CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉

စကော့တလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒိန်းမတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၁၉၉၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ 

စကော့တလန်အသင်းဟာ ဒီပွဲမှာ တိုမီနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟော့ဂျ်လန်းက ဒိန်းမတ်အသင်း အတွက် ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။

ဒိန်းမတ်အသင်းဟာ ပွဲချိန် ၆၁ မိနစ်မှာ ကစားသမားတစ်ဦး လျော့သွားခဲ့ပြီးနောက် စကော့တလန်အသင်းက ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဒိန်းမတ်အသင်းက ချေပဂိုးပြန်ပြီး သွင်းယူနိုင်ခဲ့တာပါ။

ဒီပွဲသရေရလဒ်နဲ့ ပြီးဆုံးမယ်ဆိုရင် ဒိန်းမတ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်မှာဖြစ်ပြီး စကော့တလန်အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ဒါပေမယ့် မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၃ မိနစ်မှာ တီယာနေးက စကော့တလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၈ မိနစ်မှာ မက်လင်းက နောက်ထပ် သွင်းဂိုးသွင်းယူခဲ့တာပါ။

 စကော့တလန်အသင်းကို တွေ့ရစဉ် 

အဲ့ဒါကြောင့် စကော့တလန်အသင်းဟာ ဒိန်းမတ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရဖို့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။

စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ 

စကော့တလန် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က “ဘယ်တော့မှ သေဆုံးသွားပြီလို့ မပြောပါနဲ့။ ကျနော်တို့ ဟာ အဆုံးထိ ဆက်သွားနေပြီး ဒီပွဲက ရူးသွပ်ဖို့ အကောင်းဆုံးပွဲတွေထဲက တစ်ပွဲပါ။ ကျနော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကို သွားရတော့မှာ ဖြစ်တဲ့အတွက် မယုံကြည်နိုင်အောင် ဖြစ်နေမိတယ်”လို့ ပြောခဲ့ပါတယ်။ 

စကော့တလန်အသင်း နည်းပြ စတိဗ်ကလာ့ခ်က ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရနိုင်အောင် ကစားသမားတွေ လုပ်နိုင်မယ်ဆိုတာ အလွန်ယုံကြည်ခဲ့တယ်လို့ ပြောခဲ့တာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန် ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားပြီဖြစ်တာကြောင့် ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်တဲ့ အသင်းတွေ အားလုံး ထွက်ပေါ်လာခဲ့ပါတယ်။ 

ဒီအသင်းတွေကတော့ ဂျာမနီ၊ ဆွစ်ဇာလန်၊ စကော့တလန်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ သြစတြီးယား၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ဖြစ်ပါတယ်။ 

Source: CNA