CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ပထမနှစ်(ပထမနှစ်ဝက်)နေ့ကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကျောင်းလာတက်ကြသူများကို ယနေ့ (နိုဝင်ဘာ ၂၁ ရက်)၌ တွေ့ရသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တက္ကသိုလ်သို့ လာရောက်တက်နေသော ကျောင်းသား/သူ များကို တွေ့ရစဉ်

တက္ကသိုလ်ပထမနှစ် တက်ရောက်မည့်သူများ ကျောင်းအပ်နှံရေးအတွက် ယခုလ (နိုဝင်ဘာလ)ကုန်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် ၇၅ ရာခိုင်နှုန်း ကျောင်းအပ်ထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ပထမနှစ်(ပထမနှစ်ဝက်)၏ တက္ကသိုလ် နှစ်ဝက် စာမေးပွဲများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဟုလည်း နစက၏ ပညာရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။