CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ကျောင်းသား/သူများကို တွေ့ရစဉ်

ကျောင်းကို စွန့်ခွာမှု များလာခြင်းက နိုင်ငံဖွံ့ဖြိုးမှုကို နှောင့်နှေးစေ

By CNI
CNI
Category: ပညာရေး
Hits: 186

CNI News

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းနေအရွယ် ကလေးများ သည် စာသင်ကျောင်းများကို စွန့်ခွာမှု များပြားလာခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးလာစေသည်ဟု စီးပွားရေးနှင့်နိုင်ငံရေးအသိုင်းအဝန်းများက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားခြင်း၊ လက်နက်ပဋိပက္ခများ၊ စီးပွားရေး အကျပ် အတည်းများကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးပြီး ကျောင်း ပရဝဏ်ကို စွန့်ခွာနေရသည့် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်အထိ ရှိနေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့(ISP Myanmar)၏ စစ်တမ်းတွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်း အချက်အလက်များအရ ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်းဝန်းကျင်ရှိသော်လည်း လက်ရှိ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေဟာ ၆ ဒသမ ၇ သန်းသာ ရှိသည့်အတွက် ထက်ဝက်နီးပါး ဖြစ်သည့် ကျောင်းနေအရွယ်ဦးရေ ၆ ဒသမ ၃ သန်းကျော်ဟာ ပညာသင်ယူခွင့် ဆုံးရှုံးနေခြင်း ဖြစ်သည်။

တခြားသော နိုင်ငံများနှင့် တန်းတူပညာရေး ရရှိရန်အတွက် မြန်မာနိုင်ငံက ကြိုးစားနေချိန်တွင် ယခုကဲ့သို့ ကျောင်းကို စွန့်ခွာသွားရသည့် အရေအတွက် များပြားလာခြင်းသည် တိုင်းပြည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် နှောင့်နှေးစေကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မိုးနဲပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းအပ်နှံနေကြစဉ်

၎င်းက “ပညာတတ်တဲ့သူနည်းရင် အဲဒီနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုက နည်းမှာပဲလေ။ နိုင်ငံမတည်မငြိမ် ဖြစ်နေ သ၍ကတော့ စာမသင်ရဘူးဆို ကတည်းကတော့ ဒီနိုင်ငံရဲ့ ပညာရေးကတော့ ငါတို့ ကလေးတွေရဲ့ အနာဂတ်ကတော့ အင်မတန် စိုးရိမ်စရာ ကောင်းတာပေါ့။ သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာပေါ့ ဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။

တိုင်းပြည် တည်ဆောက်ရေးတွင် အသိပညာရှင်၊ အတတ်ပညာရှင် ခေါင်းဆောင်များစွာ လိုအပ်သည့်အတွက် ပညာတတ်များ များစွာ လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျောင်းကို စွန့်ခွာသွားရင်တော့ ပညာတတ် နည်းပါးသွားရင်တော့ ဆင်ခြင်တုံတရား နည်းတာပေါ့။ ဆင်ခြင်တုံတရား နည်းသွားရင် တိုင်းပြည်မှာက တည်ဆောက်တဲ့ အခါကျတော့ အသိပညာရှင်၊ အတတ်ပညာရှင် အများကြီး လိုတယ်လေ။ လူငယ်တွေက နောင်အနာဂတ် ခေါင်းဆောင်ဆိုတော့ နောက်ပိုင်း ဖြစ်လာမယ့် ခေါင်းဆောင်တွေရဲ့ အလောင်းအလျာတွေက ပညာမတတ်ရင် ဘယ်လိုဖြစ်သွားမလဲ။ ဒါကြောင့်မို့လို့ ပညာတက်အောင် ပညာသင်မှ ရမယ်လေ။ ပညာမသင်ဘဲနဲ့တော့ ပညာမရှိနိုင်ဘူးလေ” ဟု ပြောသည်။

ကျောင်းကို စွန့်ခွာသွားရသည့် ကျောင်းသားနှုန်းထားသည် မြန်မာနိုင်ငံတွင် နှစ်စဉ် တိုးပွားလျက်ရှိနေပြီး ထိုကျောင်းသားများ၏ ဘဝရှေ့ရေးအတွက် ကျောင်းပြင်ပ ပညာရေး၌ နောက်ထပ် အစီအစဉ်တစ်ခု ရေးဆွဲရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းအပ်နှံနေကြစဉ်

၎င်းက “နောက်ဆုံး ကျောင်းထွက်သွားတဲ့ dropout ကလေးတွေ အကုန်လုံးအတွက်က သူတို့ရဲ့ ဘဝရှေ့ရေးအတွက်ပေါ့ နော်။ ဒီဟာကို ကျနော်တို့က formal education ထဲမှာ ပြန်ပြီးတော့ ပေါင်းစည်း မပေးနိုင်ရင်တောင်မှ ကျနော်တို့ ဘာ informal education မှာ ကျနော်တို့ ဘာလုပ်ပေးလို့ ရမလဲဆိုတာ ပညာရေးအနေနဲ့ စဉ်းစားရမယ်။ ပြီးရင် နောက်ထပ်က ဘာလဲဆိုတော့ ကျနော်တို့ သူတို့ရဲ့ ဘဝရှေ့ရေး အတွက်တွေ သွားဖို့အတွက်က ထွက်သွားတဲ့ ကျောင်းထွက်နှုန်း နဲ့က dropout တွေအတွက် စဉ်းစားထားတဲ့ နောက်ထပ် ပညာရေး Plan တစ်ခုက ရှိရမှာပေါ့။ အဲဒီဟာတွေကို သေသေချာချာလုပ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထို့နောက် လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်လာကြရသည့် ကျောင်းသားများတွင် ကျောင်းထွက် လက်မှတ်နှင့် ကျောင်းပြောင်း လက်မှတ်များ မရှိသည့် အတွက်ကြောင့် ကျောင်းအပ်နှံ၍ မရသည့် ပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိနေသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

မြန်မာမှာ လုံခြုံရေးယူပြီး ကျောင်းအားလုံးဖွင့်ရန် သမ္မတ ပြော

By CNI
CNI
Category: ပညာရေး
Hits: 200

CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များဖြင့် အစည်းအဝေး ကျင်းပချိန် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသည့် စာသင်ကျောင်းများမှ ဖွင့်လှစ်နိုင်သည့် အခြေခံ ပညာကျောင်းများကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်၊ ပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများ ကြောင့် ပိတ်ထားရသည့် ကျောင်းများရှိကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

စာသင်ကျောင်းများကို လုံခြုံရေးယူပြီး ပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကျောင်းအားလုံးတွင် ဆောင်ရွက်နိုင်လျှင် တိုင်းပြည်၏ အနာဂတ်ပညာရေးအတွက် ပို၍ ကောင်းမွန်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ အခြေအနေကို သက်ဆိုင်ရာက လေ့လာနေစဉ်

၎င်းက “လုံခြုံရေးအရ ပိတ်ထားတဲ့ ကျောင်းတွေကို သေသေချာချာ လုံခြုံရေးယူပြီး ဖွင့်မယ်ဆိုတဲ့ဟာတော့ ဝမ်းသာစရာပေါ့။ တကယ်ကို ဘယ်လောက်ထိ လုံခြုံရေးပေးပြီးတော့ လုပ်မလဲဆိုတဲ့ဟာတော့ အကုန်လုံး လုပ်နိုင် ရင်တော့ အကောင်းဆုံးပေါ့လေ၊ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးဖြစ်တာကိုး။ ပညာရေးဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ကလေးတွေကလည်း ပညာရေးနဲ့ ၁ နှစ်၊ ၂ နှစ် ဝေးသွားလို့ရှိရင် ကိုယ်တွေ ငယ်ငယ်ကလည်း ကျောင်းတက် ခဲ့တာပဲလေ။ ကလေးတွေ အနေနဲ့က ဆက်နေမှ အဆင်ပြေတာ။ ကြားထဲမှာ ၁ နှစ်၊ ၂ နှစ် ကျောင်းနဲ့ ဟသွားပြီဆို လို့ရှိရင် ဒီဟာအပေါ်မှာ ပြန်ပြီးတော့ လုပ်ဖို့ကို စိတ်မပါတော့ဘူးပေါ့နော်။ ကလေးတွေရဲ့ စိတ်သဘာဝက အဲဒီလို ရှိတဲ့ အခါကျတော့ စာနဲ့ လုံးဝ ဝေးသွားမှာလည်း စိုးရိမ်တယ်။ အကုန်လုံး ဖွင့်နိုင်ရင် ကောင်းတယ်။ ဖြစ်သနိုင်သမျှ လည်း များများပေါ့။ ဒီလို စဉ်းစားပေးတာလည်း တိုင်းပြည် အနာဂတ်အတွက်က ကလေးတွေက ပညာတတ်မှ လည်း ဖြစ်မှာကို။ ဒီဟာတွေအတွက်လည်း ကျေးဇူးတင်ရမယ်” ဟု ပြောသည်။

လုံခြုံရေးဆောင်ရွက်ပြီး စာသင်ကျောင်းများအားလုံး ဖွင့်လှစ်ရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်နေသော်လည်း မြန်မာ့တပ်မတော် ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဒေသအတွက်သာ အဆင်ပြေမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော ဒေသများမှာတော့ အဆင်ပြေမည် မဟုတ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

 စာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်

ရှမ်းမြောက်ဒေသရှိ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နောင်ချို စသည့် မြို့နယ်များသည် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် တအာင်းတပ်ဖွဲ့(TNLA)တို့ ထိန်းချုပ်ထားသည့် ဒေသများ ဖြစ်သည့်အတွက် မလွယ်ကူကြောင်း၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှမ်းမြောက်ဆိုရင် အဲဒါ အဆင်ပြေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းမြောက်မှာက ဥပမာ သိန္နီ၊ ကွတ်ခိုင်တို့ ဆိုရင်တော့ အဲဒါက MNDAA က သူတို့ပဲ စီမံခန့်ခွဲတဲ့ နေရာလေ။ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက် မှာ မရှိဘူး။ ဒီလိုပဲ နမ့်ခမ်းဆိုရင် ရှမ်းမြောက်က အဲဒီဘက်မှာဆိုရင်လည်း TNLA က ထိန်းချုပ်ထားတယ်။ အဲဒါ ကြောင့်မို့လို့ ဒီလို လုံခြုံရေးနဲ့ ဘာနဲ့ သွားလုပ်လို့ လုံးဝ ဖြစ်မယ်မထင်ဘူး အဲဒါတွေက။ ရှမ်းမြောက်မှာ မလွယ် ပါဘူး။ တပ်မတော်က ထိန်းချုပ်တဲ့ နယ်မြေရှိမှပဲ အဲဒီကိစ္စက အဆင်ပြေမယ်လို့ ဒီလိုပဲ မြင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားခြင်း၊ လက်နက်ပဋိပက္ခများ၊ စီးပွားရေး အကျပ် အတည်းများကြောင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးပြီး ကျောင်း ပရဝဏ်ကို စွန့်ခွာနေရသည့် ကလေးငယ် ၆ ဒသမ ၃ သန်းကျော်အထိ ရှိနေသည်ဟု ISP Myanmar ၏ စစ်တမ်း တွင် ဖော်ပြထားသည်။

သန်းခေါင်စာရင်း အချက်အလက်များအရ ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်း ဝန်းကျင်ရှိသော်လည်း လက်ရှိ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ဦးရေဟာ ၆ ဒသမ ၇ သန်းသာ ရှိသည့်အတွက် ထက်ဝက်နီးပါး ဖြစ်သည့် ကျောင်းနေအရွယ်ဦးရေ ၆ ဒသမ ၃ သန်းကျော်မှာ ပညာသင်ယူခွင့် ဆုံးရှုံးနေခြင်း ဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာမှာ ၆ ဒသမ ၃ သန်းကျော် ပညာသင်ခွင့်ဆုံးရှုံးနေ

By CNI
CNI
Category: ပညာရေး
Hits: 90

CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄

မြန်မာနိုင်ငံတွင် ကျောင်းသား/သူ ၆ ဒသမ ၃ သန်းကျော်သည် ကျောင်းပရဝဏ်ကို စွန့်ခွာပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းအပ်နှံသူ ဦးရေ ၆ ဒသမ ၇ သန်းရှိကြောင်း၊ မနှစ်ကထက် ၆ သိန်း ဝန်းကျင် တိုးခဲ့ကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။

ISP Myanmar က “ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းပါ အချက်အလက်တွေနဲ့ ခန့်မှန်း တွက်ချက်ရင် အခြေခံပညာသင်ယူရမယ့် ကျောင်းနေအရွယ် ဦးရေဟာ ၁၃ သန်းဝန်းကျင် ရှိရပါလိမ့်မယ်။ ဒါကြောင့် ပညာသင် နှစ် တစ်နှစ်တည်းမှာတင် အခြေခံပညာ သင်ယူခွင့် ဆုံးရှုံးသူ ၆ ဒသမ ၃ သန်းကျော် ရှိခဲ့ပါတယ်”ဟု ပြောသည်။

ထို့နောက် အဆင့်မြင့် ပညာသင်ယူနိုင်ရန် အရေးကြီးသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ဦးရေကလည်း ၂၀၂၀ ပြည့်နှစ်မှာ ၉ သိန်းကျော်ရှိခဲ့သော်လည်း ၂၀၂၆ ခုနှစ်မှာတော့ ၂ သိန်းခွဲဝန်းကျင်ပဲ ရှိတော့ကြောင်း ISP Myanmar က ထုတ်ပြန်ခဲ့သည်။

ISP Myanmar က “ တစ်ဖက်မှာလည်း ဦးမင်းအောင်လှိုင် အစိုးရဟာ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက် ပိုသုံး မယ်လို့ ပြောထားပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၆ ဒသမ ၀၃ ရာခိုင်နှုန်းကို ပညာရေး ကဏ္ဍအတွက် သုံးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၉၂ ရာခိုင်နှုန်း သုံးမယ်လို့ ဆိုပါတယ်။ လာမယ့် ဘဏ္ဍာ နှစ်မှာတော့ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးသုံးပြီး သူတာဝန်ယူမယ့် ၅ နှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ ရောက် အောင် တိုးသွားမယ်ုလိ့လည်း ဆိုထားပါတယ်။ ဒါပေမယ့် ပညာရေးကဏ္ဍအတွက် လက်ရှိသုံးစွဲမှုဟာ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ သုံးစွဲခဲ့တဲ့ ၈ ဒသမ ၀၇ ရာခိုင်နှုန်းကိုတောင် ပြန်မရောက်သေးတာ သတိပြုစရာပါပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ အာဏာ ရယူခဲ့သည်။

ထို့နောက် တစ်နိုင်ငံလုံး ဆန့်ကျင် ကန့်ကွက်ဆန္ဒပြမှုများနှင့် လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သလို ဆရာ/ဆရာမများ CDM လုပ်ရန်နှင့် ကျောင်းသား/သူများ ကျောင်းမတက်နှင့် ကျောင်းထွက် ဆိုသော ဖိအားပေးမှုများ ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် ကျောင်းသား/သူများ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ကြသလို နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရခြင်း ကြောင့်လည်း ပညာသင့်ကြားခွင့်များ ဆုံးရှုံးလျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကလေးငယ်များ ကျောင်းအပ်နှံနေစဉ်

အစိုးရကျောင်း ပညာရေးအားနည်းချက် ဘာကြောင့် ဖြစ်တာလဲ

By CNI
CNI
Category: ပညာရေး
Hits: 518

CNI News

၂၀၂၆ ခုနှစ်၊ ဇွန် ၁၅

မြန်မာနိုင်ငံတွင် အစိုးရကျောင်းများ၏ ပညာရေးသည် အားနည်းချက်များ ရှိနေခြင်းကြောင့် ပုဂ္ဂလိကကျောင်း များသို့ မိဘများက ပိုမိုအပ်နှံလာနေခြင်းသည် ဘာကြောင့် ဖြစ်တာလဲဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေ သည်။

မြန်မာနိုင်ငံ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အစိုးရကျောင်းများသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က စတင် ဖွင့်လှစ် သင်ကြားနေပြီဖြစ်သည်။

လက်ရှိ ကျောင်းပညာသင်နှစ် အစတွင် အစိုးရကျောင်း၌ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှတဆင့် ထိခိုက်သေဆုံးမှု ဖြစ်ပွားခြင်း၊ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ မိဘများ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှု အဆင့်ထိ ရောက်ရှိနေခြင်း စသည့် ကိစ္စရပ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

ထို့နောက် အစိုးရကျောင်းများ၏ ပညာသင်ကြားရေး နည်းစနစ်များနှင့် သင်ထောက်ကူ ပစ္စည်းများ အားနည်းခြင်း၊ ဆရာ/ဆရာမ အရည်အချင်း အားနည်းခြင်း၊ စာသင်ကျောင်းဆိုသော စံချိန်စံနှုန်းမပြည့်ဘဲ လူနေတိုက်ခန်းပုံစံများ ဖြင့် သင်ကြားနေရခြင်း စသည့် အခြေအနေများလည်း တွေ့လာနေရသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း တိကျသည့် ကျောင်းအုပ်ချုပ်မှုပုံစံ ရေးဆွဲရန်လည်း လိုအပ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ကျောင်းသား/သူ မိဘများကို တွေ့ရစဉ်

၎င်းက “ဝန်ကြီးဌာနကတော့ တိကျတဲ့ ကျောင်းအုပ်ချုပ်မှု ပုံစံပေါ့ဗျာ။ school management တွေ system ရေးဆွဲ ရမယ်၊ ဘာလို့လဲဆိုတော့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေက ဘာလို့ ကြီးထွားလာလဲ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေကို ကျောင်းသားမိဘတွေက ပိုပြီး အားထားလာလဲဆိုတာ ဒါက အဖြေတစ်ခု စရပြီလေ။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရကျောင်းတွေ အားကိုးလို့မရလို့ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ ထားတာများတယ်လေ။ ကိုယ့်သားသမီး စာပိုတတ်လာအောင်၊ စာပိုတော်လာအောင် လုပ်ကြတယ်။ နောက်တစ်ချက်က ပြောချင်တာက အခုနောက်ပိုင်းက ကျနော်တို့ငယ်ငယ်က မရှိတာတော့ မဟုတ်ဘူး ရှိတယ် ဆိုရှယ်မီဒီယာပေါ့၊ ဆိုရှယ်မီဒီယာတွေ က တော်တော် ကလေးတွေရဲ့ ကာရိုက်တာတွေကို ပျက်သွားစေတယ်ပေါ့ဗျာ။ အခု ဩစတေးလျမှာဆိုရင် အသက် ၁၈ နှစ်အောက်ကို Tiktok တို့ ဆိုရှယ်မီဒီယာတွေ ပေးမသုံးဘူး။ ဖုန်းတော့ ပြောလို့ရတယ်။ သူတို့ ကန့်သတ်ချက်တွေလာပြီ။ သူတို့နိုင်ငံတွေမှာလည်း ပြဿနာက မျိုးစုံလာတဲ့ အခါကျတော့ သူများနိုင်ငံမှာ ဘယ်လို လုပ်လဲ၊ ကျနော်တို့နိုင်ငံမှာက လေးဘက်သွားကတည်းက ဖုန်းပေးဆော့နေတာ မိဘတွေကလေ။ ဆိုတော့ ကျနော်တို့ဆီက ကလေးတွေ ပျက်တာလည်း မိဘတွေရဲ့ သွန်သင်ဆုံးမမှု လိုတယ်။ ပညာရေးစနစ်က ကျောင်းမှာ တတ်အောင်လည်း မသင်ဘူး ပြဿနာ။ ကျနော်တို့ ငယ်ငယ်တုန်းကလည်း ကြုံခဲ့ရတယ် ကျောင်းမှာ တတ်အောင် သင်တာ။ စာကို course ကုန်အောင်သင်တယ်။ ဒီဘက်မှာ ဘယ်လိုဖြစ်လဲဆိုတော့ ဒါကလည်း တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဆရာ/ဆရာမတွေရဲ့ လစာ မလောက်တာလည်း ပါတယ်။ မလောက်တော့ သူတို့ အပြင်ကို အားသာတယ်။ ကျောင်းမှာလည်း သူတို့ အားစိုက်မှု နည်းပါးတယ်၊ မလုပ်ပေးချင်ဘူး။ ကျောင်း ဆရာ/ဆရာမ တစ်ယောက်ရဲ့  accuracy ပေါ့နော် အဲဒါတွေလည်း လျော့လာတယ်။ တချို့ကျတော့ စာသာသင်ပေမယ့် ကိုယ်တိုင်က စာဘယ်လောက် တတ်လဲဆိုတာ မေးရမှာပေါ့။ စာတတ်တိုင်းလည်း စာမသင်တတ်ဘူး။ စာသင်တဲ့ နည်းပညာကအစ လိုတယ်” ဟု ပြောသည်။

ကျောင်းချိန် ဒါမှမဟုတ် ကျောင်းချိန်ပြင်ပတွင် အချင်းချင်း ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ လူကို ထိခိုက်စေ နိုင်သည့် ပစ္စည်းကိရိယာများဖြင့် ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ် များပြားလာသည့်အတွက် ကျောင်းတွင်း ပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ရန်နှင့် ကျောင်းချိန် ဒါမှမဟုတ် ကျောင်းချိန်ပြင်ပ ခိုက်ရန်ဖြစ်ပွားမှုများကို ကျောင်း စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ပါဝင်သူများအားလုံးကို ကျောင်း ပြောင်း လက်မှတ် ထုတ်ပေးသည့် ပြစ်ဒဏ် ချမှတ်ထားကြောင်း သိရသည်။ 

လက်ရှိ ကျောင်းပညာရေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရာ၌ ကျောင်းထွက် လက်မှတ် မရှိခြင်းကြောင့် အစိုးရကျောင်းများမှာ အပ်နှံ၍ မရသဖြင့် ပုဂ္ဂလိကကျောင်းများကို ပို၍ ရွေးချယ် နေရကြောင်း ချင်းပြည်သစ်ကွန်ကရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက်က CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များ ကျောင်းအပ်နှံနေစဉ်

၎င်းက “ကျောင်းပညာရေးမှာ ဆရာ/ဆရာမတွေက ပညာရေးမှာ သက်ဆိုင်ရာ ဘာသာရပ်တော့ နိုင်ငံတော်က တော့ training တော့ ပေးတာပေါ့။ training ပေးပြီးတော့မှ ခန့်တာဖြစ်တဲ့အတွက် အရည်အချင်းတော့ ရှိမှာပါ။ ဒါပေမယ့် ကျနော်တို့ကတော့ ဆရာ/ဆရာမ အပိုင်းတော့ ဘာမှမပြောလိုဘူး။ ကျောင်းပညာရေးမှာ ကျောင်းသူ ကျောင်းသားတွေပေါ့။ သက်ဆိုင်ရာ ရောက်တဲ့ဒေသမှာ ပညာသင်ကြားခွင့်ကို placement test လုပ်ပြီးတော့မှ သင်ကြားခွင့်ကို လုပ်ပေးဖို့ မျှော်လင့်တာပေါ့။ ခက်ခဲပါတယ်၊ ကလေးပညာရေကြောင့် ထားကြပေမယ့် လူကြီး လည်း အများကြီး ခက်ခဲပါတယ်။ ကျနော်တို့ ကျောင်းသူကျောင်းသားတွေအတွက် ဝင်ငွေကလည်း ဘော်ဒါ ဆောင် ထားရလောက်အောင်လည်း မတတ်နိုင်ကြပါဘူး အမှန်တော့လေ။ ပညာရေးကိစ္စ ဖြစ်တဲ့အတွက် မဖြစ် မနေ ထားကြတဲ့ အနေအထားပါ” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနမှ ကျောင်း ဆရာ/ဆရာမများကို ကျူရှင်သင်ကြားခြင်းကို ခွင့်မပြုထားသော်လည်း ဆရာ/ဆရာမများ၏ ဝန်ထမ်းလစာ နည်းပါးခြင်းကြောင့် ကျူရှင်များကို သင်ကြားနေ ရခြင်းဖြစ်သည်ဟု ထောက်ပြကြသည်။

ထို့နောက် ကျောင်းချိန်နှင့် ကျောင်းချိန်ပြင်ပ ခိုက်ရန်ဖြစ်ပွားမှုကို လျော့ကျစေရန်အတွက် ကျောင်းတွင်း မိဘ ဆရာ၊ အစည်းအဝေး ခေါ်ခြင်းနှင့် ကျောင်းသားများကို ပညာပေးခြင်းများ၊ ကာယချိန်၊ စိုက်ပျိုးရေး၊ အားကစား စသည့် ကဏ္ဍများကိုလည်း ဦးစားပေး ထည့်သွင်းရန် လိုအပ်ကြောင်း၊ အလားတူ အသက် ၁၈ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာသုံးစွဲခွင့် တားမြစ်ရန်လိုအပ်ကြောင်း ပြည်သူလူထုက ထောက်ပြကြသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
အင်းတော်ကြီးဒေသမှ စာသင်ကျောင်း တစ်ကျောင်းကို တွေ့ရစဉ်

အင်းတော်ကြီးဒေသရှိ စာသင်ကျောင်းများ ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်

By Nan Shwe Sin Htun
Nan Shwe Sin Htun
Category: ပညာရေး
Hits: 422

CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းရှိ လုံခြုံရေးအရ ပိတ်ထားရသော  စာသင်ကျောင်း များအားလုံး ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဟု အင်းတော်ကြီးဒေသခံများထံမှ သိရသည်။

အင်းတော်ကြီးဒေသအတွင်းရှိ စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ဒေသခံ ရပ်မိရပ်ဖများ၊ မြို့နယ်ပညာ ရေးမှူးများနှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အင်းတော်ကြီးဒေသ နေရာ အများအပြားကို ထိန်းချုပ်ထားသည့် KIA-PDF ပူးပေါင်းတပ်များနှင့် ဒေသခံ များ တွေ့ဆုံ၍ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး အပါအဝင် ကလေးများ၏ ကျောင်းပညာရေးကို မနှောင့်ယှက် ရန်နှင့် ဆရာ/ဆရာမများကို ထိခိုက်မှု မရှိစေရေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

အင်းတော်ကြီးဒေသတွင် စာသင်ကျောင်းပေါင်း ၅၄ ကျောင်းရှိပြီး ပြီးခဲ့သည့်နှစ်တွင် ၇ ကျောင်းသာ မဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ ယခုနှစ်တွင် အားလုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း၊ ဖွင့်လှစ်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ် ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ကျောင်းဖွင့်နိုင် ရေး ဒေသခံများနဲ့ ဆွေးနွေးနေစဉ်

၎င်းက “ဒီနှစ်မှာတော့ အားလုံးဖွင့်နိုင်အောင် ကြိုးစားနေပါတယ်၊ ဒေသခံတွေ အကုန်လုံး ကြိုးစားနေပါတယ်။ မနှစ်တုန်းက မဖွင့်နိုင်တဲ့ ကျောင်းတွေကအစ ဒေသခံပြည်သူလူထု အနေနဲ့ အကုန်ဖွင့်နိုင်အောင် ကြိုးစားနေကြ တာ အားလုံးက အဆင်ပြေ ချောမွေ့စွာနဲ့ နားလည်မှု ရထားပြီးသား ဖြစ်ပါတယ်ဗျ။ ကျောင်းဖွင့်ဖို့ အတွက်ကို အရန်သင့် ဖြစ်နေပါပြီ။ ဒေသခံ ပြည်သူလူထု အနေနဲ့ကတော့ ကိုယ့်ဒေသ စာသင်ကျောင်း ဖွင့်လှစ်နိုင်ရေး အတွက်ကို အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့အခါမှာ အဲဒီဒေသမှာ တာဝန်ကျပြီး မသွားချင်တဲ့ ဆရာမ တစ်ဦး နှစ်ဦးရဲ့ သဘောထားကို သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကနေမှ ထုတ်ပြန်တာတော့ သိပ်ပြီးတော့ မသင့်တယ်ဘူးလို့ ကျနော် မြင်တယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း အင်းတော်ကြီးဒေသအတွင်း တာဝန်ကျ ဆရာ/ဆရာမများ တိုက်ခိုက်ခံရမှု၊ စာသင်ကျောင်းကို ဒရုန်းဗုံး ကျရောက် ပေါက်ကွဲမှုများသည် ပြီးခဲ့သည့် စာသင်နှစ်များတွင် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/ကျောင်းသူများ ထိခိုက်သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင် တိုင်းမှူးများကို လိပ်မူ၍ ယင်းဒေသများသို့ ဆရာ/ဆရာမများ စေလွှတ်ခြင်းကို ချင့်ချိန် စဉ်းစားရန် တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်အေးက CNI သတင်းဌာနသို့ ပြောသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့ကို တွေ့ရစဉ် 

၎င်းက “ပထမ ဆရာတစ်ယောက် အသတ်ခံရတယ်။ ဒုတိယ ကျောင်းသားလေးနှစ်ယောက် အသတ်ခံရတယ်။ တတိယက ကျနော်တို့ နန့်မွန်းမြို့ပေါ့နော်၊ အင်းတော်ကြီး နန့်မွန်းမြို့မှာ အထကကျောင်းကို ဒရုန်းဗုံးချတယ်။ ကျောင်းသား/ကျောင်းသူ ၁၁ ယောက်ပေါ့နော်။ အဲဒီမှတ်တမ်းကတော့ ကျနော်တို့ဆီမှာရှိတယ်။ အရေအတွက်နဲ့ နာမည်ကတော့။ အဲဒါတွေကို အခြေပြုပြီးတော့ သူတို့သည် ဥပဒေမဲ့ လုပ်ဆောင်တတ်တဲ့ အကျင့် ရှိတယ်။ အရင် တုန်းက ဆရာ/ဆရာမတွေလည်း ငါတို့ CDM လုပ်ပြီးတော့ မင်းတို့လိုပဲ ငါတို့ကျောင်း ဆရာ/ဆရာမတွေ အများ ကြီး ရှိတယ်။ ငါတို့တောင်မှ CDM လုပ်သေးတာ။ မင်းတို့က ဘာလို့ CDM မလုပ်တာလဲ။ ငါတို့ကို မသနားဘူးလား ဆိုတဲ့ စကားသံတွေ ထွက်လာတယ်လေ။ အဲဒါကြောင့်မို့လို့ သူတို့ ဥပဒေမဲ့နေရာမှာ ကျနော်တို့ Non-CDM ဆရာမ တွေသွားရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ရှိနိုင်တယ်လို့ ကျနော်တို့က အဲဒီလောက်ပဲ ရေးတင်ထားတာဗျ” ဟု ပြောသည်။

အင်းတော်ကြီးဒေသအတွင်းရှိ စာသင်ကျောင်း အားလုံးနီးပါးတွင် ဆရာ/ဆရာမ လိုအပ်ချက် ဖြစ်ပေါ်နေပြီး သက်ဆိုင်ရာ ပညာရေးမှူးရုံးထံသို့ ဆရာ/ဆရာမ ချပေးရန် ဒေသခံများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံပါတီများမှ တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိ ချီဖွေနှင့် ပူတာအို အပါအဝင် တခြားသော ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင်နေကြရသည့် အင်းတော်ကြီးဒေသမှ ဆရာ/ဆရာမများကို အင်းတော်ကြီးဒေသအတွင်းသို့ ပြန်လည် နေရာချပေးမည်ဆိုပါက အင်းတော်ကြီးဒေသအတွက် ဆရာ/ဆရာမ လိုအပ်ချက်ကို ပြေလည်စေမည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။

လတ်တလောမှာ‌တော့ အင်းတော်ကြီးဒေသအတွက် လိုအပ်နေသည့် ဆရာ/ဆရာမ နေရာတွင် အင်းတော်ကြီး ဒေသအတွင်းရှိ ပညာတတ် ဒေသခံများမှ ဝိုင်းဝန်းကူညီ သင်ကြားပေးမည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ခဲ့သည်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကလေးငယ်များ ကျောင်းအပ်နှံနေစဉ်

ရန်ကုန်ရောက် တိုက်ပွဲရှောင်များ ကျောင်းအပ်နှံရေး ခက်ခဲနေ

By CNI
CNI
Category: ပညာရေး
Hits: 683

CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း အပါအဝင် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်များမှ တိုက်ပွဲရှောင်လာသည့် တိုက်ပွဲရှောင်များ၏ ကလေးများကို ရန်ကုန်တွင် ကျောင်းအပ်နှံခွင့် ခေတ္တ ရပ်ဆိုင်းထားကြောင်း ညွှန်ကြားထားသည်ဟု မိသားစုများထံမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှာ နေထိုင်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့နယ်မှ ပြောင်းရွှေ့လာသော အထက်တန်းကျောင်းသူတစ်ဦးသည် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းအပ် နှံရာ၌ ကျောင်းအပ်နှံခြင်းကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲရှောင် ကလေးငယ်များကို ကိုယ်ပိုင်အထက်တန်းကျောင်းအပြင် အစိုးရကျောင်းတွင်လည်း အပ်နှံခွင့် မပြုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ထားသည်ဟု ကြားသိရကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကလေးတွေ ကျောင်းအပ်တဲ့အချိန်မှာ ရှမ်းမြောက်ရယ်၊ ရှမ်းအရှေ့ရယ်၊ ကယားရယ်၊ ရခိုင်ရယ်၊ ချင်းရယ် ကလာတဲ့ ကလေးတွေပေါ့ဗျာ။ စစ်ရှောင်တွေ သားသမီးတွေရဲ့ ကလေးတွေက ကျောင်းအပ်ခွင့် မပေးဘူး ရန်ကုန် မှာ အဲဒီလို ဖြစ်နေတယ်။ ညွှန်ကြားချက်ကို ထုတ်ထားတာ ပြည်ထဲရေးဝန်ကြီးဌာနကတဲ့။ ကိုယ်ပိုင်အထက်တန်း ကျောင်းလည်း အပ်လို့မရဘူး။ ဒီပြင် အစိုးရကျောင်းလည်း အပ်လို့မရဘူး ဖြစ်နေတယ်တဲ့။ အဲဒီပြည်နယ် ၄ ခုက ဟာကို ကျောင်းအပ်ခွင့် ခေတ္တရပ်ဆိုင်းထားတယ်ဆိုပြီး ညွှန်ကြားချက်ရှိတယ်” ဟု ပြောသည်။

ကလေးငယ်များ ကျောင်းအပ်နှံနေစဉ် 

ထို့ပြင် ကျောင်းထွက်လက်မှတ် မရှိဆိုသည့် အကြောင်းပြချက်ဖြင့် ချင်း၊ ကယား၊ ရခိုင်နှင့် ရှမ်းပြည်နယ်မှ လာ သော တိုက်ပွဲရှောင်များကိုလည်း ကျောင်းအပ်နှံခွင့် တားမြစ်မှုများ ရှိနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသမှ ရှောင်လာကြသည့် သူများအနေဖြင့် ကျောင်းထွက်လက်မှတ် လုပ်ဆောင်ရန် ကျောင်းမရှိသလို ဆရာ/ဆရာမ မရှိသည့်အတွက် အဆင်မပြေဖြစ်နေကြောင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော့် ကလေးတွေထဲတော့ မတွေ့ပေမယ့် ပြောနေတာတော့ မှော်ဘီတို့၊ တိုက်ကြီးတို့ဘက်မှာ အဲဒီလို ပြောသံတော့ ကြားတယ်။ ချင်းက လာတဲ့သူတွေ ကျောင်းထွက်လက်မှတ် မရှိဘူး၊ သူတို့ အကြောင်းပြတာက ကျောင်းထွက်လက်မှတ် မရှိတဲ့အကြောင်းပြတယ်။ ကျောင်းထွက်လက်မှတ်က ကျောင်းတောင်မရှိဘဲ ဆရာ၊ ဆရာမ မရှိဘဲ ဘယ်လိုလုပ် ရမှာလဲ။ ဒီမှာကျတော့ တိုင်းနဲ့ပြည်နယ်ကို မပြောဘဲနဲ့ ကျောင်းထွက်လက်မှတ် မပါလို့ဆိုတဲ့ဟာပဲ ကန့်သတ်တာ” ဟု ပြောသည်။

အစိုးရအနေဖြင့်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်သော်လည်းကောင်း တိုက်ပွဲရှောင် ကလေး များအတွက် ကျောင်းထွက်လက်မှတ် ရရှိရေး ယာယီပညာရေးမှူးရုံးများ ဖွဲ့စည်း၍ ဆောင်ရွက်ပေးရန် လိုအပ် သည်ဟု ထောက်ပြကြသည်။

ယခုကဲ့သို့ ပညာရေးနှင့်ပတ်သက်ပြီး ကန့်သတ်မှု ဖြစ်ပေါ်နေခြင်းသည် ပညာရေးကို ညွှန်ကြားနေသည့် အုပ်ချုပ် ရေးပိုင်း တာဝန်ရှိသူများမှ ညွှန်ကြား၍သာ ပညာရေးကျောင်းများမှ ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ကလေးငယ်များ ကျောင်းအပ်နှံနေစဉ် 

၎င်းက “အဲဒီတော့ သူတို့က အဲဒီလို ပြောလာတယ်ဆိုကတည်းက ညွှန်ကြားချက်ရှိလို့ သူတို့ပြောရဲတာ။ ညွှန်ကြား ချက် ဆိုသည်မှာ သူတို့ကို ညွှန်ကြားနိုင်သော အဖွဲ့အစည်း၊ ပညာရေးဆို ပညာရေးကို ဘယ်သူ ညွှန်ကြားမလဲ။ အဲဒီ ပညာရေးကို ဘယ်အဆင့်လောက်က ပြည်နယ်နဲ့တိုင်းအဆင့်မှာ အုပ်ချုပ်ရေးပါ ပါလာလိမ့်မယ်။ အဲဒီတော့ အဲဒီလို နေရာတွေကနေ ညွှန်ကြားလို့သာလျှင် ဒါကို ဖွင့်ပြောရဲတာ” ဟု ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရည် မြင့်မားလာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလည်း ပိုမိုလျင်မြန် မြန်ဆန်စွာဖြင့် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းများ စနစ်တကျ ဖြစ်စေရေး၊ သတ်မှတ် စံနှုန်းများ ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောထားသည်။ 

ထို့နောက် ပညာရေး အားပေးမှသာ ကျေးလက်တွင် အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမည်ဖြစ်ပြီး ကျောင်း ပညာရေးကို အားပေးမှု မရှိပါက နောင်အနာဂတ်၌ မိမိတို့ ကလေးငယ်များ အနေဖြင့် ဘဝလမ်းခရီးကို ခက်ခဲစွာ ဖြတ်သန်းရမည်ကို သတိပြုမိကြရန်လိုကြောင်းလည်း ၎င်းက ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံပြီး ဇွန်လ ၁ ရက်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ပညာရေးဝန်ထမ်း၊ ကျောင်းသား/သူများကို တွေ့ရစဉ်

နိုင်ငံ့ဝန်ထမ်းများ၏ လစာများကို ပိုမိုတိုးမြှင့်ပေးသင့်

By CNI
CNI
Category: ပညာရေး
Hits: 654

CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၅

အစိုးရအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် လုပ်ခလစာများ တိုးမြှင့်‌ပေးရန် လိုအပ်သည်ဟု နိုင်ငံရေး‌လေ့လာသုံးသပ်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ထောက်ပြကြသည်။ 

လက်ရှိ အချိန်တွင် ပညာရေးဝန်ထမ်း ဆရာ/ဆရာမ အများစုသည် စားဝတ်နေ‌ရေးအတွက် အစိုးရကျောင်းများ ထက် ကိုယ်ပိုင်ကျောင်း (ပုဂ္ဂလိကကျောင်း) များကိုသာ ရွေးချယ် လုပ်ကိုင်လာနေကြပြီး အစိုးရစာသင်ကျောင်း များ၌ ဆရာ/ဆရာမ မလုံလောက်မှုများရှိလာသည်။ 

ထို့နောက် အခြေခံ အောက်ခြေပြည်သူလူထု မိသားစုများမှ ကလေးများအတွက် ပညာရေးသင်ကြားခွင့် နစ်နာ ဆုံးရှုံးမှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ပြည်သူလူထုက ထောက်ပြကြသည်။ 

အစိုးရကျောင်းများတွင် ဆရာ/ဆရာမများ လုံလောက်စွာ မရှိခြင်း၏ ပြဿနာ အစသည် ကုန်စျေးနှုန်း မြင့်တက် လာခြင်းကြောင့် ဖြစ်သည်ဟု ယူဆ၍ရကြောင်း၊ အစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအား လစာတိုးပေးမည့် အစီအစဥ် ရှိ/မရှိကို လွှတ်တော်ထဲတွင် မေးမြန်းတင်ပြသွားမည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းများကို တွေ့ရစဉ်

၎င်းက “အဲ့တာကတော့ ရှင်းရှင်းပြောရင်တော့ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့ ပြဿာနာကြောင့် စဖြစ်တယ်လို့ ထင်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့ အချိန်မှာ ရိုးရိုး နိုင်ငံတော်ရဲ့ ဝန်ထမ်းဆို လစာက မလောက်ဘူး။ အဲဒီလို အ‌ခြေအနေမျိုးရှိတဲ့အတွက် လူဆိုတာက ကိုယ့်ရဲ့ဘဝ စားဝတ်နေရေး ပြေလည်ဖို့အတွက်ဆိုရင်တော့ သာမယ့်ဘက်ကို ဆရာ/ဆရာမတွေက လိုက်သွားမှာပဲ။ နိုင်ငံတော်ကနေပြီး‌မှ သူတို့ထိုက်သင့်တဲ့ လစာတွေကို အဲဒီလိုမျိုး စီမံချက်တွေ ချပေးမှ သူတို့ရဲ့ လစာ တိုးပေးဖို့ သင့်တယ်ဗျ ကျနော့်အမြင်တော့။ အဲဒီလိုမျိုး လုပ်ပေး နိုင်မှပဲ ဆွဲဆောင်မှု တစ်ခုခု မရှိဘဲနဲ့တေ့ာ ဆရာ ဆရာမတွေကတော့ သာရာဘက်ကိုပဲ ရွေးမယ်လို့ ကျနော်က ဒီလိုမြင်တယ်။ ဒါ အစိုးရအပေါ်လည်း မူတည်တယ်ဗျ။ ဆရာ/ဆရာမတွေက သူတို့ဟာ စေတနာ ဘယ်လောက် ပဲရှိရှိ ကုန်ဈေးနှုန်းဒဏ်ကို မခံနိုင်တဲ့ အတွက်ကြောင့်မို့လို့ လစာပိုရတဲ့ ပုဂ္ဂလိကဘက်ကို ပြောင်းသွားတဲ့ကိစ္စမှာ သူတို့မပြောင်းအောင် အစိုးရအနေနဲ့ သူတို့ကို လစာတိုးမြှင့်ပေးတာတို့ ဒါမှမဟုတ်ရင်လည်း အပိုထောက်ပံ့ကြေး တွေ ပေးဖို့အတွက် အစီအစဉ် ရှိ/မရှိဆိုတဲ့ ပုံစံမျိုးနဲ့ လွှတ်တော်မှာတင်လည်း ရပါတယ်။ အဲဒါလည်း သူတို့ကို အစိုးရကို မေးဖို့သင့်တဲ့ မေးခွန်းတစ်ခုလို့ မြင်တယ်ခင်ဗျ။ ကျနော်စဉ်းစားပြီးမှ အချက်အလက်ပေါ် မူတည်ပြီးမှ မေးရင် ကောင်းမလဲဆိုတာ အချက်အလက်တွေ စုဆောင်းပြီးမှ ပြည့်စုံမှ လွှတ်တော်မှာတင်မယ်လို့ ကျနော် ကိုးကားထားပါတယ်” ဟု ပြောသည်။  

အစိုးရဝန်ထမ်းများ အနေဖြင့် လက်ရှိ မြေပြင်တွင် ကုန်စျေးနှုန်း အခြေအနေနှင့် ၎င်းတို့ရသည့် လစာသည် မည်ကဲ့သို့မျှ ဆီလျော်မှု မရှိသော အနေအထားဖြစ်ကြောင်း၊ နိုင်ငံ၏ ဘတ်ဂျက်အပေါ် မူတည်ကာ လစာများ တိုးမြှင့်ပေးရန် လိုအပ်သည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။ 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းများကို တွေ့ရစဉ်

၎င်းက “လုပ်ခလစာကတော့ ဆရာမတွေမှ မဟုတ်ဘူး။ အစိုးရဝန်ထမ်းအားလုံးသည် လုပ်ခလစာ တိုးမြှင့်ရမယ့် အနေအထားမျိုးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဦးစီးအရာရှိ တစ်ဦးရဲ့ လစာက ၃ သိန်းဝန်းကျင်ပေါ့နော်။ လက်ရှိအချိန် မြေပြင် အနေအထားနဲ့ ပိုက်ဆံ ၃ သိန်းဆိုတာ ဘယ်လိုမှ မလောက်ဘူးဖြစ်နေတယ်။ ဒါပေမယ့် လည်း ဝန်ထမ်း‌တွေကို လစာ တိုးဖို့ဆိုတာလည်း နှစ်စဉ် ဝန်ထမ်းတွေရဲ့ လစာသည် ပေးရတာဖြစ်တဲ့ အတွက် ကြောင့် ဝန်ထမ်းတွေ လစာတိုးတဲ့ဟာမှာလည်း အစိုးရတစ်ရပ် အနေနဲ့ကျတော့လည်း ရရှိတဲ့ ဘဏ္ဍာငွေအပေါ်ကို ‌အခြေခံပြီးတော့ သူတို့အ‌နေနဲ့ အများကြီး စဉ်းစားရတယ်ပေါ့နော်။ အဲဒီတော့လည်း အစိုးရရဲ့ ဘဏ္ဍာငွေ တိုးတက် လာမှုအပေါ် မူတည်ပြီးတော့ ဝန်ထမ်းလစာတွေ တိုးမြှင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ ကျနော့်အထင်ပါ ဘာလို့ လဲဆိုတော့ လက်ရှိ ကုန်ဈေးနှုန်းနဲ့ မြေပြင်မှာရရှိနေတဲ့ ဝန်ထမ်းတွေရဲ့ လစာနဲ့က ဘယ်လိုမှဆီလျော်မှု မရှိတော့ တဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် လစာကတော့ တိုးမြှင့်ပေးသင့်ပါတယ်။ နိုင်ငံ့ရဲ့ Budget အခြေအနေပေါ် မူတည်ပြီးတော့ တိုးမြှင့်ပေးဖို့တော့ လိုလာပါတယ်” ဟု ပြောသည်။ 

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး မတည်ငြိမ်သည့် အကြောင်းအရင်းသည် ပညာရေးအားနည်းမှု၊ အသိပညာ အားနည်းမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံ၏ ပညာ‌ရေးကဏ္ဍကို မြှင့်တင်ရန်နှင့် လူငယ်များ၏ စိတ်နေစိတ်ထားကို ပြုပြင်ရန် လိုအပ်ကြောင်း ပြောသည်။ 

အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် ပညာရေး ဘတ်ဂျက်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန အတွက် နိုင်ငံတော်ဘဏ္ဍာ‌ငွေ၏ ၆.၉၂ ရာခိုင်နှုန်း သုံးစွဲမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ အပါအဝင် စုစုပေါင်း ၉.၂၂ ရာခိုင်နှုန်း အသုံးပြုမည်ဖြစ်သည်ဟု သိရသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ် နှံမှုကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံလျက်ရှိပြီး ဇွန်လ ၁ ရက်၌  အခြေခံပညာ ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
နာဂဒေသ ကျောင်းသား/သူများကို တွေ့ရစဉ်

လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ နာဂဒေသ ပညာရေးနှောင့်နှေးလာ

By CNI
CNI
Category: ပညာရေး
Hits: 379

CNI News

၂၀၂၆ ခုနှစ်၊ ‌မေလ ၂၅

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ပညာရေးကဏ္ဍ၌ နောက်ကျနေကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။

အလားတူ ဆရာ/ဆရာမများလည်း အလုံအလောက် မရှိကြောင်း၊ တာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမ များသည်လည်း နာဂဒေသသို့ လာရန် ဝန်ထုတ်ဝန်ပိုးလိုဖြစ်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးက ဆရာ/ ဆရာမများအတွက် ခြောက်လန့်မှု တစ်ခုလိုဖြစ်နေကြောင်း ၎င်းက ပြောသည်။

ဦးချစ်ယောင်းက “အခု နာဂဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ကိုကတော့ ဘက်စုံလိုအပ်ချက်ပေါ့။ သို့သော်လည်းပဲ အရေး ကြီးတာကတော့ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်ဖို့ပဲ။ လမ်းရှိတယ်လို့ ပြောပေမယ့် အဲဒီလမ်းကလည်း ရာသီမရွေးသုံးနိုင်လား ဒါတွေက အဖြေရှာရမယ်။ ဒါကြောင့် ဒီဒေသနဲ့၊ ရာသီဥတုနဲ့၊ ကိုက်ညီတဲ့ လမ်းပန်း ဆက်သွယ်ရေး ဘယ်လို လုပ်ပေးရမလဲဆိုတဲ့ဟာကို ဒါအဆင့်ဆင့် ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်တွေ၊ စီမံခန့်ခွဲပေးတဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကလည်း ထဲထဲဝင်ဝင် သိပြီးတော့ ဆောင်ရွက်ပေးဖို့တော့ လိုမယ်ပေါ့။ လမ်းပန်း ဆက် သွယ်ရေး ကောင်းလာရင် ပညာရေး၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ တကယ့် ဒီပညာရေး၊ ကျန်းမာရေးကဏ္ဍကို တာဝန် ထမ်းဆောင်မယ့် ဆရာ/ဆရာမတွေအတွက် နာဂဒေသသွားဖို့ဆိုရင် သူတို့မှာ ဝန်မလေးတော့ဘူး။ တာဝန်ပေးရင် ပေးသလို လာမယ်။ ဒီပညာရေးသော်လည်းကောင်း၊ ကျန်းမာရေးသော်လည်းကောင်း၊ သူ့ကာလအတိုင်း လည် ပတ် နိုင်တယ်လို့ပြောရင် လူထုအတွက် ပိုပြီးတော့ အကြိုးရလဒ်တွေ ရှိလာမှာပေါ့။ အထူးသဖြင့်တော့ ပညာရေး ကဏ္ဍတွေက ကျနော်တို့ ခက်ခဲဆုံး။ ဘာကြောင့်လဲဆိုရင် ပညာရေးလို့ ပြောလာတဲ့အခါမှာ လမ်းပန်းဆက်သွယ် ရေး မကောင်းနေတော့ တချို့ဝန်ထမ်းတွေက တစ်ခါရောက်ပြီရင် နောက်ထပ် တစ်ခါ ဒီကို ပြန်လာဖို့အတွက် သူတို့ ဘာမှ ဒါမျှော်လင့်ချက် မရှိတော့ဘူး၊ တစ်ခုခု အခက်အခဲတွေ့တယ်၊ ပြဿနာရှိနေတယ်လို့ ပြောလိုက်ရင် ပိုပြီးတော့ မလာချင်ကြတော့ဘူး။ ဘယ်လိုနေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုတဲ့ စကားကိုက ဝန်ထုတ်ဝန်ပိုး ကျန်တဲ့ လာဖို့အတွက် လူတွေအတွက် ခက်ခဲကျပ်တည်းတာပေါ့။ ဒါက ခြောက်လန့်မှု ဖြစ်စေတယ်။ ပညာရေး ကဏ္ဍတွေမှာ အများကြီး နောက်ကျတယ်။ နယ်တွေဆိုရင် တော်တော်များများကို ကျောင်းမဖွင့်နိုင်ခဲ့ဘူး။ နောက် ဒီမျိုးဆက်မှာ တော်တော်လေး အခက်အခဲတွေ့အုန်းမှာ”ဟု ပြောသည်။ 

နာဂဒေသ ကျောင်းသား/သူများကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ နယ်စပ်နှင့် တောင်ပေါ်ဒေသ အများအပြားတွင် ဆရာ/ဆရာမ မလုံလောက်ခြင်း၊ ကျောင်းများ ပိတ်လိုက်ဖွင့်လိုက် ဖြစ်ရခြင်းများ ရှိနေကြောင်း၊ စာသင်ကျောင်း အဆောက်အအုံများနှင့် ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှု လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

သို့သော်လည်း ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ကြားခွင့် ရရှိရေး၊ ကျောင်းထွက်နှုန်း လျှော့ချ ရေး တို့ကို အာဏာပိုင်များက ကြိုးပမ်းလျက်ရှိပြီး အနည်းဆုံး အလယ်တန်းအဆင့် တက်ရောက်အောင်မြင်ရန် တိုက်တွန်းအားပေးမှုများ ရှိနေသည်။

ယခု နာဂဒေသတွင် ကျောင်းဖွင့်ရာသီ ရောက်ပြီဖြစ်၍ ဆရာ/ဆရာမများ တကယ်တမ်းရှိရမည့် အရေအတွက်က ၃၀၀၀ လောက် ဖြစ်ရှိရမည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိမှာ ၁၀၀၀ လောက်သာရှိကြောင်း နာဂအမျိုးသားပါတီ (NNP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမဇိုးလောင်ဝီးက ပြောသည်။

နာဂဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမှသာလျှင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အကောင်းဆုံး လည်ပတ်နိုင်မည်ဖြစ်ကြောင်း ညီညွတ်သောတန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လမ်းပန်းဆက်သွယ်ရေးကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ ပြီးတော့ လမ်းတွေဆိုရင်လည်းပဲ ကျောက် ခင်းလမ်း အဆင့်တွေပဲ ရှိနေတဲ့အတွက်ကြောင့် တော်တော်လေးတော့ အခက်အခဲတွေ့တယ်။ ဘာဖြစ်လို့လဲဆို တော့ ကျောက်ခင်းလမ်းတွေက မိုးရွာရင် ရေများတယ်၊ တောင်ပေါ်ဒေသတွေဆိုတော့ ရေဒလဟော ဆင်းလိုက် ရင် လမ်းတွေ ပြတ်ကျတာတို့၊ ကျောက်တွေ ပါသွားတာတို့ လမ်းခရီးတွေက အခက်အခဲ ရှိပါတယ်။ ဒီနှစ်ဆိုရင် ပိုပြီးတော့ မိုးများတဲ့နှစ်မို့လို့ တော်တော်လေးကို ဒုက္ခရောက်ကြတယ်ပေါ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီကနေ့ ကျနော်တို့ အရပ်ဖက်ကတော့ အဖွဲ့အစည်း အားလုံးနဲ့အတူ အခုလွှတ်တော်လည်း ပေါ်လာပြီဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒါပဲ တောက်လျောက် တွေးနေတာပေါ့။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးလိုတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ပညာရေး၊ ကျန်းမာရေးဆိုတာ အကောင်းဆုံး လည်ပတ်နိုင်မယ်။ အဲဒါကြောင့် လမ်းပန်းဆက်သွယ်ရေးကတော့ ဒါတစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတယ်”ဟု ပြောသည်။ 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာဂဒေသကို ရောက်လာစဉ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) ပညာရေးသည် ဝေးလံခေါင်ဖျားမှုနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် နောက်ကျ ကျန်ခဲ့သော်လည်း အစိုးရနှင့် ဒေသခံများ ပူးပေါင်း၍ KG+9 အခြေခံ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာကို မြှင့်တင်နေကြောင်း သိရသည်။

သို့သော်လည်း ဆရာ/ဆရာမ လိုအပ်ချက်နှင့် ကျောင်းထွက် နှုန်းများရှိနေကြောင်း၊ နည်းပညာနှင့် စိုက်ပျိုးမွေးမြူ ရေး သင်တန်းများမှတဆင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းနေ ပြည်သူလူထုများက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကတော့ ပြီးခဲ့သည့်နှစ်က နာဂဒေသသို့ ရောက်ရှိချိန်က နာဂဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟု ပြော ကြားခဲ့ဖူးသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံလျက်ရှိပြီး ဇွန်လ ၁ ရက်၌  အခြေခံပညာ ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဗန်းမောက်မှာ SNA က ကျောင်းသား/သူ ၇၄ ဦးကို ကျောင်းထားပေး

By CNI
CNI
Category: ပညာရေး
Hits: 261

CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က ကျောင်းသား/သူ ၇၄ ဦးကို ကျောင်းထားပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံမှုကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်၍ လက်ခံလျက်ရှိသည်။

ထို့နောက် ဇွန်လ ၁ ရက်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် SNA က ဗန်းမောက်မြို့နယ်တွင် Grade-12 ကျောင်းသား/သူ ၁၇ ဦး၊ Grade-11 ကျောင်းသား/သူ ၁၂ ဦး၊ Grade-10 ကျောင်းသား/သူ ၁၈ ဦး၊ Grade-9  ကျောင်းသား/သူ ၁၅ ဦး၊ Grade-8 ကျောင်းသား/သူ ၁၁ ဦး၊ Grade-7 ကျောင်းသား/သူ ၇ ဦး စုစုပေါင်း ၇၄ ဦးကို ကျောင်းအပ်နှံပေးခဲ့ကြောင်း ဒေသခံများနှင့် ပညာရေးဝန် ထမ်းများထံမှ သိရသည်။

ဗန်းမောက်မြို့နယ်သည် KIA-PDF များ၏ မြို့သိမ်း တိုက်ပွဲများကြောင့် တည်ငြိမ်မှုအားနည်းလျက်ရှိပြီး မြန်မာ့ တပ်မတော်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်လျက်ရှိ သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4
  • 5

Page 1 of 5

Latest News

တံတိုင်းများခြားပြီး စိမ်းကားနေဆဲ တောင်အာရှဒေသ

တံတိုင်းများခြားပြီး စိမ်းကားနေဆဲ တောင်အာရှဒေသ

04 Jul ဆောင်းပါး
ရာသီသစ်အတွက် စောင့်ကြည့်ရမယ့် အသင်း သို့မဟုတ် စပါး 

ရာသီသစ်အတွက် စောင့်ကြည့်ရမယ့် အသင်း သို့မဟုတ် စပါး 

03 Jul ဆောင်းပါး
မြစ်ဆုံစီမံကိန်းက ပြည်သူကို ဘယ်လောက် အကျိုးပြုနိုင်မလဲ

မြစ်ဆုံစီမံကိန်းက ပြည်သူကို ဘယ်လောက် အကျိုးပြုနိုင်မလဲ

03 Jul စီးပွားရေး
ပြိုင်ဘက်နဲ့စကားပြောချိန် ပါးစပ်ကို ဖုံးအုပ်တဲ့သူတွေကို UEFA မထုတ်ပယ်

ပြိုင်ဘက်နဲ့စကားပြောချိန် ပါးစပ်ကို ဖုံးအုပ်တဲ့သူတွေကို UEFA မထုတ်ပယ်

03 Jul အားကစား
မြန်မာ-လာအို နှစ်နိုင်ငံနားလည်မှု MoU ထိုး

မြန်မာ-လာအို နှစ်နိုင်ငံနားလည်မှု MoU ထိုး

03 Jul စီးပွားရေး

Newsflash

ဇူလိုင်လ ( ၃ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ်

  1. You are here:  
  2. Home
  3. ပြည်တွင်းသတင်း
  4. ပညာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar