေးသည့် မေးခွန်းတစ်ခုရှိနေသည်။ အဆိုပါ မေးခွန်းမှာ နာဂအရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့သော လက်နက်များသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်းဆိုသည့် မေးခွန်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မေလကတည်းက လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် လက်နက်များကဲ့သို့ပင် ယခု အရပ်သား ၆ ဦး ကို သတ်ဖြတ်ခဲ့သည့် လက်နက်များသည် အရပ်သားများ၏ လက်ထဲတွင် ရှိမနေသင့်သော လက်နက်များ ဖြစ် သည်။
မဏိပူရ၏ လူမျိုးစုပဋိပက္ခ သုံးနှစ်တာ ကာလအတွင်းသို့ ရောက်ရှိလာချိန်တွင် အရပ်သားများ၏ လက်ထဲ၌ ပျံ့နှံ့နေသည့် လက်နက် အရေအတွက်မှာ ၆၀၀၀ ခန့်ရှိနေသဖြင့် ထိုကိန်းဂဏန်းသည် စိုးရိမ်စရာကောင်းသော ပမာဏဖြစ်သည်။
ကူကီး-ဇိုနှင့် ကသည်းလူမျိုးစုများကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် အစောပိုင်း သီတင်းပတ်များအတွင်း ပြည်နယ်ရဲတပ်ဖွဲ့၏ လက်နက်တိုက်များအတွင်းမှ စိန်ပြောင်းများ၊ လက်ပစ်ဗုံးများ၊ ကျည်ကာအင်္ကျီများ အပါအဝင် သိန်းနှင့်ချီသော ကျည်ဆန်များနှင့်အတူ သေနတ်အလက်ပေါင်း ၆၀၀၀ ခန့် ခိုးယူခံခဲ့ရသည်။

အိန္ဒိယအစိုးရက လက်နက်တွေ သိမ်းဆည်းရမိစဉ်
သုံးနှစ်အကြာတွင် ထိုကဲ့သို့ ခိုးယူခံခဲ့သည့် လက်နက်များ ပြန်လည် သိမ်းဆည်းရမိမှုနှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်း မဏိပူရပြည်နယ် ရဲချုပ်က ပြောကြားခဲ့သော်လည်း ကျန်ရှိနေသည့် လက်နက် ၄၀ ရာခိုင်နှုန်း သို့မဟုတ် သေနတ်အလက်ပေါင်း ၂၀၀၀ နီးပါးကို ရှာမတွေ့သေးပေ။
ထိုလက်နက်များသည် ပဋိပက္ခ ဖြစ်ပွားနေသည့် နှစ်ဖက်စလုံးရှိ လက်နက်ကိုင်ပြည်သူ့စစ်များ၊ သူပုန်အဖွဲ့များ၏ လက်ထဲတွင် ပျံ့နှံ့နေဆဲဖြစ်သည်။
ထို့ကြောင့် မဏိပူရပြည်နယ်တွင် လက်နက် ဖြုတ်သိမ်းရေးသည် လွယ်ကူလိမ့်မည် မဟုတ်ဘဲ မဖြစ်နိုင်သည့် အခြေအနေဟုပင် ပြောနိုင်သည်။
သေနတ်များသည် မဏိပူရပြည်နယ်၏ လူမျိုးစုကွဲပြားမှုကို ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း သေနတ်များ ရှိနေသရွေ့ ပဋိပက္ခကို အဆုံးသတ်နိုင်မည် မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့်လည်း အလှမ်းဝေးနေဦးမည်ဖြစ်သည်။
Source: The Print
- By CNI
- Category: နိုင်ငံရေး
- Hits: 104
CNI International News
မော်စကို၊ ဇူလိုင် ၂
မကြာသေးမီ လများအတွင်းက ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ရုရှား၏ ရေနံချက်စက်ရုံများ မီးလောင် ပျက်စီးခဲ့ပြီး နယ်နိမိတ်ကျယ်ဝန်းသည့် ရုရှားနိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ် မောင်းသူများအတွက် စက်သုံးဆီ ထောက်ပံ့မှုများ ပြတ်တောက်သွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
နေရာဒေသ အများအပြားတွင် စက်သုံးဆီကို ခွဲတမ်းစနစ်ဖြင့် စတင် ရောင်းချနေပြီး လမ်းဘေး၌ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များ၏ ဓာတ်ပုံများကိုလည်း လူမှုမီဒီယာများပေါ်မှာ တွေ့ရှိရသည်။
ဆိုက်ဘေးရီးယားဒေသရှိ အီကုထ်စ် (Irkutsk) မြို့တော်ဝန်ကမူ စက်သုံးဆီ တန်းစီစောင့်ဆိုင်းနေသူများ အဆင်ပြေ စေရန်အတွက် ရွှေ့ပြောင်း အိမ်သာများကိုပင် ချထားပေးရန် အမိန့်ပေးခဲ့သည်။

ရုရှားရေနံချက်စက်ရုံ တိုက်ခိုက်ခံရစဉ်
ကမ္ဘာ့အကြီးဆုံး စွမ်းအင်ထုတ်လုပ်သည့် ရုရှားနိုင်ငံအတွက် ယခုကဲ့သို့ တစ်ခါမျှ မကြုံဖူးသည့် စက်သုံးဆီ အကျပ်အတည်းသည် ယူကရိန်းစစ်ပွဲ၏ အကျိုးဆက် တစ်ခုဖြစ်သည်။ ထိုအကျိုးဆက်သည် ရုရှားပြည်သူများ ကိုပါ တိုက်ရိုက် သက်ရောက်လာခြင်းဖြစ်သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) ကမူ စက်သုံးဆီ ပြတ်လပ်မှုများသည် စိုးရိမ်ရလောက်သည့် အဆင့် မဟုတ် ကြောင်းနှင့် ယာယီသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မော်တော်ယာဉ် မောင်းသူတွေရော စီးပွားရေး လုပ်ငန်းတွေ အတွက်ပါ အခက်အခဲတွေ ဆက်ရှိနေပါတယ်။ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေရတုန်းပဲဖြစ်ပြီး ကိုယ်လိုချင်တဲ့ စက်သုံးဆီ အမျိုးအစားကို ရှာဖွေဖို့က အမြဲတမ်း မလွယ်ကူပါဘူး” ဟု ၎င်းက ဝန်ခံပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လနှောင်းပိုင်း ကတည်းက ရုရှားနိုင်ငံအတွင်းနှင့် ရုရှားက သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ် (Crimean Peninsula) ရှိ ရေနံချက်စက်ရုံများ၊ ရေနံသိုလှောင်ရုံများ၊ ရေနံဆိပ်ကမ်းများနှင့် အခြား ရေနံ အခြေခံ အဆောက်အအုံများအပေါ် ယူကရိန်း၏ တိုက်ခိုက်မှုပေါင်း အကြိမ် ၅၀ ကျော် ရှိခဲ့ကြောင်း အေပီ သတင်းဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

ရုရှားမှာ စက်သုံးဆီ တန်းစီစောင့်ထည့်နေကြရစဉ်
စက်ရုံ တစ်ရုံချင်းစီသည် တစ်ကြိမ်ထက်မက ထပ်တလဲလဲ တိုက်ခိုက်ခံရလေ့ရှိပြီး ဥပမာအားဖြင့် ပင်လယ်နက် ကမ်းခြေမြို့ဖြစ်သော တူအပ်စ် (Tuapse) မြို့ ရှိ ရေနံချက်စက်ရုံသည် သီတင်းပတ် ၂ ပတ်ကျော် အတွင်းမှာပင် ၄ ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရသည်။
ထိုအကျိုးဆက်ကြောင့် ဇွန်လအတွင်း ရုရှားနိုင်ငံက စက်သုံးဆီအဖြစ် ချက်လုပ်ခဲ့သည့် ရေနံစိမ်း ပမာဏသည် လွန်ခဲ့သည့် နှစ်ကထက် ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး တစ်ရက်လျှင် စည်ပေါင်း ၃ ဒသမ ၉၅ သန်း အထိ ရှိခဲ့သည်။
ထိုပမာဏသည် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း အနိမ့်ဆုံး ပမာဏဖြစ်သည်။
ဓာတ်ဆီ ထုတ်လုပ်မှုသည်လည်း လွန်ခဲ့သည့် တစ်နှစ်က တစ်ရက်လျှင် စည်ပေါင်း ၁ ဒသမ ၀၃ သန်းရှိခဲ့ရာမှ ယခုအခါ ၁၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး တစ်ရက်လျှင် စည်ပေါင်း ၈၅၀,၀၀၀ သာ ရှိတော့သဖြင့် ပြည်တွင်း စျေးကွက် လိုအပ်ချက်ထက် များစွာလျော့နည်းနေသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 116
CNI International News
ဝါရှင်တန်၊ ဇူလိုင် ၂
အမေရိကန်နှင့် တရုတ်အစိုးရတို့ အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လက်တုံ့ပြန်သည့် လုပ်ဆောင် ချက်များဖြင့် တင်းမာမှုများကို ပိုမိုမြင့်တက်လာစေသော အခြေအနေအား ရှောင်ရှားကြရန် အမေရိကန် အထက် လွှတ်တော်အမတ် စတိဗ် ဒိန်းစ် (Steve Daines) က တိုက်တွန်းခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
အမေရိကန် မြေရှားသတ္တုကုမ္ပဏီများကို တရုတ်က မကြာသေးမီက ပို့ကုန်ထိန်းချုပ် ကန့်သတ်မှုများ ပြုလုပ်ခြင်း၊ အမေရိကန်စစ်ဌာနချုပ်က တရုတ်နည်းပညာကုမ္ပဏီအချို့ကို နာမည်ပျက် စာရင်းသွင်းခြင်း အစရှိသည့် အပြန် အလှန် လက်တုံ့ပြန်မှုများကို ကိုးကားပြီး ဒိန်းစ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါတွေဟာ စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါပဲ။ နှစ်ဖက်စလုံးမှာ တင်းမာမှုတွေ အရှိန်မြင့်တက်လာတာကို ကျနော် မမျှော်လင့်ခဲ့ပါဘူး” ဟု မွန်တားနားပြည်နယ်မှ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ဒိန်းစ်က ဇွန်လ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဒိန်းစ်သည် အမေရိကန်အထက်လွှတ်တော်တွင် သြဇာအရှိဆုံး ကော်မတီနှစ်ခုဖြစ်သည့် နိုင်ငံခြားဆက်ဆံရေး ကော်မတီနှင့် ဘဏ္ဍာရေးကော်မတီများ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

အမေရိကန် အထက် လွှတ်တော်အမတ် စတိဗ် ဒိန်းစ်ကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) တို့ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သော ထိပ်သီး အစည်းအဝေးအတွင်း တင်းမာမှုများကို လျှော့ချရန် သဘောတူညီခဲ့ကြ သလို သီတင်းပတ် အနည်းငယ်အကြာမှာပင် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ပို့ကုန်ကဏ္ဍများ၌ အပြန်အလှန် လက်တုံ့ပြန်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံသည် အမေရိကန်၏ မြေရှားသတ္တု လုပ်ငန်းကြီး နှစ်ခုဖြစ်သော MP Materials နှင့် USA Rare Earths အပါအဝင် အခြား အမေရိကန်ကုမ္ပဏီ ၈ ခုကို ပစ်မှတ်ထားပြီး ပို့ကုန်ထိန်းချုပ် ကန့်သတ်မှုများ ချမှတ်ခဲ့ကာ အမေရိကန်ကုမ္ပဏီ ၄၆ ခုကိုလည်း အစိုးရ၏ တင်ဒါခေါ်ယူမှုတွင် ပါဝင်ခွင့် ပိတ်ပင် ခဲ့သည်။
တရုတ်အစိုးရကမူ ၎င်းတို့၏ တားမြစ်ကန့်သတ်ချက်များသည် တရုတ်၏ နည်းပညာကုမ္ပဏီများကို အမည်ပျက် စာရင်း သွင်းခဲ့သည့် အမေရိကန်၏ လုပ်ဆောင်ချက်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတ္တုတူးဖော်နေစဉ်
ဇွန်လ အစောပိုင်းက အမေရိကန်စစ်ဌာနချုပ်ဖြစ်သည့် ပင်တဂွန်သည် Alibaba၊ Baidu နှင့် BYD တို့ အပါအဝင် တရုတ်ကုမ္ပဏီပေါင်း ၆၀ ကျော်ကို အမေရိကန်တွင် စီးပွားရေး လုပ်ကိုင်နေသည့် တရုတ်စစ်ဘက်ဆိုင်ရာ ကုမ္ပဏီ များ စာရင်းအတွင်းသို့ ထည့်သွင်းခဲ့သည်။
Alibaba ကုမ္ပဏီကမူ ခိုင်လုံသော အထောက်အထား သို့မဟုတ် ရှင်းလင်းချက်မရှိဘဲ အမည်ပျက်စာရင်းထဲသို့ ထည့်သွင်း ခံခဲ့ရသည်ဟုဆိုကာ ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကို တရားစွဲ ဆိုခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 110
CNI International News
နယူးဒေလီ၊ ဇူလိုင် ၂
အနာဂတ်တွင် ဖြစ်ပွားမည့် စ-စ်ပွဲများသည် ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုနှင့် စ-စ်ပွဲဇုန်အလိုက် အခြေပြု တိုက်ခိုက်ရမည့် စ-စ်ပွဲများ ဖြစ်လာလိမ့်မည်ဟု အိန္ဒိယကြည်းတပ်ဦးစီးချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး အူပန်ဒရာ ဒွီဗေဒီ (Upendra Dwivedi)က ဇွန်လ ၃၀ ရက်တွင် ပြောကြားခဲ့ကြောင်း The Economic Times မှ ဖော်ပြခဲ့သည်။
“တပ်ဖွဲ့သုံးခုကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဟာ ပိုမို ခိုင်မာလာခဲ့ပါတယ်။ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ် တွေဟာ တူညီတဲ့အတွေးအမြင်၊ ပေါင်းစပ်ညှိနှိုင်းမှုတွေနဲ့အတူ လက်တွဲ လုပ်ဆောင်ခဲ့ကြပါတယ်။ နောင်အနာဂတ် မှာ ဖြစ်ပွားမယ့် စ-စ်ပွဲတွေဟာ ပိုမို ပူးပေါင်းဆောင်ရွက်ရမယ့်၊ ပေါင်းစပ် ညှိနှိုင်းရမယ့်အပြင် စ-စ်ဇုန်အလိုက် အခြေပြု တိုက်ခိုက်ရမယ့် စ-စ်ပွဲတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဦးတည်ချက်က ရှင်းလင်းပြတ် သား ပါတယ်။ အတူတကွ ရှုမြင်သုံးသပ်ဖို့၊ ဆုံးဖြတ်ချက်များကို အတူတကွချမှတ်ဖို့နဲ့ အရေးကိစ္စတွေကို အတူ တကွ လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ကြောင့် အိန္ဒိယစစ်တပ်၏ ဦးတည်ချက်သည် ရှင်းလင်းပြတ်သားပြီး အခြေအနေ အရပ်ရပ်ကို အတူတကွ ရှုမြင် သုံးသပ်ရန်၊ ဆုံးဖြတ်ချက်များကို ညှိနှိုင်းချမှတ်ရန်နှင့် ကိစ္စရပ်များအား အတူတကွ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဒွီဗေဒီက ပြောကြားခဲ့သည်။

အိန္ဒိယစစ်တပ် ဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး အူပန်ဒရာ ဒွီဗေဒီက လွှဲပြောင်းပေးစဉ်
ဗိုလ်ချုပ်ကြီး ဒွီဗေဒီသည် စစ်တပ်တွင် တာဝန်ထမ်းဆောင်မှု သက်တမ်း နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော ထက်မြက်သည့် စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
သူသည် ဇွန်လ ၃၀ ရက်တွင် ရာထူးမှ အနားယူခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးများရုံး၏ ခြံဝင်းအတွင်း စစ်အခမ်းအနားဖြင့် နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။
“ဒီနေ့မှာ ကျနော် ကြည်းတပ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်း ကုန်ဆုံးတဲ့အချိန်မှာ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မှု၊ ဂုဏ်ယူဝင့်ကြွားမှုနဲ့ စိတ်ကျေနပ်မှုတွေကို ခံစားရပါတယ်” ဟု ဒွီဗေဒီက ပြော ကြားခဲ့သည်။
အိန္ဒိယကြည်းတပ်၏ အင်အားသည် ခေါင်းဆောင် တစ်ဦးတည်းကြောင့် မဟုတ်ဘဲ စစ်သည်တော်များ၊ တပ်မှူး များ၊ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် နိုင်ငံသားများ၏ ခိုင်မာတည်ကြည်သော ယုံကြည်မှုများထံမှ ရရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒွီဗေဒီသည် ရာထူးနှုတ်ဆက်ပွဲ အခမ်းအနား မစတင်မီ အမျိုးသားစ-စ်ပွဲ ဗိမာန်သို့ သွားရောက်ပြီး ရဲစွမ်းသတ္တိရှိ သော အာဇာနည် သူရဲကောင်းများကို ဂုဏ်ပြုသောအားဖြင့် လွမ်းသူပန်းခွေ ချခဲ့သည်။

အိန္ဒိယစစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူပန်ဒရာ ဒွီဗေဒီကို တွေ့ရစဉ်
ပြီးခဲ့သည့် ၂ နှစ်တာ ကာလအတွင်း အိန္ဒိယကြည်းတပ်သည် စ-စ်မျက်နှာ အားလုံးတွင် စ-စ်ဆင်ရေးအတွက် အသင့် အနေအထားဖြစ်မှုကို အရှိန်အဟုန်မပျက် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
“မြောက်ဘက် နယ်စပ်မှာဆိုရင် နှင်းကျားသစ် စ-စ်ဆင်ရေး (Operation Snow Leopard) အောက်မှာ ကျနော် တို့ရဲ့ တပ်ဖြန့်ထားမှုဟာ ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး နိုးနိုးကြားကြား ရှိနေပါတယ်။ အနောက်ဘက် နယ်စပ်မှာလည်း ကြည်းတပ်ဟာ ကျရာတာဝန်တွေကို တည်ကြည်လေးနက်စွာ အသင့်အနေအထားနဲ့ ထမ်းဆောင်ခဲ့ပါတယ်။ ဆင်ဒူးရ် စ-စ်ဆင်ရေး (Operation Sindoor) ဟာ ထင်ရှားတဲ့ သာဓကတစ်ခုပါပဲ” ဟု ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလအတွင်းက အိန္ဒိယနိုင်ငံ၏ ပါဟယ်ဂမ် (Pahalgam) ကျေးရွာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် ဆောင်ရွက်ခဲ့သော Operation Sindoor စ-စ်ဆင်ရေးတွင် အိန္ဒိယစစ်တပ် ၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ သုံးခုစလုံးသည် အတူတကွ ပူးပေါင်းညှိနှိုင်းမှု၊ ပေါင်းစပ်မှုများဖြင့် လုပ်ဆောင်ခဲ့ကြ သည်။
Source: The Economic Times
- By CNI
- Category: နိုင်ငံရေး
- Hits: 105
CNI International News
တိုင်ပေ၊ ဇူလိုင် ၁
တရုတ်၏ သူလျှိုလှုပ်ရှားမှုများကို အလျှော့မပေးရန်နှင့် ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်ကို ကာကွယ်ရန် ထိုင်ဝမ် သမ္မတ လိုင်ချင်တေး (Lai Ching-te) က ထိုင်ဝမ်စစ်တပ်၏ ဗိုလ်လောင်းများကို ဇွန်လ ၃၀ ရက်က သတိပေးခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်နှင့် တရုတ်ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သူလျှိုလုပ်ခြင်း၊ ထောက်လှမ်းခြင်းတို့ ကာလကြာ ရှည် ရှိခဲ့ဖူးပြီး အထူးသဖြင့် ထိုင်ဝမ်တွင် တရုတ်၏ သူလျှိုလုပ်မှုများသည် သိသိသာသာ မြင့်တက်လာခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး ထိန်းချုပ် သွားမည်ဟု သတိပေးထားကာ ထိုင်ဝမ်ကျွန်းအနီးတွင် စ-စ်ရေးလှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်လျက်ရှိသည်။
စစ်သားတစ်ဦး၏ ဂုဏ်သိက္ခာသည် သစ္စာစောင့်သိမှုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း လိုင်က တိုင်ပေမြို့တော် ဆင်ခြေဖုံးရှိ Fu Hsing Kang ကောလိပ်တွင် ပြုလုပ်သည့် ဗိုလ်လောင်းများ၏ ဘွဲ့နှင်းသဘင် အခမ်းအနား၌ ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်
“တရုတ်ရဲ့ စိမ့်ဝင်ထိုးဖောက်မှုတွေ၊ သွေးခွဲမှုတွေ၊ အဖျက်အမှောင့်လုပ်ငန်းတွေ၊ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့ ဝင်တွေကို ပစ်မှတ်ထားနေတဲ့ သူလျှိုလှုပ်ရှားမှုတွေ အပါအဝင် များပြားလှတဲ့ ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေ ကို ရင်ဆိုင်တဲ့ နေရာမှာ မိတ်ဆွေနဲ့ ရန်သူကို ကွဲကွဲပြားပြားသိအောင် သတိဝိရိယထားကြဖို့ ခင်ဗျားတို့ အားလုံးကို ကျနော် တိုက်တွန်းချင်ပါတယ်။ ပုံစံမျိုးစုံနဲ့လာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ သွေးဆောင် ဖြားယောင်းမှုတွေကို ကြံ့ကြံ့ခံ တော်လှန်ခြင်းကသာ ကျနော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်” ဟု လိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ရန်၊ ပြည်ပ၏ စိမ့်ဝင်ထိုးဖောက်မှုကို ကာကွယ်ရန်၊ ဒီမိုကရေစီနှင့် လွတ်လပ် ခွင့်ကို တည်ကြည်စွာ ထိန်းသိမ်းရန်နှင့် လိုင်က ဗိုလ်လောင်းများကို တိုက်တွန်းခဲ့ပြီး ထိုင်ဝမ်နှင့် တရုတ်သည် တစ်ဖက်နှင့်တစ်ဖက် လက်အောက်ခံများ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ပြည်တွင်းစစ်တွင် မော်စီတုန်း ( Mao Zedong) ၏ ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့ပြီး ထိုင်ဝမ်သို့ တိမ်းရှောင် ခဲ့ပြီးနောက် ၂ နှစ်အကြာဖြစ်သည့် ၁၉၅၁ ခုနှစ်က တည်ထောင်ခဲ့သော ထိုကောလိပ်သည် လက်ရှိတွင် အမျိုးသား ကာကွယ်ရေး တက္ကသိုလ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
စစ်အေးတိုက်ပွဲ ကာလက ထိုကောလိပ်သည် ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပြည်ပနိုင်ငံများမှ အရာရှိ များကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လက်ရှိ အချိန်အထိလည်း ပြည်ပကျောင်းသားများ တက်ရောက်နေဆဲ ဖြစ်သည်။
ဇွန်လ ၃၀ ရက်က ပြုလုပ်သည့် ဘွဲနှင်းသဘင် အခမ်းအနားကို ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေးရှိသည့် ဘီလစ်ဇ်၊ ဂွာတီမာလာ၊ ပါရာဂွေးနိုင်ငံများမှ သံအမတ်များ တက်ရောက်ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 155
CNI International News
ဆိုးလ်၊ ဇူလိုင် ၁
တောင်ကိုရီးယား၏ တန်ပြန်ဒရုန်း မဟာဗျူဟာတွင် ဟာကွက်များ ရှိနေသည်ဟု The Korea Times မှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးအကြိမ် ပြုလုပ်သည့် ဒရုန်းတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုသည် မြေပြင် အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ယူကရိန်းမီဒီယာတစ်ခုက မေးခွန်းထုတ်ခဲ့ပြီးနောက် တိုးတက်ပြောင်းလဲ လာသည့် ဒရုန်းကာကွယ်ရေး မဟာဗျူဟာနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်လာခဲ့သည်။
တောင်ကိုရီးယား လေတပ်ကမူ ကျည်အစစ်များ အသုံးပြု ပစ်ခတ်ခဲ့သည့် ထိုစစ်ရေး လေ့ကျင့်မှုသည် ယူကရိန်း စ-စ်မြေပြင် အခြေအနေကို ပုံတူကူးရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ဘဲ လက်ရှိ လက်နက်စနစ်များကို အသုံးချသည့် ပထမအဆင့် စမ်းသပ်မှုတစ်ခုသာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
ယူကရိန်း စစ်ရေးသတင်းမီဒီယာ တစ်ခုဖြစ်သော Defense Express သည် တောင်ကိုရီးယား လေတပ်၏ စစ်ရေး လေ့ကျင့်မှု ရုပ်သံမှတ်တမ်းကို ဆန်းစစ်လေ့လာခဲ့ပြီး ထိုလေ့ကျင့်မှုတွင် အနိမ့်ပျံ ဒရုန်း အစင်း ၅၀ စင်းကို ပစ်ခတ် ချေမှုန်းရန်အတွက် M167 Vulcan လေကြောင်းရန် ကာကွယ်ရေး စက်အမြောက် ၈ လက်ကို အသုံးပြုခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။
သို့သော် လက်တွေ့ စ-စ်မြေပြင်တွင် အသုံးပြုသည့် FPV ဒရုန်းများသည် အုပ်စုဖွဲ့ပြီး ဖြည်းညင်းစွာ ပျံသန်းလေ့ မရှိကြောင်း Defense Express မီဒီယာက ထောက်ပြခဲ့သလို ယခုလေ့ကျင့်ခန်းသည် တကယ့် စ-စ်မြေပြင် အခြေ အနေများနှင့် သိသိသာသာ ကွဲပြားနေသည်ဟု ဝေဖန်ခဲ့သည်။
ထို့ပြင် တန်ဖိုးနည်း FPV ဒရုန်းများကို လေကြောင်းရန် ကာကွယ်ရေး ကျည်ဆံများဖြင့် ပစ်ခတ်ခြင်းသည် ကုန်ကျ စရိတ် ကြီးမြင့်ပြီး အမှန်တကယ် ထိရောက်မှု ရှိ/မရှိကိုလည်း ထိုမီဒီယာက မေးခွန်းထုတ်ခဲ့သည်။

တောင်ကိုရီးယားက ဒရုန်းမဟာဗျူဟာ လေ့ကျင့်နေစဉ်
ယခုလေ့ကျင့်မှုသည် တန်ဖိုးမရှိကြောင်း ပြောကြားချက်များကို တောင်ကိုရီးယား လေတပ်က ငြင်းပယ်ခဲ့ပြီး ယခု လေ့ကျင့်ခန်းသည် ပထမဆုံး ဒရုန်းတိုက်ဖျက်ရေး လေ့ကျင့်ခန်းဖြစ်ကာ တောင်ကိုရီးယား စစ်တပ်တွင် ပိုင်ဆိုင် ထားသည့် လက်ရှိ လက်နက်များဖြင့် အုပ်စုဖွဲ့လာမည့် ဒရုန်းရန်သူများကို တုံ့ပြန်တိုက်ခိုက်နိုင်ခြင်း ရှိ/မရှိ စမ်းသပ်ရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ရည်ရွယ်ချက်က တကယ့် စ-စ်မြေပြင် အခြေအနေကို ပုံတူကူးဖို့ မဟုတ်ပါဘူး၊ ကျနော်တို့ လက်ရှိ ပိုင်ဆိုင်ထား တဲ့ လက်နက်စနစ်တွေနဲ့ အုပ်စုဖွဲ့လာမည့် ဒရုန်းရန်သူတွေကို ဘယ်လောက်အထိ တုံ့ပြန်နိုင်စွမ်း ရှိမလဲဆိုတာကို အတည်ပြုဖို့ပါ။ ဒါက ပထမဆုံးအကြိမ် လေ့ကျင့်ခန်း ဖြစ်တဲ့အတွက်ကြောင့် ဒရုန်းတွေက အရှိန်အဟုန် နှေးနှေး၊ အနိမ့်ပျံသန်းမှုနဲ့ ထိုးဖောက် ဝင်ရောက်လာမယ့် ဖြစ်နိုင်ခြေအပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု လေတပ်တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် တောင်ကိုရီးယား လေတပ်အနေဖြင့် ရုရှား-ယူကရိန်း စ-စ်ပွဲနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော အရှေ့ အလယ်ပိုင်း ပဋိပက္ခများထံမှ သင်ခန်းစာများကို လေ့လာနေကြောင်း ပြောကြားခဲ့သော်လည်း၊ ဒရုန်းဖြင့် တိုက်ခိုက်မှုတိုင်းသည် မြန်နှုန်းမြင့် FPV ဒရုန်းများကိုသာ အသုံးပြုလာမည် မဟုတ်ကြောင်း ထည့်သွင်းပြော ဆိုခဲ့သည်။
“ဒရုန်းနဲ့ တိုက်ခိုက်မှုတွေဟာ လုပ်ငန်းစဉ်နဲ့ ပစ်မှတ်ပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကျနော်တို့ အနေနဲ့ နောက်ထပ်လုပ်မယ့် လေ့ကျင့်ခန်းတွေမှာ ပိုမိုများပြားတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်” ဟု လေတပ်တာဝန်ရှိသူက ပြောကြားသည်။
Source: The Korea Times
