- By CNI
- Category: အားကစား
- Hits: 140
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၈
အင်္ဂလိပ်ကလပ်အသင်းတွေဟာ ရာသီတစ်ခုတည်းမှာ မတူညီတဲ့ ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ဗိုလ်လုပွဲကို ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာဆင်နယ်၊ ယူရိုပါလိဂ် ဗိုလ်လုပွဲကို အက်စတွန်ဗီလာနဲ့ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကို ခရစ္စတယ်ပဲလေ့စ်အသင်း တက်ရောက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ကာ PSG အသင်းနဲ့ မေလ ၃၀ ရက်မှာ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် နော်တင်ဟမ်ဖောရက်စ်အသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင် နယ် ပထမအကျော့မှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ယှဉ်ပြိုင်စဉ်
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဖရိုင်းဘတ်အသင်းနဲ့ မေလ ၂၀ ရက် အစ္စတန်ဘူလ်မှာ ယှဉ်ပြိုင်ကြမှာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းက ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရှက်တာဒိုးနက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရှက်တာဒိုးနက်အသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲအဖြစ် ဗယ်လက်ကာနိုအသင်းနဲ့ မေလ ၂၇ ရက် လိုက်ပ်ဇစ် အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဥရောပရဲ့ တတိယတန်း ပြိုင်ပွဲဖြစ်တဲ့ ကွန်းဖရန့်လိဂ်ကို လွန်ခဲ့တဲ့ ၅ နှစ်က မိတ်မဆက်မီ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ရဲ့ ဗိုလ်လုပွဲတွေကို အင်္ဂလိပ်ကလပ် အသင်းတွေ တစ်ရာသီတည်းမှာ တက်ရောက်ခဲ့တာတွေ အများအပြား ရှိခဲ့တာပါ။
ဒီရာသီ ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ဗိုလ်လုပွဲကို တက်ခဲ့ကြတဲ့ အင်္ဂလိပ်ကလပ်အသင်းတွေ ဆုဖလားအောင်မြင်မှု ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 144
CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၇
ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ပါးရိုက်ခဲ့မှုအတွက် ဆန်းတို့စ်အသင်းဖော် ရော်ဘင်ဟိုဂျူနီယာကို တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။
နေမာဟာ သူ့ကို လိမ်ခေါက်ဖြတ်ကျော်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ရှိ ရော်ဘင်ဟိုဂျူနီယာရဲ့မျက်နှာကို ပါးရိုက် ခြင်းအပြင် ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံရပြီးနောက် ဆန်းတို့စ်အသင်းက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တာပါ။
အခုအချိန်မှာတော့ ဒီအခြေအနေတွေအားလုံးဟာ ရှင်းလင်းသွားခဲ့ပြီး အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်။
နေမာက “မီဒီယာရှေ့မှာတောင်းပန်ချင်ရင် ကျနော်ဒီမှာရှိနေပါပြီ။ ကျနော့်ရဲ့တုန့်ပြန်မှုက အလွန်အကျွံ ဖြစ်သွားတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်အသိစိတ်လွတ်ပြီး အမှားလုပ်မိခဲ့ပါတယ်။ ကျနော် အနည်းငယ် ကြီးမားတဲ့ အမှားလုပ်မိခဲ့တာပါ။ သူဟာ ကျနော်အလွန်နှစ်သက်တဲ့ ကောင်လေးတစ်ဦးပါ။ ဘောလုံးမှာ ဒီလို အရာတွေက ဖြစ်လေ့ရှိပြီး သူငယ်ချင်းတွေ၊ညီအစ်ကိုတွေနဲ့ ငြင်းခုံတာမျိုးတွေရှိပါတယ်”လို့ ပြောခဲ့တာပါ။

နေမာဟာ ပြီးခဲ့တဲ့ ရီကိုလီတာအသင်းနဲ့ပွဲမှာ ဆန်းတို့စ်အသင်းအတွက် ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံချိန်မှာ ရော်ဘင်ဟိုဂျူနီယာကို ပွေ့ဖက်ခဲ့ပါတယ်။
ရော်ဘင်ဟိုဂျူနီယာက နေမာဟာ သူ့ရဲ့လုပ်ရပ်အတွက် အကြိမ်ပေါင်း များစွာတောင်းပန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင်ရော်ဘင်ဟိုဂျူနီယာက အခုအချိန်မှာ သူတို့စကားပြောပြီးပြီဖြစ်တဲ့အတွက် အရာအားလုံး အဆင်ပြေ သွားပြီလို့လည်း ပြောခဲ့တာပါ။
ရော်ဘင်ဟိုဂျူနီယာဟာ ဒီရာသီမှာ ဆန်းတို့စ်အသင်းအတွက် ၈ ပွဲပါဝင် ကစားထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 139
CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၇
လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ပြီး တစ်နှစ် မပြည့်မီမှာ ပြန်လည်ထွက်ခွာဖို့ သဘောတူခဲ့ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ လီဗာပူးလ်အသင်းကနေ ကနဦးပေါင် ၄၆ သန်းနဲ့ အယ်လ်ဟီလယ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဖလားရယူနိုင်ခဲ့တာမှာ အခန်းကဏ္ဍတစ်ခုအနေနဲ့ရှိခဲ့ပေမယ့် မာဆေးဆိုဒ်မှာ သူ့ရဲ့အချိန်တွေဟာ စိတ်ပျက်စရာ တွေကြုံတွေ့ခဲ့ရပါတယ်။
အဲဒါကြောင့် ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့ရပြီး ပထမရာသီဝက်မှာ ခြေစွမ်းကောင်း တွေပြသနိုင်ခဲ့ပေမယ့် ဒုတိယရာသီဝက်မှာတော့ အသင်းထံ ရောက်ရှိလာတဲ့ ဘန်ဇီမာကို နေရာပေးဖို့ လူစာရင်း ကနေ ဖယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

ဒါဝင်နူနက်ဇ်ဟာ ဖေဖော်ဝါရီလကတည်းက အယ်လ်ဟီလယ်အသင်းအတွက် ကစားရခြင်းမရှိတော့တာပါ။
ဥရုဂွေးသတင်း Referi က ဒါဝင်နူနက်ဇ်ဟာ ဒီရာသီကုန်မှာ ထွက်ခွာဖို့ အယ်လ်ဟီလယ်အသင်းနဲ့ သဘော တူညီမှုရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်တာကြောင့် ပွဲကစားချိန်ပိုပြီးရနိုင်မယ့် အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ဒါဝင်နူနက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေးအသင်းအတွက် အသင့်ဖြစ်နေအောင် လေ့ကျင့်မှုတွေကို အကောင်းဆုံးပြုလုပ်နေပါတယ်။
ချယ်လ်ဆီးနဲ့ဂျူဗင်တပ်စ်အသင်းတို့ရဲ့ချိတ်ဆက်မှုခံနေရတဲ့ ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းအတွက် ၂၄ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
Source:Mirror
- By CNI
- Category: အားကစား
- Hits: 153
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၇
ယူနိုက်တက်အသင်း တောင်ပံကစားသမား အာမက်က အသင်းရဲ့ အဝတ်လဲခန်းထဲမှာရှိတဲ့ လူတိုင်းဟာ ကာရစ်ကို လာမယ့်ရာသီ အသင်းနည်းပြအဖြစ် ဆက်ရှိစေဖို့ ဆန္ဒရှိနေကြောင်း ပြောခဲ့ပါတယ်။
အာမက်က “ရိုးရိုးသားသားပြောရရင် လာမယ့်ရာသီမှာ ဘယ်သူက ဒီမှာ ဆက်ရှိမလဲဆိုတာ ကစားသမားက ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် ပြောနိုင်တာက လူတိုင်းဟာ ကာရစ် နည်းပြအဖြစ် ဆက်ရှိမှာကို ပျော်ရွှင်နေကြပါတယ်။ လူတိုင်းက သူနဲ့အတူတူ ရှိနေပါတယ်။ သူက ကစားသမားတိုင်းနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့သူပါ။ သူ့ကို လာမယ့်ရာသီမှာ နည်းပြအဖြစ် ခန့်အပ်မယ်ဆိုရင် ကျနော်တို့ ပျော်ရွှင်ကြမှာပါ”လို့ Sky Sports ကို ပြောခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ရဲ့နေရာမှာ ရာသီကုန်အထိ နည်းပြအဖြစ် တာဝန်ပေးခြင်းခံခဲ့ရတဲ့ ကာရစ်ဟာ ယူနိုက်တက်အသင်းကို ဒီရာသီ ပရီးမီးယားလိဂ်ပွဲတွေ ကစားဖို့ ၃ ပွဲ ကျန်ရှိသေးချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိ အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ကာရစ်ရဲ့ လက်အောက်မှာ ယူနိုက်တက်အသင်းအတွက် ပွဲကစားခွင့် ပြန်ရခဲ့တဲ့ ကိုဘီမေနူးက ကစားသမား တွေဟာ သူ့အတွက်ဆို အသက်ပါ ပေးချင်ကြတယ်လို့ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ကွန်ညာနဲ့ ကတ်စီမီရိုတို့ကလည်း ကာရစ်ကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ထောက်ခံခဲ့ကြပါတယ်။
အခုအချိန်မှာ အာမက်က ကာရစ်ဟာ ယူနိုက်တက်အသင်းအတွက် မှန်ကန်တဲ့သူလို့ ပြောခဲ့ပြီး သူ့ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အာမက်ဟာ ကာရစ်ရဲ့ လက်ထက်မှာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခြင်း မရှိသေးသလို ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ရမှုတွေရှိပေမယ့် ခက်ခဲနေတဲ့အချိန်မှာ နည်းပြဟာသူ့ကို စကားပြောပြီး ကူညီဖို့အသင့်ရှိတယ်လို့ ပြောခဲ့ တာပါ။
ဒါ့အပြင် အာမက်က ကာရစ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဟာ အသင်းကို အများကြီး ပြောင်းလဲစေခဲ့ပြီး ဒါက အလွန် အရေးကြီး တယ်လို့လည်း ပြောခဲ့ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 114
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၇
လက်ရှိချန်ပီယံ PSG အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် နည်းပြ လူးဝစ်အင်းနရစ်က သူတို့ထက် ပိုကောင်းတဲ့အသင်း မရှိဘူးလို့ ပြောခဲ့ ပါတယ်။
လူးဝစ်အင်းနရစ်က “ကျနော်တို့ ဗိုလ်လုပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်လားဆိုရင် ယုံကြည်ပါတယ်။ အုပ်စုအဆင့် အပြီးမှာ ကျနော် ဘာပြောခဲ့လဲဆိုတာ ခင်ဗျားတို့ မှတ်မိကြလား။ ကျနော်တို့ထက် ပိုကောင်းတဲ့ အသင်းကို မမြင် ဘူးလို့ ကျနော်ပြောခဲ့ပါတယ်။ ဝေဖန်တဲ့သူတွေက PSG အသင်း သိပ်မကောင်းဘူးဆိုပြီး ပြောနေကြပေမယ့် အသင်းကို ယုံကြည်မှုရှိတာက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ကျနော်တို့ဟာ ဘယ်ပြိုင်ဘက်ကိုမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြသခဲ့တယ်”လို့ ပြောခဲ့တာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ PSG အသင်းဟာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
PSG အသင်းဟာ ပထမအကျော့ပွဲမှာ ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုး-၅ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆု ကာကွယ်ဖို့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ ယှဉ်ပြိုင်နေစဉ်
PSG အသင်းဟာ တိုက်စစ်ကစားရတာကို ပိုပြီး နှစ်သက်ပေမယ့် ခံစစ်ကိုလည်း ကောင်းမွန်စွာ ကစားနိုင်ကြောင်း ဒုတိယအကျော့ပွဲမှာ ပြသနိုင်ခဲ့တယ်လို့ နည်းပြလူးဝစ်အင်းနရစ်က ပြောခဲ့တာပါ။
PSG အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
PSG အသင်း နည်းပြ လူးဝစ်အင်းနရစ်က အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ အာတီတာဟာ အာဆင်နယ်အသင်းမှာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲဟာ ခက်ခဲတဲ့ပွဲဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
PSG နဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၃၀ ရက် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 165
CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၆
ဘာစီလိုနာအသင်းအားကစားဒါရိုက်တာဒေကိုဟာ နယူးကာဆယ်အသင်းတောင်ပံ ကစားသမားဂေါ်ဒွန်ရဲ့ အေးဂျင့်နဲ့တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း ဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အင်္ဂလန်ကစားသမားအတွက် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရဖို့ရှိနေတာပါ။
RAC1 က တောင်ပံ ကစားသမားတစ်ဦးကို ရှာဖွေနေတဲ့ ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို အာရုံစိုက်လာခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
အားကစားဒါရိုက်တာဒေကိုဟာ ဘိုဂျန်ကာကစ်နဲ့အတူ မကြာသေးမီက ဂေါ်ဒွန်ရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နည်းဗျူဟာနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တဲ့ တိုက်စစ်ကစားသမားတွေကို လပေါင်းများစွာရှာဖွေခဲ့ပြီးနောက် ဂေါ်ဒွန်ဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ရှိနေတာကြောင့် သူ့ကိုခေါ်ယူနိုင်ဖို့က ဘာစီလိုနာ အသင်းအတွက် ခက်ခဲမှုရှိနိုင်ပါတယ်။
ဒါ့အပြင် နယူးကာဆယ်အသင်းဟာ ဂေါ်ဒွန်အတွက် ယူရိုသန်း ၈၀ နီးပါး လိုချင်နေတာကြောင့် ဒီပြောင်းရွှေ့ကြေးဟာ ဘာစီလိုနာအသင်းအတွက် အတားအဆီးတစ်ခုလို ဖြစ်နေတာပါ။
ဘာစီလိုနာအသင်းဟာ ဂေါ်ဒွန်ကို ဝယ်ယူချင်ရင် ဘဏ္ဍာရေးအခြေအနေနဲ့ အသင်းရဲ့ကစားသမားတချို့ကို အရင်ဆုံးရောင်းချမှုတွေပြုလုပ်ရဦးမှာပါ။
ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ယူရိုသန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေတဲ့ ရက်ရှ်ဖိုဒ့်ရဲ့အပြောင်းအရွှေ့ကိုတောင် ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။
ဘိုင်ယန်မြူးနစ်အသင်းကလည်း ဂေါ်ဒွန်ကို အချိန်အတော်ကြာအောင်စောင့်ကြည့်နေပြီး သူ့ရဲ့အတွင်းလူနဲ့ ဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 166
CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၆
ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနည်းပြဟောင်း ဇာဗီကို သူတို့ရဲနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဖြစ်နိုင်ဖွယ်နဲ့ ပတ်သက်ပြီး စဉ်းစားမှုတွေပြုလုပ်နေပါတယ်။
ရလဒ်ဆိုးတွေကြောင့် နည်းပြရိုစီနီယာကို ထုတ်ပယ်ထားတဲ့ ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်ခန့်အပ်ဖို့ ရှာဖွေမှုတွေပြုလုပ်နေပြီး လက်ရှိအချိန်မှာ မက်ဖာလိန်းက အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ FA ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်နဲ့ လိဂ်ဖလား ပြိုင်ပွဲတွေမှာ စိတ်ပျက်စရာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
The Independent က ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ အသင်းကို နောက်တစ်ဆင့်ရောက်အောင် ဦးဆောင် နိုင်မယ့် အမြဲတမ်းနည်းပြတစ်ဦးကို ရှာဖွေနေတယ်လို့ ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်း နည်းပြသစ် စာရင်းထဲမှာ နာမည်ကြီးနည်းပြအများအပြားပါဝင်နေပြီး ဇာဗီက ဦးစားပေးရွေးချယ်မှုအဖြစ် ရှိနေတယ်လို့ သိရပါတယ်။

ဇာဗီကို တွေ့ရစဉ်
BlueCo အဖွဲ့ဟာ နောက်ထပ်နည်းပြတွေကိုလည်း စောင့်ကြည့်နေပြီး ရီးရယ်လ်အသင်း နည်းပြဟောင်း အလွန်ဆို၊ ပေါ်တိုအသင်းနည်းပြဖာရီအိုလီ၊ ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်နဲ့ နည်းပြတချို့ဟာ ချယ်လ်ဆီး အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရတာပါ။
ဇာဗီဟာ ဘာစီလိုနာအသင်းကို ၃ ရာသီကြာ ကိုင်တွယ်ခဲ့ပြီး လာလီဂါဖလား ၁ ကြိမ်နဲ့ စပိန်စူပါဖလား ၁ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းခေါင်းဆောင်မှုအဖွဲ့ဟာ အမြဲတမ်းနည်းပြခန့်အပ်ဖို့ မဆုံးဖြတ်မီ သူတို့ရဲ့နည်းပြသစ် စာရင်းထဲမှာ ပါဝင်နေတဲ့သူတွေကို ဆက်ပြီးအကဲဖြတ်သွားဖို့ရှိနေတာပါ။
လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇာဗီဟာ တည်ငြိမ်မှုရှိတဲ့ စီမံကိန်းတစ်ခုကို ရှာဖွေမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 230
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၆
ရီးရယ်လ်အသင်း တိုက်စစ်မှူး ဘတ်ပီဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ချိန် သူ့ရဲ့ အပြုအမူအပေါ် ဝေဖန်နေတဲ့ သူတွေကို ဒါဟာ အလွန်အကျွံ အဓိပ္ပာယ်ဖွင့်ဆိုတာလို့ သူ့ရဲ့အဖွဲ့က တုန့်ပြန်ခဲ့ပြီး သူ့ရဲ့အချိန်ဇယားကို ကလပ်အသင်းက တင်းကြပ်စွာ ကြီးကြပ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ပြီးခဲ့တဲ့ဧပြီ ၂၄ ရက်က ဘက်တစ်အသင်းနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရပြီးကတည်းက ရီးရယ်လ်အသင်း အတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာပါ။
ဒါပေမယ့် ဘတ်ပီဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ချစ်သူဖြစ်သူနဲ့ အားလပ်ရက် အပန်းဖြေနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ် လာတာကြောင့် ရီးရယ်လ်အသင်း ပရိသတ်တွေက သူ့ကို ဒေါသထွက်ပြီး ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဘတ်ပီဟာ ဒီရက်သတ္တပတ်ထဲမှာ ရီးရယ်လ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲ ပြန်ပြီးရောက်ရှိလာခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီ အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အဖွဲ့က ကစားသမားရဲ့ ကတိကဝတ်နဲ့ နေ့စဉ်လုပ်ဆောင်မှုတွေ က လက်တွေ့ အခြေအနေကို ထင်ဟပ်ခြင်း မရှိဘူးလို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာကလည်း ဘတ်ပီရဲ့ အပြုအမူတွေကို ကာကွယ်ပေးခဲ့ပြီး ဒဏ်ရာရ ကစားသမားတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ အားလုံးကို အသင်းရဲ့ ဆေးအဖွဲ့တွေက ကြီးကြပ်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၂၄ ဂိုး သွင်းယူထားပြီး ပြိုင်ပွဲစုံမှာ သူ့ရဲ့သွင်းဂိုးက ၄၁ ဂိုးအထိ ရှိထား ပေမယ့် ဆုဖလား လက်မဲ့နဲ့ ရာသီ အဆုံးသတ်ရမှာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့် လာလီဂါပွဲအဖြစ် ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲမှာ ဘတ်ပီ ပါဝင်နိုင်ဖွယ် ရှိ၊မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 141
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၆
အာဆင်နယ်အသင်းဟာ အက်သလက်တီကိုအသင်းကို အနိုင်ရရှိကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ပြန်တက်နိုင်ခဲ့ပြီးနောက် နည်းပြအာတီတာက မယုံနိုင်စရာ ညတစ်ညလို့ ပြောခဲ့ ပါတယ်။
အာတီတာက “ကျနော်တို့အတူတူ သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ဒီကလပ်မှာ ပါဝင်တဲ့ လူတိုင်းအတွက် ဂုဏ်ယူ ပြီး ပျော်ရွှင်မိပါတယ်။ ဒါက လူတိုင်းအတွက် ဘယ်လောက်အထိ အဓိပ္ပါယ်ရှိလဲဆိုတာကို ကျနော်တို့သိပြီး ကျနော် တို့ အရာအားလုံး ပေးခဲ့ကြပါတယ်။ ကောင်လေးတွေက မယုံနိုင်စရာ အလုပ်ကိုလုပ်ခဲ့ပြီး နှစ်ပေါင်း ၂၀ ကြာ အပြီးမှာတော့ ကျနော်တို့ရဲ့သမိုင်းမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အက်သလက်တီကိုအသင်းကို ၁ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပထမအကျော့တွေ့ဆုံမှုမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ အာဆင်နယ်အသင်း အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။

အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၀၆ ခုနှစ်မှာ နောက်ဆုံး တက်ရောက်ခဲ့ပြီး ဘာစီလိုနာ အသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့ တစ်သင်းတည်းသော အသင်းဖြစ်သလို ကစားထားတဲ့ ၁၄ ပွဲမှာ ၉ ပွဲပေးဂိုး မပေးခဲ့ရတာပါ။
ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဆာကာက အလွန် လှပတဲ့ အရာဖြစ်ပြီး ဒါဟာ သူတို့အတွက်နဲ့ ပရိသတ်တွေအတွက် ဘာကိုဆိုလိုလဲဆိုတာ မြင်တွေ့ရတာ နှစ်သက်ပြီး အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
အက်သလက်တီကိုအသင်း နည်းပြ ဆီမြွန်နီက အာဆင်နယ်အသင်းဟာ နှစ်ကျော့စလုံးမှာ ပိုကောင်းတဲ့ အသင်း ဖြစ်ပြီး ဒီရာသီ သူတို့ရင်ဆိုင်ခဲ့ရတဲ့ အကောင်းဆုံးအသင်းလို့ ချီးကျူးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဘိုင်ယန်မြူးနစ်-PSG အသင်းတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 147
CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၅
ဆန်းတို့စ်အသင်းဟာ တနင်္ဂနွေနေ့က လေ့ကျင့်ခန်း အစီအစဉ်အတွင်း နေမာက ရော်ဘင်ဟိုဂျူနီယာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။
နေမာဟာ အသက် ၁၈ နှစ်အရွယ်ရှိ ကစားသမားရဲ့ လိမ်ခေါက်ဖြတ်ကျော်မှုကို ခံခဲ့ရတာကြောင့် သူ့ကို မလေးမစား ပြုလုပ်တယ်ဆိုပြီး ခံစားရကာ တုန့်ပြန်ခဲ့တာလို့ ESPN သတင်းမှာ ဖော်ပြထားတာပါ။
ဆန်းတို့စ်အသင်းက အသင်းရဲ့ ကစားသမားတစ်ဦးဟာ ကလပ်မှာရှိတဲ့ ကစားသမားတစ်ဦးကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာနဲ့ ပတ်သက်ပြီး သိရှိထားကြောင်း သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် ကလပ်ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အသင်းအတွင်းပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို ချက်ချင်း စတင်ခဲ့တယ်လို့ ဆန်းတို့စ်အသင်းက ပြောခဲ့ပါတယ်။

နေမာနဲ့ ရော်ဘင်ဟိုဂျူနီယာကို တွေ့ရစဉ်
Globo Esporte က ရော်ဘင်ဟိုရဲ့ သားဖြစ်သူဟာ နေမာကို စွပ်စွဲချက် ၃ ခု ပြုလုပ်ခဲ့ပြီး ကလပ်မှာ ဘေးကင်းမှု စံနှုန်းတွေ ကင်းမဲ့တာကြောင့် သူ့ရဲ့စာချုပ်ကို အဆုံးသတ်ဖို့ ဆန်းတို့စ်အသင်းနဲ့ ဆွေးနွေးချင်နေတယ်လို့ ဖော်ပြထားတာပါ။
နေမာကတော့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့် နေမာဟာ ရော်ဘင်ဟိုဂျူနီယာကို ဖုန်းခေါ်ဆိုပြီး အခြေအနေတွေကို ပြေလျော့စေဖို့ ကြိုးစားခဲ့သလို သူ့ရဲ့မိသားစုထံ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအတွက် တောင်းပန်တဲ့ မက်ဆေ့ချ်တွေ ပေးပို့ခဲ့တယ်လို့ ဘရာဇီးလ် သတင်းတွေမှာ ဖော်ပြထားတာပါ။
နေမာဟာ ရော်ဘင်ဟိုဂျူနီယာရဲ့ ဖခင်ဖြစ်သူနဲ့အတူ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာ အတူတွဲ ကစားခဲ့ဖူး ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဆန်းတို့စ် အသင်းကြီးအတွက် ပါဝင်ခွင့်ရခဲ့တဲ့ ရော်ဘင်ဟိုဂျူနီယာဟာ ဒီရာသီပြိုင်ပွဲစုံ ၈ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
Source: ESPN
