- By CNI
- Category: အားကစား
- Hits: 237
CNI Sprot News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းကစားသမားတွေဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားမယ့်ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းထံ ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ်အလေးချိန်စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “၃ ရက်ကြာအနားယူပြီးနောက် သူတို့ရောက်ရှိလာချိန်မှာ သူတို့ဘယ်လိုပြန်လာမလဲဆိုတာ ကျနော်မြင်ချင်ပါတယ်။ အားလပ်ရက်အတွင်းမှာ သူတို့စားနိုင်ပေမယ့် သူတို့ကို ကျနော်ထိန်းချုပ်ချင်ပါတယ်။ သူတို့တွေအနေနဲ့ ၃ ကီလိုထက်အလေးချိန်တိုးပြီး ရောက်လာခဲ့ရင်တော့ မန်ချက်စတာမှာပဲ နေရမှာဖြစ်ပြီး ဖောရက်စ်နဲ့ပွဲကို လိုက်ရမှာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ခရစ္စမတ်မတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းကစားသမားများအား တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမတိုင်မီမှာ ကစားသမားတွေကို ကိုယ်အလေးချိန်စစ်ဆေးခဲ့သလို ခရစ္စမတ်နေ့မှာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ပြန်လာချိန် ထပ်ပြီးကိုယ်အလေးချိန် စစ်ဆေးသွားမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီရလဒ်တွေပေါ်မူတည်ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားမယ့်ပွဲအတွက် အသင်းလူစာရင်းကို ရွေးချယ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ နည်းပြအဖြစ်လူသိများပြီး နောက်ခံလူဟောင်းကလစ်ချီက သူဟာ ကစားသမားတွေကို ပီဇာ၊ဖျော်ရည်တချို့နဲ့ အစားအစားအချို့ကို ရှောင်ဖို့ ပြောထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ လာမယ့်လိဂ်ပွဲတွေအဖြစ် နော်တင်ဟမ်ဖောရက်စ်၊ ဆန်းဒါးလန်းအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 147
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း မာတစ်က အသင်းဟာ နည်းပြဟောင်းဆိုးလ်ရှားလက်ထက်မှာ တိုးတက်မှုတွေရှိခဲ့တယ်လို့ ယုံကြည်တာကြောင့် သူဟာ အချိန်ပိုပြီးရဖို့ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
မာတစ်က “ကျနော်တို့ဟာ သူ့ရဲ့လက်ထက် ပရီးမီးယားလိဂ်မှာ ဒုတိယနဲ့ တတိယနေရာရခဲ့ပါတယ်။ ကျနော်ကတော့ အိုလီဟာ အချိန်ပိုပြီးရဖို့ထိုက်တန်တယ်လို့ထင်ပါတယ်။ သူအပါအဝင် မိုက်ကယ်ကာရစ်နဲ့ မက်ကန်နာတို့ကလည်း အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ဖို့သွားခဲ့ပါတယ်။
ဒါပေမယ့် အသင်းဟာ အိုလီရဲ့ နောက်ဆုံးရလဒ်တွေပေါ်မူတည်ပြီး ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ ကလပ်အတွက် မှန်ကန်တဲ့ပရိုဖိုင်နဲ့ အံ့သြစရာကောင်းတဲ့လူတစ်ဦးပါ”လို့ FourFourTwo နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ၅ ရာသီကြာရှိခဲ့တဲ့ မာတစ်ဟာ မော်ရင်ဟို ၊ဆိုးလ်ရှား၊ ကာရစ် ၊ရက်ဂ်နစ်တို့ရဲ့ လက်အောက်မှာ ကစားခဲ့ရတာပါ။
မာတစ်ကတော့ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တာမှားယွင်းပြီး အချိန်ပိုပြီးပေးဖို့ ထိုက်တန်တယ်လို့ ခံစားနေရပါတယ်။

နည်းပြဟောင်း ဆိုးလ်ရှားကို တွေ့ရစဉ်
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပါအဝင် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးရွားမှုကြောင့် ၂၀၂၁ ခုနှစ်၊နိုဝင်ဘာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဆိုးလ်ရှားဟာ သူ့ရဲ့ လက်ထက်မှာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၂ ၊ ၃ နေရာတွေရပ်တည်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာပါ။
ဆိုးလ်ရှားထုတ်ပယ်ခံရတဲ့ ရာသီမှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အသင်းဟာ အဆင့် ၃ နဲ့ ၈ နေရာတွေရပ်တည်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ မနှစ်ကရာသီမှာတော့ အဆင့် ၁၅ နဲ့ အဆုံးသတ်ခဲ့ရပြီး ပရီးမီးယားလိဂ်ခေတ်မှာ သူတို့ရဲ့ အဆိုးရွားဆုံးအဆင့်ရပ်တည်မှုဖြစ်ခဲ့ပါတယ်။
- By CNI
- Category: အားကစား
- Hits: 183
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ယူနိုက်တက်အသင်းနည်းပြအာမိုရင်က အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် ကံမကောင်းခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီပွဲမှာ ကျနော်တို့က ပိုကောင်းတဲ့အသင်းလို့ ကျနော်ထင်ပါတယ်။ ဘရူနိုဒဏ်ရာရသွားတာနဲ့အတူ ကျနော်တို့ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် သူမပါဘဲနဲ့တောင် ပွဲအတွင်းမှာ ကျနော်တို့က ပိုကောင်းတဲ့အသင်းပါ။ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့အလုပ်ကို လုပ်ခဲ့ပေမယ့် အရေးကြီးတာကတော့ ရလဒ်ပါပဲ”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု၊ဂိုးပေါက်ကန်သွင်းမှုနဲ့ ဂိုးပေါက်တည့်မှုတို့မှာ အက်စတွန်ဗီလာအသင်းကို အသာရခဲ့ပေမယ့် အဆုံးသတ်ပိုင်းမသေချာမှုတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရသွားခဲ့တာကြောင့် ဒုတိယပိုင်းမှာ လီဆန်ဒရိုမာတီနက်ဇ်နဲ့ လူစားလဲခဲ့ရပါတယ်။

ယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်း ယှဉ်ပြိုင်နေစဉ်
ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ လာမယ့်ပွဲအချို့ကို လွဲချော်ဖွယ်ရှိနေပြီး နည်းပြအာမိုရင်ကတော့ ဘယ်အရာကိုမှဆင်ခြေအဖြစ်အသုံးပြုလို့ရမှာမဟုတ်တဲ့အတွက် ဒါကိုရင်ဆိုင်ပြီး ပိုသန်မာလာအောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဘရူနိုဖာနန်ဒက်စ်အပြင် ဒီလစ်၊မက်ဂွဲယားနဲ့ ကိုဘီမေနူးတို့ကို ဒဏ်ရာကြောင့် အနားပေးထားရပါတယ်။
အဓိက ကစားသမားတွေဖြစ်တဲ့ အမ်ဘူမို၊အာမက်နဲ့ မက်ဇရာအူရီတို့ကိုလည်း အာဖရိကဖလားပြိုင်ပွဲထံ စေလွှတ်ထားရတာကြောင့် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒဏ်ရာဟာ ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းနောက်ခံလူဒါလော့က တခြားကစားသမားတွေအနေနဲ့ အခွင့်အရေးတွေရရှိလာချိန်မှာ သူတို့နဲ့ ထိုက်တန်ကြောင်း ပြသရမယ့်အချိန်ဖြစ်ပြီး အသင်းဟာ အနိုင်ရဖို့နည်းလမ်းတွေရှာဖွေရမယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် Boxing Day မှာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 173
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟာရီကိန်းက ဘွန်ဒက်လီဂါမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာပြီးနောက် ဒီစံချိန်သစ်အတွက် အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “နှစ်တစ်နှစ်ကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါပြီ။ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ဘွန်ဒက်လီဂါမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ ဆောင်းရာသီအားလပ်ရက်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ၂၀၂၆ ခုနှစ်ကို ပြန်လည်စတင်မယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဟိုင်ဒန်ဟိမ်းအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၃၀ သွင်းယူထားပြီး ဒီအထဲမှာ ဘွန်ဒက်လီဂါသွင်းဂိုးက ၁၉ ဂိုးပါဝင်ပါတယ်။
ဒီသွင်းဂိုးကြောင့် ဟာရီကိန်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်
ဟာရီကိန်းဟာ ဘွန်ဒက်လီဂါမှာ ပွဲပေါင်း ၇၈ ပွဲသာကစားရသေးပေမယ့် ၈၁ ဂိုးသွင်းပြီး ၁၉ ဂိုးဖန်တီးထားတာပါ။
အဲ့ဒါကြောင့် ဟာရီကိန်းဟာ နယ်သာလန်ဂန္ထဝင်အာဂျန်ရော်ဘင်တင်ရှိထားတဲ့ ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်မြောက်ဖို့ လိဂ် ၁၁၉ ပွဲကစားခဲ့ရတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၂၃ ခုနှစ်နွေရာသီကတည်းက ဘွန်ဒက်လီဂါမှာ စံချိန်သစ်အများအပြားရရှိထားတဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၂၁ ပွဲကစားထားပြီး ၁၁၅ ဂိုးသွင်းယူထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီဘွန်ဒက်လီဂါပြိုင်ပွဲ ၁၅ ပွဲကစားအပြီးမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁ နေရာရပ်တည်နေပြီး အဆင့် ၂ နေရာက ဒေါ့မွန်အသင်းကို ၉ မှတ်ဖြတ်ထားတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဇန်နဝါရီ ၁၁ ရက်မှသာ ဘွန်ဒက်လီဂါပွဲစဉ်ပြန်ပြီးယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 157
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀
၂၀၂၃ ခုနှစ်က အာဖရိကဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်း ချန်ပီယံဖြစ်အောင် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟော်လာဟာ ဒဏ်ရာကြောင့် အခုနှစ်ပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။
ဟော်လာဟာ ပြီးခဲ့တဲ့အပတ်က နယ်သာလန်လိဂ် ပွဲစဉ်မှာ အူထရက်ချ်အသင်းအတွက် ပါဝင်ကစားရင်း ကြွက်သားဒဏ်ရာ ရရှိခဲ့တာပါ။
အဲ့ဒါကြောင့် သူဟာ စပိန်နိုင်ငံ၊ မာဘယ်လာမှာ ပြုလုပ်နေတဲ့ အိုင်ဗရီကို့စ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းမှာ ကုသမှုခံယူခဲ့ရပါတယ်။
ဒါပေမယ့် ဟော်လာရဲ့ ဒဏ်ရာက သက်သာမှု မရှိတဲ့အတွက် အာဖရိကဖလားပြိုင်ပွဲကို လွဲချော်မယ်လို့ အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ဟော်လာရဲ့ နေရာမှာ အသက် ၂၄ နှစ်အရွယ်ရှိ အက်စတွန်ဗီလာအသင်း တိုက်စစ်မှူး အီဗန်ဂူဆန်ကို ခေါ်ယူခဲ့ပါတယ်။

ဟော်လာကို တွေ့ရစဉ်
ဟော်လာဟာ ကင်ဆာရောဂါကနေ ပြန်လည်ကောင်းမွန်ကာ သူ့ရဲ့ ကစားသမားဘဝကို ပြန်စတင်နိုင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်က အိုင်ဗရီကို့စ်အသင်းရဲ့ အောင်မြင်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။
ဟော်လာဟာ ၂၀၂၃ အာဖရိကဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံဆုကို ကာကွယ်ရမယ့် အိုင်ဗရီကို့စ်အသင်းဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ အုပ်စု F မှာ ကင်မရွန်း၊ ဂါဘွန်၊ မိုဇမ်ဘစ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၄ ရက်မှာ မိုဇမ်ဘစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 222
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀
အေစီမီလန်အသင်းဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘရာဇီးလ်နောက်ခံလူ သီယာဂိုဆေးလ်ဗားကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ ESPN ဘရာဇီးလ်က ဖော်ပြထားပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိ သီယာဂိုဆေးလ်ဗားဟာ ၆ လကျန်ရှိနေတဲ့ ဖလူမီနက်စ်အသင်းနဲ့ စာချုပ်ကို ဖျက်သိမ်း ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ဝါရင့်နောက်ခံလူ တစ်ဦးဖြစ်တဲ့ သီယာဂိုဆေးလ်ဗားဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေး သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်ဦးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
သီယာဂိုဆေးလ်ဗားဟာ ၂၀၂၂ ခုနှစ်ကတည်းက ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရခြင်း မရှိတော့တာပါ။
ဘရာဇီးလ်အသင်း ခေါင်းဆောင်ဟောင်းဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မကြာမီမှာ ချမှတ် သွားဖို့ ရှိနေပါတယ်။

သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ်
သီယာဂိုဆေးလ်ဗားဟာ သူ့ရဲ့ မိသားစုနဲ့ နီးကပ်စွာ နေချင်တာကြောင့် ဥရောပထံ ပြန်ချင်နေပြီး သူ့ရဲ့ မိသားစုဟာ လန်ဒန်မှာ ရှိနေတဲ့အတွက် အင်္ဂလန်ထံ ပြန်လာဖို့က သူ့ရဲ့ ဦးစားပေးရွေးချယ်မှု ဖြစ်နိုင်ပါတယ်။
သီယာဂိုဆေးလ်ဗားရဲ့ သားနှစ်ဦးဟာ ချယ်လ်ဆီး လူငယ်အသင်းတွေမှာ ကစားနေပြီး အကြီးဆုံးသားဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ အီဆာဂိုဟာ မကြာသေးမီကမှ ချယ်လ်ဆီးအသင်းနဲ့ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။
သီယာဂိုဆေးလ်ဗားဟာ သူအလွန်နှစ်သက်ခဲ့တဲ့ အေစီမီလန်အသင်းထံ ပြန်လာဖို့လည်း အလေးအနက်ထား စဉ်းစားနေပါတယ်။
သီယာဂိုဆေးလ်ဗားဟာ ၂၀၁၂ ခုနှစ်က PSG အသင်းထံ မပြောင်းရွှေ့မီ အေစီမီလန်အသင်းမှာ ၃ ရာသီကြာ ကစားခဲ့ပြီး စီးရီးအေဖလားနဲ့ အီတလီစူပါဖလား ၁ ကြိမ်စီ ရရှိခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 220
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ခန့်မှန်း ထားတာထက် ပိုစောပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို တိုက်ပွဲဝင်နိုင်မယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။
အာမိုရင်က “သူ(ဖာဂူဆန်)က ကျနော့်ထက် ဘောလုံးကို ပိုပြီးနားလည်ပါတယ်၊ အထူးသဖြင့် အင်္ဂလိပ်ဘောလုံး လောကကိုပါ။ ကျနော်တို့ဟာ လိဂ်ဖလား ရယူနိုင်ဖို့ ဒီလောက်အချိန်ကြာမှာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဘယ်မန်နေဂျာက ဒီနေရာမှာ ရှိနေမလဲဆိုတာ ကျနော် မသိပေမယ့် လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ကျနော် တို့ဟာ ချန်ပီယံဆုကို တိုက်ပွဲဝင်နိုင်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၂၀၁၂-၁၃ ရာသီမှာ ပရီးမီးယား လိဂ်ဖလားကို ရယူပြီးနောက်ပိုင်း အမှတ်ပေးဖလားနဲ့ ဝေးကွာနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ရလဒ်တွေ ကျဆင်းနေပြီး မနှစ်က ရာသီမှာဆိုရင် အဆင့် ၁၅ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့ရတာပါ။

အာမိုရင်နဲ့ ဖာဂူဆန်ကို တွေ့ရစဉ်
မန်ချက်စတာကလပ်ဟာ ဒီရာသီမှာတော့ ရလဒ် အနည်းငယ် ပြန်ကောင်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။
ဖာဂူဆန်ဟာ မကြာသေးမီက Press Box PR နဲ့ တွေ့ဆုံချိန်မှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်ဖို့ နောက်ထပ် ၁၀ နှစ်၊ ၁၁ နှစ်လောက်ကြာနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ အာမိုရင်ကတော့ ဖာဂူဆန်ရဲ့ ပြောဆိုမှုကို သဘောမတူဘဲ အသင်းဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ ချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နိုင်ပွဲဆက်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 175
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူဟာ မန်စီးတီးအသင်းမှာ နည်းပြဂွာဒီယိုလာရဲ့ နေရာ အစားထိုး ဝင်ရောက်နိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဒါတွေက ၁၀၀ ရာခိုင်နှုန်း ထင်ကြေးတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ဒီသတင်းတွေဟာ ကျနော့်ကို သက်ရောက်မှု မရှိသလို ၁၀၀ ရာခိုင်နှုန်း ထင်ကြေးတွေပါ။ ဒီလို အရာတွေအတွက် အချိန်မရှိသလို ကျနော့်ရဲ့ စာချုပ်က ၂၀၂၉ အထိရှိနေပါတယ်။ ကျနော့်ရဲ့ အာရုံစူးစိုက်မှုက ဒီကလပ်အတွက်ဖြစ်ပြီး ဒီမှာရှိနေရတာကို အလွန်ဂုဏ်ယူပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေက ကျနော့်ရဲ့ အလုပ်မဟုတ်သလို ဂရုလည်းစိုက်သွားမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီကုန်မှာ နည်းပြဂွာဒီယိုလာ အသင်းကနေ ထွက်ခွာခဲ့ရင် မာရက်စ်ကာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မာရက်စ်ကာဟာ ၂၀၂၃ ခုနှစ်က လက်စတာအသင်းကို ကိုင်တွယ်ဖို့ မထွက်ခွာမီ မန်စီးတီးအသင်းမှာ ယူ-၂၃ အသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့သလို အသင်းကြီးမှာလည်း နည်းပြဂွာဒီယိုလာရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။

မာရက်စ်ကာကို တွေ့ရစဉ်
မာရက်စ်ကာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ချယ်လ်ဆီးအသင်း နည်းပြဘဝမှာ အဆိုးရွားဆုံး ၄၈ နာရီ ခံစားခဲ့ရကြောင်း ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မန်စီးတီးအသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
မာရက်စ်ကာကတော့ ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး သူနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၉ ခုနှစ်အထိ ရှိတယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဂွာဒီယိုလာကလည်း အသင်းနဲ့သူ့အကြားမှာ ဘာဆွေးနွေးမှုမှ မရှိထားဘူးလို့ ပြောခဲ့တာပါ။
ဒါ့ပြင် ဂွာဒီယိုလာက မန်စီးတီးအသင်းဟာ သူထွက်ခွာမှုနဲ့ သူ့ရဲ့နေရာမှာ ဆက်ခံမယ့်သူအတွက် စီစဉ်ဖို့ ပြင်ဆင် ရမယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 179
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နှစ်နိုင်ငံအပေါ် ခရီးသွားလာခွင့် ပိတ်ပင်မှုအသစ်အတွက် ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့တာကြောင့် ဆီနီဂေါနဲ့ အိုင်ဗရီကို့စ်အသင်း ပရိသတ်တွေဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်နိုင်ငံထံ ဝင်ရောက်ခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။
အာဖရိက ၂ နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု I နဲ့ အုပ်စု E မှာ ကျရောက်နေပေမယ့် ဒီနိုင်ငံက ပရိသတ် တွေဟာ အမေရိကန်မြေပေါ်မှာ ကျင်းပမယ့် ပွဲစဉ်တွေကို ကြည့်ရှုခွင့် ဆုံးရှုံးနိုင်တာပါ။
ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ထရမ့်အစိုးရဟာ ဆီနီဂေါနဲ့ အိုင်ဗရီကို့စ် နိုင်ငံသားတွေအပေါ် ခရီးသွားလာမှု တစ်စိတ်တစ်ပိုင်း ပိတ်ပင်မှုကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံအတွင်းထံ ဝင်ရောက်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
ဒါဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ အီရန်နဲ့ဟေတီနိုင်ငံက လာမယ့်သူတွေအပေါ် ချမှတ်ထား တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။
ဒီတားမြစ်ချက်တွေကြောင့် အဆိုပါ နိုင်ငံတွေက ရွှေ့ပြောင်း နေထိုင်သူတွေ ဒါမှမဟုတ် ရွှေ့ပြောင်းနေထိုင်တဲ့ သူတွေ မဟုတ်တဲ့ သူတွေလည်း အမေရိကန်နိုင်ငံထံ ဝင်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး။

ကမ္ဘာ့ဖလားနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဒီပိတ်ပင်မှုဟာ ခရီးသွားတွေ အပေါ်မှာ သက်ရောက်မှုရှိမှာ ဖြစ်ပေမယ့် ဘောလုံးသမားတွေ၊ သူတို့ကို အားပေးတဲ့ သူတွေနဲ့ မိသားစုတွေကတော့ ကင်းလွတ်ခွင့်ရရှိမှာပါ။
ဆီနီဂေါအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၂၀၁၈ ချန်ပီယံပြင်သစ်၊ ဟာလန်းရဲ့ နော်ဝေအသင်း၊ playoff ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းတို့နဲ့အုပ်စု I မှာ ကျရောက်နေပါတယ်။
ဆီနီဂေါအသင်းရဲ့ ပွဲစဉ် ၂ ပွဲကို အမေရိကန်ရှိ MetLife အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး နောက်တစ်ပွဲကို ကနေဒါနိုင်ငံမှာ ကျင်းပမှာဖြစ်လို့ ပရိသတ်တွေ တက်ရောက်ကြည့်ရှုနိုင်မှာပါ။
အိုင်ဗရီကို့စ်အသင်းဟာ အုပ်စု E မှာ ဂျာမနီ၊ ကူရာဆော၊ အီကွေဒေါ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး ဂျာမနီအသင်းနဲ့ ပွဲစဉ်ကို ကနေဒါနိုင်ငံမှာ ကစားမှာဖြစ်ပြီး ကျန်တဲ့ ၂ ပွဲကို အမေရိကန်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 179
CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ဘရာဇီးလ် စူပါစတားနေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အသင်းမှာ ဆက်ရှိမယ့် စာချုပ် သက်တမ်းတိုးဖို့ ဆန်းတို့စ်အသင်းနဲ့ နားလည်မှု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီမှာ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်ရောက်ရှိလာခဲ့တဲ့ နေမာဟာ ဒီလကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ရှိနေတာပါ။
ဘာစီလိုနာအသင်း ဖော်ဟောင်း မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်း အပါအဝင် အသင်း အများအပြားဟာ နေမာ ကို အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေကြပေမယ့် နေမာနဲ့ ဆန်းတို့စ်အသင်းတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းမှာ ဆက်ကစားဖို့က နေမာရဲ့ အမြဲတမ်း ဦးစားပေးဖြစ်ပြီး အခုအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ အသင်းမှာ ဆက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
ဆန်းတို့စ်အသင်းကို ဘရာဇီးလ် စီးရီးအေမှာ ဆက်ပြီးရှိနေအောင် ကူညီပေးနိုင်ခဲ့တဲ့ နေမာဟာ သူ့ရဲ့ လက်ရှိ စာချုပ်ကို ၆ လ သက်တမ်းတိုးဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာဟာ ပြီးခဲ့တဲ့ရာသီမှာ ဆန်းတို့စ်အသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ၆ ဂိုး ဖန်တီး ခဲ့တာပါ။
လက်ရှိအချိန်မှာ အနားယူမှု ပြုလုပ်နေတဲ့ နေမာဟာ ဒူးခွဲစိတ်မှု ခံယူဖို့ရှိနေပြီး တစ်လကြာ အနားယူရနိုင်တာ ဖြစ်ပါတယ်။
နေမာဟာ ၂ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းအတွက် ပြန်ပါဝင်ကစားပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ဖို့ ရှိနေတဲ့အတွက် နေမာဟာ ဘရာဇီးလ် အသင်းကို အောင်မြင်မှု ရယူပေးပြီး လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ချင်နေပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာဟာ ကောင်းမွန်စွာ ကစားပြီး အခြားသူထက် ပိုကောင်း တယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းလူစာရင်းထဲ ပါဝင်မယ်လို့ ပြောထားတာဖြစ်ပါတယ်။
Source: Goal
