- By CNI
- Category: အားကစား
- Hits: 36
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ကတ်စီမီရို ရာသီကုန်မှာ ထွက်ခွာမယ့်အကြောင်း အတည်ပြုပြီးနောက် ကြယ်ပွင့်ကစားသမား ကိုဘီမေနူးနဲ့ စာချုပ်ဆွေးနွေးမှုတွေ ပြန်ပြုလုပ်ဖို့ အသင့်ရှိနေပါတယ်။
ကိုဘီမေနူးဟာ နည်းပြဟောင်း အာမိုရင် လက်ထက်မှာ ပွဲကစားခွင့် မရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စီစဉ်ထားတာပါ။
ဒါပေမယ့် ယာယီနည်းပြ မိုက်ကယ်ကာရစ်က သူ့ကို မန်စီးတီးအသင်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ အသုံးပြုခဲ့ပြီး နောက် ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေနိုင်တာ ဖြစ်ပါတယ်။
ကိုဘီမေနူးနဲ့ ယူနိုက်တက်အသင်းရဲ့ စာချုပ်ဟာ ၁၈ လ ကျန်ရှိနေသလို နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် လည်း ရှိနေပါတယ်။

ကိုဘီမေနူးကို တွေ့ရစဉ်
အင်္ဂလန်ကွင်းလယ်လူဟာ နည်းပြဟောင်း အာမိုရင် လက်ထက်တုန်းက ယူနိုက်တက်အသင်းမှာ သူ့ရဲ့အနာဂတ် မရေမရာဖြစ်ခဲ့ပြီး သူ့ကိုအသုံးမပြုတဲ့ အာမိုရင်ဟာ မကြာခဏဆိုသလို မီဒီယာတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။
မိုက်ကယ်ကာရစ်ဟာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုဘီမေနူးကို ကတ်စီမီရို၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့အတူ တွဲဖက်အသုံးပြုခဲ့ပြီး သူကလည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ စကားပြော ခဲ့ချိန်မှာ ယူနိုက်တက်အသင်းဟာ ကိုဘီမေနူးကို အခြေခံပြီး တည်ဆောက်သင့်တယ်လို့ အကြံပြုခဲ့တာပါ။
ကိုဘီမေနူးဟာ နည်းပြဟောင်း အဲရစ်တန်ဟတ် လက်ထက်မှာ အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပြီး ယူနိုက်တက်အသင်းကို FA ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ကိုဘီမေနူး အနေနဲ့ စာချုပ်သစ် ချုပ်ခဲ့ရင် သူ့အသင်းဖော်တွေရဲ့ လုပ်ခလစာနဲ့ညီမျှတဲ့ လစာပမာဏကို တိုးမြှင့်ပြီး ရရှိမယ်လို့ Sky Sports က ဖော်ပြထားပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 34
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာက အီတလီလူမျိုးနည်းပြ ကွန်တီဟာ အသင်းမှာရှိခဲ့တဲ့ အချိန်အတွင်း အမြဲတမ်း ဒေါသထွက်ခဲ့ပြီး ဘယ်သူ့မှ သူ့ကို ကြိုက်နှစ်သက်ခဲ့ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။
ဒီယေဂိုကော်စတာက “သူဟာ တခြားသူတွေကို မယုံကြည်သလို အရာအားလုံးကို သူသိတယ်ဆိုပြီး ထင်နေတဲ့ သူပါ။ သူဟာ အမြဲတမ်း ဒေါသထွက်တဲ့အတွက် သူနဲ့လေ့ကျင့်ရတာကို မပျော်ရွှင်ပါဘူး။ ဘယ်သူ့ကမှ သူ့ကို မကြိုက် နှစ်သက်တာကြောင့်လည်း သူကြာကြာ မခံခဲ့တာပါ။ ပြီးခဲ့တာက ပြီးသွားပါပြီ”လို့ အိုဘီမီခေးလ် podcast ကို ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီယေဂိုကော်စတာကို ၂၀၁၄ ခုနှစ်မှာ အက်သလက်တီကို အသင်းကနေ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး သူဟာ အသင်းမှာ လျင်မြန်စွာ အသားကျကာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီယေဂိုကော်စတာဟာ ချယ်လ်ဆီးအသင်းထံ ကွန်တီ ရောက်ရှိလာအပြီးမှာ အဆင်မပြေမှု ရှိခဲ့တာပါ။

ကော်စတာနဲ့ မော်ရင်ဟိုကို တွေ့ရစဉ်
ဒီယေဂိုကော်စတာဟာ တရုတ်စူပါလိဂ်ရဲ့ ပြင်းထန်တဲ့ စိတ်ဝင်စားမှုတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရသလို နည်းပြကွန်တီက သူ့ကိုအသင်းကနေ ထွက်ခွာနိုင်ကြောင်း နွေရာသီမှာ စာပေးပို့ပြီး အသိပေးခဲ့ ပါတယ်။
အဲ့ဒါကြောင့် ကော်စတာဟာ ချယ်လ်ဆီးအသင်းမှာ ၃ ရာသီကြာ ကစားပြီးနောက် အသင်းဟောင်း အက်သလက်တီကိုအသင်းထံ ပြန်ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကော်စတာဟာ ဒီနောက်မှာ အက်သလက်တီကို မင်နဲရိုး၊ ဝုလ်ဗ်စ်၊ ဘိုတာဖိုဂိုနဲ့ ဂရီမီယိုအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ကော်စတာက သူအနှစ်သက်ဆုံး နည်းပြက မော်ရင်ဟိုဖြစ်ပြီး သူ့ရဲ့ idol က ဒရော့ဘာ ဖြစ်တယ်လို့ ပြောခဲ့ပါ တယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 73
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပြီးနောက် နည်းပြ အူနှိုင်း အမ်မရီက ဒီဆုဖလားကို ရယူနိုင်ဖို့ အိပ်မက်မက်နေပါတယ်။
အူနှိုင်းအမ်မရီက “ဒီပြိုင်ပွဲမှာ ဆုဖလားအတွက် ယှဉ်ပြိုင်တဲ့ သူဖြစ်ဖို့ ကျနော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ ဒီဆုဖလားလိုအပ်ရင် ဆုဖလားရယူနိုင်ဖို့ ယှဉ်ပြိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ကျနော် ဟာ ဒီအသင်းနဲ့ ဆုဖလားတွေ ရယူဖို့ အိပ်မက်မက်နေပြီး ယူရိုပါလိဂ်က ဒီနှစ်မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ ထဲက တစ်ခုပါ”လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဖီနာဘာချီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ်ပွဲစဉ်ကစားဖို့ ၁ ပွဲ ကျန်ရှိသေးချိန်မှာ ၁၆ သင်းအဆင့် တက်နိုင်ဖို့ သေချာသွားခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရပ်တည်နေပါတယ်။
ဒါပေမယ့် နည်းပြအူနှိုင်းအမ်မရီက သူ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်နိုင်မယ့် အသင်း မဟုတ်ဘူးလို့ အဲဗာတန်အသင်းကို အရေးနိမ့်တဲ့ပွဲ အပြီးမှာ ပြောခဲ့တာပါ။

အူနှိုင်းအမ်မရီကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်း ဒါမှမဟုတ် ၅ သင်းအပြင် ဘက် ရပ်တည်မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သူတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလားကို နည်းပြအဖြစ် စံချိန်တင် ၄ ကြိမ်အထိ ရရှိထားပြီး နောက်ဆုံးအကြိမ် အဖြစ် ၂၀၂၁ ခုနှစ်မှာ ဗီလာရီးရယ်လ်အသင်းနဲ့ ရယူနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဆုဖလား ရရှိမှုအရ အင်္ဂလိပ်ဘောလုံးလောကမှာ သတ္တမမြောက် အအောင်မြင်ဆုံး အသင်းဖြစ်ပေမယ့် ၁၉၉၆ ခုနှစ်မှာ လိဂ်ဖလားရရှိခဲ့တာက သူတို့ရဲ့အဓိက ဆုဖလား နောက်ဆုံးရရှိမှုဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 78
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃
ဘရာဇီးလ်ကွင်းလယ်လူ ကတ်စီမီရိုဟာ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်လို့ ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုရဲ့ စာချုပ်ထဲမှာ ပါဝင်တဲ့ တစ်နှစ်သက်တမ်းဖို့ ရွေးချယ်ခွင့်ကို မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ အသင်းကနေ အလွတ်နဲ့ထွက်ခွာမှာပါ။
၂၀၂၂ ခုနှစ်က ရီးရယ်လ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ကတ်စီမီရိုဟာ ယူနိုက်တက်အသင်း အတွက် ၁၄၆ ပွဲ ကစားထားပြီး ၂၁ ဂိုးသွင်းယူကာ ကာရာဘောင်းနဲ့ FA ဖလားရယူနိုင်ခဲ့ပါတယ်။
ကတ်စီမီရိုက “ကျနော့်ဘဝ တစ်လျှောက်လုံး ယူနိုက်တက်ကို သယ်ဆောင်သွားမှာပါ။ နှုတ်ဆက်ရမယ့်အချိန် မဟုတ်သေးပါဘူး။ နောက် ၄ လအတွင်းမှာ ဖန်တီးရမယ့် အမှတ်တရတွေ အများကြီးရှိပါသေးတယ်။ ကျနော်တို့ အတူတကွ တိုက်ပွဲဝင်ရမယ့် အရာတွေ ရှိသေးပြီး ကလပ်အသင်း အောင်မြင်အောင် ကူညီပေးဖို့ အရာအားလုံးကို ပေးဆပ်သွားဖို့ ကျနော်အပြည့်အဝ အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

ကတ်စီမီရိုကို တွေ့ရစဉ်
ကတ်စီမီရိုဟာ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းမှုရှိအောင် ထွက်ခွာဖို့ဆုံးဖြတ်တဲ့ ကြေညာမှုကို ၄ လ စောပြီး ပြုလုပ်ခဲ့တာပါ။
ကတ်စီမီရိုဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာ ဆက်ပြီးကစားဖို့ စိတ်အားထက်သန်နေသလို သူ့ကိုခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်၊ မေဂျာလိဂ်နဲ့ ဘရာဇီးလ်ကလပ် အသင်းတွေက စောင့်ကြည့်မှုတွေ ပြုလုပ်နေကြပါတယ်။
ယူနိုက်တက်အသင်းဟာ ကတ်စီမီရို ထွက်ခွာတာနဲ့အတူ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အဓိက ဦးစားပေးထားပြီး အန်ဒါဆန်၊ ဝါတန်နဲ့ ဘာလီဘာတို့ဟာ အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 95
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
အင်တာမီလန်အသင်းဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ဆွစ်ဇာလန်ဂိုးသမား ဆွန်မားရဲ့နေရာမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဂိုးသမား အီမီမာတီနက်ဇ်ကို အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။
အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို ရှာဖွေနေတဲ့ အင်တာမီလန်အသင်းဟာ အီမီမာတီနက်ဇ်နဲ့ ပတ်သက်ပြီး အက်စတွန်ဗီလာအသင်းကို ကနဦးဆက်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ Sky Sports သတင်းမှာ ဖော်ပြထား တာပါ။
အက်စတွန်ဗီလာအသင်းနဲ့ ၂၀၂၉ ရာသီကုန်အထိ စာချူပ်ရှိနေတဲ့ အီမီမာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်ခံခဲ့ရပြီး ယူနိုက်တက်အသင်းနဲ့ သတင်းထွက်ခဲ့ပါတယ်။
အီမီမာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်နဲ့ စပိန်မှာ ကစာဖူးတဲ့ အတွေ့အကြုံရှိတာကြောင့် စီးရီးအေမှာ စိန်ခေါ်မှု အသစ်ကို ရှာဖွေဖို့ ဆွဲဆောင်ခံရနိုင်တာပါ။

ဆွန်မားကို တွေ့ရစဉ်
အာဂျင်တီးနားဂိုးသမားဟာ အင်တာမီလန်အသင်းထံ သူ့ရဲ့ အတွေ့အကြုံတွေကို ယူဆောင်လာပေးမှာဖြစ်လို့ အီတလီကလပ်ဟာ ဂိုးသမားနေရာမှာ ရေရှည်ဖြေရှင်းချက်တစ်ခုကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအပြောင်းအရွှေ့အတွက် အတားအဆီးက အီမီမာတီနက်ဇ်ရဲ့ လုပ်ခလစာပါ။
အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းမှာ တစ်ရာသီကို ယူရို ၅ သန်းခန့် ရရှိနေပြီး အင်တာမီလန်အသင်း ထံ ပြောင်းရွှေ့မယ်ဆိုရင် သူ့ရဲ့လုပ်ခလစာကို ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ နွေရာသီမှာ ခေါ်ယူမယ့် ကစားသမား စာရင်းကို အခုကတည်းက ပြုစုနေပြီး အပြောင်း အရွှေ့ ဖွင့်တဲ့အချိန်မှာ အပြောင်းအရွှေ့ ကိစ္စတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
၂၀၂၀ ခုနှစ်က အာဆင်နယ်အသင်းကနေ ရောက်လာခဲ့တဲ့ အီမီမာတီနက်ဇ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပွဲပေါင်း ၂၃၀ ကျော် ပါဝင်ကစားထားပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 100
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဂရင်းလန်းကျွန်းကို ရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ တိုးလာ နေချိန်မှာ ပြင်သစ်နိုင်ငံရဲ့ အားကစားဝန်ကြီးက သူမနိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ လက်ရှိမှာ မစဉ်းစားသေးဘူးလို့ ပြောခဲ့ပါတယ်။
အားကစားဝန်ကြီးမာရီနာက “အခုအချိန်မှာ ကျမတို့ ပြောနေတာက လူအများ မျှော်လင့်စောင့်စားနေကြတဲ့ အဓိက ပြိုင်ပွဲကြီးကို ဝန်ကြီးဌာနက သပိတ်မှောက်ဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာကို ကျမကြိုတင်ပြီး မဆုံးဖြတ်နိုင်ပါဘူး”လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ဒါ့ပြင် ပြင်သစ်အားကစားဝန်ကြီးက အားကစားကို နိုင်ငံရေးနဲ့ သီးခြားခွဲထားချင်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် ဇွန်လကျရင် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းကို တွေ့ရစဉ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နေတိုးမဟာမိတ် ဒိန်းမတ်ထံကနေ ဂရင်းလန်းကျွန်းကို ရယူဖို့ကြိုးပမ်းနေ တာကြောင့် ဥရောပမဟာမိတ်တွေနဲ့ ဆက်ဆံရေး ဖြတ်တောက်နိုင်ဖို့ အလားအလာ ရှိနေတာပါ။
ပြင်သစ်နိုင်ငံမှာ လက်ဝဲယိမ်း ဥပဒေပြု အမတ်အဲရစ်က ပြင်သစ်နိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ စဉ်းစားသင့်တယ်လို့ ပြောထားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ၂ ကြိမ် ရရှိထားတဲ့ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီး နား အသင်းကို ဗိုလ်လုပွဲမှာ အရေးနိမ့်ပြီး ဒုတိယသာရရှိခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီနီဂေါ၊ နော်ဝေ၊ ပလေးအော့ဖ်မှာ အနိုင်ရတဲ့ အသင်းတို့နဲ့ အုပ်စု I မှာ ကျရောက်နေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 103
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
ဘာစီလိုနာအသင်းက ဆလားဗီးယားအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်လူ ပက်ဒရီ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာက သတင်းကောင်း မဟုတ်ဘူးလို့ နည်းပြ ဟန်ဆီဖလစ်က ပြောခဲ့ပါတယ်။
ဟန်ဆီဖလစ်က “ပက်ဒရီ ဘာဖြစ်လဲဆိုတာ ကျနော် အတိအကျ မသိပေမယ့် ဒါက တံကောက်ကြောပါပဲ။ ဒီလို အရာတွေဟာ ဖြစ်လေ့ရှိပြီး သူဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ ကျနော် မသိပါဘူး။ သတင်းကောင်း မဟုတ်တဲ့အတွက် ကျနော်တို့စောင့်ကြည့်ရမှာပါ”လို့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။
ဖာမင်လိုပက်ဇ်ရဲ့ ၂ ဂိုး၊ အော်လ်မိုနဲ့ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့် ဘာစီလိုနာအသင်းဟာ နိုင်ပွဲရယူ နိုင်ခဲ့ပေမယ့် အဓိက ကွင်းလယ်လူ ပက်ဒရီကို ဒုတိယပိုင်းအစမှာ လူစားလဲခဲ့ရပါတယ်။
စပိန်ကွင်းလယ်လူရဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကို သိနိုင်ဖို့ ဘာစီလိုနာမှာ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ရှိနေ တာပါ။

ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ပက်ဒရီဟာ ဒီရာသီအစပိုင်းမှာ တံကောက်ကြော ဒဏ်ရာကြောင့် ၅ ပွဲ လွဲချော်ခဲ့သလို ဒီဇင်ဘာလထဲမှာ ခြေသလုံး ဒဏ်ရာကြောင့် နောက်ထပ် အနားယူခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် ချန်ပီယံလိဂ် အမှတ်ပေးဇယားအဆင့် ၉ နေရာ ရပ်တည်နေပြီး ထိပ်ဆုံး ၈ သင်းထဲကို ဝင်ရောက်နိုင်ဖို့ နောက်ဆုံးပွဲမှာ အနိုင်ရလဒ်ရယူရမှာပါ။
ဘာစီလိုနာအသင်းဟာ နောက်ဆုံးပွဲအဖြစ် ကိုပင်ဟေဂင်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်က ဒီပွဲဟာ လွယ်ကူမှာ မဟုတ်တဲ့အတွက် အကောင်းဆုံး ကြိုးစားရမှာ ဖြစ်ပြီး ထိပ်ဆုံး ၈ သင်းထဲဝင်နိုင်ဖို့ အခွင့်အရေး ကောင်းရှိတယ်လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ လာလီဂါပွဲမှာ ဆိုစီဒက်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် အိုဗီဒိုအသင်းနဲ့ လိဂ်ပွဲ မှာ အနိုင်ရလဒ် ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 111
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂
လီဗာပူးလ်အသင်းဂန္ထဝင် စတီဗင်ဂျရတ်က နည်းပြအာနီဆလော့ အနေနဲ့ အင်တာဗျူးတွေမှာ အသင်းရဲ့ အားနည်းချက်အကြောင်းကို ညည်းညူနေတာ ရပ်တန့်ပြီး ဖြေရှင်းချက်ရှာဖွေဖို့ ပြောခဲ့ပါတယ်။
စတီဗင်ဂျရတ်က “သူ့အနေနဲ့ ခံစစ်ပိတ် ကစားခြင်း အကြောင်းပြောတာကို ရပ်တန့်ဖို့လိုပါတယ်။ ကျနော် ကစား ခဲ့တဲ့ အချိန်မှာရော ဒီမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက လီဗာပူးလ်အသင်းဟာ ဒီလိုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းတွေဟာ လီဗာပူးလ်အသင်းကို ရပ်တန့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြမှာပါ။ အဓိကကတော့ ဖြေရှင်းချက် ရှာဖွေဖို့ပါ။ ဒီလိုပြောနေတာက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး”လို့ TNT Sports မှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းက မာဆေးလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ အပြီးမှာ သူ့အသင်းဟာ ဒီလိုစွမ်းဆောင်ရည်မျိုး မကြာခဏ မပြသနိုင်အောင် ခံစစ်ပိတ်ကစားခြင်း (low block) နဲ့ ရင်ဆိုင်နေရတယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့ပါတယ်။
အာနီဆလော့က သူ့အသင်းဟာ ဒီရာသီမှာ တသမတ်တည်း မရှိတာက low block အသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ ရုန်းကန်နေရတာကြောင့် ဖြစ်တယ်လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
စတီဗင်ဂျရတ်က အိမ်ရှင် မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးလ်အသင်း ကစားသမားတွေ ဆီကနေ အကောင်းဆုံးပုံစံတွေ ရယူနိုင်ခဲ့တဲ့ နည်းပြအာနီဆလော့ကို ချီးကျူးခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆို့ဘို့ဆလိုင်း၊ ဂတ်ပိုနဲ့ မာဆေးလ်အသင်း ကစားသမားရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၄ နေရာ ရပ်တည် နေပါတယ်။
လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ လီဗာပူးလ်အသင်းဟာ နောက်ဆုံးပွဲဖြစ်တဲ့ ကာရာဘတ် အသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက်တက်နိုင်မှာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 114
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ထံ ပြန်လာဖို့ စိတ်ဝင်စားနေပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အက်သလက်တီကိုအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနေတာပါ။
ဒါပေမယ့် အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းမှာ ဆုဖလား ရယူနိုင်ဖို့ မျှော်လင့်ချက်ကတော့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ အဆင့် ၃ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့သလို ဒီရာသီမှာ အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၈ မှတ်အကွာအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်ထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေခံခဲ့ရပြီး အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ဟာ တိုက်စစ်ပိုင်းကို အားမဖြည့်မီ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။
ဘာစီလိုနာနဲ့ PSG အသင်း အပါအဝင် အသင်းအများအပြားဟာ အယ်လ်ဗာရက်ဇ်ကို စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်
အခုအချိန်မှာ ဒေးလီးမေးလ်က ချယ်လ်ဆီးအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်း တွေထဲမှာ ပါဝင်လာခဲ့တယ်လို့ ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ပက်ဒရိုနဲ့ ဒီလပ်တို့ကို ပေါင်သန်း ၁၀၀ နီးပါး အသုံးပြုပြီး ခေါ်ယူခဲ့ ပေမယ့် အားရမှုမရှိတာကြောင့် တိုက်စစ်ပိုင်းကို ထပ်အားဖြည့်ချင်နေတာဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်ကလည်း မန်စီးတီးအသင်းမှာ ကစားခဲ့ချိန်က ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား နဲ့ အခြား ဆုဖလားတွေကို ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ထံ ပြန်လာချင်နေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
အက်သလက်တီကိုအသင်းဟာ အယ်လ်ဗာရက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့် ယူရိုသန်း ၁၀၀ ပေးမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 104
CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁
စီးရီးအေကလပ် ကိုမိုအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဟောင်း ဒယ်လီအလီဟာ လာလီဂါအသင်း ၄ သင်းဆီကနေ အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခြင်း ခံထားရပါတယ်။
အီတလီမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ကာလတိုသာနေခဲ့ရတဲ့ ဒယ်လီအလီဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးရရှိအောင် လုပ်ဆောင်နေပြီး စပိန်မှာ စွန့်စားမှုပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
စပါးအသင်းမှာ ကစားခဲ့ချိန်က တောက်ပခဲ့တဲ့ ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ နောက်ပိုင်း လူစားဝင် ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခဲ့ရတာပါ။
ဒယ်လီအလီဟာ တူရကီကလပ် ဘီဆစ်တက်အသင်းမှာ အငှားကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အဲဗာတန်အသင်းထံ ပြန်လာချိန်မှာလည်း ဒဏ်ရာတွေကြောင့် စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့ရပါတယ်။

ဒယ်လီအလီကို တွေ့ရစဉ်
ဒယ်လီအလီဟာ ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ ကိုမိုအသင်းရဲ့ အံ့အားသင့်ဖွယ် ချဉ်းကပ်မှုကို ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ ၁၈ လစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဒယ်လီအလီဟာ ကိုမိုအသင်းအတွက် ကစားခဲ့ရတဲ့ တစ်ပွဲတည်းသောပွဲမှာ အနီကတ် ပြသခံခဲ့ရတာကြောင့် ကံမကောင်းခဲ့ပါဘူး။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ ကိုမိုအသင်းဟာ ဒယ်လီအလီကို ထွက်ခွာခွင့်ပေးခဲ့တာပါ။
ချန်ပီယံရှစ်ကလပ်တွေ အပါအဝင် အသင်းတချို့ရဲ့ စိတ်ဝင်စားမှုခံခဲ့ရတဲ့ ဒယ်လီအလီဟာ လက်ရှိအချိန်မှာ လာလီဂါအသင်း ၄ သင်းရဲ့ ချဉ်းကပ်မှု ခံထားရတာဖြစ်ပါတယ်။
ဒီအသင်းတွေကတော့ အိုဗီဒို၊ ဆီဗီလာ၊ အယ်လ်ချီနဲ့ ဂီတာဖေးအသင်းတို့ ဖြစ်တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားတာပါ။
လာလီဂါ အမှတ်ပေးဇယား အောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အိုဗီဒိုအသင်းဟာ ဒယ်လီအလီကို ပထမဆုံး ချဉ်းကပ်ခဲ့တာဖြစ်ပြီး ရာသီကုန်အထိသာ စာချုပ်ချုပ်ဖို့ စီစဉ်ထားကာ သူ့ရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့ပါတယ်။
အခြားအသင်းတွေကလည်း ဒယ်လီအလီကို ခေါ်ယူချင်တဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ချပြထားတာပါ။
စပိန်ကလပ်တွေဟာ သူ့ကို ဘောလုံးသမားတစ်ဦးလို ပြန်ပြီးခံစားစေချင်နေတာကြောင့် ဒယ်လီအလီဟာ သူ့ရဲ့အနာဂတ်ကို လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ဆုံးဖြတ်နိုင်ပါတယ်။
Source: Goal
