CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

၂၀၂၃-၂၀၂၄ ပညာသစ်နှစ်တွင် ကျောင်းသား/သူ ၆ သန်းကျော် ကျောင်းတက်

By CNI
CNI
Category: ပညာရေး
Hits: 2819

CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

၂၀၂၃-၂၀၂၄ ပညာသစ်နှစ်တွင် မြန်မာနိုင်ငံတဝန်းရှိ ကျောင်းများ၌ ကျောင်းသား/သူ ၆ သန်းကျော် (၆၂၂၉၃၃၇ ဦး) ပညာသင်ကြားလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် ၂၀၂၃-၂၀၂၄ ပညာသစ်နှစ်ကို စတင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း စုစုပေါင်း ၂၈ ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၁၄ ကျောင်း ဖွင့်လှစ်ခဲ့သည်။

ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် ကျောင်းအားလုံးပေါင်း ၇၉၉ ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ သူ စုစုပေါင်း ၂၁၇၀၄၂ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေ ရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဘူးသီးတောင်မြို့နယ်က ဇွန်လ ၁ ရက်နေ့ ကျောင်းဖွင့်ချိန် မြင်ကွင်း

By CNI
CNI
Category: ပညာရေး
Hits: 3083

CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

မိုခါမုန်တိုင်းဒဏ် ခံစားခဲ့ရသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင် နှစ် ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်နေ့က ကျောင်းသား/သူများကို ယခုလို တွေ့မြင်ရသည်။

 

ယခု တွေ့မြင်ရသော ကျောင်းသား/သူများသည် ဘူးသီးတောင်မြို့နယ်၊ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က(ခွဲ) အ.လ.က(၃) ကျောင်းများ၌ ပညာသင်ကြားနေကြသူများ ဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပုံ- ကျောင်းသား/သူများကို တွေ့ရစဉ်

ပညာရေးကဏ္ဍမှာ third party တစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေ

By CNI
CNI
Category: ပညာရေး
Hits: 1871

CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၆

မြန်မာ့ပညာရေးကဏ္ဍတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများစွာ ရှိလာသော်လည်း ထိုကျောင်းများ၏ ဖြည့်ဆည်းမှု နှင့် အရည်အသွေးပိုင်း စိစစ်ကြီးကြပ်မှု၊ ဆရာ/ဆရာမများ၏ အရည်အသွေး ပိုင်းဆိုင်ရာ အသိအမှတ် ပြုမှုများ အတွက် third party တစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေကြောင်း ကိုယ်ပိုင်ကျောင်း အသိုင်းအဝိုင်းမှ ဆရာ တစ်ဦးဖြစ်သူ ဦးနေမျိုးဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပညာရေးနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုခြင်းဆိုင်ရာ third party မျိုးတွေ ဖွဲ့တော့မယ်ဆိုရင် အစိုးရဘက် က ကျွမ်းကျင်ပညာရှင်တွေ၊ ပြင်ပက ပညာရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ တည်ထောင်ထားတဲ့ အခါမှာ အဲဒီအလွှာကနေ ကိုယ်စားပြု တဲ့ ကိုယ်စားလှယ်တွေ၊ နောက် ပညာရေးမှာ ထည်ထည်ဝင်ဝင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရတဲ့ ဆရာ၊ ဆရာမများ ရှိတဲ့အလွှာက ကိုယ်စားလှယ် တွေ၊ ကျောင်းသားကျောင်းသူနဲ့ ကျောင်းသား မိဘများဘက်က လည်း ကိုယ်စားပြုတဲ့သူ စသည်ဖြင့် အဲလိုမျိုး ပုဂ္ဂိုလ်တွေ ဖွဲ့စည်းပြီးတော့မှ third party တစ်ရပ်ကို တည်ထောင်လိုက်လို့ရှိရင် ပညာရေးအတွက် အင်မတန်မှ ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်လာ မယ်။ အဲလို third party မျိုး ပညာရေးမှာ ရှိဖို့သင့်ပါတယ်”ဟု ပြော သည်။

အချို့ ကိုယ်ပိုင်ကျောင်းများသည် အရည်အသွေးမီ၊ စံချိန်မှီအောင် တည်ဆောက်ထားသည့်အပြင် အသိပညာရှင်၊ အတတ်ပညာရှင်များကို ဖိတ်ကြား၍ ဆရာ၊ ဆရာမများ၏ သင်ကြားရေးပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး၊ ကျောင်း စီမံခန့်ခွဲမှု အရည်အသွေးများကို မြှင့်တင်မှုများ ရှိနေကြောင်း သိရသည်။

 ပုဂ္ဂလိက ကျောင်းများနဲ့ပတ်သက်တဲ့ နစက၏ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

သို့ရာတွင် အချို့ကိုယ်ပိုင်ကျောင်းများ အနေဖြင့် ၎င်းတို့ တက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှုကိုသာ သုံးစွဲတည်ထောင် ထားခြင်းဖြစ်၍ ကျောင်းရပ်တည်မှုအတွက် ပြဿနာမရှိသော်လည်း ဖြည့်ဆည်းမှုနှင့် အရည်အသွေး ပိုင်း အားနည်းနေသည်ကို တွေ့ရကြောင်း ပုဂ္ဂလိကကျောင်းများတွင် သင်ကြားပေးနေသည့် ဆရာအသိုင်းအဝိုင်းမှ သိရသည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ပညာရေး၀န်ကြီးဌာနမှ စိစစ်လက်ခံကာ ဖွင့်ခွင့်ပေးခြင်း ဖြစ်ပြီး၊ အရည်အ သွေး၊ သင်ကြားရေးပိုင်းဆိုင်ရာများကို သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးခြင်းကိုမူ တစ်နှစ်လျှင် ပျှမ်းမျှ နှစ်ကြိမ်သာ ဆောင်ရွက်ကြောင်း ပညာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

ထို့ကြောင့် ကိုယ်ပိုင်ကျောင်းများကဏ္ဍ အမှန်တကယ် ဖွံ့ဖြိုးရန်အတွက် အစိုးရလုပ်ဆောင်ချက် တစ်ခုတည်းနှင့် မလုံလောက်ဘဲ third party ကဲ့သို့ အဖွဲ့အစည်းတစ်ရပ်မှ ဝိုင်းဝန်းထိန်းကျောင်းပေးမှသာ အရည်အသွေးပိုင်း ဆိုင်ရာ တိုးတက်မှု ရှိလာမည် ဖြစ်သည်။

ကျောင်းသား/သူများကို တွေ့ရစဉ်

ကျောင်းဆရာ ဦးနေမျိုးဦးက “ third party အားကောင်းလာပြီ ဆိုရင် ကျောင်းတွေရဲ့ အရည်အသွေး အကဲဖြတ်မှု တွေ၊ အဆင့်အတန်း သတ်မှတ်မှုတွေ ဆရာ/ဆရာမများရဲ့ အရည်အသွေးပိုင်းဆိုင်ရာ အသိအမှတ်ပြုမှုတွေ၊ သင်ရိုးညွှန်းတမ်းပိုင်းဆိုင်ရာ အဆင့်အတန်း သတ်မှတ်မှုနဲ့ အကဲဖြတ်မှုတွေ၊ သူ့ရဲ့ အရည်အသွေး စိစစ်မှုတွေ စသည်ဖြင့်ပေါ့ ဒါတွေကို ပိုပြီးအားကောင်းပြီး ဆောင်ရွက်လာနိုင်လိမ့်မယ်။ အဲဒီအခါမှာ လုပ်ငန်းတွေ အနေနဲ့ လည်း ပိုပြီး တိုးတက်လာနိုင်လိမ့်မယ်။ အဲတော့ third party တစ်ရပ်သာ ခိုင်ခိုင်မာမာ ပေါ်လာခဲ့ရင်တော့ ပညာ ရေး အနေနဲ့ အင်မတန်မှ တိုးတက်ဖွံ့ဖြိုးလာမယ့် အနေအထားကိုတော့ ရောက်ရှိလာမှာ”ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်း အ‌ရေအတွက် ၁၂၀၀ ကျော် ရှိနေပြီး၊ ကျောင်းသားမိဘများ အနေဖြင့် အစိုးရကျောင်းများထက် ကိုယ်ပိုင်ကျောင်းများကို ပိုမိုရွေးချယ်လာကြကြောင်း ကိုယ်ပိုင်ကျောင်း အသိုင်းအဝိုင်းမှ သိရသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသားများ

သင်ရိုးဟောင်းကျောင်းသားများ Grade 12 စနစ်သစ်‌ဖြေရန် အဆင်မပြေနိုင်

By CNI
CNI
Category: ပညာရေး
Hits: 3143

CNI News

၂၀၁၃ ခုနှစ်၊ မေလ ၂၄

သင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်း ကျောင်းသားများအနေဖြင့် Grade 12 သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ၀င်ရောက်ဖြေဆိုရန် အခက်အခဲများ ရှိလာနိုင်ကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ ဆရာ၊ ဆရာမ များက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂- ၂၃ ပညာသင်နှစ်တွင် သင်ရိုးဟောင်း တက္ကသိုလ်၀င်တန်းစာမေးပွဲကို ၀င်ရောက် မဖြေဆိုခဲ့ဘဲ ကျရှုံးခဲ့သည့် ကျောင်းသားများအနေဖြင့် ကျောင်းတက်ခွင့် ရရှိတော့မည်မဟုတ်ဘဲ ကိုယ်တိုင်လေ့လာ(သို့မဟုတ်) ပြင်ပသင်တန်းများ တက်ရောက်လေ့လာသင်ယူပြီး Grade 12 သင်ရိုးသစ် တက္ကသိုလ်၀င်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဖြစ်ကြောင်း ပညာရေး၀န်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြစဉ်

“တက္ကသိုလ်၀င်တန်းဖြေထားတဲ့ ကလေးအနေနဲ့ Grade 12 စာမေးပွဲ ဝင်ဖြေဖို့ဆိုတဲ့ ကိစ္စကျတော့ စာအနေအထားနဲ့လည်း တစ်တန်းက မြင့်နေတယ်။ ပြင်ပက လေ့လာသင်ယူပြီး တက်ရမယ်ဆိုရင် ဒီအတန်း မအောင် ထားတဲ့ ကလေးကို ဒီထက် တဆင့်မြင့်တဲ့အတန်းကို ၀င်ဖြေသလို ဖြစ်နေမှာတော့ အသေအချာပဲ။ များသော အားဖြင့် မြန်မာပြည်မှာ တက္ကသိုလ်၀င်တန်း သင်ကြားရေး ဆရာ၊ ဆရာမများ ကတော့ တက္ကသိုလ် ၀င်တန်း စာလောက်ကိုပဲ ဦးစားပေး လေ့လာတာများတော့ Grade 12 က သင်ရိုးသစ်လည်း ဖြစ်တယ်။ မေးခွန်းကလည်း ပုံစံသစ်လည်း ဖြစ်တယ်။ ဒီကြားထဲ G 12 သင်ရိုးသစ်ရဲ့ သင်ရိုးအတိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့် သင်ယူမှု ပုံစံကအစ မတူညီဘူး။ အဲဒီအခါမှာ သင်ကြားရေး ဆရာ၊ ဆရာမတွေဘက်မှာလည်း issue တွေတော့ ရှိလာမှာ ပေါ့လေ” ဟု ကိုယ်ပိုင်ကျောင်းတစ်ခုတွင် သင်ကြားပို့ချပေးနေသော ဆရာတစ်ဦးက ပြောသည်။

Grade 12 သင်ရိုးသစ် ၀င်ရောက်ဖြေဆိုမည့် တက္ကသိုလ်၀င်တန်းဟောင်း ကျောင်းသားများအနေဖြင့် စာလေ့လာ မှုပိုင်းတွင် အားနည်းချက်များ ရှိလာနိုင်သလို၊ မိဘများအနေဖြင့်လည်း ငွေကြေးတတ်နိုင်မှသာ ပြင်ပသင်တန်းများ အား အပ်နှံနိုင်မည်ဖြစ်သည့်အတွက် ၀င်ရောက်ဖြေဆိုသူမှာလည်း လျော့နည်းလာနိုင်သည်ဟု ပညာရေးအသိုင်း အ၀ိုင်းက သုံးသပ်မှုများ ပေါ်ထွက်နေသည်။

ကယားပြည်နယ် ဘောလခဲမြို့ရှိ အထက်ကျောင်းတစ်ခုမှ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ရောက်ရှိလာစဉ်

“လူတန်းစား ကွဲပြားမှုအပေါ်မှာ ပညာရေးကလည်း ကွဲပြားလာမှာပဲ။ အခု အစပိုင်း အဆင်ပြေနိုင်တယ်။ ဒါပေမယ့် နောက်ပိုင်း ငွေလိုက်ရမယ်။ ပြောရမယ်ဆိုရင် ငွေရေးကြေးရေး ကိစ္စနဲ့ပတ်သက်ပြီး ပညာရေး၊ လူမှုရေး၊ စီးပွား ရေးအကုန်လုံးက ကွဲပြားသွားမှာပါ။ အဲတာမှာမှ ပညာရေးက ထိပ်ဆုံးပဲ။ ပညာရေးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပညာကအဓိကလေ။ ဆိုတော့ မရှိမဖြစ် လုပ်နေရမှာကတော့ ဒီပညာရေးပါ။ ဒါပေမယ့် ဒီလို ခေတ်ကာလ မကောင်းတဲ့အချိန်မှာ ပညာရေးက ငွေကြေးအများကြီး 90 percent လောက်ကို ကွဲပြားသွားမှာပါ” ဟု တက္ကသိုလ် ဝင်တန်းတွင် သင်ကြားနေသည့် ဆရာမတစ်ဦးဖြစ်သူ ဒေါ်အေးမြတ်မိုးက ပြောပြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်ရိုးဟောင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖြေဆိုရန် လျှောက်လွှာတင်ခဲ့သူပေါင်း တစ်သိန်းရှစ်သောင်းနီးပါး ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယနေ့ ကျောင်းသား/သူ ၂ သန်းကျော် ကျောင်းလာအပ်

By CNI News
CNI News
Category: ပညာရေး
Hits: 1298

 

CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းသား/သူ ၂ သန်းကျော် ယနေ့ (မေလ ၂၄ ရက်)တွင် လာရောက်၍ ကျောင်းအပ်နှံကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအ ဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကျောင်းအပ်နှံမှု လက်ခံခြင်းကို မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ မေလ ၂၄ ရက်နေ့မှာတော့ ကျောင်းသား/သူ ၂၇၃၀၃၂၃ ဦး(၂ သန်းကျော်) လာရောက်၍ ကျောင်းအပ်ခဲ့ကြသည်။

မေလ ၂၃ ရက်နေ့ကတော့ ကျောင်းသား/သူ ၁၃၄၃၀၃၇ ဦး (၁ သန်းကျော်) လာရောက်၍ ကျောင်းအပ်ခဲ့ကြ သည်။

ကျောင်းလာအပ်သည် ကျောင်းသား/သူများအတွက် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ ထောက်ပံ့ပေးခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ကျောင်းလာအပ်သည့် ကျောင်းသား/သူများနဲ့ မိဘများကိုတွေ့ရစဉ်

ယနေ့ ကျောင်းသား/သူ ၁၃ သိန်းကျော် ကျောင်းလာအပ်

By CNI News
CNI News
Category: ပညာရေး
Hits: 1269

 

CNI News
၂၀၂၃ ခုနှစ်၊ မေလ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများကို ယနေ့ (မေလ ၂၃ ရက်) တွင် စတင် လက်ခံရာ ကျောင်းသား/သူ စုစုပေါင်း ၁၃၄၃၀၃၇ ဦး(၁၃ သိန်းကျော်)လာရောက် ကျောင်းအပ်နှံခဲ့ ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းအပ် လက်ခံခြင်းကို ယနေ့ (မေလ ၂၃ ရက်)မှ မေလ ၃၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ဇွန်လ ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

ကျောင်းလာအပ်သည် ကျောင်းသား/သူများအတွက် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကို ပညာရေးဝန်ကြီးဌာနက အခမဲ့ ထောက်ပံ့ပေးခဲ့သည်။

Share
Tweet
Share
Share
powered by social2s
ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ခုကိုတွေ့ရစဉ်

ကိုယ်ပိုင်ကျောင်းအချို့ ဖွင့်လှစ်ပြီး ယာယီ ပြန်ပိတ်ထားရ

By CNI
CNI
Category: ပညာရေး
Hits: 1795

CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၁

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအချို့သည် အစိုးရ၏ ညွှန်ကြားချက် မရသေးဘဲ ဖွင့်လှစ်သင်ကြားမှုများရှိခဲ့ရာ ကနေ လက်ရှိမှာတော့ ပြန်လည်၍ ယာယီပိတ်ထားရကြောင်း ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံထားရှိသည့် ကျောင်းသားမိဘများနှင့် သင်ကြားပေးနေသောဆရာများ အသိုင်းအဝန်းမှ CNI သတင်းဌာနသို့ ပြောသည်။

ကိုယ်ပိုင်ကျောင်းများ အနေဖြင့် အစိုးရ၏ ညွှန်ကြားချက်ဖြင့်သာ ဖွင့်လှစ်ခြင်းက အကောင်းဆုံးပဲဟု ကိုယ်ပိုင် ကျောင်းတစ်ခုတွင် သင်ကြားပို့ချ ပေးနေသော ဆရာ တစ်ဦးက ပြောသည်။

၎င်းက “အခုနေကတော့ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင် ခွင့်ပြုချက်၊ မှတ်ပုံတင် လိုင်စင်ကို ရယူထားတာ ဖြစ် လို့ ညွှန်ကြားချက်များနဲ့အညီ ဖွင့်တာပဲ ကောင်းပါတယ်။ အခု ဒါဖွင့်ပြီး ပြန်ပိတ်သွားတယ်လို့ ဘာတို့ ကြားတာ တော့ ဒါသူ့ အကြောင်းအမျိုးမျိုးတော့ ရှိမှာပေါ့လေ။ ‌နွေရာသီမှာ တချို့ကတော့ ဘက်စုံဖွံ့ ဖြိုးမှု သင်တန်းလေး တွေ ဖွင့်ထားတာမျိုးတွေ ရှိတာပေါ့။ ဥပမာဆိုလို့ ရှိရင် မေလ ၂၃ ရက်နေ့မှာ ကျောင်းစတင် လက်ခံပြီးတော့ ဇွန်လ ၁ ရက်နေ့ မှာ ဖွင့်ပါရန်ဆိုတဲ့ ညွှန်ကြားချက် လိုမျိုးတွေ့ရတဲ့ အခါကျတော့ ဒီပညာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်းနဲ့ မညီဘဲ သင်ကြားတာ ကောင်းပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်ရဲ့ သား၊ သမီး တွေကိုတော့ စောစောစီးစီး ကျောင်းပို့နိုင်ရင် ကောင်းတယ်ဆိုတဲ့ အတွေးမျိုးထက် သူ့ကလေးတွေရဲ့ သင်ကြား သင်ယူနိုင်မယ့် အနေအထားကို ချိန်ဆက်ပြီး သတ်မှတ်တဲ့ ကာလလေးအတိုင်းဘဲ သင်ကြားစေတာမျိုးပေါ့ ။ ဒါလေးက ပိုကောင်း တယ်။ ကျောင်းတွေ အနေနဲ့ကလည်း စည်းမျဥ်းစည်းကမ်းနဲ့အညီ ဖွင့်လှစ်တာပဲ ကောင်းပါ တယ်။ ဖွင့်ပြီးတော့ ပြန် ပိတ်ရတာမျိုးတွေ ဒါမျိုးတွေ မဖြစ်ရအောင်တော့ ညွှန်ကြားချက်များနဲ့အညီ လုပ်ကိုင်တာ အကောင်းဆုံးပါလို့ပဲ ပြောချင်ပါတယ် “ ဟု ပြောသည်။

ပုဂ္ဂလိကျောင်း တစ်ကျောင်းမှ စာသင်ကြားရေး ပုံစံကို တွေ့ရစဉ်

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း အချို့အနေဖြင့် ယခု ၂၀၂၃- ၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုကို ဧပြီလ ဆန်းပိုင်းကတည်းက စောစီးစွာ လက်ခံခဲ့ပြီး မေလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားမှုများရှိနေခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ် သင်ကြားမှုမှာ ကိုယ်ပိုင်ကျောင်း ဥပဒေနှင့် မညီညွတ်ကြောင်း၊ စိတ်အ‌နှောင့်အယှက် အနည်းငယ် ဖြစ်ရကြောင်း တက္ကသိုလ်ဝင်တန်းတက်ရောက်ရန် ကိုယ်ပိုင်းကျောင်း တစ်ခု၌ အပ်နှံထားသည့် မြောက်ဥက္ကလာပ မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးအောင်က  ပြောသည်။

ဒေါ်အေးအောင်က “ကလေးကတော့ နည်းနည်းတော့ စိတ်ပျက်သွားတာပေါ့နော်။ သူက ကျောင်းမှာ သုံးရက်ဆို တော့ ပျော်နေပြီလေ ၊ ပြီးတော့ သူက သင်တဲ့အခါလည်း သူက နည်းနည်း လောဘကြီးတယ်လေ အစောကြီး တက်ရတော့ စာပို ရတယ်ထင်တာပေါ့။ ဒါပေမယ့် အခု ရုတ်တရက်ကြီး ပိတ်သွားတဲ့ အခါကျတော့ ကလေးက နည်းနည်း ဘယ်လို ပြောရမလဲ စိတ်တော့ နည်းနည်း ရှုပ်သွားတာပေါ့” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ဖွင့်လှစ်ထားဆဲ ကိုယ်ပိုင်ကျောင်းများကို အရည်အသွေး၊ သင်ကြားရေးပိုင်း ဆိုင်ရာ စသည်တို့ကို သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ တစ်နှစ်လျှင် အနည်းဆုံး ပျှမ်းမျှ နှစ်ကြိမ် ပုံမှန် စစ်ဆေးမှု များ လုပ်လေ့ရှိကြောင်း သိရသည်။

ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ခုကိုတွေ့ရစဉ်

ထို့နောက် ထပ်မံဖွင့်လှစ်ရန် တင်ပြထားသော ကိုယ်ပိုင်ကျောင်းအသစ် လိုင်စင်များကိုလည်း သေချာစိစစ် ခွင့်ပြု ပေးနေ‌ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ြပထားသည်။

ကိုယ်ပိုင်ကျောင်းများတွင် အပ်နှံမည်ဆိုပါက နေစရိတ်၊ စားစရိတ်၊ သင်ကြားရေးစရိတ် အလုံးစုံအတွက် တစ်နှစ် ကုန်ကျစရိတ်မှာ ပျှမ်းမျှ ကျပ်သိန်း ၈၀ မှ ၁၀၀ အကြားရှိနေ‌ကြောင်း ကျောင်းသားမိဘများက ‌ပြောသည်။

သို့သော် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းနှင့် တစ်ကျောင်း သတ်မှတ် ကုန်ကျစရိတ်များတော့ အားလုံး တူညီနိုင် မည် မဟုတ်ကြောင်းလည်း ကျောင်းသားမိဘများက ပြောသည်။

လက်ရှိကာလတွင် ကျောင်းသားမိဘများ အနေဖြင့် အစိုးရ ကျောင်းများထက် ကိုယ်ပိုင်ကျောင်းများကို ပိုမို ရွေးချယ်လာကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်း အရေအတွက် ၁၂၀၀ ကျော် ရှိကြောင်း သိရသည်။

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လာရောက်တက်နေသော ကျောင်းသား/သူများကို တွေ့ရစဉ်

၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ပထမနှစ်ဖွင့်လှစ်

By CNI
CNI
Category: ပညာရေး
Hits: 1316


CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ပထမနှစ်(ပထမနှစ်ဝက်)နေ့ကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကျောင်းလာတက်ကြသူများကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်)၌ တွေ့ရသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တက္ကသိုလ်သို့ လာရောက်တက်နေသော ကျောင်းသား/သူ များကို တွေ့ရစဉ်

တက္ကသိုလ်ပထမနှစ် တက်ရောက်မည့်သူများ ကျောင်းအပ်နှံရေးအတွက် ယခုလ (နိုဝင်ဘာလ)ကုန်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် ၇၅ ရာခိုင်နှုန်း ကျောင်းအပ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ပထမနှစ်(ပထမနှစ်ဝက်)၏ တက္ကသိုလ် နှစ်ဝက် စာမေးပွဲများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဟုလည်း နစက၏ ပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယနိုင်ငံက မီဇိုရမ်တက္ကသိုလ်ကိုတွေ့ရစဉ် (GETTY IMAGES)

မီဇိုရမ်တက္ကသိုလ်တွင် နိုင်ငံခြားသားများအတွက် မြန်မာဘာသာသင်မည်

By CNI
CNI
Category: ပညာရေး
Hits: 1530

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရှိ မီဇိုရမ်တက္ကသိုလ်(MZU)တွင် နိုင်ငံခြားသား ကျောင်းသူ၊ ကျောင်းသားများအတွက် မြန်မာဘာသာကို အောက်တိုဘာလတွင် စတင်သင်ကြားမည်ဖြစ်ကြောင်း ချင်းရေးရာ အဖွဲ့ချုပ်(ICA)မှ ဒေါက်တာမယ်ရီက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ မီဇိုရမ်တက္ကသိုလ်တွင် မြန်မာအက္ခရာ ၊ ဝေါဟာရ ၊ သဒ္ဒါဖွဲ့စည်းပုံ ၊ စကားပြောနှင့် စကားပြေ အရေး အသားတို့အား လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သင်ကြားခြင်းသည် ချင်းရေးရာအဖွဲ့ချုပ်(ICA)နှင့် မီဇိုရမ်တက္ကသိုလ်(MZU)တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပထမဆုံး စတင်သင်ကြားမည်ဖြစ်ကြောင်း၊ ဘာသာရပ် သင်ကြားပေးမည့် ဆရာမမှာ ဒေါက်တာအဲလစ် ဖြစ် ကြောင်း ICA မှ ဒေါက်တာမယ်ရီက CNI သတင်းဌာနသို့ ပြောသည်။

မီဇိုရမ်ပြည်နယ်အတွင်းက မြန်မာ ဒုက္ခသည်များကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “ကျမတို့ ICA ကနေပဲ MIZORAM University ကို Propose လုပ်တာပေါ့။ ကျမတို့ မြန်မာ ဘက်က research center ပုံစံမျိုးကို MIZORAM University မှာ ဖွင့်ချင်တယ်ပေါ့။ ဒီတက္ကသိုလ်ဘက်ကနေ ညီမ တို့ကို ကမ်းလှမ်းတာကျတော့ မြန်မာဘာသာစကားကို တက္ကသိုလ်မှာ သင်ကြားပေးနိုင်မလားပေါ့။ သူတို့ဒီမှာ တခြား သော ဘာသာစကား language တွေကိုလည်း သင်နေတာ ရှိတယ်ပေါ့။ သင်ပေးနိုင်မလားဆိုတော့ ကျမတို့က သင်ပေးနိုင်တယ်ပေါ့။ အဲဒါကနေ ကျမတို့ မြန်မာစာ သင်တန်းကို ဖွင့်ဖြစ်သွားတဲ့ သဘောပါ။ ကျောင်းသားတွေ ထဲမှာ မြန်မာနိုင်ငံသား ရှိလားဆိုတာတော့ ကျမမသိဘူး။ ဒါပေမယ့် အဓိကက ဒီမြန်မာဘာသာစကား ဖွင့်တယ် ဆို တာက Foreigner တွေအတွက် ရည်ရွယ်ထားတာ။ Foreigner ဆိုတဲ့အထဲမှာ အိန္ဒိယနိုင်ငံသားတွေပေါ့နော်။ သူတို့အတွက်က သီးသန့်ဖွင့်လိုက်တဲ့ သဘောပါ” ဟု ပြောသည်။
ထိုမီဇိုရမ်တက္ကသိုလ်သည် မီဇိုရမ်ပြည်နယ် အစိုးရမှ ဖွင့်လှစ်ထားသော တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာဘာသာ အား တာဝန်ခံ၍ သင်ကြားပေးမည့် ဆရာမ ဒေါက်တာအဲလစ်သည် မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ ရရှိထား သူဖြစ်ကြောင်း သိရသည်။

ထို မြန်မာဘာသာစကားအား သင်ကြားရန်အတွက် Semester နှစ်ခု သတ်မှတ်ထားကာ သင်ကြားမည့်ကာလမှာ ၁၀ လ ကြာမြင့်မည်ဖြစ်ကြောင်း သင်ကြားပေးမည့် ဆရာမ ဒေါက်တာအဲလစ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Diploma courses ပဲပေါ့ရှင့်။ Diploma courses တစ်ခု ၅ လ၊ ၅ လ ပေါ့၊ first semester ၅ လ။ second semester ၅ လပေါ့။ အပြောပေါ့နော်။ အရေးနဲ့ အဆင်ပြေမယ်ဆိုလည်း နည်းနည်းထည့်မယ်။ သင်ယူတဲ့လူ အခြေအနေပေါ် ကြည့်ပြီးတော့ပေါ့။ ဌာနအနေနဲ့ မဟုတ်တော့လေ။ အခုမှ စပြီးတော့မှ ဒီတက္ကသိုလ်နဲ့ ချိတ်ဆက် ပြီးတော့ လုပ်တာဆိုတော့ ကျမကို အလုပ်ခန့် လိုက်တယ်ပေါ့။ အဲဒီတော့ တစ်ယောက်ပဲရှိမယ်။ နောက်တက် မယ့် ဦးရေလည်း မသိရသေးဘူးပေါ့နော်။ အဲဒီကျောင်းမှာတက်တဲ့ ကျောင်းသူ/ကျောင်းသားတွေကို အဓိက ရည်ရွယ်တယ်ပေါ့။ ဒါပေမယ့် အပြင်ကနေ တက်မယ်ဆိုရင်လည်း ရတယ်။ Partner Ship လုပ်ထားတဲ့ အဖွဲ့လေး ရှိတယ်။ သူတို့ရဲ့ သင်ရိုးလေးကို ယူပြီးတော့မှ သင်ပေးဖို့ အဲဒီလိုလေးတွေ လုပ်ထားတယ်။ သီးသန့်ကြတော့ သူက မေဂျာအနေနဲ့လည်း မရှိထားတဲ့ အခါမှာလေ ဘယ်လိုစပြီး သင်ရမလဲဆိုတာ နည်းနည်းလေး အခက်တွေ့တာနဲ့ လေ။ အဲဒါ MLT လို့ခေါ်တယ်ရှင့် သူတို့ရဲ့ စာအုပ်ကို သုံးဖို့ လုပ်ထားတယ်” ဟု ပြောသည်။

သင်တန်းကြေးအဖြစ် အိန္ဒိယရူပီး ၁၀၀၀ (မြန်မာငွေ ၃၅၀၀၀ ကျပ်) သတ်မှတ်ထားကြောင်း၊ သင်တန်းတစ်ခုလုံး အတွက် သင်ကြားရေး ထောက်ကူပစ္စည်းများဖြစ်သော ဖတ်စာအုပ်အပြင် အခြားအရာများအတွက် ကုန်ကျစရိတ် ရူပီး ၁၂၀၀ (မြန်မာငွေ ၄၂၀၀၀ ကျပ်) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီအရေးတောင်းဆိုကြသူများ (ဖရွန်းတီးယားမြန်မာ)

အဆိုပါ မီဇိုရမ်တက္ကသိုလ်တွင် တခြားနိုင်ငံမှ ဘာသာစကားများလည်း သင်ပေးနေလျက်ရှိပြီး ယခုကဲ့သို့ မြန်မာ ဘာသာ စကားအား သင်ကြားခွင့်ရသဖြင့် ဂုဏ်ယူကြောင်း ICA မှ ဒေါက်တာမယ်ရီက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ကိုယ့်မြန်မာနိုင်ငံရဲ့ official language တစ်ခုကို တခြားနိုင်ငံတစ်ခုမှာ ဒီလိုမျိုး ဖွင့်လှစ်နိုင်တယ်ဆိုတာ အရမ်းကို ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စရပ်ပေါ့။ ပြီးတော့မှ နောက်ပိုင်းကျတော့လည်း အိမ်နီးနားချင်းဆိုတော့ စီးပွားရေးပိုင်းမှာ ဆက်သွယ်မှုတွေလည်း ရှိနေတယ်ပေါ့။ အဲဒီတော့ ကျမတို့ နိုင်ငံတစ်ခုနဲ့ တစ်ခု ပိုပြီးတော့မှ နားလည်စေချင်တယ်။ ဒီ language က အရေးကြီးတယ်။ ခြုံပြီးပြောရရင် ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ ဖြစ်ရပ် ပါ”ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း မိုင် ၃၀၀ ကျော် ထိစပ်နေသော ပြည်နယ်ဖြစ်ပြီး မြန်မာ့တပ် မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံက လွှတ်တော်အမတ်များ အပါအဝင် ဒုက္ခသည် ငါးသောင်းခန့် ခိုလှုံနေကြောင်း ဒေသတွင်း သတင်း ဌာနများနှင့် မြန်မာနိုင်ငံဘက်က အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

ထို့နောက် မြန်မာဒုက္ခသည် သုံးသောင်းကျော်သည် ပြီးခဲ့သည့် မေလကုန်ပိုင်းက ပြည်နယ်အစိုးရမှ ထုတ်ပေးသည့် နေထိုင်ခွင့် အသိအမှတ်ပြု မှတ်ပုံတင်များ ရရှိထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 1
  • 2
  • 3
  • 4

Page 3 of 4

Latest News

ချန်ပီယံလိဂ်ရှုံးပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဟန်ဆီဖလစ်ဝေဖန် 

ချန်ပီယံလိဂ်ရှုံးပွဲမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ဟန်ဆီဖလစ်ဝေဖန် 

09 Apr အားကစား
အာရှအစိုးရများ စွမ်းအင်ပြဿနာလျှော့ချဖို့ ထောက်ပံ့ကြေးပေးမည် 

အာရှအစိုးရများ စွမ်းအင်ပြဿနာလျှော့ချဖို့ ထောက်ပံ့ကြေးပေးမည် 

09 Apr စီးပွားရေး
လီဗာပူးလ်မှာ အခွင့်အရေးရှိသေးတယ်လို့ အာနီဆလော့ ပြော 

လီဗာပူးလ်မှာ အခွင့်အရေးရှိသေးတယ်လို့ အာနီဆလော့ ပြော 

09 Apr အားကစား
စွမ်းအင်ဈေးမြင့်တက်၍ ထိုင်း ဆွန်ခရမ်ပွဲတော်ကာလ ခရီးသွားကျဆင်း 

စွမ်းအင်ဈေးမြင့်တက်၍ ထိုင်း ဆွန်ခရမ်ပွဲတော်ကာလ ခရီးသွားကျဆင်း 

09 Apr Travel
မြန်မာ့နိုင်ငံရေးနဲ့ အိန္ဒိယရဲ့ ရပ်တည်ချက် 

မြန်မာ့နိုင်ငံရေးနဲ့ အိန္ဒိယရဲ့ ရပ်တည်ချက် 

08 Apr ဆောင်းပါး

Newsflash

ဧပြီလ ( ၈ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ်

  1. You are here:  
  2. Home
  3. ပြည်တွင်းသတင်း
  4. ပညာရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar